《A Star's Marriage【Completed】》【04】
Advertisement
⟨ Unicode Version ⟩
ကြယ်တစ်ပွင့်ရဲ့လက်ထပ်မင်္ဂလာ
အပိုင်း လေး
Concert ကြီး ပြီးသွားတာတော့ မောင်တို့က ထုံးစံအတိုင်း ညစာစားပွဲအသေးစားလေးလုပ်ကြပေမယ့် သူကတော့ မသွားဖြစ်တော့ပါ။ မထင်ရှားတဲ့သာမန်ဝန်ထမ်းဖြစ်တာကြောင့် ဘယ်သူမှ အရေးတယူမရှိတာမို့ သူ့အတွက် အခက်အခဲမရှိ။ အေးဆေးသက်သာစွာ ကွန်ဒိုဆီပြန်လာပြီး အနားယူဖို့ကြိုးစားမိသည်။
မောင့်အပြုအမူတွေနဲ့ပတ်သက်ပြီးလဲ အများကြီး မတွေးမိအောင် နေရင်း ပင်ပန်းခဲ့သမျှကို အိပ်ယာထက်စုပုံချမိတော့ သူ လွယ်လွယ်နဲ့ အိပ်ပျော်သွားခဲ့သည်။
သို့ပေမယ့် အချိန်တစ်ခုလောက်အကြာမှာ လည်တိုင်ထက်က စူးနင့်မှုတစ်ခုကြောင့် သူ နိုးလာရတော့သည်။ အဲ့ဒီ့တော့မှ သိလိုက်ရတာက တစ်စုံတစ်ယောက်ဟာ သူ့ကို ငုံ့မိုးကာ သူ့လည်တိုင်တွေကို စိတ်တိုင်းကျခြယ်လှယ်နေတာဖြစ်သည်။
နိုးနိုးချင်း ထူပူပြီး ထိုလူသားကို တွန်းထုတ်ဖို့ ကြိုးစားမိတော့ ခပ်သင်းသင်းအနံ့လေးကြောင့် မောင်ဆိုတာကို သူ သိသွားသည်။ ထို့ကြောင့် တွန်းဖယ်မိတော့ မောင်က သူလည်တိုင်တွေကို မခြယ်လှယ်တော့ဘဲ သူ့ကို ရီဝေဝေငုံ့မိုးကြည့်လာသည်။
" ဂျောင်ဂုရှီ!!! ဘာထပ်လုပ်နေပြန်တာလဲ ဒါက!! "
ဒေါသသံနဲ့မေးမိတော့ မောင့်အကြည့်တွေက သူ့နှုတ်ခမ်းတွေဆီ ကျရောက်သည်။ အရက်နံ့တွေ မွှန်နေတာမို့ မောင် သောက်လာတယ်ဆိုတာ သူ သိလိုက်ရပြီဖြစ်သည်။ မောင်ဟာ မူးတိုင်း တခြားတစ်ယောက်ကို နမ်းဖို့ကြိုးစားတတ်သူများလား။
"ကင်ဆော့ဂျင်က ဂျောင်ဂုရဲ့အပိုင်ဆိုတာကို မှတ်နေတာ ... ထပ်ပြီးပျောက်သွားရင် ဘယ်လိုလုပ်မလဲ ... "
ငိုတော့မယ့်မျက်နှာထားနဲ့ ပြောလာတော့ သူ့ရင်ထဲ ဒိတ်ကနဲ့ ...။
" ... အာဂီရား ~~ မမှတ်မိဘူးလား ... JK97ဆိုတာ မောင်ပါ ... မောင့်ကို မမှတ်မိဘူးလား ... ဘာဖြစ်လို့ မသိချင်ယောင်ဆောင်နေရတာလဲ ... မောင် ... ဘယ်လောက်တောင် လွမ်းနေရလဲ ဘာလို့မသိနိုင်တာလဲ ... မောင် မင်းကို အရမ်းလွမ်းတယ် အာဂီလေး ~~ "
မျက်ရည်တွေ ပြည့်နှက်နေတဲ့မျက်ဝန်းတွေနဲ့ သူ့ကို စိုက်ကြည့်ကာ သူ မသိတဲ့အသုံးအနှုန်းတွေနဲ့ ပြောချလာပြန်တော့ ဆော့ဂျင် ထူပူသွားမိသည်။
ဘယ်သူ့ကို ဆိုလိုနေတာလဲ ... JK97ဆိုတာကရော ဘယ်သူလဲ ... မောင်လား ... ပြီးတော့ အာဂီဆိုတာက ဘယ်သူလဲ ...
ရုတ်တရက် မောင့်နှုတ်ဖျားက တခြားတစ်ယောက်ကို တမ်းတနေတာမျိုး မြင်လိုက်မိတော့ သူ့နှလုံးသားလေး ဆစ်ကနဲ့ စူးနစ်နာကျင်သည်။
ဘာလို့လဲ .. မောင့်ကို သူ အိုင်ဒေါလ်တစ်ယောက်လိုပဲ ချစ်ခဲ့တာပါ ... မဟုတ်မှ မောင့်အပေါ် ခံစားချက်တွေ ပြောင်းလဲနေတာလား ... ဘယ်အချိန်ကတည်းကလဲ ...
