《Me, Myself & Bad Romance •||• JINKOOK》【15】- 02
Advertisement
⟨ Unicode Version ⟩
* Me, Myself And Bad Romance*
အပိုင်း ၁၅
အေးစိမ့်နေတဲ့ ခန်းမကြီးအလယ်မှာ သူတစ်ယောက်တည်း ရပ်နေမိသည်။ Private ဆန်ဆန် ကျင်းပနေတဲ့ ဒီခန်းမကြီးဟာ အတောက်ပဆုံး အဖြူရောင်တွေနဲ့ စီခြယ်ထားတာဆိုပေမယ့် သူ စိတ်လှုပ်ရှားနေမိသည်။ ဒါ သူ့အတွက် ဒုတိယအကြိမ် လက်ထပ်ခြင်းပါပဲ။
ကိုကို့ဘက်က မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေသာ ရှိပြီး သူ့ဘက်ကတော့ မိသားစုဝင်ရယ်ဆိုလို့ တစ်ယောက်မှ မရှိ။ ခူရိုတို့မိသားစုကိုလည်း ရုတ်တရက်ဖြစ်သွားခဲ့တဲ့ ဒီလက်ထပ်ပွဲကြီးကို သူ အသိပေးရုံလောက်ပဲ တတ်နိုင်ခဲ့ပါသည်။ ကိုကို့ဖေဖေနဲ့ တီတီကတော့ ခန်းမရဲ့ အရှေ့ဆုံးမှာ အပြုံးတွေနဲ့ နေရာယူနေပေမယ့် ကိုကို့ဘွားဘွားနဲ့ဘိုးဘိုးကတော့ သိပ်ကြည်နေပုံမရ။ ငယ်ငယ်က ကိုကို့အိမ်မှာ ကြီးပြင်းလာတယ်ဆိုပေမယ့် ကိုကို့ဘိုးဘွားတွေကို အခုမှ သူ မြင်ဖူးခြင်းဖြစ်သည်။
ပထမအကြိမ်တုန်းက ခူရိုနဲ့ဟန်ဆောင်လက်ထပ်ခဲ့ရလို့ ထွေထွေထူးထူးမခံစားရပေမယ့် အခုတစ်ကြိမ်တော့ ထူးထူးဆန်းဆန်း သူ တုန်လှုပ်လှိုက်ဖိုမိသည်။ အဲ့ဒီ့တုန်းက မင်္ဂလာတေးဆိုပေးခဲ့တဲ့ ကိုကို့ရဲ့အသံကြောင့် သူ နာကျင်ခဲ့ရတာကိုလည်း မမေ့နိုင်သေး။ အခုတော့ ဦးဦး စီစဉ်ထားတဲ့အတိုင်း တစ်ဖက်လျှောက်လှမ်းက ကိုကို ထွက်လာပြီး သူနဲ့တူတူ ကတိကဝတ်ပြုကြရမှာဆိုပေမယ့် အခုတော့ rehearsal ကထက် အချိန်အနည်းငယ် ကြန့်ကြာနေသလိုပင်။
ကိုကို သူ့ကို မုန်းလွန်းလို့ ဒီအတိုင်း တစ်ယောက်တည်း ပစ်သွားမှာတော့ မဟုတ်နိုင်ပါဘူးနော် ...
ကိုကိုနဲ့ သူ့ကြားမှာ ပြေလည်တဲ့ဆက်ဆံရေးမရှိပေမယ့် ဒီလက်ထပ်ပွဲလေးကိုတော့ ကောင်းကောင်းမွန်မွန်ပြီးဆုံးစေချင်ပါသည်။ ဖာ သာ အရှေ့မှာ သူရပ်နေမိတာ စက္ကန့်နည်းနည်းပဲ ရှိသေးတယ် ဆိုပေမယ့် သူကတော့ အချိန်တွေ တော်တော်ကြာနေပြီလို့ ခံစားနေမိသည်။ ကိုကို့ကိုလည်း သူ အရမ်းတွေ့ချင်နေပြီဖြစ်သည်။ ဘယ်လိုပဲ မကောင်းတဲ့ဆက်ဆံရေးရှိနေပါစေ ... ကိုကို့ကို သူ ချစ်တဲ့အတွက် ဒီနေ့ကို သူ့ဘဝရဲ့ အလှပဆုံးအခိုက်အတန့်လေးတော့ ဖြစ်စေချင်ပါသည်။
" ဟင်း "
ဂျောင်ဂု မသိမသာ သက်ပြင်းလေး ခိုးချရင်း အရှေက ဖာသာကို ပြုံးပြလိုက်မိသည်။ ဖာသာကတော့ သူ့ကို ပြုံးပြုံးလေးပင် စိုက်ကြည့်နေသေးသည်။ အဲ့ဒါထက် မလှမ်းမကမ်းမှာ ရှိနေတဲ့ ကင်မရာသမားတွေကြောင့် သူပိုအနေရခက်ပါသည်။ ဦးဦးအစီအစဉ်အရ မင်္ဂလာမှတ်တမ်းကိုပါ ရိုက်ကူးစေခဲ့တာမို့ သူ့အပြုအမူသေးသေးကအစ ကင်မရာမှာ မှတ်တမ်းကျန်နေခဲ့တော့မှာ ဖြစ်သည်။
သူ ရင်မောနေတုန်း တခဏမှာပဲ သံစဉ်အပိုင်းအစတွေ ထွက်လာတော့ သူ့မျက်ဝန်းလေး တောက်ပသွားမိသည်။
" ... ♪ ... ♪ ... ♪ ... "
ဘာလဲ ကိုကိုက သီချင်းဆိုပေးဦးမှာလား ... ဒုတိယအကြိမ်အဖြစ်လေ ...
