《Me, Myself & Bad Romance •||• JINKOOK》【09】Part • 2 New Chapter
Advertisement
⟨ Unicode Version ⟩
Me, Myself & Bad Romance
• အပိုင်း ၀၉ •
// " ကင်ဆော့ဂျင်! ကင်ဆော့ဂျင်! ကင်ဆော့ဂျင်!! ကင်ဆော့ဂျင်!! " //
သောင်းပေါင်းများစွာသော ပရိသတ်တွေရဲ့ အသံညံညံက ကွင်းလုံးပြည့်နှက်သွားသလို စကရင်ထက်မှာပေါ်လာတဲ့ အပြုံးပန်းဝေနေတဲ့လူသားကို သူမြင်လိုက်ရသည်။ ရီဝေဝေမျက်ဝန်းတွေနဲ့ ခဏတာ စိုက်ကြည့်ပြီးနောက်မှာတော့ ထိုတီဗွီစကရင်ကနေ သူအကြည့်လွှဲလိုက်သည်။
" ... ငါတို့အိုပါး ချစ်စရာကောင်းလိုက်တာ ... "
" ဆံပင်လေးက ကောက်ကွေးလေးတွေ ... ချစ်လို့ သေပါပြီ ဘယ်လိုလုပ်ရမလဲ .."
" ... ဒါလား ၂၆နှစ်က ... ကလေးလေးလိုပဲ ... အိုက်ဂူး ..."
ဆိုင်ထဲမှာရှိနေတဲ့အထက်တန်းကျောင်းသူလေးတွေရဲ့စကားကြောင့် သူ ခပ်ရေးရေးပြုံးရင်း ခေါက်ဆွဲဘူးတစ်ချို့ကို ယူကာ ကောင်တာဘက်မှာ ငွေရှင်းလိုက်မိသည်။ တီဗွီစကရင်ထက်က အသံကတော့ ပျံ့လွှင့်နေဆဲ ...။
// " .... Cookie တွေရဲ့ အချိန်တွေ .. အချစ်တွေ ပေးပြီး ရလာတယ်ဆိုတာ သေချာသိပါတယ် ... အဲ့ဒါကြောင့် ပိုကောင်းတဲ့အရာတွေအတွက် ကြိုးစားရင်း ရှေ့ဆက်ပြီးအတူတူရှိနေပါ့မယ် ... ကျေးဇူးအများကြီးတင်ပါတယ် ... ချစ်လည်းချစ်ပါတယ် ..." //
လန်းဆန်းတက်ကြွနေတဲ့အသံလွင်လွင်လေးကို ကြားလိုက်ရတော့ နောက်တစ်ခါ သူထပ်ပြုံးရင်း အချိန်ပိုင်းကျောင်းသားလေးကမ်းပေးတဲ့အထုပ်ကို သူလှမ်းယူလိုက်သည်။ အဲ့ဒီ့နောက် စတိုးဆိုင်လေးကနေ ထွက်ပြီး မြေအောက်ရထားဘူတာအထိ ခပ်ဖြည်းဖြည်း လမ်းလျှောက်လိုက်မိသည်။ သူဖြတ်လျှောက်သွားမိတဲ့ Ads Board တွေမှာတော့ ကင်ဆော့ဂျင်ရဲ့ပုံရိပ်တွေကအပြည့်ပင်။ လှည့်မကြည့်မိအောင် ခြေလှမ်းတွေကို ထိန်းရင်း တင်းခံမိနေပေမယ့် အထက်တန်းကျောင်းသူလေးတစ်ယောက်နဲ့ သူဝင်တိုက်မိသည်။
" အ့ .."
" တောင်းပန်ပါတယ် .."
သူကတိုက်မိပေမယ့် တောင်းပန်သူက ထိုကောင်မလေးမို့ ပြုတ်ကျသွားတဲ့ကတ်လေးကို ကောက်ကာ ပြန်ပေးမိသည်။ ထိုကတ်လေးဆီ အကြည့်ရောက်မိတော့ ကိုကို့ရဲ့pc cardလေးပင် ။
ရှင်းသန့်ပြီး ကြည်လင်နေလိုက်တာ ကိုကိုမဟုတ်တဲ့အတိုင်းပဲ ကိုကိုရယ် .....
ထိုကောင်မလေးကတော့ သူ့လက်ထဲက ကတ်လေးကို ဆွဲယူကာ ထွက်သွားခဲ့ပေမယ့် သူကတော့ ထိုနေရာမှာတင် ရပ်ရင်း ကျန်ခဲ့မိသည်။ အဲ့ဒီ့နောက် သူ့ဘေးမှာရှိနေတဲ့ကြော်ငြာဘုတ်ကို သူလှည့်ကြည့်မိသည်။
သွားတဲ့နေရာတိုင်း ကိုကိုရှိနေတာ ကျွန်တော် သိပ်ကံကောင်းတယ် သိလား ကိုကို ~~ အနည်းဆုံးတော့ ကျွန်တော် ကိုကို့ကို လွမ်းတိုင်း ကိုကို့ဓာတ်ပုံတွေနဲ့ ဗွီဒီယိုလေးတွေကို လိုက်ရှာကြည့်လို့ရသေးတယ်လေ ... ကိုကိုကရော ... ဘာများလုပ်နေမလဲ ... ကျွန်တော့်ကိုရော နည်းနည်းလေးမှ မလွမ်းနေဘူးထင်တယ် ... မုန်းပစ်မယ်လို့ပြောခဲ့တဲ့အတိုင်း တကယ်ပဲ မုန်းပစ်လိုက်တာလား ...