" ရှာနေခဲ့ရတာ ~~ နှစ်နှစ်ကြီးများတောင် မရှိတော့ဘူးဆိုတာ လက်မခံနိုင်လို့ ရှာနေခဲ့ရတာ ... ထပ်ပြီး ပျောက်သွားရင် ဘယ်လိုလုပ်မလဲ ... မောင့်အပိုင်လေးကို တခြားသူတွေ သိမ်းလိုက်ရင် ဘယ်လိုလုပ်မလဲ ... မောင်ပိုင်ဆိုင်တာဆိုလို့ မင်းပဲ ရှိတယ် အာဂီရယ် မောင့်ဒဏ်ရာတွေကို ချပြလို့ရတာဆိုလို့ မင်းပဲရှိခဲ့တယ် ~~ "
ဒီစကားမှာတော့ ဆော့ဂျင်နားလည်လိုက်သည်။
လက်စသတ်တော့ ... မောင်က သူ့ကို တခြားတစ်ယောက်နဲ့ မှားနေတာဖြစ်သည်။ မောင့်မှာ ရှုပ်ထွေးတဲ့အချစ်ရေးများရှိခဲ့တာများလား။ မောင်ချစ်တဲ့သူက မောင့်ကို ထားသွားခဲ့လို့များလား။ မောင်ကရော အာဂီဆိုတဲ့နာမည်ပြောင်လေးနဲ့တစ်ယောက်ကို သိပ်ချစ်တာပဲလား။
သူတွေးမိတော့ နှလုံးသားက နာကျင်လာသည်။ ထို့ကြောင့် မောင့်ကို တစ်ယောက်တည်းထားကာ သူ အိပ်ယာက ထဖို့ ကြိုးစားမိသည်။ သို့ပေမယ့်
မောင်က ထတော့မယ့်သူ့ကို စောင်အပေါ်ကနေပြီး ခြေထောက်ရော လက်ရော တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်ကာ သူ့ရင်အုပ်ပေါ် ပါးလေးလာ အပ်သည်။ မောင့်အပြုအမူကြောင့် သူရုန်းထွက်ဖို့ အဆင်မပြေတော့။
" ထွက်မသွားပါနဲ့ဂျင် ~~~ တောင်းပန်ပါတယ် ~~ ကျွန်တော် ခင်ဗျားကို ဘာမှ မလုပ်ဘဲ ဒီအတိုင်းလေးပဲ အိပ်မယ်လေနော် "
တောင်းပန်တိုးလျကာ ထွက်လာတဲ့မောင့်အသံလေးကြောင့် သူငြိမ်ကျသွားရတော့သည်။ မောင်ဟာ မူးနေလို့ အသိစိတ်လွတ်နေတာမဟုတ်၊ သူမှန်းသိသိချည်းနဲ့ ဘာကြောင့် အခြားသူရဲ့ နာမည်ကို ရေရွတ်ပြီး သူ့ကို ဆွဲထားခဲ့ရတာလဲ။
သူကရော ဘာလို့ ဒီလောက်ထိနာကျင်နေရတာလဲ ... မမှီနိုင်တဲ့ကြယ်တစ်ပွင့်ကို သူ ချစ်များ ချစ်မိသွားခဲ့လေသလား .. တကယ်လို့သာ မောင့်ကို အိုင်ဒေါလ်တစ်ယောက်လိုမဟုတ်ဘဲ ချစ်မိသွားခဲ့တယ်ဆိုရင် သူ့မှာ ဒီထက်ပိုပြီး နာကျင်ရမယ့် အကြောင်းပြချက်တွေ များသထက်များလာတော့မှာဖြစ်သည်။
ဆော့ဂျင် သက်ပြင်းချရင်း ရင်ဘတ်ပေါ်က ဂျောင်ဂုကို ကြည့်လိုက်သည်။ မလွတ်တမ်းဖက်တွယ်ထားခဲ့တဲ့လက်တွေကိုလဲ သူမဖြုတ်ထုတ်ဘဲ ကပိုကရိုနိုင်နေတဲ့ မောင့်ရဲ့ဆံနွယ်လေးတွေကို လက်လေးနဲ့ အသာလေး ပွတ်သပ်ပေးလိုက်မိသည်။
" ... လောဘမကြီးချင်ဘူး မောင်ရယ် ~~ ဒီလောက်အတိုင်းအတာအထိ နီးစပ်ခွင့်ရတာကိုက ကိုယ့်အတွက် ကျေနပ်ချင်စရာပဲလေ မောင်!! "
အဲ့ဒီ့နောက် မောင့်ဆံနွယ်စလေးတွေကို သူတမြတ်တနိုး နမ်းရှိုက်ရင်း သေချာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို သူ ချခဲ့ပါသည်။
အဲ့ဒါကတော့ မောင့်အနားကနေ အပြေးထွက်သွားဖို့ပင်။
𖧷𖧷𖧷𖧷𖧷𖧷𖧷
ဂျောင်ဂု နိုးလာတာနဲ့ မျက်ဝန်းတွေ ဖွင့်ကြည့်လိုက်မိသည်။ ကွက်လပ်ဖြစ်နေတဲ့ နေရာငယ်မှာ တစ်ဦးတည်းသော ထိုလူသားကို သူမတွေ့ရ။ ထို့ကြောင့် ရုတ်တရက် ထထိုင်မိတော့ မနေ့က စိတ်မထိန်းနိုင်ဘဲ ဖြစ်သွားခဲ့တာတွေ ပြန်မြင်ယောင်လာသည်။
သဝန်တိုပြီး လုပ်ချင်ရာ လုပ်ခဲ့မိတာလေ... အဲ့ဒီ့အကျိူးဆက်က အခု ဘာများဖြစ်လေလိမ့်မလဲ။
ဂျောင်ဂုခေါင်းခါရင်း ဆော့ဂျင်ကို အပြေးလေးရှာမိတော့ မတွေ့။ တစ်အိမ်လုံးနှံ့နေအောင်ရှာပါသော်လည်း အရိပ်အယောင်လေးတောင်မတွေ့၊ ထို့ကြောင့် မသင်္ကာစွာနဲ့ အဝတ်ဗီဒိုတွေ စစ်ကြည့်တော့မှ သူသိလိုက်ရသည်။ သိပ်သဘောကျရတဲ့ အာဂီလေးဟာ သူ့ဆီကနေ နောက်ထပ်တစ်ခေါက် ထွက်ပြေးသွားခဲ့ပြီဆိုတာ။
Advertisement
