《Me, Myself & Bad Romance •||• JINKOOK》【14】
Advertisement
⟨ Unicode Version ⟩
• Me, Myself & Bad Romance •
• အပိုင်း ၁၄ •
" ... "
နာကျင်မှုကနေ သက်သောင့်သက်သာအနေအထားရောက်လာတာနဲ့ သူ မျက်ဝန်းတွေ ဖွင့်ကြည့်မိသည်။ သူ မြင်လိုက်ရတာက ခပ်အုံ့အုံ့မျက်နှာကြက်ပင်။ သူနိုးလာနေကျ ရင်းနှီးတဲ့ပတ်ဝန်းကျင်မဟုတ်တာမို့ သူ ချက်ချင်း ထထိုင်လိုက်မိသည်။ နူးညံ့နေတဲ့အိပ်ယာပေါ် သူ ရောက်နေတာဖြစ်ပြီး ခပ်သင်းသင်းအနံ့က သူ့ကို ဖုံးလွှမ်းထားသည်။ ပေါ့ပါးနေတဲ့ခန္ဓာကိုယ်ကြောင့် သူ့ကိုယ်သူ ကြည့်မိတော့ oversized shirt တစ်ထည်ကို ပေါ့ပေါ့ပါးပါးချည်ဘောင်းဘီနဲ့ တွဲဝတ်ထားတာတွေ့လိုက်ရသည်။
ဟင် ~~ မဟုတ်သေးဘူးလေ ~~ မနေ့က ~~ မနေ့က သေချာပေါက် အလုပ်စားပွဲမှာ ရှိနေခဲ့တာပါ ... ဒါကို ဘယ်လိုလုပ်ပြီး အခု ~~ နေဦး ... ညက ဘာဖြစ်သွားတာလဲ ...
သူအသည်းအသန်စဉ်းစားမိတော့ သူ့အာရုံထဲပေါ်လာတာက လူတစ်ယောက် သူ့ကို ပွေ့ချီသွားသည်ပင်။ ဘယ်သူလဲဆိုတာ သေချာမမှတ်မိပေမယ့် ထိုသူက သူ့အင်္ကျီကြယ်သီးကို ဖြုတ်နေတာတော့ သူ မှတ်မိသည်။ အဲ့ဒါအပြင် သူ့ကိုယ်ကို ဆွဲလှည့်ပြီး အင်္ကျီဝတ်ပေးတဲ့အချိန်မှာ သူ ရေးရေးလေးမြင်မိတာက လည်ဆွဲပင်။
... သေသွားရင်တောင် မှတ်မိနေမယ့် အဲ့ဒီ့လည်ဆွဲလေး ... မဟုတ်မှ ... ဒီကို ချီလာပေးတာ ကိုကိုများလား ~~
" မဖြစ်နိုင်တာပဲ ဂျွန်ဂျောင်ဂု ~~ ကိုယ့်ကိုယ်ကိုယ် စိတ်မပူဘဲ အခု ဘာတွေ စိတ်ကူးယဉ်နေပြန်ပြီလဲ ... ကိုကိုက ဘယ်တော့မှ မင်းဆီပြန်လာတော့မှာ မဟုတ်ဘူးလေ .. "
သူ့ကိုယ်သူ အားမလိုအားမရရေရွတ်ရင်း သူ့ကို ချီလာပေးတဲ့သူ ဘယ်သူဆိုတာ သိဖို့ ကြိုးစားမိသည်။ သူ ကုတင်ပေါ်က မဆင်းခင် တစ်ခဏမှာပဲ အခန်းထဲ ဝင်လာတဲ့လူတစ်ယောက်ကြောင့် သူလန့်သွားရသည်။
" နိုးပြီလား ... ဂျွန်ဂျောင်ဂုရှီ"
သူတစ်ခါမှ မမြင်ဘူးတဲ့ ဝတ်စုံပြည့်နဲ့ လူကြီးက မေးလာလေလျှင် သူ ခေါင်းညိတ်ပြီး ကြောင်အစွာ ကြည့်နေမိသည်။
" သက်သာပါရဲ့လား .."
ဒီမေးခွန်းကိုတော့ သူ မဖြေမိ။
" ... ဂျွန်ဂျောင်ဂုရှီ ~~ ကျွန်တော့်နာမည်က ဟန်ပါ ... ကျွန်တော့်ဆရာက ခင်ဗျားမေ့လဲနေတာကို မြင်ပြီး ဒီကို ပို့ထားပေးတာပါ ... ဒါက ဆရာ့နားနေခန်းပါ ... ဂျွန်ဂျောင်ဂုရှီက ဒီနေ့အတွက် အနားယူပြီး အိမ်ပြန်လည်းရသလို အလုပ်ဆင်းချင်တယ်ဆိုရင်လည်း ဂျွန်ဂျောင်ဂုရှီရဲ့သဘောပါပဲ ... ဒါကတော့ မနေ့ညက ဝတ်စုံပါ .. "
ယူလာတဲ့ဝတ်စုံကို စားပွဲပေါ်ချရင်း သူ့ကို ပြောတော့ သူ နားမလည်သလို ခေါင်းလေးစောင်းကာ ထိုလူကြီးကို ကြည့်မိသည်။
" ... တစ်နေရာရာက နာကျင်နေတာမျိုး ရှိနေတာလား ဂျွန်ဂျောင်ဂုရှီ "
သူ့ကိုထပ်မေးလာတော့ သူခေါင်းခါလိုက်မိသည်။
" ဟို ~~ ကျွန်တော့်ကို ဒီကို ခေါ်လာပေးတဲ့သူက ဘယ်သူဆိုတာ သိလို့ရမလားဟင် ~~ တွေ့လို့ရော ရမလား ~~ ကျေးဇူးတင်ချင်လို့ပါ .. "
သူညက မြင်ခဲ့တဲ့ လည်ဆွဲလေးကြောင့် အတည်ပြုဖို့ ကြိုးစားတော့ ဟန်ဆိုတဲ့လူကြီးကခေါင်းညိတ်သည်။
" အာ~~ ရပါတယ် ... ဒါပေမဲ့ ဆရာက အရမ်းအလုပ်များနေတာမို့လို့ ဂျွန်ဂျောင်ဂုရှီ စောင့်ရပါမယ် ... တွေ့ဖို့ဆိုရင် ကျွန်တော် ပြန်ဆက်သွယ်လိုက်ပါမယ် ... အဆင်ပြေရဲ့လား .. "
