《Me, Myself & Bad Romance •||• JINKOOK》【07】
Advertisement
⟨ Unicode Version ⟩
• Me , Myself And Bad Romance •
- အပိုင်း ၀၇ -
" သား ဆော့ဂျင် ~~ ဂျောင်ဂုကို သေချာ ဂရုစိုက် ~~ သူ မင်းကို အလိုမကျလို့ ဂျစ်ကန်ကန်လုပ်ရင်တောင် သည်းခံပေးလိုက်ပါ "
စကရင်တစ်ဖက်ခြမ်းမှာ စိတ်အလိုမကျမှုတွေ၊ စိုးရိမ်မှုတွေနဲ့ နေမထိထိုင်မသာဖြစ်နေတဲ့ သားဖြစ်သူကို သူမ ချော့မော့မိသည်။ ဒီကလေးနှစ်ယောက် ဘယ်လိုသဘောရှိလဲဆိုတာ သူမ သိပေမယ့် မသိချင်ယောင်ဆောင်ထားတာဖြစ်သည်။
// " မာမီက သတင်းတွေမြင်ပြီး သားသားကို ဘာပြောလိုက်တာလဲ ... ကျွန်တော် ရောက်တော့ သူ့ခမျာ နှင်းတွေကြားထဲမှာ ခွေခွေလေးမေ့နေတာ ... တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ .. သားသားကို မာမီ ဆူစရာအကြောင်းကို မရှိတာနော် ... ပြီးတော့ အဲ့သတင်းတွေက ဟုတ်တော့ရော ဘာဖြစ်လဲ ... သားသားကို ကျွန်တော်က ချစ်လို့တွဲတယ်! အဲ့ဒီတော့ ဘာဖြစ်လဲ ... မာမီပြောချင် ကျွန်တော့်ကိုပြော သားသားကို မထိနဲ့... ကျွန်တော် မကြိုက်ဘူး "//
အထင်အမြင်တွေလွဲနေတဲ့ သားဖြစ်သူကို သူမ ဝမ်းနည်းစွာ ပြုံးပြလိုက်ရင်း သက်ပြင်းချလိုက်မိသည်။ ဒီတစ်ခါတော့ သားဖြစ်သူကို မဆူရက်တော့။
" ... မင်းနဲ့သားသားအကြောင်းကို မာမီ ဘာမှ မပြောလိုဘူး ဒါပေမဲ့ ... သားသားက ကလေးမဟုတ်တော့ဘူး ဆော့ဂျင် ~~ ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ သူ့ခံစားချက်တွေ ပြင်းထန်နေတဲ့အချိန် မင်းအနိုင်မယူဖို့ မျှော်လင့်ပါတယ်
.... သားသားကို မာမီ့ကိုယ်စား စောင့်ရှောက်ပေးပါ ... မာမီ ဒါပဲ ပြောချင်တယ် "
အဲ့ဒီ့နောက် သူမ ဘက်ကအရင်ဆုံး ဖုန်းလိုင်းလေးကို ဖြတ်တောက်ကာ ပြန်ပေါ်လာတဲ့အတိတ်က ဖြစ်ရပ်တွေဆီက လွတ်မြောက်ဖို့ ခဏတာ ငြိမ်သက်နေလိုက်မိသည်။ သို့ပေမယ့် မလွတ်မြောက်နိုင်မှန်း သိနေလေတော့ နာကျင်ရတဲ့အတိတ်ကို ခဏတာဝေ့ဝိုက်ရင်း မှားခဲ့မိတဲ့အမှားတစ်ခုကို ပြန်ဆင်ခြင်နေမိခဲ့တော့သည်။
~~~
တကယ်တော့ သူမ ဘဝမှာ အချစ်ဆိုတာ ဘာမှန်းမသိ။ အဲ့ဒီလို မသိနေရင်းကနေ လူကြီးချင်းသဘောတူတဲ့စေ့စပ်ပွဲကြောင့် သတိုးသားဖြစ်လာမယ့် ကင်မင်ဆွန်းဆိုတဲ့လူကြီးကို သူမ သိပ်သဘောကျခဲ့ရသည်။ ကင်မင်ဆွန်းဆိုတာကတောက်ပတဲ့ကြယ်တစ်ပွင့်ဖြစ်တဲ့အပြင် စီးပွားရေးအရပါ အရမ်းတော်ပြီးထက်မြက်တဲ့ ပျိုတိုင်းကြိုက်နှင်းဆီခိုင်ကြီးဖြစ်သည်။ စတွေ့ကတည်းက သူမအပေါ်ကို အရောတဝင်မရှိတာတောင် သူ့အရှိန်အဝါတွေက သူမအပေါ်ဖြာကျခဲ့တာမို့ တိတ်တိတ်လေးရင်ခုန်ပြီး ချစ်ခဲ့ရသည်။ ကျောင်းသားဘဝတုန်းက ကောင်လေးတစ်ချို့နဲ့ တွဲဖူးတယ်ဆိုတာ ကြားဖူးပေမယ့် သူမကတော့ အချစ်ကိုစုံလုံးကန်းပြီး ယုံကြည်ခဲ့သည်။ သူမကို လှည့်မကြည့်တဲ့အမျိုးသားတစ်ယောက်အတွက်နဲ့ပေါ့။