မနက်ခင်းနေခြည်နုနုမှာ ဂျောင်ဂု အင်အားတွေကုန်ခမ်းသလိုမျိုး နွမ်းလျစွာ အိပ်ယာပေါ်မှာထိုင်လိုက်မိသည်။ ဇိမ်ခံတိုက်ခန်းမို့လို့ အိပ်ခန်းကနေ ဟန်မြစ်ရဲ့အလှကို မြင်နေပေမယ့် သူ မခံစားနိုင်၊ သူပူလောင်နေမိသည်။ ငိုရတာများလို့ မျက်ရည်တွေက ထွက်မလာတော့ဘဲ သွေးကြောတွေ တောင့်တင်းလာတဲ့အထိ အံကို ကြိတ်ထားမိသည်။
ဇာတ်လမ်းအစကို ပြောရရင် သူ့မှာ moonlover ဆိုတဲ့ Fan Boyလေးတစ်ယောက်ရှိသည်။ သူ predebut ကတည်းက စာတွေအမြဲပို့တတ်တာမို့ သတိထားမိနေတဲ့ username လေးဖြစ်သည်။ ကျရှုံးတဲ့အချိန်တိုင်း၊ အမှားလုပ်မိတဲ့အချိန်တိုင်း တစ်လတစ်ခါ ရောက်လာတတ်တဲ့စာတွေထဲမှာ နှစ်သိမ့်စကားတွေနဲ့ စိတ်သက်သာရာရစေမယ့်စကားလုံးလေးတွေ အမြဲပါတတ်သည်။ ကြာလာတော့ လူကို မမြင်ဖူးပေမယ့် သူ့ကို စိတ်စွမ်းအားတစ်ခုပေးနိုင်တဲ့ထိုစာပိုင်ရှင်ကို သူ သိချင်လာသည်၊ခင်မင်ရင်းနှီးခွင့်ရချင်လာသည်။ အဲ့ဒါကြောင့် JK97ဆိုပြီး Spam Accလေးနဲ့ moonloverလေးကို ရှာခဲ့ရသည်။
တကယ်တမ်းတွေ့တော့လည်း မျက်နှာလေးတောင် မြင်ခွင့်မရ၊ နေ့တိုင်း သူ့အကြောင်းတွေကို မမောနိုင်၊ မပန်းနိုင် Tweet ပေမယ့် moonloverလေးက ဓာတ်ပုံကိုတော့မတင်။ရင်းနှီးဖို့ကြိုးစားကြည့်တော့ သူ့ကို JKရဲ့Fan Boyဆိုပြီး ထင်သွားခဲ့သည်။ သူနဲ့ moonloverလေးရဲ့ conversation က တစ်ခြားအကြောင်းအရာတွေဆိုရင် သိပ်အဆင်မပြေပေမယ့် သူ့အကြောင်းဆိုရင်တော့ ရေပတ်မဝင်အောင် ထိုင်ပြီးဆွေးနွေးတတ်သည်။ သူ့ကို တင်စားခေါ်ဝေါ်တဲ့ မောင် ဆိုတဲ့ အသုံးအနှုန်းကို ဘာကြောင့်ရယ်မသိ၊ သူ နှစ်နှစ်ခြိုက်ခြိုက်သဘောကျမိသည်။
အသံလဲမကြားဖူး၊ ရုပ်လဲမမြင်ဖူးတာမို့ သူ့ဘက်ကနေ အရဲစွန့်ပြီး voice message လေး အရင်စပို့ခဲ့မိသည်။ ဒါတောင် သူ့ကို မရိပ်မိဘဲ JK အသံနဲ့ တူလွန်းလို့ Idol Traineeလုပ်ပါလားဆိုပြီး အကြံပြန်ပေးခဲ့သည်။ သူဟာ JK ဖြစ်ကြောင်း ပြောပြခဲ့ပေမယ့် ထိုကောင်လေးဟာ မယုံကြည်ခဲ့။ video callနဲ့ အတည်ပြုကြည့်လို့ သူ့ဘက်က အရဲစွန့်ပြီးပြောပေမယ့် မျက်နှာကိုပြရမှာ ရှက်တဲ့ထိုကောင်လေးက သူ့ကို မပြခဲ့ပါ။
Voice message ကနေ စတဲ့ဆက်ဆံရေးကနေ အချိန်ရတိုင်း ဖုန်းပြောတဲ့ဆက်ဆံရေးဖြစ်လာပြီး moonloverကို သဘောကျခဲ့ရသည်။ အချိန်တွေကြာလာတော့ သူ့ရဲ့တစ်နေ့တာအခက်အခဲတွေကို ရင်ဖွင့်ရင်း တခြားသူတွေလက်သင့်မခံနိုင်တဲ့ သူ့အားနည်းချက်တွေကိုပါ ထုတ်ဖော်ခွင့်ရခဲ့သည်။ အဲ့လိုခင်မင်နေရာကနေ ရုတ်တရက် Fansginကို လာခွင့်ရတယ်ကြားတော့ သူ့မှာ အရမ်းပျော်ရွှင်ခဲ့ရတာဖြစ်သည်။ Eventရောက်မှ မျက်နှာလေးကိုသေချာမှတ်ပြီး Staffတွေ အကူအညီနဲ့ ပုံလေးတစ်ပုံရအောင် ကြိုးစားရမယ်လို့တောင် တွေးနေမိသေးသည်။ ဒါပေမဲ့လဲ ကံတရားက သူ့ဘက်မှာ မဟုတ်၊ အလဂျစ်ဖြစ်နေလို့ maskတပ်ပြီး ဦးထုပ်ပါဆောင်းခဲ့တာမို့ မျက်နှာကို သေချာမမြင်ခဲ့ရ။ သို့ပေမယ့် လက်လှလှလေးတွေကိုတော့ ဆုပ်ကိုင်ပြီး စကားပြောခွင့်ရခဲ့ပါသည်။ သေချာပေါက် သူပါဆိုပြီး ပြောပြချင်ခဲ့ပေမယ့် အချိန်ကောင်းမဟုတ်တဲ့အတွက် သူမသိချင်ယောင်ဆောင်လိုက်မိသည်။ အဲ့ဒီ့တော့မှ သူ့ကိုယ်သူ သိရတာက သူ့နှလုံးသားလေးဟာ သာမန်ထက်ပိုမြန်ပြီး ခုန်ပေါက်ပြေးလွှားနေတယ်ဆိုတာပဲ ...။ အချစ်လို့ခေါင်းစဉ်မတပ်ချင်သေးပေမယ့် နှလုံးသားကတော့ သိပ်ဆိုးလွန်းသည်။
