《Me, Myself & Bad Romance •||• JINKOOK》【01】
Advertisement
⟨ Unicode Version ⟩
Me, Myself & Bad Romance
- EP 01 -
“ .... နောင်နှစ်အနည်းငယ်အတွင်း ယောင်္ကျားလေးများ ကိုယ်ဝန်ဆောင်နိုင်ဖို့ အမှန်တကယ်ဖြစ်လာတော့မှာဟု တောင်ကိုးရီးယားထိပ်တန်းဆရာဝန်များမှ သုံးသပ်ခဲ့ကြပါတယ် .... ရှေ့ဆက်ပြီး ... ”
တီဗွီမှာ လာနေတဲ့သတင်းကိုကြည့်နေရင်း လက်ထဲက ရေခဲမုန့်ကို ခူးခပ်စားလိုက်တဲ့ ကလေးငယ်လေး။ ဘေးနားမှာတော့ သူ့ထက်၅နှစ်ငယ်တဲ့၅နှစ်သားလေးကလည်း သူ့လိုပင် ရေခဲမုန့်ကို တစ်ဇွန်းချင်းစီ စားနေသည်။ သို့ပေမယ့် နားတွေကတော့ သတင်းကို နားထောင်နေတာမို့ ဘာတွေကြေညာနေလဲဆိုတာ နှစ်ယောက်လုံး သေချာကြားပါသည်။
“ ... မဖြစ်နိုင်တဲ့သတင်းတွေ ကြေညာနေတာပဲ ... ”
သူ ရေရွတ်ရင်း ဘေးနားက သူ့ထက်အငယ်ကို ကြည့်လိုက်မိသည်။
" ဂုဂီ! မင်းကော ... ယောင်္ကျားလေးတွေ ကလေးမွေးနိုင်တယ်လို့ ထင်လား ..."
၅နှစ်အရွယ်ကလေးကတော့ သူ့မေးခွန်းကြောင့် သူ့ကို မော့ကြည့်လာသည်။
" ... အင်း!! ဖြစ်နိုင်တယ်လို့ထင်တယ် ... တီတီကဖြစ်နိုင်တယ်လို့ပြောတယ် ... ဘာဖြစ်လို့လဲ... ကိုကိုက ကလေးလေးလိုချင်တာလား ... ဒါဆိုရင် သားသား ကြီးလာကျရင် ကိုကို့အတွက် သားသားနဲ့တူတဲ့ကလေးလေးမွေးပေးမယ်လေ ... သားသားလေးရော မီးမီးလေးရော မွေးပေးမယ်!! "
ဘာမှ နားမလည်သည်မို့ အစ်ကိုဖြစ်သူ စိတ်ချမ်းသာအောင် ဖြေလိုက်ပုံပေါ်သည်။ သို့ပေမယ့် ၅နှစ်အရွယ်ကလေးငယ်လေးရဲ့စကားကြောင့် တစ်ဖက်က ၁၀နှစ်သားလေး ပြုံးလိုက်မိသည်။
" ... မင်းစကားနဲ့ မင်းနော် ... အဲ့ဒီ့အချိန်ရောက်မှ ထွက်ပြေးရင် ငါမင်းကို တစ်သက်လုံးပြန်မခေါ်ဘူးမှတ် "
" ဟာ ~~ ကိုကိုကလည်း သားသားအပေါ်ကို အဲ့လိုမလုပ်ရဘူးနော် ... သားသားမှာ ကိုကိုကလွဲရင် ဘယ်သူမှ မရှိတာမို့လို့ သားသားကို မခေါ်တာမျိုး မလုပ်ရဘူးနော် "
ပစ်သွားမှာ စိုးသည်မို့ စားနေတဲ့ရေခဲမုန့်ကို ပါချရင်း သူ့လက်တွေကို ကိုင်လှုပ်ကာ ကတိတောင်းခံလာတော့ ကင်ဆော့ဂျင် ဆိုတဲ့သူ ပြုံးလိုက်မိရင်း အုပ်အုပ်လေးဖြစ်နေတဲ့ ကလေးငယ်လေးရဲ့ ဆံပင်တွေကို ပွတ်သပ်လိုက်မိတော့သည်။
... သေချာပါသည် ... ဒီနေ့ရဲ့ကတိစကားကို သူမမေ့ဘူးဆိုတာ ...။
💠💠💠
ရှစ်နှစ်ကြာပြီးနောက် ...
" ကင်ဆော့ဂျင်!! ဒါ ဘယ်နှစ်ကြိမ်မြောက်ရှိပြီလဲ ... တစ်ရက်တလေလောက် ရန်မဖြစ်ဘဲ နေလို့မရဘူးလား ... မာမီက ဘယ်လောက်တောင် အလုပ်ရှုပ်နေရလဲ မင်းမသိဘူးလား ..."
