《Me, Myself & Bad Romance •||• JINKOOK》【06】
Advertisement
⟨ Unicode Version ⟩
• Me, Myself And Bad Romance •
- အပိုင်း ၀၆ -
" ... ဂျောင်ဂု .. ဂျောင်ဂု .. သိပြီးပြီလား "
မနက်ပိုင်းအတန်းချိန်မရှိတုန်း ကန်တင်းမှာ နို့တစ်ဘူးနဲ့ ထိုင်နေရာကနေ အနားရောက်လာတဲ့ Cookies Fan Club ကကောင်မလေးတွေကြောင့် သူလန့်သွားသည်။ ခူရိုရှိရင် ထိုကောင်မလေးတွေ သူ့ဆီမလာကြပေမယ့် အခု ခူရိုက သူ့ကို ရှောင်ကာ ပတ်ပြေးနေသည်မို့ သူတစ်ယောက်တည်းဖြစ်နေတာဖြစ်သည်။
" ဟင် "
" ... ဂျင်အိုပါးကလေ ... တွဲနေတဲ့သူရှိတယ်တဲ့ .. မနေ့ညကပဲ တက်လာတာ နင်မသိသေးဘူး မပြောနဲ့နော် "
သူတို့စကားကြောင့် သောက်နေတဲ့နို့ပါ သီးရင်း ပြလာပေးတဲ့ဖုန်းကို ကြည့်လိုက်မိသည်။
ဟုတ်ပါရဲ့ ... မနေ့ညက သူ့ကွန်ဒိုအနီးမှာ ကိုကိုသူ့ကို ပွေ့ပိုက်ကာ နမ်းဖို့ ကြိုးစားခဲ့တဲ့ပုံတွေဖြစ်သည်။ သူ့မျက်နှာတော့မပါပေမယ့် ကိုကို့မျက်နှာလှလှက သိပ်ထင်းလွန်းသည်။
" ... ဒါ ... ဒါက တကယ်ကြီးလား .."
" အေးလေ ... နင် ဘာလုပ်နေလို့ မသိရတာလဲ ... ကြည့် ... အိုပါးတွဲနေတဲ့ကောင်လေးက ကလေးပဲရှိဦးမယ်ထင်တယ် .... ကျောင်းဝတ်စုံနဲ့ဆိုတော့ ... "
သေချာဖြဲပြီးကြည့်နေကြတဲ့ fangirl တွေကြားမှာ သူ နေမထိ ထိုင်မသာဖြစ်လာလေတော့ ကျောလေးမတ်သွားရသည်။
" နေဦး ... ကျောပိုးအိတ်.. ဒီအိတ်က ရင်းနှီးနေတယ် . .. ကြည့် ... ဂျောင်ဂု ... နင်ကြည့်ကြည့်..."
ထိုစကားကြောင့် သူပိုတိုးလို့ တောင့်တင်းမိတော့ ထိုနေရာကနေ အမြန်ပြေးဖို့ ကြိုးစားလိုက်ရတော့သည်။
" ဟို ...ငါ ... ငါ သန့်စင်ခန်းသွားလိုက်ဦးမယ် ..."
ပြေးထွက်သွားတဲ့ဂျောင်ဂုကိုတော့ ထိုကောင်မလေးတွေက နားမလည်နိုင်စွာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
" ... မခံစားနိုင်လို့ ထွက်ပြေးသွားပြီ ဂျောင်ဂုကတော့ ..."
" အေးလေ .. fanboy တွေက ငါတို့ fangirl တွေထက် အများကြီး ခံစားလွယ်တယ်လေ ..."
" ထားလိုက်တော့ ... အေဂျင်စီက အတည်ပြုထားလား သွားပြန်ကြည့်ရတော့မယ် ..."
အဲ့ဒီ့စကားဝိုင်းလေးကတော့ ကျောင်းကန်တင်းမှာ ကျန်နေခဲ့ပေမယ့် သန့်စင်ခန်းထဲက ဂျောင်ဂုကတော့ ရှိသမျှ သတင်းဆိုဒ်တွေအကုန်ရှာဖွေကာ လိုက်ကြည့်သည်။ နေရာတိုင်း သူနဲ့ ကိုကို့ပုံတွေပဲရှိနေလေတော့ ကိုကို့ကို သူ စိတ်ပူလာသည်။
ကိုကိုတော့ ဘယ်လိုနေမယ်မသိပေမယ့် သူ အဆင်သင့်မဖြစ်သေးပါ ... ကိုကိုနဲ့တွဲနေကြောင်း အကုန်လုံးကို မချပြချင်သေး။ သူ့မှာ ရှေ့နေဖြစ်ချင်တဲ့ အိပ်မက်က ရှိသေးသည်။ ကိုကို့ပရိသတ်တွေ သူ့ကို လာနှောင့်ယှက်တာမျိုးမလိုချင်။ အဲ့ဒါအပြင် ကိုကိုက အခုမှ အောင်မြင်ခါစလမ်းပေါ်မှာ ရှိနေတဲ့ ကြယ်ပွင့်လေးလေ ... ကိုကို့လမ်းကို သူ ပိတ်ပင်တားဆီးတာမျိုးမဖြစ်ချင်ပါ။
" ဖုန်းကိုင်စမ်းပါ ကိုကိုရယ် "
တကယ်ကို စိုးရိမ်မိသည်မို့ ဖုန်းဆက်ခေါ်မိတော့ ဖုန်းကဝင်သည်၊ ကိုကိုက မကိုင်။ ထို့ကြောင့် စာပို့ကြည့်သည်၊ seenပြပေမယ့် ကိုကို့ဆီက reply မရ။ သူစာတွေဆက်တိုက်ပို့မိတော့ ကိုကိုက သူ့စာတွေကို မကြည့်တော့ဘဲ တစ်ခုခုလုပ်နေတာနဲ့တူသည်။ သူ ဖုန်းထပ်ဆက်ဖို့ ကြိုးစားကြည့်လိုက်တဲ့အချိန်မှာပဲ ကျောင်းတက်ခေါင်းလောင်းအသံကို ကြားလိုက်ရတာမို့ သူ ရတက်မအေးစွာ ဖုန်းကိုပိတ်ရင်း စာသင်ခန်းထဲ ဝင်လိုက်ရတော့သည်။
ဂျောင်ဂုခေါ်နေခဲ့တဲ့ ဖုန်းပိုင်ရှင်လေး ကင်ဆော့ဂျင်မှာတော့ အစည်းအဝေးခန်းတစ်ခုရဲ့အလယ်မှာပင်။
" .. ကင်ဆော့ဂျင် ... အနေအထိုင်ဆင်ခြင်လို့ မှာခဲ့တာကို ဘာလို့လဲ ... ဒီသတင်းကြောင့် ဘယ်လောက်နစ်နာလဲ မသိဘူးလား "
ကြေညာစာချုပ်တွေ ရွှေ့ဆိုင်းလိုက်ရတာမို့ စီအီးအိုက မေးခွန်းထုတ်လာတော့ သူခေါင်းညိတ်လိုက်သည်။
" ပြန်ရှာပေးနိုင်ပါတယ် ... စိတ်မပူဘဲ ဒီအတိုင်းလေး ချစ်သူပါလို့ Confirm ပေးပါ "
နည်းနည်းလေးတောင် မကြောက်ဘဲ ပြန်ပြောမိတော့ မန်နေဂျာက သူ့ကိုလက်တို့သည်။
" စီအီးအို .. သူ့စကားကို စိတ်ထဲမထားပါနဲ့ ... အမြန်ဆုံးငြင်းပေးပါ့မယ် ...."