သူ့ဗီဇအရ moonloverဆိုတဲ့ကောင်လေးကို ပိုင်ဆိုင်ချင်မိသည်။ သူ့ထက်အရင်အခြားသူတွေ ဦးသွားမှာ ကြောက်သည်။ ထို့ကြောင့် သူ့ဘက်က အရင်ဖွင့်ပြောပြီး စကားတွေနဲ့ ချုပ်မိတော့ သူ လူလည်ကျတာကို မသိရှာဘဲ ချစ်သူတွေဖြစ်ခဲ့ကြသည်။ အချိန်ကြာလာတာနဲ့အမျှ ဖုန်းမပြောရရင် မနေနိုင်လောက်တဲ့အထိ အရမ်းကို နစ်ဝင်နေပြီမို့လို့ သူဟာ JK ရဲ့Fan Boyမဟုတ်ဘဲ တကယ့်အစစ်အမှန် JK ပါဆိုတာကို သိစေချင်ခဲ့မိသည်။ တစ်လက်စတည်းမှာပဲ သူ့ခံစားချက်တွေက စစ်မှန်ကြောင်း သက်သေပြချင်နေခဲ့သည်။
တကယ်လည်း ပထမဦးဆုံးတွေ့ဖို့လုပ်ထားခဲ့ပေမယ့် ကံကြမ္မာမုန်တိုင်းက သူနဲ့ နာမည်တောင်မသိခဲ့ရတဲ့ကောင်လေးကြား ဝင်တိုက်ခတ်သွားခဲ့သည်။ အဲ့ဒီ့နေ့က သူ Album Promotion အတွက် The Showရဲ့ waiting roomမှာ ရှိနေခဲ့တာဖြစ်သည်။ နောက်နေ့ အားလပ်ရက်မှာ ထိုကောင်လေးနဲ့တွေ့ရဖို့ စိတ်လှုပ်ရှားနေရင်း မန်နေဂျာနဲ့ အဖွဲ့ခေါင်းဆောင်အစ်ကိုနမ်ဂျွန်းကို ပွင့်ပွင့်လင်းလင်းပြောပြနေခဲ့တာဖြစ်သည်။ အဲ့လို စိတ်လှုပ်ရှားပျော်ရွှင်နေတဲ့အချိန်မှာပဲ သူ့ဆီ ဝင်လာတဲ့ ဖုန်းကောလ်လေး။ ကြည့်လိုက်တော့ သူ ချစ်မြတ်နိုးစွာ 'အာဂီ' လို့ခေါ်ရတဲ့moonloverလေးဆီက ဖြစ်သည်။
ပုံမှန်ဆို ဒီအချိန်တွေက စကားပြောနေကျမဟုတ်တော့ပေမယ့် ချစ်ရသူဘက်ကအရင်ခေါ်လာတဲ့ဖုန်းကို မချရက်။ ချက်ချင်းကိုင်မိတော့ အက်ရှနာကျင်နေတဲ့အသံကို ကြားလိုက်ရသည်။
" ... မောင် ~~ ကလေး~ ကလေး မရတော့ဘူး ~~ နှုတ်ဆက်ရတော့မယ်ထင်တယ် ... ချစ် ... ချစ်တယ်နော် ~~~ "
ပြတ်တောက်တောက်အသံက သူ့ကို စိုးရိမ်စေဖို့ လုံလောက်စေလေလျှင် သူချက်ချင်းမတ်တပ်ရပ်မိသည်။
" ကလေးလေး ~~ .. ဘာဖြစ်နေတာလဲ ... မောင့်ကိုပြော "
သူ့အသံကြောင့် မန်နေဂျာက လက်ကနေဆွဲချပြန်ထိုင်စေကာ အသံကိုလျော့ဖို့ ပြောသည်။ အဲ့ဒီ့နောက် ဖုန်းကို အာရုံစိုက်ပြီး နားထောင်မိတော့
ကားသံတညံညံတွေရယ်၊ လူတွေပြေးလွှားအော်ဟစ်နေတဲ့အသံတွေကိုကြားလိုက်ရသည်။
အဲ့ဒီ့နောက် ပြတ်တောက်သွားတဲ့ဖုန်းလိုင်းလေး။ တစ်ခုခုဖြစ်နေတယ်ဆိုတာ သေချာသိပြီမို့ အပြေးသွားချင်ခဲ့ပေမယ့် ဘယ်နေရာမှန်း သူမသိပါ။ ထို့ကြောင့် ကျသွားတဲ့ဖုန်းလေးကို ထပ်ခေါ်မိသည်။ ပထမတော့ မကိုင်၊ သုံးခါမြောက်မှာတော့ ပြန်ခေါ်လာတဲ့ဖုန်းလေး။ ဒီတစ်ခါတော့ ချစ်ရသူ ကလေးလေးအာဂီရဲ့အသံ မဟုတ်ခဲ့။ သူ့ကို မွန်းကျပ်ခြောက်ခြားသွားစေတဲ့အသံလေးဖြစ်သည်။
" ဒီဖုန်းပိုင်ရှင်က ကားအက်စီးဒင့်ကြောင့် အသက်အန္တာရယ်ရှိနေပါတယ် ဆိုးလ်ဗဟိုဆေးရုံကြီးကို အမြန်လာခဲ့ပေးပါ "
သိသိချင်း ဖုန်းကို ချကာ ပြေးသွားဖို့ လုပ်ခဲ့ပေမယ့် သူ့ကို တားဆီးလာသူက မန်နေဂျာဖြစ်သည်။
Advertisement
" မဖြစ်ဘူး ဂျေခေ!! ပွဲက စနေပြီ ထွက်သွားလို့မဖြစ်ဘူး "
" မရဘူး ... အစ်ကို .... ကျွန်တော့်ကလေးလေး ... ကျွန်တော့်ကလေးလေး ~~ "
" ငါသွားပေးမယ် ဂျေခေ!! စိတ်ဖြောင့်ဖြောင့်နဲ့ မင်း ပရိသတ်တွေရှေ့ကိုသွား!!! "
သူ့လက်က ဖုန်းလုကာ မန်နေဂျာကပြောလာတော့ သူ လက်မခံ။ ဒီကနေသာ ထွက်ပြေးဖို့ ကြိုးစားခဲ့သည်။
" မြင်တောင်မမြင်ဖူးဘဲနဲ့ ဘယ်သူ့ကို သွားရှာမှာလဲ မင်း မယုံဘူးလား ... ငါ့ကို မယုံဘူးလား ... ဒီလိုအချိန်မှာ public ပေါ် မင်းပုံတွေရောက်လာရင် ပြသနာတက်လိမ့်မယ် .. မင်းအစား ငါသွားပေးမယ် ဂျွန်ဂျောင်ဂု!! "
မန်နေဂျာအစ်ကိုရဲ့ စိတ်ဖြေစကားအဆုံး သူလက်မခံချင်ဘဲ လက်ခံကာ အစ်ကိုနမ်ဂျွန်းခေါ်ရာကို လိုက်သွားခဲ့မိသည်။ အဲ့ဒီ့နေ့က စတိတ်ပေါ်မှာ ကြိုးစားဖျော်ဖြေနေမိပေမယ့် သူ့စိတ်ကတော့ မမြင်ဖူးတဲ့ ကလေးလေးဆီမှာသာ ကပ်တွယ်နေခဲ့တော့သည်။ Performanceနဲ့ အရေးကြီးတဲ့ scheduleတွေ ပြီးတာနဲ့ချက်ချင်း ဖျက်လို့ရတဲ့ scheduleတွေကို ဖျက်ကာ မန်နေဂျာအစ်ကိုနောက်ကို သူလိုက်သွားမိသည်။ အချိန်အားဖြင့် မနက်နှစ်နာရီ။