ပထမစစချင်း လက်ထပ်ပွဲမဖြစ်အောင် သူ့ဘက်ကစပြီး သူမနဲ့ ဆွေးနွေးလာခဲ့ပေမယ့် ထိုအကြောင်းကို သူ့မိဘတွေသိလေတော့ ပြသနာတက်ခဲ့ရသေးသည်။ သို့ပေမယ့်နောက်ဆုံးမှာ သူ့အိမ်က စီစဉ်မှုကောင်းခဲ့တာကြောင့် သူမနဲ့သူ့အတွက် မျိုးဆက်ကလေး ရလာတဲ့အပြင် တရားဝင်လက်ထပ်ခဲ့ရသည်။ အဲ့ဒီ့တုန်းကသူလှည့်မကြည့်ခဲ့ပေမယ့် သူမဘဝရဲ့အပျော်ရွှင်ဆုံး အခိုက်အတန့်ပင်။ သူ့အလုပ်နဲ့နီးတဲ့နေရာမှာနေရင်း သူမလည်း သဘောကျရတဲ့အလုပ်ကိုလုပ်ရင်းနဲ့ သာမန်ဘဝကို ဖြတ်ကျော်ခဲ့ရသည်။ သူမအပေါ် သူစိတ်မရှိတာသိပေမယ့် ကလေးလေးမွေးလာပြီးရင်တော့ သူချစ်လာမှာပါလေလို့ ဖြေသိမ့်တွေးခဲ့ရသည်။
သို့ပေမယ့် သူမ ဆော့ဂျင်ကိုမွေးပြီး နောက်ပိုင်းမှာတော့ ရုတ်တရက် အိမ်ကြီးဆီပြောင်းရအောင်ဆိုပြီး ခြံဝန်းနဲ့ အိမ်ကြီးဆီပြောင်းရွှေ့ခဲ့ရသည်။ ဘေးကပ်ရပ်မှာတော့ ပြောင်းလာတာသိပ်မကြာသေးတဲ့အချစ်ဆုံးသူငယ်ချင်းမလေးအယ်ရာလည်း ရှိနေခဲ့တာမို့ သူမအတွက် ကင်မင်ဆွန်းက တွေးပေးခဲ့တာဆိုပြီး သိပ်ပျော်ရွှင်နေခဲ့တာပင်။ သူမအပျော်တွေ ကြာကြာမခံလိုက်၊ ကင်မင်ဆွန်းတစ်ယောက် ခြေလှမ်းတွေပျက်နေတာ သတိထားမိခဲ့တာမို့ သူမ စပြီး သံသယဝင်လာရသည်။
ဆော့ဂျင်လေးကို ချစ်သလိုမျိုး သူမ အပေါ်မှာ ခံစားချက်ရှိလာပြီလို့ ထင်မှတ်ထားမိခဲ့ပေမယ့် ဂျောင်ဂုလေးမွေးတဲ့နေ့မှာတော့ သူမ ခြောက်ခြားစွာ သိလိုက်ရသည်။ ကင်မင်ဆွန်းဟာ ဂျောင်ဂုလေးရဲ့ဖခင်၊ သူမအချစ်ဆုံးသူငယ်ချင်းအယ်ရာရဲ့ခင်ပွန်းဖြစ်သူ ဂျွန်ဟေယောင်နဲ့ ဖောက်ပြန်နေခဲ့သည်တဲ့။
စစသိချင်း တုန်လှုပ်ခြောက်ခြားနေခဲ့သလို ကိုယ်တိုင်မြင်တွေ့မိတဲ့ သူမကိုယ်သူမလည်း မယုံနိုင်။ မီးဖွားပြီးတော့ တစ်ယောက်တည်းဖြစ်နေရှာတဲ့အယ်ရာအနားမှာနေရင်း ထိုအကြောင်းအရာတွေအကုန်မြိုသိပ်ခဲ့ရသည်။ အယ်ရာကတော့ ဒါတွေကို ဘာမှမသိခဲ့၊ ဂျွန်ဟေယောင်က အယ်ရာ(ဂျောင်ဂုအမေ)ကို သိပ်ချစ်ကြောင်း ဟန်ဆောင်ခဲ့လို့များလားတော့မသိ။ အယ်ရာက နည်းနည်းလေးတောင် သံသယမဝင်ဘဲ မွေးဖွားလာတဲ့ ဂျောင်ဂုလေးကိုသာ အချစ်တွေပိုခဲ့ကြသည်။ သို့ပေမယ့် သူမက ဒါတွေကို မသိချင်ယောင်ဆောင်ပေးမယ့်သူ မဟုတ်။ ကင်မင်ဆွန်းရဲ့ဖောက်ပြန်မှုတွေအတွက် သူမမှာ ဒေါသထွက်ပိုင်ခွင့်ရှိသည်။ သူမအိမ်ထောင်ရေးကို ဖျက်ဆီးပစ်တဲ့ဂျွန်ဟေယောင်းမှာလည်း အပြစ်ရှိသည်။
အဲ့ဒီ့အတွက် သူမနဲ့အနီးစပ်ဆုံးဖြစ်တဲ့ ကင်မင်ဆွန်းအပေါ် ဒေါသတွေပုံချမိခဲ့သည်။ အဲ့ဒီတော့မှ သိခဲ့ရတာက ဂျွန်ဟေယောင်းဟာ ကင်မင်ဆွန်းရဲ့အချစ်ဆုံးကောင်လေးဖြစ်ပြီး လက်ထပ်ဖို့အထိ ရည်ရွယ်ထားခဲ့တာတဲ့လေ။ မိဘတွေရဲ့အတင်းအကျပ်ခွဲခွာမှုကြောင့်သာ ကွဲသွားခဲ့ကြတာတဲ့လေ။ အခုလည်း ဖောက်ပြန်နေတာမဟုတ်ဘဲ ကင်မင်ဆွန်းက ဟယ်ယောင်းကိုပြန်တောင်းပန်နေတာတဲ့လေ။ အဲ့ဒါအပြင် သူမကို ပြသနာမရှာဖို့ပါ ပြောလာလေတော့ သူမဒေါသတွေက ဂျွန်ဟယ်ယောင်းအပေါ်ပါ ပုံကျမိတော့သည်။
ဘယ်လိုအတိတ်မျိုးပဲဖြစ်ပါစေ လက်ရှိမှာ မိသားစုကိုယ်စီ သားသမီးကိုယ်စီရှိနေကြပြီမို့ အနေအထိုင်ဆင်ခြင်ပေးဖို့ သူမ ဂျွန်ဟယ်ယောင်းကို သတိပေးမိသည်။ ဂျောင်ဂုဂီအမေဖြစ်တဲ့အယ်ရာကိုတော့ သူမ မပြောရက်။ အယ်ရာခမျာ ပြည့်စုံလုံလောက်တဲ့အိမ်ထောင်ရေးကို ရထားတာလို့ ထင်ပြီး ပျော်နေခဲ့တာမို့လို့လေ။ အဲ့ဒီလို ကြိတ်မှိတ်ပြီး နေလာရင်းကနေ တစ်နေ့တော့ ကိုယ်ဝန်ဆောင်နိုင်တဲ့အမျိုးသားတွေကို သုတေသနပြုလုပ်တဲ့စမ်းသပ်ချက်တစ်ခုမှာ သူမ ထိပ်တိုက်ရင်ဆိုင်လိုက်ရတာက ဂျွန်ဟယ်ယောင်းကိုပင်။