အိမ်ရောက်ရောက်ချင်း အဆူခံထိတဲ့အပြင် အသင့်ကိုင်ထားတဲ့ခါးပတ်ကြိုးနဲ့ သူ့ကျောကုန်းကို ရိုက်လာလေတော့ ကျရောက်လာတဲ့နာကျင်မှုဒဏ်ကို မရှောင်ဘဲ ကြိတ်မှိတ်ခံလိုက်မိသည်။
" ( !! ) "
" ( !! ) "
" တီတီ!! တီတီ!! တော်ပါတော့ ကိုကို့ကို မရိုက်ပါနဲ့တော့ ... ကိုကိုက သားသားကြောင့်ဖြစ်တာပါ ... ကိုကို့ကို မရိုက်ပါနဲ့တော့ "
ကျောင်းမှာ နေ့တိုင်းလိုလိုရန်ဖြစ်လာတတ်တဲ့သူ့ကို မာမီက ခါးပတ်နဲ့ပြန်ရိုက်လေတိုင်း မရိုက်ဖို့ ငိုယိုပြီးတောင်းပန်တတ်တဲ့ကလေးကို သူကြည့်လိုက်မိသည်။
" ဂျွန်ဂျောင်ဂု မင်းသောက်ပေါက်ကို ပိတ်ပြီး ဖယ်နေ "
မာမီ့အရှေ့မှာတင် ခပ်ကြမ်းကြမ်းစကားကိုပြောကာ သူ့အရှေ့ကာရပ်နေတဲ့ ဂျောင်ဂုကို ဆွဲဖယ်မိတော့ ဂျောင်ဂုက ဆိုဖာပေါ် မှောက်ယက်ကျသည်။
" ကင်ဆော့ဂျင်!! နင်ကလေးကို ဘယ်လိုဆက်ဆံနေတာလဲ !! နင်ကအကြီးဖြစ်တယ်ဆိုတိုင်း သူ့ကို ဒီလိုဆက်ဆံလို့မရဘူးလေ .... နင်ရန်ဖြစ်တော့မယ်ဆို ငါ့မျက်နှာကို နည်းနည်းပါးပါးငဲ့ ... နင့်အမေက ပေါက်လွှတ်ပဲစားမဟုတ်ဘူးနော် ... "
မာမီရဲ့ဒေါသသံတစ်ချက်အဆုံးမှာ လက်က လေပေါ် တစ်ချက်မြောက်တက်လာလေတော့ ထပ်ပြီးကျရောက်လာမယ့် ခါးပတ်ဒဏ်ကို သူ မျက်စိပိတ်ပြီး ခံယူဖို့ အသင့်ပြင်လိုက်သည်။
" ( ရွှတ် ) "
သို့ပေမယ့် မာမီရဲ့ခါးပတ်က သူ့ဆီမကျရောက်လာတဲ့အပြင် သူ့ပခုံးပေါ်ကို လက်လေးနှစ်ဖက်တင်းတင်းကျပ်ကျပ်လာဆုပ်ကိုင်ခံလိုက်ရမှ သူမျက်ဝန်းတွေ အလန့်တကြားဖွင့်လိုက်မိသည်။
" အ့ "
" ... "
" ... ကိုကို ~~ "
သူခံရမယ့် ရိုက်ချက်တွေကို ရှေ့ကနေ ကာဆီးပြီး ဝင်ခံလိုက်သူကတော့ ဂျွန်ဂျောင်ဂုဆိုတဲ့ကလေးပင်။ ဘယ်လောက်နာလဲဆိုတာ သူအသိမို့ နှုတ်ခမ်းလေးမဲ့ရွဲ့ကာ ကိုကို ဆိုပြီး အသံထွက်လာတဲ့ ဂျောင်ဂုကြောင့် သူ မာမီ့ကို အစိမ်းလိုက် ဝါးစားတော့မယ့်အကြည့်တွေနဲ့ စူးစိုက်ကြည့်သည်။ သူ့ကိုရိုက်တာ ဂျောင်ဂုကထိသွားသည်မို့ မာမီကလည်း အထိတ်ထိတ်အလန့်လန့်ပင်။
" ဂျောင်ဂုဂီ!! သားသား ~~ "
" ဟင့် ... ရွှတ် ... ဟင့် ... နာတယ် ~~ အီး .. ဟီး .. "
တဖြည်းဖြည်းနဲ့ သူ့အရှေ့မှာ ငိုယိုလာပါတဲ့ဂျောင်ဂုကြောင့် သူအပါအဝင် မာမီပါ လုပ်မထိ ကိုင်မထိဖြစ်သွားတော့သည်။ ဒီကလေးငိုရင် သူ အလိုလိုဒေါသထွက်လာသည်မို့ မာမီကိုင်ထားတဲ့ ခါးပါတ်ကို သူဆောင့်ဆွဲကာ ပစ်လွှင့်လိုက်မိသည်။
" မာမီ!!! နောက်တစ်ခါ ကလေးရှေ့မှာ ခါးပတ်နဲ့ ကျွန်တော့်ကို မရိုက်နဲ့ !!! ... ကျွန်တော် ပြောနေတာ တစ်ခါလည်း မကတော့ဘူး !!! "
ဂျောင်ဂု နာကျင်သွားတာမို့ သူဒေါသထွက်ကာ မာမီ့ကို ပြန်အော်မိတော့ မာမီက သူပြန်အော်တာကို သတိမမူဘဲ အထိတ်ထိတ်အပျာပျာနဲ့ ဂျောင်ဂုအနားချည်းကပ်လာသည်။
Advertisement
" သားသား ... သားသား တီတီ့ကိုပြ!! ဘယ်နားနာသွားသေးလဲ ... တီတီ့ကိုပြ ... သားသားရယ် ... မင်းကိုကိုရှေ့ကို ဒီလို ဝင်လာလို့မရဘူးလေ ... တီတီက မင်းကိုကိုကို ရန်ထပ်မဖြစ်ရအောင် ဆုံးမနေတာကို ... "
ပြောရင်းဆိုရင်း ဂျောင်ဂုကျောပြင်က ဒဏ်ရာကိုကြည့်ဖို့ကြိုးစားတော့ ဂျောင်ဂုက သူ့ဆီတိုးဝင်ကာ မာမီ့ကို စောင်းငဲ့ကြည့်သည်။
" ... ကိုကို့ကို မရိုက်နဲ့တော့နော် ... ကိုကိုက သားသားကိုကာကွယ်ဖို့ ရန်ဖြစ်တာမို့လို့ ကိုကို့ကို မရိုက်နဲ့တော့နော် ... တီတီလေးရိုက်ချင်ရင် ဂုဂီကိုပဲရိုက်နော် ... "
မျက်ရည်အဝိုင်းသားနဲ့ မာမီ့ဆီမှာ ခယနေတဲ့ဂျောင်ဂုကတော့ ထုံးစံအတိုင်း မာမီစိတ်ပျော့အောင် ပြောပြန်လေတော့ သူ့ဒေါသတွေ အနည်းငယ်ပြေလျော့လာရသည်။ ဂျောင်ဂုဟာ သူနဲ့သွေးမတော်သားမစပ်ပေမယ့် မာမီရဲ့ သည်းသည်းလှုပ်ချစ်ခြင်းကို ခံရသည်။ သားအရင်းဖြစ်တဲ့သူ့ထက်တောင် မာမီက ဂျောင်ဂုကို ပိုးမွေးသလိုပင် ယုယကြင်နာသည်။ မာမီဟာ သူ ဘာဖြစ်ဖြစ် စိတ်မပူပေမယ့် ဂျောင်ဂုမျက်နှာမဲ့သွားမှာကိုတော့ နည်းနည်းလေးတောင်မလိုလားသူဖြစ်သည်။
မာမီ သူ့ထက်ဂျောင်ဂုကို ချစ်ရတဲ့အကြောင်းရင်းကတော့ ဂျောင်ဂုဂီဟာ ငယ်ငယ်ရွယ်ရွယ်နဲ့တစ်ကောင်ကြွက်ဖြစ်နေလို့လဲ ပါသည်။ ပိုသေချာတဲ့အကြောင်းရင်းကတော့ ဂျောင်ဂုဂီရဲ့မိဘနှစ်ပါးဟာ မာမီ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေပင်။ ဂျောင်ဂုဂီ အသက်လေးနှစ်မရောက်ခင်မှာပဲ ဆုံးပါးသွားခဲ့တဲ့အတွက် မာမီက ဂျောင်ဂုဂီရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ဘေးအိမ်နဲ့ဂျောင်ဂုဂီကို စောင့်ရှောက်ပေးခဲ့တာဖြစ်သည်။ ဂျောင်ဂုနဲ့သူ့အိမ်ဟာ ဘေးချင်းကပ်ရပ်ဆိုပေမယ့် ဂျောင်ဂုကတော့ သူ့အိမ်မှာသာ နေသည်။
" မရိုက်တော့ဘူးနော် ... တီတီလေး မရိုက်တော့ဘူးနော် .. ဂုဂီလေး မငိုနဲ့တော့ တိတ်တိတ် ... ကိုကို့ကို တီတီလေးမရိုက်တော့ဘူး ..."
