《Me, Myself & Bad Romance •||• JINKOOK》【02】
Advertisement
⟨ Unicode Version ⟩
Me, Myself & Bad Romance
- 02 -
" .. ကျောင်းသားလေး အိုင်ဒေါလ် မဖြစ်ချင်ဘူးလား "
ကြားလိုက်ရတဲ့အသံကြောင့် သူ့ခြေလှမ်းတွေရပ်တန့်သွားသည်။ လိပ်စာကဒ်တစ်ခု ကမ်းပေးလာတာကတော့ သူ့ကိုမဟုတ်၊ ကိုကို့ဆီကို ဖြစ်သည်။ ကိုကိုနဲ့ ထိုလူကြီးကတော့ သူ့ကို မြင်လည်းမမြင်သလို သူနားထောင်နေမှန်းလည်း မသိပါ။ ဒီတစ်လော ကိုကို သူ့ကို ရှောင်နေတာမို့လို့ သူ ကိုကို့နောက်ကို တိတ်တိတ်လေး တကောက်ကောက်လိုက်နေခဲ့တာဖြစ်သည်။ အဲ့လိုနဲ့မှ အခု ကျောင်းဆင်းတော့ သင်္ချာအချိန်ပိုကို ကိုကိုမတက်ဘဲ ပန်းခြံတစ်လျှောက် လမ်းလျှောက်နေတာမို့ သူကိုကို့နောက်ကနေ လိုက်နေရင်း တွေ့မိတာဖြစ်သည်။
" ... ကျွန်တော် သီချင်းမဆိုတတ်ဘူး "
သူ့ရှေ့မှာတင် ပိပိရိရိကိုလိမ်ညာနေတဲ့ကိုကို့ကြောင့် သူမျက်မှောင်ကြုတ်သွားသည်။
" မဆိုတတ်ရင် သင်ပေးမှာပေါ့ ... "
" ကလဲ မကတတ်ဘူး "
" ကိစ္စမရှိဘူး ငါတို့ကုမ္ပဏီမှာ အတော်ဆုံးဆရာတွေရှိတယ် ... မင်းက မျက်နှာနဲ့တင် ပြည့်စုံနေပြီမို့လို့ မင်းကို ကမ်းလှမ်းတာ ... Big Hitကိုသိတယ်မလား ... ကမ္ဘာကျော်တဲ့ဘန်ထန်းအဖွဲ့ကို မွေးထုတ်ပေးခဲ့တဲ့ကုမ္ပဏီလေ ... "
ဒီစကားကိုတော့ သူထောက်ခံလိုက်ရင်း ကိုကို့အဖြေကို ပြန်စူးစမ်းမိသည်။
" ... မလုပ်ချင်ဘူး ... ဆောရီးပဲ ဦးလေးကြီး .. ကျွန်တော့်မှာ အိပ်မက်ရှိပြီးသားပဲ ..."
" ဟေ .. ဒါဖြင့် မင်းအိပ်မက်ကဘာလဲ ... "
" ... အဖေ့ကုမ္ပဏီကို ဆက်ခံဖို့ပါ ... "
ဒီစကားကိုတော့ သူ မျက်နှာမဲ့လိုက်မိသည်။ ကိုကိုက တီတီ့ထက် ကိုကို့အဖေဆိုသူကို ပိုချစ်တာ သူသိထားသည်လေ။ ကိုကို့အဖေကို သူ တစ်ခါလေးတောင် မမြင်ဖူးပေမယ့် ကိုကိုကတော့ တီတီတားနေတဲ့ကြားကနေ ကိုကို့အဖေကို အမြဲလိုလိုသွားတွေ့တတ်သည်။ ကိုကို့မိဘတွေဟာ တရားဥပဒေအရ မကွာရှင်းထားပေမယ့် ခွဲနေကြတာကတော့ သူသိတတ်စအရွယ်ကတည်းကပင်။
" စိတ်မပူပါနဲ့ ... အိုင်ဒေါလ်ဖြစ်ဖို့ ရွေးချယ်တာက မင်းဖြစ်ချင်တဲ့အိပ်မက်ကိုလည်း မထိခိုက်စေပါဘူး ... အတူတူတွဲလုပ်လို့ရတယ် ... အဖေ့ကုမ္ပဏီကိုဆက်ခံဖို့က အချိန်မရွေးပေမယ့် အိုင်ဒေါလ်ဆိုတာက အသက်ငယ်တုန်းမှာပဲ ပွဲဦးထွက်ရမှာ ... "
ဒီစကားမှာတော့ ကိုကိုတွေဝေသွားရင်း တစ်ဖက်က ဦးလေးကြီးကို စိုက်ကြည့်သည်။ ကိုကို စိတ်မရှည်စွာ ငြင်းတော့မယ့်ဆဲဆဲမှာ သူ ထိုနေရာကို ခပ်မြန်မြန်ပြေးသွားရင်း ဦးလေးကြီးကမ်းပေးတဲ့လိပ်စာကဒ်ကို ဖျပ်ကနဲ့ ဆွဲယူလိုက်မိသည်။ သူ့အပြုအမူကြောင့် ကိုကိုရော ထိုဦးလေးကြီးပါ အံ့ဩသွားသလို ကိုကိုကသူ့ကိုလှည့်ကြည့်လာသည်။
" ဟုတ် .. ဆက်သွယ်လိုက်ပါ့မယ် ... ကျေးဇူးပါနော် ဦးလေးကြီး ... "
ကိုကို့ကိုယ်စား သူလက်ခံရင်း ကိုကို့ကို အဲ့ဒီ့နေရာကနေ ဆွဲခေါ်ခဲ့မိတော့ ကိုကိုက နားမလည်နိုင်စွာ ပါလာပြန်သည်။
" မင်းက ဘယ်လိုရောက်လာတာလဲ ဂျောင်ဂုဂီ "
" ... ကိုကိုက သားသားနဲ့ တူတူ အိမ်မပြန်ဘဲ လျှောက်သွားနေလို့ ခိုးလိုက်လာတာ ..."