နာမည်ကို ထုတ်မပြောဘဲ တွေ့ဖို့စီစဉ်ပေးလာတော့ သူ ခေါင်းညိတ်လိုက်မိသည်။ အဲ့ဒီ့နောက် ဟန်ဆိုတဲ့လူကြီး ထွက်သွားတော့ သူ့ဝတ်စုံကို သူလဲရင်း အခန်းထဲက ထွက်မိသည်။ အဲ့ဒီတော့မှ သူသိလိုက်ရတာက သူရောက်နေတာ ကုမ္ပဏီရဲ့အပေါ်ဆုံးထပ်ပင်။ နားနေခန်းထဲက ထွက်လာတဲ့ သူ့ကို ရာထူးကြီးတဲ့ဝန်ထမ်းအချို့က မျက်မှောင်ကြုတ်ကာ ကြည့်တော့ သူ့ကိုယ်သူ ကျုံ့လိုက်မိသည်။ သူကြားဖူးသည်က ကုမ္ပဏီရဲ့ပထမဆုံးထပ်ဟာ အရမ်းအရေးကြီးသည်မို့ တာဝန်ရှိတဲ့ရာထူးကြီးတွေကလွဲလို့ ဘယ်သူမှ မလာရဲတဲ့နေရာဖြစ်သည်။ အခု သူက ဟန်နဲ့အတူလာနေရပေမယ့် သူ့ကို စူးစမ်းသလိုမျိုး ကြည့်နေကြတဲ့မျက်လုံးတွေကို သူရင်တမမနဲ့ ဖြတ်ကျော်ရသည်။
သူ တကယ်ကို သိချင်ပါသည် ... ဘယ်သူကများ သူ့ကို ဒီအပေါ်ဆုံးအထပ်ထိ သယ်လာခဲ့လဲဆိုတာကို ~~~
" ဂျောင်ဂုရှီ ... ဒီဘက်ကနေ ကြွပေးပါ "
ဓာတ်လှေကားရှေ့ ရပ်ကာ နှိပ်တော့မယ့်သူ့လက်တွေကို ရပ်တန့်သွားစေတော့ သူ ဟန်ကို လှည့်ကြည့်မိသည်။ ဟန်ပြပေးနေတဲ့ နေရာက အရေးကြီးပုဂ္ဂိုလ်တွေသာ သုံးလို့ရတဲ့ ဓာတ်လှေကားပင်။
" အယ်~~ ဒါက .. ဥက္ကဌကြီးနဲ့ မိသားစုဝင်တွေပဲ သုံးလို့ရတဲ့နေရာမဟုတ်လား .. ကျွန်တော်ကသာမန်ဝန်ထမ်းတစ်ယောက်ပါ ... ဘာလို့ ..."
" ... ကျွန်တော့်ဆရာကို တွေ့ရင် ဒီမေးခွန်းကို သေချာပေါက်မေးကြည့်ပါ ဂျွန်ဂျောင်ဂုရှီ ~~ ဂျွန်ဂျောင်ဂုရှီ ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့ "
ပြောပြာဆိုဆို ပွင့်လာတဲ့ဓာတ်လှေကားထဲ ဝင်စေတော့ သူလည်း အဖြေမရှိတဲ့ မေးခွန်းပေါင်းများစွာကို သူ့ကိုယ်သူမေးရင်း ဝင်လာခဲ့မိသည်။ တစ်ညအတွင်းမှာ ဖြစ်ပျက်သွားတာတွေက အထူးအဆန်းပင်။ သူ တကယ်သိချင်လာရသည်က ဟန်ဆိုတဲ့လူကြီးရဲ့ဆရာက တကယ်ကို ဘယ်သူလဲ ... ဒီHYPE Label ကို နာမည်ကြီးသရုပ်ဆောင်ဟောင်းတစ်ယောက်က ပိုင်ဆိုင်တယ်ဆိုပေမယ့် အဲ့ဒီ့သရုပ်ဆောင်က public ချပြီး လုပ်ဆောင်တာမျိုးမရှိတဲ့သူတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဲ့ဒီ့သရုပ်ဆောင်ဟောင်းဟာ သူ့အဖေထက်တောင် ကြီးသည့်အတွက် သူ့ကို သိဖို့ဆိုတာ မဖြစ်နိုင်ပါ။ တကယ်ပဲ ဟန်ရဲ့ဆရာက ဘယ်သူပါလဲ .. သူ့အပေါ် ဘာလို့ ဒီလောက်ကောင်းပေးနေရတာလဲ ... မဟုတ်မှ ကိုကိုများလား .. ကိုကိုတော့ မဖြစ်နိုင် ... သူ ကိုကိုနဲ့ မတွေ့ဖြစ်တာ တော်တော်ကြာသွားခဲ့ပြီဖြစ်သည်။ ကိုကိုဟာလည်း သူ့ကို အမုန်းကြီး မုန်းနေခဲ့တာ မဟုတ်လား။
Advertisement
" ဂျောင်ဂုရှီ ~~ ဒီညနေရုံးဆင်းရင် ဆရာ့အချိန်တွေကို ညှိကြည့်ပါမယ် …. ဆရာအဆင်ပြေရင် ဂျွန်ဂျောင်ဂုရှီကို ဆက်သွယ်လိုက်ပါမယ် ... အခုတော့ သွားခွင့်ပြုပါဦး ..."
သူတာဝန်ကျရာ အထပ်ရောက်လာလေလျှင် သူ့ကို နှုတ်ဆက်တော့ သူသည်လည်း အူကြောင်ကြောင်နဲ့ ခေါင်းညိတ်ကာ ဓာတ်လှေကားထဲကနေ ထွက်လိုက်မိတော့သည်။ သူ့လုပ်ဖော်ကိုင်ဖက်တစ်ချို့ကတေ့ာ ထုံးစံအတိုင်း အတင်းအဖျင်းတွေ ရသွားပြန်ပြီဖြစ်သည်။
" ... ဒီတစ်ခါတော့ အင်္ကျီတောင်မလဲထားဘူးပဲ ... ဘာပြသနာတွေလုပ်လာပြန်ပြီလဲတော့မသိဘူး ..."
သူလည်း ကြားနေရတာ နားရည်ဝပြီမို့ မသိသလို နေရင်း လုပ်စရာရှိတဲ့အလုပ်တွေကို ဆက်လုပ်လိုက်မိတော့သည်။ သို့ပေမယ့် သူ တစ်နေကုန် စဉ်းစားနေမိတဲ့အကြောင်းအရာကတော့ ညက မြင်ခဲ့မိတဲ့လည်ဆွဲရယ်၊ သူ့အင်္ကျီကြယ်သီးတွေကို အတင်းအကျပ်ဖြုတ်ခဲ့တဲ့လက်တစ်စုံရယ် ...၊ သူ့ကို သေချာ ပြုစုပေးခဲ့တဲ့ အနွေးဓာတ်လေးရယ် ...။
ဘာမှမဖြစ်ခဲ့ကြဘူးဆိုတာ သူသေချာသိပါသည်၊ သို့ပေမယ့် အဲ့ဒီလိုမျိုး သူ့ကို အသေးစိတ်ဂရုစိုက်ပေးတာက တကယ်ကို ဘယ်သူများလဲ ...။
... မဖြစ်နိုင်မှန်း သိပေမယ့် ကိုကိုပဲ ဖြစ်နေပေးလို့မဘူးလား ...