မာမီကတော့ ငိုနေတဲ့ဂျောင်ဂုကိုသာ ချော့မော့နေပြီး မျက်နှာမှာ ဒဏ်ရာဗလပွနဲ့သူ့ကို နည်းနည်းလေးတောင် ဂရုမစိုက်ခဲ့ပါ။ တစ်ခါတလေတော့ နာကျင်ရပေမယ့်လို့ မာမီဂရုစိုက်ပေးနေတဲ့လူသားလေးဟာ ဂုဂီဖြစ်နေလို့ တော်ပါသေးသည်။
ဆော့ဂျင် သက်ပြင်းချပြီး ဂျောင်ဂုအနားကနေ သူခွာလိုက်သည်။ အဲ့ဒီ့နောက် ပြန့်ကျဲနေတဲ့ကျောပိုးအိတ်ကို ပြန်ကောက်ကာ မာမီနဲ့ငိုနေတဲ့ဂျောင်ဂုကို လျစ်လျူရှုပြီး အပေါ်ထပ်ကို တက်လာခဲ့တော့သည်။ ၁၈နှစ်အရွယ် သူ့အတွက်ကတော့ ကိုယ်ရတဲ့ဒဏ်ရာကို ကိုယ် ကိုယ်တိုင်ပင် ဆေးထည့်ပြီးဖြေသိမ့်ဖို့ကလွဲ ကျန်တာမရှိ။ အဲ့ဒီ့နောက် ဘာမှ မတွေးချင်တော့တဲ့အထိ ပင်ပန်းလာလျှင် သူ့ကိုယ်သူ အိပ်ရာပေါ်ပစ်လှဲလိုက်မိသည်။
၁၃နှစ်သားလေး ဂျွန်ဂျောင်ဂုကို ကာကွယ်ရတာ မပင်ပန်းပေမယ့် ခုန်ပေါက်ပြေးလွှားနေတဲ့ဒီနှလုံးသားလေးကို ထိန်းသိမ်းရတာတော့ ပင်ပန်းသည်ထက် နာကျင်ရသည်။ သူငယ်ချင်းတွေကြားမှာ 'ဘေးအိမ်ကကလေးပဲကို ဒီလောက်ဖြစ်ပျက်ရလား' လို့အပြောခံလောက်ရတဲ့အထိ သူဟာ ဂျွန်ဂျောင်ဂုနဲ့ ပတ်သက်ရင် သည်းသည်းလှုပ်။
မျက်မှန်ဝိုင်းဝိုင်းလေးတွေကို သဘောတကျတပ်ဆင်ထားတတ်ပြီး မေးလိုက်ရင် ခေါင်းလေးစောင်းကာ အူတူတူအတတလုပ်တတ်တဲ့ဂျွန်ဂျောင်ဂုဟာ ဘယ်အချိန်များမှ အရွယ်ရောက်လာလေမလဲ။ အရွယ်ရောက်လာရင်ရော ငယ်ငယ်ကတည်းက အစ်ကိုတစ်ယောက်လိုနေလာတဲ့သူ့ကို မြင်နိုင်ဦးမှာတဲ့လား။
အဟားးးး အခုတောင် မိန်းကလေးတွေ ဝိုင်းဝိုင်းလည်ဖြစ်နေတာမဟုတ်လား ကင်ဆော့ဂျင်ရဲ့!! မင်းက ဘာကိုမျှော်လင့်နေတာလဲ ... တော်ပြီကွာ ဒီတိုင်း ပစ်ထားလိုက်တော့ ....
စိတ်ရှုပ်ထွေးလာတာနဲ့အမျှ ဖြစ်ပေါ်လာတဲ့ခံစားချက်တွေကို ရှည်ရှည်ဝေးဝေးမတွေးတော့ဘဲ သူခေါက်သိမ်းလိုက်သည်။ အဲ့ဒီ့နောက် ပင်ပန်းလာခဲ့သမျှ ဒီအိပ်ယာထက်ဆီ စုပြုံပြိုကျစေလိုက်တော့သည်။
အချိန်ဘယ်လောက်ကြာသွားတယ်ဆိုတာမသိ၊ သူ့နှုတ်ခမ်းထောင့်ဆီက ခပ်စပ်စပ်ဖြစ်လာလေလျှင် ရုတ်တရက် သူလန့်နိုးလာရသည်။
" ... "
မသဲကွဲတဲ့အမြင်အာရုံတွေကို မျက်တောင်ခတ်ရင်း ပုတ်ထုတ်မိတော့ သေချာမြင်လိုက်ရတာက မျက်မှန်အဝိုင်းလေးနဲ့ ဒီလူသား ဂျွန်ဂျောင်ဂု ။
" ကိုကို! နိုးသွားတာလား! "
ပြောရင်းဆိုရင်း ထိုလူသားရဲ့နှုတ်ခမ်းပါးပါးတွေက စုချွန်လာပြီးရင် သူ့နှုတ်ခမ်းထောင့်က သွေးစို့နေတဲ့နေရာကို ခပ်ဖွဖွလေး မှုတ်ပေးသည်။ ထိုအပြုအမူကြောင့် သိပ်မစပ်တော့ပေမယ့် နီးကပ်လာတဲ့နှုတ်ခမ်းကြောင့် သူ့အသည်းစိုင်တွေ ခုန်ထွက်လာသလို ခံစားလိုက်ရသည်။
" မင်း ငါ့အခန်းထဲ ဘာလာလုပ်တာလဲ "
အန္တရာယ်များသည်မို့ ထုံးစံအတိုင်း ဘုဆတ်ဆတ်ပြောမိတော့ အဖြူလုံးလေးက မျက်နှာချိုသွေးကာရယ်သည်။ ဟုတ်ပါရဲ့ ... ဂျောင်ဂုကို သူ့အခန်းထဲမဝင်ဖို့ သူတားမြစ်ခဲ့သည်မှာ ခံစားချက်တွေပြောင်းလဲနေမှန်း သိကတည်းကဖြစ်သည်။ သူ့စိတ်ကူးအာရုံထဲမှာသာ ချစ်စရာနာမည်ပေါင်းများစွာနဲ့ ဂျွန်ဂျောင်ဂုလေးကတော့ သူ့ခံစားချက်တွေကို သိမှာမဟုတ်။
" ... ကိုကို့ကို ဆေးလာထည့်ပေးတာလေ ... သားသားကိုတော့ တီတီဆေးထည့်ပေးပေမယ့် ကိုကို့ကိုကျတော့ ဆေးထည့်ပေးမယ့်သူ မရှိလို့ သားသားက လာထည့်ပေးတာလေ "
မျက်တောင်တွေကို ပုတ်ခတ်ရင်း ပြန်ဖြေလာတော့ သူအကြည့်လွှဲလိုက်သည်။ အဖြူလုံးလေးက သူ့မျက်နှာပေါ်က အနာတရတွေကို ဆက်ပြီး ဆေးထည့်ပေးသည်ပင်။
" အဲ့ဒါကြောင့် ပြောပါတယ် ... သားသားကိုလည်း ထိုးတတ်အောင် သင်ပေးလို့ ... အခုတော့ သားသားက ပြန်ချလို့မရဘူးဖြစ်နေတယ် ..."
