《Me, Myself & Bad Romance •||• JINKOOK》【13】
Advertisement
⟨ Unicode Version ⟩
• Me, Myself & Bad Romance •
• အပိုင်း ၁၃ •
သုံးနှစ်ကြာပြီးနောက် ...
“ ... ပြောရမယ်ဆိုရင် ... မင်း လိင်ဆက်ဆံဖို့ လိုအပ်တယ် ... အဲ့ဒါမှ ဟော်မုန်းအပြောင်းအလဲ ဖြစ်ပြီး အခုလို နာကျင်တာတွေ မဖြစ်မှာ ~~ ဖြစ်နိုင်ရင် ဒီနေ့ နားဖို့ အကြံပေးချင်တယ် ~~ ဆေးစာရေးပေးပါ့မယ် နားလိုက်ပါ ... ”
ဆရာဝန်စကားအဆုံး သူ မျက်မှောင်ကြုတ်ရင်း သက်ပြင်းချလိုက်မိသည်။ ခဏခဏ ဗိုက်အောင့်ပြီး မေ့လဲတဲ့အထိ ဖြစ်နေတာမို့ သူ ဒီလိုတွေ အမြဲစစ်ရပေမယ့် အခုလောက်ထိ ဆိုးနေမယ် မထင်ထား။ တစ်ရာမှာ တစ်ယောက်ပဲမို့ အခြားသူတွေက သူ့အခြေအနေကို နားလည်နိုင်မှာမဟုတ်။ သူတောင် စစသိချင်း တော်တော်လေးရှော့ခ်ရသွားသည်လေ။
" ဟိုလေ ... ဒီထက်ပိုပြင်းတဲ့ ဆေးပေးလို့မရဘူးလား ... ကျွန်တော့်အလုပ်က နားလို့မဖြစ်လို့ပါ..."
သူ့စကားကိုတော့ ဆရာဝန်က ခက်လိုက်လေခြင်း ပုံစံနဲ့ ပြန်ကြည့်သည်။
" ... ဂျောင်ဂုရှီ ... ကောင်လေးရှိလား ... ဒါမှမဟုတ် ကောင်မလေးရှိလား ... ဆရာ ပြောတဲ့အတိုင်း s*xသာလုပ်မယ်ဆိုရင် အဲ့ဒီ့ဆေးတွေ သောက်ဖို့ မလိုတော့ပါဘူး ..."
ထပ်ပြောလာလေတော့ သူ မျက်နှာမဲ့လိုက်မိသည်။
" ... ကြည့်ရတာ ရှိနေပုံမပေါ်ဘူး ... ဒီလိုလုပ်လို့မဖြစ်တာသိပေမယ့် ကတ်လေးပေးလိုက်မယ် ... တစ်ယောက်ယောက်ရှာလိုက်ပါ ... ဒါပေမဲ့လည်း သတိထားရမှာက s*xကိစ္စက အလွန်အကျွံတော့ မရဘူးနော် ... တစ်ခါတည်းနဲ့ ကိုယ်ဝန်ရနိုင်တာလည်း သတိထားရမယ်နော် .."
ပြောပြောဆိုဆို သူ့ကို ONS တွေရှိမယ့် လိပ်စာတစ်ခုပေးလာလေတော့ သူ ချီတုံချတုံယူထားလိုက်မိသည်။ သူ့လောက်အလုပ်ရှုပ်တာ သူပဲရှိတာမို့ သွားဖြစ်မှာတော့မဟုတ်၊ အလုပ်မရှုပ်ရင်လည်း သူသွားမှာ မဟုတ်။ တစ်ယောက်ယောက်နဲ့ ပတ်သက်ရမယ်ဆိုတာ သူ့အတွက်တော့ မသက်ဆိုင်သလိုပင်။
" ... ဂျောင်ဂုရှီ ~~ မသက်သာရင် ဆရာပေးတဲ့အကြံအတိုင်း လုပ်လိုက်ပါ ... မဟုတ်ရင် မင်း ဒီထက်ပိုနာကျင်နေလိမ့်မယ် "
" ဟုတ် ကျေးဇူးပါဆရာ ~~ ကျွန်တော် သွားပါတော့မယ် "
အဲ့ဒီ့နောက် ဆေးရုံကနေ မပြေးရုံတမယ် သူ ထွက်လာကာ နောက်ကျနေပြီဖြစ်တဲ့ အလုပ်ကို သူ အလျင်အမြန်ပြေးရတော့သည်။ တကယ်တော့ သူက အလုပ်စဝင်တာ တစ်လသာရှိသေးတဲ့ အလုပ်သင်ရှေ့နေလေးဖြစ်သည်။ ခူရိုနဲ့ ကွာရှင်းပြီးကတည်းက ရှင်းအုပ်စုနဲ့ ပြသနာတက်မှာစိုးလို့ သူ့ကို ဘယ်ကုမ္ပဏီကမှ လက်မခံကြ။ သူနဲ့ ခူရိုရဲ့ဆက်ဆံရေးကို အပေါ်ယံသာသိကြသည်မို့လည်း ပါသည်လေ။ ခူရိုကတော့ ကူညီပေးမယ်ပြောပေမယ့် သူကတော့ သူ့အရည်အချင်းနဲ့ ရလာတဲ့အလုပ်ကိုပဲ တန်ဖိုးထားပါသည်။ အခုတော့ မထင်မရှားရှေ့နေရုံးတစ်ခုမှာ သူ အလုပ်သင်အနေနဲ့ နေရာရထားခဲ့ပြီဖြစ်သည်။ ကုမ္ပဏီက သေးပေမယ့် ဒီလိုနေရာသေးသေးကိုလည်း သူခက်ခက်ခဲခဲရှာထားရတာပင်။
" တီ ..."
အလုပ်ရောက်တာနဲ့ scanစစ်တော့ ထင်တဲ့အတိုင်း သူနောက်ကျသည်။ ထို့ကြောင့် စီနီယာကြီးဆီက အော်သံထွက်လာတော့ သူခေါင်းငုံ့လိုက်မိသည်။
" အလုပ်သင်ဂျွန် ~~ ' အရေးကြီးဧည့်သည်ရောက်မယ်၊ စောစောလာ' လို့ မနေ့ကတည်းက သေချာ မေးလ်ပို့ထားပါလျက်နဲ့ ဒီလိုပုံစံက ဘာဖြစ်တာလဲ ... မင်း အလုပ်နောက်ကျတာ ဒါဆိုရင် သုံးကြိမ်နော် ... အလုပ်ထုတ်ခံချင်နေတာလား ... နောက်တစ်ခါဆို warning မပေးဘဲ တန်းထုတ်မှာနော် "
အနေအေးပြီး တစ်ယောက်ယောက်ကို ဆူတာမျိုးမရှိတဲ့စီနီယာဆီကနေ အဆူခံလိုက်ရတာမို့ တစ်ရုံးလုံးက သူ့ကို ကွက်ကြည့်ကွက်ကြည့် ကြည့်သည်။
" ... ထပ်ပြီး ယောင်္ကျားတွေနဲ့ ထပ်ပြီးအိပ်တာနေမှာပေါ့ ... အရင်မိန်းမနဲ့ကွာရှင်းရတာကလဲ ဒီလိုအကျင့်မကောင်းလို့ ဆိုပဲ ..."