💠💠💠
" ... ဂျောင်ဂုရှီ ... ဆရာက အစည်းအဝေးခန်းထဲမှာမို့ ဒီနားနေခန်းမှာ ခဏစောင့်ပေးပါ "
ရုံးဆင်းချိန်ရောက်တော့ သူ့ကို လာခေါ်ပါတဲ့ ဟန်ဆိုတဲ့လူကြီး။ သူ ပြန်ရောက်လာတဲ့နေရာကတော့ မနက်က သူနိုးထခဲ့ရတဲ့ အပေါ်ဆုံးထပ်ဖြစ်ပြီး အခုတော့ နားနေခန်းရဲ့ ဆိုဖာပေါ်မှာ ငြိမ်သက်စွာ ထိုင်နေမိသည်။ အေးစိမ့်စိမ့်အခန်းရဲ့ တည်ငြိမ်မှုက သူ့ကို လွှမ်းခြုံထားသလိုမျိုး ခြေထောက်တွေကို စုပြီး သူလက်မတွေကို အချင်းချင်းပွတ်နေမိသည်။ စိတ်လှုပ်ရှားတာလား ~~ ဘာလား မသိပေမယ့် သူ့ရင်ဘတ်ဟာ ခပ်နှေးနှေး လှိုက်ဖိုနေသည်။ ညနေကတင် ရှာဖွေထားမိတဲ့အချက်အလက်က ဒီကုမ္ပဏီရဲ့ပိုင်ရှင်ဟာ ကိုကို့ရဲ့ဖေဖေဆိုတာပင်။ ဒီလောက်ဆို သူ့ကို ပွေ့ချီလာတဲ့သူဟာ ကိုကိုလို့ သူယူဆဖို့ လုံလောက်နေပြီ မဟုတ်လား။
" ဂျောင်ဂုရှီ ~~ ဆရာက အရေးပေါ်အစည်းအဝေးတစ်ခုရှိလို့ ခဏလေးစောင့်ပေးပါနော် ~~ ပြီးတော့ ဒီမှာ သုံးဆောင်ပါဦး "
အေးစက်စက်အခန်းထဲ ခပ်နွေးနွေး Hot Chocolate တစ်ခွက်ချလာပေးတော့ သူ ခေါင်းညိတ်ရင်း ထိုခွက်ကို ကိုင်လိုက်မိသည်။ အဲ့ဒီ့နောက် ဟန်က ထွက်သွားလေတော့ သသလည်း အခန်းထဲမှာ တစ်ယောက်တည်း တိတ်ဆိတ်နေမိရင်း ကိုင်ထားမိတဲ့ ပူပူနွေးနွေးကို ဖြည်းဖြည်ချင်းစီ မော့မိသည်။ အဲ့ဒီတော့မှ သူ့ ခန္ဓာကိုယ်လေး အနွေးဓာတ်တွေ ကဲသွားရတော့သည်။
" .. အစည်းအဝေးက ဘာလို့ ဒီလောက်ကြာနေရတာလဲ ... ပင်ပန်းလို့ နားချင်နေတာကို .."
နာရီဝက်လောက် ကြာပြီးတဲ့အချိန်မှာ သူ တိုးတိုးလေးညည်းလိုက်မိသည်။ နေ့လည်စာ ကောင်းကောင်းမစားခဲ့လို့လား၊ ဘာလားတော့မသိ။ သူ တော်တော်လေးပင်ပန်းကာ အိပ်ချင်နေပြီဖြစ်သည်။ သို့ပေမယ့်လည်း ဒီအခွင့်အရေးကို သူလက်လွှတ်ခံလို့မရ။ သူ့ကို သေချာဂရုစိုက်ပေးခဲ့တဲ့ထိုလူဟာ ဘယ်သူလဲ ဆိုတာတော့ သူ အတည်ပြုဖို့လိုပါသည်။ အများကြီးမမျှော်လင့်ရဲပေမယ့် ကိုကိုလို့ သူ ထင်နေမိသေးသည်။
ဂျောင်ဂုရား ~~ တကယ်လို့ ကိုကိုသာ ဆိုရင် ဘယ်လိုလုပ်မလဲ ... ကျေးဇူးတင်စကားပြောမှာလား ... တောင်းပန်စကားပြောမှာလား ...
သူ့ကိုယ်သူမေးခွန်း ထုတ်လိုက်မိသည်။ အဖြေကတော့ ထုံးစံအတိုင်း သူ့မှာ ဗလာနတ္ထိပင်။
မဖြစ်နိုင်တာပဲ .. ကိုကိုသာဆိုရင် မင်းကိုမုန်းနေလို့ လှည့်ကြည့်မှာမဟုတ်ဘူးလေ ... လမ်းခွဲခဲ့တာ ကိုးနှစ်တောင်ပြည့်ခဲ့ပြီးပြီကို ... ဒီအတောအတွင်း သေချာစကားပြောဖြစ်တာမျိုးလည်း မရှိခဲ့ဘူးလေ .. ဘာတွေမျှော်လင့်နေတာလဲ ဂျောင်ဂုရား ~~
သူ့ကိုယ်သူ သက်ပြင်းချရင်း မျက်ဝန်းတွေကို ပိတ်လိုက်မိသည်။ အဲ့ဒီ့နောက် ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်မှုတွေအကုန် သူ့မျက်ခွံဆီမှာ စုပုံလာသလား အောက်မေ့ရသည်။ လေးလံလှတဲ့မျက်ခွံကို ပင့်တင်ဖို့ရာ မစွမ်းနိုင်တော့ဘဲ သူ နေသာ သလို နေလိုက်မိတော့သည်။
အဆုံးသတ်ကတော့ နားနေခန်းရဲ့ဆိုဖာပေါ်မှာ ဂျောင်ဂု အိပ်ပျော်သွားခဲ့ပါသည်။ သိပ်မကြာခင် အချိန်မှာပဲ မှောင်ရီပျိုးစဖြစ်လာသည်မို့ အလင်းရောင် ကောင်းစွာ မရတော့တဲ့ ထိုအခန်းလေးဆီ ဦးတည်လာတဲ့ ခြေတစ်စုံ။
" ... "
ကိုယ်ပိုင်နားနေခန်းမို့ မီးဖွင့်ကာ အိပ်ပျော်နေတဲ့ဂျောင်ဂုအနားဆီ ခပ်ဖြေးဖြေးလျှောက်လာသည်။ အိပ်ပျော်နေတဲ့ ဂျောင်ဂုကို တစ်ချက်လေးတောင် စောင်းငဲ့မကြည့်ဘဲ မျက်နှာချင်းဆိုင် ထိုင်ရင်း လက်ပ်တော့ကို ဖွင့်ကာ လုပ်လက်စအလုပ်တွေကို လက်စသတ်သည်။ စာရိုက်သံတွေ တချောက်ချောက်နဲ့ နားရှုပ်စရာဖြစ်နေပေမယ့် သူ့ရှေ့က ဂျောင်ဂု နိုးလာမှာမဟုတ်တာ သိတဲ့အတွက် စိတ်မပူနေ။ သဘာဝရဲ့အလင်းရောင်လေးပျောက်ကာ ကောင်းကင်ထက်မှာအမှောင်ထုပဲ ကျန်တော့တဲ့အချိန်ရောက်တော့ သူ လက်ပ်တော့ကို ပိတ်ချလိုက်သည်။ တော်တော်ကြာထိုင်ခဲ့သည်မို့လည်း ညောင်းညာနေသမျှ အကြောဆန့်လိုက်မိသည်။