ရန်ဖြစ်လို့မရအောင်ပဲ တမင်သက်သက် ဘာမှ မသင်ပေးတဲ့အပေါ်မှာ အဖြူလုံးလေးက အပြစ်တင်သလိုပြောလာတော့ သူ့ကို ဆေးထည့်ပေးနေတဲ့အဖြူလုံးလေးရဲ့လက်ကို ဆွဲချပြီး အိပ်ယာနဲ့ ဖိကပ်ပစ်လိုက်သည်။ သူကတော့ အပေါ်ကနေ ငုံ့မိုးလျက်သား ...။
" ငါသင်ပေးလိုက်လို့ မင်းက ရန်ပတ်ဖြစ်နေရင် မင်းရဲ့တီတီက ငါ့ကို အိမ်ပေါ်ကနေ မောင်းချတော့မှာပေါ့ "
" ဟား ဟား ဘာခက်လဲ ကိုကိုရာ သားသားအိမ်မှာ နေပေါ့ ... ကိုကိုသာ အိမ်ပေါ်ကဆင်းလို့ သားသားအိမ်ရောက်သွားရင် သားသားကလည်း ကိုကို့နောက်လိုက်လာခဲ့မှာ ..."
ရယ်မောရင်း ပြောလာတဲ့ဂျောင်ဂုကြောင့် ဆော့ဂျင် ပြုံးတော့ပြုံးလိုက်မိသည်။ သို့ပေမယ့် သူပြုံးလိုက်တာကို ခပ်ငေးငေးလေးကြည့်လာတဲ့ဂျောင်ဂုရဲ့အကြည့်တွေကို ပြန်ရလိုက်တဲ့အချိန်မှာတော့ ဂျောင်ဂုကို ဖိကိုင်ထားမိတဲ့လက်ဖျားကနေစပြီး သွေးကြောတွေ ထောင်တက်လာရသည်။ မယုံကြည်နိုင်လောက်စွာ ဒီအဖြူလုံးလေးရဲ့အကြည့်ဖျော့ဖျော့အောက်မှာ သူ ကျရှုံးသွားသည်မို့ အသက်ရှူသံတွေ နှေးကွေးလာရသည်။ တဒုတ်ဒုတ်ခုန်နေတဲ့နှလုံးသားကလည်း ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မယ့်အတိုင်းပင်။
Advertisement
အဲ့ဒီ့အချိန်အထိ ဂျောင်ဂုက သူ့မျက်နှာကို တုပ်တုပ်မျှမလှုပ် ငေးမောကြည့်နေဆဲဖြစ်သည်။
" ... ကိုကိုက ဒဏ်ရာတွေရှိတာတောင် ချောနေတုန်းပဲ ... "
ငြိမ်သက်တိတ်ဆိတ်သွားတဲ့အခြေအနေကိုတော့ စတင်ဖြိုခွင်းလာသူက အဖြူလုံးလေး။ သူကတော့ သူ့ခံစားချက်တွေကို ချုပ်တည်းနေရတာနဲ့တင် ငြိမ်သက်နိုင်တယ်ဆိုတာမရှိ။ သူ့စိတ်ထဲမှာ သူ့ဘာသာသူတော်တော်လေး ရှုပ်ယှက်ခတ်စွာ ပြေးလွှားနေတာဖြစ်သည်။
" ... ကိုကို့နှုတ်ခမ်းတွေကလည်း လှတယ်နော် ... "
မထိတထိပြောနေတယ်ထင်ရပေမယ့် ဘာသဘောမှမပါဘဲ ဒီအတိုင်းပြောနေတာကို သိလေတော့ သူ့စိတ်တွေကို သူအတတ်နိုင်ဆုံးထိန်းချုပ်ရင်း ဂျောင်ဂုကို ငုံ့မိုးထားရာနေ ပြန်အိပ်ချကာ ကျောခိုင်းလိုက်မိသည်။
" .. ငါ အိပ်တော့မယ် မင်းအခန်းမင်းပြန်တော့ ..."
သူ့အပြုအမူကို ဂျောင်ဂုက ဘယ်လိုထင်သွားတယ်မသိ။ သူ့ကျော အနောက်ကနေ လှုပ်လှုပ်ရွရွဖြစ်သွားတာကိုတော့ သူသိလိုက်သည်။
" ... ဟင်အင်း မပြန်ဘူး ကိုကိုနဲ့အိပ်မှာ ... ကိုကိုနဲ့ မအိပ်ရတာကြာပြီ ... လွမ်းလိုက်တာ ဟိုးတုန်းက ကိုကို့ကို ဖက်အိပ်ထားတာတွေ ..."
