《A Star's Marriage【Completed】》【03】
Advertisement
⟨ Unicode Version ⟩
ကြယ်တစ်ပွင့်ရဲ့လက်ထပ်မင်္ဂလာ
အပိုင်း သုံး
" ဝါး .. DDENG ရဲ့ရွှေခေတ်ပဲ Dating သတင်းကိုမှ ယောင်္ကျားလေးအချင်းချင်းစေ့စပ်ပြီး တစ်ခါတည်းပုံနဲ့တကွ ထွက်ထားတာတောင် သူ့အောင်မြင်မှုက လျော့မကျသွားဘူး .. LGBTအသိုင်းအဝိုင်းက ဖန်တွေပါ ပိုတိုးလာသလိုပဲ ... "
" Jkရဲ့ အောင်မြင်မှုကတော့ ရက်စက်ချက်ပဲ အဖွဲ့လိုက်အနေနဲ့ရော ..soloအနေနဲ့ရော "
" DDENG က မန်ဘာတွေတိုင်း အဲ့ဒီလိုပဲလေ ကြည့်ပါလား RM! J-HOPE! JM! V! သူတို့လဲ နယ်ပယ်အသီးသီးမှာ ထူးချွန်ကြတာပဲလေ "
" အဲ့ဒါတင်မကဘူး predebutကတည်းက သူတို့ကို ပရိုဂျုလုပ်ပေးတဲ့ ပရိုဂျူဆာယွန်ဂီကရော ... သူတို့နဲ့ တစ်သားပဲ ခွဲလို့တောင်မရဘူး "
The Showရဲ့ waiting room ကနေပြီး သတင်းတွေကြည့်နေတဲ့ စီနီယာတွေဆီက အသံကို သူနားစွင့်လိုက်ရင်း ပြုံးလိုက်မိသည်။ JKရဲ့ ကောလဟာလတွေကို စေ့စပ်ထားတဲ့သူရှိပါတယ် ဆိုတဲ့သတင်းလေးနဲ့ အကုန်ပယ်ချခဲ့တာဖြစ်သည်။ အခုဆို နှစ်လလောက်ရှိပြီဖြစ်ပေမယ့် သတင်းအရှိန်က မကုန်သေး။ JKရဲ့စေ့စပ်သူဟာ သူဆိုတာ ဘယ်သူမှ မသိသလို JKနဲ့လဲ ထပ်မတွေ့ဖြစ်တော့။ အဆက်အသွယ်လဲမရှိသလို ဒီအတိုင်းဘာသိဘာသာပင်။ သူ့ဘဝက ထူးခြားတယ်ရယ်လို့မရှိ။
" ဂျေခေကို ကြည့်ပါဦး !! ယောင်္ကျားရပြီးမှ သူ့ပုံကပိုလန်းလာတာပဲ "
" ငါ ဟိုတလောကတောင် USဘက်မှာ မတော်တဆဆုံလိုက်သေးတယ် ... မျက်လုံးတွေက ကြည်တောက်နေတာပဲ ငါ့အလုပ်သက်တမ်းတစ်လျှောက်မှာ သူက လုံးဝစံထားစရာ အိုင်ဒေါလ်ပဲ ကင်မရာတွေမရှိလို့ မာန်တက်တာမျိုးမရှိဘူး ... သူ့ကိုကြည့်လိုက်ရင် အမြဲတမ်းကြည်သန့်ပြီး ရှင်းလင်းနေတာ ... ရိုက်ကူးရေးပြီးတာတောင် ကူညီလိုက်သေးတယ် "
ဒီနေ့မှ မောင်တို့အဖွဲ့ ကိုးရီးယားပြန်ရောက်တာမို့လို့ လေဆိပ်က liveလွှင့်တာကို ကြည့်ပြီး မောင်နဲ့ဆုံဖူးတဲ့စီနီယာတွေက မောင့်အကြောင်းပြန်ပြောနေကြတာဖြစ်သည်။ သူကတော့ ထုံးစံအတိုင်း စကားဝိုင်းထဲ ဝင်မပါသူပင်။
" နှမြောစရာပဲ အဲ့လိုလူသားကို ကောင်မလေး တစ်ယောက်က ပိုင်ဆိုင်သွားမယ်ထင်ခဲ့တာ ... အခုတော့ ပိုင်ဆိုင်သွားတာ ကောင်လေးတစ်ယောက်တဲ့လား ငိုရခက် ရယ်ရခက်ပဲ "
" ငါတော့ ဂျေခေရဲ့တွဲဖက်ကို မြင်ဖူးချင်လိုက်တာ ... ဟိုvideoထဲကအတိုင်းဆိုရင်တော့ ဖြူဖြူဥဥလေးနဲ့ ချစ်စရာလေးပဲနေမှာ ဟိဟိ "
" အေးနော် ဘာပြောပြော အဲ့ကောင်လေးက ကံအကောင်းဆုံးလူသားပေါ့ ကမ္ဘာပေါ်မှာ အတောက်ပဆုံးကြယ်ပွင့်ကို ပိုင်ဆိုင်ရလို့လေ "
တစ်ယောက်တစ်ပေါက်နဲ့ ပြောနေကြတာမို့ သူ ပစ္စည်းတွေသိမ်းရင်းကပင် စကရင်ကို မော့ကြည့်လိုက်မိသည်။ အမြဲတမ်း All black ဝတ်ထားတတ်တဲ့မောင်ကတော့ မျက်ဝန်းတွေကိုသာ ဖော်ထားပြီး အစ်ကိုဖြစ်သူ အဖွဲ့ခေါင်းဆောင်နမ်ဂျွန်အနား ဝက်ဝံလေးလို ကပ်တွယ်နေပြန်သည်။ ဒီလိုလူသားကို ပိုင်ဆိုင်ရလို့ ကံအကောင်းဆုံးလို့ပြောကြတယ် ... ဘယ်သူမှ မသိတာက အဲ့ဒီ့ပိုင်ဆိုင်ခြင်းက အတုအယောင်ဆိုတာလေ။
"ဟင်း "
ဆော့ဂျင် သက်ပြင်းငွေ့ငွေ့ချလိုက်မိသည်။ ဒီနေ့မှပြန်ရောက်တယ်ဆိုပေမယ့် ကွန်ဒိုကိုတော့ မလာလောက်ဘူးမလား။ လာစရာအကြောင်းလဲ သိပ်မရှိဘူးလေ။
" ဆော့လေး ဒါကိုသိမ်းပြီးရင် နားလို့ရပြီနော် မနေ့ကတည်းက OTဆင်းပေးနေတာ .. ကူညီပေးတာကျေးဇူး "
စီနီယာအစ်မက ပြောလာလေတော့ သူ လုပ်နေတာကို လက်စသတ်ပြီး အိမ်ပြန်ဖို့ ပြင်လိုက်မိသည်။ အိမ်ရယ်လို့တော့ ဘယ်ဟုတ်မလဲ။ ချစ်ရတဲ့ကောင်လေးငယ်ရဲ့ ကိုယ်ပိုင်နေရာလေးပေါ့။
" ဆော့ဂျင် လိုက်ပို့ပေးမယ်လေ "
ကားပါကင်ဆီရောက်တော့ သူ့လက်ဆွဲအိတ်ကို ဆွဲကိုင်ကာ ဟန့်တားလာပါတဲ့စီနီယာ။ သူ့ထက် နှစ်နှစ်ကြီးတဲ့ ထိုစီနီယာကတော့ သူက ယောင်္ကျားတွေကိုလည်း သဘောကျမှန်းသိပြီးကတည်းက ချဉ်းကပ်ဖို့ကြိုးစားနေသူတစ်ယောက်ပင်။
" အာ ~~ မဟုတ်တာ ရပါတယ် စီနီယာ ... ပြန်လိုက်မပို့ပါနဲ့ ... ကျွန်တော့်ဘာသာ ကျွန်တော်ပြန်လိုက်ပ့ါမယ် "
" ငြင်းဖို့မကြိုးစားပါနဲ့ ... ပြန်လိုက်ပို့ဖို့ အခွင့်အရေးတော့ ပေးရမှာပေါ့ ဟုတ်တယ်မလား "
" မဟုတ်တာ ... "
သူငြင်းဆန်တာတောင် စီနီယာက အတင်းအကျပ်လုပ်လာလေလျှင် သူ အော်ဖို့ ကြိုးစားလိုက်မိသည်။ သို့ပေမယ့် ...