" ဘာလို့ငြင်းမှာလဲ ... အမှန်တရားပဲကို ... နောင်လဲသိရမယ် အခုလည်း သိရမယ့်အတူတူ အခုပဲ ပြောပြလိုက်ပါတော့ ... ကျွန်တော့်ကို တကယ်ချစ်တဲ့သူတွေက ဘယ်လိုအခြေအနေမျိူးမဆို ကျန်ခဲ့မှာပဲ "
သူ့စကားကြောင့် စီအီးအိုက ခေါင်းကိုက်ဟန်နဲ့ စူးစိုက်ကြည့်ကာ မန်နေဂျာက မျက်နှာကတော့ နှိုင်းပြစရာပုံရိပ်တောင် မရှိလောက်တော့တဲ့အထိပင်။
" ... နေပါဦး မင်းကိုယ်မင်း ဘီတီအက်စ်လို့ ထင်နေတာလား .. မင်းသက်တမ်းက အခုမှ ၂နှစ်ခွဲ စွန်းစွန်းနော် ... Soloist တစ်ယောက်က ဒီနယ်ပယ်မှာ အကြာကြီးရပ်တည်နိုင်ဖို့ စထွက်ကတည်းက လုံးဝသန့်နေမှရမယ် ...."
မန်နေဂျာမပြောခင် စီအီးအိုက ပြောလာလေတော့ သူမဲ့ပြုံးပြုံးလိုက်မိသည်။ အနုပညာကို ရူးသွပ်ပေမယ့် သူ့ကလေးလေးကို သူ ပိုရူးသွပ်သည်မို့ အကြာကြီးမရပ်တည်နိုင်တာက သူ့အတွက် အရေးမကြီး။
" ပြောပြီးပြီး ... Confirm မလုပ်ပေးရင် နောက်တစ်နေ့ သတင်းစာတွေမှာ အဲ့ဒီ့ထက်ပိုရှင်းလင်းတဲ့ပုံတွေ ပါလာတော့မယ် "
" ကင် ဆော့ ဂျင်!! "
" တောင်းပန်ပါတယ် .. စီအီးအိုကြီး ... ကျွန်တော် ဆော့ဂျင်ကို ဖျောင်းဖျလိုက်ပါမယ် .. စိတ်မပူပါနဲ့ သူ့ကိုဖျောင်းဖျလို့မရရင် သူ့ကောင်လေးကို အပူကပ်လိုက်ကြည့်မယ် ... "
မန်နေဂျာကတော့ သူ့လက်ကိုဆွဲကာ အခန်းထဲက ထွက်သွားဖို့ကြိုးစားသည်။
" မဖြစ်ဘူး .. ဂုဂီကို ဘာမှ မလုပ်ရဘူး ... အစ်ကို ကျွန်တော်ပြောပြီးသားနော် "
Advertisement
" ... သိတယ် ဆော့ဂျင်ရေ လောလောဆယ် မင်း စီအီးအိုရှေ့မှာ မနေနဲ့ ... သူ မင်းကို ဒေါသအကြီးအကျယ်ထွက်လို့ မဖြစ်ဘူး "
စီအီးအိုရဲ့ဒေါသကို ကြောက်ပုံရတဲ့မန်နေဂျာက သူ့ကို အခန်းပြင်ဆွဲခေါ်ထုတ်လာသည်။ အဲ့ဒီ့တော့ မမြင်ချင်ဘဲ ကော်ရစ်ဒါတစ်လျှောက် တည့်တည့် မြင်မိတာက ဟွမ်ဂင်ဝန်းနဲ့ သူ့လက်ထောက်...။ Label အခွဲက Idol Rapper တစ်ယောက်အတွက် produce လုပ်ပေးနေတာမို့ ခုတလော မမြင်ချင်တဲ့အဆုံး မြင်နေရတာပင်။
သူ ဟွမ်ဂင်ဝန်းကို မြင်မိတော့ သူ့မျက်နှာက မထီမဲ့မြင်အနေအထားပြောင်းသွားမိသည်။ ဟွမ်ဂင်ဝန်းကတော့ သူ့ကို ခပ်ထေ့ထေ့ပင်။
" အာ ... ပရိုဂျူဆာဟွမ် မင်္ဂလာပါ ... "
မန်နေဂျာအစ်ကိုကတော့ ထုံးစံအတိုင်း တလေးတစား မိတ်ဆက်ပေမယ့် သူကတော့ နည်းနည်းလေးတောင် အသံမထွက်။ မန်နေဂျာနှုတ်ဆက်တာကို ဟွမ်က ခေါင်းသာ ငြိမ့်ပြီး သူ့ကို ဦးတည်လာသည်။
" ... ပျော်နေပုံပဲ ဂျင်ရှီ ..."
" ခင်ဗျားရော မပျော်သင့်ဘူးလား ... အဲ့ဒီ့ပုံတွေ ခင်ဗျားမပို့ခင် ကျွန်တော်အရင်ပို့လိုက်မိလို့လေ ... ကျွန်တော့်ကို ကျေးဇူးတင်သင့်တာပေါ့ ... ခင်ဗျားဗီလိန် မဖြစ်သွားတဲ့အတွက် ..."