ရောက်ရောက်ချင်း သိလိုက်ရတဲ့ သတင်းက သူ့နှလုံးသားအစုံကို ကြေမွသွားစေဖို့ လုံလောက်ခဲ့သည်။ ချစ်ရသူဟာ သွေးထွက်လွန်ကာ ဆုံးပြီတဲ့ .. မယုံကြည်စွာ လူနာမှတ်တမ်းကို တောင်းကြည့်မိတော့ အမှန်တကယ်ပင် သေဆုံးသွားခဲ့ပြီဖြစ်သည်။ အဲ့တော့မှ သူသိရတာက သူ့ကို မောင်လို့ ခေါ်တတ်တဲ့ ကလေးလေးနာမည်က 'ဂျင်' တဲ့။
သူ လက်မခံနိုင်လို့ ဂျင်နဲ့တွေ့ဖို့ တောင်းဆိုမိတော့ ဂျင့်ရဲ့အမေဖြစ်သူက ခွင့်မပြု။ အားလပ်ချိန်မရှိတဲ့ကြားကနေ ဂျင် ထွက်သွားခဲ့တဲ့နေရာက The Show မှာ ဖျော်ဖြေမယ့် သူ့ Performance ကို အားပေးမလို့တဲ့လေ။ ဂျင်ဟာ Fanboy ဖြစ်တာကို ဂျင့်မိခင်ဖြစ်သူက သဘောကျနေပုံမရတာကြောင့် မန်နေဂျာက သူ့ကို အကြာကြီးတွေ့ဖို့ ခွင့်မပြုခဲ့။ သူ့မှာ အဲ့သတင်းကို လက်မခံနိုင်လွန်းလို့ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲနဲ့ schedule တွေကို သုံးလတိတိ ကျန်းမာရေးအကြောင်းပြချက်နဲ့ နားခဲ့ရသည်။
ချစ်ရတဲ့ကောင်လေး မရှိတော့ဘူးဆိုတဲ့အသိက နေ့တိုင်း သူ့ကို နာကျင်စေတာမို့ သူ့ကိုယ်သူ ကြိုးစားနှစ်သိမ့်ခဲ့ရသည်။ သူ အနည်ထိုင်လာတဲ့ တစ်နှစ်နီးပါးအချိန်ရောက်တော့မှ သူ သိလိုက်ရတဲ့သတင်းက သူ့ကို ပြန်ရူးသွပ်သွားစေဖို့ လုံလောက်သွားခဲ့သည်။
ချစ်ရသူဟာ အသက်ရှင်နေတုန်းဖြစ်သည်တဲ့။ သူခံစားနေရတာကို မကြည့်ရက်တော့တဲ့ အစ်ကိုနမ်ဂျွန်ဟာ အမှန်အတိုင်းပြောပြခဲ့တာက မန်နေဂျာက ဂျင့်ရဲ့အမေနဲ့ပေါင်းကာ သူ့ကို ဖုံးကွယ်ခဲ့တာဖြစ်သည်တဲ့။ သိသိချင်း ဒေါသက ထွက်ရပေမယ့် မန်နေဂျာကိုလည်း အပြစ်မတင်ရက်။ သူ့ဘာသာ သူတိတ်တဆိတ်စတင်စုံစမ်းရတော့သည်။ သူ့ကလေးလေးသာ အသက်ရှင်နေသေးတယ်ဆိုရင် ဘာလို့ သူ့ကို အဆက်အသွယ်မလုပ်တာလဲ သူ နားမလည်။ သူ့ခမျာ နေ့တိုင်း စာပို့ပေမယ့် moonlover ဆိုတဲ့အကောင့်လေးဟာ သူ့ကို စာမပြန်။ မသုံးတော့တဲ့အကောင့်လိုမျိုး အကြာကြီးငြိမ်သက်နေခဲ့သည်။ အဲ့ဒါအပြင် သူ့ဆီကိုလည်း မောင် လို့ခေါ်တဲ့ လက်ရေးစာတွေ ရောက်မလာတော့ပါ။ သူရွေးချယ်ထားတဲ့ဆင်တူလက်ကောက်ကိုသာ အမြဲတမ်းဝတ်ရင်း သူ့ကို မှတ်မိအောင်၊ JK97ဟာ သူမှန်းသိအောင် ကြိုးစားခဲ့ရသည်။ သို့ပေမယ့် အချိန်အတိုင်းအတာ တစ်ခုအထိ မထူးခြားလာခဲ့။
ဒီလိုပဲဖြတ်သန်းနေရင်း သူ့ကို မကျေမနပ်ဖြစ်နေတဲ့လူတစ်ယောက်ရဲ့ ယုတ်မာမှုကို သူ ကြုံလိုက်ရသည်။ ထိုလူဟာ မက်လောက်တဲ့ ပမာဏနဲ့မျှားပြီး သူ့ကိုအပိုင်သိမ်းဖို့ ကြိုးစားခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် လူငယ်တစ်ယောက်ဖြစ်သည်။ သူ ငြင်းခဲ့တာမို့ ထိုလူက အငြိုးထားကာ သူပျက်စီးစေမယ့်အရာမှန်သမျှ တောက်လျှောက် လုပ်ရင်း နှောင့်ယှက်နေခဲ့တာဖြစ်သည်။ အဲ့တုန်းကလဲ ဆေးခတ်ပြီး အကောက်ကြံတာကို အချိန်မှီတားဆီးနိုင်ခဲ့ပေမယ့် မထင်မှတ်ထားတာဖြစ်သွားခဲ့သည်။ ပထမကြိုတင်အကောက်ကြံခံရတဲ့ကောင်လေးကို သူအပြင်ရောက်အောင် ပထုတ်နိုင်ခဲ့ပေမယ့် ဒုတိယအကြိမ်နေရာမှားပြီး ဝင်လာပုံရတဲ့ကောင်လေးအပေါ်ကိုတော့ သူအမှားတွေ ကျူးလွန်ခဲ့သည်။ ထိုကောင်လေးကတော့ သူ့ထက် သုံးနှစ်ကြီးတဲ့ ကင်ဆော့ဂျင်ဆိုတဲ့လူသားပင်။ ပထမတော့ ဆောက်တည်ရာမရဖြစ်နေခဲ့ပေမယ့် နှစ်ဦးနှစ်ဖက်လုံးမရည်ရွယ်ခဲ့တာမို့ ဖြေရှင်းဖို့ ကြိုးစားမိသည်။ အကွက်ဆင်တဲ့သူကို ဖမ်းနိုင်ခဲ့ပေမယ့် ဗွီဒီယိုမပြန့်ဖို့ကိုတော့ အချိန်မီမတားနိုင်ခဲ့။ ပြန့်သွားပြီးမှသာ မူရင်းကင်မရာကို စစ်ကြည့်တော့ ကင်ဆော့ဂျင်အပေါ် သူကြမ်းတမ်းမိခဲ့တာတွေကို မျက်နှာပူစွာ မြင်လိုက်ရသည်။