" ... ခင်ဗျားက ဘာမို့လို့လဲ ... "
ရုတ်တရက် သူနဲ့စီနီယာကြားက အိတ်ကို ဆွဲလုကာ ဟိန်းကနဲ့ ထွက်သွားခဲ့တဲ့အသံလေးတစ်သံ။
ဆော့ဂျင် မျက်ဝန်းတွေ ဝိုင်းစက်သွားသည်။ မဖြစ်နိုင်ဘူးလို့ပဲ ချက်ချင်းတွေးလိုက်မိပေမယ့် အလွတ်ရနေတဲ့ဒီအသံကို သူမမေ့။သူ့မျက်စိရှေ့က လူသားကိုကြည့်မိတော့ ခေါင်းအစ ခြေအဆုံး အမဲရောင်ဝတ်ထားတဲ့ကောင်လေးငယ်ဖြစ်သည်။
ဘာလဲ လေဆိပ်ကနေ အိမ်မပြန်ဘူးလား .. ကုမ္ပဏီက အဆောင်မှာ မနေဘူးလား ... လေဆိပ်ကနေ သူ့ဆီ တန်းလာတာလား ...
သူ ဒီမှာ ရှိနေတာ ဘယ်လိုသိတာလဲ ...
" မင်းက ဘယ်သူလဲ "
Maskနဲ့ မျက်မှန်ကို တပ်ထားတာမို့ မှတ်မိပုံမရတဲ့ စီနီယာက ရန်လိုတဲ့အနေအထားနဲ့ မေးလာတော့ သူ မောင့်ရှေ့ ကာရပ်လိုက်သည်။ သို့ပေမယ့် မောင်ကတော့ သူ့အင်္ကျီစကို ဆွဲကာ ဘေးကို ရောက်စေလိုက်ပြန်သည်။
" ကင်ဆော့ဂျင်ရဲ့စေ့စပ်ထားသူလေ ... ဒီလောက်ဆို ငါ အိမ်ပြန်ခေါ်သွားဖို့ အကြောင်းပြချက် လုံလောက်နေပြီမဟုတ်လား .. "
ခပ်ငေါ့ငေါ့စကားကို ဆိုပြီးလျှင် အင်္ကျီအောက်ဖျားကနေ ထိုးထွက်နေတဲ့မောင့်လက်သေးသေးတွေက သူ့လက်ကြီးကြီးကို ဆွဲခေါ်ကာ ထိုနေရာကနေ ချက်ချင်း လှည့်ထွက်သည်။ ဘာအကြောင်းအရာကိုမှ သူ ဆက်စပ်လို့မရအောင် ရှုပ်ယှက်ခတ်နေတဲ့အချိန်မှာပဲ ကားထဲ ဆွဲဆောင့် ထည့်ခံလိုက်ရသည်။ အဲ့ဒီလိုပဲ ကားတံခါးကို ဆောင့်ပိတ်ကာ တစ်ဖက်မောင်းသူနေရာယူလာလေတော့ သူ စကားပြောဖို့အတွက် မောင့်ဘက်ကို မျက်နှာမူလိုက်သည်။ မောင်ကတော့ တပ်ထားတဲ့မျက်မှန်ကို ဆွဲချွတ်ကာ သူ့မျက်ဝန်းတွေကို စိုက်ကြည့်လာသည်။
Advertisement
" .. ဘာစားပြီးပြီလဲ ... တစ်ခါတည်း ညစာ သွားစားကြမလား .. အိမ်မှာ ဘာမှ မရှိဘူး ... လူနေတဲ့အိမ်မှာ ရေကလွဲလို့ ဘာလို့ ဘာမှ မရှိရတာလဲ "
ခုနကလို လေသံတွေနဲ့ မတူစွာ နူးညံ့စွာ ကွဲထွက်လာလေလျှင် သူ ခေါင်းလေးစောင်းပြီး မောင့်ကို တအံ့တဩကြည့်မိသည်။ အဖြစ်အပျက်တွေကို နားမလည်နိုင်။ ဒီနှစ်လလုံးလုံး တစ်ခါမှ သူ့ဆီမလာဘဲ အခု လေဆိပ်ကနေဆင်းတော့မှ ထူးထူးဆန်းဆန်းလာကြိုတာက ဘာကြောင့်များလဲ။ သူ ဒီမှာရှိနေတာကိုရော ဘယ်လိုသိတာလဲ။
မောင့်မျက်ဝန်းတွေက သူ စစတွေ့တုန်းကနဲ့ မတူဘဲ ကြည်နူးရိပ်သန်းနေတာမို့ ရုတ်တရက် ဆော့ဂျင် မျက်နှာလွှဲလိုက်မိသည်။ ချစ်ရတဲ့အချစ်ဦးIdolနဲ့ ဒီလိုအနေအထားက နည်းနည်းတော့နေရခက်သည်မို့ ရင်ဘတ်က ရှိန်းတိန်းတိန်းနဲ့ လှိုက်ဖိုလာသည်။
Fansgin မှာ တွေ့ခဲ့ရတဲ့ခံစားချက်နဲ့ မတူဘူးပဲ ..။
" အာ ~~ သိပြီ ဆိုင်ကပဲ မှာစားကြတာပေ့ါ "
မေးသွားတဲ့မေးခွန်းကို မောင်ကပဲ ပြန်ဖြေကာ စကားဝိုင်းကိုအဆုံးသတ်ပြီး ကားမောင်းထွက်လာခဲ့တော့သည်။ ကွန်ဒိုဆီအတူတူပြန်လာကြပေမယ့် သူ မောင့်ကို စကားလေးတစ်ခွန်းတောင် မပြောမိပေမယ့် မောင့်ကိုကြည့်ရတာ သူနဲ့ ရင်းနှီးဖို့ ကြိုးစားနေပုံရသည်။ မောင်က စိတ်လှုပ်ရှားရင် မောင့်နှုတ်ခမ်းလေးတွေ မသိမသာနဲ့ ပုံစံမျိုးစုံလှုပ်ရှားကာ လက်လေးတွေကိုပါ ပွတ်သပ်တတ်တာ သူသိသည်။ အခုလဲ ကွန်ဒိုထဲရောက်တဲ့အထိ မောင်စိတ်လှုပ်ရှားပုံရနေတာကြောင့် သူ့ဘက်ကစကားစဖို့ ဆုံးဖြတ်လိုက်မိသည်။
မောင်က စိတ်လှုပ်ရှားရုံဆိုပေမယ့် သူကတော့ အတိုင်းမသိပျော်ရွှင်နေသည်။ အနေအေးလွန်းတဲ့သူ့အတွက် အတိုင်းမသိပျော်ရွှင်မှုက မျက်နှာမှာ မပေါ်ဘူးဆိုပေမယ့် သူ့နားရွက်ဖျားလေးတွေကတော့ ရဲနေမှာ သေချာပင်။ ဒါကို မောင်ကတော့ သိမှာမဟုတ်။
