《Me, Myself & Bad Romance •||• JINKOOK》【05】
Advertisement
⟨ Unicode Version ⟩
• Me, Myself And Bad Romance •
- အပိုင်း ငါး -
လေတဖြူးဖြူးတိုက်ခတ်နေတဲ့ ကွင်းပြင်ကျယ်ကျယ်ထဲ အဖြူရောင်အုတ်ဂူလေးရှေ့ ယူလာမိတဲ့ ပန်းစည်းလေးကို ချလိုက်မိသည်။ ငြိမ်းချမ်းစွာ အနားယူနေပါသော ဓာတ်ပုံထဲက ကောင်ငယ်လေးကိုကြည့်ရင်း သူပြုံးလိုက်မိသည်။ အရင်ကလို မျက်ရည်ကျတာမျိုးမရှိတော့ပေမယ့်သူ့နှလုံးအစုံကတော့ ဆိတ်ငြိမ်စွာ နာကျင်ကြေကွဲသည်။
" အဖေ! "
ရုတ်တရက် အနောက်နားက အသံထွက်လာလေတော့ သူ မျက်တောင်တွေကို ပုတ်ခတ်ကာ လှည့်ကြည့်လိုက်မိသည်။ သားဖြစ်သူ ကင်ဆော့ဂျင်ရယ်၊ ဘေးနားမှာတော့ ချစ်ရသူရဲ့ကိုယ်ပွားလေးရယ် ....။
တစ်ချိန်က နှစ်နှစ်ကာကာချစ်ခဲ့ဖူးတဲ့ ကောင်ငယ်လေးများလားလို့ နှစ်ခါပြန်ကြည့်ရလောက်အောင် ဂျောင်ဂုကတော့ ဂျွန်ဟယ်ယောင်းနဲ့ တူလွန်းလှသည်။ မတူတာကတော့ ဂျွန်ဟယ်ယောင်းဟာ ချစ်စရာမကောင်းပါ၊ ခက်ထန်ပြတ်သားပြီး သူ့အချစ်ကို လိမ်ညာယူခဲ့သည်ပင်။ သို့ပေမယ့်လည်း ဂျွန်ဟယ်ယောင်းကိုမှ တကယ်ချစ်မိသွားခဲ့တဲ့အတွက် သူ့ကိုရဖို့ ဟယ်ယောင်းလိမ်ခဲ့တာတွေကိုတောင် သူ မမှုခဲ့ပါ။ အပြစ်မမြင်ရလောက်တဲ့အထိ သူ သိပ်ချစ်ခဲ့ပါသည်။
" ... ဂျင် ... "
" အာ ~~ ဂျောင်ဂု ... ဒါ ကိုကို့အဖေ! ... အဖေ ... သူက ဂျွန်ဂျောင်ဂုလေ "
ခပ်ထွေထွေဖြစ်နေပုံရတဲ့ အဖေက ဂျောင်ဂုကို သိပြီးသားဖြစ်ပေမယ့် ဂျောင်ဂုက သေချာမသိသေးသည်မို့ သူမိတ်ဆက်ပေးမိတော့ အဖေက ပြုံးသည်။ ဂျောင်ဂုကတော့ ပန်းစည်းကို ပွေ့ပိုက်ထားရင်းကပင် ဦးညွတ်နှုတ်ဆက်သည်။
" ... မင်္ဂလာပါ ဦးဦး ... သားသားက ဂျွန်ဂျောင်ဂုပါ ... ကိုကို့ဆီကနေ ဦးဦးအကြောင်း ကြားဖူးပေမယ့် အခုမှ ပထမဆုံးတွေ့ဖူးတာပဲ ဦးဦးက ကိုကို့ထက်တောင် နုနေသေးတယ် ..."
ပြုံးရယ်ရင်း ပြောတဲ့ ချစ်စရာ့ပေါက်စကို အဖေက သဘောကျစွာ ပြုံးရင်း ခပ်အုပ်အုပ်ဆံနွယ်လုံးလုံးကို လက်နဲ့ ပွတ်သပ်သည်။
" ဟယ်ယောင်းကို လာတွေ့တာလား ... အေးအေးဆေးဆေးနှုတ်ဆက်လိုက်ဦးနော် .. ဦးကတော့ အလုပ်ရှိသေးလို့ သွားလိုက်ဦးမယ် .."
" ဟုတ်ကဲ့ "
အဲ့ဒီ့နောက် အဖေထွက်သွားတော့မှ ဂျောင်ဂုမိဘတွေဆီရဲ့ အုတ်ဂူလေးဆီ လျှောက်လာမိတော့သည်။
" ... သေချာ မမှတ်မိပေမယ့် မိဘတွေနဲ့ပတ်သက်ရင် ပျော်စရာကောင်းတဲ့မှတ်ဉာဏ်မျိုးမရှိဘူး ကိုကို ... အဖေက အမြဲတမ်းအမေ့ကို အေးတိအေးစက်ပဲ ဆက်ဆံတာ ... ပြီးတော့ သားသားကိုရောပဲ ..."