" ... ဒါဆို မင်းရော ညနေအချိန်ပို ပြေးလာတယ်ပေါ့ "
" ဟုတ်တယ် ကိုကိုနဲ့တူတူလေ .. "
" နေဦး နေဦး ဘယ်အထိ ဆွဲသွားမလို့လဲ ရပြီ ရပ် ဒီနားမှာထိုင်မယ် "
ကိုကိုပြောတော့မှပဲ သူရပ်ကာ မလှမ်းမကမ်းကထိုင်ခုံမှာ သူထိုင်လိုက်မိသည်။ ကိုကိုကလည်း သူ့ဘေးနားထိုင်ရင်း ကျောပိုးအိတ်ထဲက မုန့်တွေထုတ်ပေးသည်။ ကိုကိုဟာ သူ့မုန့်ပုံးပင်။ သူ မုန့်တွေအရမ်းစားတာ ကိုကိုသိလို့ ကိုကို့ကျောပိုးအိတ်ထဲ မုန့်တွေအချိန်တိုင်း ထည့်ထားတတ်သည်။ ကိုကို့ရဲ့အရာအားလုံးဟာ သူ့အပိုင်လို ယူသုံးခွင့်ရှိတာကိုလည်း သူသိသည်။
" ... ကိုကို ... ကိုကိုက ဘာလို့ အိုင်ဒေါလ်မဖြစ်ချင်တာလဲ ... မြှောက်ပေးတာမဟုတ်ပေမယ့် သားသားက ကိုကို့ကို တီဗွီပေါ်မှာ တကယ်မြင်ချင်တာ ... "
ထိုစကားကြောင့် ကိုကိုက မုန့်စားနေတဲ့သူ့ကို စောင်းငဲ့ကြည့်သည်။
" ... ငါသာ အိုင်ဒေါလ်ဖြစ်ရင် မင်း အခုလို ငါ့အနားမှာ နေလို့ရမှာ မဟုတ်ဘူး ... "
" အဲ့ဒီ့တော့ ဘာဖြစ်လဲ ... ကိုကို့ကို ဘယ်နေရာမဆို သားသားမြင်နိုင်တယ်လေ ... ဟိုးမှာတွေ့လား ... ကိုကို့အနားမှာမနေရပေမယ့် အဲ့က Light Boardတွေအပေါ်မှာတော့ ကိုကိုရှိနေမှာလေ .. ပြီးတော့ မြေအောက်ရထားဘူတာ၊ စားသောက်ဆိုင်၊ ဘတ်စ်ကားမှတ်တိုင်၊ မုန့်တွေ၊ ပြီးတော့ ဂိမ်းတွေ ... အဲ့ဒီ့မှာ အကုန်လုံး ကိုကို့ကို မြင်နိုင်တာပဲကို ... "
စကားလုံးလှလှတွေနဲ့ အနိုင်ယူသွားတဲ့ဂျောင်ဂုကို ဆော့ဂျင်ခေါင်းခါလိုက်မိသည်။ တကယ်ဆို သူဒီလိုကမ်းလှမ်းခံရတာ ပထမဆုံးအကြိမ်မဟုတ်သလို အဖေကလည်း သူ့အသက် ၁၅နှစ်အရွယ်ကတည်းက ဒီကိစ္စကို စဉ်းစားပေးဖို့ပြောသည်။ အဲ့ဒီလိုပဲ အဖေ့ဆီသွားတဲ့အချိန်တစ်ဝက်ဟာလည်း အဖေ့ကျေးဇူးနဲ့ လေ့ကျင့်ရေးဆင်းနေရတာ ရှင်းရှင်းပြောရင် သူဟာ ထရိန်နင်တစ်ယောက်ပါပဲ ...။
တင်းကျပ်ပြီး ရှုပ်ထွေးတဲ့အဲ့ဒီ့လောကထဲ သူ မဝင်ချင်ခဲ့တာက ဂျွန်ဂျောင်ဂုကလွဲ တခြားမရှိပါ။ သူသာ အိုင်ဒေါလ်ဖြစ်သွားမယ်ဆိုရင် သူ့ကလေးလေး ဂျွန်ဂျောင်ဂုကို နီးကပ်စွာထွေးပွေ့ခွင့်ရမှာ မဟုတ်သလို ချစ်တဲ့အကြောင်းတွေလည်း ထုတ်ပြောခွင့်ရှိမှာမဟုတ်။
" ကိုကိုရေ!! ကိုကိုသာ အိုင်ဒေါလ်လုပ်ဖို့ရွေးချယ်မယ်ဆိုရင် သားသား ဘာပဲလုပ်ရလုပ်ရ ကိုကို့အတွက် လုပ်ပေးမယ် ..."
Advertisement
ဒီစကားမှာတော့ သူ့မျက်ဝန်းတွေ တောက်ပသွားသည်။ ဂျောင်ဂုကတော့ ဘာရယ်မဟုတ် ပြောလိုက်ပေမယ့် ဒီစကားအပေါ် သူအခွင့်အရေးယူချင်သည်။
" တကယ်လား ... "
" အင်း ... ကိုကိုကြိုက်တာပြော သားသားလုပ်ပေးမယ် "
" ဒါဖြင့်ရင် ... မင်းသာ ငါ့ရဲ့ကောင်လေးလုပ်ပေးမယ်ဆိုရင် ထရိန်နင်အဖြစ် ငါ လက်ခံလိုက်တော့မှာ "
ကိုကို့စကားအဆုံး မျက်မှန်ဝိုင်းဝိုင်းအောက်က သူ့မျက်ဝန်းတွေ ပြူးကျယ်ဝိုင်းစက်သွားသည်။
ကောင်လေး? .. ကိုကို့ရဲ့ကောင်လေး?
တစ်ခါမှ သူ မတွေးထားဖူးတဲ့အခြေအနေမို့ သူ့ခြေဖျားလက်ဖျားတွေ အေးစက်လာရသည်။ အဲ့ဒီ့နောက် ကိုကို့ကို သူ မယုံနိုင်စွာ ကြည့်မိတော့ ကိုကို့မျက်ဝန်းတွေဆီက ရီဝေဝေအငွေ့အသက်ကို သူရလိုက်သည်။ တစ်ခါလေးတောင်မှ ကိုကို့ဆီက အဲ့ဒီလိုအကြည့်တွေ မရဖူးတဲ့အတွက် သူတံတွေးမြိုချလိုက်မိသည်။
" .. ကောင်လေး? .. ကောင်လေးဆိုတာက ... "
" အင်း ဟုတ်တယ် ... ငါ မင်းနဲ့တွဲချင်တယ် ဂျွန်ဂျောင်ဂု ..."