အဲ့ဒီ့အချိန်အထိ သူ့ရှေ့က ဂျွန်ဂျောင်ဂုဟာ မနိုးလာခဲ့။ သူ အသက်မဝင်နေတဲ့မျက်ဝန်းတွေနဲ့ ဂျောင်ဂုကို ကြည့်လိုက်မိသည်။
" ... ငါတို့ ~~ Lesson စကြတော့မလား ဂျွန်ဂျောင်ဂု ~~ "
ခက်ထန်သယောင်ရှိတဲ့စကားလုံးကို ရေရွတ်ကာ အိပ်ပျော်နေတဲ့ဂျောင်ဂုအနား တိုးကပ်ပြီး သေချာကြည့်သည်။
မျက်မှန်ဝိုင်းဝိုင်းနဲ့ ကောင်ကလေး ... ကုမ္ပဏီတစ်ခုလုံးမှာ အသက်အငယ်ဆုံး ကောင်ကလေး ... အလုပ်ကြိုးစားသလောက် နေရာမရနိုင်တဲ့ကောင်ကလေး ... ဘဝရဲ့ခက်ခဲကြမ်းတမ်းမှုတွေကြောင့် ဘာကိုမှ သေချာဂရုမစိုက်နိုင်တာတောင် အခုထိ အပြစ်ကင်းစင်တဲ့ပုံပေါက်နေတဲ့ကောင်ကလေး ...
" ရား ... မတရားလိုက်တာ ... ဒီအရွယ်ရောက်နေတာတောင် မုန်းစရာကောင်းရတဲ့အထိ ချစ်ဖို့ကောင်းနေတုန်းပါလား ... အဲ့ဒီ့မျက်မှန်ဝိုင်းဝိုင်း ... အဲ့ဒီ့နှာတံလုံးလုံး ... အဲ့ဒီ့ နှုတ်ခမ်း ... ပြီးတော့ အဲ့ဒီ့ခေါင်းလုံးလုံး ... "
" ... "
" ... ဒါပေမယ့်လည်း သနားစရာပဲ .. ဘယ်လိုလုပ်မလဲ .. ဒီအခြေအနေအထိ ရောက်လာအောင် ခက်ခက်ခဲခဲကြိုးစားခဲ့တဲ့ မင်းရဲ့အောင်မြင်မှုတွေကိုရော ... မင်းရဲ့ချစ်စရာကောင်းမှုတွေကိုရော ... ငါက .. "
" .. ကိုကိုက ... ဖျက်ဆီးပေးမယ် ... တစ်ယောက်တည်း တောက်တောက်ပပ အထီးကျန်တယ်ဆိုတာ ဘယ်လိုမျိုးလဲ မင်းသိအောင် ပြောပြပေးမယ် ဂျွန်ဂျောင်ဂု ... "
Advertisement
ဆော့ဂျင် ရေရွတ်လိုက်ပြီးတဲ့နောက်မှာတော့ နိုးမလာနိုင်တော့တဲ့ဂျောင်ဂုကို သူ ပွေ့ချီလိုက်သည်။ မနေ့ကလို ဒီနေ့လည်း ထပ်ပြီး သူ့နားနေခန်းရဲ့အိပ်ယာပေါ်ကို ချပြီး ဂျောင်ဂုတပ်ထားတဲ့မျက်မှန်ကို ဆွဲယူချွတ်ပစ်လိုက်သည်။ အိပ်ဆေးတိုက်ခဲ့တာမို့ နိုးမလာနိုင်တဲ့ဂျောင်ဂုဆံနွယ်တွေကို သူ ရှုပ်ဖွပစ်ရင်း ဂျောင်ဂုဝတ်ထားတဲ့ အဝတ်တွေ မှန်သမျှ သူဖယ်ရှားပစ်လိုက်မိသည်။
သူနာကျင်ခဲ့ရသလို ဂျောင်ဂုနာကျင်ဖို့အတွက် အဆုံးစွန်ထိ ယုတ်မာမယ်လို့ တွေးထားခဲ့ပေမယ့် အခုတော့ သူ့အိပ်ယာပေါ်က အဝတ်ဗလာနဲ့ ဂျောင်ဂုကို ကြည့်ရင်း သူ့ရင်ဘတ်က တင်းကျပ်လာရသည်။ အသက်ရှူဖို့အထိတောင် ခက်ခဲနာကျင်ရတာမို့ သူ့ စိတ်ကို သူထိန်းမိတော့ သူတင်းခံအံကြိတ်ထားတဲ့ကြားကနေ ပါးပြင်ပေါ်ကို မျက်ရည်စတွေ စီးဆင်းလာရသည်။
ဒီခန္ဓာကိုယ်သေးသေးက ဘယ်နှစ်ယောက်ကိုများ ပတ်သက်ပြီးပြီလဲ သူမသိသလို သိလည်း မသိချင်။ ကြားခဲ့ရတဲ့သတင်းတွေက တစ်ခုမှ ကောင်းတာမရှိဘဲ သနားစရာလေးဖြစ်နေပေမယ့် သူ့မှာ ဂျောင်ဂုအတွက် ခံစားချက်တွေ ကုန်သလောက်နီးနီးပင်။
" အေး ဘာလို့မျက်ရည်ကျနေမလဲ ဆော့ဂျင် ~~ ဒီအတိုင်း အကုန်လုံးကို မုန်းပစ်ပြီး စွန့်ပစ်လိုက် "
ဆော့ဂျင် ရေရွတ်ရင်း မျက်ရည်စတွေကို ပြန်သိမ်းဆည်းကာ လက်သီးဆုပ်လိုက်မိသည်။ ဂျောင်ဂု လည်တိုင်နား သူတိုးကပ်ရင်း သူ့နှုတ်ခမ်းအိအိနဲ့ ထိတွေ့စေလိုက်မိသည်။ မလုပ်တော့ဘူးဆုံးဖြတ်ထားပေမယ့် ငြင်းမရအောင် ချည်နှောင်ချင်တာမို့ ဒါကိုတော့ သူ လုပ်မှဖြစ်မည်။ အဲ့ဒီ့နောက် ပါးလျနေတဲ့ လည်တိုင်နဲ့ ညှပ်ရိုးတစ်လျှောက်လုံး သူ တတိတိကိုက်ရင်း နီရဲစေလိုက်မိသည်။