သူ စိတ်နဲ့ ရေရွတ်ရင်း ကိုကို့မျက်နှာကို စိုက်ကြည့်မိတော့ ပါးပြင်ထက်မျက်ရည်လေးတွေ ခိုတွဲလာသည်။
တကယ်တော့ ကိုကိုနဲ့ သူ လမ်းခွဲခဲ့တာ လေးနှစ်ကြာခဲ့ပြီဖြစ်သည်။ သူဟာအထက်တန်းကျောင်းသားလေးမဟုတ်တော့သလို ချစ်စရာအပြုံးတွေပိုင်ဆိုင်ထားတတ်တဲ့ကောင်ငယ်လေးလည်း မဟုတ်တော့ပါ။ သူ အသက်ပြည့်ပြီးကတည်းက တီတီ့ဆီကထောက်ပံ့မှုတွေအကုန် သူ ရပ်တန့်ကာ မိဘတွေထားသွားခဲ့တဲ့ အမွေအိမ်ကြီးကို အေဂျင်စီနဲ့ချိတ်ပြီး ငှားရမ်းထားခဲ့ပါသည်။ သူကတော့ ဈေးတန်တဲ့တိုက်ခန်းသေးသေးကို ပြန်ငှားကာ တစ်ယောက်တည်းနေတတ်ဖို့ ကြိုးစားခဲ့မိသည်။
အစပိုင်းတော့ ဘယ်လိုမှ တောင့်မခံနိုင်ခဲ့ပေမယ့် ကြာလာတဲ့အခါ သူနေသားကျသွားခဲ့သည်။ အေးစက်ပြီးမှောင်မည်းနေတဲ့အမှောင်ညတွေ ...,၊ နွေးထွေးမှုမရှိတော့တဲ့ညစာစားပွဲတွေ၊ ဆုတောင်းပေးမယ့်သူမရှ်ိတော့တဲ့မွေးနေ့တွေကို တစ်ယောက်တည်း ဖြတ်သန်းရင်း သူ့ကိုယ်သူ ကြံ့ခိုင်အောင် နေခဲ့မိသည်။ ဘယ်သူ့အကူအညီမှ ထပ်မယူဘဲ တစ်ယောက်တည်းနေဖို့ ကြိုးစားခဲ့ပေမယ့် အဒေါ်ကြီးကတော့ သူတားမရလောက်တဲ့အထိ သူ့ဆီ တစ်ပတ်တစ်ခါတော့လာပါသည်။ အဒေါ်ကြီးလာရတဲ့အကြောင်းအရင်းကလည်း တီတီလွှတ်ထားလို့ဆိုတာ သူသိသည်။ ဘယ်လောက််တားတား အမြဲလာတာမို့ နောက်ပိုင်း သူလည်း မတားဆီးနိုင်တော့ပါ။ အချိန်ပိုင်းအလုပ်တွေလည်း သူအကုန်ဝင်လုပ်တတ်ပြီး လူတွေကို ဘယ်လိုသည်းခံရမလဲဆိုတာ သူသင်ယူခဲ့မိသည်။
အနိုင်ကျင့်ခံရတဲ့အချိန်တိုင်း သူ သတိရမိတာက ကိုကို့ကိုပင်။ ကိုကိုသာရှိနေမယ်ဆိုရင် ဒီလိုလူတွေကို သူကြောက်နေရမှာ မဟုတ်။ မပြည့်စုံတော့တဲ့ဘဝမှာ စိတ်ညစ်စရာတွေများလာပေမယ့် ပျော်စရာအချိန်တွေလည်း သူ့ဆီမှာ ရှိပါသေးသည်။ အဲ့ဒါကတော့ လမ်းဘေးကြောင်လေးတွေကို အစာကျွေးနေရတဲ့အချိန်ပင်။ ကြောင်လေးတွေကို အစာကျွေးနေရတဲ့အချိန်က သူ့ဘဝမှာ အပျော်ဆုံးအချိန်ဖြစ်လိမ့်မည်။ ကြောင်လေးတွေအစာစားတာကိုကြည့်ပြီး ခံစားရတဲ့ခံစားချက်တွေကို သူ ကိုကို့ဆီ သူပြောပြချင်မိသည်။ ကိုကို့ကိုသာဆိုရင် ဒီလိုပျော်စရာတွေလည်း သူ ဝေမျှနိုင်သည်လေ။ အဲ့ဒါအပြင် ကိုကိုမရှိတဲ့လောကကြီးမှာ ရှင်သန်နေရတဲ့တစ်နေ့ချင်းစီရဲ့ခံစားချက်တွေကို သူပြောပြချင်သည်။
ဒါပေမဲ့ လမ်းခွဲပြီးတဲ့အချိန်ကစပြီး ကိုကို့ဘက်က သူ့ကို တစ်ချက်လေးတောင် မဆက်သွယ်လာတော့ပါ၊ ညီအဖြစ်တောင် မသတ်မှတ်နိုင်ဘူးဆိုတဲ့စကားကို ကိုကိုက အတည်ဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဒါဆို မုန်းတော့မယ်ဆိုတဲ့အတိုင်း ကိုကို သူ့ကို တကယ်ပဲ မုန်းပစ်ခဲ့တာများလား။