ဟယ်ယောင်းကတော့ မအံ့ဩသလို နေရင်း သူမကို ပြောလာခဲ့သည်၊ ကင်မင်ဆွန်းအတွက် ဆက်ခံသူမွေးပေးနိုင်ရင် ကင်မင်ဆွန်းရဲ့မိသားစုက သူ့ကို လက်ခံနိုင်ပြီတဲ့လေ။ အဲ့ဒီ့စကားကြားကြားချင်း သေမတတ် အရူးတစ်ပိုင်းလိုဒေါသတွေ ထွက်ခဲ့ရသည်။ သူမကသာ နေ့တိုင်းအပူမီးတွေနဲ့ဖြတ်သန်းနေရသလောက် ဟယ်ယောင်းကတော့ အယ်ရာရှေ့မှာဆို ခင်ပွန်းကောင်းတစ်ယောက်လိုပင်။
Advertisement
ဂျွန်ဟယ်ယောင်းက ပျော်ရွှင်စရာမိသားစုဘဝကို ရနေသလောက် သူမကတော့ ကင်မင်ဆွန်းနဲ့နေ့တိုင်းနီးပါး စကားများ ပြသနာတွေတက်ရင်း ဆော့ဂျင်လေးနဲ့တောင် အဆင်မပြေသလောက်ဖြစ်လာခဲ့သည်။ ဟယ်ယောင်းကတော့ ဂျောင်ဂုကို သူမ သားဖြစ်သူ ဆော့ဂျင်နဲ့ အတူရှိနေတာမျိုးမကြိုက်။ သူမကတော့ ဂျောင်ဂုကို အယ်ရာနဲ့အတူတူမြင်ရင် ချစ်ရပေမယ့် ဟယ်ယောင်းနဲ့အတူတွဲမြင်ရင်တော့ မုန်းသည်ထက်ပိုမုန်းရပါသည်။
အဲ့ဒီလိုနဲ့ စမ်းသပ်ချက်အောင်မြင်လို့ ဟယ်ယောင်းကိုယ်ဝန်ဆောင်နိုင်တဲ့နေ့မှာတော့ သူမ မိုက်ရူးရဲစွာ အမှားတစ်ခုကိုကျူးလွန်မိခဲ့သည်။ အဲ့ဒါကတော့ ဟယ်ယောင်းကို ထိုးပေးရမယ့် စိတ်ဖိစီးမှုလျော့ကျစေတဲ့ဆေးပမာဏကို လိုအပ်တာထက် ပိုထိုးသွင်းခဲ့တာပင်။ ဂျောင်ဂုမွေးလာတဲ့အချိန်ကစလို့ လေးနှစ်လုံးလုံး မြိုသိပ်သည်းခံလာရသမျှ နာကျင်မှုတွေ အဆုံးသတ်ဖို့ရည်ရွယ်ပြီး ဂျွန်ဟယ်ယောင်းကို သေစေဖို့ လုပ်ဆောင်ခဲ့မိသည်။ သို့ပေမယ့် အဆုံးထိကို မရောက်လိုက်၊ သေစေနိုင်တဲ့ပမာဏ မရောက်ခင်မှာပဲ သားဖြစ်သူကင်ဆော့ဂျင်နဲ့ ဂျွန်ဂျောင်ဂုလေးကို မြင်ယောင်မိလာတာမို့ သူမ ရပ်တန့်ခဲ့သည်။ သေတော့ မသေနိုင်ခဲ့ပေမယ့် ဆေးပမာဏမြင့်တက်သွားတာမို့ ဆန့်ကျင်ဖက်ဆိုးကျိုးတွေ အနည်းနဲ့အများတော့ရှိခဲ့ပါသည်။
ဘာမှ မဖြစ်လောက်ဘူးထင်ခဲ့ပေမယ့် အဲ့ဒီ့နေ့က ချစ်ရတဲ့သူငယ်ချင်းအယ်ရာနဲ့ မုန်းရတဲ့ဂျွန်ဟယ်ယောင်းကို နောက်ဆုံးမြင်ခဲ့ရတဲ့နေ့လေးဖြစ်ခဲ့ရသည်။ အကြောင်းရင်းကတော့ အယ်ရာဟာ ဂျွန်ဟယ်ယောင်းနဲ့ကင်မင်ဆွန်း ဖောက်ပြန်နေတယ်ဆိုတာကို သိသွားခဲ့ပြီး ဟယ်ယောင်းဟာ ကိုယ်ဝန်ဆောင်နိုင်ဖို့အထိ ကြိုးစားခဲ့တယ်ဆိုတာကိုပါ အစအဆုံး သိသွားခဲ့တာကြောင့်ဖြစ်သည်။ ဘယ်သူပြောပြခဲ့လဲ သေချာမသိပေမယ့် အဲ့ဒီ့နေ့က အယ်ရာမောင်းတဲ့ကားပေါ်မှာ အယ်ရာနဲ့ဟယ်ယောင်း စကားများရန်ဖြစ်ကာ ကားအက်စီးဒင့်ဖြစ်ခဲ့တော့သည်။
အဆုံးသတ်မှာတော့ ရဲတွေရဲ့ဆေးစစ်ချက်အရ ဂျယ်ယောင်းပေါ်မှာ ဆေးထိုးလွန်ခဲ့တယ်ဆိုတဲ့စစ်ဆေးချက်ပေါ်လာပေမယ့် ကားက ဘရိတ်ကြိုးပြတ်ကာ မတော်တဆဖြစ်ခဲ့တာမို့ အမှုက တစ်မျိုးတစ်ဖုံပြောင်းသွားတော့သည်။ ပထမဆုံးအနေနဲ့ သူမလည်း အပြစ်ခံရမယ်ဆိုတာ သိပေမယ့် ကင်မင်ဆွန်းကြောင့် အမှုဟာ မြန်မြန်ပင်ပိတ်သိမ်းသွားရသည်။
အခုချိန်ထိ မှတ်မိနေသေးသည်၊ ဈာပနာအခမ်းအနားရဲ့အပြင်ဘက်မှာ ကင်မင်ဆွန်း သူမကို ပြောခဲ့တဲ့စကား။