ပွင့်လင်းစွာ ထွက်လာတဲ့ကိုကို့စကားအဆုံး သူ့အတွေးတွေ ယောက်ယက်ခတ်သွားသလို ရင်ဘတ်ကြီးကလည်း တုန်တုန်ယင်ယင်ဖြစ်လာသည်။
" ... ဟို .. ဟို ... "
" အခုပြန်ဖြေပေးစရာမလိုဘူး အေးဆေးစဉ်းစား ... မင်းလက်ခံတာနဲ့ ငါလည်း ဒီကဒ်ထဲကလူကြီးကို ဖုန်းဆက်တော့မှာ ... "
ကဒ်ကို ထောင်ပြကာ ပြောလာလေတော့ ကိုကို့ကို သူမေးခွန်းထုတ်လိုက်မိသည်။
" ... ကိုကိုက ဘာဖြစ်လို့ သားသားကို တွဲချင်ရတာလဲ ... သားသားက တအားငယ်သေးတယ်လို့ မထင်ဘူးလား ..."
စိတ်ရှိတဲ့အတိုင်းမေးမိတော့ ကိုကိုက ရယ်သည်။ ထို့ကြောင့် သူ့မေးခွန်းက ကလေးဆန်သွားလား သူပြန်စဉ်းစားကြည့်လိုက်ရသေးသည်။ တကယ်လည်း သူက ကလေးပဲရှိသေးတာမို့လို့ မေးခွန်းကလဲ ကလေးမေးခွန်းပဲ ထွက်လာမှာပင်။ အခုမှ သူ့အသက်က ၁၃နှစ်လေ။ ကိုကိုကတော့ အသက်ပြည့်ပြီးသား ၁၈နှစ်အရွယ်ကောင်လေးတစ်ယောက်ပေါ့။
" ... ငယ်သေးတယ်! ... အင်း ဟုတ်တယ် ဂျွန်ဂျောင်ဂု မင်းက ငယ်သေးတယ်! ဒါပေမဲ့ ငါက မငယ်တော့ဘူး ... ငါ ဘာလိုချင်လဲ ငါကောင်းကောင်းသိတယ် ... မင်းကို ငယ်သေးတယ်လို့ ငါတွေးလိုက်တာနဲ့ နောက်တစ်နေ့မှာ မင်းက တခြားသူအပိုင်ဖြစ်သွားလိမ့်မယ် ... အဲ့ဒီ့တော့ မင်းက ငါ့အပိုင်မဖြစ်ချင်ဘူးလား ... တခြားသူအပိုင်ဖြစ်ချင်နေလို့လား ..."
မျက်နှာကို တိုးကပ်ပြီး မေးလာတော့ သူ အသက်တောင်မရှူရဲတော့။ တခြားသူအပိုင်တော့ သူမဖြစ်ချင်ပါ၊ သူ့ကို တခြားသူပိုင်သွားမှာထက်စာရင် ကိုကို့အပိုင်သာ သူဖြစ်ချင်ပါသည်။ ဒါပေမဲ့ ခံစားချက်တွေကို နားမလည်၊ ကိုကိုနဲ့သူက တစ်ယောက်ကို တစ်ယောက်ချစ်ကြလို့လား။ အနေနီးပြီး သံယောဇဉ်ကြီးနေကြတာပဲမဟုတ်ဘူးလား။ အထူးသဖြင့် သူကသာ ကိုကို့ကို သူ့ရဲ့အရာရာအားလုံးလို့ သဘောထားတာမဟုတ်ဘူးလား။ ကိုကိုကတော့ သူ့ကို အခုထိ ကာကွယ်ရမယ့် ပစ္စည်းတစ်ခုလိုတွေးနေတုန်းလေ။
" ... တခြားသူအပိုင်တော့ မဖြစ်ချင်ပါဘူး ... ဒါပေမဲ့ ကိုကိုရယ် ... သားသားက ... တီတီလေးကို ဘယ်လိုမျက်နှာနဲ့ရင်ဆိုင်ရမလဲ "
" ဒါ မင်းတွေးရမယ့်အရွယ်မရောက်သေးဘူး ဂျွန်ဂျောင်ဂု ... အခု လောလောဆယ်တော့ မင်းကို တောင်းဆိုစရာရှိတယ် ...."
သူ့ဘက်ကို တဖြည်းဖြည်း တိုးကပ်လာရင်း သူ့မျက်နှာနဲ့ပိုနီးလာတဲ့ကိုကို့ကြောင့် သူ တံတွေးမြိုချလိုက်မိသည်။ အခုတလော ကိုကို့နှုတ်ခမ်းအကြောင်း စဉ်းစားမိလိုက်တိုင်း ဟိုတစ်နေ့ညက မက်တဲ့အိပ်မက်ကိုပဲ ပြန်မြင်ယောင်နေသည်မို့ သူ့အတွက်အဆင်မပြေ။ အဲ့ဒီ့ညက အိပ်မက်ထဲမှာ ကိုကိုက သူ့နှုတ်ခမ်းတွေကို နမ်းနေတာတဲ့လေ။
" ... ဘာ ... ဘာလုပ်မလို့လဲ ကိုကို "
" မင်းကို နမ်းမလို့လေ ... "
" ဟင်~~"
သူတွေးတာမဆုံးသေးခင်မှာပဲ သူ့နှုတ်ခမ်းတွေအပေါ် ကိုကို့နှုတ်ခမ်းတွေကျရောက်လာသည်။ အပေါ်ယံနှုတ်ခမ်းသားတွေကို နူးညံ့စွာ ဆွဲခါနမ်းရှိုက်လာလေတော့ သူ့အသည်းစိုင်တစ်ခုလုံး လေပေါ်ပျံဝဲနေသလို အေးစိမ့်သွားရတော့သည်။ ဘယ်လိုနမ်းရမယ်ဆိုတာ သူမသိသည်မို့ ငြိမ်သက်နေမိပေမယ့် ကိုကိုကတော့ သူမက်ခဲ့တဲ့အိပ်မက်ထဲကထက် ပိုပြီးတော့ သူ့ကို ခြယ်လှယ်ဦးဆောင်သွားသည်။ လှလွန်းတဲ့ ကိုကို့နှုတ်ခမ်းထူထူတွေဟာ သူ့နှုတ်ခမ်းပေါ်မှာဆိုတဲ့အသိက လူကို မောဟိုက်လာစေလျှင် သူပျော့ခွေမိသွားသည်။ ဒါကို ကောင်းကောင်းသိပုံရတဲ့ ကိုကိုက သူ့ခေါင်းကို ဖိကိုင်လာပြီးလေလျှင် ကိုကို့အောက်နှုတ်ခမ်းထူထူတွေက သူ့အောက်နှုတ်ခမ်းပါးပါးတွေကို စုပ်ယူငုံထွေးသည်။ ကြမ်းတမ်းခြင်းမရှိဘဲ ခပ်ဖွဖွလေးသာ ထွေးငုံထားသည်မို့ သူ့လက်တွေက ကိုင်ထားတဲ့မုန့်ထုပ်ကိုပါ ကျိုးကြေမတတ်ညစ်ထားလိုက်မိသည်။