သေမတတ်သတိရတဲ့အချိန်ရှိပေမယ့် ကိုကို့ကို သူစွဲလန်းနေရုံလေး စွဲလန်းနေတာလို့ သူထင်မိခဲ့သည်။ ထို့ကြောင့် ပထမနှစ်မှာ ကောင်မလေးတွေရော၊ ကောင်လေးတွေနဲ့ပါ သူ တွဲကြည့်ခဲ့ပေမယ့် သူ့နှလုံးသားက အလုပ်မလုပ်တော့။ အသားချင်း ထိတွေ့ကိုင်တွယ်နေရတာတောင် စကရင်ပေါ်က ကိုကို့မျက်ဝန်းတွေ လောက် ရင်ခုန်နွေးထွေးမှုကို မပေးနိုင်ခဲ့ပါ။ အခုလို လေးနှစ်ကြာပြီးသွားတဲ့အချိန်မှာတော့ အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကို သူရှာတွေ့ခဲ့မိသည်။ သူဟာ အချိန်တိုင်း ကိုကို့ကိုသာ လိုချင်နေခဲ့ပြီး သူ့ရဲ့အရာရာတွေကို မျှဝေပေးချင်မိတဲ့လူဟာလည်း ကိုကို ဆိုတာကို သူနားလည်ခဲ့ရသည်။ ပင်ပန်းလာတိုင်း၊ အရှုံးပေးချင်လာတိုင်း သူတောင့်တမိတာက ကိုကို့ဆီက ပွေ့ဖက်မှုလေးတစ်ခုသာ ဖြစ်သည်။ ဘယ်အချိန်ကစပြီး ဘယ်လိုဖြစ်ပေါ်လာမှန်းမသိတဲ့အချစ်တွေက ကိုကို့အတွက်ဆိုတာ သူ သေချာ အတည်ပြုနိုင်ခဲ့သည်။သို့ပေမယ့် သူ နောက်ကျသွားခဲ့ပြီ။ သူဟာကို ကိုကို့ကို စကားလုံးအချို့နဲ့နာကျင်စေခဲ့ပြီးပြီလေ။ စကရင်ပေါ်ကကိုကို့ပုံရိပ်တွေမြင်မိတိုင်းလည်း သူ ချစ်တဲ့အကြောင်းတွေ တိုးတိုးတိတ်တိတ်ပြောမိသည်၊ လွမ်းတဲ့အကြောင်းတွေပြောမိသည်။ ဒီစကားတွေကိုတော့ ကိုကို့ရှေ့မှာ ထုတ်ပြောဖို့အခွင့်အရေးမရှိတော့ပါ။ ကိုကိုနဲ့သူ့ဇာတ်လမ်းဟာ အတိတ်ဖြစ်သွားခဲ့သလို သူ့ဘဝကလည်း အကွေ့အဝိုက်တွေရှိနေခဲ့ပြီလေ။
Advertisement
လေးနှစ်ဆိုတဲ့အတောအတွင်းမှာ ကိုကိုက နိုင်ငံ့ဂုဏ်ဆောင် ကြယ်ပွင့်ဖြစ်လာပေမယ့် သူကတော့ ကိုကိုနဲ့ဆန့်ကျင်စွာ တဖြည်းဖြည်းမှေးမှိန်သွားသည်။ လောကကြီးမှာ တစ်ယောက်တည်းရှင်သန်ဖို့ မလွယ်ကူမှန်း တစ်နေ့တခြားပိုသိလာလေ သူ ကိုကိုနဲ့မတွေ့ချင်လေ ဖြစ်သည်။ အားနည်းနေတဲ့သူ့ပုံစံကို ကိုကိုလည်း မြင်ချင်မှာ မဟုတ်ဘူးလေ ...။
ဒါပေမဲ့ လမ်းခွဲမိလို့နောင်တရလားမေးရင်တော့ သူမရပါ။ ကိုကိုနဲ့သူက အစကတည်းက ဖြစ်နိုင်ချေမှ မရှိတော့သည်ပဲ...။
" ဟင်း "
လေးလံလှတဲ့သက်ပြင်းတွေကို ထွက်သက်တစ်ခုနဲ့ ထွက်ခွာစေလိုက်မိသည်။
" ...!! ... !! ..."
ကိုကို့ကြော်ငြာဘုတ်ကိုကြည့်နေတာ ဘယ်လောက်ကြာသွားလဲမသိ။ သူ့ဖုန်းမြည်လာတော့မှ အသိဝင်လာရင်း ခြေဦးလှည့်လိုက်မိသည်။
" .. အင်း ပြော ~~ "
// " မေ့နေလားဂျောင်ဂုရေ ... ဒီနေ့အိမ်ပြောင်းရမယ့်နေ့လေ ... ငါ နင့်အိမ်ရှေ့ရောက်နေပြီ ... " //
" ... အာ ~~ ဟုတ်သား ... ငါမေ့နေလို့ ခေါက်ဆွဲထုပ်တောင်ဝယ်လာမိသေးတယ် ... အိမ်ထဲ အရင်ဝင်ထားနှင့် .. ခဏပဲစောင့် အခု မြေအောက်ရထားဘူတာမှာ ... ငါလာခဲ့မယ် နောက်ထပ် ဆယ်မိနစ် "
// " အင်း မြန်မြန်လာနော် ... ပေါင်ပေါင်းလေးက အေးနေတော့မှာ " //
" အင်း အင်း .. ဒါပဲ "
အဲ့ဒီ့နောက် ထပ်ပြီး မလွမ်းဆွေးတော့ဘဲ ဘဝရဲ့လက်ရှိအချိန်ကိုပြန်အသက်ဝင်စေလိုက်မိတော့သည်။
ပတ်ဝန်းကျင်က အရာရာဟာလည်း သူ့ကို မသိကျေးကျွံပြုရင်း ပုံမှန်အတိုင်းပင်။
💠💠💠
" သတို့သားနဲ့ သတို့သမီးနမ်းပေးရင် ပိုအဆင်ပြေမယ် .. အဲ့ဒီလိုဆို သဘာဝကျကျလေးထွက်လာတာပေါ့ "
ကင်မရာဆရာရဲ့အသံကြောင့် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အင်တင်တင်ကြည့်လိုက်မိသည်။
" ဟိုလေ ... နှုတ်ခမ်းတော့အဆင်မပြေလောက်ဘူး ... ပါးလောက်ပဲဆိုရင် အဆင်ပြေတယ်မလား ... ခုတလော ပေါင်ပေါင်းကြောင့် သူ့အဖေ နှုတ်ခမ်းကို မထိချင်ဘူးဖြစ်နေတာ ..."