" ကင်ဂျယ်ဟီး! ... လိုလို့လား ... ဟယ်ယောင်းကို သတ်ပစ်ရလောက်တဲ့အထိ လိုအပ်လို့လား .. ငါ ဟယ်ယောင်းကို ချစ်ပေမယ့် မင်းအပေါ်ဖောက်ပြန်တာမျိုးမလုပ်ခဲ့ဘူးလို့ ငါပြောခဲ့တယ်လေ ... ကင်ဂျယ်ဟီး... ငါ့သားမျက်နှာနဲ့ မင်းကို ငါထောင်ထဲ မသွင်းဘူး ... ဒါပေမဲ့ ရှေ့ဆက်ပြီး ငါတို့အတူတူနေဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ... ဆော့ဂျင်လေးကိုလည်း ငါ ကိုယ်တိုင်စောင့်ရှောက်မယ်! "
သူမကို အလွန်တရာ မုန်းတီးစပ်ဆုပ်စွာကြည့်ကာ ကလေးအုပ်ထိန်းခွင့်ကိုပါ အနိုင်ပိုင်းသွားခဲ့တဲ့လူသား။ သေချာသိလိုက်ရတာကတော့ ကင်မင်ဆွန်းဟာ သူမကို တရားခံလို့ ထင်သွားခဲ့တာပင်။ ချစ်ရသူဆီက အမုန်းတရားတွေပဲ လက်ခံရရှိခဲ့တာမို့ ဖြစ်တည်လာတဲ့ရင်သွေးကိုတော့ သူမ လက်မလွှတ်ချင်ပါ။ ထို့ကြောင့် မိသားစုအားကိုးနဲ့ ဆက်ပြီး အမုန်းခံကာ ဆော့ဂျင်ကို မရမက အုပ်ထိန်းခွင့်ယူခဲ့မိသည်။ ကင်မင်ဆွန်းကို ဖြစ်ကြောင်းကုန်စင်ရှင်းပြချင်ပေမယ့် အဲ့ဒီ့အချိန်ကစပြီး သူမနဲ့ ကင်မင်ဆွန်းဟာ အခုထိ မျက်နှာချင်းဆိုင်တွေ့ရတယ်ဆိုတာ မရှိ။
ဆော့ဂျင်ကို မြင်လေတိုင်း ကင်မင်ဆွန်းဆီကရခဲ့တဲ့အမုန်းတရားတွေ ကပ်ပါလာလေတော့ သူမ ရင်နာမိသည်။ အဲ့ဒီလိုပါပဲ .. လောကအလယ်မှာ တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ဂျောင်ဂုလေးဟာလည်း ငွေမက်တဲ့ဆွေမျိူးတွေကြား အနိုင်ကျင့်ခံခဲ့ရတာကြောင့် သူမကိုယ်တိုင်ပင် ရေစက်ဖြတ်စေကာ စောင့်ရှောက်ခဲ့မိသည်။ ဂျောင်ဂုကိုမြင်တိုင်း အယ်ရာ့ကို သတိရမိပေမယ့် ဟယ်ယောင်းနဲ့ ချွတ်စွပ်တူသည်မို့ တစ်ခါတလေတော့လည်း မုန်းတီးမိသည်။ တော်သေးသည်က ဂျောင်ဂုဟာ မိခင်ဖြစ်သူ အယ်ရာ့ဆီက စိတ်ထားကောင်းတဲ့အမွေကို အပြည့်အဝဆက်ခံထားသည်ပင်။
ဂျောင်ဂုကို စောင့်ရှောက်ခဲ့တာက မှားခဲ့တဲ့အမှားကို ပြန်ပေးဆပ်ချင်လို့ဆိုပေမယ့် တကယ်တမ်းကျ သားအရင်းနဲ့မခြား သိပ်ချစ်ရသည်။ ဆော့ဂျင်ကို ချစ်တဲ့အချစ်တွေ ကင်မင်ဆွန်းကြောင့် မဖော်ပြနိုင်ခဲ့ပေမယ့် ဂျောင်ဂုကို ချစ်တဲ့အချစ်တွေကတော့ အပြည့်အဝပုံဖော်နိုင်ခဲ့မယ်လို့ သူမ ယုံကြည်သည်။ သို့ပေမယ့် အခုချိန်မှာတော့ ထိုကလေးဟာ အမှန်တရားတွေကို မုသားတစ်ချို့နဲ့ သိသွားခဲ့တဲ့အတွက် သူမကို လုံးဝမုန်းသွားတော့မှာဖြစ်သည်။
အဲ့ဒီ့အချိန်ကလည်း တရားခံဟာ သူမ မဟုတ်ကြောင်း သက်သေမပြနိုင်ခဲ့သလို အခုအချိန်မှာလည်း သက်သေပြစရာ ဘာအချက်အလက်မှမရှိ။ ပိုဆိုးသည်က ကင်မင်ဆွန်းတောင် မယုံကြည်ပေးနိုင်တဲ့ဒီကိစ္စကို တခြားဘယ်သူမှ ယုံကြည်ပေးဖို့ မမျှော်လင့်တော့ပါ။ ချစ်ရသူအားလုံးရဲ့အမုန်းကို ခံယူဖို့ ခံနိုင်ရည်ရှိနေခဲ့ပြီဖြစ်သည်။
ဒါပေမဲ့ ... တစ်ခုပါပဲ ... ချစ်တာကို သေချာမထုတ်ပြနိုင်ခဲ့တဲ့သားဖြစ်သူဆီက ထပ်ပြီးအမုန်းခံရမှာ မလိုချင်ပါ ... တစ်ဘဝလုံးအမုန်းခံဘဝနဲ့ အထီးကျန်ပြီးပြီ ... နောက်ဆုံးအနေနဲ့ ကင်ဆော့ဂျင်လေးဆီကတော့ တစ်ခုခုကို သူမ မျှော်လင့်ချင်ပါသေးသည် ... ဂျောင်ဂုဆီက မဖြစ်နိုင်တော့တဲ့ အရာတစ်ခုကိုပေါ့ ....