ဂျောင်ဂုက ကလေးတစ်ယောက်လို ရေရွတ်ပြောနေပေမယ့် သူကတော့ စိတ်ထဲမရိုးမရွပင်။ ထို့ကြောင့် အသံကို မြှင့်ပြီးမောင်းထုတ်မိသည်။
" မင်း ပြန်လိုက်တော့!!! "
ကြောက်ပြီး ပြေးဆင်းသွားမယ်ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ ပြောဆိုရခက်တဲ့နှင်းလုံးလေးဟာ ခြေတွေ လက်တွေ ကျူးကျော်လာပြီး ကျောပြင်ကနေ ရင်ဘတ်တစ်ခုလုံးကို အပိုင်သိမ်းလိုက်ပြီဖြစ်သည်။ သူ ဂျောင်ဂုကို ကျောခိုင်းထားသည်မို့ အနောက်ကနေပွေ့ဖက်ထားတဲ့ဂျောင်ဂုရဲ့လက်တွေဟာ သူ့အရှေ့ရင်ဘတ်အထိရောက်နေပြီး ဂျောင်ဂုခြေထောက်တွေကလည်း သူ့တင်ပါးကိုကျော်ကာ သူ့ခါးကို ပယ်ပယ်နယ်နယ်ခွထားတော့သည်။
" ဂျွန် ဂျောင် ဂု!! လွှတ်စမ်း ငါ့ကို !! "
ထောင်လွှားတက်ကြွလာတဲ့ သွေးသားဆန္ဒတွေကို သူသေချာနားလည်သည်မို့ ဂျောင်ဂုကို သူအော်လိုက်မိသည်။ ကြောက်သွားမယ်လို့ထင်ခဲ့ပေမယ့် ဂျောင်ဂုဟာ ဟိုအရင်ကလို သူစနေတယ်လို့ ထင်သွားပုံပေါ်သည်။
" မလွှတ်ဘူး ... ဒီနေ့မိုးရွာမယ်တဲ့ ကိုကိုကြောက်နေမှာစိုးလို့ သားသားဖက်ထားပေးမယ်လေ "
ခပ်စွာစွာအသံနဲ့ သူ့ကိုတင်းကျပ်သည်ထက် ပိုတင်းကျပ်အောင်ဖက်ထားတဲ့ဂျောင်ဂုဟာ ငြိမ်ငြိမ်မနေတဲ့အပြင် သူ့ရင်ဘတ်ကိုပါ စစနောက်နောက်နဲ့ ပွတ်သပ်နေတော့ ဂျောင်ဂုလက်နှစ်ဖက်ကို သူ့လက်တစ်ဖက်တည်းနဲ့ ထိန်းချုပ်လိုက်မိသည်။
" အိပ်မယ်ဆို ငြိမ်ငြိမ်နေ!! မဟုတ်ရင် တကယ်ကန်ချပြီ .."
မောင်းထုတ်လို့မရတာ သိလေတော့ ဂျောင်ဂုငြိမ်သက်စေဖို့သာ သူပြောလိုက်ရင်း ဖြေရှင်းမရတဲ့သူ့ဆန္ဒတွေကို ထိန်းချုပ်ထားလိုက်မိသည်။
" ဒါဆို သားသားအိပ်ပြီနော် ကိုကို "
ဂျောင်ဂုရဲ့စကားကို အသံထွက်ပြီးတောင် မတုံ့ပြန်နိုင်တော့။ ပုံမှန် သူ့တစ်ယောက်တည်းဆို တောင့်တလာတဲ့အခါတိုင်း ကြည့်စရာတစ်ခုခုနဲ့ဖြေရှင်းလိုက်တာများပေမယ့် အခုတော့ အနောက်က အကောင်ပေါက်စရှိနေသည်လေ။ မရိပ်မိအောင်သာ အသက်ကို ပုံမှန်ရှူသွင်းရှူထုတ်ရင်း လက်တစ်ဖက်က အိပ်ယာခင်းကို တင်းကျပ်နေအောင်ဆုပ်ကိုင်ထားမိသည်။
ဘယ်လောက်ကြာသွားတယ်မသိ။ သူထိန်းချုပ်နိုင်ပြီလို့ထင်ရတဲ့အခိုက်အတန့်မှာ ဂျောင်ဂုရဲ့အသက်ရှူသံရေးရေးလေးကို သူကြားလိုက်ရသည်။ သူ့ကို တင်းကျပ်စွာ ဖက်တွယ်ထားတဲ့ဂျောင်ဂုလက်တွေကလည်း အနည်းငယ်ပြေလျော့နေပြီမို့ ဒီကောင်လေးအိပ်ပျော်သွားပြီဆိုတာ သူနားလည်လိုက်သည်။ ဂျောင်ဂုဟာ ဘယ်နေရာမှာမဆို အိပ်ပျော်ဖို့ လွယ်တဲ့သူပင်။ သို့ပေမယ့် နှိုးရမယ်ဆိုရင်တော့ နှိုးရခက်တဲ့သူဖြစ်သည်။
" ... ဂျောင်ဂုဂီ! ... ဂျောင်ဂု!! ... "
ဂျောင်ဂုအိပ်ပျော်သွားတယ်ဆိုတာ သူသေချာမှ ကျောခိုင်းထားရာကနေ ဂျောင်ဂုဘက် လှည့်လိုက်မိသည်။ မျက်မှန်ကိုတောင် မချွတ်ဘဲ အိပ်ပျော်သွားတဲ့အဖြူလုံးလေးဟာ ယုန်သွားတွေပေါ်တဲ့အထိ ပါးစပ်က ဟစိဟစိဖြစ်နေသေးသည်။ စောင်းနေတဲ့ကိုယ်ကို ခေါင်းအုံးနဲ့ သူတည့်မတ်ပေးရင်း မျက်မှန်ကိုပါ ချွတ်ပေးလိုက်သည်။ ဖြာကျနေတဲ့မီးရောင်အောက်မှာ အေးချမ်းစွာ အိပ်မောကျသွားတဲ့ဂျောင်ဂုမျက်နှာလေးကို သူလက်လေးနဲ့ပွတ်သပ်ရင်း ခပ်ဖျော့ဖျော့လေး ပြုံးလိုက်မိသည်။ အဲ့ဒီ့နောက် ဟစိဟစိဖြစ်နေတဲ့ဂျောင်ဂုနှုတ်ခမ်းအနား သူတိုးကပ်ရင်း ပထမဦးဆုံးအနေနဲ့ ဂျောင်ဂုနှုတ်ခမ်းကို စုပ်ယူငုံထွေးလိုက်မိတော့သည်။ သိပ်မကြာတဲ့အချိန်မှာပဲ ဂျောင်ဂုနှုတ်ခမ်းတွေကို လွတ်လပ်ခွင့်ပေးကာ မသိနိုင်တဲ့ကောင်ငယ်လေးရဲ့ ပါးပြင်ထက်ကိုပါ သူ့ တယုတယနမ်းလိုက်မိသည်။
... ပထမဆုံးအနမ်းကို ဒီလိုနည်းနဲ့ ခိုးယူလိုက်တာ မင်းသိရင် စိတ်များဆိုးလေမလား ကလေးလေး ...