" ဂျောင်ဂုရှီက ကျွန်တော့်ကို ပြောစရာစကားများရှိနေလို့လား ကြည့်ရတာ တစ်ခုခုပြောချင်နေတဲ့ပုံပဲ "
" ... အာ ~~ ဟုတ်တယ် ... မေးချင်တာလေးရှိလို့ ... ဆော့ဂျင်ရှီက ကျွန်တော်တို့ဂရုရဲ့ ဖန်လား "
ဒီမေးခွန်းကိုမေးလာတော့ ဆော့ဂျင်မျက်ဝန်းတွေဖျော့တော့သွားသည်။
ဟုတ်ပါတယ် !!
ဂျောင်ဂုတို့ တစ်ဖွဲ့လုံးကို အသေကြိုက်ပြီး Fandom ထဲမှာ low profile နဲ့နေတဲ့သူပါ!!
အကြိုက်ဆုံးက ဂျောင်ဂုကိုပါ!!
Fansgin လဲ တစ်ခါရောက်ဖူးသလို concert တွေကိုလဲ မရမကသွားတဲ့သူပါ!!
Voting တွေဆိုလဲ မအားတဲ့ကြားက အသေအကျေကြိုးစားပေးပြီး Fan goodsတွေဆိုလဲ မထင်ရလောက်အောင် ဝယ်သိမ်းတတ်တဲ့သူပါ!!
အဲ့ဒီလိုဖြေချလိုက်ချင်ပေမယ့် လက်တွေ့မှာတော့ ဆော့ဂျင် ပြုံးလိုက်မိသည်။
မန်နေဂျာ ပြောထားတဲ့စကားကို တည်ရမှာပေါ့လေ ...
" ... မဟုတ်ပါဘူး ဘာဖြစ်လို့လဲ "
" အာ ~~ ဆော့ဂျင်ရှီရဲ့အိတ်က ကီးချိန်းက ကျွန်တော်နဲ့အစ်ကိုနမ်ဂျွန်ရဲ့ အရုပ်ကာရိုက်တာလေးလေ "
မောင် ပြောတော့မှ သူ့အိတ်ကို သူပြန်ကြည့်မိတော မသိမ်းရသေးတဲ့ အရုပ်ပိစိလေးနှစ်ကောင်ကို သူတွေ့သည်။
" ဪ .. ဒါကလား ... ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေက ဂျောင်ဂုရဲ့ဖန်ပါ ... လက်ဆောင်ပေးထားကြလို့ ချိတ်ထားတာပါ ချစ်စရာကောင်းတယ်လေ "
" ဒီလိုကိုး .. ဒါဖြင့် ကိုယ်လက်ဆေးလိုက်ပါဦး ကျွန်တော် ညစာမှာလိုက်ဦးမယ် "
ပြောပြီးတာနဲ့ ဖုန်းက အော်ဒါမှာလိုက်တော့ သူလဲ အခန်းထဲဝင်ကာ ရေချိုးသန့်စင်ပြီး မောင်ရှိနေတဲ့ ဧည့်ခန်းဆီပြန်ထွက်လာမိသည်။ မောင်ကတော့ လေဆိပ်က ပြန်လာကတည်းက အတိုင်းဖြစ်မယ်ထင်သည်။ အိတ်တွေနဲ့ ပစ္စည်းတစ်ချို့ကို နေရာမချရသေး။ မှာထားတဲ့ညစာကလည်း ဘယ်ချိန်ကရောက်နေလဲတော့မသိ။ မောင့်အရှေ့က စားပွဲပေါ်မှာ အသင့်ပင်။
သူလည်း အားနာနာနဲ့ မောင်ရှိရာ မျက်နှာချင်းဆိုင်ကို သွားမိတော့ ဆိုဖာပေါ်မှာ အိပ်ပျော်နေတဲ့မောင့်ကို တွေ့လိုက်ရသည်။
" ပင်ပန်းနေတာပဲ မောင် ~~ "
မရည်ရွယ်ဘဲ တိုးညင်းညင်းလေးထွက်လာတော့ မောင့်မျက်ခွံမို့မို့က တစ်ချက်တွန့်သွားသည်။ ပင်ပန်းနေပုံရတဲ့မောင်ကတော့ အိပ်နေတာတောင် ထိုင်နေတဲ့ပုံကမပျက်။ စတိုင်ကျလွန်းသည်။ idol ဘဝကို ၁၅နှစ်အရွယ်ကတည်းက လျှောက်လှမ်းခဲ့တဲ့မောင့်အတွေ့အကြုံတွေကပဲ မောင့်ကို အနိုင်ယူလေသလား မတွေးတတ်။ ငြိမ်သက်နေတာတောင် အဖိုးတန်လှတဲ့အနုပညာလေးတစ်ခုလိုပင်။
သူမောင့်ကို မနှိုးမိဘဲ အချိန်အကြာကြီး ငေးနေမိတာ ဘယ်လောက်ကြာသွားတယ်မသိ။ စားပွဲပေါ်က မောင့်ဖုန်းလေး စကရင်လင်းလာမှ သတိပြုမိသွားသည်။ သူ ကြည့်မိတော့ missed callတွေဖြစ်သည်။ အသံပိတ်ထားတာမို့ မကြားပေမယ့်လည်း ထပ်ပြီးတုန်ယင်လာတဲ့ဖုန်းကြောင့် မောင့်ကို နှိုးဖို့ လက်လှမ်းလိုက်မိသည်။
" ဂျောင်ဂုရှီ "
မောင့်ပခုံးကို ကိုင်ကာ နှိုးဖို့လုပ်ပေမယ့် အအိပ်ဆတ်တဲ့မောင်ကတော့ ဖျတ်ကနဲ့ သူ့လက်ကို ဆွဲကိုင်ကာ မျက်ဝန်းတွေ ပွင့်လာသည်။ မောင့်အပြုအမူကြောင့် သူလန့်သွားရပေမယ့် မောင်ကတော့ သူ့ကိုမြင်မှ မျက်ဝန်းတွေ ငြိမ်သက်သွားသည်။ သို့ပေမယ့် သူ့လက်ကိုမလွှတ်။
" အာ~~ ဖုန်းလာနေတာမလို့ အရေးကြီးတဲ့ဖုန်းဖြစ်မှာစိုးလို့ နှိုးတာပါ ... "
သူပြောလိုက်ပေမယ့် မောင်ကတော့ ဆုပ်ကိုင်ထားတဲ့ သူ့လက်ကောက်ဝတ်ဆီ အကြည့်ရောက်လာသည်။ အဲ့ဒီတော့မှ သူသတိထားမိတာ သူ့လက်ပေါ်က မောင်နဲ့ဆင်တူ လက်ကောက်။
ရုတ်တရက် မောင့်ကို အားနာသွားမိသည်။