" ရား~~ ကင်ဆော့ဂျင် ပြသနာမရှာနဲ့နော် ဘာတွေပြောနေလဲ .. သူက မင်းစီနီယာနော် "
မန်နေဂျာအစ်ကိုက နားကပ်ကာ တိုးတိုးတိတ်တိတ်လာအသိပေးတော့ သူရယ်လိုက်မိသည်။
" ... ဂျင်ရှီ ... မင်းအထင်လွဲနေပြီ ... အဲ့လိုနည်းတွေသုံးမယ်ထင်နေလို့လား ... ဒါက ရိုးလွန်းတယ် ... ပြီးတော့ ကိုယ် မင်းကို ဘာမှ မလုပ်ဘူးနော် ဂျင်လေး ~~ "
ပြောရင်းနဲ့ အနားကပ်လာတော့ သူ စိုက်ကြည့်လိုက်မိသည်။
" .... ရှင်း ရှင်း ပြော ရင် လေ ... မင်းက ကင်မင်ဆွန်းရဲ့သားမှန်း သိပြီးကတည်းက မင်းကို လိုချင်စိတ်မရှိတော့ဘူး .."
နှစ်ကိုယ်ကြားရုံ တီးတိုးပြောပြီးနောက် သူ့ကို ခနဲ့တဲ့တဲ့ရယ်ကာ ဖြတ်လျှောက်သွားတော့သည်။ သူကတော့ ထိုရယ်သံကို မုန်းတီးစွာ မျက်မှောင်ကြုတ်မိရင်း တစ်ခုခုကို အသည်းအသန်ပုံဖော်မိသည်။
ပရိုဂျူဆာဟွမ်က သူနဲ့အဖေ့ရဲ့တော်စပ်မှုကို သိတယ်ဆိုကတည်းက အဖေနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ချို့ရှိနေမယ်လို့ သူထင်သည်။ သို့ပေမယ့် အဖေနဲ့တွေ့ဖို့ အဆင်မပြေသေးတာကြောင့် သူမေးခွင့်ရမှာမဟုတ်။ ထားပါတော့လေ ... ဂျောင်ဂုကို ထိခိုက်အောင် မလုပ်ရင်ဘဲ သူစိတ်အေးနေရပါပြီ ... ။
အဲ့ဒီ့နောက် ခြေလှမ်းကျဲတွေနဲ့ ဆော့ဂျင်ထွက်လာခဲ့တော့သည်။ ကျန်နေခဲ့တဲ့မန်နေဂျာမှာတော့ ဆော့ဂျင်ကျောပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
" ...ခေါင်းမာတဲ့ကင်ဆော့ဂျင်ကို ဘယ်လိုနည်းနဲ့ ဖျောင်းဖျရမလဲ ... "
သူ့ဘာသာသူရေရွတ်လိုက်ပေမယ့် အနောက်ကနေတော့ အသံတစ်သံထွက်လာသည်။
" ကူညီပေးရမလား မန်နေဂျာပတ် "
လှည့်ကြည့်မိတော့ ပရိုဂျူဆာဟွမ်ရဲ့လက်ထောက်ပင်။
" အာ~~ မဖြစ်နိုင်တာ ... ကင်ဆော့ဂျင်ရဲ့စိတ်ကို ပြောင်းလဲလို့မရနိုင်ဘူး ..ကျွန်တော်တောင် ... သူ့ကို ဖိအားပေးလိုက်လို့မရဘူး ..."
" ... မန်နေဂျာပတ်ကမရပေမယ့် ပုံထဲက အထက်တန်းကျောင်းသားလေးကတော့ ရတယ်လေ ... ဟုတ်တယ်မလား ..."
ထိုစကားကြောင့် မန်နေဂျာပတ်ရဲ့မျက်ဝန်းတွေပြူးသွားမိသည်။
" အဲ့ဒါက ပိုဆိုးမယ်ထင်တယ် ... ကျွန်တော်တောင် အဲ့ကောင်လေးကို မမြင်ဖူးတာလေ ..."
" အာ ~~ တကယ်ကြီးလား ... ဒါပေမယ့် စိတ်မပူပါနဲ့ .... ပုံထဲကကောင်လေးကို ကျွန်တော်ရင်းနှီးပြီးသားပါ .. ကလေးလေးပဲရှိသေးတာမို့လို့ အဆင်ပြေပြေပဲ ပြီးသွားမှာ ..."
" ရရင်တော့ ကောင်းတာပေါ့ ဆော့ဂျင်က အလားအလာအများကြီးရှိတဲ့ကြယ်ပွင့်လေးလေ ... ကဲ ... ဒါ ကျွန်တော့်ကိစ္စမို့ အရင်ကိုင်တွယ်လိုက်ပါဦးမယ် ခွင့်ပြုပါဦး ..."
အဲ့ဒီ့နောက် မန်နေဂျာပတ်က နှုတ်ဆက်ရင်း ဆော့ဂျင်နောက်ကိုသာ လိုက်သွားတော့သည်။
💠💠💠
" ကိုကို ~~ သားသား ခွင့်မပြုနိုင်ဘူး ..."
" ... မင်း သဘောကိုလာမေးနေတာမဟုတ်ဘူး ... လာအသိပေးတာ ..."
" ဒါပေမဲ့ ... သားသားသဘောမပါတဲ့ကိစ္စကို ကိုကိုလုပ်ပစ်တော့မလို့လား ... လိုလို့လား ... အိပ်မက်ကို စွန့်ပစ်ရတဲ့အထိ သားသားက အဲ့လောက်ထိအရေးပါလို့လား "
" ဟုတ်တယ် !! အိပ်မက်မကလို့ အမွေတွေ အကုန်စွန့်ပစ်ရမယ်ဆိုရင်တောင် မင်းပဲ ဂျွန်ဂျောင်ဂု "
" ... ဆော့ဂျင် ~~ အသံကို ထိန်း "
ကားထဲမှာ နှစ်ယောက်သား ဆွေးနွေးရန်ဖြစ်နေရင်း သူအသံကျယ်မိတော့ မန်နေဂျာကရှေ့ခန်းကနေ သတိပေးလာသည်။ လျောလျောလျူလျူတွေ့ဖို့ အဆင်ပြေတာဆိုလို့ ဒီvanကားကြီးထဲမှာပင်။
"... ဂျောင်ဂု ~~ "
" ဟင်အင်း ကိုကို သားသား ... မလုပ်နိုင်ဘူး .. ကိုကိုရာ တောက်တောက်ပပပဲ နေပေးလို့ မရဘူးလား ... ဒီသတင်းတွေ တောက်လျှောက်တက်နေတာ သားသားဘယ်လောက်တောင်လန့်နေရလဲ ကိုကို မသိဘူးလား .. သားသားလည်း အကုန်လုံးကို ဖွင့်ပြောပြချင်တာပေါ့ ... ကိုကိုကသားသားရဲ့လူဆိုတာကိုလေ ... ဒါပေမဲ့ ... ကိုကိုသိတယ်မလား ... သားသားကကျောင်းသားပဲရှိသေးတာ ... အသက်မပြည့်တဲ့ကလေးကို တွဲတယ်ဆိုပြီး ... ကိုကို့ကို ပြသနာလာရှာကြရင် ထိခိုက်မှာက ကိုကိုနော် ..."