" ကောင်းပြီလဲ အဆင်ပြေပါတယ် ... သတို့သားလေးက သတို့သမီးလေးကို ကြင်ကြင်နာနာကြည့်ပေးမယ်ဆိုရင် ပိုအဆင်ပြေပါတယ် ကျွန်တော်တို့ရိုက်နေတာ romance concept ပါ Tom and Jerry မဟုတ်ပါဘူးနော် "
ကင်မရာမန်းစကားကြောင့် သူ့မျက်နှာ ပိုစူပုတ်သွားမိသည်။ ရှင်းခူရိုကတော့ ဒါကို အသံထွက်အောင် ရယ်ရင်း သူ့လက်မောင်းကို ဆွဲယူကာ နီးကပ်သည်ထက် ပိုနီးကပ်အောင် ပူးကပ်လိုက်သည်။ အဲ့ဒီ့နောက် ကင်မရာဆရာရဲ့အလိုတော်ကျ ခူရို့ပါးပြင်းပေါ်ကို မထိတထိ သူ့နှာဖျားလေး တေ့ထားလိုက်မိသည်။
သိပ်မကြာလိုက် .. ဓာတ်ပုံရိုက်ခြင်းပြီးဆုံးလေတော့ "FOTO" wedding Studioကနေ သူရော ခူရိုရော ထွက်လာခဲ့လိုက်မိတော့သည်။
ဂျောင်ကုနဲ့ခူရို ထွက်သွားတာနဲ့တစ်ဖက်ဝင်ပေါက်ကနေ ရောက်လာခဲ့ကြတာက KSJ Teamပင်။
" ... အာ ~~ ရောက်လာကြပြီကိုး ... ဒီမှာ ဂျင်အတွက် နားနေခန်းအသင့်ပြင်ထားပြီးပါပြီ .. လိုအပ်တာရှိရင်လည်း ပြောပေးပါနော် .. ရိုက်ကွင်းက နောက်ဆယ်မိနစ်နေရင်စမှာပါ ... အကုန်လုံးအသင့်ပါပဲ "
မန်နေဂျာဆီဦးတည်ပြီး ပြောတာမို့ ဆော့ဂျင်နားမထောင်ဘဲ နှုတ်ဆက်အသိမှတ်ပြုရင်း လက်ရာကောင်းတွေ ချိတ်ဆွဲထားတဲ့ စတူဒီယိုကို လှည့်ပတ်ကြည့်မိသည်။ ကြည်နူးစရာအငွေ့အသက်တွေနဲ့ စိတ်ချမ်းသာစရာမြင်ကွင်းတွေအပြည့်ရှိနေတဲ့ ဒီစတူဒီယိုလေးက လူတိုင်းအတွက် ကျေနပ်ချင်စရာဆိုပေမယ့် သူ့အတွက်တော့ ခံစားချက်တွေ ဗလာနတ္ထိပင်။ သူ့ခေါင်းထဲမှာ ပြည့်ကျပ်နေတဲ့အချိန်ဇယားတွေရယ်၊ အဖေပေးထားတဲ့စီးပွားရေးအရှုပ်အရှင်းဖြေရှင်းချက်တွေရယ်၊ သူလုပ်လက်စ သီချင်းအပိုင်းအစတွေရယ် အကုန်ပြည့်ကျပ်မွတ်သိပ်နေသည်။
မျက်နှာကသာ နုဖတ်ခန့်ထည်လွန်းနေပေမယ့် သူ့စိတ်တွေကတော့ မလန်းဆန်းနိုင်။ တစ်စုံတစ်ခုကိန်းအောင်းနေသလိုမျိုး နှလုံးသားရဲ့အတွင်းနက်နက်တစ်နေရာမှာ သံမှိုလေးတစ်ပွင့်တည်ရှိနေသည်။
" ဆော့ဂျင် "
မန်နေဂျာအသံကြောင့် သူလှည့်ကြည့်မိသည်။
" ဒါပြီးရင် နားလို့ရပြီ ငါ မင်းအချိန်ဇယားတွေအကုန်ဖျက်ထားပေးတယ် ... ပြီးတော့ meditationအတွက် နေရာရှာထားပေးတယ် အေးဆေးနားလို့ရတယ် ဆော့ဂျင် "
မန်နေဂျာစကားကြောင့် သူမျက်မှောင်ကြုတ်မိရင်း ခေါင်းခါလိုက်သည်။
" .. ဘာလို့ဖျက်လိုက်တာလဲ ... ကျွန်တော်အဆင်ပြေတယ်လေ ... ဒါပြီးရင် နောက်တစ်ခုက featuring ဆိုထားပေးတဲ့ MVအတွက် ရိုက်ကွင်းမလား ... အဲ့ဒါပြီးရင် HS in Asia Awardအတွက် ဆုလက်ခံရရှိကြောင်း message ဗွီဒီယိုရိုက်ရမှာ မဟုတ်လား .. အကုန်အဆင်ပြေပါတယ် ထပ်မရွှေ့ပါနဲ့ .."
" ... ဘာကိုအကုန်အဆင်ပြေတာလဲ .. ဒီတစ်ပတ်လုံးနေမှ မင်းအိပ်ချိန်စုစုပေါင်းက နာရီ ၂၀ပဲရှိသေးတယ်နော် ကင်ဆော့ဂျင် ... Stress Testကလည်း အနီပြတဲ့အထိ ၁၀၀ပြည့်နေတာကို ... ကိုယ့်ကိုယ်ကိုယ် သတ်သေမလို့လုပ်နေတာလား ..."
မန်နေဂျာစကားကိုတော့ သူလျစ်လျူရှုရင်း ငြိမ်သက်စွာ ထိုင်လိုက်မိသည်။
" Idolတစ်ယောက်ပဲလေ ~~ ဒီလောက်တော့ရှိရမှာပေါ့ .. ပြီးတော့ Soloist လေ ... ဒီလောက်မှ မကြိုးစားရင် ဘယ်တောက်ပနိုင်ပါ့မလဲ ... အတောက်ပဆုံးကြယ်ပွင့်ဖြစ်အောင် ဒီထက်ပိုပြီး ကြိုးစားရမယ်မဟုတ်လား .."