မျက်ဝန်းတွေပိတ်ကာ ရင်တစ်လှပ်လှပ်နဲ့ ကိုကို့အနမ်းတွေကို ခံယူနေမိတုန်းမှာပဲ ကိုကိုက ရပ်တန့်သွားလေတော့ သူမျက်မှောင်ကြုတ်လိုက်မိသည်။
" ဒါ ငါ့ရဲ့ First Kissပဲ ဂျွန်ဂျောင်ဂု !! ... "
သူ့ခမျာ နမ်းလို့မဝသေးတာကို ကိုကိုကရပ်လိုက်တော့ ငိုချင်ပေမယ့် ကိုကို့ဆီကလည်း ထပ်မတောင်းရဲပါ။ ထပ်ပြီး နမ်းပေးပါဦးလို့ တောင်းဆိုလိုက်ချင်ပေမယ့် သူရှက်သည်။ သို့ပေမယ့် ကိုကို့ရဲ့ပထမဦးဆုံးအနမ်းက သူဆိုတာ သိလိုက်ရတော့ ရင်ဘတ်ထဲ ပန်းလေးတစ်ပွင့် ပွင့်ဖူးလာသလိုခံစားလာရသည်။
" ... သားသားရဲ့ပထမဦးဆုံးအနမ်းလဲ ဒါပါပဲနော် "
" ... အတင်းလုယူလိုက်သလိုဖြစ်ပေမယ့် သိစေချင်တယ် ဂျွန်ဂျောင်ဂု ... ငါ့ရဲ့အရာရာပထမက မင်းဆိုတာကို ... ဒီအနမ်းတင်မဟုတ်ဘူး ... ရှေ့ဆက်မယ့်ရက်တွေမှာလဲ ... မင်းက ပထမဦးစားပေးပဲ ... အဲ့ဒီ့တော့ တစ်ချိန်ချိန်မှာ ခွဲခွာရမယ်ဆိုရင်တောင် ငါကပဲ မင်းကို ပထမဦးဆုံးပိုင်ဆိုင်စေရမယ် "
ကိုကို့ရဲ့ဒီစကားကိုတော့ သူနားမလည်တာမို့ ခေါင်းလေးစောင်းရင်း မျက်တောင်တွေပုတ်ခတ်လိုက်မိသည်။ ကိုကို့စကားကို သူ့ခမျာ မစဉ်းစားနိုင်။ ကိုကို့အနမ်းကသာ သူ့အတွေးထဲနေရာယူနေတာဖြစ်သည်။
Advertisement
" ဂျွန်ဂျောင်ဂု! ငါ့ကို အိုင်ဒေါလ်အဖြစ်မြင်ချင်ရင် ငါနဲ့ တွဲလိုက်! ... မတွဲဘူးဆိုရင်လည်း ဒီလိပ်စာကဒ်ကို ပစ်လွှင့်ရုံပဲ "
ဒီစကားအဆုံးသတ်မှာတော့ ရင်တလှပ်လှပ်နဲ့ သူဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ချလိုက်မိသည်။ ကိုကိုကတော့ စဉ်းစားဖို့အချိန်ပေးတယ်ဆိုပေမယ့် သူကတော့ ကိုကို့အနမ်းတွေကို ခပ်မြန်မြန်ပဲ ဒီထက်ကြာကြာလေးလိုချင်နေခဲ့ပြီဖြစ်သည်။
" ... တွဲမယ်!! ကိုကိုနဲ့တွဲမယ်!! "
သူ့စကားကြောင့် ကိုကို အံ့ဩသွားပုံပေါ်သည်။ မယုံနိုင်စွာ ပျော်ရွှင်ခြင်းများစွာနဲ့ ကိုကို သူ့ကိုကြည့်သည်။
" .... ဒါပေမဲ့ ကတိတစ်ခုတော့ပေးရမယ်!! ..."
" ဘာကတိလဲ ဂျောင်ဂု ..."
" ... အဲ့ဒါက ... အဲ့ဒါက ... ဘယ်နေရာ ဘယ်အချိန်မှာမဆို ကိုကို သားသားကို နမ်းဖို့ အဆင်သင့်ဖြစ်နေရမယ် ... သားသားကို နေ့တိုင်း ကိုကို နမ်းပေးရမယ် ... "
အဖြူလုံးဆီက ထွက်လာတဲ့စကားကြောင့် ဆော့ဂျင် လန့်သွားမိသည်။ မမျှော်လင့်ထားခဲ့ပေမယ့် ဒီ၁၃နှစ်သားလေးဟာ သူ့ကို နေ့တိုင်းနမ်းဖို့ တောင်းဆိုနေတာဖြစ်သည်။ အတင့်ရဲလိုက်တာလို့တောင် သူ မပြောရက်။ သို့ပေမယ့် ဒီလို ခွင့်ပြုချက်ကြီးကို သူ မငြင်းဆန်ပါ။ ဝမ်းသာအားရစွာနဲ့ သူခေါင်းညိတ်မိရင်း အနမ်းပေးခဲ့တဲ့ ဂျောင်ဂုရဲ့နှုတ်ခမ်းငယ်လေးကို လက်မနဲ့ဖိပွတ်ဆွဲလိုက်မိသည်။
" .. သားသား ... ဒါ မင်းကိုယ်တိုင် ပြောတဲ့ မင်းရဲ့ကတိစကားနော် "
သူ့အပြုအမူကြောင့် အဖြူလုံးကောင်ဟာ သူ့လက်ထဲက မျက်နှာကို ရုန်းထွက်ပြီး စကားမှားသွားသလို အောက်နှုတ်ခမ်းကို ဖိကိုက်သည်။ နာမှာစိုးတာမို့ သူလည်း ထိုနှုတ်ခမ်းကို လက်ဖျားလေးနဲ့ ခပ်ဖွဖွလေးရိုက်မိတော့ ဂျောင်ဂုက သူ့ကို မျက်မှောင်ကြုတ်ကာကြည့်သည်။
" .. အ့ ...ဘာလုပ်တာလဲ ကိုကို!! "
" ... မကိုက်နဲ့ ... "
" ဟင် ... ဘာလို့လဲ ... "
မသိသလို အူကြောင်ကြားလုပ်နေတဲ့ကောင်လေးကို သူ စနောက်ချင်လာတာမို့ နားအနားကို တိုးကပ်သွားမိသည်။ အဲ့ဒီ့နောက် သူ တိုးတိုးလေးကပ်ပြောလိုက်တဲ့စကားကြောင့် သူ့ကို ချက်ချင်းတွန်းထုတ်ကာ ထွက်ပြေးသွားလေတော့သည်။
သူပြောလိုက်တဲ့စကားက ...