" အရင်မိန်းမက ပိုက်ဆံရှိတာပဲကို ... သူက ဘာလို့ငွေလိုတာလဲ ... "
" ... မသိဘူးလား ... သူက ဂေးလေ ... ငါတို့ကျောင်းတုန်းကဆို ငွေရဖို့အတွက် ဘာမဆိုလုပ်တဲ့ကောင်ပေါ့ ... ငါသိတယ် ငါ့ဂျူနီယာပဲ သူက ...."
နောက်ကွယ်က တီးတိုးတီးတိုးသံတွေကို သူ ဥပေက္ခာပြုပြီး လက်သီးဆုပ်လိုက်မိသည်။ တက္ကသိုလ်တက်တုန်းက အရေးပေါ်ငွေလိုခဲ့တာမို့ ခဏတာ လုပ်မိတဲ့အချိန်ပိုင်းအလုပ်နဲ့ပတ်သက်ပြီး သူ့ကို အထင်လွဲနေတာဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုတုန်းက အတန်းချိန်တူခဲ့တဲ့စီနီယာလည်း အခုအလုပ်ခွင်မှာ တူနေတာမို့ သူ့အကြောင်းက ချဲ့ကားသွားသည်ပင်။
သူ့ကို ဆူနေတဲ့စီနီယာကတော့ ထိုအသံတွေကြောင့် မျက်နှာက ပိုခက်ထန်လာသည်။
" ... အလုပ်မရှိလို့ ဝန်ထမ်းလျော့ချရမယ့်ပုံပဲ မင်းတို့ထဲက ဘယ်သူ အရမ်းအားနေလဲ "
တီးတိုးတီးတိုးလုပ်နေကြတဲ့ဝန်ထမ်းတွေကို စီနီယာ ဆူလိုက်မှပဲ ထိုဝန်ထမ်းတွေက သူ့အကြောင်းပြောတာ ရပ်ကာ အလုပ်နေရာပြန်ထိုင်ကြသည်။ သူကတော့ စီနီယာရှေ့ ခေါင်းငုံ့ဆဲ ...။
" ... ဘာလဲ မင်းလည်း အလုပ်မရှိဘူးလား ဂျွန်ဂျောင်ဂု ~~ မင်းနာမည်ကို ထိပ်ဆုံးမှာ ထားလိုက်ရမလား ... နောက်ကလည်း ကျသေး ~~ "
" တောင်းပန်ပါတယ် နောက်ဆို ဂရုစိုက်ပါ့မယ် ..."
မှားနေသည်မို့ တောင်းပန်ပြီး ခေါင်းညိတ်မိတော့ စီနီယာက စိတ်ကုန်သလိုကြည့်သည်။ အဲ့ဒီ့နောက် သူ့နေရာ သူထိုင်ကာ ပုံနေတဲ့ ဖိုင်တွဲတွေကို ကြည့်ပြီး ရင်မောစွာ သက်ပြင်းချလိုက်တော့သည်။ ခေါင်းကမူးနောက်နောက်ဖြစ်နေသလို ဗိုက်လည်း အောင့်နေပေမယ့် သူ နားလို့မဖြစ်။ ဒီရှေ့နေရုံးက သေးတယ်ဆိုရင်တောင် သူသေချာပေါက် ကြိုးစားရပါမည်။ ဒါ သူ့အတွက်လမ်းစပဲလေ။
Advertisement
အဲ့ဒီ့နောက် မျက်မှန်ကိုင်းကို ပင့်တင်ကာ သူလုပ်စရာရှိတဲ့အလုပ်တွေကို စတင်လုပ်ကိုင်လိုက်မိတော့သည်။
“ ... စိတ်တော့ မကောင်းပေမယ့် အားလုံးကို ကြေညာချက်စရာတစ်ခုရှိတယ် ... ”
ညနေပိုင်းအလုပ်ဆင်းခါနီး ထူးထူးဆန်းဆန်းmeetingခေါ်ကာ ကြေညာချက်ထုတ်တဲ့ အဖွဲ့ခေါင်းဆောင်ကြောင့် အားလုံး စိုးထိတ်သွားမိသည်။
“ .. ငါတို့ရုံးက အခြေအနေမကောင်းနေခဲ့တာ ကြာပါပြီ ... အဲ့ဒါကြောင့် ဖျက်သိမ်းရတော့မယ် "
ထိုစကားအပြီးမှာ သူအပါအဝင် ဝန်ထမ်းအားလုံးရဲ့မျက်နှာက မလှ။ သူအလုပ်ဝင်တာ တစ်လမပြည့်သေးတဲ့အချိန်မှာပဲ ကုမ္ပဏီက ဖျက်သိမ်းရတော့မှာတဲ့လား။ ကိုယ်တိုင်လည်း စိတ်လေသွားပေမယ့် ဘယ်တတ်နိုင်မလဲ တခြားနည်းလမ်းရှာရဦးမှာပေါ့ ... ဒီအတိုင်း ထိုင်ပြီး စိတ်ပျက်အားငယ်နေလို့မှ မရတာလေ။
" ဒါဆို အကုန်လုံးအလုပ်လက်မဲ့ဖြစ်ပြီလို့ ဆိုလိုချင်တာလား "
မနက်က သူ့ကို ဆူခဲ့တဲ့စီနီယာက အဖွဲ့ခေါင်းဆောင်ကို မေးခွန်းထုတ်တော့ အဖွဲ့ခေါင်းဆောင်က ခေါင်းခါသည်။
" အဲ့ဒီလိုလည်းမဟုတ်ဘူး ... ငါ ဒီကုမ္ပဏီကိုဖျက်သိမ်းလိုက်တယ်ဆိုပေမယ့် ငါတို့အဖွဲ့ကတော့ မဖျက်သိမ်းဘူး ... အဲ့ဒီ့အစား ကုမ္ပဏီကြီးတစ်ခုမှာ ဌာနတစ်ခုအနေနဲ့ အလုပ်ပြန်ဆင်းကြရမယ် ... လွယ်အောင် ပြောရင် ဝယ်လိုက်တဲ့သဘောပါပဲ ... "
ထိုစကားကြောင့် ညှိုးငယ်နေတဲ့မျက်နှာတွေ တောက်ပသွားသည်။
" တောင်ကိုးရီးယားရဲ့အကြီးဆုံးအင်တာတိန်းမန့်က ငါတို့ရှေ့နေရုံးကို သူတို့ရဲ့ရှေ့နေအဖွဲ့အဖြစ်စာချုပ်ချုပ်ထားတယ် ... ရှေ့လျှောက်ပြီး ငါတို့က ဒီနေရာမှာမဟုတ်ဘဲ သူတို့ဘက်က သတ်မှတ်ထားပေးတဲ့ရုံးမှာ အလုပ်ဆင်းရလိမ့်မယ် ... အဲ့ဒီတော့ အပြောင်းအရွှေ့တာဝန်ကို ဘယ်သူယူမလဲ .. ငါကတော့ စာချုပ်ကိစ္စ စကားပြောစရာရှိတာမို့ ရုံးခန်းအပြောင်းအရွှေ့ကိစ္စကို မလုပ်နိုင်ဘူး ...”