ဘေးနားရှိတဲ့စာအုပ်တစ်အုပ်ကောက်ကိုင်ရင်း ပြောမိတော့ မန်နေဂျာက ခေါင်းခါသည်။
" ... တော်ပြီ ... မင်းကို ငါ ပရိုဂျူဆာမင်နဲ့ပဲ အပ်တော့မယ် ..."
သူ့ကို ပြောမနိုင်စွာ ထွက်သွားတဲ့မန်နေဂျာကိုတော့ လျစ်လျူရှုရင်း လက်ထဲက စာအုပ်ကို ပိတ်လိုက်သည်။ အဲ့ဒီ့နောက် ဆိုဖာပေါ် ခဏမှီရင်း ငြိမ်သက်နေလိုက်မိတော့သည်။
သိပ်မကြာ ရိုက်ကွင်းစတင်တော့ သူအတော်ကြာ သုံးထားမိတဲ့ အပြုံးမျက်နှာကို ထပ်ပြီး အကာအကွယ်ယူရင်း သူ့ရိုက်ကွင်းပြီးစေလိုက်သည်။ အဖြူအမည်းဖြစ်နေတဲ့သူ့အတွင်းစိတ်ကိုတော့ ဘယ်သူမှ မြင်နိုင်မှာမဟုတ်၊ အပြုံးတစ်ပွင့်နဲ့ ခပ်အေးအေးနေတတ်တဲ့ဆော့ဂျင်ရယ်လို့သာ ဒီအသိုင်းအဝိုင်းက သိထားကြသည်လေ။
Advertisement
ရိုက်ကွင်းပြီးတဲ့နောက်မှာတော့ အပေါ်ထပ် Dance Studio ကနေဆင်းလာတာက ပရိုဂျူဆာမင်ပင်။
" ဆော့ဂျင် ... Fishing Cafe? Sleeping Cafe? Bar? ဘယ်သွားချင်လဲ ..."
အဝတ်လဲနေတဲ့သူ့အနားကပ်ကာပြောတော့ သူခေါင်းခါလိုက်မိသည်။ မင်ယွန်ဂီကတော့ သက်ပြင်းတစ်ခုနဲ့အတူ ခေါင်းခါရင်း သူ့လည်တိုင်က လဲ့နေတဲ့ငွေရောင်အမျှင်လေးကို ကြည့်သည်။
" ... ငြင်းတယ်ဆိုတော့ ထပ်ပြီး တစ်ခုခုလုပ်ဦးမလို့မဟုတ်လား ... ကင်ဆော့ဂျင် ... တင်းမခံထားဘဲ ဖွင့်ထုတ်လိုက်ကြမလား ... တစ်ခါလောက်ဖြစ်ဖြစ် ... မင်း သူ့အကြောင်းပြောလိုက်ရင် ပိုပြီး အဆင်ပြေသွားမှာ မဟုတ်ဘူးလား ... ဘယ်အချိန်ထိ မသိသလို, မရှိသလို ခေါင်းမာနေဦးမှာလဲ ... "
" ... instrumental Room ရဲ့သော့က မင်းဆီမှာမလား ... ခဏငှား ..."
ယွန်ဂီစကားကို မကြားချင်ယောင်ဆောင်ပြီး မတူညီတဲ့အကြောင်းအရာကို စကားလမ်းလွှဲမိတော့ ယွန်ဂီက မျက်နှာလွှဲကာ ခေါင်းညိတ်သည်။
" ထပ်လုပ်ပြန်ပြီပဲ ... မပေးနိုင်ဘူး ... တစ်ခွက်လောက် သောက်ကြမလား .. "
" မသောက်ဘူး .. ငါသောက်လို့မရတာ မင်းသိပါတယ် ... လစ်မစ်ကျော်ရင် ဘာလုပ်လဲ မင်းသိပါတယ် ... မင်း ထိန်းနိုင်မှာမဟုတ်ဘူး ... "
" ... ဒါဖြင့်ရင် instrumental Room ကို ဘာသွားလုပ်မှာလဲ .. "
" ဘာလုပ်ရမှာလဲ ကြိုးစားရမှာပေါ့ ... BTS'J-Hope နဲ့ Collaboration က ရဖို့လွယ်တာမဟုတ်ဘူးလေ စီနီယာတွေကို အစွမ်းကုန်ကြိုးစားပြရမှာပေ့ါ "
နောက်လထွက်မယ့် သီချင်းအသစ်အကြောင်း သူပြောမိတော့ ယွန်ဂီက စိတ်ကုန်တဲ့ပုံစံနဲ့ရယ်သည်။
" ... ငါ့ကိုကျ စီနီယာလို့မြင်သေးလား ... အဲ့သီချင်းကို produce လုပ်မှာငါနော် .. ကင်ဆော့ဂျင် ... နားလိုက်တော့ အလွန်အကျွံလုပ်တာ မကောင်းဘူး ... လာ ငါ အိမ်လိုက်ပို့မယ် ..."
ဘယ်လိုနေနေ သော့ပေးမယ့်ပုံစံမပေါက်နေတာမို့ သူ ဘာမှ မပြောတော့ဘဲ ပရိုဂျူဆာမင်ခေါ်ရာနောက်ကိုသာ လိုက်သွားမိတော့သည်။ မင်ယွန်ဂီကတော့ သူ့ကို အိမ်အရောက် ပို့ပြီးတာနဲ့ နောက်ဆံတင်းစွာ လှည့်တကြည့်ကြည့်နဲ့ အနားယူဖို့ ထပ်ခါထပ်ခါမှာပြန်သည်။
" နားလိုက်တော့နော် ကင်ဆော့ဂျင် ... လေးနှစ်လုံးလုံး ပြေးလာတာ ဒီလောက်ဆိုရပြီပဲ ... ခဏနားလိုက် ... ဆေးလည်းပုံမှန်သောက်ဦး ..."