လည်တိုင်နဲ့ ရင်ဘတ်နားတွေမှာ ခပ်ရဲရဲလေးဖြစ်သွားတော့မှ သူ ရပ်လိုက်မိသည်။ မနိုးလာနိုင်တဲ့ဂျောင်ဂုကတော့ နာလို့လားမသိ၊ မျက်နှာလေးမဲ့သွားပေမယ့် သူကတော့ ထိုမျက်နှာကိုပဲ အရသာခံပြီး ကြည့်နေမိသည်။ ဂျောင်ဂု ဒီထက်နာကျင်မယ်ဆိုရင် ကိုးနှစ်နီးပါးနာကျင်ခဲ့ရတဲ့သူ့နှလုံးသားလေး ကျေနပ်နိုင်မယ်လို့ သူ မျှော်လင့်ပါသည်။
အဲ့ဒီ့နောက်မှာတော့ ကုတင်ပေါ်ထိုင်ရင်းအိပ်ပျော်နေတဲ့ ဂျောင်ဂုကို မနေ့ကလိုပဲ သူ မျက်နှာသေနဲ့ ကြည့်နေမိခဲ့တော့သည်။ နောက်တစ်နေ့မနက်ရောက်ရင် အရာရာဟာ သူစီစဉ်ထားတဲ့အတိုင်း ဖြစ်လာတော့မှာပင်။
💠💠💠
နှာဖျားဝမှာ ထိကပ်နေတဲ့ ရနံ့လေးကြောင့် သူ့အာရုံတွေ ပြန်လည်စုစည်းလာရသည်။ ခန္ဓာကိုယ်က ညောင်းညာတာမျိုးမရှိဘဲ သက်သောင့်သက်သာဖြစ်နေတဲ့အပြင် အေးစိမ့်စိမ့်လေးဖြစ်နေသည်မို့ သူ့မျက်ဝန်းတွေ ပွင့်လာရသည်။ မျက်မှန်မပါလာသည်မို့ အရာရာဟာ မှုန်ဝါးဝါးဖြစ်နေပေမယ့် မျက်တောင်တွေကို ပုတ်ခတ်လိုက်မိသည်။ အဲ့ဒီ့တော့မှ သတိထားမိတာက သူ့လည်ဂုတ်နားက ခပ်နွေးနွေးလေးဖြစ်နေသည်။ သူ ဘေးဘက်ခြမ်းကို လှည့်ကြည့်မိတော့ ဝိုးတိုးဝါးတာ လူတစ်ယောက်ကိုမြင်လိုက်ရသည်။ ကြည်ကြည်လင်လင်မြင်တာမျိုးမဟုတ်ပေမယ့် သူမြင်နေရတဲ့မျက်နှာလှလှဟာ ကိုကိုနဲ့ ဆင်တူသယောင်ရှိလေလျှင် သူ ချက်ချင်း အိပ်ယာပေါ်ထထိုင်လိုက်မိသည်။ သူ့ လှုပ်ရှားမှုကြောင့် သူ့ဘေးက လူပါ လူးလွန့်ကာ သူ့လိုမျိုး ထထိုင်လာသည်။ သူ့ကိုယ်သူ သတိထားမိတော့ သူဟာ အဝတ်ဗလာနတ္ထိပင်။ ဘာကိုမှ တွေးမအောင် စိတ်တွေရှုပ်သွားတာမို့ သူ မေးခွန်းထုတ်ရင်း မျက်မှန်ရှာမိတော့သည်။
" ခင်ဗျားက ဘယ်သူလဲ "
နိုးလာတာနဲ့ တစ်ခုခုကို လန့်သွားပုံပေါ်ကာ ဘေးနားတစမ်းစမ်းလုပ်ရင်း အသံတုန်တုန်နဲ့ မေးလာသည်မို့ ဆော့ဂျင် မျက်မှောင်ကြုတ်လိုက်မိသည်။ မမြင်နိုင်တာလား ... ဒါမှမဟုတ် သူ့ကို မမှတ်မိတာလား ..
သူအသံမပြုဘဲ ကြည့်နေဆဲခဏမှာပဲ ဂျောင်ဂုကတော့ ကုတင်ဘေးက မျက်မှန်ကိုရသွားခဲ့ပြီဖြစ်သည်။ ချက်ချင်းပဲ ကောက်တပ်ကာ သူ့ကို ကြည့်တော့ မျက်မှန်အောက်က မျက်ဝန်းလှလှတွေက ဝိုင်းစက်သွားတော့သည်။ သူ့ကို မြင်တာနဲ့ တုန်တက်သွားတဲ့ခန္ဓာကိုယ်လေးရယ်၊ အရည်လဲ့လဲ့မျက်ဝန်းတွေရယ်က ဘာကိုဆိုလိုချင်နေလဲ သူ မသိပေမယ့် ခပ်ဟဟ ဖွင့်ကျလာတဲ့နှုတ်ခမ်းလွှာကတော့ သူ အရမ်းတောင့်တခဲ့ရတဲ့နာမ်စားလေးတစ်ခု ထွက်လာသည်။
" ~~ ကိုကို ~~ "
လေသံက ဖျော့တော့လွန်းပေမယ့် ထိုအသံကိုကြားဖို့အတွက် နီးကပ်လွန်းနေခဲ့သည်။ ရက်ရက်စက်စက်ပြောထုတ်ဖို့ ကြိုပြင်ထားမိတဲ့စကားလုံးတွေကလည်း ဘယ်ကိုပျောက်ကုန်တယ်မသိ။ ဂျွန်ဂျောင်ဂုရဲ့ "ကိုကို" ဆိုတဲ့ စကားလေးနဲ့တင် သူ့မှာ အရာရာ အရှုံးပေးလိုက်ရသလို ခံစားလိုက်ရသည်။ သူ တတ်နိုင်သမျှ မျက်နှာကို တင်းခံရင်း မှင်သေသေနဲ့ ကြည့်နေမိသည်။ ဂျောင်ဂုကတော့ ပြိုကျလာတဲ့မျက်ရည်တွေနဲ့အတူ သူ့ပါးဆီကို လက်လှမ်းလာသည်။ တဆတ်ဆတ်တုန်ယင်နေတဲ့လက်ဖျားတွေက ဒီကောင်လေး ဘယ်လောက်ထိ စိတ်လှုပ်ရှားနေလဲဆိုတာ သူသိပေမယ့် သူ့ပါးကို ကိုင်မယ့် ဂျောင်ဂုလက်တွေကို ရှောင်လွှဲလိုက်မိသည်။ သူ့အပြုအမူကြောင့် သူကိုယ်တိုင် ကိုယ်တွင်းမှ ခုန်နေတဲ့နှလုံးသားလေးက ဆစ်ကနဲ့ နာကျင်သွားရပေမယ့် ခပ်မဲ့မဲ့လေး ရယ်လိုက်မိသည်။ သူပျော့ညံ့နေလို့မှ မရတာလေ။
" ... "
ဆိတ်ငြိမ်မှုတွေ ကြီးစိုးနေတဲ့အခန်းထဲ ဂျောင်ဂုကတော့ သူ့အပြုအမူကြောင့် ခေါင်းငုံ့သွားခဲ့ပေမယ့် သူကတော့ တစ်ခုခုစပြောဖို့ ပြင်လိုက်မိသည်။ သို့ပေမယ့် ...