ခေါင်းဆောင်စကားကြောင့် တိတ်ဆိတ်သွားလေတော့ အားလုံးရဲ့အကြည့်တွေက သူ့ဆီရောက်လာသည်။
" ... အာ ဂျွန်ဂျောင်ဂု ~~ မင်းက နောက်ဆုံးဝင်တဲ့တစ်ယောက်မလား ... ဟုတ်ပြီ ... ငါလိုက်ပို့မယ် .. အပြောင်းအရွှေ့ကိစ္စကို မင်း တာဝန်ယူလိုက်ပါ ”
အဲ့ဒီ့နောက် စာရင်းချုပ်ရတဲ့ဖိုင်တွဲကိစ္စတွေကိုပါ သူ့ဆီအပ်ကာ ရုံးခန်းပြောင်းရွှေ့ရတဲ့ကိစ္စကို သူလုပ်ရတော့သည်။ တစ်ယောက်တည်းတော့ မဟုတ်ပေမယ့် မနက်ကဆူတဲ့စီနီယာကင်က သူ့ကို ဝိုင်းကူပေးသည်။ တစ်ခါတလေ ရုပ်တည်ကြီးနဲ့ ဟောက်တတ်တာမျိုးရှိပေမယ့် စီနီယာကင်ကတော့ သူ့အပေါ် စိတ်ရင်းကောင်းတယ်ဆိုတာတော့ သူခံစားမိပါသည်။
" ... ငါ ချိန်းထားတာ ရှိလို့ အရင်ပြန်နှင့်မယ် ဂျောင်ဂု ... မင်းလည်း ပြန်နားတော့ ... မနက်ဖြန် ရုံးတက်မှ ပြန်တွေ့မယ် "
အသစ်ပြောင်းလာတဲ့ ရုံးခန်းထဲ နှုတ်ဆက်စကားဆိုပြီးတာနဲ့ စီနီယာကင် ထွက်သွားတော့ သူတစ်ယောက်တည်းကျန်ရစ်ခဲ့သည်။ သူလည်း ကြာကြာနေဖို့ စိတ်ကူးမရှိပေမယ့် သူရောက်နေတဲ့ ကုမ္ပဏီက HYPE Label ဖြစ်နေတာကြောင့် အိမ်ပြန်မယ့် သူ့ခြေလှမ်းတွေ သူ အနည်းငယ်တွန့်ဆုတ် တွန့်ဆုတ် ဖြစ်မိသွားသည်။ အနုပညာနယ်ပယ်နဲ့ ပတ်သက်ရမယ်မှန်း သူမတွေးဖူးခဲ့ပေမယ့် ကုမ္ပဏီအောက်ထပ်မှာ ရှိတဲ့ boardတွေကို သူ ငေးမိသည်။
ဒီလို စကရင်ထက်မှာ ကိုကို့မျက်နှာကို မမြင်ခဲ့ရတာ တော်တော်ကြာနေပြီဖြစ်သည် .. တပ်ထဲ ဝင်သွားပြီးကတည်းက ပြန်ထွက်လာတယ်လို့သာ ကြားပေမယ့် ဘာအနုပညာလှုပ်ရှားမှုမှ မရှိတော့တာပင်။ ကုမ္ပဏီကလည်း အတည်ပြုစာမထုတ်ပေးတဲ့အပြင် ကိုကို့နဲ့ပတ်သက်သမျှ ဘယ်အကြောင်းအရာမှ အကြောင်းမပြန်။ ပရိသတ်တွေကတော့ ကိုကို ပြန်လာဖို့ စောင့်နေပေမယ့် ကိုကိုကတော့ social media ပေါ်မှာတောင် ပေါ်မလာခဲ့ပါ။ အဲ့ဒီလိုပဲ နှစ်သစ်ကူးရောက်တိုင်း တီတီတို့ဆီ သူအလည်သွားတဲ့အခါမျိုးမှာတောင် ကိုကိုက တီတီ့ဆီရောက်မလာဘဲ ဖုန်းနဲ့သာ အဆက်အသွယ်လုပ်သည်တဲ့။
ကိုကို့ဘဝထဲကနေ အရင် ထွက်သွားခဲ့တာ သူဆိုပေမယ့် တကယ်တမ်းကျ သူကသာ ကျန်ရစ်နေခဲ့သလိုပင်။ 'ရက်စက်လိုက်တာ ကိုကိုရာ' လို့တောင် သူ့မှာ စောဒက တက်ခွင့်မရှိ။ အကြောင်းရင်းက သူမှားခဲ့တာမို့လို့လေ ... သေချာမတွေးတောနိုင်တဲ့ဦးနှောက်နဲ့ နှစ်ဖက်လုံးအထိနာမယ့် လမ်းခွဲခြင်းကို သူရွေးချယ်ခဲ့သည်။ နောင်တရလားမေးရင် အခုချိန်မှာတော့ သိပ်မှားခဲ့ကြောင်း ဝန်ခံချင်သေးသည်။
" ဟင်း "
သူသက်ပြင်းချရင်း ကုမ္ပဏီကနေ ထွက်ကာ ကားမှတ်တိုင်ဆီ ကားစောင့်မိသည်။ တော်တော်လေး မိုးချုပ်နေပြီမို့ ဒီမှတ်တိုင်ကို ကားရောက်လား မရောက်လား သူမသိပါ ... ဆယ့်တစ်နာရီထိုးလို့မှ မရောက်ရင် တစ်ခြားနည်းလမ်းနဲ့ သူ အိမ်ပြန်ရဦးမှာပင်။ ဒီမှတ်တိုင်နဲ့ တစ်လမ်းကျော်မှာတော့ အရင်က သူနဲ့ကိုကို အတူတူနေခဲ့ဖူးတဲ့ တိုက်ခန်းလေးရှိသည်။ ပြန်စဉ်းစားကြည့်ရင် ကိုကိုနဲ့ သူ အပျော်ရွှင်ခဲ့ရဆုံး နေ့ရက်လေးတွေပေါ့ ... လိုအပ်တာထက် ကိုကိုက သူ့ကို ပိုပြီးချစ်မြတ်နိုးပေးခဲ့လို့လေ ...။
အခုတော့ တိတ်ဆိတ်နေတဲ့ညလေးမှာ အထီးကျန်စွာ သူတစ်ယောက်တည်း ဘတ်စ်ကားအလာကို စောင့်နေမိသည်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ခူရိုနဲ့ ကွာရှင်းခဲ့ပြီးနောက်မှာ ခူရိုက ယောင်္ကျားဖြစ်သူနဲ့ အမေရိကားမှာ အခြေချနေပေမယ့် သူကတော့ အမွေအိမ်ကို ရောင်းကာ သင့်တင့်တဲ့တိုက်ခန်းလေးတစ်ခု ဝယ်ထားခဲ့သည်။ အခုလက်ရှိသူ့အခြေအနေက သုံးနိုင်ဖြုန်းနိုင်တဲ့အဆင့်မဟုတ်ပေမယ့် သာမန်လူတွေလိုမျိုး သူ နေထိုင်နိုင်ရုံလောက်သာ ရှိသည်။ အလုပ်လက်မဲ့ကာလက ကြာရှည်ခဲ့သည်မို့ ပြေပြေလည်လည်ကတော့ သိပ်မရှိပင်။
ပင်ပန်းပြီး လက်လျော့ချင်လာတဲ့ နေ့တွေ ရှိနေပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ ဘဝဆိုတာ ဒီလိုမျိုး ပြေးရင်း လွှားရင်း ခက်ခဲတဲ့ကြားက ရှင်သန်နေရတာပဲ မဟုတ်လား ... ဒါ သူတစ်ယောက်တည်း ကြုံရတဲ့ကိစ္စမှ မဟုတ်တာလေ ...