မိဘတွေရဲ့အုတ်ဂူကိုငေးကာ ပြောလာတော့ သူ ဂျောင်ဂုပခုံးကို ခပ်ဖွဖွလေးဆုပ်ကိုင်မိသည်။ ဂျောင်ဂုကတော့ သေချာမမှတ်မိပေမယ့် သူကတော့ သေချာသိပါသည်။ ဂျောင်ဂုသုံးနှစ်၊ သူရှစ်နှစ်အရွယ်မှာ ဂျောင်ဂုအဖေက သူနဲ့ဂျောင်ဂု အတူတူဆော့ကစားနေတာမျိုး မကြိုက်။ ထယ်ယောင်းနဲ့ကျ အတူတူကစားဖို့ ခွင့်ပြုပေးပေမယ့် သူနဲ့ အတူတူဆော့ကစားတိုင်း ဂျောင်ဂုအဖေက လာချီသွားတတ်သည်။ သူ့မှတ်ဉာဏ်တွေထဲမှာတော့ ဂျောင်ဂုအဖေဟာ သိပ်ကိုချောမောပြီး အေးစက်လွန်းတဲ့လူသားတစ်ယောက်ပင်။ တစ်ခါတလေကျ သူ့အဖေနဲ့ စကားများရန်ဖြစ်တာမျိုးအထိရှိပေမယ့် ဂျောင်ဂုအဖေကတော့ အနိုင်ရသူပဲဖြစ်ပါလိမ့်မည်။
" ... မဟုတ်ပါဘူး ... မင်းအဖေက မင်းကို အချစ်ဆုံးပါ ... မျက်စိအောက်က အပျောက်မခံတဲ့အထိချစ်တာလေ ... ကိုကိုက အဆော့သန်တဲ့သူမို့လို့ မင်းထိခိုက်မှာစိုးလို့ မင်းရဲ့အဖေက ကိုကိုနဲ့တောင် ဆော့ဖို့ခွင့်မပြုခဲ့ဘူး ... "
မုသားအနည်းငယ်ပါဝင်တဲ့ အမှန်တရားတစ်ချို့ကို သူ ပြောရင်း ဂျောင်ဂုကို နှစ်သိမ့်ပေးမိတော့ ဂျောင်ဂုက စိတ်မသက်သာစွာ ပြုံးသည်။ အဲ့ဒီ့နောက် ပန်းစည်းလေးကိုချကာ အရိုအသေပြုရင်း အချိန်တော်တော်ကြာတဲ့အထိ ဂျောင်ဂုမိဘတွေရဲ့အုတ်ဂူရှေ့မှာ ရှိနေမိခဲ့သည်။
" ဂျောင်ဂုဂီ ~~ ကိုကိုတို့ပြန်ရအောင် ~~ ကိုကိုအယ်ဘမ်အတွက် ပြင်ဆင်စရာလေးတွေရှိသေးတယ် ... ပြီးတော့ ဒီအတောအတွင်း အလုပ်နည်းနည်းများနေမှာမို့လို့ မင်းကို လာမတွေ့နိုင်လောက်သေးဘူး "
" ~~ အင်း အဲ့ဒါဆိုလည်း ပြန်ကြတာပေါ့ ကိုကို ~~ သားသားလည်း စာမေးပွဲရှိနေတာမို့လို့ ကိုကို့ကို အများကြီးအချိန်မပေးနိုင်သေးဘူး ... "
" ဘာပဲဖြစ်ဖြစ် ကိုကိုပို့တဲ့စာတွေကိုတော့ မင်းလျစ်လျူရှုလို့မရဘူးနော် ~~ "
" ကိုကိုကသာ လျစ်လျူရှုနေတာလေ .. သားသားက ကိုကို့စာတွေကို မကြည့်ဘဲ ဘယ်နှစ်ကြိမ်များလောက် နေဖူးလို့လဲ .."
အိမ်အပြန်လမ်းမှာ မျက်စောင်းတခဲခဲနဲ့ ရန်တွေ့မတတ်ဖြစ်နေတဲ့ ဂျောင်ဂုကို သူအသည်းယားစွာ ပါးတစ်ဖက်ကို ဖျစ်ညှစ်လိုက်သည်။
" အ့ ကိုကိုနော် "
" ... ဘာလဲ ... ဘာဖြစ်လဲ .. ချစ်လို့ပဲကို .. "
" အ့!! ထပ်မလုပ်နဲ့တော့နော် ... နာတယ်လို့ "
" ... ချစ်လို့ပါဆိုနေ ..."
အဲ့ဒီ့နောက် သူ့ဆီက ထွက်ပြေးဖို့ ကြိုးစားတော့တဲ့ ဂျောင်ဂုကို သူ စနောက်ရင်း ခဏတာ အချိန်တွေကို ကုန်ဆုံးစေခဲ့လိုက်တော့သည်။
သိပ်မကြာ ... ဆော့ဂျင်တို့ ချန်ရစ်ခဲ့တဲ့ အုတ်ဂူလေးဆီ ရောက်လာတဲ့လူတစ်ယောက်။ အရက်တစ်ခွက်ကို ငှဲ့ချရင်း မဲ့ပြုံး ပြုံးလိုက်မိသည်။
" ဟယ်ယောင်း ~~ မင်းလည်း ဒီမြင်ကွင်း သဘောမကျဘူး မဟုတ်လား ... စိတ်ချ ... ငါက ဖျက်ဆီးပေးမယ် ... မင်း ပျက်စီးသွားသလိုမျိုး ... "
အဲ့ဒီ့နောက် ဂျွန်ဂျောင်ဂု ဆိုတဲ့ကလေးနောက် သူလိုက်သွားမိရင်း အတိတ်က ပုံရိပ်တစ်ချို့ကို မြင်ယောင်လိုက်မိသည်။ သူသည်လည်း ကင်မင်ဆွန်းနဲ့ ဒီလောက်ထိ ပျော်ရွှင်ခဲ့ဖူးပါသည်။ အသက်တွေအများကြီး ကွာတာတောင် သူ့မှာ သိပ်လှတဲ့ ပုံပြင်လေး ရှိခဲ့ဖူးသည်။ အဲ့ဒီ့ ဂျွန်ဟယ်ယောင်း ရောက်မလာခင်အချိန်ထိကပေါ့ ...။
ဟွမ်ဂင်ဝန်းတစ်ယောက် ဂျောင်ဂုအနောက်ကို လိုက်ရင်း အတွေးလွန်နေရာကနေ သူ့အရှေ့ကဂျောင်ဂုကို ကြည့်လိုက်မိသည်။ ဂျောင်ဂုကတော့ Studying Cafeဆီသွားဖို့ လျှောက်လာနေတဲ့ပုံပင်။
" အဟက်! မုန်းဖို့ကောင်းလိုက်တာ ~~ ဂျွန်ဂျောင်ဂု ... ငါက မင်းကို ဒီလိုမျိုး သတ်ပစ်ချင်တာ ”
ပြောရင်းဆိုရင်း လီဗာဖိနင်းကာ တစ်ဖက်က Studying Cafeဆီသွားဖို့ လမ်းကူးတော့မယ့် ဂျောင်ဂုဆီ ဦးတည်လိုက်မိသည်။ လူရှင်းနေတဲ့လမ်းမထက် တည့်တည့်ကြီး ဦးတည်လိုက်မိပေမယ့် အနားရောက်ခါနီးမှာ ငြိမ်သက်သွားတဲ့အတွေးကြောင့် လက်ကိုင်ကို လှည့်လိုက်မိတော့သည်။ ကားနောက်မှန်ထဲမှာတော့ ဂျွန်ဂျောင်ဂုကို လမ်းဘေးဆီ ဆွဲလိုက်တဲ့ ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရသေးသည်။
Advertisement
အချိန်မတန်သေးဘူး ဂျွန်ဂျောင်ဂု!