" ဆော့ဂျင်ရှီက ဖန်မဟုတ်ဘူးလဲပြောသေးတယ် ... ဘာဖြစ်လို့ Fangoodsတွေဝတ်ပြီး သုံးနေတာလဲ "
လက်ကို မလွတ်တမ်းဆုပ်ကိုင်ရင်း အပြုံးချိုချိုနဲ့ မေးလာတော့ ဆော့ဂျင် မောင့်မျက်နှာကို ခဏတာ ငေးမောမိသည်။ သို့ပေမယ့်လဲ ပြန်ဖြေဖို့ကိုတော့ သူမမေ့။
" ဒါက ကျွန်တော် ဝယ်ထားတာမဟုတ်ပါဘူး ... လက်ဆောင်ရထားတာ .. ဘယ်သူပေးတယ်ဆိုတာ မမှတ်မိပေမယ့် ဆေးရုံကဆင်းပြီးတဲ့အချိန်တုန်းက ပါဆယ်ရောက်လာလို့ ဒီအတိုင်းဝတ်နေတာပါ ... "
Advertisement
အမှန်တိုင်းပြောမိတော့ မောင့်မျက်ခုံးလေးတွေ ကျုံ့ဝင်သွားသလို သူ သံသယအကြည့်တွေနဲ့ အကြည့်ခံလိုက်ရသည်
" ဆေးရုံကဆင်းတယ်?"
" အင်း!! လိမ်နေတာမဟုတ်ဘူးနော် ဂျောင်ဂုရှီ .. လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်က ကားအက်စီးဒင့်ဖြစ်ခဲ့တာလေ ... သတိရရချင်း ခဏလောက်တော့ အတိတ်မေ့သလိုဖြစ်သွားတာမို့ ဘာတွေဝယ်မိထားလဲမသိဘူး ... နောက်တော့ဖြည်းဖြည်းချင်း မှတ်မိလာတယ် ... ဒီလက်ကောက်ကလည်း အဲ့လိုပဲဖြစ်မှာပါ ... Fangoodsဟုတ်မဟုတ်တော့ မသိဘူး "
ဘာကြောင့်ရယ်မသိ၊ မောင့်ကို ရှင်းပြမိတော့ မောင်က သူ့လက်ကောက်ဝတ်ပေါ်က လက်ကောက်လေးကို သေချာစူးစမ်းသည်။ အချိန်ကြာတော့ သူလည်း အနေခက်စွာ လက်ကို ရုန်းလိုက်မိသည်။ အဲ့ဒီတော့မှ မောင်ကလည်း အသိဝင်လာသလို သူ့ကို ခပ်ထွေထွေကြည့်ပြီး ပြုံးပြန်သည်။ မောင့်အပြုံးကြောင့် သူ့ရင်ခုန်နှုန်းတွေ ပြောင်းလဲသွားရပေမယ့် မောင့်မျက်ဝန်းတွေက ဝမ်းနည်းနေဟန်ပင်။
" ကျွန်တော်လည်း သေချာမသိဘူး ဆောဂျင်ရှီ!! ညစာ စားကြတော့မလား ... ကျွန်တော်လဲ လေဆိပ်ဆင်းပြီးကတည်းက ဘာမှမစားရသေးဘဲ ဆော့ဂျင်ဆီပြေးလာတာမို့လို့ "
အေးအေးလူလူပင် အသင့်မှာထားတဲ့ အသားနဲ့တော့ပိုကီကို ဖွင့်ကာ ပြောနေတော့ ဆော့ဂျင် မင်သက်သွားသည်။
" ကျွန်တော့်ဆီ ဘာဖြစ်လို့ ရောက်လာတာလဲ ဂျောင်ဂုရှီ ... ဂျောင်ဂုရှီက အလုပ်များပြီး နားချိန်တောင်မရှိတဲ့သူလေ ... ပြီးတော့ ကျွန်တော်တို့ဆက်ဆံရေးက စာရွက်ပေါ်က ဆက်ဆံရေးပါပဲ .. ကျွန်တော့်ကို အရမ်းကြီး စိတ်ထဲမထားလဲ ရပါတယ် "
အနှောင့်အယှက်ဖြစ်မှာ စိုးတာမို့ သူပြောမိတော့ မောင်က တော့ပိုကီကို စားရင်း သူ့ရှေ့အသားပြားနဲ့ တော့ပိုကီတစ်ပွဲ ထိုးပေးလာသည်။ သူပြောတာကို အာရုံမထား။
" ဆော့ဂျင်ရှီက ပိန်လွန်းတယ် !! ကျွန်တော့်ထက်တောင် ပိန်နေလို့ အသားများများစားပါ "
ဒီစကားမှာတော့ မောင့်ကို သူနားမလည်နိုင်ဘဲ သက်ပြင်းသာချလိုက်မိသည်။ မောင်ပေးလာတဲ့ တော့ပိုကီကို သူစားရင်း မောင့်ကို သူကြည့်မိသည်။ အားရပါးရစားနေတဲ့ပုံက တကယ့်လွတ်လပ်တဲ့သူတစ်ယောက်လိုပဲ။ ဘာအပူအပင်မှ မရှိနေဘူးပဲ။
" အာ~ ဒါနဲ့ ဂျောင်ဂုရှီက နောက်သုံးရက်နေရင် Seol on The Stage Concert ရှိတယ်မဟုတ်လား ... ဒါတွေကို စားလို့ အဆင်ပြေတယ်တဲ့လား ... ပုံမှန်ဆို ဒီလိုတွေ စားတာမှမဟုတ်တာ "
အမာခံပရိသတ်တစ်ယောက် ပီသစွာ တကယ်စိုးရိမ်ပြီး ပြောမိတော့ တော့ပိုကီတွေ ပါးစပ်ထဲ အပြည့်နဲ့ မောင်က ဗလုံးဗထွေးတုံ့ပြန်လာသည်။ ပါးဖောင်းဖောင်းလေးနှစ်ဖက်က တကယ့်ကို ချစ်စရာပင်။
" ဘယ်ပြေပါ့မလား ဆော့ဂျင်ရှီက ကျွန်တော်နဲ့တူတူ တော့ပိုကီစားချင်တယ်ထင်လို့ မှာလိုက်တာပါ ... ဒါစားပြီးရင် ကျွန်တော်က လေ့ကျင့်ခန်း ပိုလုပ်လိုက်မှာပေါ့ ... ဆော့ဂျင်ရှီသာ ကျွန်တော့်ကို ဂရုမစိုက်ဘဲ အစားအသောက်ကို အများကြီးစားပါ ... "