ဂျောင်ဂုစကားကြောင့် သူ သက်ပြင်းချရင်း တစ်ဖက်ကိုလှည့်လိုက်မိသည်။ ဂျောင်ဂု ဘယ်လိုတားတား သူကတော့ အတည်ပြုဖို့သာ ဆုံးဖြတ်သည်။ ဂျောင်ဂုသာ တစ်ယောက်ယောက်ကိုချစ်ရင် လက်လွှတ်ပေးမှာ မှန်ပေမယ့် အခုတော့ ဆွဲလို့ရသမျှဆွဲထားချင်သေးသည်။
" ကိုကို ... သားသားပြောချင်တာ မရှိတော့ဘူး ... သားသားမှာ အရေးကြီးတဲ့စာမေးပွဲရှိလို့ .... သားသားအချိန်ပိုယူထားတယ် .. သွားမှရတော့မယ် ... ကိုကိုနော် ... အဲ့သတင်းကို အတည်ပြုလိုက်ရင် ထိခိုက်မှာက ကိုကို ဖြစ်နေလို့ သားသား ဒီလိုပြောတာ ... သားသားကြောင့် ကိုကိုအထိခိုက်မခံပါနဲ့ ..."
Advertisement
ပြောပြီးတာနဲ့ သူ့ဆီက ခေါင်းညိတ်ဖို့ မျှော်လင့်နေတဲ့ဂျောင်ဂုကို သူခေါင်းညိတ်ပေးလိုက်မိသည်။ ဂျောင်ဂုပြောတာ သဘောတူလို့တော့မဟုတ်၊ သူခေါင်းမညိတ်မချင်း သွားမှာ မဟုတ်တဲ့ဂျောင်ဂုအကြောင်းကို သိနေလို့ ဂျောင်ဂုကို သူ သိပ်မဆွဲထားချင်။ စာမေးပွဲကလည်း ရှိနေသေးတယ်မဟုတ်လားလေ။
အဲ့ဒီ့နောက် မတင်မကျစိတ်နဲ့အတူ ထွက်သွားတဲ့ကောင်လေးကိုကြည့်ပြီး ဆော့ဂျင် အကြည့်လွှဲလိုက်မိသည်။
" ကဲ .. ဆော့ဂျင် ... အတည်ပြုဖို့ မလုပ်ကြရအောင် "
" ... ဟင်အင်း ~~ နောက်သုံးရက်နေလို့မှ သတင်းတွေ မငြိမ်သေးဘူးဆိုရင် ကျွန်တော် ကိုယ်တိုင်အတည်ပြုမယ် ..."
" .. ကင်ဆော့ဂျင် ..."
" ... သိပါတယ် မန်နေဂျာကြီး ... ကျွန်တော့်အစား လူသစ်တွေပဲ ရှာထားလိုက်ပါ ... "
သူ့စကားအဆုံးမှာတော့ မန်နေဂျာက သက်ပြင်းချရင်း ဂျောင်ဂုကို လှမ်းကြည့်သည်။ ဒီနှစ်ရက်အတွင်းမှာ မန်နေဂျာက အခြေအနေတွေ ထိန်းဖို့ကြိုးစားမယ်ဆိုတာလည်း သူသိပါသည်။ သူ့ရည်ရွယ်ချက်ကတော့ ဟွမ်လုပ်နိုင်တဲ့ကိစ္စတွေ ဟွမ်မလုပ်ခင် သူက ဖျက်ဆီးပစ်ဖို့ပင်။
တကယ်တော့ အဲ့ဒီ့နေ့ညက ဓာတ်ပုံတွေကို သူကိုယ်တိုင် လူငှားကာ ရိုက်စေပြီး ရင်းနှီးတဲ့သတင်းထောက်ဆီပို့ခဲ့တာဖြစ်သည်။ သူဒါကို မလုပ်ခင် ဟွမ် လုပ်နိုင်တာသိနေတာမို့ သူ ဦးအောင် လုပ်ခဲ့တာပင်။ တစ်ဖက်မှာလဲ ဂျောင်ဂု အခြားတစ်ယောက်ဆီ မရောက်သွားဖို့ သူကြိုးစားရဦးမှာဖြစ်သည်။
💠💠💠
အတန်းချိန်ပြီးတာနဲ့ အိမ်ပြန်လမ်းမှာ ပျင်းခြောက်စွာ သူတစ်ယောက်တည်းပင်။ မနေ့ကအထိတော့ ဒီနေရာမှာ ကိုကိုရှိနေပေမယ့် ဒီနေ့ နေ့လည် ကိုကိုနဲ့တွေ့ပြီးနောက်ပိုင်း အဆက်အသွယ်မရှိတော့။ ကိုကိုစာများပို့ထားလေမလားဆိုပြီး ဖုန်းထုတ်စစ်မိတော့ စာမတွေ့။
" ဟူး ... ကိုကိုက ဘာလို့အတည်ပြုချင်နေရတာလဲ .. ဒီတိုင်း တိတ်တိတ်လေးတွဲရင်လည်း အဆင်ပြေတာပဲကို ကိုကိုရာ ..."