အဲ့ဒီ့နောက် အလုပ်စားပွဲပေါ်တင်ထားမိတဲ့ ဓာတ်ပုံလေးကို ကြည့်ပြီး သူမ ဝမ်းနည်းစွာ ပြုံးလိုက်မိသည်။ ဓာတ်ပုံထဲမှာတော့ သူမရယ်၊ ဆော့ဂျင်ရယ်၊ ဂျောင်ဂုဂီလေးရယ်ကတော့ သူမကို ပြန်ပြီး ပြုံးပြလို့ပေါ့ ..။
~~ တောင်းပန်ပါတယ် သားသား ~~ မိဘမဲ့ဖြစ်စေမိလို့ တောင်းပန်ပါတယ် ~~ တီတီ့ကို ခွင့်မလွှတ်နဲ့ ~~~
ဒီအကြောင်းတွေ တစ်ချိန်ချိန် သိလာလိမ့်မယ်ဆိုတာ သူမ သိခဲ့ပေမယ့် အခု သားသား အသက်၁၇နှစ်အရွယ်မှာ သိသွားခဲ့တာဆိုတော့ သေချာစဉ်းစားဆုံးဖြတ်ဖို့ အရမ်းကို ငယ်လွန်းသေးတယ် မဟုတ်လား။ အဲ့ဒီ့နှလုံးသားနုနုနဲ့ကောင်ငယ်လေးက ဘယ်လိုလုပ်တောင့်ခံထားနိုင်မှာတဲ့လဲ ...။ အဲ့ဒါကြောင့် ဘာကိုမှ အတင်းမလုပ်ယူဘဲ ဒီအတိုင်းလေး တီတီ့ကိုပဲ မုန်းပြီးနေလိုက်ပါသားသား ...။
💠💠💠
အေးစက်နေတဲ့အခန်းငယ်ထဲ နွေးထွေးနူးညံ့တဲ့လက်တစ်စုံကြောင့် သူ့အသိတရားတွေ စတင်လာသည်။ အဲ့ဒီ့နောက် မျက်ဝန်းတွေကို အသာအယာဖွင့်ကြည့်မိတော့ သူ့လက်တစ်ဖက်ကို ကိုင်ကာ ကျန်လက်တစ်ဖက်က ဖုန်းကြည့်နေပုံရတဲ့ ကိုကို့ကို သူမြင်လိုက်ရသည်။ သူ ကိုကို့ကို မြင်မိတာနဲ့ချက်ချင်း ကိုကိုက သူ့ကို သတိထားမိသွားပုံပေါ်သည်။
တည်တံ့နေတဲ့မျက်နှာလှလှထက်မှာ ဝမ်းသာအားရအပြုံးလေး တစ်ပွင့်ထင်ဟပ်လာသည်။ ကိုကို့အပြုံးကို သူမြင်မိတော့ ရင်ဘတ်ကဆစ်ကနဲ့ နာကျင်နေသလိုပင်။ တီတီ့စကားတွေ သူပြန်ကြားယောင်လာမိသည်။
Advertisement
" သားသား ~~ "
ရံဖန်ရံခါမှသာ သားသားလို့ခေါ်တတ်တာမို့ အခုလည်း ထိုအသုံးအနှုန်းကို ခေါ်ဝေါ်လေတော့ ကိုကို့လက်ထဲက သူ့လက်ကို ဆွဲထုတ်ကာ ထထိုင်မိသည်။
" ... နိူးလာပြီပဲ တော်သေးတာပေါ့ .. ကိုကို့ခမျာ စိုးရိမ်လိုက်ရတာ ~~ အဲ့ဒါကြောင့်ပြောတာ အစားအသောက်ကို ပုံမှန်စားပါလို့ ... အခုတော့ ဆေးသွင်းထားရပြီမဟုတ်လား ..."
သူ့ပါးကိုကိုင်လိုက်၊ ဆံနွယ်တွေကို ပွတ်သပ်လိုက်နဲ့ စစ်ဆေးနေတဲ့ကိုကို့မျက်နှာကနေ ဘယ်လောက်တောင် စိုးရိမ်နေခဲ့ရကြောင်းပေါ်လွင်နေပေမယ့် သူ စိမ်းသက်နေမိသည်။ ကိုကို့ကို ကိုကိုလို့ မမြင်မိတော့တဲ့ ပထမဆုံး အခိုက်အတန့်ပင်။
ကိုကို့ရဲ့မာမီ၊ တီတီက သူ့မိဘတွေကို သေစေခဲ့တယ်ဆိုတဲ့အကြောင်းအရာက နားထဲက ဖျောက်ဖျက်လို့မရ။ သူ ကိုကို့မျက်နှာကို မြင်နေရတာတောင် အရင်ကလို လုံခြုံနွေးထွေးတဲ့ခံစားချက်မျိုးမရတော့ပါ။ ရုတ်ချည်းပြောင်းလဲသွားတဲ့ခံစားချက်တွေကို ကြောက်မိတာမို့ သူ ကိုကို့ကို ခပ်ထွေထွေလေး အားလျော့စွာ ငေးစိုက်ကြည့်မိသည်။
" ဂျောင်ဂု~~ ဘာဖြစ်လို့ အဲ့ဒီလိုကြည့်နေတာလဲ ..."
ကိုကို့ကို အကြာကြီးစိုက်ငေးနေမိသည်မို့ ကိုကို့ဆီက မေးခွန်းထွက်လာလေတော့ သူမျက်နှာလွှဲကာ ပြန်အိပ်ချလိုက်မိသည်။ အဲ့ဒီ့နောက် ကိုကို့ကို ကျောခိုင်းရင်း သူ စကားတစ်ခွန်းသာ ပြောလိုက်မိသည်။
" .. ကိုကို .. ကျွန်တော်် နားချင်သေးတယ် "
တစ်ခွန်းတည်းပြောရင်း သူ့ကို ကျောခိုင်းလိုက်တဲ့ဂျောင်ဂုကြောင့် သူ မှင်တက်မိသွားသည်။
နေဦး ... ဂျောင်ဂုက အခု သူ့ကို သားသားနဲ့မဟုတ်ဘဲ ကျွန်တော်နဲ့ ပြောလိုက်တာလား ... ဂျောင်ဂုဂီကလေ ... ဘာလို့လဲ ... ဘာလို့ရုတ်တရက်ကြီးလဲ ... မာမီဘာတွေပြောလိုက်လို့လဲ ... ဟင်အင်း မာမီက ဂျောင်ဂုကို ဘာမှ မပြောခဲ့ပါဘူးလို့ ပြောတယ်လေ ...
ဆော့ဂျင်ဝေခွဲရခက်စွာ မျက်မှောင်ကြုတ်လိုက်ရင်း ကျောခိုင်းသွားတဲ့ ဂျောင်ဂုကို ဆွဲလှည့်ဖို့ လက်လှမ်းလိုက်သည်။ သို့ပေမယ့် မနေ့က နှင်းတွေကြားမှာ မျက်ရည်လေးတွေနဲ့ ခွေခေါက်နေတာကို မြင်လေမိတော့ လက်တွေကို ပြန်ရုတ်လိုက်မိသည်။
သူ့ကလေးလေး ပင်ပန်းနေတာပဲ နေမှာပါ .. ခဏလောက် မနှောင့်ယှက်ဘဲ နေရအောင်လေ ..