မောင့်စကားကြောင့် သူ ဘာမှထပ်မပြောတော့ဘဲ အစားအသောက်ကိုသာ အာရုံစိုက်လိုက်မိသည်။ သို့ပေမယ့် မောင့်စကားတွေကြောင့် သူ့စိတ်ထဲ မတင်မကျခံစားလိုက်ရသည်။ ဘာဖြစ်လို့ မောင့်အပြုအမူတွေက သူ့ကို အီစီကလီလုပ်နေတယ်လို့ ခံစားနေရလဲ သူမသိ။ ကားပါကင်မှာတုန်းက စီနီယာကို အော်လိုက်တဲ့ပုံနဲ့ သူ့ကို စကားပြောနေတဲ့လေသံက လူနှစ်ယောက်လို ကွာခြားလွန်းလှသည်။ ဘယ်တစ်ယောက်က အစစ်ဖြစ်လေမလဲ။
ဘာပဲဖြစ်ဖြစ် မောင် သူ့ကို အရေးတယူဆက်ဆံတော့လဲ သူ့ရင်ထဲနွေးထွေးရင်း ပျော်ရွှင်ရတာပဲလေ။ စေ့စပ်ထားတယ်ဆိုတဲ့ ဆက်ဆံရေးကြီးပြီးသွားရင်တောင် မောင်နဲ့သူက သိကျွမ်းခဲ့ဖူးတယ်ဆိုတဲ့ အမှတ်တရလေးတော့ ကျန်ရစ်နေခဲ့မှာဖြစ်သည်။
ဆော့ဂျင် အတွေးများရင်း စူပါစတားတစ်ယောက်နဲ့ ညစာ စားခြင်း ပြီးဆုံးစေလိုက်သည်။ မောင်က ညနက်သွားတာတောင် ကွန်ဒိုကနေမပြန်သေး။ Golden Film ဆိုတဲ့အခန်းငယ်လေးထဲ ရှိနေသေးသည်။ အကယ်၍များ မောင် ဒီမှာပဲ အိပ်မယ်ဆိုရင် အိပ်ခန်းတစ်ခန်းပဲရှိတဲ့အတွက် သူက ဧည့်ခန်းမှာ လာအိပ်မှာပင်။ အခုတော့ မပြီးနိုင်တဲ့ Tutorial Assignment အတွက် သူ ဧည့်ခန်းထဲမှာ အလုပ်လုပ်နေတာ ည ၁၁နာရီလောက်ရှိပြီဖြစ်သည်။ အိပ်ချင်နေပြီဖြစ်တာမို့ ဧည့်ခန်းထဲမှာ အိပ်ဖို့အတွက်က မောင့်ကို အသိပေးရဦးမှာဖြစ်သည်။ ထို့ကြောင့် မောင်ရှိနေတဲ့အခန်းဆီသွားဖို့ စဉ်းစားမိတော့ သူ မထခင်မှာပဲ မောင်က ထိုအခန်းထဲကနေ ထွက်လာသည်။ လက်မှာတော့ အိတ်တစ်လုံးကို ကိုင်လျက်ပင်။
" အာ~~ ဆော့ဂျင်ရှီ! ညနက်ကြီး ဘာလုပ်နေတာလဲ မနက်ဖြန်အစောကြီးထရမယ်မဟုတ်လား "
သူမနှုတ်ဆက်ခင် သူ့ကို နှုတ်ဆက်ကာ အနားလာထိုင်တော့ ဆော့ဂျင်ရင်ထဲ လှိုက်ဖိုလျက် အနောက်နည်းနည်းဆုတ်မိသည်။ သူအနားကပ်ဖို့ တွန့်ဆုတ်စေလောက်တဲ့အထိ ဒီလူသားက ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပလွန်းသည်။
" အိမ်စာလေးထပ်စရာရှိလို့ အလုပ်လုပ်နေတာပါ ဂျောင်ဂုရှီကရော အိပ်မယ်ဆိုရင် အခန်းထဲမှာ အိပ်လေ ကျွန်တော်က ဒီမှာအိပ်လိုက်မယ် "
" ကျွန်တော် အဆောင်ကို လေ့ကျင့်ဖို့ပြန်ရမှာပါ .. ကျွန်တော့်အိပ်ချိန်ကို ဆော့ဂျင်ရှီနဲ့ညစာစားလိုက်ပြီလေ .. ဒီညအတွက် အိပ်ဖို့အချိန်မရှိတော့ဘူး "
ပြုံးရယ်လျက် ပြောလာတော့ သူ့မျက်ဝန်းတွေ ထပ်ဝိုင်းစက်သွားပြန်သည်။
" ဒါဆို ဒီညမအိပ်ရတော့ဘူးပေါ့ .. ဒါနဲ့များ ဘာလို့ လေဆိပ်ကပြန်လာလာချင်း ကျွန်တော့်ဆီလာသေးတာလဲ ဂျောင်ဂုရှီက ကောင်းကောင်းအနားယူရမှာပေါ့ လေယာဉ်စီးရတာလဲ အရမ်းပင်ပန်းတာကို ... ဂျောင်ဂုရှီက ဒီလိုပဲ ခေါင်းမာနေကျလား "
တကယ်စိုးရိမ်မိသည်မို့ မျက်မှောင်ကြုတ်ကာ ပြောတော့ မောင်က သူ့မျက်နှာနားတိုးကပ်လာကာ ပြီတီတီမျက်နှာဘေးနဲ့ သူ့ကို စိုက်ကြည့်သည်။
" ဆော့ဂျင်ရှီကို သတိရလို့ ပြေးလာတာပေါ့ ... နှစ်လလုံးလုံး အဆက်အသွယ်မလုပ်ထားရဘူးလေ ... သိတဲ့အတိုင်း ကျွန်တော်က ဖုန်းပြောရမှာတွေ .. စာပို့ရမှာတွေ ပျင်းတယ်လေ ... အဲ့ဒါကြောင့်ပါ "
စိတ်ကောက်နေတဲ့ချစ်သူကို ပြန်ချော့နေသလို ဖြေရှင်းချက်မျိူး ပေးလာလေတော့ သူ မောင့်ကို နားမလည်နိုင်တော့။ ထူးဆန်းစွာ မောင့်ကို သူအရမ်းမစိမ်းသက်နေဘဲ သူ့ရင်ဘတ်က မောင့်အပြုအမူတွေအပေါ် လိုလိုလားလားနဲ့ ရင်ခုန်ခြင်းသံစဉ်တွေကို ဖန်တီးနေသည်။
ဒါ ဘာအခြေအနေလဲ .. တကယ်စေ့စပ်ထားသလို ခံစားချက်ကရော ဘယ်လိုဖြစ်တာလဲ ... တစ်ခုခုတော့ မှားနေတာနဲ့တူတယ် ...