" ( ဝူး ~~~ ) "
ဘေးနားကနေ အရှိန်ပြင်းပြင်းမောင်းသွားတဲ့ကားတစ်စီးကြောင့် ခူရို သူ့ကို ဆွဲချလိုက်သည်။
" အ့ "
တကယ်ကို ကပ်သီလေးမို့ လန့်ကာ အနောက်ဆုတ်မိတော့ ခူရိုဆွဲချတဲ့အရှိန်နဲ့ သူ့ခြေထောက်က ခွေခေါက်သွားရသည်။
" ဂျောင်ဂု! ရရဲ့လား ... ဟ ဒီကားက ဘယ်လိုလဲ မမြင်ဘူးလား ~~ လူလိုသူလို မမောင်းဘဲနဲ့ ..."
ထွက်သွားပြီဖြစ်တဲ့ကားလေးကို ကြိမ်းမောင်းရင်း ခြေထောက်ခေါက်သွားတဲ့သူ့ဆီ ခူရိုက အကြည့်ရောက်သည်။
" ထနိုင်လား ... လာ ... ငါ တွဲပေးမယ် "
ပြောပြောဆိုဆို ခူရိုက သူ့ကို တွဲလာတော့ သူလည်း ခူရို့အကူအညီနဲ့ studying cafe ဘေးက ခုံတန်းလေးဆီ ရောက်သွားမိသည်။ သေချာကြည့်မိတော့မှ သူ့ခြေထောက်ဟာ နီရဲပြီး ယောင်ကိုင်းနေပြီဖြစ်သည်။
" နင် ဒီမှာ ခဏစောင့်! ငါ ဆေးသွားဝယ်ပေးမယ် "
သူ့ကို တစ်ယောက်တည်းချန်ကာ ထွက်သွားပါတော့တဲ့ ခူရိုကိုတော့ ခေါင်းညိတ်ရင်း စောင့်နေလိုက်မိသည်။ ဒီနှစ်တွေထဲမှာ သူ့မှာ တွဲသွားတွဲလာ သူငယ်ချင်းဆိုလို့ ခူရို့အပြင် မရှိ။ ဒီအတိုင်း ခင်တဲ့ သူငယ်ချင်းတွေသာ များသည်။ တအားရင်းနှီးတာမျိုးမရှိ။ အခုတော့ ခူရိုချန်ခဲ့တဲ့ ထိုင်ခုံလေးပေါ်မှာ သူတစ်ယောက်တည်း ငေးမောရင်း ထိုင်နေမိသည်။ နှင်းမကျနေပေမယ့် လေအေးတွေက တိုက်ခတ်နေတော့ သူ့ခမျာ တစ်ယောက်တည်း ချမ်းစိမ့်စိမ့်ဖြစ်နေရသေးသည်။
" ဟူး ... ကိုကို့ကို သတိရလိုက်တာ ... "
လက်ဖဝါးတွေကို ပွတ်ရင်း သူ့ကိုနွေးထွေးစေမယ့် ကိုကို့ကို သတိရလိုက်မိသည်။ မနက်ကတင် တွေ့ထားပေမယ့် သူ့စိတ်ထဲမှာတော့ ကိုကိုနဲ့မတွေ့ရတာ တော်တော်ကြာနေပြီလို့ ထင်နေမိသည်။
" ဂျောင်ဂုဂီ ~~ ဟို ... ဟို ... တစ်ယောက်တည်းလား .. "
ရုတ်တရက် သူ့ရှေ့ရောက်လာတဲ့ အတန်းဖော်တစ်ယောက်ကြောင့် သူပြုံးပြလိုက်မိသည်။ ခူရိုနဲ့ခင်နေတဲ့ကောင်မလေးတစ်ယောက်ပင်။
" ... အင်း ~~ အဲ .. မဟုတ်ဘူး ခူရို့ကို စောင့်နေတာ .. "
" အာ ~~ ဟုတ်လား "
" .... "
" ... ဒါနဲ့လေ တစ်ခုလောက်အတည်ပြုချင်လို့ မေးလို့ရမလားဟင် ... "
" ... ရပါတယ် ဖြေနိုင်တာဆို ဖြေပေးပါ့မယ် "
" ... ဂျောင်ဂုနဲ့ ... ခူရိုကလေ ... တွဲနေကြတာလား ..."
မေးခွန်းအဆုံး သူရယ်လိုက်မိသည်။ တစ်ဖက်ကကောင်မလေးကတော့ သူ့အပြုံးကြောင့် ရောယောင်ရင်း လိုက်ပြုံးသည်။
" မဟုတ်ပါဘူး ... ငါနဲ့ခူရိုက အခင်ဆုံး .. အရင်းနှီးဆုံး သူငယ်ချင်းတွေပါ ... "
" အာ ~~ တကယ်လား ... ဒါဆို ဂျောင်ဂုမှာ ကောင်မလေးရှိလား "
ပျော်ရွှင်သွားပုံရတဲ့ကောင်မလေးက မေးခွန်းထုတ်လာတော့ သူခေါင်းခါလိုက်သည်။
" ဟင်အင်း ကောင်မလေးတော့ မရှိဘူး .. ဒါပေမဲ့ ~~ "
" ရပြီ ~~ ရပြီ ... အခုလာတာက .. ကော်ဖီလေး ပေးချင်လို့ပါ ... ထိုင်နေတာ တော်တော်ကြာနေပြီ ... အေးနေတာနဲ့ ဂျောင်ဂုကို နွေးသွားစေချင်လို့ပါ ... "
ကမ်းပေးလာတဲ့ကော်ဖီနွေးနွေးကို သူကြည့်ရင်း ထိုကောင်မလေးကို သူကြည့်လိုက်မိသည်။ အေးနေလို့ ကော်ဖီနွေးနွေးကို ယူချင်ပေမယ့် ယူလိုက်မိရင် မျှော်လင့်ချက်ပေးသလိုဖြစ်သွားမှာပင်။ အဲ့ဒီလိုအထင်မှားသွားရင် သူတာဝန်မယူနိုင်။
" ... အာ ~~ မယူတော့ပါဘူး ... ရပါတယ် ..."
" ဟင်အင်း ယူပါ .. ဘယ်လိုမှ သဘောမထားပါဘူး .. ဒီမှာ ယူလိုက်နော် ..."