အဲ့ဒီ့နောက် အိပ်မောကျသွားပြီဖြစ်တဲ့ဂျောင်ဂုကို သူ့ရင်ခွင်ထဲဆွဲသွင်းရင်း လှပအေးချမ်းတဲ့ညလေးတစ်ညကို ဖြတ်ကျော်ဖို့ စတင်လိုက်မိတော့သည်။
💠💠💠
Happy Rkive Day (Sep 09, 22)
ကဲ ... ကိုကိုနဲ့သားသားလည်း အိပ်ပြီ ... ကွေကာအုပ်တို့လည်း အိပ်ကြပါတော့ ဂွတ်နိုက် 。♡♡。
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi Version ⟩
Me, Myself & Bad Romance
- EP 01 -
“ .... ေနာင္ႏွစ္အနည္းငယ္အတြင္း ေယာက်ၤားေလးမ်ား ကိုယ္ဝန္ေဆာင္ႏိုင္ဖို႔ အမွန္တကယ္ျဖစ္လာေတာ့မွာဟု ေတာင္ကိုးရီးယားထိပ္တန္းဆရာဝန္မ်ားမွ သုံးသပ္ခဲ့ၾကပါတယ္ .... ေရွ႕ဆက္ၿပီး ... ”
တီဗြီမွာ လာေနတဲ့သတင္းကိုၾကည့္ေနရင္း လက္ထဲက ေရခဲမုန႔္ကို ခူးခပ္စားလိုက္တဲ့ ကေလးငယ္ေလး။ ေဘးနားမွာေတာ့ သူ႔ထက္၅ႏွစ္ငယ္တဲ့၅ႏွစ္သားေလးကလည္း သူ႔လိုပင္ ေရခဲမုန႔္ကို တစ္ဇြန္းခ်င္းစီ စားေနသည္။ သို႔ေပမယ့္ နားေတြကေတာ့ သတင္းကို နားေထာင္ေနတာမို႔ ဘာေတြေၾကညာေနလဲဆိုတာ ႏွစ္ေယာက္လုံး ေသခ်ာၾကားပါသည္။
“ ... မျဖစ္ႏိုင္တဲ့သတင္းေတြ ေၾကညာေနတာပဲ ... ”
သူ ေရ႐ြတ္ရင္း ေဘးနားက သူ႔ထက္အငယ္ကို ၾကည့္လိုက္မိသည္။
" ဂုဂီ! မင္းေကာ ... ေယာက်ၤားေလးေတြ ကေလးေမြးႏိုင္တယ္လို႔ ထင္လား ..."
၅ႏွစ္အ႐ြယ္ကေလးကေတာ့ သူ႔ေမးခြန္းေၾကာင့္ သူ႔ကို ေမာ့ၾကည့္လာသည္။
" ... အင္း!! ျဖစ္ႏိုင္တယ္လို႔ထင္တယ္ ... တီတီကျဖစ္ႏိုင္တယ္လို႔ေျပာတယ္ ... ဘာျဖစ္လို႔လဲ... ကိုကိုက ကေလးေလးလိုခ်င္တာလား ... ဒါဆိုရင္ သားသား ႀကီးလာက်ရင္ ကိုကို႔အတြက္ သားသားနဲ႔တူတဲ့ကေလးေလးေမြးေပးမယ္ေလ ... သားသားေလးေရာ မီးမီးေလးေရာ ေမြးေပးမယ္!! "
ဘာမွ နားမလည္သည္မို႔ အစ္ကိုျဖစ္သူ စိတ္ခ်မ္းသာေအာင္ ေျဖလိုက္ပုံေပၚသည္။ သို႔ေပမယ့္ ၅ႏွစ္အ႐ြယ္ကေလးငယ္ေလးရဲ႕စကားေၾကာင့္ တစ္ဖက္က ၁၀ႏွစ္သားေလး ၿပဳံးလိုက္မိသည္။
" ... မင္းစကားနဲ႔ မင္းေနာ္ ... အဲ့ဒီ့အခ်ိန္ေရာက္မွ ထြက္ေျပးရင္ ငါမင္းကို တစ္သက္လုံးျပန္မေခၚဘူးမွတ္ "
" ဟာ ~~ ကိုကိုကလည္း သားသားအေပၚကို အဲ့လိုမလုပ္ရဘူးေနာ္ ... သားသားမွာ ကိုကိုကလြဲရင္ ဘယ္သူမွ မရွိတာမို႔လို႔ သားသားကို မေခၚတာမ်ိဳး မလုပ္ရဘူးေနာ္ "
ပစ္သြားမွာ စိုးသည္မို႔ စားေနတဲ့ေရခဲမုန႔္ကို ပါခ်ရင္း သူ႔လက္ေတြကို ကိုင္လႈပ္ကာ ကတိေတာင္းခံလာေတာ့ ကင္ေဆာ့ဂ်င္ ဆိုတဲ့သူ ၿပဳံးလိုက္မိရင္း အုပ္အုပ္ေလးျဖစ္ေနတဲ့ ကေလးငယ္ေလးရဲ႕ ဆံပင္ေတြကို ပြတ္သပ္လိုက္မိေတာ့သည္။
... ေသခ်ာပါသည္ ... ဒီေန႔ရဲ႕ကတိစကားကို သူမေမ့ဘူးဆိုတာ ...။
💠💠💠
ရွစ္ႏွစ္ၾကာၿပီးေနာက္ ...
" ကင္ေဆာ့ဂ်င္!! ဒါ ဘယ္ႏွစ္ႀကိမ္ေျမာက္ရွိၿပီလဲ ... တစ္ရက္တေလေလာက္ ရန္မျဖစ္ဘဲ ေနလို႔မရဘူးလား ... မာမီက ဘယ္ေလာက္ေတာင္ အလုပ္ရႈပ္ေနရလဲ မင္းမသိဘူးလား ..."