ဆော့ဂျင်စိတ်နဲ့ ရေရွတ်ရင်း မောင့်ကို ကြောင်အစွာ ကြည့်နေမိတော့ မောင်ကပဲ ထပ်ပြုံးပြီး သူ့လက်နှစ်ဖက်ကို မောင့်လက်နှစ်ဖက်က အသာဆုပ်ကိုင်လာသည်။ သူကိုယ်တိုင်လဲ မရုန်းမိဘဲ မောင်ပြောသမျှကို နာခံဖို့ အသင့်ဖြစ်နေပုံရသည်။
" ... ပြီးတော့ ... သေချာတောင်းပန်ရဦးမယ်လေ ... ဆော့ဂျင်ရှီ ... ဒီကိစ္စက နောက်ကျနေပြီဆိုပေမယ့် ဆော့ဂျင်ရှီကို ကျွန်တော် သေချာတောင်းပန်ချင်ခဲ့တာပါ ... တောင်းပန်ပါတယ် .. ဆော့ဂျင်ရှီ .. အဲ့ဒီ့ညက အသိစိတ်လွတ်နေခဲ့လို့ ဆော့ဂျင်အပေါ်မှာ ကျူးလွန်ခဲ့မိတာပါ ... ကျွန်တော့်အတွက်လဲ ဒါက ပထမဆုံးအကြိမ်ပါ ... ဆော့ဂျင်အပေါ်မှာ ဒီလို မိုက်ရိုင်းတဲ့အရာမျိုးလုပ်ခဲ့မိတယ်ဆိုတာ ကျွန်တော်လည်း လက်ခံဖို့ အများကြီးကြိုးစားခဲ့ရပါတယ် . ... အဲ့ဒါကြောင့် ကျွန်တော့်ကို မမုန်းဘဲ အများကြီး ဂရုစိုက်ပေးပါ ... ကျွန်တော်ကလည်း ဆော့ဂျင်ရှီအတွက်ဆို အမြဲတမ်းရှိနေပေးပါ့မယ် "
သူ့လက်နှစ်ဖက်ကို ပွတ်သပ်ကာ အကြည့်လွှဲပြီး အပြစ်ရှိသလို လုပ်လာပြန်တော့ သူ သက်ပြင်းချလိုက်မိသည်။ နစ်နာသွားတာ ဘာမှမရှိပေမယ့် အဲ့ညက အမှန်တကယ်ကို သူကြောက်ခဲ့ပါသည်။ သို့ပေမယ့် ဒါကို သူ အရမ်းကြီး စိတ်ထဲ ထားနေတာမျိုးတော့မရှိ။ မောင့်အပေါ်မှာထားတဲ့ ခံစားချက်တွေ ပြောင်းသွားမှာကိုသာ သူစိုးရိမ်နေမိခဲ့သည်။ အနည်းနဲ့အများတော့ မောင့်ကို သူကြောက်ပါသည်။
" ... ဒီစကားက နည်းနည်းတော့ လိမ်နေသလိုဖြစ်နေပေမယ့် ပြောပါ့မယ်ဂျောင်ဂုရှီ ... ကျွန်တော် အဲ့ဒီ့ညက ဂျောင်ဂုရှီကို တကယ်ကြောက်ခဲ့တာပါ .. အခုလဲ ပြန်တွေးမိရင် ကြောက်နေတုန်းပဲ .. ဒါပေမဲ့ ဂျောင်ဂုကိုမုန်းတာမျိုး မရှိပါဘူး ... ဘာဖြစ်လို့လဲဆိုတော့ ဂျောင်ဂုက တာဝန်ယူပေးလို့ပါ ... ဘယ်သူမှ မသိရင်တောင် စေ့စပ်သူအဖြစ်ကြေညာပေးပြီး အချိန်တစ်ခုအထိ ဒီကွန်ဒိုမှာ နေစေခဲ့တာက ကျွန်တော့်ကို အလေးထားကြောင်းပြသတာပဲလေ အခုလည်း ပြန်တောင်းပန်တယ်မဟုတ်လား အဲ့ဒါကြောင့် ကျွန်တော် အပြစ်မယူတော့ပါဘူး "
မောင် စိတ်သက်သာစေဖို့ရည်ရွယ်ပြောမိတော့ မောင်က ခပ်ဖွဖွလေး ပြုံးသည်။ ထို့နောက် ဆုပ်ကိုင်ထားတဲ့သူ့လက်ကို လွှတ်ကာ အိတ်ထဲက စာအိတ်လေးကို ထုတ်ပေးသည်။
" ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်က ဆော့ဂျင်ရှီကို ဖိတ်ပါမယ် Seoul on The Stage ကို လာပေးနိုင်မလား ... ကျွန်တော့်ရဲ့ VIP အနေနဲ့ပေါ့ "