ဂျောင်ဂု ကားမှတ်တိုင်မှာ တစ်ယောက်တည်း တွေးနေမိရင်း အတွေးစကို ဖြတ်တောက်ကာ နားကြပ်လေးတပ်လိုက်မိသည်။ အဲ့ဒီ့နောက် အချိန်တော်တော်ကြာ စကရင်ထက် ပေါ်မလာတော့တဲ့ ကိုကို့ သီချင်းတွေကို သူ မရိုးအီနိုင်စွာ ဖွင့်ရင်း တစ်နေ့တာ ပင်ပန်းသမျှ သူ အမောဖြေလိုက်မိသည်။
Advertisement
... ကိုကို မရှိဘဲ ရှင်သန်ရတာ သိပ်ခက်ခဲလွန်းပါသည် ... ကိုကို့ကို စကရင်ပေါ်လေးကနေတောင် မတွေ့နိုင်တော့လို့ ပိုပြီး ခက်ခဲလွန်းသည် ... ဒါပေမဲ့ တော်သေးတာက ကိုကို့ရဲ့ဗွီဒီယိုအဟောင်းလေးတွေကို အချိန်မရွေး ပြန်ရှာကြည့်လို့ရနေတုန်းပဲ မို့လို့လေ ...
အဲ့ဒီ့နောက် ဘတ်စ်ကား ဆိုက်ရောက်လာတာမို့ သူလည်း ထိုကားပေါ်တက်ရင်း မျက်ဝန်းတွေ ပိတ်ကာ လျောလျောလျူလျူလိုက်ပါလာတော့သည်။ ထူးဆန်းစွာ ထိုဘတ်စ်ကားပေါ်မှာတော့ သူတစ်ယောက်တည်းပင်။
ဂျောင်ဂုပါလာတဲ့ ဘတ်စ်ကားနဲ့ တစ်လမ်းခြားတဲ့ လမ်းကပ်ရပ်မှာတော့ ထို ဘတ်စ်ကားနဲ့အတူ လိုက်ပါလာတဲ့ ကားအမည်းတစ်စီးရှိသည်။ ထိုကားပေါ်မှာတော့ လက်ချောင်းသွယ်သွယ်တွေကို ဆော့ကစားရင်း လမ်းတစ်ဖက်မှာရှိနေတဲ့ ဘတ်စ်ကားပေါ်က ကောင်ငယ်လေးကို လှမ်းကြည့်နေတဲ့ ကောင်လေးတစ်ယောက်ရှိသည်။
" ဘာဖြစ်လို့ ကွာရှင်းလိုက်တာတဲ့လဲ ..."
အေးစက်ခြင်းမရှိပေမယ့် မနွေးထွေးတဲ့လေသံက ကားတစ်ခုလုံးကြီးစိုးသွားသည်။
" သေချာတော့မသိရပေမယ့် လုပ်ဖော်ကိုင်ဖက်တွေပြောတာတော့ ဂျောင်ဂုရှီက ... ဟို ... "
" ... ဘာလဲ ... သူ ဘာဖြစ်လို့လဲ ..."
" ဂျောင်ဂုရှီက အခြားယောင်္ကျားတွေနဲ့ အိပ်တတ်တဲ့အကျင့်ရှိတယ်လို့ ကြားမိတယ် ... ဒါက သူတို့ရုံးအတွင်းမှာ ပျံ့နေတဲ့အတင်းအဖျင်းပါ ... ကျွန်တော့်အထင်ကတော့ ရှင်းခူရိုရဲ့ငယ်ချစ်ဦးကြောင့် နှစ်ဦးသဘောတူလမ်းခွဲတာလို့ ထင်ပါတယ် ... ပြီးတော့ ကလေးကတော့ ရှင်းခူရိုနဲ့အတူ ပါသွားပါတယ် ... ဘယ်လိုပဲဖြစ်ဖြစ် ဂျောင်ဂုရှီက ကလေးကို မစောင့်ရှောက်နိုင်ဘူးလေ "
အတွင်းရေးမှူးရဲ့စကားမှန်သမျှ ဂရုစိုက်နားထောင်ပြီးတဲ့နောက် တည်ငြိမ်နေတဲ့ မျက်နှာလှလှက မာထန်သွားသည်။ အဲ့ဒီ့နောက် လမ်းတစ်လျှောက်လုံး အိပ်ပြီးပါလာတဲ့ကောင်ငယ်လေးကို သူကြည့်ကာ ထိုဘတ်စ်ကားဘေးကနေ ဖြည်းဖြည်းချင်း လိုက်ပါသွားမိတော့သည်။
... မပတ်သက်မိအောင် အဆက်အသွယ်အကုန်ဖြတ်ပစ်ခဲ့တာတောင် တည့်တည့်တိုးတာပဲ ဂျောင်ဂုရား ... ငါ့အရှေ့မှာ ရှ်ိနေတဲ့ မင်းကို ဘာကြောင့် ငါ အလွတ်ပေးရမှာလဲ ... ငါက တိုးဝင်လာတာမဟုတ်ဘူး ... မင်းက ငါ့ဆီ တိုးဝင်လာတာ ... ငါ ဘယ်လောက် မုန်းကြောင်း မင်းသိဖို့တော့ လိုအပ်တယ်မလား ... ငါ ဒီနေရာမှာ ဘယ်လောက်တောင် အထီးကျန်နေခဲ့ရသလဲ မင်းသိဖို့လိုအပ်တယ်မလား ဂျွန်ဂျောင်ဂု
အဲ့ဒီ့နောက် မှတ်တိုင်ဆုံးလို့ အိမ်ကို လေးဖင့်စွာ လမ်းလျှောက်သွားတဲ့ကောင်လေးနောက်ကို သူပါ ထပ်ကြပ်မကွာလိုက်ရင်း အိမ်ရောက်ပြီဆိုတာ သေချာမှ သူကျောခိုင်းလှည့်ထွက်မိခဲ့တော့သည်။
" Sir Kim ... ခုနက ဘတ်စ်ကားဂိတ်က ဖုန်းဆက်လာပါတယ် ... နေ့တိုင်း ဒီလိုအချိန်တွေကို အဲ့ဒီ့ကောင်လေးတစ်ယောက်အတွက် ပြေးဆွဲပေးရမလားတဲ့ Sir Kimသာ ဆန္ဒရှိရင် သူတို့ဘက်က လိုက်လျောပေးနိုင်ပါတယ်တဲ့ .. "
" မလိုဘူး .. လိုရင် ပြန်ဆက်သွယ်မယ်လို့ ပြောလိုက် ... ပြီးတော့ ဒီနေ့ စာချုပ်အသစ်ချုပ်လိုက်တဲ့ရှေ့နေအဖွဲ့ကို ရှိသမျှအမှုတွေ အကုန်လွှဲပေးလိုက် ... အခွန်မဆောင်လို့ သတင်းတက်နေတဲ့ဂျီဟဲဆောင်းရဲ့အမှုကအစ ...."