" ... ကင်ဆော့ဂျင်!! ... မင်း! ..."
ရုတ်တရက် အခန်းတံခါးဖွင့်သံနဲ့အတူ အဖေ့အသံကို ကြားလိုက်ရတာမို့ အခန်းဝကို လှမ်းကြည့်မိသည်။ ဂျောင်ဂုသည်လည်း သူ့လိုပင်။ သို့ပေမယ့် ဂျောင်ဂုကတော့ သူ့ထက် ပိုပြီး ထိတ်လန့်သွားမှာပေါ့ ၊ အကြောင်းရင်းက အဖေ့ဘေးမှာ ကင်မရာကိုင်ထားတဲ့ သတင်းထောက်တစ်ယောက်လည်း ရှိနေသည်လေ။
အခန်းထဲကို ခြေလှမ်းကျဲနဲ့လျှောက်လာတဲ့ လူကြီးကြောင့် ဂျောင်ဂု စောင်ကိုရင်ဘတ်အထိ ဆွဲတင်လိုက်မိသည်။ ထိုလူကြီးရဲ့နောက်က ကင်မရာနဲ့ အစ်ကိုသည်လည်း သူနဲ့ကိုကို့ကို ကြည့်ကာ လက်တွေလှုပ်ရှားတာမြင်လိုက်ရသည်။
" ဖျပ် "
ဓာတ်ပုံအရိုက်ခံရတာ သိပြီမို့ ထိတ်လန့်စွာ တံတွေးမြိုချကာ ကိုကို့ကို သူလှည့်ကြည့်မိသည်။ မျက်စိတစ်မှိတ်အချိန်အတွင်း အဖြစ်အပျက်တွေက သိပ်မြန်လွန်းလှသည်။ ကိုကိုနဲ့သူ အိပ်ယာပေါ်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲ မမှတ်မိပေမယ့် သူ တုန်လှုပ်နေမိသည်။ နိုးနိုးချင်း သူ မထင်မှတ်ထားမိတဲ့ ကိုကို့ကို ပြန်တွေ့လို့ ပျော်ရွှင်ခြင်းတွေက လှိုက်တက်လာပေမယ့် ကိုကို့မျက်ဝန်းတွေကသူ့ကို အပေါစားဆန်ဆန် စိမ်းသက်သက်ကြည့်နေတော့ သူ တုန်လှုပ်ကြောက်ရွံ့လာရသည်။ အမြင်မှားနေမှာစိုးလို့ မျက်နှာလေးကိုင်ကြည့်ဖို့ ကြိုးစားတော့လည်း ကိုကိုက ရှောင်ဖယ်ခဲ့သည်မို့ သူ့နှလုံးသားဟာ နာကျင်စွာ ခုန်ပေါက်လျက်...။
အခုလို သူကိုယ်တိုင်တောင် နားမလည်နိုင်တဲ့အခြေအနေကြားမှာ အခန်းထဲဝင်လာတဲ့လူတွေ ...။ သူသေချာကြည့်မိတော့မှ ကိုကို့အဖေရယ်၊ အတွင်းရေးမှူးဟန်ရယ်၊ ကင်မရာကိုင်ထားတဲ့လူကြီးရယ်၊ မျက်ဝန်းမှေးမှေးနဲ့အစ်ကိုရယ်၊ အဲ့ဒီ့အစ်ကိုဘေးမှာတော့ ထိုမျက်ဝန်းမှေးမှေးနဲ့အစ်ကိုလက်ကို ဆွဲကိုင်ထားတဲ့ နှုတ်ခမ်းလှလှနဲ့အစ်ကိုတစ်ယောက်ရှိသည်။
" ... အရေးကြီးကိစ္စပြောစရာရှိတယ်ဆိုတာ ဒါလား ကင်ဆော့ဂျင် ..."
ကိုကို့အဖေဆီက ဒေါသတကြီးအသံထွက်လာတော့ သူ လန့်သွားမိသည်။ တကယ်ကို အသက်မရှူရဲရလောက်တဲ့အထိ ငြိမ်သက်ကာ စောင်အောက်မှာ လက်သီးလေးဆုပ်ပြီး တင်းခံမိသည်။ ကိုကိုအပါအဝင် ဘယ်သူ့ကိုမှ သူမကြည့်ရဲပါ။
" ကျစ် .. ဒီအရွယ်ရောက်ပြီ ဒီလိုဖြစ်တာ ဘာဆန်းလို့လဲ ... ဒီကိစ္စမရှိမှဘဲ ဆန်းနေမှာမဟုတ်လား ..."
ကိုကို့ဆီက ဂျစ်ကန်ကန်အသံလေး ကြားလိုက်ရတော့ သူ့ရင်တွေ တထိတ်ထိတ်။ ကိုကိုဟာ အရင်ကလို အခုထိ ဂျစ်ကန်ကန်လေးဖြစ်နေတုန်းဆိုပေမယ့် လေသံကတော့ သိပ်ကိုပြောင်းလဲသွားခဲ့သည်ပင်။
" ... အဲ့ဒီ့တော့ ဒီအခြေအနေကဘာလဲ ... သားဂျောင်ဂုနဲ့ ဘယ်အချိန်က ခိုးတွေ့ပြီး တွဲနေတာလဲ ... အိမ်ကိုအဆက်အသွယ်ဖြတ်ပြီး ပြန်လာတော့ ပထမဆုံးကြိုဆိုပေးတာ ဒီပုံစံနဲ့လား ... ဆော့ဂျင် ... မင်းက အရင်လို ဆယ်ကျော်သက်မဟုတ်တော့ဘူးနော် ..."