ဂျောင်ဂု ရေရွတ်ရင်း ကုန်သွားပြီဖြစ်တဲ့ အချိုရည်ဘူးအခွံကို အမှိုက်ပုံးထဲ ထည့်ဖို့ လုပ်လိုက်မိသည်။ အချိုရည်ဘူးခွံပေါ်မှာ ကိုကို့ပုံမြင်လေတော့ သူနှမြာတမ်းတစွာ မပစ်ရက်တော့ဘဲ ကျောပိုးအိတ်ရဲ့ဘေးဘက်ခြမ်းဆီ ထည့်လိုက်မိသည်။ အဲ့ဒီ့နောက် အိမ်ကို တည့်တည့်မတ်မတ်မပြန်တော့ဘဲ ဘေးနားက ကလေးကစားကွင်းက စီးစရာဒန်းပေါ်မှာ သူခဏထိုင်ရင်း ညကောင်းကင်ကို ငေးမောလိုက်မိသည်။
သူက တောက်ပပြီး ထင်ပေါ်လွန်းတဲ့အရာတွေကို သဘောကျသည်။ သူကိုယ်တိုင်က မတောက်ပပေမယ့် အဲ့ဒီ့အရာတွေ သူ့အနားမှာ ဝိုင်းနေတာမျိုးလည်း သဘောကျသည်။ သို့ပေမယ့် သူ့ကြောင့် တောက်ပမှုတွေ လျော့ရဲသွားမှာကိုတော့ မလိုလား။ ကိုကိုသည်လည်း အဲ့ဒီလိုပါပဲ .. တောက်ပတော့မယ့် ကိုကို့ကို ဆွဲချမယ့်သူက သူ မဖြစ်ချင်။ ကိုကို့ရဲ့အရာရာပထမဦးစားပေးဟာ သူဖြစ်ရတာကို သိပ်သဘောကျပါလျက်နဲ့ ဒီလိုမျိုးတွဲနေတာကို အတည်ပြုဖို့ကတော့ ဝန်လေးမိသည်။
" ဟူး ..."
ဂျောင်ဂုသက်ပြင်းချရင်း စီးနေတဲ့ဒန်းရဲ့ကြိုးကို တွယ်ခိုလိုက်မိသည်။ ထိုခဏ ....
" ဂျွန်ဂျောင်ဂု ~~ ဂျောင်ဂု ဟုတ်တယ်မလား "
ရုတ်တရက် သူ့ရှေ့ရပ်ကာ သူ့နာမည်ကို မေးလာလေလျှင် သူမော့ကြည့်လိုက်မိသည်။ ဝတ်စုံပြည့်ဝတ်ထားတဲ့ထိုလူကြီးကို သူမမြင်ဖူးပါ။
" ဘယ်သူ ~~ ... "
" အာ~~ မင်္ဂလာပါ ကျွန်တော်က Big Hitအင်တာတိန်းမန့်ရဲ့ပြန်ကြားရေးဌာနကပါ .. အခု ဂျောင်ဂုရှီကိုလာတွေ့ရတဲ့အကြောင်းရင်းက ဆော့ဂျင်ရှီနဲ့ပတ်သက်တဲ့ကိစ္စလေးဆွေးနွေးမလို့ပါ ..."
ကိုကို့နာမည်ကြားလေလျှင် သူ့ကျောလေး မတ်သွားရသည်။ ...
" ညနေကတင် ဆွေးနွေးပြီးပါပြီ ~~ ဒါကို ဘာလို့ထပ်ပြီး ဒီအချိန်ကြီး ..."
" ... အာ ~~ မသိသေးဘူးလား .. ဂျင်ရှီက အခုထိ အတည်ပြုတာကို ထုတ်ပြန်ခိုင်းနေတုန်းပါ ... ပြန်ကြားရေးဌာနကသာ ငြင်းမယ့်စာ ထုတ်မယ်ဆိုရင် ကိုယ်ပိုင်တွစ်တာအကောင့်ကနေပြီး ကိုယ်တိုင်အတည်ပြုပေးလိုက်မှာပါတဲ့ .. အဲ့ဒါကြောင့် ဖျောင်းဖျနိုင်သူက ဂျောင်ဂုကလွဲလို့ ဘယ်သူမှ မရှိဘူးလေ ...."
ထိုစကားကြောင့် သူ မျက်တောင်တွေကို ပုတ်ခတ်ရင်း အူကြောင်ကြောင်လေး ပြန်ကြည့်မိသည်။
" ... မဟုတ်သေးဘူး ...ဦးလေးကြီးတို့တောင် ကိုကို့ကို မဖျောင်းဖျနိုင်တာ ... ကျွန်တော့်လို ကျောင်းသားလေးက ကိုကို့ကို ဘယ်လိုလုပ်ဖျောင်းဖျနိုင်မှာလဲ ..."
" ... ဂျောင်ဂုရှီ ~~ ဂျောင်ဂုရှီ လုပ်နိုင်ပါတယ် ..."
စကားသံက မာလာလေတော့ သူမတ်တပ်ရပ်လိုက်မိသည်။ ဒီကိစ္စတွေကို အမြင်ချင်းမတူရင်တောင် ကိုကိုနဲ့သာ ဆွေးနွေးချင်ပါသည်။ဖျောင်းဖျပေးရမယ်ဆိုရင်တောင် သူ့သဘောအတိုင်းသာ သူလုပ်မည်။
" မလုပ်နိုင်ပါဘူး ... "
" လုပ်နိုင်ပါတယ် ဂျောင်ဂုရှီ ..."
" လုပ်နိုင်တယ်ဆိုတာ ဘာလို့ ဒီလောက်သေချာနေရတာလဲ ... လုပ်နိုင်တယ်ဆိုရင် ပြောပါဦး ... ဘယ်လိုနည်းလမ်းက ကိုကို့ကိုစိတ်ပြောင်းဖို့ အလုပ်ဖြစ်မလဲလို့ ..."
" လမ်းခွဲလိုက်! ဂျောင်ဂု ဘက်ကနေပြီး လမ်းခွဲလိုက်ရင် ဆော့ဂျင်အတွက်လည်း အများကြီးလွယ်ကူသွားမှာပါ ..."