ထိုစကားကြောင့် မောင်ပေးတဲ့စာအိတ်ကို ဖွင့်ကြည့်မိတော့ နောက်သုံးရက်နေရင် ကျင်းပမယ့် ဖျော်ဖြေပွဲလက်မှတ်ဖြစ်သည်။ ရုတ်တရက် သူဝမ်းသာသွားမိပေမယ့် တစ်ချိန်တည်းမှာပဲ သူ ဝမ်းနည်းသွားမိသည်။ ဒီလက်မှတ်ကို သူလဲ ဝယ်ပြီးသားဆိုပေမယ့် မောင်ပေးတဲ့ရက်က သူ့မှာ ချိန်းဆိုပြီးသား အလုပ်ရှိနေတာဖြစ်သည်။ သုံးရက်ဆက်တိုက်ကျင်းပမယ့် ဖျော်ဖြေပွဲကြီးမှာ နှစ်ရက်လုံးလုံး သူ လက်မှတ်ဝယ်ထားပေမယ့် နောက်ဆုံးရက်ကိုတော့ သူလက်လျော့ထားသည်။ အကြောင်းရင်းက သူအရမ်းသဘောကျရတဲ့အလုပ်က စီနီယာဂျီဝူရဲ့ကမ်းလှမ်းမှုကြောင့်ပင်။ စီနီယာဂျီဝူက တောင်ကိုးရီးယားနိုင်ငံရဲ့ stylist လောကမှာ ထိပ်တန်းကြယ်တစ်ပွင့်ဖြစ်သည်။ စီနီယာနဲ့တွေ့ဖို့မလွယ်ကူသလို နိုင်ငံကျော်တိုင်းလည်း စီနီယာကို မဖိတ်ခေါ်နိုင်။ တောင်ကိုးရီးယားရဲ့ထိပ်တန်းအိုင်ဒေါလ်၊ ကမ္ဘာကိုထိုးဖောက်နိုင်တဲ့မောင်တို့Labelတောင်မှ စီနီယာဂျီဝူကို စာချုပ်မချုပ်နိူင်။ ဧည့်သည်အဖြစ်သာ ဖိတ်ခေါ်နိူင်တာဖြစ်သည်။
" ဆော့ဂျင်ရှီ!! "
" အာ~~ တောင်းပန်ပါတယ် ... ဒါက ဈေးကြီးလွန်းတယ် လက်မခံပါရစေနဲ့ ... "
သူငြင်းမိတော့ မောင့်မျက်နှာမလှ။
" ဘာလို့လဲ .. ဆော့ဂျင်ရှီက ကျွန်တော့်ရဲ့အရေးကြီးတဲ့ဧည့်သည်ဆိုတာ ကုမ္ပဏီက လူတိုင်းကို သိစေချင်တာကို .. ဒီနေရာကို ကျွန်တော့်မိဘတွေကလွဲလို့ ကျွန်တော့်အစ်ကိုကိုတောင် ဖိတ်ဖူးတာမဟုတ်ဘူးနော် "
မျက်မှောင်ကြုတ်ပြီးပြောလာတော့ ဆော့ဂျင် ခိုင်လုံတဲ့အကြောင်းအရင်း ပြေးရှာရပြန်သည်။ မောင် စိတ်မကွက်သွားဖို့လိုသည်လေ။
" အဲ့လိုမဟုတ်ပါဘူး ... အဲ့ဒီ့နေ့က ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့လုပ်စရာရှိနေလို့ပါ ... ကျွန်တော် .. တောင်းပန်ပါတယ် ... ပြီးတော့ .. "
" အာ ~~ အလုပ်ရှိနေတာပဲကိုး .. ဒါဆိုလဲ ကျွန်တော် အတင်းမတိုက်တွန်းတော့ပါဘူး ... တခြားတစ်ယောက်ကိုပဲ ဖိတ်လိုက်ပါ့မယ် .. အိမ်မှာကောင်းကောင်းနေခဲ့နော် ဆော့ဂျင်ရှီ ... ပြီးတော့ ကျွန်တော် မဆက်သွယ်တိုင်း ဆော့ဂျင်ရှီက မဆက်သွယ်တာမျိုး မလုပ်ပါနဲ့ ... ဖုန်းသိပ်မသုံးပေမယ့် ဆော့ဂျင်ရှီသာ ဆက်သွယ်လာရင် အချိန်မရွေး ချက်ချင်း ကျွန်တော်ရှိနေမှာပါ ... ကဲ သွားပြီနော် "
သူငြင်းမိတာကို စိတ်မကောင်းဟန်လေးနဲ့ နှုတ်ဆက်ကာ အိမ်ထဲကနေ ထွက်သွားတော့ ဆော့ဂျင်ဝမ်းနည်းစွာ ကျန်ရစ်မိခဲ့သည်။ မောင်ပေးတဲ့လက်မှတ်က ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတဲ့နေရာပင်။ နှစ်တော်တောကြာ ချစ်လာတဲ့ပရိသတ်တစ်ယောက်အနေနဲ့ သူလဲ သေချာပေါက်လိုချင်တာပေါ့ ... ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ ... စီနီယာဂျီဝူနဲ့ ချိန်းထားပြီးသားဖြစ်နေတယ်လေ .. စီနီယာဂျီဝူတို့အဖွဲ့ရဲ့အလုပ်သင်အသစ်အနေနဲ့ ပထမဆုံးသွားရမှာဖြစ်သည်မို့ သူ့ဘဝအတွက် အရေးကြီးပါသည်။ သွားရမယ့်နေရာကလည်း မောင်တို့ ဖျော်ဖြေပွဲအတွက်ပင်။
Backstage မှာဆုံရင် မောင် သူ့ကို စိတ်မဆိုးလောက်ဘူး မို့လားဟင် ...