" Sir .. အဲ့ဒီလိုလုပ်လို့မရနိုင်ပါဘူး... အဖွဲ့သစ်ကို အလုပ်အကုန်ပေးလိုက်ရင် အိမ်ပြန်ချိန်က ဒီနေ့လို ထပ်နောက်ကျပြီး overtime လွန်သွားပါမယ် ... စည်းကမ်းနဲ့ မကိုက်ညီတဲ့အပြင် Sirအရမ်းစိုးရိမ်ရမယ့် ကိစ္စမဟုတ်ပါဘူး ..."
" ... အင်း သိတယ် အဲ့ဒီလို ဝန်ပိစေချင်လို့ပဲ အလုပ်အကုန်ပေးလိုက်လို့ ပြောတာ အသစ်ဝင်တာ ဆိုတော့ အရင်လို ပေါ့ပေါ့နေလို့ မရတော့မှန်း နားလည်ရမှာပေါ့ ... ပြီးတော့ ဂျွန်ဂျောင်ဂုတစ်ယောက်တည်း အိမ်ပြန်နောက်ကျတာ ဖြစ်သင့်လား ... အဖွဲ့မဟုတ်လား ... စည်းစည်းလုံးလုံးနဲ့ တန်းတူအခွင့်အရေးရှိရမှာပေါ့ ... အလုပ်တွေ အများကြီးပေးတာတောင် ဂျွန်ဂျောင်ဂုတစ်ယောက်ပဲ ထပ်ပြီး အိမ်ပြန်နောက်ကျရင် ငါတို့ ပိုတင်းကျပ်ဖို့ လိုလာပြီ ဟုတ်တယ်မလား ... ရုံးတွင်း ဝန်ထမ်းအချင်းချင်းအနိုင်မကျင့်ရလေ ... "
စကားကို ခပ်ဆတ်ဆတ်ပြန်ပြောပြီးနောက်မှာတော့ အတွင်းရေးမှူးက ဘာမှ ဆက်မပြောတော့ဘဲ သူ့တိုက်ခန်းဆီကိုသာ ဦးတည်သွားလိုက်တော့သည်။
💠💠💠
“ ချောက် ~~ ချောက် ~~ ချောက် ”
စားပွဲပေါ်တင်ထားတဲ့နာရီကနေ အသံတိုးတိုးကို ကြားတစ်ချက် မကြားတစ်ချက်ပင်။ ညဆယ်နာရီထိ အလုပ်ကနေ သူမပြန်ရသေး။ ကုမ္ပဏီအသစ်၊ ဝန်းကျင်အသစ်ဆီ ရောက်လာတာတောင် အလုပ်သင်ဆိုတဲ့ခေါင်းစဉ်အောက်မှာ သူတာဝန်ယူရတဲ့အလုပ်တွေက မနည်းမနောပင်။ ဒီကို ပြောင်းလာရတာ သုံးရက်မြောက်ဆိုပေမယ့် သုံးရက်လုံးလုံး အိမ်ပြန်နောက်ကျပါသည်။ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုရဲ့ရှေ့နေအဖွဲ့က အငယ်ဆုံးအလုပ်သင်ဖြစ်ပေမယ့် သူ့မှာ နားရတယ်လို့မရှိ။ သိတဲ့အတိုင်း စီနီယာကင်ကလွဲ ကျန်တဲ့စီနီယာအားလုံးရဲ့အမှုဖိုင်တွေကို စာစီပေးနေရတာဖြစ်သည်။
ဒီတစ်လောအတွင်း ကျန်းမာရေးကလည်း နားဖို့ လိုအပ်နေပေမယ့် အလုပ်ကို ထိခိုက်နိုင်တာမို့ သူ မနားဖြစ်။ နောက်တစ်ပတ်ဆေးခန်းရက်ချိန်းပြန်သွားရင် ဆရာဝန်ကတော့ သူ့ကို ဆေးရုံအတင်းတက်ခိုင်းတော့မယ့်အခြေအနေပင်။
" ဟူး "
ဂျောင်ဂု သက်ပြင်းချရင်း ဖုန်းထဲ ဝင်လာတဲ့ နိုတီကို ကြည့်လိုက်မိသည်။
// " ... ဂျောင်ဂုရား ဒီနေ့က အဖေ့နှစ်ပတ်လည်ပါ .. အဖေမှားခဲ့တဲ့ အမှားတွေကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ် ... " //
ခူရို့ဆီက မက်ဆေ့မို့ သူ စာပြန်ဖို့ ဖုန်းဖွင့်လိုက်မိသည်။
" ... အတိတ်က ကိစ္စတွေကို အတိတ်မှာပဲ ချန်ထားခဲ့ရအောင် ခူရို ~~~ နင်က တစ်ယောက်တည်းရှိတဲ့ ငါ့သူငယ်ချင်းပါ ... ဒါကြောင့် ငါ နောင်တ ထပ်မရချင်တော့ဘူး ... အရမ်းကြီး မခံစားနေပါနဲ့ ... ငါအဆင်ပြေပါတယ် ..."