ထိုစကားအဆုံး သူမျက်မှောင်ကြုတ်လိုက်မိသည်။ လမ်းခွဲရမယ်? ... မဖြစ်နိုင်တာ ... ကိုကို့ကို သူလမ်းခွဲပေးစရာအကြောင်းမရှိ။
" ... အကြံပေးတဲ့အတွက် ကျေးဇူးတင်ပေမယ့် ကျွန်တော် မလုပ်နိုင်ဘူး ... ကိုကို့ကို လမ်းမခွဲပေးနိုင်ပါဘူး ...ပြီးတော့ .... ကိုကို့ကို ဖျောင်းဖျဖို့ လုပ်နိုင်မယ်ဆိုရင်တောင် ကိုယ့်သဘောနဲ့ကိုယ်ပဲ လုပ်မှာပါ ... တခြားသူတွေရဲ့စကားကို ကျွန်တော် နားမထောင်ပါဘူး ... အဲ့ဒါကြောင့် ဦးလေးကြီးက ပြန်လိုက်ပါတော့ "
တစ်ခွန်းတည်းသာပြောရင်း သူ ထိုနေရာက အပြေးထွက်ဖို့ကြိုးစားမိတော့ ထပ်ထွက်လာတဲ့ အကြောင်းအရာတွေကြောင့် သူ့ခြေလှမ်းတွေ ရပ်တန့်သွားသည်။
" မင်းအဖေနဲ့အမေကို သတ်ခဲ့တဲ့သူရဲ့သားကို အဲ့လောက်ထိ ချစ်ပြနေတာ ထိုက်တန်တယ်လို့ ထင်နေတာလား ဂျွန်ဂျောင်ဂု! "
ထိုစကားကြောင့် ရုတ်တရက် သူ မူးဝေနောက်ကျိသွားသလို ခံစားလိုက်ရသည်။ ကြားလိုက်ရတဲ့နားကို မယုံနိုင်သည်မို့ နောက်ပြန်လှည့်ကြည့်မိတော့ ထိုဦးလေးကြီးက သူ့ကို စိုက်ကြည့်ကာ စကားဆက်လာပြန်သည်။
" ... သာမန်ကားအက်စီးဒင့်တစ်ခုလို့ထင်နေတာလား ~~ ဂျွန်ဂျောင်ဂု ... အပြည့်အစုံကို မသိချင်ဘူးလား ..."
သူရှင်သန်လာတဲ့သက်တမ်းတစ်လျှောက် သူ့မိဘတွေ ဘယ်လိုသေဆုံးသွားလဲဆိုတာ သေချာမတွေးမိခဲ့။ ကားအက်စီးဒင့်ဖြစ်ပြီးဆုံးတယ်ဆိုတာ သိပေမယ့် ထွေထွေထူးထူးမရှိခဲ့ပါ။ အခုတော့ တီတီလေးကော၊ ကိုကိုကော မပြောခဲ့ဖူးတဲ့စကားတွေ ပြောလာလေတော့ သူ့ခြေလှမ်းတွေ ဦးတည်ချက်ပြောင်းသွားမိသည်။
အဲ့ဒါထက် ' မင်းအဖေနဲ့အမေကို သတ်ခဲ့တဲ့သူရဲ့သား' ဆိုတဲ့စကားက ဘာများဖြစ်လေလိမ့်မလဲ ...။
" ... မဖြစ်နိုင်တဲ့စကားတွေနဲ့ လာလိမ်မလို့လား ... ကျွန်တော်က ကျောင်းသားပဲရှိသေးတယ် ထင်ပြီး ကျွန်တော့်ကို အထင်သေးတာလား ..."
မယုံကြည်နိုင်စွာ နီရဲနေတဲ့မျက်ဝန်းအစုံနဲ့ကြည့်ရင်း ပြောမိတော့ ထိုလူကြီးက ခေါင်းခါသည်။
" ... ငါ မင်းကို လိမ်လို့ ဘာအကျိူးရမှာမို့လို့လဲ ... ငါ့ဘက်က မင်းကို အကုန်ပြောပြနိုင်တယ် ... ယုံတာ မယုံတာ မင်းအပိုင်းပဲ ဂျွန်ဂျောင်ဂု ... ဒါ မင်းဘဝလေ ... တစ်ဘဝလုံး အလိမ်ခံရတော့မယ့်မင်းကို ... အခွင့်အရေးရလို့ ငါက ပြောပြချင်ရုံပဲ ... "
" .... "
" ... ဘယ်လိုလဲ အမှန်တရားကို မသိရဲတာလား ... ဒါမှမဟုတ် ... အခုလို အေးဆေးနေရတဲ့ဘဝကြီးပျက်စီးသွားမှာ စိုးရိမ်နေတာလား ..."
မေးခွန်းတွေထုတ်လာတော့ သူခေါင်းရှုပ်လာရသည်။ အမှန်တရားကဘာလဲ သိချင်ပေမယ့် သူ မယုံကြည်နိုင်တာတွေဖြစ်လာမှာ စိုးသည်။ သူ မယုံကြည်ရဲတဲ့အမှန်တရားတွေ ဖြစ်လာမှာ သူကြောက်သည်။
" ... ဂျွန်ဂျောင်ဂု .. တကယ် မသိချင်ဘူးလား ... မင်းကိုသိပ်ချစ်တဲ့အမေနဲ့ မင်းအဖေ ဘယ်လို သေသွားရလဲ ဆိုတာလေ ...."