" အဲ့ဒီ့နှုတ်ခမ်းက မင်းအသက်ပြည့်လာရင် ကိုကို ကိုက်ဖို့ ... အနာတရဖြစ်အောင်မလုပ်နဲ့ "
ပြေးထွက်သွားတဲ့ ဂျောင်ဂုနောက်ကိုတော့ သူ လိုက်ရင်း အပျော်ရွှင်ဆုံးလူသားတစ်ယောက်လို ပြုံးလိုက်မိတော့သည်။ ဘာမှ မသိသေးတဲ့ဒီကောင်လေးကို ဒီလိုနည်းနဲ့ သူ ချည်နှောင်လိုက်တာက အမှားတစ်ခုဆိုရင်လည်း သူဆက်မှားဖို့ ဆန္ဒရှိပါသည်။ မကြာခင်မှာ ပြန်လာတော့မယ့် သူ့ရဲ့ဝမ်းကွဲညီ ကင်ထယ်ဟျောင်းလက်ကလည်း ကာကွယ်ပြီးသားဖြစ်သွားမှာလေ။
ထုတ်သာမပြောပေမယ့် ကင်ထယ်ဟျောင်းကတော့ ဂျောင်ဂုဂီကို သဘောကျနေတာ သူသိပါသည်။ ဂျောင်ဂုက အသက်၁၃နှစ်ဆိုပေမယ့် ကလေးမျက်နှာနဲ့ ရင်ခုန်ချင်စရာလူကြီးပေါက်စလိုဖြစ်နေပြီဆိုတာ သူရော ထယ်ဟျောင်းရော သိတယ်လေ ...။
သို့ပေမယ့်လည်း ဒီအကောင်ပေါက်စလေးကို သူ့အချစ်တွေနဲ့သာ ရှင်သန်ကြီးပြင်းစေပါမည်။ အရွယ်ရောက်လို့ နားလည်သွားရင်တောင် ငြင်းဆန်လို့မရတဲ့ချည်ကြိုးတွေနဲ့ သူချုပ်နှောင်ဖွဲ့ထားမည်။ အမုန်းတွေကို ခံယူရမယ်ဆိုရင်တောင်မှပေါ့။
💠💠💠
နှစ်နှစ်ခန့်ကြာပြီးနောက် ...
" ဂျောင်ဂု! ... "
" ဟင် "
ကျောင်းဆင်းတာနဲ့ အိမ်ပြန်ဖို့အတွက် ရပ်စောင့်နေရင်း သူ့နာမည်ကိုခေါ်လိုက်တာမို့ သူလှည့်ကြည့်လိုက်မိသည်။ သူ့အတန်းဖော် ကောင်မလေးတစ်ယောက်ပင်။ နာမည်တော့ သေချာမမှတ်မိပေမယ့် သူမကို သူသိသည်။
" ... ဒါလေး လက်ခံပေးပါလား ..."
အလှဆင်ထားတဲ့အပြာရောင်ဘူးလေးကို သူ့ရှေ့ထိုးပေးလာတော့ သူ့ခါးလေးမတ်သွားရသည်။
" ... ဂျောင်ဂုဂီနဲ့ ငါ သူငယ်ချင်းဖြစ်ချင်တယ် ... ငါ့နာမည်က ရှင်းခူရို ... လက်ခံပေးပါ "
လက်မခံချင်ပေမယ့် မျက်မှန်းတန်းသိနေတဲ့ကောင်မလေးကြောင့် သူ မချိုမချဉ်ပြုံးရင်း ကမ်းပေးလာတဲ့ဘူးကို လှမ်းယူမိသည်။
" ကျေးဇူးပဲ ဂျောင်ဂု-ah ..."
ပြောပြီးတာနဲ့ပြေးထွက်သွားတဲ့ကောင်မလေးရဲ့နောက်ကျောကိုတော့ သူ ဒီအတိုင်းလေး ကြည့်လိုက်သည်။ အဲ့ဒီ့နောက် သူ့ရှေ့ကို ဆိုက်ရပ်လာတဲ့ကားတစ်စီး။ ထုံးစံအတိုင်း အိမ်ပြန်ချိန်မို့လို့ နောက်တံခါးကို ဆွဲဖွင့်ကာ ဝင်ထိုင်လေတော့ အေးစက်စက်အသံကို ကြားလိုက်ရသည်။
" ... အရှေ့ကတက် ... "
ကိုကို့အသံမို့ သူပြူးကျယ်ရင်း ကားအနောက်ခန်းကနေ အရှေ့ဘက်ကို ကူးပြောင်းလာမိသည်။
" ကိုကို!! ဘယ်လိုလုပ် !! "
ကိုကိုနဲ့သူ့ရဲ့ကတိကြောင့် Big Hitအင်တာတိန်းမန့်မှာ ထရိန်နင်ဆင်းနေတဲ့ကိုကို့ကို သူမြင်လိုက်ရတော့ တအံ့တဩနဲ့ သူ မေးခွန်းထုတ်မိသည်။ ကိုကိုပြောသလိုပါပဲ အိုင်ဒေါလ်ဖြစ်ဖို့ ထရိန်နင်တစ်ယောက်အဖြစ် ရွေးချယ်လိုက်ကတည်းက ကိုကို့ကို အိမ်မှာ မြင်ရတဲ့အချိန်မရှိသလောက်နီးပါးပင်။ တစ်ခါတလေ သူပြောမိတာကိုတောင် နောင်တရချင်လာသည်။ သို့ပေမယ့်လည်း ကိုကိုဖြစ်ချင်တဲ့အိပ်မက်က အနုပညာရှင်တစ်ယောက်ဆိုတာ သူသိသည်မို့လေ။ တီတီကသာ ကိုကို့ဆန္ဒတွေကို မချိုးနှိမ်ထားခဲ့ဘူးဆိုရင် ကိုကိုဟာ ဒီထက်စောစော ပွဲဦးထွက်ဖို့ ကြိုးစားနိုင်ခဲ့မှာဖြစ်သည်။
အခုလည်း တီတီက မကြည်ဖြူနေပေမယ့် ကိုကိုကတော့ သူ့စကားတစ်ခွန်းတည်းကြောင့် လုပ်ချင်ရာကို လုပ်ခဲ့သည်မို့ ထရိန်နင်ဖြစ်သွားတာလဲဖြစ်သည်။ ခေါင်းမာတတ်တဲ့ကိုကိုဟာ သူပြောရင် ပြောတဲ့တစ်ခွန်းကို သေချာလုပ်ပေးသည်မို့ သူပျော်ရွှင်မိသား။
" .. ကိုကို!! "
အခုတော့ ကိုကိုဟာ သူ့အမေးကို မဖြေဘဲ ကားကို ဆောင့်အောင့်ကာ မောင်းထွက်သွားတော့ ခါးပတ်သေချာမပတ်ရသေးတဲ့သူက အရှေ့ကို ငိုက်စိုက်ကျသည်။
" အမေ့!! "
အရှိန်ပြင်းရာကနေ တုံ့ခနဲ့ ရပ်သွားတဲ့ကားလေးကြောင့် သူ့နဖူးနဲ့ Dashboard မဆောင့်မိခင်မှာပဲ ကိုကိုက သူ့ကို ဖမ်းဆွဲသည်။ နူးနူးညံ့ညံ့တော့မဟုတ်။ ကျောင်းဝတ်စုံအင်္ကျီရဲ့လည်ဂုတ်ကနေဖြစ်သည်။
" ... ကိုကို!! ဘာဖြစ်နေတာလဲ ... "
" ... ဘာဖြစ်ရမှာလဲ ... မင်း ဘာလုပ်ထားလဲ မင်းမသိဘူးလား ..."