အတင်းကို လက်ထဲထိုးထည့်ပေးသွားပြီး ပြေးထွက်သွားတာကြောင့် သူ့ခမျာ ကော်ဖီတစ်ခွက်နဲ့ အူလည်လည်လေးကျန်ခဲ့ပြန်သည်။ မထူးတော့တဲ့အဆုံး သူလည်း သောက်ချင်နေတာမို့ ကော်ဖီတစ်ငုံသောက်ရင်း ကိုကို့သီချင်းကို ညည်းနေလိုက်မိတော့သည်။
ထိုမြင်ကွင်းကိုတော့ ကြည့်နေမိတာက ဆေးဝယ်ပြီး ပြန်လာတဲ့ ကောင်မလေးပင်။
... ဘာလို့လဲ ... ဘာလို့ အဲ့မြင်ကွင်းကို စိတ်တိုနေတာလဲ .. ငါ ဂျောင်ဂုကို မကြိုက်တော့တာ တော်တော်ကြာနေပြီလေ ... ဘာဖြစ်လို့လဲ ...
သဝန်တိုနေတဲ့ စိတ်တွေကို ထိန်းချုပ်ကာ ပြုံးရယ်ရင်း ရှင်းခူရိုဆိုတဲ့သူမ ဂျောင်ဂုဆီပြန်လာလိုက်သည်။
" ရပြီ ဂျွန်ဂျောင်ဂု ~~ နင်ကတော့ ကော်ဖီနဲ့ ငြိမ့်နေသေးတယ် .."
" သောက်မလား ရော့ .. ခုနက နင့်သူငယ်ချင်းပဲ လာပေးသွားတာ "
" ကောင်းသားပဲ "
အဲ့ဒီ့နောက် ခုံတန်းလေးပေါ် ဂျောင်ဂုခြေထောက်တင်ကာ ဆေးလိမ်းတော့ သူမ ဂျောင်ဂုကို သေချာကြည့်မိသည်။ ဘဝမှာ ပထမဦးဆုံးအနေနဲ့ ဂျောင်ဂုကို သူမ ရင်ခုန်ခဲ့ရပေမယ့် ဂျောင်ဂု ခွင့်မပြုတဲ့စည်းကို သူမ ဖျက်ချိုးဖို့ ဆန္ဒ မရှိခဲ့ပါ။ အခုလည်း အဲ့ဒီလို မရည်ရွယ်ပေမယ့် တစ်ခဏလေးအတွင်းမှာ ပြောင်းလဲသွားခဲ့တဲ့ စိတ်က ထူးဆန်းအံ့ဩဖို့ကောင်းသည်။ သူမရှေ့မှာ ဖြူစင်စွာနဲ့ တည်ရှိနေတဲ့လူသားဟာ ဘယ်သူ့ကိုမဆို အလွယ်တကူရင်ခုန်စေနိုင်လောက်တဲ့အထိ အင်အားပြင်းလွန်းပါသည်။
" ... ရပြီပဲ ... သိပ်မနာတော့ဘူး ..."
သူမ ဂျောင်ဂုကို ကြည့်ရင်း မခုန်တာကြာပြီဖြစ်တဲ့ ရင်ခုန်သံစည်းချက်လေး တိုးညင်းစွာ စတင်ထွက်ပေါ်လာသည်။ ဂျောင်ဂုကတော့ သူမကို သတိထားမိပုံမပေါ်၊ ဆေးကို ကျောပိုးအိတ်ထဲပြန်ထည့်ကာ သူမလက်ထဲက ကော်ဖီခွက်လေးကို ပြန်ယူသည်။ အသားချင်းထိကပ်မိတဲ့တစ်ခဏမှာ တိုးညင်းနေတဲ့ရင်ခုန်သံက ဒိတ်ကနဲ့ ကျယ်လောင် ဆောင့်တက်လာသည်။ ကော်ဖီကို တစ်ငုံစာ မော့သောက်လိုက်တဲ့ ပါးလျလျနှုတ်ခမ်းအစုံက သူမကို ရင်ဖိုလာစေလျှင် ထိုနေရာကနေ အကြည့်မလွှဲမိ။ အချိန်တော်တော်ကြာ သိမ်းဆည်းထားရတဲ့ရင်ခုန်သံတွေ အခုမှ စုပြုံပေါက်ကွဲထွက်လာသလို တစ်ခုခုလုပ်ဖို့ တွန်းအားပေးနေပြန်သည်။
" ... ဘာ ကြည့် နေ တာ လဲ ... အတန်းလစ်ချင်လို့လား မရဘူးနော် "
Advertisement
ပြုံးရယ်ပြီး ပြောလာတဲ့ ထိုလူသားကတော့ သူမ ဘာဖြစ်နေတယ်ဆိုတာ နားလည်နိုင်မှာမဟုတ်။ ရုတ်တရက် ဂျောင်ဂု ချိုးဖျက်ဖို့ ခွင့်မပြုတဲ့စည်းကို သူမ ချိုးဖျက်ချင်လာသည်။ ဘယ်သူငယ်ချင်းမှ အနားမှာ မရှိခဲ့ဘဲနဲ့ အခုချိန်ထိ သူမတစ်ယောက်တည်းကိုပဲ တွဲခဲ့တယ်ဆိုတော့ ဂျောင်ဂုရဲ့ ခံစားချက်ကို သိသာစေချင်သည်။ အဲ့ဒါကြောင့် ရင်ခုန်တာကလွဲလို့ အမည်ပေါ်မလာတဲ့ ဒီခံစားချက်တွေကို အမည်တပ်ဖို့အတွက် သူမ ဘာကိုမှ ဂရုမစိုက်ဘဲ လုပ်ချလိုက်မိတော့သည်။
" .. အွန့် .. "
ရုတ်တရက် အေးစက်တယ်လို့ထင်ရတဲ့သူ့နှုတ်ခမ်းပါးတွေ တစ်စုံတစ်ယောက်ရဲ့နှုတ်ခမ်းနွေးနွေးနဲ့ ထိကပ်သွားလေလျှင် နူးအိအိခံစားချက်ကို သူရလိုက်မိသည်။ သူ မတုံ့ပြန်မိဘဲ သူ့နှုတ်ခမ်းပေါ်မှာ ညင်သာစွာ လှုပ်ခတ်နေတဲ့နှုတ်ခမ်းသားတွေကို စူးစမ်းနေမိသည်။ ရင်ထဲမှာ တင်းကျပ်မှုတစ်ခုနဲ့အတူ မောဟိုက်သလို တုန်ယင်လာလေလျှင် သူ ဘာဖြစ်နေတယ်ဆိုတာ မဆုံးဖြတ်နိုင်တော့။ သေချာတာက ကိုကို့ဆီက အနမ်းကို ရတုန်းက ခံစားချက်နဲ့ မတူ။
အယ် ~~ ဟုတ်သား ... ကိုကို ... သူ့မှာ ကိုကို ရှိတယ်လေ ...