ထိုစကားအဆုံးမှာတော့ သူ လက်သီးကို တင်းကျပ်နေအောင် ဆုပ်လိုက်မိသည်။ အဲ့ဒီ့နောက် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချကာ ဦးမော့ပြီး ပြန်ဖြေလိုက်မိတော့သည်။
" ကောင်းပြီလေ ~~ ဦးလေးကြီး ဘာပြောမလဲ ကျွန်တော် စောင့်ကြည့်ရတာပေါ့ "
အဲ့ဒီ့နောက် ထိုလူကြီးခေါ်ဆောင်ရာနောက်ကို လိုက်သွားရင်း မိဘတွေရဲ့ ရင်နင့်ဖွယ်ရာ အဖြစ်အပျက်ကို သက်သေခိုင်လုံစွာ သူသိခွင့်ရခဲ့ပါသည်။ သူ့ခမျာ အမှန်တရားတွေ မဟုတ်ပါစေနဲ့ ဆုတောင်းရင်း အသည်းနင့်အောင် ခံစားခဲ့ရသည်။ ဘယ်လိုတွေးတွေး မယုံကြည်နိုင်တာမို့လို့ အတည်ပြုပေးနိုင်မယ့် တစ်ဦးတည်းသော သူဆီ သူဖုန်းဆက်အတည်ပြုကြည့်လိုက်မိသည်။
" .... တီတီ ... အဲ့ဒါတွေအကုန်လုံးက အမှန်တရားတွေလား ~~ .. အဖေနဲ့အမေအပေါ် ဘာဖြစ်လို့ အဲ့ဒီလိုလုပ်ရက်ခဲ့တာလဲ ~~~ အမေက ... အမေက တီတီ့ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပဲ မဟုတ်လား ... "
သူ့မေးခွန်းအဆုံးမှာ တီတီက အတော်တန်ကြာ တိတ်ဆိတ်သွားသည်။ အဲ့ဒီ့နောက် ရှိုက်သံသဲ့သဲ့လေး သူကြားလိုက်ရသည်။
// " ... တောင်း ~~ တောင်းပန်ပါတယ် သားသား ... ဘယ်လို~~ ဘယ်လိုဖြစ်ပြီး~~ သိသွားတာလဲ " //
ဝန်ခံသံမမည်တဲ့ တောင်းပန်စကားအဆုံးမှာတော့ သူ့အသည်းစိုင်တစ်ခုလုံး ကြေမွသွားသလိုပင်။ သူ့အသက်၁၇နှစ်အရွယ်အထိ အားအကိုးရဆုံးနဲ့ သူအယုံကြည်ရဆုံး အမေလိုလူသားက သူ့မိဘအရင်းတွေကို သေစေခဲ့တယ်ဆိုတဲ့အကြောင်းက သူ့ကို အသက်ရှူဖို့ ခက်ခဲလာစေသည်။ မိဘတွေ မရှိတာတောင် သူ့ကို သားအရင်းထက် ပိုချစ်ပြပေးခဲ့လို့ သူ့ခမျာ ညတိုင်း ကျေးဇူးတွေ တင်ရင်း ချစ်နေ၊ လေးစားနေခဲ့ရတာ ....။
အခုတော့ အဲ့ဒီ့လူဟာ သူ့ကို မိဘမဲ့ဖြစ်အောင် လုပ်ပစ်ခဲ့တဲ့လူတဲ့လား ...။
" .... ဘာလို့ ကျွန်တော့်ကိုပါ တစ်ခါတည်း မသတ်ပစ်ခဲ့တာလဲ ... အန်တီကင်ဂျယ်ဟီး ... ကျွန်တော့်မိဘတွေနဲ့တူတူ ကျွန်တော့်ကိုပါ အဲ့ဒီ့ဆေးတွေထိုးပြီး အဲ့ဒီ့ဘရိတ်ပျက်နေတဲ့ကားပေါ် တင်ပေးခဲ့ရမှာပေါ့ .... "
ဝမ်းနည်းနာကျင်နေတာမို့ အန်တီ့ကို သူ လေသံမာမာနဲ့ ပြောမိတော့ အန်တီက တုန်ယင်စွာနဲ့ သူစိတ်ဖြေသာမယ့် ရှင်းပြချက်တစ်ချို့ပေးသည်။
" // သားသား ~~~ မဟုတ်ဘူးနော် ~~ ဘယ်သူက မင်းကို ပြောပြတယ်ဆိုတာ မသိပေမယ့် ... အဲ့ဒါတွေအကုန်လုံးအမှန်မဟုတ်ဘူး ... // "
" ဒါဆို အမှန်တရားကဘာလဲ!! ဘာစကားတွေနဲ့ ကျွန်တော့်ကို ထပ်ပြီး အပြစ်ရှိသလိုလုပ်ဦးမှာလဲ ... အခုတောင်မှ အသက်ရှင်ကျန်နေခဲ့တဲ့ကျွန်တော့်ကိုယ်ကျွန်တော် ဘယ်လောက်မုန်းတီးနေမိလဲ သိရဲ့လား ... အန်တီကျွေးမွေးထားလို့ ဒီအရွယ်ထိ ရောက်လာတဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ရွံနေမိလဲသိရဲ့လား ... ကိုယ့်မိဘအရင်းတွေကို သေစေခဲ့မှန်းမသိဘဲနဲ့ ကျွန်တော့်မှာ နေ့တိုင်းညတိုင်း ကျေးဇူးတွေတင်ပြီး အားနာရင်း အားနာနေခဲ့ရတာ .... ထပ်ပြီး ဘာစကားတွေနဲ့ ချည်နှောင်ထားဦးမှာလဲ အန်တီ "
မထိန်းနိုင်တော့တဲ့ရင်တွင်းမီးတွေကို မျက်ရည်အဖြစ်ပြောင်းလဲကာ ငိုချမိတော့ အန်တီကပါ ငိုနေခဲ့တယ်နဲ့တူသည်။ ဖုန်းထဲကနေ သူရှိုက်သံတွေကြားနေရသည်။ သို့ပေမယ့် အခုချိန်မှာ သူ့ဦးနှောက်သေးသေးဟာ လုံးဝကိုရှုပ်ယှက်ခတ်ပြီး သောင်းဗြောင်းဖြစ်နေသည်။
// " ... သေချာနားထောင် သားသား ~~ မင်းအဖေကို တီတီ သေစေချင်ခဲ့ပေမယ့် မင်းအမေကြောင့် တကယ်သတ်ဖို့အထိတော့ မရောက်ခဲ့ဘူး ... ဒါပေမဲ့ ... ဒါပေမဲ့ .... ဘာကြောင့် အဲ့ဒီလိုတွေဖြစ်သွားရလဲ တီတီ မသိဘူး ... သေချာတာတစ်ခုကတော့ မင်းသိထားတာတွေ အကုန်လုံးက အမှန်တွေမဟုတ်ဘူး သားသား~~~ အဲ့ဒါကြောင့် တီတီတောင်းပန်တယ် .... တီတီတောင်းပန်ပါတယ် သားသား ... ဒါပေမဲ့ ... သားသားကိုယ် သားသား ထိခိုက်အောင် လုပ်လို့မရဘူးနော် ..." //
" .... "
// "... သားသားက တီတီသတ်တယ်လို့ ယုံရင် တီတီ့မှာ သားသားကို ဖြေရှင်းချက်ပေးဖို့ အများကြီးမရှိဘူး .. ဒါပေမဲ့ သားသား တီတီ့ကို မုန်းတယ်ဆိုရင် တီတီ့ကိုပဲမုန်းပါ ... ဆော့ဂျင်လေးကိုတော့ မုန်းလိုက်လို့မရဘူးနော် ... တီတီတောင်းပန်ပါတယ် .... "//
ရှိုက်သံတွေနဲ့ တုန်ယင်နေတဲ့အန်တီ့စကားသံတွေအဆုံး သူ ကိုကို့ကို သတိရမိသွားသည်။ သူ့ခမျာ အမှန်တရားတွေကို မယုံကြည်နိုင်လို့ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့အချိန််မှာ ကိုကို့ကို မေ့နေခဲ့တာဖြစ်သည်။
" ... ကိုကို့ကို~~ ဟင်အင်း မလုပ်နိုင်သေးဘူး အန်တီ ~~ ကိုကို့ကိုမြင်တိုင်း အန်တီ လုပ်ခဲ့တဲ့လုပ်ရပ်တွေ ပြန်မြင်ယောင်နေတော့မှာလေ ~~ ဘယ်လုပ် ~~ ဘယ်လိုလုပ် ချက်ချင်းကြီးတော့ အဆင်ပြေပါ့မလဲ ~~ ဟင်အင်း အန်တီ မလုပ်နိုင်တော့ဘူး ... အန်တီပေးတဲ့ဖြေရှင်းချက်တွေကိုလည်း မသိချင်တော့ဘူး ... တစ်ခုပဲ အဖြေပေးပါ ... အဲ့ဒီ့တုန်းက အဖေ့ရဲ့လက်ထဲကို အဲ့ဒီ့ဆေးတွေ ထိုးသွင်းခဲ့လား ... မထိုးခဲ့ဘူးလား ..."