သူနဲ့ဆော့ဂျင်ကို ရှေ့တည့်တည့်ထားကာ ပျံ့နှံ့နေတဲ့သတင်းတွေကို အေဂျင်စီက ရှင်းဖို့ဆွေးနွေးနေပေမယ့် သူကတော့ စိတ်လှုပ်ရှားနေတဲ့ဆော့ဂျင်ကိုသာ အကဲခတ်နေမိခဲ့သည်။ စကားပြောရင် မပွင့်တပွင့်နဲ့ တည်တံ့နေတဲ့မျက်နှာနုနုက ချစ်စရာကောင်းသည်။ လေသံတွေကလည်း ချစ်ရတဲ့အာဂီလေးနဲ့ ဆင်တူလွန်းသည်။ သူအားကျရလောက်တဲ့ပခုံးကျယ်ကျယ်တွေရှိနေပေမယ့် ပါးလျတဲ့ခန္ဓာကိုယ်ကြောင့် အိုင်ဒေါလ်တစ်ယောက်လို့တောင် အထင်မှားနိုင်သည်။ ဖြူဖြူစင်စင်နဲ့ သန့်ပြန့်ပြီးချောလွန်းနေတာမို့ ထင်းလွန်းနေတဲ့လူသားလဲဖြစ်သည်။
စိတ်ကျဉ်းကျပ်နေပုံရတာမို့ Earbuds လေးတပ်ပေးမိတော့ ရွှန်းလဲ့နေတဲ့မျက်ဝန်းငယ်က သူ့အား တစ်စုံတစ်ယောက်ကို သတိရစေပြန်သည်။
မရည်ရွယ်ခဲ့ပေမယ့် သူမှားခဲ့တဲ့ဇာတ်လမ်းမို့ ကင်ဆော့ဂျင်ဆိုတဲ့အစ်ကိုကို လုံခြုမှုရှိအောင် တာဝန်ယူပေးရမယ်ဆိုတာ သိတာမို့ သူ့ကွန်ဒိုဆီပြောင်းနေစေခဲ့သည်။
စေ့စပ်တဲ့သတင်းအတည်ပြုထားတာတောင် အောင်မြင်မှုတွေက ဆီးကြိုနေသည်မို့ တစ်ရက်လေးတောင် နားရက်မရခဲ့။ အိမ်ကို သူပြန်လာတာမျိုးရှိပေမယ့် ကင်ဆော့ဂျင်နဲ့တော့ မဆုံ။ ဘာလို့ဆို သူ့အိမ်ပြန်ချိန်က မနက်3နာရီနဲ့ လေးနာရီကြားသာဖြစ်ပြီး ပြည့်ကျပ်နေတဲ့ Scheduleတွေကြောင့် ငါးနာရီမထိုးခင်မှာ အိမ်ကနေအမြန်ပြန်ထွက်သွားရတဲ့အတွက်ကြောင့်ပင်။ ကင်ဆော့ဂျင်နဲ့တောင် သေချာစကားပြောပြီး တောင်းပန်ခွင့်မရခဲ့။ ဆော့ဂျင်အတွက်ကတော့ သူပြန်မလာဘူးထင်ရပေမယ့် သူကတော့ သူတာဝန်ယူထားရတဲ့ဆော့ဂျင်ကိုတော့ ဂရုစိုက်နေခဲ့ပါသည်။
သို့ပေမယ့် တစ်နေ့မှာ သူ US သွားဖို့ စတူဒီယိုထဲက ပစ္စည်းတစ်ချို့လာယူရင်း ဧည့်ခန်းရဲ့စားပွဲအောက်မှာ ပြုတ်ကျနေတဲ့စာအိတ်လေးကို သူတွေ့သွားမိသည်။ ထိုစာအိတ်ဟာ Artist JKအတွက် အာဂီလေး သူ့ဆီ ပို့နေကျ ပန်းရောင်စာအိတ်လေးဖြစ်ပြီး မောင့်ဆီသို့ဆိုတဲ့ စာသားလေးနဲ့ဖြစ်သည်။ ပုံမှန်ဆို အာဂီလေးရဲ့စာမှန်သမျှ Golden Film ဆိုတဲ့စတူဒီယိုထဲ ထည့်ထားတတ်ပေမယ့် အခုတော့ ဧည့်ခန်းမှာ မြင်လိုက်ရသည်မို့ စိတ်မသန့်ဖြစ်သွားပေမယ့် သူကောက်သိမ်းလိုက်မိသည်။
လောနေသည်မို့ စတူဒီယိုထဲက စာအိတ်ကို သူ ဒီအထိယူလာမိတာနေမှာပါ ဆိုပြီး ဖွင့်မကြည့်ဘဲ သူ့ခရီးဆောင်အိတ်ထဲထည့်ကာ လေယာဉ်အမှီ လေဆိပ်ကိုပြေးရပြန်သည်။ USရောက်တဲ့အထိ အမှုမဲ့အမှတ်မဲ့ပေမယ့် ကြားရက်မှာ တစ်ဖက်က Collaborationလုပ်တဲ့Artistက ပြသနာအနည်းငယ်ရှိသွားတဲ့အတွက် နားရက်တစ်ရက်ရသွားခဲ့သည်။ မန်ဘာအစ်ကိုတွေကတော့ လျှောက်လည်ကြပေမယ့် သူကတော့ ပရိုဂျူဆာယွန်ဂီနဲ့အတူ ဟိုတယ်အခန်းထဲနေရင်း သူ့Solo Albumအတွက် ပြင်ဆင်နေခဲ့မိသည်။ သူနဲ့အာဂီလေးအကြောင်းကို သိတဲ့ အစ်ကိုယွန်ဂီက ပန်းရောင်စာအိတ်ကိုမြင်ကာ စ, နောက်တော့ သူလဲ ထိုစာအိတ်ကိုအမြန်လုရင်း အစ်ကိုယွန်ဂီကိုတောင် အခန်းထဲကနေ မောင်းထုတ်မိခဲ့သေးသည်။ သူတစ်ယောက်တည်းကျန်ခဲ့တော့မှ ထိုစာအိတ်ကို နှမြောတမ်းတစွာနဲ့ ဖွင့်ဖတ်ဖို့ ကြိုးစားမိသည်။
Artist JKကို ဘယ်လောက်တောင် သဘောကျပြီး ချစ်ကြောင်း ရေးထားတတ်တဲ့ သူ့ကလေးလေးရဲ့စာတွေ၊ တစ်ခါတလေ အမှားလုပ်မိတာမျိုးရှိရင်တောင် ဆူထားတတ်တဲ့စာတွေ၊ သူ့ကို ဖုန်းပြောဖြစ်နေတဲ့ JK97ဆိုတာ မသိပါဘဲ ဆရာကြီးလုပ်တတ်တဲ့စာတွေ...