အိမ္ေရာက္ေရာက္ခ်င္း အဆူခံထိတဲ့အျပင္ အသင့္ကိုင္ထားတဲ့ခါးပတ္ႀကိဳးနဲ႔ သူ႔ေက်ာကုန္းကို ႐ိုက္လာေလေတာ့ က်ေရာက္လာတဲ့နာက်င္မႈဒဏ္ကို မေရွာင္ဘဲ ႀကိတ္မွိတ္ခံလိုက္မိသည္။
" ( !! ) "
" ( !! ) "
" တီတီ!! တီတီ!! ေတာ္ပါေတာ့ ကိုကို႔ကို မ႐ိုက္ပါနဲ႔ေတာ့ ... ကိုကိုက သားသားေၾကာင့္ျဖစ္တာပါ ... ကိုကို႔ကို မ႐ိုက္ပါနဲ႔ေတာ့ "
ေက်ာင္းမွာ ေန႔တိုင္းလိုလိုရန္ျဖစ္လာတတ္တဲ့သူ႔ကို မာမီက ခါးပတ္နဲ႔ျပန္႐ိုက္ေလတိုင္း မ႐ိုက္ဖို႔ ငိုယိုၿပီးေတာင္းပန္တတ္တဲ့ကေလးကို သူၾကည့္လိုက္မိသည္။
" ဂြၽန္ေဂ်ာင္ဂု မင္းေသာက္ေပါက္ကို ပိတ္ၿပီး ဖယ္ေန "
မာမီ့အေရွ႕မွာတင္ ခပ္ၾကမ္းၾကမ္းစကားကိုေျပာကာ သူ႔အေရွ႕ကာရပ္ေနတဲ့ ေဂ်ာင္ဂုကို ဆြဲဖယ္မိေတာ့ ေဂ်ာင္ဂုက ဆိုဖာေပၚ ေမွာက္ယက္က်သည္။
" ကင္ေဆာ့ဂ်င္!! နင္ကေလးကို ဘယ္လိုဆက္ဆံေနတာလဲ !! နင္ကအႀကီးျဖစ္တယ္ဆိုတိုင္း သူ႔ကို ဒီလိုဆက္ဆံလို႔မရဘူးေလ .... နင္ရန္ျဖစ္ေတာ့မယ္ဆို ငါ့မ်က္ႏွာကို နည္းနည္းပါးပါးငဲ့ ... နင့္အေမက ေပါက္လႊတ္ပဲစားမဟုတ္ဘူးေနာ္ ... "
မာမီရဲ႕ေဒါသသံတစ္ခ်က္အဆုံးမွာ လက္က ေလေပၚ တစ္ခ်က္ေျမာက္တက္လာေလေတာ့ ထပ္ၿပီးက်ေရာက္လာမယ့္ ခါးပတ္ဒဏ္ကို သူ မ်က္စိပိတ္ၿပီး ခံယူဖို႔ အသင့္ျပင္လိုက္သည္။
" ( ႐ႊတ္ ) "
သို႔ေပမယ့္ မာမီရဲ႕ခါးပတ္က သူ႔ဆီမက်ေရာက္လာတဲ့အျပင္ သူ႔ပခုံးေပၚကို လက္ေလးႏွစ္ဖက္တင္းတင္းက်ပ္က်ပ္လာဆုပ္ကိုင္ခံလိုက္ရမွ သူမ်က္ဝန္းေတြ အလန႔္တၾကားဖြင့္လိုက္မိသည္။
" အ့ "
" ... "
" ... ကိုကို ~~ "
သူခံရမယ့္ ႐ိုက္ခ်က္ေတြကို ေရွ႕ကေန ကာဆီးၿပီး ဝင္ခံလိုက္သူကေတာ့ ဂြၽန္ေဂ်ာင္ဂုဆိုတဲ့ကေလးပင္။ ဘယ္ေလာက္နာလဲဆိုတာ သူအသိမို႔ ႏႈတ္ခမ္းေလးမဲ့႐ြဲ႕ကာ ကိုကို ဆိုၿပီး အသံထြက္လာတဲ့ ေဂ်ာင္ဂုေၾကာင့္ သူ မာမီ့ကို အစိမ္းလိုက္ ဝါးစားေတာ့မယ့္အၾကည့္ေတြနဲ႔ စူးစိုက္ၾကည့္သည္။ သူ႔ကို႐ိုက္တာ ေဂ်ာင္ဂုကထိသြားသည္မို႔ မာမီကလည္း အထိတ္ထိတ္အလန႔္လန႔္ပင္။
" ေဂ်ာင္ဂုဂီ!! သားသား ~~ "
" ဟင့္ ... ႐ႊတ္ ... ဟင့္ ... နာတယ္ ~~ အီး .. ဟီး .. "
တျဖည္းျဖည္းနဲ႔ သူ႔အေရွ႕မွာ ငိုယိုလာပါတဲ့ေဂ်ာင္ဂုေၾကာင့္ သူအပါအဝင္ မာမီပါ လုပ္မထိ ကိုင္မထိျဖစ္သြားေတာ့သည္။ ဒီကေလးငိုရင္ သူ အလိုလိုေဒါသထြက္လာသည္မို႔ မာမီကိုင္ထားတဲ့ ခါးပါတ္ကို သူေဆာင့္ဆြဲကာ ပစ္လႊင့္လိုက္မိသည္။
" မာမီ!!! ေနာက္တစ္ခါ ကေလးေရွ႕မွာ ခါးပတ္နဲ႔ ကြၽန္ေတာ့္ကို မ႐ိုက္နဲ႔ !!! ... ကြၽန္ေတာ္ ေျပာေနတာ တစ္ခါလည္း မကေတာ့ဘူး !!! "
ေဂ်ာင္ဂု နာက်င္သြားတာမို႔ သူေဒါသထြက္ကာ မာမီ့ကို ျပန္ေအာ္မိေတာ့ မာမီက သူျပန္ေအာ္တာကို သတိမမူဘဲ အထိတ္ထိတ္အပ်ာပ်ာနဲ႔ ေဂ်ာင္ဂုအနားခ်ည္းကပ္လာသည္။
" သားသား ... သားသား တီတီ့ကိုျပ!! ဘယ္နားနာသြားေသးလဲ ... တီတီ့ကိုျပ ... သားသားရယ္ ... မင္းကိုကိုေရွ႕ကို ဒီလို ဝင္လာလို႔မရဘူးေလ ... တီတီက မင္းကိုကိုကို ရန္ထပ္မျဖစ္ရေအာင္ ဆုံးမေနတာကို ... "
ေျပာရင္းဆိုရင္း ေဂ်ာင္ဂုေက်ာျပင္က ဒဏ္ရာကိုၾကည့္ဖို႔ႀကိဳးစားေတာ့ ေဂ်ာင္ဂုက သူ႔ဆီတိုးဝင္ကာ မာမီ့ကို ေစာင္းငဲ့ၾကည့္သည္။
" ... ကိုကို႔ကို မ႐ိုက္နဲ႔ေတာ့ေနာ္ ... ကိုကိုက သားသားကိုကာကြယ္ဖို႔ ရန္ျဖစ္တာမို႔လို႔ ကိုကို႔ကို မ႐ိုက္နဲ႔ေတာ့ေနာ္ ... တီတီေလး႐ိုက္ခ်င္ရင္ ဂုဂီကိုပဲ႐ိုက္ေနာ္ ... "
မ်က္ရည္အဝိုင္းသားနဲ႔ မာမီ့ဆီမွာ ခယေနတဲ့ေဂ်ာင္ဂုကေတာ့ ထုံးစံအတိုင္း မာမီစိတ္ေပ်ာ့ေအာင္ ေျပာျပန္ေလေတာ့ သူ႔ေဒါသေတြ အနည္းငယ္ေျပေလ်ာ့လာရသည္။ ေဂ်ာင္ဂုဟာ သူနဲ႔ေသြးမေတာ္သားမစပ္ေပမယ့္ မာမီရဲ႕ သည္းသည္းလႈပ္ခ်စ္ျခင္းကို ခံရသည္။ သားအရင္းျဖစ္တဲ့သူ႔ထက္ေတာင္ မာမီက ေဂ်ာင္ဂုကို ပိုးေမြးသလိုပင္ ယုယၾကင္နာသည္။ မာမီဟာ သူ ဘာျဖစ္ျဖစ္ စိတ္မပူေပမယ့္ ေဂ်ာင္ဂုမ်က္ႏွာမဲ့သြားမွာကိုေတာ့ နည္းနည္းေလးေတာင္မလိုလားသူျဖစ္သည္။
မာမီ သူ႔ထက္ေဂ်ာင္ဂုကို ခ်စ္ရတဲ့အေၾကာင္းရင္းကေတာ့ ေဂ်ာင္ဂုဂီဟာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔တစ္ေကာင္ႂကြက္ျဖစ္ေနလို႔လဲ ပါသည္။ ပိုေသခ်ာတဲ့အေၾကာင္းရင္းကေတာ့ ေဂ်ာင္ဂုဂီရဲ႕မိဘႏွစ္ပါးဟာ မာမီ့ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းေတြပင္။ ေဂ်ာင္ဂုဂီ အသက္ေလးႏွစ္မေရာက္ခင္မွာပဲ ဆုံးပါးသြားခဲ့တဲ့အတြက္ မာမီက ေဂ်ာင္ဂုဂီရဲ႕ပိုင္ဆိုင္မႈျဖစ္တဲ့ေဘးအိမ္နဲ႔ေဂ်ာင္ဂုဂီကို ေစာင့္ေရွာက္ေပးခဲ့တာျဖစ္သည္။ ေဂ်ာင္ဂုနဲ႔သူ႔အိမ္ဟာ ေဘးခ်င္းကပ္ရပ္ဆိုေပမယ့္ ေဂ်ာင္ဂုကေတာ့ သူ႔အိမ္မွာသာ ေနသည္။
" မ႐ိုက္ေတာ့ဘူးေနာ္ ... တီတီေလး မ႐ိုက္ေတာ့ဘူးေနာ္ .. ဂုဂီေလး မငိုနဲ႔ေတာ့ တိတ္တိတ္ ... ကိုကို႔ကို တီတီေလးမ႐ိုက္ေတာ့ဘူး ..."