အဲ့ဒီ့နောက် ဂျောင်ဂုဘေးနားမှာသာ သူလည်း ငြိမ်သက်မိနေတော့သည်။
~~~~~~~~~~~~~~~~~~
စူးနစ်စွာဝင်လာတဲ့အသံလှိုင်းကြောင့် သူ့မျက်ဝန်းတွေကို ဖွင့်လိုက်မိသည်။ အနှောင့်ယှက်ပေးတဲ့အသံလာရာကို ကြည့်မိတော့ သူ့ကုတင်ဘေးမှာရှိနေတဲ့ ကိုကို့ဖုန်းဆီက ဖြစ်သည်။ Caller ID က မန်နေဂျာအစ်ကိုဖြစ်သည်မို့ သူ လှမ်းယူကာ ကိုင်လိုက်မိသည်။
// " ... ကင်ဆော့ဂျင် ... မင်း ဘယ်မှာလဲ .. အလုပ်တွေပစ်ပြီး အဲ့ဒီလို နေလို့မရဘူးလေ ... ဂရုမစိုက်တာမျိုးလုပ်လို့်မရဘူးလေ ကင်ဆော့ဂျင် ... မင်းရဲ့ဒိတ်တင်းသတင်းတွေကလည်း အခုထိမငြိမ်သေးဘူးနော် ... ဘယ်မှာရှိနေလဲ ... ငါလာခေါ်မယ်" //
တစ်ဖက်က မန်နေဂျာစကားကြောင့် ကိုကိုဟာ သူ့အနားမှာပဲ အမြဲရှိနေခဲ့ပြီး အလုပ်တွေအကုန်ပစ်ထားတယ်ဆိုတာ သူသိလိုက်ရသည်။ တဆက်တည်းမှာပဲ ကိုကိုနဲ့ သူ ခပ်ဝေးဝေးမှာနေဖို့ ကြိုးစားရမယ်ဆိုတာပါ နားလည်လိုက်သည်။ ကိုကို့ကို မမုန်းတာတောင် တီတီ့လုပ်ရပ်က သူ့နှလုံးသားကို နာကျင်စေနေတုန်းမို့လို့လေ ...။
" ... ကင်ဆော့ဂျင်က ... ဗဟိုဆေးရုံရဲ့အခန်း၉၆မှာပါ ... လာခေါ်လိုက်ပါ မန်နေဂျာအစ်ကို "
သူ့အသံကြောင့် တစ်ဖက်ကမန်နေဂျာအံ့ဩသွားပေမယ့် သူ့လက်ထဲက ဖုန်းကိုတော့ တစ်ယောက်ယောက်ကဆွဲယူလိုက်သည်။
" ... "
" ...ဘာလို့ ကိုင်လိုက်တာလဲ သားသား ... ကိုကိုက မင်းအနားမှာပဲ ရှိချင်သေးတာကို .. ပြီးတော့ မင်းက နေလည်း မကောင်းသေးဘဲနဲ့ ..."
ဖုန်းကို စားပွဲပေါ်ပစ်တင်ရင်း ပြောလာလေတော့ သူ ကိုကို့ကို မော့ကြည့်လိုက်မိသည်။ ကိုကို့မျက်ဝန်းတွေက သူ့အတွက် တကယ်စိုးရိမ်နေတဲ့ပုံပင်။ သို့ပေမယ့် အခုအချိန်မှာ ထိုစိုးရိမ်နေတဲ့မျက်ဝန်းတွေကို သူကြောက်မိသည်။ တီတီလည်း သူခွဲစိတ်ရတုန်းက အဲ့ဒီလိုစိုးရိမ်တဲ့မျက်ဝန်းတွေနဲ့ ကြည့်ခဲ့တာမဟုတ်လား။
" .... ကိုကိုကရော ဘာလို့ အနားမှာရှိနေချင်ရတာလဲ ... ကျွန်တော်က တစ်ယောက်တည်းလည်း အဆင်ပြေပါတယ် ... နေမကောင်းတာက ခဏလေးနဲ့ ပျောက်တာပဲကို ... ကိုကိုသာ ကိုကို့အလုပ်တွေကို ဂရုစိုက်ပါ ... "
ဖျော့တော့စွာ သူပြောမိတော့ ကိုကိုက သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်သည်။
" ... တစ်ခုခုစိတ်ဆိုးနေတာလား ဂျောင်ဂု ... "
" ဟင်အင်း .. စိတ်မဆိုးပါဘူး ..."
" ဒါဆို ဘာဖြစ်လို့ နိုးလာကတည်းက ကျွန်တော်နဲ့ပြောနေရတာလဲ ... မင်းကို မာမီဘာပြောလိုက်လို့လဲ ... ကိုကို့ကိုပြော ဂျောင်ဂု ... "
သူ့ပခုံးကို ကိုင်လှုပ်ကာ မေးလာလေလျှင် သူ မျက်နှာလွှဲလိုက်မိသည်။
" ... တီတီက ဘာမှ မပြောပါဘူး ... ဒီတိုင်း အခေါ်အဝေါ်ပြောင်းချင်လို့ ပြောင်းတာ ထွေထွေထူးထူးမဟုတ်ဘူး ... ပြီးတော့ ကိုကို ... ကျွန်တော် ပြောစရာစကားရှိတယ် ... "
" .."
" ကျွန်တော် ကိုကိုနဲ့ မတွဲချင်တော့ဘူး ..."
" .... "
သူ့စကားကို ကိုကိုက မမျှော်လင့်ထားတဲ့ပုံပင်။ မျက်ဝန်းတွေက အရောင်ပြောင်းလာရင်း မယုံနိုင်စွာ သူ့ကိုကြည့်သည်။
" .. မနောက်နဲ့ ဂျွန်ဂျောင်ဂု ..."