" အင်း "
စကားမရှည်ချင်တာမို့ ခေါင်းပဲ ညိတ်ရင်း နှုတ်ဆက်လိုက်သည်။ အဲ့ဒီနောက် ထွက်သွားတဲ့ယွန်ဂီကားကို သူ မျက်နှာသေနဲ့ကြည့်ရင်း ဘောင်းဘီအိတ်ထဲမှာ ဖွက်ထားမိတဲ့သော့ကို ယူထုတ်လိုက်မိသည်။ ဒီသော့လေးက မင်ယွန်ဂီ သူ့ကို မပေးချင်ခဲ့တဲ့ instrumental Room ရဲ့ သော့ပင်။
သူ ချက်ချင်း ကားထုတ်ကာ အနားမယူတော့ဘဲ လေ့ကျင့်ဖို့အတွက် instrumental Room ကို သွားမိတော့သည်။
အချိန်အားဖြင့် ည၁၁နာရီ ..
သူ တစ်ယောက်တည်း instrumental Room ရဲ့ မီးရောင်မှိန်မှန်အောက်မှာ စည်းချက်အတိုင်းလှုပ်ရှားနေမိသည်။ Collaboration MVအတွက် စီနီယာ J-Hope သင်သွားပေးခဲ့တဲ့ ကကွက်တွေကို လေ့ကျင့်ရင်း သူ့ရဲ့ခန္ဓာကိုယ်ကို ပင်ပန်းအောင်လုပ်နေမိသည်။ အချိန်တော်တော်ကြာသွားတဲ့အထိ သူလေ့ကျင့်နေမိတော့ သူ့ခန္ဓာကိုယ်က ပင်ပန်းသည်ထက် ပိုပြီးပင်ပန်ရင်း နာကျင်လာသည်။ သို့ပေမယ့် သူ မရပ်တန့်နိုင်။ ခန္ဓာကိုယ်က ပင်ပန်းတာထက် နှလုံးသားဗဟိုမှာ တည်ရှိနေတဲ့ ဆူးလေးတစ်ချောင်းက ပိုနာကျင်ရအောင် လုပ်နေတာမို့ အဲ့ဒီ့ခံစားချက်တွေကို သူ ထပ်ချေဖျက်ဖို့ ကြိုးစားမိသည်။
သူ့ခန္ဓာကိုယ်ကတော့ ကကွက်တွေကို အလွတ်ရနေသလို လှုပ်ရှားနေပေမယ့် သူ့စိတ်ကတော့ သူ မေ့ပစ်ချင်တဲ့အရာကိုသာ စူးစိုက်နေသလိုပင်။
... လေးနှစ် .. လေးနှစ်ရှိခဲ့ပြီ ... ဘာကြောင့် မေ့လို့မရသေးတာလဲ ... မမေ့နိုင်မှာစိုးလို့ အဲ့ဒီ့ကလေးနဲ့ ပတ်သက်တာ တစ်ခုမှ မစုံစမ်းခဲ့သလို ဘာတစ်ခွန်းမှလည်း ထုတ်မပြောခဲ့ ...။ လမ်းခွဲသွားတဲ့နေ့ကစပြီး ပေါ်မလာတော့တဲ့အဲ့ဒီ့ကလေးကို သူ မုန်းနိုင်ဖို့ ကြိုးစားနေခဲ့တာလေ ... ရှင်းရှင်းပြောရင် မာမီ့ကိုဆက်သွယ်ရင် အဲ့ကလေးအကြောင်းကြားနေရမှာမို့လို့ မာမီ့ကိုတောင် သူ မဆက်သွယ်ခဲ့တာလေ ... ဒါကို ဘာကြောင့် သတိရနေတာလဲ ... ဘာတွေထပ်လိုချင်နေသေးတာလဲ ...
ကင်ဆော့ဂျင် အသိတရားကပ်စမ်းပါ .. လေးနှစ်လုံးလုံး မင်းတစ်ယောက်တည်းပဲ ရူးနေခဲ့တာ ... လေးနှစ်လုံးလုံး ဒီလိုတောက်ပတဲ့နေရာမှာ အထီးကျန်နေခဲ့တာ ... လေးနှစ်လုံးလုံး သူ မင်းကို တစ်ယောက်တည်းချန်ခဲ့တာ ... လေးနှစ်လုံးလုံး မင်း နာကျင်နေခဲ့ရတာ ... မုန်းတယ်မလား .. ဒီလို တမ်းတနေတာကို နာကျင်ရတာမလား ... ဒီလို မမေ့နိုင်တာက ပိုနာကျင်ရတာမလား ... အဲ့ကလေးကို မုန်းတယ်မလား ... ဆက်ပြီးမုန်းနေရမယ် ... အရွယ်ရောက်ပြီး အချိန်ကတည်းက စိုးမိုးထားတဲ့ အဲ့ဒီ့ကလေးကို ဆက်မုန်းနေလိုက် ...