သူ့ကို သေချာခါးပတ်ပတ်ပေးနေရင်း မျက်နှာမဲ့ကာ ပြောလာလေတော့ သူ ခဏတာစဉ်းစားကြည့်လိုက်မိသည်။
အခုမှ တွေ့ရတာကို သူက ကိုကို့အပေါ် ဘာလုပ်ရမှာလဲလို့ ...
တကယ်စဉ်းစားမရပေမယ့် ကိုကို့ကို ချော့ဖို့ ရည်ရွယ်လိုက်မိသည်။
" ... အာ ~~ သိပြီ ... "
အဲ့ဒီ့နောက် ကိုကို့နှုတ်ခမ်းတွေဆီ တိုးကပ်ကာ တစ်ချက်ဖိကပ်နမ်းတော့ ကိုကို့မျက်ခုံးတွေ ပင့်တက်သွားသည်။
" ... ဒါမလုပ်ရသေးလို့မလား ... "
ပြောမိတော့ ကိုကိုက ပြုံးလာချင်ပေမယ့် မျက်နှာကို အတင်းအကျပ်တည်တင်းလိုက်သည်။ တွေ့လား ... အဲ့ကိုကိုဟာလေ သူအလျော့ပေးတယ်ဆိုတိုင်း သူ့အပေါ် ဆိုးသွမ်းလွန်းသည်။ တကယ်ဆို အငယ်ဖြစ်တဲ့သူ့ကို ကိုကိုက အလျော့ပေးရမှာကို ...။
" အဟမ်း! မဟုတ်ဘူး! ... အဲ့ဒီ့အပြာရောင်လေးက ဘာလဲ "
သူ့ပေါင်ပေါ်မှာရှိနေတဲ့ အပြာရောင်ဘူးလေးကို မျက်စောင်းထိုးကာပြောတော့ သူ ကြည့်လိုက်မိသည်။
" အာ~~ အဲ့ဒါက ခနက အတန်းထဲက အတန်းဖော်တစ်ယောက် လာပေးသွားတာ ... သူငယ်ချင်းဖြစ်ချင်လို့တဲ့ ... "
" ဪ ... ဟုတ်လား ... "
သူ သေချာရှင်းပြဖို့လုပ်ပေမယ့် ကိုကို့လေသံတွေကတော့ သူ့ကို ခနဲ့တဲ့တဲ့လုပ်နေသလိုပင်။ အဲ့ဒီလိုပဲ ကိုကိုကတော့ သူ့ပေါင်ပေါ်က အပြာရောင်ဘူးလေးကို ဇွတ်ကနဲ့ ဆွဲယူကာ ဖွင့်ဖောက်နေပြီဖြစ်သည်။
" .... ယောင်္ကျားလေးလား ... မိန်းကလေးလား ... "
" ... မိန်းကလေးပါ ... နာမည်က ရှင်းခူရိုတဲ့ ... သားသားတို့အတန်းမှာဆို သူက အနေအေးတဲ့ကောင်မလေးလေ ... အစက နာမည်မသိပေမယ့် အခု သူလာပြောမှပဲ နာမည်သိသွားတာ .... ခင်ဖို့ကောင်းမယ့်ပုံပဲ ကိုကို ~~ "
သူ့စကားအဆုံးသတ်မှာတော့ ကိုကိုက အပြာရောင်ဘူးထဲက ချောကလက်ကို ဆွဲယူထုတ်လိုက်ပြီဖြစ်သည်။ သူပြောနေတာကို ဂရုမစိုက်တဲ့ပုံလေးနဲ့ပင်။
" ... ဒါဆို ခင်ဖို့ကောင်းတဲ့မိန်းကလေးသူငယ်ချင်းက ချောကလက်ပေးတာကို မင်း လက်ခံလာခဲ့တာပေါ့ ... နာမည်ရော အနေအေးတဲ့အကျင့်စရိုက်ကိုရော သေချာသိတာဆိုတော့ကာ ... တော်တော်စိတ်ဝင်စားနေပုံရတာပဲ ဂျွန် ဂျောင် ဂု!"
အဆုံးသတ်မှာ သူ့နာမည်တစ်လုံးချင်းစီခေါ်ရင်း အနားတိုးကပ်လာတဲ့ကိုကို့ကြောင့် အသက်မရှူရဲလောက်တော့တဲ့အထိ ငြိမ်သက်သွားမိသည်။ အထင်လွဲနေမှာစိုးလို့ တစ်လုံးချင်းစီ ရှင်းပြတာကို ရစ်ချင်နေလို့ စကားအထအနကောက်နေတာနဲ့ ပိုတူလွန်းသည်။
" ... မဟုတ် ~~ .. မဟုတ်ဘူးလေ ... သားသားက .. ဒီတိုင်း ... ကိုကို့ကို ပြန်ပြောပြနေတာကို ... "
" .. အဲ့ဒီ့ကောင်မလေးကို ကိုကို့ထက် ပိုစိတ်ဝင်စားနေလို့ ပြန်ပြောပြနိုင်တာပေါ့..."
" ... မဟုတ်ဘူးဆိုနေ! ... ကိုကိုနော် ... အခုမှတွေ့ရတာကို ပြသနာရှာချင်နေပြီထင်တယ် ..."