စိတ်သက်သာရာရစေမယ့်စကားလုံးလေးတွေကို ရွေးပို့ပေးမိလိုက်သည်။ တကယ်တော့ သူ့မိဘတွေ သေဆုံးရတဲ့အဖြစ်မှန်ကို ခူရို့အဖေဆီကနေ သိခဲ့ရသည်။ အကြောင်းရင်းကတော့ တီတီထိုးခဲ့တဲ့ဆေးကြောင့်မဟုတ်။ ရှင်းရရင် ခူရို့အဖေဟာ အဲ့ဒီ့အချိန်က သူ့အဖေရဲ့ ဒါရိုင်ဘာဖြစ်သည်။ ခူရို့အမေဆုံးခါစဖြစ်တဲ့အပြင် ခူရို့ကို ခူရို့အဘွားဆီပြန်မပေးချင်တာကြောင့် ငွေလိုခဲ့တာမို့ ဟွမ်ဂင်ဝန်းဆီက ငွေယူကာ ဟွမ်ဂင်ဝန်းပြောတဲ့အတိုင်း သူ့အမေအယ်ရာမောင်းလာတဲ့ကားကို ဘရိတ်ဖြတ်ခဲ့တာဖြစ်သည်။
သူ့အဖေက ဖောက်ပြန်နေတယ်လို့ အမေကထင်ခဲ့တဲ့အတွက် ကားပေါ်မှာ စကားများကြရင်း ကားမတော်တဆမှုဖြစ်ခဲ့တာတဲ့။ စုံစမ်းရေးဘက်ခြမ်းက ကားဘရိတ်ပေါက်တဲ့အကြောင်းရှာတွေ့ခဲ့ပေမယ့် ကိုကို့အဖေက တီတီ့ကိုသာ သံသယဝင်ခဲ့တဲ့အတွက် အမှုပိတ်သိမ်းခဲ့တာဖြစ်သည်။ အမှုပိတ်သိမ်းရတဲ့အကြောင်းရင်းက ကိုကို့ကြောင့်ပင်။ ကိုကိုရှိနေခဲ့တာမို့ ကိုကို့အမေဖြစ်တဲ့ တီတီကို ထောင်ထွက် ဆိုတဲ့နာမည် မစွန်းထင်းစေချင်ခဲ့လို့ပင်။ အကယ်၍များ အဲ့ဒီ့အချိန်က ဆက်ပြီး သေသေချာချာစုံစမ်းခဲ့ရင် ဟွမ်ဂင်ဝန်းက စေခိုင်းတယ်ဆိုတာ သေချာပေါက် ဖော်ထုတ်နိုင်မှာဖြစ်သည်။ အခုတော့ သူ့မိဘတွေကို သေအောင် ကြံစည်ခိုင်းခဲ့တဲ့အဓိက တရားခံက လွတ်နေပြီး ကိုကို့ကိုပါ မဆီမဆိုင် နာကျင်အောင် သူလုပ်မိခဲ့သေးသည်။ ခူရို့အဖေကတော့ နောက်ဆုံး အချိန်အထိ သူ့ကို သေချာတောင်းပန်ခဲ့သည်။ ခွင့်မလွှတ်နိုင်ပေမယ့် အဓိကတရားခံ ဟွမ်ဂင်ဝန်းကို တရားပြန်စွဲဆိုဖို့ ဘာသက်သေမှ မရှိတော့သည်မို့ သူ လွှတ်ချထားခဲ့ရသည်။
ခူရိုကတော့ အဖြစ်မှန်တွေ သိသိပြီးချင်း သူ့ကို ကွာရှင်းပေးခဲ့တဲ့အပြင် သူ့နဲ့တောင် မျက်နှာချင်း မဆိုင်ရဲတော့ပါ။ အမြဲတမ်းလိုလိုတောင်းပန်နေတတ်ပြီး ဒီကနေပါ အပြီးအပိုင် ထွက်သွားသေးသည်။ တကယ်ဆို ခူရို့ကို သူ့အနားမှာပဲ ရှိစေချင်ပါသေးသည်။ ဘယ်သူမှ မရှိတဲ့သူ့ဘဝမှာ တစ်ယောက်ယောက်ကိုတော့ သူ့ရဲ့ အင်အားလေးဖြစ်စေချင်သေးသည်။
" ဟင်း "
ဂျောင်ဂုပြန်တွေးရင်း သက်ပြင်းချလိုက်မိသည်။ အဲ့ဒီ့နောက် အိပ်ငိုက်နေပြီဖြစ်တဲ့အတွက် မပြီးသေးတဲ့အလုပ်ကို လက်စသတ်ဖို့ သူ ပြင်ဆင်လိုက်မိသည်။ သို့ပေမယ့် သူကြည့်နေတဲ့စာရွက်စာတမ်းတွေက တဖြည်းဖြည်း သူ့ကို ရီပြနေသလို ခံစားလာရလေလျှင် သိပ်မကြာတဲ့အချိန်အတွင်းမှာပဲ သူ့မျက်ခွံတွေက တဖြည်းဖြည်း အိကျသွားရတော့သည်။
အဆုံးသတ်မှာတော့ အလုပ်စားပွဲထက်မှာ အိပ်ပျော်နေတဲ့ကောင်ကလေးတစ်ယောက်ရှိခဲ့လေသည်။
နာရီဝက်ခန့်ကြာမြင့်ပြီးနောက်မှာတော့ တိတ်ဆိတ်လှတဲ့အခန်းထဲ တည်ငြိမ်အေးဆေးစွာ လျှောက်လာခဲ့တဲ့ကောင်လေးတစ်ယောက်။ အိပ်ပျော်သွားတဲ့ဂျောင်ဂုကို မိနစ်ပိုင်းလောက်အထိ စိုက်ကြည့်နေသေးသည်။ အဲ့ဒီ့နောက်မှာ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းလွှာကနေ စကားလုံးတစ်ချို့ ရေရွတ်လိုက်သည်။
" ~~ ဥပေက္ခာမပြုနိုင်လောက်အောင် မုန်းဖို့ကောင်းလိုက်တာ သားသားရယ် ~~ "
သူ ခပ်ဖွဖွလေးရေရွတ်ရင်း စားပွဲတင်မီးအောက်မှာ ထင်းလင်းနေတဲ့ ဂျောင်ဂုပါးပြင်လေးကို ပွတ်သပ်ပေးဖို့ လက်လှမ်းလိုက်မိသည်။ သို့ပေမယ့် ဂျောင်ဂုကို သူကြည့်နေရင်းကနေ အမြင်တွေဝေဝါးလာတာမို့ မျက်ဝန်းတွေကို ပိတ်ချလိုက်သည်။ ပါးပြင်တစ်လျှောက် စီးကျသွားတဲ့မျက်ရည်တွေက နှစ်အတော်ကြာ အနည်ထိုင်နေခဲ့တဲ့ဒဏ်ရာပေါ်ကို ပေါက်ပေါက် ပေါက်ပေါက် ရွာသွန်းဆင်းသည်။