" !! "
ပြင်းထန်လာတဲ့ခံစားချက်တွေကြောင့် စည်းချက်လွဲချော်သွားတဲ့အခိုက်မှာ သူ ဟန်ချက်ပျက်ရင်း ကြမ်းပြင်ပေါ် ပြုတ်ကျမိသည်။ အကျမနာအောင် လက်ထောက်မိတဲ့တစ်ခဏမှာ သူ့လက်ကောက်ဝတ်က တော်တော်လေးနာကျင်သွားခဲ့သည်။ သို့ပေမယ့် ထိုနာကျင်မှုထက် သိမ်းဆည်းထားမိတဲ့ဒဏ်ရာက ပိုထုထည်ကြီးနေတာမို့ သူ အားရပါးရ ငိုလိုက်မိသည်။ နှစ်တွေ ကြာတာတောင် ဒီနာကျင်မှုကို သူအသားမကျသေး။
အမြဲတမ်း သတိရပြီး နာမည်လေးတောင် မကြားချင်လောက်တော့တဲ့အထိ တမ်းတမ်းစွဲဖြစ်နေရတဲ့ အဲ့ဒီ့ကလေးနာမည်ကို သူရေရွတ်ရင်း နာနေတဲ့လက်နဲ့ ကြမ်းပြင်ကို ထိုးမိတော့သည်။
" !! "
" !! "
" !! "
" !! ... မုန်းတယ် ... ဂျွန်ဂျောင်ဂုကို မုန်းတယ် ... ဂျွန်ဂျောင်ဂုကို မုန်းတယ်လို့ !!!! ... "
လက်တစ်ခုလုံး နီရဲလာတော့မှ သူရပ်တန့်လိုက်မိသည်။ မီးရောင်မှိန်မှိန်အောက်မှာ ဖွင့်ထားမိတဲ့သီချင်းက စည်းချက်နဲ့အညီ မြိုင်မြိုင်ဆိုင်ဆိုင် လှုပ်ရှားရတဲ့သီချင်းဖြစ်ပေမယ့် မှန်ထဲက သူ့ပုံရိပ်ကတော့ အလဲလဲအကွဲကွဲနဲ့ နွမ်းလျဆို့နင့်နေသည်။
... ဒါလား တောက်ပနေတဲ့ဂျင်! ... ဒါလား တောင်ကိုးရီးယားရဲ့ကြယ်ပွင့် ကင်ဆော့ဂျင် ...
ဟုတ်ရင်လည်း ဟုတ်မှာပေါ့ .. တောက်တောက်ပပနဲ့ နေရစ်ခဲ့ဆိုတဲ့စကားကို အရူးတစ်ယောက်လို အကောင်အထည်ဖော်ပေးခဲ့တာ ... အဲ့ဒီ့အဆုံးသတ်ရလဒ်ကတော့ ပျော်ရွှင်ခြင်းတွေ ဆိတ်သုဉ်းပြီး တစ်ကိုယ်တည်း တောက်ပစွာ အထီးကျန်နေခဲ့တာလေ ...
ဆော့ဂျင် မှန်ထဲက သူ့ပုံရိပ်ကိုသူ ကြည့်ရင်း နာကျင်စွာ ငိုလိုက်မိသည်။ လေးနှစ်လုံးလုံး ဖော်ပြဖို့တောင် မဖြစ်နိုင်တော့တဲ့နာကျင်မှုက သူ့တစ်ကိုယ်လုံးကို ဖြေးညှင်းစွာ တိုက်စားလာနေတော့ သူ မျက်ဝန်းတွေပိတ်ကာ စိတ်ကို လျော့လိုက်မိသည်။ မင်ယွန်ဂီပြောသလို ရင်ဖွင့်ပြောပြလိုက်မယ်ဆိုရင် သက်သာကောင်း သက်သာနိုင်ပေမယ့် သူ မလုပ်နိုင်။ သူ့မှတ်ဉာဏ်ထဲက အဲ့ဒီ့ကလေး ပျောက်ပျက်သွားမှာ သူကြောက်နေမိသည်။ ချစ်လို့မရဘူးဆိုရင်တောင် ဒီနာကျင်မှုတွေနဲ့အတူ အဲ့ဒီ့ကလေးကို သူမုန်းနေပါမည် ... သူမဟုတ်တဲ့တခြားတစ်ယောက်ကို ချစ်မိသွားတယ်ဆိုကတည်းက မုန်းဖို့လုံလောက်တဲ့အကြောင်းပြချက်တစ်ခုဖြစ်နေပြီးသားပဲ မဟုတ်လားလေ ...
အဲ့ဒီ့နောက် ရှိသမျှနာကျင်မှုတွေက သူ့ကို ဝါးမြိုလာလေလျှင် သူ ကြမ်းပြင်ပေါ် ခွေခွေလေး လဲကျသွားတော့သည်။ မကြာခင် သူ့အသိအာရုံတွေ အမှောင်ကျသွားတော့မှာဖြစ်သည်။ အမှောင်ကျသွားတာနဲ့ သူ လွတ်မြောက်နယ်မြေဆီ ရောက်တော့မှာဖြစ်သည်။
ဒီလိုဆိုတော့လည်း ဘာအတွေးမှ မရှိတော့တဲ့အတွက် နာကျင်ရတာကို သူ မခံစားမိတဲ့အခိုက်အတန့်မို့ အင်အားကုန်ခမ်းသွားတာမျိုးကို သဘောကျမိသား။
ဆော့ဂျင်ပြုံးလိုက်ရင်း မျက်ဝန်းတွေကို ပိတ်လိုက်မိသည်။ တဖြည်းဖြည်းနဲ့ ထုံထိုင်းလာတဲ့ခန္ဓာကိုယ်က အသိအာရုံတွေကို ဆွဲယူသွားတဲ့အခါ ကပ်ပါသွားတဲ့နာကျင်မှု အပိုင်းအစတွေဆီကနေ သူ လွတ်မြောက်သွားတော့သည်။
ထာဝရလွတ်မြောက်ခြင်းကို သူသဘောမကျပေမယ့် ဒီလိုခဏတာလွတ်မြောက်ခြင်းကိုတော့ သူသဘောကျပါသည်။ ထာဝရလွတ်မြောက်ခြင်းမှာတော့ ဂျောင်ဂုဆီ ပြန်မလာနိုင်တော့တဲ့အတွက် သူ သဘောမကျပေမယ့် ခဏတာလွတ်မြောက်ခြင်းမှာတော့ ဂျောင်ဂုဆီ ပြန်လာနိုင်သေးတဲ့အတွက် သူ အသာတကြည်လက်ခံလိုက်မိတော့သည်။
.
.
.
.