" ... မနောက်ဘူး ... ကျွန်တော် ကိုကို့ကို တွဲရတာ မပျော်တော့ဘူး ကိုကို ... "
ကိုကို့မျက်ဝန်းတွေကို စိုက်ကြည့်ကာ ပြောမိတဲ့စကားအဆုံး ကိုကိုကရယ်သည်။ ဒီတစ်ခါတော့ ကိုကို့အကြည့်စူးစူးကို သူခံနိုင်ရည်ရှိစွာ လုံးဝအကြည့်မလွှဲဖြစ်။
" ... မပျော်တော့ဘူးဆိုတော့ ... လမ်းခွဲချင်နေတာပေါ့ ... ဂျောင်ဂု! မင်းလိမ်နေတာပဲ .. မသိဘူးထင်နေတာလား .. ကိုကို့ကိုပြော ပွင့်ပွင့်လင်းလင်းပြော ... ဘယ်သူက ဘာတွေပြောလိုက်လို့လဲ ... ဒီစကားတွေက မင်းပြောချင်တဲ့တကယ့်စကားတွေမဟုတ်တာ ကိုကိုသိတယ် အဲ့ဒီ့တော့ မလိမ်ဘဲ အမှန်အတိုင်းပြော! "
ဒီစကားမှာတော့ သူ့မျက်ဝန်းတွေ ဖျော့တော့သွားသည်။ သူ လိမ်နေတာ ကိုကိုသိနေတာပဲ .. ဒါပေမဲ့လည်း သူ အမှန်အတိုင်းမပြောနိုင်ဘူးလေ။
" ... အကြောင်းပြချက်က လိမ်တယ်ဆိုရင်တောင် ကျွန်တော် ကိုကို့ကို မတွဲချင်တော့ဘူး .. ကျွန်တော် ကိုကို့ကို မမြင်ချင်တော့ဘူး ... ဒါ အမှန်တရားပဲ ..."
" ဂျွန် ဂျောင် ဂု!!!!"
" ကင်ဆော့ဂျင် "
ကိုကို အသံကိုမြှင့်ပြီး သူ့နာမည်ကို ခေါ်လိုက်တဲ့အချိန်မှာပဲ အခန်းဝကနေ ကိုကို့နာမည်ကို ခေါ်ရင်း မန်နေဂျာအစ်ကို ဝင်လာခဲ့သည်။
" ... ကင်ဆော့ဂျင် မင်း ငါနဲ့လိုက်လာမှ ဖြစ်တော့မယ် ... သတင်းထောက်တွေ မင်းရှိတဲ့နေရာကို သိကုန်ပြီ .."
မန်နေဂျာအစ်ကိုကြောင့် သူနဲ့ကိုကိုစကားလမ်းစပြတ်တောက်ကာ ရုတ်ရုတ်သဲသဲဖြစ်တော့မယ့် အငွေ့အသက်တွေ သူရလိုက်သည်။ ကိုကို့ကိုကြည့်မိတော့ ကိုကိုက စိတ်ရှုပ်ကာ သူ့ကို အမြင်မကြည်စွာ စိုက်ကြည့်သည်။
" ... ဆော့ဂျင် အချိန်မရှိဘူး ... ဒီမှာမိရင် အရင်ဆုံးထိခိုက်မှာ မင်းကောင်လေးနော် .. မင်းမဟုတ်ဘူး ... မင်း သူ့ကို အထိခိုက်ခံနိုင်လို့လား ..."
သူ့နာမည်နဲ့ ကိုင်လှုပ်ကာ မေးလာပြန်လေတော့ ကိုကိုက သူ့ဆီ တိုးကပ်လာသည်။
" ... ဂျောင်ဂု! အကြောင်းပြချက်မရှိဘဲ ခုနကလို စကားတွေ မပြောနဲ့ ... ကိုကို မင်းကို လမ်းမခွဲပေးနိုင်ဘူး .. အဲ့ဒီတော့ ... သေချာပြန်စဉ်းစား ... ပြသနာတွေရှင်းပြီးရင် ပြန်လာခဲ့မယ် .."
ခပ်တိုးတိုးလေးပြောကာ မန်နေဂျာအစ်ကိုနောက်ကို လိုက်သွားတော့ အခန်းထဲမှာ သူတစ်ယောက်တည်းကျန်ရစ်သည်။ ကိုကိုမရှိတော့ဘူးဆိုမှ ရင်ထဲမှာ ဆို့နစ်နေတဲ့အကြောင်းအရာကို သူပြန်တွေးမိပြန်သည်။
ဘယ်လိုပဲ သေချာအောင် စဉ်းစား၊စဉ်းစား သူ ကိုကို့ကို လိုချင်သေးတာမျိုးမရှိတော့ပါ။ ကိုကို့ကို သူ ခွဲနေနိုင်လား၊ မနေနိုင်တာလား သူသေချာမသိ။ အဲ့ဒါထက် ဟိုလူကြီး သူ့ကို မေးသွားခဲ့တဲ့ မေးခွန်းကို အခု သူ့ကိုယ်သူ ပြန်မေးနေမိသည်။
သူ ကိုကို့ကို ကောင်လေးတစ်ယောက်လို ချစ်ခဲ့ရဲ့လား ဆိုတာကိုပေါ့ ...အဲ့ဒီ့အတွက်ကတော့ သူ့ဆီမှာ အခုထိကို အဖြေမရှိသေးပါ ...