မျက်မှောင်ကြုတ်ကာ ပြူးတူးပြဲတဲလေးဖြစ်လာတဲ့ ဂုဂီကြောင့် ဆော့ဂျင် ထပ်မစနောက်တော့ဘဲ အနားတိုးကပ်ရာကနေ ခွာလိုက်မိသည်။
" ... မရှာချင်ပါဘူး ... ကိုကိုက မင်းကို သတိပေးချင်ရုံပဲ ..."
တအားကို သဝန်တိုရပါကြောင်း ထုတ်ပြချင်ပေမယ့် ဘာမှနားမလည်တဲ့ဒီကလေးက ဒီလိုခံစားချက်အကြောင်းကို သိမှာမဟုတ်သေး။ ထို့ကြောင့် သိပ်အရေးမပါသလိုဟန်လုပ်ကာ ကားကို ပြန်မောင်းရင်း ဖြည်းဖြည်းချင်းပဲပြောမိသည်။
" .... မင်းနဲ့ကိုကိုက ညီအစ်ကိုဆက်ဆံရေးမဟုတ်ဘူးဆိုတာ မှတ်မိသေးရဲ့လား ..."
ဆူပူသောင်းကျန်းတော့မယ်ထင်ပြီးမှ အေးဆေးငြိမ်သက်သွားကာ ကားကိုမောင်းရင်း သူ့ကိုမကြည့်ဘဲ လမ်းကြောင်းတွေကြည့်ပြီး ပြောလာတော့ ဂျောင်ဂု နှုတ်ခမ်းသေးသေးလေးကို ခပ်စူစူလေးထုတ်လိုက်မိသည်။
ကိုကို သဝန်တိုနေတာ အသိသာကြီးကို ... လာဟန်ဆောင်နေသေးတယ် ...
" ... ဟင်အင်း မမှတ်မိတော့ဘူး ... သားသားက ကိုကို့ရဲ့ညီလေးထင်တယ် ... အဖေလည်းမတူ အမေလည်းမတူတဲ့ ညီလေးပေါ့ "
သူပြောနေတာကို ပြောင်တိပြောင်ချော်လုပ်လာတဲ့ဂျွန်ဂျောင်ဂုပေါက်စနကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ နှစ်ယောက်ကြားက ဆက်ဆံရေးကို ဂျောင်ဂုဂီက အလေးအနက်ထားရကောင်းမှန်းမသိနေတာလား။
" ... ဂျွန်ဂျောင်ဂု! ဟာသမလုပ်ပစ်နဲ့ "
လေသံကိုမြင့်ကာ အော်မိတော့ ဂျောင်ဂုက ငြိမ်သက်သွားသည်။ သူ့ကို ဘာတစ်ခွန်းမှ ပြန်မပြော။ လုံးဝကြီးငြိမ်သက်သွားသည်မို့ သူဆက်ပြောစရာစကားတွေလည်း ပျောက်ရှကာ ပြောချင်တာတွေကို မြိုသိပ်လိုက်မိသည်။
လေ့ကျင့်ရေးဆင်းရလို့ ပင်ပန်းလွန်နေတဲ့ကြားထဲကနေ တကူးတက ဂျောင်ဂုကို လာကြိုတာက အဲ့ဒီ့မျက်နှာလေးနဲ့ သူ့ကိုယ်သူ သားသား သားသားလို့ ပြောတတ်တဲ့အသံလေးကို အရမ်းကြားချင်ခဲ့လို့ပင်။ အခုတော့ အပေါက်အလမ်း မတည့်လို့ ရန်ဖြစ်ရမယ့်ပုံတွေပေါက်နေပြီဖြစ်သည်။
" ... ... ... ကျစ်... ထားလိုက်တော့ အိမ်ရောက်မှပဲ ဆက်ပြောတာပေ့ါ ..."
စိတ်ကလည်း သိပ်မကြည်သည်မို့ပြောမိတော့ ဂျောင်ဂုက ငြိမ်ငြိမ်လေး ဘေးနားကနေ ခေါင်းညိတ်သည်။ အပြစ်ရှိသလိုလုပ်နေပြန်တဲ့ဒီပိစိပေါက်တောက်လေးကို ဖျစ်ညစ်ပစ်လိုက်ချင်ပေမယ့် အခုတော့ သူ့ကားလေးက လေဆိပ်ရှိရာကို ဦးတည်မောင်းသွားလိုက်သည်။ လမ်းတစ်လျှောက်လုံးမှာတော့ ပါလာတဲ့ပေါက်စလေးဟာ တိတ်ဆိတ်ငြိမ်သက်နေရာကနေ တဖြည်းဖြည်း အိပ်မောကျရင်း လိုက်ပါလာတော့သည်။
အမှန်တော့ ဒီနေ့က ဂျွန်ဂျောင်ဂုပြီးရင် မာမီအချစ်ရဆုံးသော သားတော်မောင် ကင်ထယ်ဟျောင်းပြန်လာမယ့်နေ့ဖြစ်တာမို့ သွားကြိုပေးရတာဖြစ်သည်။ မာမီကတော့ လေဆိပ်ကို ကြိုရောက်နှင့်နေပြီဆိုပေမယ့် မာမီနဲ့ထယ်ဟျောင်းကို ကြိုရမှာက အကြီးဆုံးဖြစ်တဲ့ သူ့တာဝန်ပင်။ ဂျောင်ဂုနဲ့ပတ်သက်ရင် သူ့နီးပါး သည်းသည်းလှုပ်ဖြစ်တဲ့ထယ်ဟျောင်းကို အမြင်ကပ်ပေမယ့်လည်း သူ့ညီငယ်တစ်ယောက်မို့ သူ ချစ်ပါသည်။
လေဆိပ်ရောက်တာနဲ့ ပထမဆုံးမြင်လိုက်ရတာက ကင်ထယ်ဟျောင်းပင်။
" အစ်ကိုဆော့ဂျင်! ဂျောင်ဂုဂီရော ..."