ကြောင်အနေရာကနေ သူ ကိုကို့မျက်နှာမြင်လာတော့မှ ခူရို့ကို တွန်းထုတ်လိုက်မိသည်။ နှင်းလေအေးထဲ စိုစွတ်နွေးထွေးသွားတဲ့ နှုတ်ခမ်းကို လက်ခုံနဲ့ဖိသုတ်ကာ သူမေးမိသည်။ ကော်ဖီခွက်တော့ မြက်ခင်းပေါ် မှောက်ကျသွားခဲ့ပြီဖြစ်သည်။
" ဘာလုပ်တာလဲ ခူရို ..."
" ငါ ~~ ငါတောင်းပန်တယ် "
နီရဲနေတဲ့သူ့မျက်နှာကြောင့် ခူရိုက မကြည့်ဘဲ ပြန်ဖြေလာသည်။
" ဆောရီး ... ဂျောင် ~~ ဂျောင်ဂု .. ငါ ... ငါ သွားပြီ "
ခြေမကိုင်မိ လက်မကိုင်မိ ပုံစံလေးနဲ့ သူ့အနားကနေ ပြေးထွက်သွားတဲ့ ရှင်းခူရိုကိုတော့ သူ ကြည့်ရင်း မောဟိုက်တုန်ယင်နေတဲ့ ရင်ဘတ်ကို ငြိမ်သက်အောင် ထိန်းကျောင်းဖို့ ကြိုးစားလိုက်မိတော့သည်။
အခု ... ဒီထိတွေ့မှုကြောင့် ရင်ခုန်သွားခဲ့တာလား သူမသိ ... သေချာပြောနိုင်တာကတော့ ကိုကို့ကို နမ်းရတဲ့ခံစားချက်နဲ့ မတူပါ ... ဒါဆို ရောထွေးလာတဲ့ ဒီခံစားချက်က ဘာဖြစ်မလဲ ...
မတွေးနဲ့ဂျောင်ဂု! ဆက်မတွေးနဲ့ ... မင်းဆီမှာ ကိုကိုကလွဲရင် ဘယ်သူမှ မရှိဘူး ...
အဲ့ဒီ့နောက် အဲ့ဒီနေရာမှာ စိတ်ငြိမ်စေဖို့အတွက် သူအကြာကြီး ထိုင်နေမိခဲ့တာ အအေးမိတဲ့အထိပင်။ အချိန်တော်ကြာတဲ့အထိ မငြိမ်သက်တော့တဲ့ ရင်ဘတ်ကြောင့် သူ အပြစ်ရှိသလို ခံစားလိုက်ရသည်။
မဟုတ်မှလွဲ ခူရို့ကိုလည်း ရင်ခုန်တယ်ဆိုတဲ့ သဘောများ ဖြစ်လေမလား အဲ့ဒါဆို ကိုကို ... ကိုကိုကရော ... သူ ကိုကို့ကို မချစ်ခဲ့တာများလား ... မဟုတ်သေးဘူး ... သေချာပေါက် သူ့ရဲ့ပထမဦးစားပေးကလည်း ကိုကိုပါ ... သေချာနေရဲ့သားနဲ့ ... အခုထက်ထိ ထိန်းမရတဲ့ခံစားချက်က သူ ကိုကို့တစ်ယောက်တည်းကိုပဲ မြင်နေမိခဲ့လို့များလား ...
မဟုတ်ဘူး ...
မတွေးနဲ့တော့ ဂျွန်ဂျောင်ဂု ...
ဆက်မတွေးနဲ့တော့ ...
💠💠💠
" နမ်းတာလား? မလုပ်နိုင်ဘူး "
" ဂျင် ... အဲ့ဒီ့ scene က သဘောတူပြီးသားလေ "
" ကျွန်တော့်ကိုပေးတဲ့ script က အဲ့ဒါမပါဘူးလေ ... ရှင်းရှင်းပဲ မလုပ်နိုင်ဘူး ... အစားထိုးလိုက် "
" ဂျင်! ... တော်ပြီ ... မင်းမန်နေဂျာရော ..."
" လာလိမ့်မယ် "
MV ရဲ့ Love Scene အတွက် တစ်ဖက်က သရုပ်ဆောင်နဲ့ နမ်းခိုင်းနေတော့ သူမလုပ်နိုင်။ သူ ခပ်တန်းတန်းပဲ ငြင်းကာ မန်နေဂျာအစ်ကိုကိုသာ စောင့်သည်။ အဲ့ဒီ့နောက် ဘာတွေ ဘယ်လိုဖြေရှင်းကြလိုက်လဲတော့မသိ။ ရိုက်ကွင်း နားပြီး schedule ရွေ့လိုက်ရတော့သည်။ ရလဒ်ကတော့ နားချိန်ပိစိထွက်လာသည်ပင်။
တကယ်ပါ သူ ဂျောင်ဂုကလွဲလို့ ဘယ်သူ့ကိုမှ မနမ်းနိုင်။ အလုပ်သဘောအရတောင် မလုပ်နိုင်ပါ။
" ဟူး မောလိုက်တာ ~~ ငါ့ရဲ့ကွတ်ကီးလေး ဘာလုပ်နေမလဲ အခု "
နားချိန် ခဏရတာနဲ့ သူဖုန်းထုတ်လိုက်မိသည်။ ဂျောင်ဂုဆီ ဖုန်းဆက်ချင်ပေမယ့် ဆက်လို့မဖြစ်။ စာသင်ချိန်ဖြစ်နေရင် သူ နှောင့်ယှက်သလို ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် စာတိုလေး ပို့လိုက်မိသည်။ စာကတော့ ဝင်ပေမယ့် ပြန်ဖြေတာမျိုးတော့မရှိ။ ဒီလောက်ဆို သူသိလိုက်ပြီ၊ သူ့ကလေးလေး သင်ခန်းစာတွေနဲ့ ရှုပ်နေပြီဆိုတာလေ။ ထို့ကြောင့် ဘာမှမလုပ်တော့ဘဲ ဖုန်းပိတ်ကာ ငြိမ်သက်နေလိုက်မိသည်။
" ( တီ .. တီ ) "
ဖုန်းပိတ်ပြီ ဆိုကာမှ မက်ဆေ့ခ်ျက ဝင်လာတော့ ဂျောင်ဂုဆီကလားဆိုပြီး သူ အားရဝမ်းသာ ဖွင့်ကြည့်မိသည်။ သို့ပေမယ့် unknown number ဖြစ်နေတာမို့ မျက်မှောင်ကြုတ်မိသွားသည်။ သူ့ကိုယ်ပိုင်နံပါတ်ကို သိတဲ့သူက ခပ်ရှားရှားရယ် ...။