အချစ်? အချစ်ဆိုတာက ဘာလဲ .. တကယ်လို့ သူ ကိုကို့ကိုသာ မချစ်ခဲ့ဘူးဆိုရင် သူ ကိုကို့ကို ဘာလို့တွဲခဲ့ရတာလဲ ... ကိုကိုက တွဲရအောင်ပြောခဲ့လို့ သူတွဲခဲ့တာမဟုတ်၊ အဲ့ဒီ့နေ့က အဲ့ဒီ့ခုံတန်းပေါ်မှာ ကိုကိုမဟုတ်တဲ့အခြားတစ်ယောက်က သူ့ကိုတွဲရအောင်ပြောရင် သူ ငြင်းဆန်ခဲ့မှာပင်။ ကိုကို မို့လို့သာ တွဲရအောင်ဆိုတဲ့စကားကို လက်ခံခေါင်းညိတ်ပြီး တွဲခဲ့တာဖြစ်သည်။
ကိုကို့ဘက်က တွဲနေခဲ့တဲ့တစ်လျှောက်လုံးလည်း ချစ်လားဆိုတဲ့မေးခွန်းမျိုးမရှိဖူးခဲ့သလို သူကိုယ်တိုင်လည်း မမေးမိ။ အခုကျမှ သူ ကိုကို့ကို ချစ်လား ဆိုတဲ့မေးခွန်းကို အကြိမ်ကြိမ်အခါခါဆန်းစစ်နေရတာ ရူးမတတ်ဖြစ်တော့မည်။ ကိုကို သူ့ကို ချစ်လား ဆိုတဲ့မေးခွန်းကို သူ ဆန်းစစ်စရာမလိုအောင် ယုံကြည်ပြီးသားပေမယ့် သူ ကိုကို့ကို ချစ်လား ဆိုတဲ့မေးခွန်းကတော့ သူ့ကိုယ်သူ ယုံကြည်မှုတို့ ပျောက်ရှဆုံးစေသည်။
ဒီလိုဝေခွဲရခက်နေတဲ့အချိန်မှာပဲ မိဘတွေသေခဲ့ရတဲ့အကြောင်းရင်းကို သိလိုက်ရတော့ သူ ကိုကို့ကို လက်လွှတ်ဖို့ ကြိုးစားတာက ပိုသင့်တော်လိမ့်မည်။ သူ့အသက် ၁၈ ပြည့်တာနဲ့ ကိုကိုတို့မိသားစုဆီက ရခဲ့တဲ့အထောက်အပံ့တွေအကုန် သူရပ်ဆိုင်းကာ အဖေနဲ့အမေချန်ရစ်ခဲ့တဲ့အိမ်ကြီးဆီ ပြန်သွားဖို သူရည်ရွယ်လိုက်မိသည်။
အဲ့ဒီ့နောက် ဂျောင်ဂု ခေါင်းရှုပ်လာတာကြောင့် ကုတင်ပေါ်က ဆင်းကာ လေညင်းခံဖို့အတွက် ဆေးရုံရဲ့ခေါင်မိုးထပ်ဆီ တက်သွားမိတော့သည်။
သူ့ဘဝကို သူတစ်ယောက်တည်း ထိန်းကျောင်းဖို့အတွက် စတင်ပြင်ဆင်ရတော့မယ်လေ ... မိဘမဲ့တစ်ကောင်ကြွက်မို့လို့ စပြီး ခက်ခဲတော့မယ့်အချိန်က မျက်တောင်တစ်ခတ်အတွင်း ရောက်လာတော့မှာဖြစ်သည်။
" ဟင်း "
အခုတော့ သူ သက်ပြင်းချရင်း တိုက်ခတ်နေတဲ့ညနေစောင်းရဲ့လေညင်းတွေကို ခံယူလိုက်ရင်း ကိုကိုနဲ့ ပြတ်သားနိုင်ဖို့ သူ့ကိုယ်သူ မေးခွန်းထုတ်နေမိတော့သည်။
💠💠💠
Oct 7, 2022
လူကြီးတွေရဲ့ဇာတ်ကြောင်းကိုတော့ အပြည့်အစုံ ဇာတ်ကြောင်းမပြန်ပေးတော့ဘူးနော် ဘယ်လိုဖြစ်ခဲ့ကြတယ်ဆိုတာ သိရဖို့ တစ်ယောက်ချင်းစီရဲ့ point of view ကိုပဲ ရေးပေးမှာပါ အပြည့်အစုံကို သိရင်တော့ ဘယ်လိုဇာတ်လမ်းတွေရှိခဲ့တယ်ဆိုတာကို နားလည်နိုင်မှာပါ 🙆🏻♀️
နောက်ကျသွားတဲ့ တောင်းပန်ပါတယ် ... (≧▽≦)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi Version ⟩
• Me , Myself And Bad Romance •
- အပိုင်း ၀၇ -
Advertisement
- In Serial320 Chapters
Harry Potter: New World
It is enough just to be in the wrong place at the wrong time. Whether a series of accidents, or a coincidence, but now I have to be reborn in a completely different world.
8.18 13820 - In Serial231 Chapters
The New Gate (LN)
“THE NEW GATE”, an online game that trapped its players and turned into a death game, was now releasing the thousands of players that had been dragged into it, thanks to the efforts of Shin, one of the most powerful players. But after having defeated the last boss and freed everyone, he was swallowed up by a strange light and found himself inside the game world 500 years in the future and unable to leave.
8 1212 - In Serial10 Chapters
Synchronizing Minds - A first contact story
So what are the intelligent aliens like? The humans didn't know for quite some time, since even though they had ventured out far, they had only found few animal species and those had been as far from sapience as common earthworms. But now they had finally stumbled upon someone and a first contact meeting is happening. Can ambassador Neil, the represantitive of humans, find friendship standing before a vastly different sapient creature that is six times her size and just learned about the concept of language? Or are the humans actually the weird ones?
5 70 - In Serial10 Chapters
The Naked Demon
A succubus – a demon who prays on human sensual energy - takes over Allison, a university freshman. Soon she learns about the existence of a mystery organization of demon hunters and discovers that a locket left to her by her late grandma is not just a piece of jewelry but a powerful artifact. Now she has to untangle a web of mysterious intrigues in order to find out why she is the one who is hunted by demons. The ordinary girl has to deal with Scarlet, a handsome and irrepressible demon lover, and Gray – a cunning, seductive, malicious and heartless sadistic incubus. But is Allison as ordinary as she thinks she is? Who was her Grandma? And who is Allison herself, really?
8 151 - In Serial6 Chapters
A god's Perspective
Many stories have their hero, an underdog who rises up from nothing to become the greatest. We never see a story where the main character is a god. Many would say it would not be interesting, but give it a chance. You may just find, Once you have been awakened, You shall be awakened for eternity. Please consider donating to help me continue the story, anything you can give will help. If you cannot be bothered to leave a comment and try to help me improve the story, please don't rate my story. Due to lack of monetary support and time constraints, new chapters will be added once a week for the time being. No more and maybe less.
8 188 - In Serial32 Chapters
The Bridge To Nihon (BOOK ONE)
Highest Rank #1 Fantasy - Bridges are meant to be crossed, aren't they?And yet, Sofia doesn't know of anybody who has ever crossed into Nihon, the shrouded unknown half of the world where magic rules and reality is pliable.One day, Sofia meets Orì, a girl with light blue skin from the other side of the river, and the two girls strike up an unlikely friendship. But Sofia is supposed to follow her aunt and become the Guardian of the Bridge, doomed to spend her life on the lookout for the things that nobody seems to want to see...When Orì suddenly vanishes, will Sofia have the courage to finally cross the bridge to Nihon and go to her friend's rescue?(First Book of the Nihon Series)
8 164