သူပြန်ဖတ်မိတိုင်း သူမျက်ရည်လည်ရသည်။ အခုလည်း မရဲတရဲနဲ့ ဖွင့်မိတော့ သူသတိထားမိတာက စာရွက်ဟာ အသိမ်းလွန်နေလို့ ခေါက်ရိုးကျိုးနေတဲ့ပုံမပေါ်။ စာရွက်အသစ်ကို ရေးထားတာနဲ့ တူပြီး စာလုံးတွေကတော့ သူ တစ်ခါမှ မဖတ်ဖူးခဲ့တဲ့စာတွေဖြစ်သည်။
သူ့ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေအကြောင်း ရေးရင်း သူ့ကို ပိုပိုပြီး သဘောကျလာကြောင်းရေးထားတဲ့စာတွေဖြစ်သည်။ မယုံကြည်နိုင်စွာ သူဖတ်နေရင်း စာရွက်အောက်ခြေက တပ်ထားတဲ့ရက်စွဲကိုကြည့်မိတော့ သူ USကို မလာခင်တစ်ရက်အလိုက ရက်စွဲဖြစ်သည်။ ရုတ်တရက် သူ့ဦးနှောက်တွေ ထူပူပြီး ဘာကိုမှ မဆက်စပ်နိုင်လောက်အောင် ရှုပ်ထွေးသွားခဲ့ပေမယ့် အပိုင်းအစငယ်လေးတွေကိုတော့ သူဆက်နိုင်ပါသေးသည်။
သူ့ကွန်ဒိုမှာ ဆော့ဂျင်ကလွဲပြီး ဘယ်သူမှမရှိ။ စတူဒီယိုထဲက စာကို ယူပြီးရေးတယ်ပြောရအောင်လည်း လက်ရေးက သက်သေပဲလေ။ ကလေးလေးရဲ့လက်ရေးကို သူမှတ်မိသလို သုံးနေကျ အီမိုဂျီကိုလည်း သူသိသည်။ ဆော့ဂျင်နဲ့အနီးကပ်မနေလို့သာ ဆော့ဂျင်အကြောင်းမသိပေမယ့် ကလေးလေးနဲ့ပတ်သက်ရင်တော့ အသံကအစ သူမှတ်မိသည်။ Record လုပ်ထားတဲ့ဖုန်းခေါ်ဆိုမှုတွေက အခုထိရှိနေခဲ့သေးသည်။ ဒါဆို ဆော့ဂျင်ဟာ သူသိပ်ချစ်ရတဲ့အာဂီလေးများဖြစ်နေမလား။
သို့လော သို့လော အတွေးတွေက သူ့ကို လောင်မြိုက်လာစေလျှင် အရင်ဆုံးရှာမိတာက ဒီဖြစ်ရပ်ကို သိနိုင်တဲ့အစ်ကိုနမ်ဂျွန်ပင်။ အဲ့ဒီတော့မှ သူသိလာရတာက ကင်ဆော့ဂျင်ဟာ သူသိပ်တွေ့ချင်နေခဲ့ပါတဲ့ သူ့ကလေးလေးပါတဲ့၊ မန်နေဂျာက တားခဲ့တာမို့ မပြောပြခဲ့တာပါတဲ့။ သိသိချင်း ပျော်ရွှင်သွားမိခဲ့ပေမယ့် အေးတိအေးစက်နိုင်တဲ့ ဆော့ဂျင်ရဲ့အမူအရာတွေကြောင့် သူ့ရင်ထဲစိုးထိတ်သွားသည်။
ဆော့ဂျင်သာ moonlover ဆိုရင် ဘာကြောင့် သူ့ကို မသိချင်ယောင်ဆောင်နေခဲ့တာလဲ။သူကJK97ဆိုတာ မသိရင်တောင် သူက moonlover လေး သိပ်သဘောကျရတဲ့ DDENG ရဲ့ Idol JKလေ။ ဘာကြောင့် ဖန်တစ်ယောက်ဆိုတာ မပြောခဲ့ရတာလဲ။
ပြီးတော့ ဘာကြောင့် JK97ဆိုတဲ့သူ့အကောင့်ကို မဆက်သွယ်ခဲ့ရတာလဲ ...
အတွေးတွေ ရှုပ်ယှက်ခတ်သွားပေမယ့် သူသေချာစွာ ဆုံးဖြတ်ချက်ချလိုက်သည်။ အစကတည်းက ပိုင်ဆိုင်ဖို့ ဆုံးဖြတ်ထားတဲ့အရာကို သူ ဘယ်နည်းနဲ့မှ လက်လွှတ်မခံ။ ဆော့ဂျင် သဘောတူတူ၊ မတူတူ စေ့စပ်သူအဖြစ် ကြေညာထားတဲ့သတင်းကနေ တရားဝင်လက်ထပ်ပွဲအထိရောက်အောင် လုပ်ပစ်မှာမို့လို့ ကင်ဆော့ဂျင် သူ့ကို ဘယ်လိုမှ ငြင်းမရအောင် အပိုင်ချုပ်ဖို့ ရည်ရွယ်လိုက်မိသည်။
အခုတော့လဲ သူ့ကို ငွေနဲ့သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်ကောင်လေးရဲ့ခံစားချက်ကို နားလည်သွားသယောင်ပင်။ အချစ်နဲ့ပတ်သက်ရင် မတရားမှန်း သိတာတောင် ကင်ဆော့ဂျင်ကို အပိုင်သိမ်းချင်ပါသည်။ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေပေါ့။
အဲ့ဒီလိုနဲ့ USကနေ ပြန်ရောက်ရောက်ချင်း သူ့ကလေးလေးဆော့ဂျင်ကို သွားကြိုစောင့်နေခဲ့သည်။ JK97အဖြစ်မဟုတ်ဘဲ စေ့စပ်ထားတဲ့ဂျွန်ဂျောင်ဂုအနေနဲ့ ကင်ဆော့ဂျင်ကို သိမ်းပိုက်ဖို့ ရှေ့ခြေတစ်လှမ်းပင်။ သို့ပေမယ့် ကားပါကင်မှာ ကောင်လေးတစ်ယောက်နဲ့ ယှဉ်တွဲတွေ့လိုက်တာမို့ သဝန်တိုစိတ်က ဖုံးဖိမရခဲ့။ သူ့ကိုယ်သူ ပုံရိပ်ကောင်းအောင်ကြိုးစားရတဲ့အိုင်ဒေါလ်လို့ သတိမရတော့ဘဲ ချစ်သူကို သဝန်တိုနေတဲ့ကောင်လေးတစ်ယောက်လို ပြုမူခဲ့မိသည်။
သူအတင်းဆွဲလာတာမို့ ဆော့ဂျင်ကတော့ အူကြောင်ကြောင်နဲ့ပါလာပေမယ့် အိမ်ရောက်တဲ့အထိစကားမပြော။ သူက စပြောမှသာ တုံ့ပြန်တဲ့အတွက် အစ်အောက်မေးရင်း လက်မှာ ဝတ်ထားတဲ့ဆင်တူလက်ကောက်လေးကို သတိထားမိသွားသည်။
အမြဲဝတ်နေခဲ့လားတော့မသိပေမယ့် ဘာကြောင့် သူ့ကို မဆက်သွယ်လာလဲ ... သူ သိချင်လာသည်။ တဲ့တိုးမေးချင်ပေမယ့် ကင်ဆော့ဂျင်က သူ့ကို အပြုံးချိုချိုနဲ့ကောင်လေးတစ်ယောက်လို့သာ သိထားသည်မို့လေ။ ရုတ်တရက် သူ့ရဲ့ကြမ်းတမ်းတဲ့ဘက်ခြမ်းကို ချမပြချင်။ ထို့ကြောင့် ကွေ့ပတ်ကာမေးမိတော့ ကင်ဆော့ဂျင်လေး သူ့ကို ညာနေတာ သတိထားမိသွားသည်။
ဖန်မဟုတ်ဘူးလို့ လိမ်နေတာပဲ ... မျက်ဝန်းတွေက ပြောပြနေတာကို။
အဲ့ဒီ့နောက် ဆော့ဂျင်ရေချိုးပြီး ပြန်ထွက်လာတော့ သူ့ကို အိပ်နေတယ်လို့ အထင်မှားသွားပုံပေါ်သည်။ "ပင်ပန်းနေတာပဲ မောင် ~~" ဆိုပြီး တိုးဖွဖွရေရွတ်တော့ သူ့မှာ အတွေးများရပြန်သည်။ ကင်ဆော့ဂျင်ဟာ moonlover လေးဆိုတာ သေချာသည်ထက် သေချာအောင် လက်မှာ ဝတ်ထားတဲ့လက်ကောက်ကို အတည်ပြုလိုက်မိသည်။
ဟုတ်ပါရဲ့ ကင်ဆော့ဂျင်က သူ့ရဲ့ချစ်လှစွာသော အာဂီလေးပင်။ တစ်ချိန်က တော့ပိုကီတူတူစားမယ်ဆိုတဲ့ကတိလေးကြောင့် သူ့ Dietအပျက်ခံပြီး ကတိကို တည်ပေးခဲ့သလို concert ရဲ့final dayကိုလဲ အထူးပုဂ္ဂိုလ်အဖြစ် ဖိတ်ကြားခဲ့သည်။
မထင်မှတ်ထားတာက ငြင်းခံရမှာကိုပင်။ အဲ့ဒါထက်အရေးကြီးတဲ့လုပ်စရာရှိလို့နေမှာပါလို့ ဖြည့်တွေးခဲ့ပေမယ့် တကယ်တမ်း Backstage မှာ တစ်ခြားတစ်ယောက်နဲ့ ထိတွေ့နေတာကို မြင်လိုက်ရတော့ သူ့ကိုယ်ထဲက စစ်မှန်တဲ့ဂျွန်ဂျောင်ဂုကြီးပေါ်လာပြန်သည်။