မာမီကေတာ့ ငိုေနတဲ့ေဂ်ာင္ဂုကိုသာ ေခ်ာ့ေမာ့ေနၿပီး မ်က္ႏွာမွာ ဒဏ္ရာဗလပြနဲ႔သူ႔ကို နည္းနည္းေလးေတာင္ ဂ႐ုမစိုက္ခဲ့ပါ။ တစ္ခါတေလေတာ့ နာက်င္ရေပမယ့္လို႔ မာမီဂ႐ုစိုက္ေပးေနတဲ့လူသားေလးဟာ ဂုဂီျဖစ္ေနလို႔ ေတာ္ပါေသးသည္။
ေဆာ့ဂ်င္ သက္ျပင္းခ်ၿပီး ေဂ်ာင္ဂုအနားကေန သူခြာလိုက္သည္။ အဲ့ဒီ့ေနာက္ ျပန႔္က်ဲေနတဲ့ေက်ာပိုးအိတ္ကို ျပန္ေကာက္ကာ မာမီနဲ႔ငိုေနတဲ့ေဂ်ာင္ဂုကို လ်စ္လ်ဴရႈၿပီး အေပၚထပ္ကို တက္လာခဲ့ေတာ့သည္။ ၁၈ႏွစ္အ႐ြယ္ သူ႔အတြက္ကေတာ့ ကိုယ္ရတဲ့ဒဏ္ရာကို ကိုယ္ ကိုယ္တိုင္ပင္ ေဆးထည့္ၿပီးေျဖသိမ့္ဖို႔ကလြဲ က်န္တာမရွိ။ အဲ့ဒီ့ေနာက္ ဘာမွ မေတြးခ်င္ေတာ့တဲ့အထိ ပင္ပန္းလာလွ်င္ သူ႔ကိုယ္သူ အိပ္ရာေပၚပစ္လွဲလိုက္မိသည္။
Advertisement
- In Serial32 Chapters
Realm Eternal
Meet Nabi Elrick ; betrayed by the woman he loves, and blinded by anger he acts rashly and it nearly costs him everything.Nabi Elrick's actions have drastic consequences and he looses the prestige of his occupation and he sinks into an epic slump; a Deep depression. Fortunately the ?Alternate Reality Simulation? Realm Eternal rouses him from his melancholic abyss.Nabi Elrick sees an opportunity to Begin Again.Inspired by; Mushoku Tensei, Tate no Yuusha no Nariagari, Legendary Moonlight Sculptor, Daybreak on Hyperion, Log Horizon and Only Sense Online. I unashamedly draw some elements from my favourite light novels in writing this FanFic.For the Record; the Realm Eternal Mythology Revolves Around Ancient DragonsMy Chapter target is set at ?5000 words??Written in South African English which means closer to the British Standard.?Warning: Mature Content ?Violence, Language and Adult Themes ? List of My Novels:?Realm Eternal??Crystal Guardian ??Exiled Nomads of the Galaxy??Soul Vessel Psyche?
8 311 - In Serial12 Chapters
PriCore Academy - Status : Zeros
In this fantasy world, if you want to get your status, build your skills, level up? Then you have to go to school. Pricore academy where graduates can reach mythic levels of power and ready their lives as that of heroes, adventurers, and possibly so much more. But they all have to start from somewhere. Zeros until they get their first level. Authors Note: This is my first attempt at a serial and my plans are to release one chapter a week in the beginning. I have a few books, but you probably haven't heard of them. I mostly want to get my stuff out there to be read and this will be my attempt with this community.
8 170 - In Serial12 Chapters
Blood-Sakura : The Paranormal Residence
Uncanny events started to occur around Kei when his father inherited an ancient house. As the chain of unexplainable incidents started to push Kei towards the very edge of reality, a crisis emerges out of blue. Will Kei find the answer? Or will he be devoured by those who lurk in the darkest corners of the house and the vast forest?
8 215 - In Serial15 Chapters
The Foxy Dungeon
Inspired by stories like The Slime Dungeon and Arnar the dungeon, This is my dungeon tale with the mystical Yokai, Kitsune! Kitsune, Foxes with great magical power as well as being naturally gifted in illusions. They also hold the power to take human form. Now is the time to make their race known to the world through the powers of a newly born dungeon!
8 249 - In Serial9 Chapters
Brawl-Cord
Mr. P decides to make a Discord server for all the brawlers for easier communication regarding matches and other normal stuff. Unfortunately, the Brawlers are anything BUT normal and soon chaos ensues.A Brawl Stars Discord Chat Fic. Need I say more? Also on AO3(Warnings for foul language (Mostly Jacky but other Brawlers swear too)
8 147 - In Serial18 Chapters
Adrian
Shortstory
8 179