တကယ်ဆို သေချာပေါက် သူ အဆက်သွယ်ဖြတ်ခဲ့တာပင်။ လက်ထပ်ပြီးတဲ့အချိန်ကတည်းက သူ ဒီကလေးကို မုန်းပြီးရင်း မုန်းနိုင်အောင် ကြိုးစားခဲ့ရသည်။ အရာအားလုံး အနည်ထိုင် အခြေကျသွားမှ သူ့ရှေ့မှာ ရုတ်တရက် ပြန်ပေါ်လာခဲ့တဲ့ကလေး။
ဖြစ်ပုံက ရိုးရှင်း လှပါသည်၊ သူဦးစီးရမယ့် labelအခွဲတစ်ခုရဲ့ ရှေ့နေရုံးက ဖျက်သိမ်းလို့ရတဲ့အနေအထားထိ မီးနီပြနေပြီမို့ ဖျက်သိမ်းဖို့ သူ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်သည်။ သို့ပေမယ့် ထိုရုံးခွဲကခေါင်းဆောင်ရဲ့ အသနားခံစာမှာ ရုံးက ဝန်ထမ်းတွေရဲ့အချက်အလက်တွေပါ ပါလာတော့ သူ မတော်တဆ ဒီကလေးကို ပြန်တွေ့မိသည်။
နေပါစေ ပစ်ထားလိုက်မယ်လို့ တင်းခံပေမယ့် ရင်ထဲမှာ ဖန်တီးထားရတဲ့အမုန်းက ခွင့်မပြုခဲ့။ ထို့ကြောင့် လက်စားချေဖို့ ဆုံးဖြတ်မိတဲ့အထိ သူ မိုက်ရူးရဲဆန်ခဲ့သည်။ ဒီအကြောင်းကို ယွန်ဂီသိရင် အရူးကောင် လို့ ခေါ်လေမလား မတွေးတတ်။
ဂျောင်ဂုကို မြင်သွားပြီးကတည်းက ဘာလုပ်လုပ် ဂျောင်ဂုအကြောင်းတွေသာ ခေါင်းထဲရောက်နေတာမို့ ရိုးရှင်းတဲ့သူ့နေ့စဉ်ဘဝဟာ အနှောင့်အယှက်တွေဖြစ်လာရသည်။ မကြာခင်မှာ အဖေ့နေရာကို တရားဝင်လွှဲပြောင်းယူရမှာဆိုတော့ သူ အရမ်းအလုပ်များနေပေမယ့် ရှိသမျှ အကုန်ပစ်ထားမိတဲ့အထိ သူ့စိတ်တို့က ဂျောင်ဂုဆီတွင်သာ ကပ်ငြိသည်။
ချစ်နေသေးလို့လား မေးရင် သူ့ဆီမှာ အဖြေတစ်မျိုးသာ ရှိသည်။
မုန်းလို့လေ ... မုန်းလွန်းအားကြီးလွန်းလို့ သေချာပေါက်လက်တုံ့ပြန်ရမယ်လို့ သတ်မှတ်ထားတဲ့သူလေ ...
" အဟက် "
ဆော့ဂျင် ပြန်တွေးမိရင်း မကျေမနပ်ရယ်မိကာ သူ့ရှေ့မှာ အိပ်ပျော်နေတဲ့ ဂျောင်ဂုကို သေချာကြည့်မိသည်။
ဒီအမုန်းတစ်ခုအတွက်နဲ့ သူ ချထားတဲ့ဆုံးဖြတ်ချက်ကိုလည်း ပြန်ပြင်ခဲ့ရပြီး ဒီကောင်လေးကိုလည်း ဒီအထိရောက်အောင် သူဆွဲခေါ်ခဲ့ရသည်။ အခုတော့ဖြင့် အနှီကလေးဟာ အပူပင်မဲ့စွာ အလုပ်စားပွဲထက် အိပ်ပျော်နေသည်။ သူတစ်ယောက်တည်းကသာ တစ်ဖက်သတ် နာကျင်ခဲ့ရပုံပင်။
" မတရားလိုက်တာ ဂျွန်ဂျောင်ဂုရယ် "
သူ ကြည့်နေမိရင်း ထိန်းမချုပ်နိုင်တဲ့စိတ်ဆန္ဒတွေက သူ့ကို နှိုးဆော်လာလေလျှင် သူ့လက်တစ်ဖက်က ခပ်လျော့လျော့လေးဖြစ်သွားတဲ့ပါးပြင်လေးဆီ လက်လှမ်းလိုက်မိသည်။ အိပ်နေတာမို့ နှိုးသွားမှာလည်း စိုးတဲ့အတွက် ထိုပါးပြင်လေးကို ခပ်ဖွဖွလေး ထိလိုက်မိသည်။ ထိတွေ့မိတဲ့တစ်ခဏမှာ လက်ချောင်းထိပ်ကနေ ကြည်နူးမှုလို့ မဆိုသာတဲ့လှိုင်းလေး ဖြတ်သန်းစီးဆင်းလာလေလျှင် ဂျောင်ဂု ပါးပြင်လေးကို ပွတ်သပ်မိသည်။
အိပ်မက်တစ်ခုလိုမျိုး ထိတွေ့ခွင့်ရခဲ့တာမို့ သူ့နှလုံးသားလေး နာကျင်စွာ ခုန်ပေါက်နေပေမယ့် သူ့မျက်နှာကတော့ ခပ်တင်းတင်းပင်။ အဲ့ဒီလိုပဲ လက်ဖဝါးကနေ တစ်ဆင့် ခံစားမိတဲ့အနွေးဓာတ်လေးကြောင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်။
" ဟင် "
တစ်ကြိမ်နဲ့တင် မသေချာတာကြောင့် နဖူးနဲ့ပါးပြင်တွေကို ဒုတိယအကြိမ်ပြန်စမ်းကြည့်မိတော့ ဂျောင်ဂု ဖျားနေတယ်ဆိုတာ သူသိလိုက်ရသည်။
အစကတော့ အရင်ရက်တွေကလို ဒီအတိုင်း တိတ်တိတ်လေး လာကြည့်ပြီး ပြန်မလို့ပါပဲ ... အခုတော့ ဘယ်လောက် မုန်းမုန်း မျက်နှာလွှဲ ခဲပစ် မလုပ်နိုင်တာမို့ သူ ဂျောင်ဂုကိုယ်ကို ဆွဲထူမိသည်။ အဲ့ဒီတော့မှ ချွေးစီးတွေနဲ့ အဖျားတက်နေတဲ့ ဂျောင်ဂုကို သူ ရှင်းလင်းစွာ မြင်လိုက်ရသည်။ စိုးရိမ်စိတ်ကလွဲ ဘာအမုန်းမှ မစဉ်းစားနိုင်တာမို့ သူ ချက်ချင်းပင် ဂျောင်ဂုကို ပွေ့ချီမိသည်။ သူ့လက်ပေါ်မှာ ပါလာတဲ့ ဂျောင်ဂုကတော့ နိုးသွားသယောင်ရှိပေမယ့် မျက်ဝန်းတွေက မပွင့်လာ။ အဲ့ဒီ့အစား ခပ်တိုးတိုးညည်းသံလေးကို သူကြားလိုက်ရသည်။
" ... ဟင်း ... ဟင်း ..."