Spam massage တွေပဲဖြစ်မှာပါဆိုပြီး ဖုန်းပြန်ပိတ်ဖို့ကြိုးစားတော့ သူ့ဖုန်းထဲ ဝင်လာတဲ့ပုံကြောင့် အံ့ဩမင်သက်မိသွားသည်။
" ... ဒါ ... ဒါက .. "
သူမြင်လိုက်ရတာက ဂျောင်ဂုနဲ့ ခူရိုဆိုတဲ့ကောင်မလေး နမ်းရှိုက်နေတဲ့ပုံရိပ်ပင်။ သူ စိတ်မထိန်းနိုင်စွာ မတ်တပ်ထရပ်မိသည်။ ရုတ်တရက် စိတ်တိုဒေါသထွက်လာတဲ့ခံစားချက်က ထူပူလာလေလျှင် စိတ်ကိုငြိမ်စေဖို့ မတ်တပ်ရပ်နေတဲ့အတိုင်း ဖြေလျော့ကြည့်မိသည်။
" မဟုတ်ဘူး ဆော့ဂျင်! မင်း သားသားဆီ အလောတကြီး သွားလို့မဖြစ်ဘူး ... အမှားတွေ လုပ်မိလိမ့်မယ် ... ခဏလေး ... ဆော့ဂျင် ... ခဏလေး "
ဝင်သက်ထွက်သက်တို့ကို ပုံမှန်ပြန်ဖြစ်စေပြီးမှ ဒုတိယအကြိမ် ပြန်ကြည့်မိသည်။ ပြုပြင်ထားတဲ့ပုံမဟုတ်မှန်း ခိုးရိုက်ခံရတဲ့အတွေ့အကြုံတွေအရ သူနားလည်သည်။ ဒါပေမဲ့ ပထမဆုံးတွေးရမှာက ဘယ်သူက သူ့ကို ဒါတွေ လာပို့တာလဲ ... သူနဲ့ ဂျောင်ဂုတွဲနေတယ်ဆိုတာ မန်နေဂျာရယ်၊ ထယ်ယောင်းရယ်၊ ပရိုဂျူဆာမင်ရယ်၊ သူ့အဖေရယ်ကလွဲလို့ ဘယ်သူမှ မသိ။
ဒီတလော သူ့ကို အနှောင့်အယှက်ပေးတာဆိုလို့ ဟွမ်ဂင်ဝန်းပဲ ရှိသည်။ ဟွမ်ဂင်ဝန်းဆိုတာကလည်း ဂျောင်ဂုကို နောက်ယောင်ခံလိုက်နေတဲ့သူပင်။
ဒီလိုပုံမျိုးတွေ ရနိုင်တာ ဟွမ်ဂင်ဝန်းကလွဲပြီး ဘယ်သူမှ မရှိ။
ဟုတ်တယ် ဆော့ဂျင် ~~ မင်း သားသားကို ဒေါသထွက်ပြလိုက်ရင် ဒါက သူလိုချင်တဲ့ပုံပဲဖြစ်သွားလိမ့်မယ် ... ဒီပုံက မှန်နေခဲ့ရင်တောင် အထင်လွဲတာပဲဖြစ်မှာ ...
ဆော့ဂျင် သက်ပြင်းချရင်း နေရာမှာ ပြန်ထိုင်လိုက်သည်။ သို့ပေမယ့် သူ့စိတ်အစုံတို့က တစ်ဦးတည်းသော ကလေးလေးဆီတွင်သာ ပျံ့လွင့်နေခဲ့တော့သည်။
💠💠💠
" ~~~ "
လေအေးအေးတွေ ဖြတ်တိုက်နေတဲ့ အိမ်ပြန်လမ်းမှာ သူ သီချင်းလေးညည်းနေမိသည်။ အရင်ကလို အိမ်ပြန်ရောက်ရင် ကိုကို့ဗွီဒီယိုတွေကြည့်ရမှာမို့ စိတ်အားထက်သန်နေတာမျိုးမရှိဘဲ ဒီနေ့မှ ထူးထူးဆန်းဆန်းလေးလံနေသည်။ ကိုကိုမဟုတ်တဲ့ တခြားတစ်ယောက်နဲ့ နမ်းခဲ့မိတယ်ဆိုတာ အခုထိ သူမယုံနိုင်သေး။
" ဟင်း "
ဂျောင်ဂု သက်ပြင်းချရင်း သီချင်းသံစဉ်တွေကို အာရုံစိုက်မိတော့ ကိုကို ကာဗာဆိုထားတဲ့ " Only Then " သီချင်းလေးဖြစ်နေသည်။
// .. မင်းလေးက အခြားတစ်ယောက်ကို ချစ်မိသွားမယ်ဆိုရင် ... ကိုယ်ကလည်း မင်းမရှိဘဲ နေသားကျသွားတဲ့အခါကျရင် ... အဲ့ဒီ့အချိန်ရောက်လာခဲ့ရင် အဲ့ဒီ့အခါကျမှ လမ်းခွဲလိုက်ရင်လည်း ဖြစ်ပါတယ်လေ .. //
သီချင်းစာသားတွေက သူ့ကိုရည်ရွယ်လေသလား ဒါမှမဟုတ် ကိုကို့အသံဖြစ်နေလို့လား သေချာမဝေခွဲတတ်၊ သူ့အဖြစ်ကို သိရင် ကိုကို ဒီစကားတွေ ပြောနိုင်လောက်သည်။ ဒါပေမဲ့ သူကိုကိုနဲ့ လမ်းခွဲဖို့ ဆိုတာ မတွေးဖူးတဲ့အရာပင်။ ကိုကိုမရှိရင် သူ့ဘဝဟာ ကမောက်ကမဖြစ်ပါလိမ့်မည်။ ထို့ကြောင့် နားကျပ်ကိုဖြုတ်ကာ ပြန်သိမ်းလိုက်သည်။ သီချင်းသံက သူ့ကို ဝမ်းနည်းနာကျင်စေသည်။
" ဟက်ချိုး .. "
အအေးမိနေသည်မို့ သူ နှာချေလိုက်ရင်း နှာခေါင်းတွေကို ပွတ်လိုက်မိသည်။ အေးစိမ့်စိမ့်ဖြစ်နေပေမယ့် အိမ် ပြန်ဖို့ တွ့န်ဆုတ်နေမိသည်။
" ဒီအပြစ်ရှိသလို ခံစားချက်က ဘာကြီးလဲ ... မဟုတ်တာ လုပ်ထားတာမှ မဟုတ်တာ ... ဖောက်ပြန်တာမှ မဟုတ်တာ ... ရှင်းခူရိုကို ငါမကြိုက်ဘူးလေ ... ဒါဆို နမ်းမိသွားလို့ အခုလိုဖြစ်နေတာလား ..."