အဲ့ဒီ့လောက်ထိကို ချစ်နေသေးပြီး အဲ့ဒီ့လောက်ထိကို မုန်းနေမိပြီ ပြောရင် ယုံနိုင်ဦးမလား ကလေးရယ် ..
💠💠💠
1013 • ฅ^•ﻌ•^ฅ
Happy Birthday Wuri Jiminie
♡'・ᴗ・'♡
Challenge လေးပြီးအောင် ရေးနေပေမယ့် ဖြေရှင်းရမယ့် ကိုယ်ရေးကိုယ်တာကိစ္စလေးပေါ်လာပါတယ် .... သေချာပေါက် လုပ်ရမှာမို့လို့ update လေး ခဏရပ်နားပါမယ် ... ဒါပေမဲ့ ဒီဟာလေးကို အကြာကြီးမပစ်ထားပါဘူး ... Challenge ကာလအတွင်း အတတ်နိုင်ဆုံးကြိုးစားပြီး ရေးပေးမှာပါ ... ပြီးတော့ အပိုင်း ၁၀ကိုရေးနေတာ တစ်ဝက်ရောက်ပါပြီ ... ဒီနေ့ည ပြီးခဲ့ရင် ချက်ချင်းတင်ပေးပါမယ် ... အဲ့ဒါပြီးရင်တော့ ခဏလေးနားပါမယ်နော်
နောက်တစ်ခုက From Us To You Project လေးအတွက် Jinah ရေးပေးခဲ့တဲ့ Short Story လေးကို အစအဆုံး Public လုပ်ပြီးပါပြီ .. Vmin ဖတ်တဲ့သူများရှိရင် update စောင့်စရာမလိုဘဲ စီးမျောနိုင်ပါပြီနော် ... နောက်ထပ် ထပ်ပြောပြရရင် အဲ့ဒီ့ Black Swan လေးနဲ့ အကြောင်းအရာတူတဲ့ Jinkookလေးကိုလည်း Short Story မဟုတ်ဘဲ Long Story Version ထပ်ရေးပေးဦးမှာပါ ... ဒါကတော့ 2023 Planလေးပေါ့နော် ... Me, Myself And Bad Romance ပြီးတာနဲ့ Pinkish Alpha နဲ့ Kookie လေးကို တစ်လှည့်စီupdate ပေးမှာပါ ...
အခုတော့ အပိုင်း ၁၀ လေး ရေးဖို့ သွားပါတော့မယ် ...
တာ့တာ🐹🐰🐳
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi Version ⟩
Me, Myself & Bad Romance
• အပိုင်း ၀၉ •
" အ့ .."
" တောင်းပန်ပါတယ် .."
Advertisement
- In Serial15 Chapters
Imperatrix: Rise of Theadora
At a turning point in history the efforts of a dozen can shift an Empire. For a thousand years the Amazons have lived in a secret diaspora their Sisterhoods have worked for generations for power. They have faced set back and roadblocks as well as victories and achievements. For their goal they have topled Empires and fracture nations with thousands dead, all to creat just a single moment that none knew would look like but would reconized. Now at the turning of the year the moment has arrived and the Amazons are reaching to take hold.
8 217 - In Serial12 Chapters
Follower Of Death
The story talks about a young boy by the name of Elliot and his life in the fantasy world. In this world of magic and conflict, nobody is safe and death can be around every corner. Join our young protagonist as he tries to learn magic, find comrades and survive against all odds as he gets his own territory, gathers an army, and becomes a powerhouse.
8 200 - In Serial6 Chapters
Heart of the world
The story of Nadia, a young girl who is kidnapped by a demon for monetary purposes ... but what seems "just" a bad story of the kidnapping, will soon become a tragic run against the clock to save the world. Nothing is what it seems.
8 187 - In Serial17 Chapters
King Eden
Two hundred years have passed and the Earth belongs to the corrupt. Society is reduced to clandestine tribes of survivors who indulge in warfare, battling one another over desolate wastelands. They are the Ancients, and Eden is their Lord. Legends cannot capture her skill as a warrior, but these stories of her ruthless past secure her title as King. A centuries-old war ravages her homeland. The tribes must unite against a force that outweighs the unnatural resilience of Earth's survivors. Mars: a utopia of refugees who outlasted the apocalypse. They spent the nuclear winter pushing the boundaries of military technology, sacrificing their resources to satisfy their greed. Now the Martian Colonies are unsustainable. Their Minister vows to reclaim the Earth for his people's sake--and he will stop at nothing to bring King Eden's reign to an end. When the Martians capture her heir to the throne, King abandons her homeland to regain the one thing that makes her human. This faces King with a savage choice: surrender to Mars in exchange for her son and the enslavement of her people, or challenge the Minister's army of metal titans and nightmarish experiments. Failure is inevitable, victory promises sacrifice. But King is no stranger to an impossible fight. After all, she is the Lord of Ancients, and power is indeed in the hands of the bloodthirsty. This story is also available on Wattpad
8 167 - In Serial54 Chapters
Badly Written Poetry From A Fucked Mind
Hi, welcome to a poetry book written by me, your local Insomniac.This book will contain some messed-up stuff I won't lie, sometimes the poems are like vents, and other times they are just me writing.So really quickly before you read here is a quick TW.------------------------------------------TW for:Self Harm (Mentioned/implied, maybe described but most likely not)Eating disorders (Mention and implied)Derealization/Depersonalization-------------------------------------------I will also add trigger warnings before each poem just in case. Remember to stay safe while reading.One more thing before you read, I will only update when I have the motivation or have a poem I want to post. So I apologize if my updates are spratic.
8 160 - In Serial24 Chapters
My American Boyfriend (Bakudeku)
Who would have thought that Bakugo would be in a relationship?How would the class react when they first meet Bakugo's lover?How will they react to America ?•••••••••••••••••••••••••••••••••••••••••••••••••••••••••
8 171