သူ့စကားအဆုံး အန်တီ့ဘက်ကစကားသံတွေ အတန်ကြာပျောက်ရှသွားသည်။
" အန်တီ!! "
" .... "
" အန်တီ!! ကျွန်တော် မေးနေတယ်လေ ~~ "
// " ... နောက်ဆုံးတစ်ခါလောက် တီတီလို့ထပ်ခေါ်မယ်ဆိုရင် သားသားလိုချင်တဲ့အဖြေပေးမယ် ဂျောင်ဂုလေး "//
အက်ရှနေတဲ့အသံက ဖုန်းလိုင်းကနေတစ်ဆင့် သူ့နားစည်ထဲ လာရိုက်ခတ်လေလျှင် ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်မိသည်။ အဲ့ဒီ့နောက် ပူပူနွေးနွေးစီးဆင်းဖြတ်သန်းနေတဲ့ မျက်ရည်စတွေကို သုတ်ဖယ်ပစ်ရင်း နစ်ဝင်တော့မယ့် အသံကို လည်ချောင်းဟန့်ကာ ရှင်းလိုက်မိသည်။
" တီတီ ~~ သားသားကို ဖြေပေးပါ "
Advertisement
- In Serial16 Chapters
The Good Mother System
How does an unmarried woman suddenly have an abundance of offspring everywhere? Female lead Dan Jingqiu suddenly dies from a heart attack. Her soul was taken away by ‘The Good Mother System’, 008, and brought into the world of novels. Aiming to fulfill the final wishes of mother characters and to release their souls from their regretful attachments to their respective world, The female lead travels through different novels to save various children from their pain and misfortune. In the process, she undergoes personal growth and change, Ultimately becoming the admirable good mother of her wards.
8 280 - In Serial12 Chapters
A Canopy of Stars
Arden, planet of a billion souls, has been destroyed. A solar body, known only as The Dark Star collided with the world, shattering it. Through the actions of ancient heroes, and the sacrifice of the Gods, life found a way. Floating through the black sea of space, orbiting the destructive beauty of The Dark Star is Shatter, a coalition of continental rocks, surviving as best they can. Through magic and technological advancements, the fractured remnants of the planet have been made halfway habitable. In addition to shattering the prime material plane of Arden, The Dark Star’s destructive force also fractured the planar system, collapsing ancient barriers and forcing the wild elemental and chaotic magics of the planes into conjunction. The Kingfisher, helmed by the enigmatic and powerful Captain Thunder and her miscreant crew, do odd jobs to survive, operating outside of the law. One such job takes them to the shard of Evergreen, a fragment of planet covered in brilliant forests and the capricious and deadly faerie folk who call them home. Unfortunately, while the job seems simple enough from the outside, it quickly embroils the crew of the Kingfisher in a dangerous storm. Can Thunder and her crew keep to the sidelines when war is brewing around them?
8 146 - In Serial294 Chapters
The Unified States of Mana
My name is Kyra Baker, I’m 20 years old and a university student, and recently I’ve been offered a scholarship to a definitely-not-shady magical academy. A ‘support device’ I was given shows me a list of classes I can take, all involving mana, magic, and Skills with a capital S. To get there I was lumped into a ship full of strange and alien creatures, jumping between worlds as we pick up more and more hapless ‘students’. Things were starting to make a little sense, until the ship crashed into an alien world. Now, I might be getting trained as a rebel soldier, or something? Looking on the bright side, I haven’t gotten this much exercise in a long time and there are plenty of cute girls around. When I develop some Skills and work on my classes, maybe I’ll become strong enough to actually have the time to flirt with them. ~ One of the few surviving records thought to be written by the Empress before her rise to power. Cover by zaex321123 on DeviantArt
8 297 - In Serial28 Chapters
The Merry Omega (Complete)
*MC’s POV*…What…’The Merry Omega’ isn’t enough description?Fine…Fine…I can be serious and mature!I’m a transmigrator from Earth, having read a few of those fandangle, fantasy books about werewolf’s and whatnot…But…Truly being one…Omg! Look at this gorgeous tail!…Did ya see it! It’s like a happy endorphin or something! I love it! Oh…A plot? Yeah, it’s in there somewhere…Maybe my ‘merry’ antics rules over it though, haha! Well, maybe I am biased, or I just love me too much…Am I done? Can I go? I want to play some more……Oh, my past and what happened? Nah, there’s not much to tell, just that there’s…*Whispers that are barely heard”Do you believe it!? I know right, how weird is that!? It’s probably because I’m the bomb, the extreme! That’s right, everyone love me!Uh…You think they want to know about the person I took over? Why? That’s not me…*mutterings* Just tell em to read it then! I’m going!…
8 89 - In Serial14 Chapters
The black phone x reader
It's 1978 you have two brothers and a sister your Friends with Gwen you are very smart and do well in school robin and Vance don't die in this story and the grabber is already dead sorry if that's what you didn't want but finney killed him already READ AND ENJOY THE STORY I LOVE THE BLACKPHONE BTW
8 176 - In Serial8 Chapters
SS Arshi:The bet
ipkknd
8 128