ဝေခွဲရခက်စွာနဲ့ ကွန်ဒိုမရောက်ခင် လမ်းမှာတင် သူ ဆောင့်ကြောင့်လေး ထိုင်ချလိုက်မိသည်။
" ဟုတ်တယ် ! နမ်းမိသွားလို့ ... ငါက ကိုကို့ကိုချစ်တယ်လေ ... ငါနဲ့ခူရို နမ်းမိသွားတာ ကိုကိုသိမှာ ကြောက်နေလို့ အခုထိ ရင်တုန်နေတာပဲ ဖြစ်မယ် ... ဟုတ်တယ် ... အယ် ... ဟင်အင်း မဟုတ်သေးဘူး ... ကိုကို သိမှာ ကြောက်စရာမလိုဘူးလေ .. ဘာလို့ဆို ခူရိုနဲ့ ငါက ဘာမှ မဟုတ်ဘူးလေ ... "
တစ်ယောက်တည်း လမ်းဘေးမှာ ဆောင့်ကြောင့်လေးထိုင်ကာ ခေါင်းခါလိုက် ခေါင်းညိတ်လိုက်လုပ်နေရင်း သူ့အနောက်က ထွက်လာတဲ့အသံကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားမိသည်။
" ဂျွန် ဂျောင် ဂု !!! ဘာ လုပ် နေ တာ လဲ "
ပုံမှန်နေ့တွေထက် အေးစက်နေသည်မို့ သူ ကျောလေးတောင့်ရင်း အသံပိုင်ရှင် ကိုကို့ကို လှည့်ကြည့်မိသည်။ မနက်ကတင် အယ်ဘမ်အတွက်ပြင်ဆင်ရမှာဆိုပြီး လာမတွေ့နိုင်ဘူးပြောထားတဲ့ကိုကိုဟာ အခုတော့ သူ့အနောက်မှာပင်။
တွေ့လား ကိုကိုနဲ့သူက တစ်ယောက်မရှိရင် တစ်ယောက်က သေမတတ်ဖြစ်နေတာပဲကို ... သူကသာ စိုးရိမ်လွန်နေတာပဲဖြစ်မယ်ထင်သည်၊ ... ရှင်းခူရိုနမ်းလိုက်လို့ ရင်ခုန်သွားတယ်ဆိုတာ မဖြစ်နိုင်။
" ဟီး ဟီး "
အပြစ်လုပ်ထားသည််မို့ မရဲတရဲ သွားဖြဲပြုံးပြမိတော့ ကိုကိုက သူ့နှုတ်ခမ်းတွေဆီ အကြည့်ရောက်လာသည်။ Long Coatအရှည်ဝတ်ထားတဲ့ ကိုကိုဟာ maskတပ်ပြီး သူ့အပြန်ကို လမ်းထိပ်မှာ စောင့်နေခဲ့တာနဲ့ တူသည်။
သူ ခေါင်းငုံ့ကာ ကျောပိုးအိတ်ကြိုးကို ကိုင်ရင်း ကိုကို့ရှေ့ လျှောက်သွားမိတော့ ကိုကိုက သူ့ ကျောပိုးအိတ်ကြိုးကနေ ဆွဲယူကာ Long Coat ထဲ သူ့ကိုယ်လေးကို ထည့်ဖွက်သည်။ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ကိုကို့ရင်ခွင်ထဲရောက်သွားသည်မို့ အအေးဓာတ်ကဲနေတာတွေ လျော့ကာ နွေးထွေးသွားရသည်။ သူ ကိုကို့ကို မော့ကြည့်မိတော့ ကြည်လဲ့လဲ့ ကိုကို့မျက်ဝန်းတွေက သူ့ကို ဂျစ်ကန်ကန်စိုက်ကြည့်နေသည်ပင်။
" ... ဟင် ~~ ဘာလို့အဲ့ဒီလိုကြည့်နေတာလဲ ပြီးတော့ public ကြီးမှာ အခုလိုဖက်ထားတာ ဓာတ်ပုံရိုက်ခံရမှာ မကြောက်ဘူးလား .."
ထုံးစံအတိုင်း သူမေးမိတော့ ကိုကိုက သူ့ပါးနှစ်ဖက်ကို အုပ်ကိုင်သည်။ ရေနွေးအိတ်ကိုင်ထားလို့နဲ့တူသည်၊ ကိုကို့လက်ဖဝါးနွေးနွေးက သူ့ပါးပြင်အေးအေးလေးကို နေရသက်သာစေသည်။
" ... ရိုက်ကြပါစေ .. မင်းနဲ့အတူတူ ဓာတ်ပုံအရိုက်ခံချင်တယ် ... ပြီးတော့ သတင်းစာတွေ ၊ သတင်းဝက်ဆိုဒ်တွေမှာ ပလူပျံနေအောင် သတင်းတွေ တက်စေချင်တယ် ... "
" ဟင်~~ ကိုကိုကလည်း .. သားသားက ... အင့် ..."