ကိုကို့အဖေဆီက စကားအဆုံးမှာတော့ သူ ကိုကို့ကို ခိုးကြည့်မိသည်။ သိပ်လှလွန်းတဲ့နှုတ်ခမ်းလေးနဲ့ အချိုးကျတဲ့မျက်နှာခံ့ခံ့က ကိုကို့ဆီမှာ အခုထိရှိနေတုန်းပင်။ ကိုကိုကတော့ သူ့ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ အိပ်ယာပေါ်ကထကာ ပြန့်ကျဲနေတဲ့အင်္ကျီကို ဆွဲယူဝတ်သည်။ သူကတော့ နေရာကနေ အခုထိလှုပ်မရဲသေး။ ညက သူ စောင့်နေရင်း အိပ်ပျော်သွားတဲ့အတွက် ဒီကုတင်ကို ဒီလိုပုံစံနဲ့ရောက်လာတာ ဘာကြောင့်လဲ သူသိဖို့လိုပါသည်။
" ... တွဲတယ်? ... မတွဲပါဘူး ... ဒီအတိုင်း စိတ်ဖိစီးမှုများနေလို့ တစ်ညတာ ဖျော်ဖြေတဲ့ONSနဲ့ အိပ်ရုံလေးပဲ ... ပြီးတော့ မသိတဲ့သူတွေထက်စာရင် သိနေတဲ့သူက ပိုမကောင်းဘူးလား ... ... ဒီတစ်ယောက်က သိပ်တော့ မသန့်ပေမယ့် သုံးလို့တော့ ကောင်းပါသေးတယ် ... နှစ်ယောက်ကြားက ဆက်ဆံရေးက ဒီထက်မပိုဘူး "
ဒီစကားအဆုံးမှာတော့ သူ မယုံနိုင်စွာ ကိုကို့ကို ဖျတ်ကနဲ့မော့ကြည့်မိသည်။
ကိုကို သူ့ကို ဘယ်လိုတောင် ~~ ဘယ်လိုတောင် သတ်မှတ်လိုက်တာလဲ ... ONS?? တစ်ညတာ ?? သူတောင် ဘာမှန်းမသိဘဲ နိုးထလာခဲ့ရတာလေ ... ဒါကို ကိုကိုက ...
" ဆော့ဂျင် ... မင်းစနောက်နေတာရပ်ပြီး ~~ အတည်ပြောလို့ရမလား ... ဂျွန်ဂျောင်ဂုနဲ့ တစ်သက်လုံးပြန်မတွေ့ဘူးဆိုပြီး အခုလိုအခြေအနေက ... "
" ... ငါပြောပြီးပြီလေ ယွန်းဂီ ... One Night Stan ပါလို့ ... စိတ်ဖိစီးနေတာနဲ့ အပျော်ရှာချင်လို့ တစ်ယောက်လောက်ရှာလိုက်တာ ... သူဖြစ်နေတော့ ငါ ဘယ်တတ်နိုင်မလဲ ... "
ရွံစရာကောင်းတဲ့အကြည့်တွေနဲ့ စောင်းငဲ့ကြည့်ကာ ပြောလာလေတော့ သူ ခေါင်းခါမိသည်။ သူသိခဲ့တဲ့ကိုကိုဟာ သိပ်ကို ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အရင်ကဆို သူ့ကို အရာရာကာကွယ်ပေးခဲ့တဲ့ကိုကိုဟာ အခုတော့ သူ့ကို ကိုကို ကိုယ်တိုင် ချေဖျက်ဆီးနေသလိုပင်။
" .... မဟုတ်ဘူး ~~ မဟုတ်ဘူး ကိုကို ~~ .. သား ~ ကျွန်တော်က အဲ့ဒီလိုလူစားမျိုး မဟုတ်ဘူးကိုကို ..."
သူ အသည်းအသန်ငြင်းမိတော့ ကိုကိုက သူ့မျက်နှာအနား ငုံ့မိုးလာသည်။ အသက်မရှူရဲရလောက်တဲ့အထိ တုန်လှုပ်နေမိတာမို့ အနောက်ဆုတ်မိတော့ ကိုကိုက သူ့မျက်နှာကို ဆွဲယူကာ သူ့နှုတ်ခမ်းကို လက်မနဲ့ဖိချေသည်။ နာကျင်သည်မို့ ဝဲလက်စ မျက်ရည်တွေက စီးကျလာတော့ ကိုကိုက ပြုံးသည်။ ဒီလိုကျတော့ သူသေမတတ်လွမ်းခဲ့ရတဲ့ ကိုကို့အပြုံးဟာ သိပ်ကို ခါးသက်လွန်းသည်။
" ဘယ်သူက မင်းရဲ့ကိုကိုလဲ ... ညစ်ပတ်တဲ့ပါးစပ်နဲ့ ငါ့ကို ကိုကိုလို့ မခေါ်စမ်းနဲ့ ... ငါ မင်းရဲ့ ကိုကိုမဟုတ်တော့ဘူး ဂျွန် ဂျောင် ဂု !!! "
ပြောပြီးတာနဲ့ မျက်နှာကို တွန်းထုတ်တော့ သူ့မျက်နှာလည်ထွက်သွားရသည်။
" ... ကင်ဆော့ဂျင် ကလေးကို အဲ့ဒီလို မဆက်ဆံစမ်းနဲ့ ..."
ကိုကို့အပြုအမူကြောင့် ကိုကို့အဖေကတော့ ပျာပျာသလဲ သူ့အနားရောက်လာကာ သူ့မျက်နှာကို စစ်ဆေးသည်။ သူ ထွက်ပြေးလိုက်ချင်ပေမယ့် သူ့ခြေလက်တွေက အခုထိ အင်အားချိနဲ့နေဆဲဖြစ်သည်။ ကိုကို့ကို ကြောက်တာရော၊ နာကျင်တာရော၊ ပြန်တွေ့ရလို့ ပျော်ရွှင်တာရော ပေါင်းစုံဖြစ်နေတဲ့အတွက် သူ့နှုတ်ခမ်းဖျားဟာလည်း တဆတ်ဆတ်တုန်ယင်နေမိသည်။
" ... သား ... ဂျောင်ဂု ... နာနေလား ... ဘယ်နေရာ နာနေတာလဲ .. သား ... ဦးဦးကိုပြော ..."