ကားရပ်တာတောင် အိပ်ရာကနေမနိုးလာသေးတဲ့ပေါက်စနကတော့ ကားထဲမှာရှိနေတုန်းပင်။ ထို့ကြောင့် ကားအပြင်ကနေ မှန်ခေါက်ကာ သူ နှိုးလိုက်မိသည်။
" ဂျွန်ဂျောင်ဂု! ဂျောင်ဂု! "
သူ့အသံကြောင့် အိပ်မှုန်စုံမွှား ဖြစ်လာတဲ့ ကောင်ငယ်လေးကတော့ ထူထူထောင်ထောင်ဖြစ်လာသည်။
" ဟင် ~~ ရောက်ပြီလား "
မျက်လုံးတွေကို ပွတ်သပ်ကာ ကားပေါ်ကနေဆင်းလာလေတော့ ဝမ်းသာအားရ ပြုံးပျော်ကာ အပြေးဖက်တဲ့သူက ကင်ထယ်ဟျောင်းပင်။
" ဝါး... ဂျောင်ဂုဂီ!! သားသားလေး!! မတွေ့ရတာကြာပြီ လွမ်းလိုက်တာ ..."
အိပ်ချင်မပြယ်သေးသည့် ကောင်ငယ်လေးကို အတင်းအကျပ်ဖက်ကာ ပါးပြင်အချင်းချင်းပါ ပွတ်မတတ်ဖြစ်ပျက်နေသည်မို့ သူ ဂျွန်ဂျောင်ဂုကို လည်ဂုတ်ကနေ ဆွဲယူထုတ်လိုက်သည်။
" ဟ !! မင်းကိုလာကြိုတာငါလေ ... ဂျွန်ဂျောင်ဂုကိုပဲ ကွက်မြင်နေပါလား "
သူဆွဲလိုက်တာမို့ ယက်ကန်ယက်ကန်နဲ့ ပါလာတဲ့ကောင်ငယ်လေးကတော့ အခုမှ နိုးသွားတယ်နဲ့တူသည်။ ကင်ထယ်ဟျောင်းကို မြင်ပြီး မျက်လုံးတွေက ဝိုင်းစက်တောက်ပလာရတော့သည်။
" အစ်ကိုထယ်ထယ်!! "
" ... အိုက်ဂူး.. အစ်ကိုဆော့ဂျင်ကို လွမ်းစရာအကြောင်းမှမရှိတာ ... ညတိုင်းစကားပြောဖြစ်တာပဲကို ... ကျွန်တော်လွမ်းရမှာက ဟောဒီက ဂျောင်ဂုဂီပေါ့ ... အစ်ကိုနော် ... ဂျောင်ဂုဂီကို အနိုင်မကျင့်နေနဲ့ ..."
ပြောပြောဆိုဆို ဂျောင်ဂု ပါးနှစ်ဖက်ကို ပွတ်သပ်ပြီး 'ချစ်စရာကောင်းလိုက်တာ' လုပ်နေပြန်တော့ သူ ဂျောင်ဂုကိုရစ်ဖို့ အမှုတစ်ခုထပ်တိုးသွားသည်။ ဂျောင်ဂုကတော့ ငယ်ငယ်က ကစားဖော်ကစားဖက် ကင်ထယ်ဟျောင်းကို ပိုခင်တွယ်တာ သူသိပါသည်။
" ... သားသားတို့နဲ့ပဲ ပြန်နေမယ်မဟုတ်လား ... အများကြီး သတိရနေတာ ... အစ်ကိုပေးထားတဲ့ဂိမ်းအကောင့်ကို အခုထိ သုံးနေတုန်းပဲ "
ဒီတစ်ခါတော့ ဂျောင်ဂုဂီက သူဆွဲထားရာကနေ ရုန်းထွက်ကာ ကင်ထယ်ဟျောင်းဆီ ပူးကပ်သွားသည်။
Advertisement
- In Serial78 Chapters
MMORPG: Deliverance
In the year 2043, Gabriel was a man known as the "One man army". In the Virtual reality game Deliverance Online, he made his way as an infamous mercenary, willing to do anything for the right price. He led armies into battle, assassinated Kings and even helped old ladies pick flowers. Until one day he refused an offer out of pride and spite from someone too powerful to refuse. With no allies to help him he was thrown into the abyss of despair and forced to watch as his life was taken from him. A pair of gods decide to give him one more chance, to do it all again. His memories were sent back 8 years in the past.Follow Gabriel as he makes his way back to the top, using knowledge to swing things in his favor. Except this time he won't do it alone. He will save his family, he will achieve glory, money, women and power to protect them all. It's time for Gabriel's deliverance.
8 171 - In Serial19 Chapters
Re:volutionist
I died and then received an offer to be reincarnated in a Fantasy World.The problem is - I'm not exactly gonna be a ""hero"" of that world, this wasn't really an offer to begin with, and that strange shapeless black entity who gave me that ""offer"" wasn't really trustworthy... or sane. Now I am alone in the world that wants me dead. The world I am supposed to ruin as a part of a game I don't understand. I don't even know who plays that game... but it looks like it's a game in which everyone - from pawns to players - is trying to cheat.**********Mature Content Warning - foul language, gore (in the future), potential sex scenes (in the future).
8 206 - In Serial10 Chapters
The Survivor From Snowdrift
Emerencia grew up trained by her Uncle as a swordsman in a isolated village deep in the mountains called Snowdrift. Emerencia's father who successfully ran the Snowdrift Iron Mine suddenly started making low production of Iron Ore for the kingdom. After a third low production delivery of ore, a Vaesite general himself commanded his soldiers to burn the village to the ground along with killing all of the villagers. Emerencia wakes up in a puddle of melted snow just outside her uncle's house surprisingly alive. As Emma leaves her village to seek revenge, she also gets to see the world for the first time. She even makes new friends who start to feel like family. Most importantly, Emerencia learns how cruel the king and his soldiers really are.
8 119 - In Serial52 Chapters
The Kings Mate
Mason is King.... Well almost. But he's trying to get the role. But the only thing he need to get this amazing roll is a mate. And when he can't find his he starts to get worried. Malia is a human, she moved from New York to Virginia. She will go to a school that consist of mainly werewolves. Which may be a little different from her old one where everyone is a human. And when worlds collide and these two polar opposites meet, well you'll just have to read to find out +++++Okay, this is not a sequel to Rejected at first sight, but more of a what happens after. So if you have not read Rejected at first sight don't worry you can still read this. But take a look at the book that started it all. You might just like it.(their is a chapter that can make some readers uncomfortable. But just a little bit. probably nothing you haven't seen in a tv show or movie)
8 134 - In Serial8 Chapters
unchained melody (flowers from 1970 sequel) // dreamnotfound
dream is getting used to the afterlife, but after unintentionally seeing into the world of the living and witnessing a plot to hurt george davidson, he runs to a phony medium for help into relaying the warning and protecting his former lover from harm.{inspired by ghost}
8 190 - In Serial7 Chapters
Pictures of You
Tiva One-Shots//Each update is a separate Tiva quick fic. They'll probably mostly be based on OTP story prompts.
8 180