𖧷𖧷𖧷𖧷𖧷𖧷𖧷
ငါးရက်ခန့်ကြာပြီးနောက်
Seoul on The Stage Final Day ...။
" အို! အစ်ကိုဆော့ဂျင်ပဲ "
Brush တွေကို သန့်စင်နေတုန်း သူ့နာမည်ကြောင့် သူလှည့်ကြည့်လိုက်မိသည်။ တခြားသူတော့မဟုတ်၊ မောင်တို့အဖွဲ့က Vဖြစ်သည်။ Ddengထဲမှာ မောင်ပြီးရင် Vကို သိပ်သဘောကျရတာမို့ သူ မျက်ဝန်းတွေပိတ်တဲ့အထိ ပြုံးပြလိုက်မိသည်။ မောင်တို့ကုမ္ပဏီကို ပထမဆုံးရောက်တဲ့နေ့မှာ တစ်ခါသာ ဆုံဖူးပေမယ့် သူ့ကို ချက်ချင်းမှတ်မိတော့ လှိုက်လှိုက်လှဲလှဲပျော်ရွှင်သွားမိသည်။
တစ်ဆက်တည်းမှာပဲ မောင်ကရော ဘယ်မှာများရှိလေနှင့်မလဲ၊ သူ့ကိုမြင်ရင် စိတ်ဆိုးသွားမလား ဆိုပြီး ဝေ့ဝိုက်ကြည့်မိသည်။
" ဂျေခေကို ရှာနေတာလား .. ဂျေခေက ဟိုဘက်အခန်းမှာရှိတယ် ... အဝတ်အစားလဲရင် သူ့ကို အစ်ကို ကူပေးလိုက်ပေါ့ "
" ... အာ မဟုတ်တာ .. ကျွန်တော်က အလုပ်သင်ပဲရှိပါသေးတယ် "
ပေါ့ပေါ့ပါးပါးပြောကာ သူ တာဝန်ယူထားတဲ့ခုံမှာ လာထိုင်တော့ Vစိတ်ကြိုက် ကိုယ်ပိုင်brushတွေကို သူ ရွေးထုတ်ထားလိုက်မိသည်။ Vကတော့ ဖုန်းသုံးနေပေမယ့် DDENG Group Chatထဲကို စာတစ်စောင်ပို့လိုက်ပုံပေါ်သည်။ ဘာအကြောင်းအရာလဲ သူမသိပေမယ့် ချက်ချင်းစာပြန်တဲ့သူက ယုန်ကလေးအီမိုဂျီနဲ့ပင်။ ဒါ မောင်ကလွဲပြီး တခြားသူ မဖြစ်နိုင်မှန်း သူသိပါသည်။ မကြည့်တာတောင် မြင်နေရတာမို့ သူသိနေတာဖြစ်သည်။ မသင့်တော်တာ သိသည်မို့ သူ ခပ်လှမ်းလှမ်းရွှေ့ကာ စီနီယာသင်ပေးတဲ့အတိုင်း Vရဲ့ ခပ်ညိုညိုအသားအရောင်နဲ့လိုက်ဖက်မယ့်settingတွေကို သူ အသင့်ပြင်ထားပေးမိသည်။
" ဆော့လေး ... အရမ်းကြိုးစားထားတာပဲ ... ခဏလေးပဲပြောလိုက်တာကို မှတ်မိတယ် ... တော်လိုက်တာ "
Advertisement
- In Serial65 Chapters
Paths of Power: Initialization
A mid 30s Truck driver must make hard choices on his quest to get home to his family while the world as we know it comes to an end. 700 miles, no truck and just his loyal dog to accompany him, can he survive in this new world? A world where The System spawns monsters and mutates plants and animals to absorb and refine essence? Let us find out. Join me on discord for updates and discussions https://discord.gg/bcMQVE25XH Check out my New Patreon https://www.patreon.com/pathsofpowerseries for extra content including what is happening to John's Family in Colorado Book 1 is now live on kindle Paths of Power: Initialization Book 1 https://www.royalroad.com/amazon/B09QZ5ZGDN i hope you enjoy
8 250 - In Serial12 Chapters
I am My Own Disciple
Synopsis: Lu Bai Xiong one of most powerful martial artists in the land of Shu Han. As he nears the end of his unnaturally long life he contemplates a way to lay down a legacy and give back his martial arts. Out of pride and joy he builds a labyrinthian tomb filled with treasures he's collected in his life. He passes away in peace at the thought of the adventures and training people will come from far and wide to do within his tomb. He awakens again as Ju Ping--an infant of a branch family of his Xiong Clan. 80 years has passed, and while his family has flourished the tomb lays all but forgotten. Most distressingly, the style he spent his life perfecting has been discarded and is no longer even taught. The heavens have given him a second life and if 80 years hasn't produced a successor for himself, he may just need to do some tombrobbing himself.
8 155 - In Serial25 Chapters
R U L E S
"Jesus Christ." I called out, this was the first time I was finding out my body could be so sensitive, I was so used to the five pumps and done but James was showing me something different, he was showing me to myself. "He can't help you now." His husky voice had whispered.
8 246 - In Serial27 Chapters
Descent of the Dragon Prince
A dragon prince turned human must come to terms with rewriting events he has never faced before. How does it feel to get beaten up by the gods? Novus argues that the feeling is terrible, especially when the gods send him to another world, in human form. Despite starting in the worst fighting shape possible, Novus gradually resolves himself of one thing: He'll revenge kick some divine ass. So anybody, especially that damned Hidden Shadow organization, better get out of his way; After a couple of tears and a failed spell. But wait, I can revive? And why does that person seem so familiar? And why can't this system answer any of my damn questions!? Chapter updated twice per week! Wednesday/Sunday Nights UTC 07:00 local time. This story is currently only available on Royal Road. Any other sites that provide the story are not allowed to, and should not, have my story available for reading.
8 132 - In Serial9 Chapters
Levi's Sick Day
Who knew that some slightly undercooked meat could make Corporal Levi so miserable.
8 123 - In Serial43 Chapters
Reunited At Last|✔️
[COMPLETED]BOOK TWO OF HIS MAFIA QUEEN. NOT TO BE READ AS A STAND-ALONE. DESCRIPTION CONTAINS SPOILERS IF YOU HAVEN'T READ THE FIRST BOOK|Disclaimer|• More Romance•Sexual Scenes~Liliana Romano, now known as Elena Rose, made her grand escape to London, UK. After being shot by the love of her life and deciding she wants out of the mafia life, she leaves, faking her death and breaking hearts. Six years later, Sebastian Di Salvo and Liliana's paths cross as she finds out he's finally tying the knot with Isabella Moretti. The news of Liliana's heart beating shakes the mafia world causing her life to be on the line once again. But she risks it all to stop Sebastian from making the biggest mistake of his life.What happens will happen. It's unstoppable and unavoidable. Maybe reuniting at last won't be so bad? After all she is his everything as he is hers.Will they reconcile their love? Have they always loved each other? Will they get the happy ending they've dreamed of?~I watched as Sebastian stuffed his hands into his dress pants pockets, keeping a careful eye on the time. "You can't marry her. I can't let you." His head snapped towards mine. "I didn't see you there beside me as I grieved for you," he snapped. "She was there.""She's also the reason why we lost each other." He let out a scoff. "We lost each other because you gave up on us and ran away. I'm marrying her and that's final. If you came here with the idea of us getting back together then you need to get the fuck out 'cause that's not happening."My breath hitched in my throat. She's poisoned his mind and turned him against me. But what could I have expected? I showed up here out of the blue after six years. I let him go once and now, he's in my reach, I'm gonna do whatever it takes to get him back, no matter what because I now know that we're meant for each other. But if he's happy with her, then reuniting won't be an option after all.Started: January 2022Finished: March 2
8 252