သူ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ အရေးပေါ်လှေကားကနေ ချက်ချင်း သူ့နားနေခန်းရှိတဲ့အပေါ်ဆုံးထပ်ကို တက်မိသည်။ ဂျောင်ဂုကတော့ သူ့ကို သတိထားမိလား၊ မထားမိလားမသိပေမယ့် သူ့အင်္ကျီကိုတော့ တင်းကျပ်နေအောင် ဆုပ်ကိုင်ထားသည်။
Advertisement
- In Serial116 Chapters
In the Naruto world (1)
Chris Walker was teleported to the world of Naruto. He didn't die, rather someone or something teleported him there for no apparent reason. (Or did he?) The world of Naruto doesn't follow the same script as the original Naruto series. The whole world of Naruto is so much different, even though Chris has watched the entire naruto series, it won't help him at all since everything in Naruto is different. And now Chris has to survive in this new world of Naruto I do not have any rights to the Naruto or the cover either, this is only a hobby to write fan-fiction light novels. WARNING: If you hate harem, then this novel isn't for you. There will never be any sexual content in this novel. And i'll try my best to not let the harem ruin this novel. There are potentially only 5 harem members on it, NO MORE THAN THAT AMOUNT. And yes, I am sorry for not keeping my word for this novel, and included a harem in it. I didn't want it either, because it means more work for me. But I did a poll and harem won. I am sorry for that, and please forgive me. This novel also includes OP mc, for those who don't like OP Mc's. And this also includes light Sasuke and Sakura bashing, only in the early part of the story, but then changes after. And this also includes more characters. Sincerely, Lodoly.
8 139 - In Serial103 Chapters
The Prince of the Sand
“Today you have to be the strongest man of all, son. After we deliver you, you will survive, and we will die.” When the Xalya Dungeon is about to fall under the attack of an alliance of savages, the last lord of the steppe entrusts his firstborn with a painful mission: Dashvara has to pass himself off as a member of an enemy clan, as a Shalussi, to exact revenge in a shameful way. Forced to see his people killed or enslaved, this heartbroken but still proud and humorous steppe man will soon be dragged in a surprising adventure that will shake his will and beliefs. This story follows Dashvara as he struggles through foreign lands and discovers that the world is not only made of deserts and horses but also of “civilized” societies with strong bureaucracy and slave-based systems. Author's note: The fantasy setting has some ancient Roman influences. Also, expect a bit of slice-of-life and comedy along Dashvara's philosophical journey. Despite the “gore” tag, violence is not the focus of this story and descriptions are not particularly gruesome. Updates Mondays and Fridays. This is a Creative Commons By work. It is a reworked and continued translation of a trilogy I wrote in Spanish between 2016 and 2018.
8 282 - In Serial16 Chapters
The Lion and The Raven ~ James Potter AU
"I fell in love the way I fall asleep. Slowly, then all at once."-- John GreenHe was dynamic.She was dramatic.He was cheeky.She was sassy.He was reckless.She was passionate.They were by no means perfect. But they were perfect together.~*~*~*~James Potter. Gryffindor. Quidditch Captain. Seeker. Marauder. Transfiguration Prodigy. Natural leader. Arrogant.Camilla Lavensque. Ravenclaw. Quidditch Captain. Chaser. Marauder. Dueling Prodigy. Silver tongued. Tempramental.There was nothing to say much about them really. They were meant for each other. He knew it, their friends knew it, everybody knew it. She refused to accept it. ~*~*~*~A different take on what happened that 1st train ride. Along with my OC's, and me messing up the timeline.Marauder's Era AUCopyrighted @2019© All Rights ReservedBook cover and aesthetics made by me. However, I do not own any of the images used.
8 131 - In Serial16 Chapters
The carnomancer
Jackson was but a normal american just looking to get by in life. unfortunately for him life had other plans as a terrorist bombing took place in the air port in london where he was getting off at. The resulting explosion killed him instantly, and now he has been reincarnated into the world of Rokna.In this new world of magic, monsters, and conflict join him under his new identity Adimir freelancer the adventurer half-elf as he seeks a way to live out an exciting life of researching new and creative ways of combining magic and science. But with a tyrannical empire beginning to prepare for a bloody war the signs of turmoil begin to loom on the horizon. Adimir will face numerous challenges. Both challenges to those native to this world, and against other people have come from earth. Author's comment: I'll be uprfont with you on the entire war thing that the description hints at. Yes it will eventually happen, and many of the strange and out of place things in the beginning will tie into that. Not that it will be explained until much later in the novel. In fact the first 100 or 200 chapters will be spent on the main character growing stronger as an adventurer before the entire war even begins to start rearing its ugly head. So for those eager for the war to kick off sorry, but there won't be a big explosive war so early. At least not with the empire (although if you read carefully you may be able to pick up signs of how close the war is with what happens in the story). But the wait (I hope) will be worth it as it will be diving into some of the stuff a otherworlder in a significant position of power could do with the right knowledge. With that little warning over with I hope you enjoy this novel of mine. Its my first actual attempt at writing a story for people to read so please keep that in mind. If you have any criticism please tell me. I'd love to read them and will be using them to help me in improving my writing quality as time goes on. Experience is the best teacher after all.
8 62 - In Serial17 Chapters
Dungeon World
So I’m a dungeon, I’m supposed to save the world somehow but first I need to be strong enough to protect myself. Time to level up!
8 125 - In Serial10 Chapters
Unbelievers
Not my story - written by isthatyoularry on Ao3Summary:It's Louis' senior year, and he's dead set on doing it right. However, along with his pair of cleats, a healthy dose of sarcasm and his ridiculous best friend, he's also got a complicated family, a terrifyingly uncertain future, and a mortal enemy making his life just that much worse. Mortal enemies "with benefits" was not exactly the plan.Or: The one where Louis and Harry definitely aren't friends, and football is everything.Disclaimer: None of this is real. Nothing in this is meant to imply anything, nor does this reflect my personal beliefs about anything or anyone. This is fiction.
8 208