ရုတ်တရက် သူစကားပြောရင်းကနေ ကိုကိုက သူ့နှုတ်ခမ်းကို လျှာလေးနဲ့ စုပ်သပ်မိတော့ သူ လန့်သွားမိသလို ရှောင်လိုက်မိသည်။ အိမ်မှာဆို ရှောင်မှာ မဟုတ်ပေမယ့် လူမြင်ကွင်းမှာမို့ နမ်းလို့မဖြစ်တာ သူသိသည်။ ကိုကိုက ဒီအခြေခံအချက်လေးကို မသိတာများလား ...။
" ... "
သူရှောင်မိတာမို့ ကိုကို့မျက်ဝန်းတွေဖျော့တော့ကာ သူ့ကို မကျေမနပ်စိုက်ကြည့်သည်။ အဲ့ဒီ့နောက် ကိုကိုက မျက်နှာကို ထပ်မံတိုးကပ်ကာ ဒုတိယအကြိမ် သူ့ကို နမ်းဖို့ ကြိုးစားတော့ သူလက်လေးနဲ့ကာလိုက်မိသည်။ ကိုကို့ကို မနမ်းချင်တာမဟုတ်။ လူမြင်ကွင်းမှာ ကိုကို့ဆီက အနမ်းခံရဖို့က သူအမျှော်လင့်ဆုံးအရာဖြစ်ခဲ့ပေမယ့် အခုတော့ မဟုတ်သေးဘူးလေ။
" ဘာဖြစ်တာလဲ ဂျွန်ဂျောင်ဂု ! နမ်းပေးမယ့်သူရှိလို့ ငါ့ကိုမလိုတော့တာလား "
ကိုကိုကတော့ စိတ်အလိုမကျတိုင်း ပြောနေကျ ဂျစ်ကန်ကန်စကားတွေ ထွက်လာပေမယ့် သူကတော့ ထိတ်လန့်မိသွားသည်။ သိနေတာလား ... သိသွားပြီလား ... ဒါပေမဲ့ သိစရာအကြောင်းမရှိဘူးလေ ...
" မဟုတ် ~~ မဟုတ်ဘူးလေ ကိုကိုရယ် ... အခုက လူမြင်ကွင်းမှာလေ ... တစ်ယောက်ယောက်မြင်သွားရင် ဘယ်လိုလုပ်မလဲ ... သတင်းတွေပြန့်သွားရင် ဘယ်လိုလုပ်မလဲ ..."
" ပြောပြီးပြီးလေ ... သတင်းတွေအကုန် ကိုကိုတို့နှစ်ယောက်နမ်းနေတဲ့ပုံနဲ့ ပြည့်စေရမယ်လို့ ... "
" ... ဟ ... ကိုကိုနော် သားသားက ငယ်ငယ်လေးပဲ ရှိသေးတာ ... အဲ့ဒီ့အတွက် အဆင်သင့်မဖြစ်သေးဘူး ..."
" ... မရဘူး ... ဒီတစ်ခါတော့ ကိုကို မင်း စကားနားမထောင်ဘူး "
ပြောပြီးတာနဲ့ ထပ်နမ်းဖို့ ငုံ့မိတော့ သူ လက်နဲ့တွန်းမိသည်။
" အဆင်သင့်မဖြစ်သေးဘူးဆို ... လာ .. အိမ်ပြန်မယ် ... အိမ်ရောက်ရင် ကြိုက်တာလုပ် "
မျက်မှောင်ကြုတ်ကာ ကိုကို့ရင်ခွင်ထဲကနေ ရုန်းထွက်ရင်း သူ ပြောမိတော့ ကိုကို့မျက်ဝန်းတွေ နီရဲလာသည်။ ဒေါသထွက်နေတဲ့ပုံစံပင်။
" ဟုတ်ပြီ .. အဆင်သင့်မဖြစ်သေးဘူး ?? နမ်းနေတဲ့ပုံတွေ အရိုက်ခံရဖို့အတွက် အဆင်သင့်မဖြစ်သေးဘူး?? အဲ့ဒါဆို ဒါက ဘာတွေလဲ ဂျွန်ဂျောင်ဂု!! "
ရုတ်တရက် ဖုန်းထုတ်ကာ ပြပေးလာတဲ့ ပုံရိပ်တွေကြောင့် သူ မူးဝေဝေဖြစ်သွားမိသည်။ သူနဲ့ ခူရို နမ်းနေမိတဲ့ပုံရိပ်ပင်။ ကိုကိုသိသွားမှာ အရမ်းကြောက်နေခဲ့ပေမယ့် အခုတော့ ကိုကိုသိသွားပြီဖြစ်သည်။
Advertisement
- In Serial10 Chapters
Paradise of Abyss
Aziel is clueless, Glen seems like a boy who knows everything, Navir the lazy boy, Keira is dumb as fuck. All good for nothing man suddenly left their own world for a world called the Abyss. But wait, there's should be another one! But no one remembers him! Aziel remembers everything about him except his name. For some reason, only Aziel know their life before and he doesn't remember the life they had now in contrast to others. What is the world called Abyss? What actually happens to them? Can Aziel resolve all the puzzles alone? Or he will be puzzled by the Abyss? Note- I really appreciate an honest review. English is not my first language. I want to know how can I improve in every aspect. Have a good day. No schedule. Once a month maybe.
8 214 - In Serial44 Chapters
The Order and The Lost
An ensemble cast on both sides of the line between good and evil walk towards disaster. Every chapter is a different lead from the previous. I apologize for the sometimes awful character names. Part of the Demonsword Project universe (First Age). Started during NaNoWriMo 2018 but never finished. Updates Monday and Friday for now.
8 164 - In Serial12 Chapters
Le héros pas comme les autres [French]
L'armée du roi démon piétine les nations du continent Lirgo, dans un dernier espoir le royaume de Farosse tente un rituelle d'invocation de héros, ne se doutant pas que les sacrifiants n'était pas assez pour l'invocation apparaître une bonne faisant partie de la population qui fut remplacée par une vaste terre appartenant à une nation appelée Allemagne mais sera-t-elle assez puissante face au danger de ce monde.
8 250 - In Serial150 Chapters
Wrong number Avengers
y/n after returning to new york receives a letter from an old friend they get his new number but what happens when a badly wrote 1 looks like a 7.i do not own any characters apart from y/n all others belong to marvel. don't come after methere is tw of abuse, swearing mostly it will be on the chapter but if i forget i am sorry and if there is anything else specific it will be on the chapter. regular postingi am beginning to edit this book now (4/5/22)
8 2226 - In Serial18 Chapters
Run Boy Run!
This is a story about someone who runs away from everything. A selfish story of a person. On What will he do?On What will he think?On What will be his actions?Or How things conclude?
8 126 - In Serial12 Chapters
Advice Hotline | ✔️
where a boy meets a girl who gives him advices
8 191