ထိန်းမနိုင်၊ သိမ်းမရ သဝန်တိုနေသည်မို့ လေးလေးစားစားဆက်ဆံရမယ့် ယူဂျီဝူတောင် အကန်တွေပိတ်ပြောကာ တဂျီဂျီရစ်မိသည်။ သူ့တောင်းဆိုချက်ကြောင့် သူ့နှုတ်ခမ်းတွေဆီ တိုးကပ်လာတဲ့ ဆော့ဂျင်လေးကိုလဲ စိတ်မထိန်းချင်ဘဲ နမ်းမိချင်နေပြီဖြစ်သည်။ သို့ပေမယ့် အစ်ကိုကြီးဆော့ဂျင်လေး ဝတ်လာတဲ့ရှပ်က သိပ်ကို ဆွဲဆောင်မှုအားကောင်းသွားခဲ့သည်။ ငုံ့လိုက်ရင် လည်ဟိုက်ကျလာကာ အထဲက အတွင်းပိုင်းတွေကို အထင်းသားမြင်နေခဲ့ရသည်။
Advertisement
- In Serial24 Chapters
Nature's Companion
Gorm, an old man living in the mountains and forests of the Endless Wilderness for thousands of years, is dying. Not how he wanted to, surrounded by nature, but trapped in a cave with strange carvings all over its walls. When he was transferring his soul into an oak tree to prolong his life, the carvings on the cave walls lit up. This is my first story so feel free to criticize and correct me. English is not my first language, so if you find grammatical or spelling errors inform me. I’ll try to publish 2-3 chapters a week.
8 154 - In Serial9 Chapters
Demon Dungeon
It's a story about a demon that owns a dungeon. The dungeon has a core. The demon is a low-ranking member of an army. Expect a fun story, way too long chapters, and a mildly emotional demon.
8 132 - In Serial17 Chapters
The Bilgewater Battle Royale
(Schedule: Currently on Hiatus until June) To hype up their upcoming MMO and test new technology, Riot creates a tournament playable only at convention centres. The 100 lucky contestants lie down for a session that will last up to 72 hours -7 days inside the game. Follow their perspectives as they explore a fully realized version of Bilgewater, acquiring artifacts that give them abilities of legends, and separating them from the thousand other threats inhabiting the islands. But how would you react if your home became a battlefield for champions? The waters remember.
8 97 - In Serial25 Chapters
Hero or Fool
Waltraut Fayiz, a listless 15-year old boy, finds the world utterly mundane and boring. Fortunately, he’s abducted from this bleak outlook and cast into a world full of colour and fantasy. Contracted into following a now hated Goddess, will he transform the world’s hate into love? Or, will he go down in history as the Goddess’ last follower? Whatever the outcome, he’ll always be a hero in at least one persons’ heart…
8 179 - In Serial24 Chapters
I Live To Play VR-MMORPG
This is not the story about someone playing VR-MMORPG. Instead of someone playing VR-MMORPG, this is the story where someone makes VR-MMORPG possible. Technology and Science have truly come a long way. Finally, in the year 20XX, the people successfully created Immersive VR-MMORPG. A technology that takes you to another world, allowing an individual to experience a second-life. Unfortunately, Andy Lee, who participated in creating the masterpiece technology, didn't get to enjoy it. Before the technology was perfected, he died of a heart attack. Being devastated by the fact he didn't get to fulfill his dream, he was given a second chance. He miraculously traveled back to his primary school days. This time, he won't slack. He will live his life to the fullest unlike before. His goal in this life was obvious and that is to fast-forward the development of technology and science. All of the efforts he gave were only to achieve his dream, which is to play VR-MMORPG.
8 198 - In Serial17 Chapters
The Girl that Time Forgot
(Tokyo Manji Revengers - Various x fem. reader) One blink was all it took to land you in an unfamiliar place. You were lost, confused, but you found them in your memories. They were your familiarity in a world foreign...
8 152