ဟိုကြည့်ဒီကြည့်လုပ်နေရင်းမှ သူ့လည်တိုင်နဲ့ ရင်ဘတ်ကို မြင်သွားတော့ ကိုကို့အဖေရဲ့အကြည့်တွေ ကိုကို့ဆီရောက်သွားတော့သည်။
" ... အဲ့ဒီလို ကျွန်တော့်ကို လာမကြည့်နဲ့ အဖေ! ... သူလည်း အရွယ်ရောက်နေတဲ့လူတစ်ယောက်ပဲ ...ကျွန်တော့်အမှားမဟုတ်ဘူး"
ခပ်ထေ့ထေ့ပြောလာလေတော့ ကိုကို့အဖေက သူ့ကို အင်္ကျီဝတ်စေကာ ကိုကို့ကို ဒေါသမျက်ဝန်းတွေနဲ့ ကြည့်သည်။
" ~~ ဒါပေမဲ့လည်း မင်းက အရင်စည်းကျော်ခဲ့တာမလား ဆော့ဂျင် ~~ တာဝန်ယူနိုင်လို့လား ... ဘာမှမသိတဲ့ကလေးအပေါ် ဒီလိုလုပ်ပြီး ဖြစ်လာတဲ့ နောက်ဆက်တွဲတွေအကုန်တာဝန်ယူနိုင်လို့လား ...မတော်လို့များ ~~ "
ဆက်မထွက်လာတော့တဲ့စကားလုံးတွေကို ရပ်ကာ တစ်ခုခုကို သိနေသလိုမျိုး ကိုကို့အဖေက သူ့ကို ကြည့်လာလေတော့ သူအားငယ်စွာ ပြန်ကြည့်မိသည်။ သူ့မသိစိတ်ရဲ့ ကိုးကွယ်ရာ ကိုကိုကတော့ အချိန်ခဏလေးအတွင်းမှာ ပြိုကျသွားခဲ့ပြီဖြစ်သည်။
" ... စည်းကျော်စရာကိုမရှိတာ ... ဒီကတ်က သက်သေပဲလေ ... ဒါက ရိုးရိုးလိပ်စာကတ်မှ မဟုတ်တာ ... ကျွန်တော်လည်း လိုအပ်လို့ခေါ်တယ် ... သူလည်း သူ့အလုပ်သူလုပ်တာပဲ ဒါမှားလား ..."
စိတ်ပေါက်ပေါက်နဲ့ပြောနေပုံရသည့်ကိုကိုက ခေါင်းအုံးအောက်က ကတ်တစ်ခုကို ဆွဲထုတ်ကာ ပြလာလေတော့ သူအပါအဝင် ကျန်တဲ့သူတွေပါ မျက်လုံးပြူးသွားမိသည်။ ဟုတ်ပါရဲ့ ကတ် .. အဲ့ဒီ့ကတ် .. သူ့ကျန်းမာရေးအခြေအနေကြောင့် ONSနဲ့ဖြတ်သန်းဖို့ ဆရာဝန်က recommend ပေးခဲ့တဲ့ကတ်။ ဒါပေမဲ့ သူ မလုပ်ဘူးလေ ... စိတ်မလုံခြုံမှုပေးမယ့် သူတွေနဲ့ ဖြတ်သန်းရမှာ သူ သဘောမကျဘူးလေ ...။ ဒါကို ကိုကိုက ဘာမှ မသိဘဲနဲ့ ဘာလို့ စွပ်စွဲနေရတာလဲ ... ကိုကိုကရော ဒီကတ်ကို ဘယ်လိုရတာလဲ ...။
" တော်တော့ ဆော့ဂျင် ! ဂျောင်ဂုကို ငါခေါ်သွားမယ် ... မင်းကတော့ မင်းသဘောအတိုင်းပဲ ONSလို့ ယုံကြည်ချင်လည်း ယုံနေပေါ့ ... လာ ဂျောင်ဂု ... ဦးဦးနဲ့လိုက်ခဲ့ "
ကိုကို့အဖေက သူ့ကို ဆွဲခေါ်ကာ သဘက်နဲ့ပတ်ပေးတော့ ကိုကိုက သူ့ကို အမှုန့်ကြိတ်မတတ် မီးတောက်မျက်ဝန်းတွေနဲ့ ကြည့်သည်။ ကိုကို ဒေါသထွက်အောင်များ သူဘာလုပ်မိခဲ့လို့လဲ ... မဟုတ်မှ ကိုကိုက သူလမ်းခွဲခဲ့တာတွေ၊ ခူရိုနဲ့လက်ထပ်ခဲ့တာတွေ အဲ့ဒါတွေ အားလုံးကို အခုထိ အခဲမကြေနိုင်သေးတာလား ... အဲ့ဒါကြောင့် အခုလို သူ့ကို ဆက်ဆံနေတာလား ...
Advertisement
- In Serial7 Chapters
Steven Universe - Don't break this one!
A look back at Pink Diamond's youth, just as she is about to learn the most important lesson of her life.7/7, SHORT STORY. COMPLETED.
8 77 - In Serial10 Chapters
Where My Demons Lie (Fairy Tail SI)
Thrust into a world after a character selection wasn't what I was expecting. Does it matter though? At least I got what it takes to protect myself, what to do now? Self-insert and a few OCs.
8 168 - In Serial11 Chapters
No Longer Alive
"Sometimes, I wonder who is more human? Dazai or the world." Inspired by Dazai Osamu's "No Longer Human" (Ningen Shikkaku)
8 171 - In Serial25 Chapters
It's Hard Being A Background Character
Just after being transmigrated into a world of immortal cultivation, Zhang Wei naively believed he'd struck gold! But who could blame him? All those web novels he read depicted that after an average Joe with no attachments to his previous world transmigrated into a body with the same name, he'd become the greatest legendary being after countless thrilling adventures alongside the assistance of a mighty System! And... he fulfilled all those criteria! Unfortunately, those wishful thoughts vanished after seeing his reflection in the water. No...it wasn't because his looks remained impressively unimpressive. It was due to the two words in block capitals that hovered just above his head: [BACKGROUND CHARACTER]
8 270 - In Serial44 Chapters
Gu Family's Wife
LanguageChineseAuthor(s)蘇念Year2021The Gu family has always had the tradition of sharing wives, but it is not known to outsiders.Su Nian, who is like a white rabbit, married into the Gu family happily and became the second young lady of the Gu family. But waiting for her was three wolf like men.
8 938 - In Serial10 Chapters
Soulmate? (Killua Zoldyck x OC Sakamaki)
Victoria Sakamaki is part of the Sakamaki family. She is known to be the youngest born of her siblings. What happens when her and her family ends up in the world of Hunter x hunter. What will happen when she stumbles upon killua Zoldyck. What if Victoria had a soulmate?(This will be a crossover with diabolik Lovers and Hunters x Hunter. Curse words are involved along with blood of course.)
8 202