သူ့အတွေးမဆုံးသေးခင်မှာပဲ ကိုကို့အသံလေး ထွက်လာတော့ သူ တကယ်ကို မင်သက်အံ့ဩကာ နောက်လှည့်ကြည့်လိုက်မိသည်။
" ... ♪ ... ♪ မင်းနဲ့တွေ့ဆုံပြီးနောက်ပိုင်း ... ♪ ... ပြောင်းလဲမှုသေးသေးလေးတွေကအစ ပျော်ရွှင်နေတတ်ခဲ့ပြီ ... ♪ ... ♪ ... ♪ ... မျက်ဝန်းထဲထိတောက်ပနေတဲ့နံနက်ခင်း ... မင်းအကြောင်းတွေးရင်း နိုးထလာတဲ့ တစ်နေ့တာ ... ထမင်းစားပွဲမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး ...... ♪ ... ♪ ... ♪ ... မင်းရဲ့တစ်နေ့တာဟာ ဘယ်လိုလဲလို့မေးပြီး ...
... ♪ ... ♪ ... ♪ .. ကိုယ့်ရဲ့တစ်နေ့တာကတော့ အဆင်ပြေလွန်းတယ်လို့ ... ♪ ... ♪ ရီမောပြီးဖြေချင်တယ် "
တကယ်ကို နူးညံ့စွာနဲ့ ပြုံးပျော်ရွှင်ရင်း ခန်းမထဲ တစ်လှမ်းချင်းစီ လျှောက်ဝင်လာတဲ့ ကိုကို့ပုံစံကြောင့် သူ ကြောင်တောင်တောင်လေး တောင့်တင်းသွားမိသည်။ လက်စွပ်သွားရွေးတဲ့နေ့က အထိတောင် ကိုကိုက သူ့နဲ့ ဆန့်ကျင်ဘက်တွေ လုပ်နေသေးသည်။ သူ ကြိုက်တဲ့ပုံစံကိုတောင် မျက်နှာလွှဲခဲပစ်လုပ်ပြီး သူလုံးဝမကြိုက်တဲ့ ပုံစံကို ယူခဲ့တာလေ။ ဒီဝတ်စုံအတွက်လည်း အတူတူပါပဲ၊ သူကအဖြူဆို ကိုကိုက အမည်းလုပ်နေလို့ တီတီက သူ့သဘောအတိုင်း အဖြူဆိုပြီး ရွေးပေးခဲ့မှသာ ကိုကိုက ငြိမ်သက်သွားခဲ့တာဖြစ်သည်။
အခုတော့ ... ကိုကို့ကို လွန်ခဲ့တဲ့ ကိုးနှစ် လမ်းမခွဲခင်က ပုံစံမျိုးနဲ့ ပြန်မြင်လိုက်ရတာ သူရင်ဘတ်တွေပါ နာတဲ့အထိ ပျော်ရွှင်မှုက နေရာဝင်ယူလာသည်။
" ... ... ♪ ... ♪ ... ထွေထူးမဟုတ်တဲ့ကိစ္စလေးတွေကအစ စိတ်ချင်းဆက်နွယ်သွားတိုင်း ... ♪ ... ♪ ... ♪ ... အသားကျနေတဲ့ တစ်ယောက်နဲ့တစ်ယောက်ကြောင့် အံ့ဩမိတယ် မင်းကို ချစ်တယ်
... ♪ ... ♪ ... ♪ ... "
နူးညံ့နေတဲ့အဲ့ဒီ့အကြည့်တွေ ... တောက်ပနေတဲ့ အဲ့ဒီ့အပြုံးတွေ ... သူ့ကို ကြည့်ရင်း လှုပ်ရှားနေတဲ့ နှုတ်ခမ်းလေးတွေ ... စာသားတွေကို လှလှပပပုံဖော်လာလေတော့ သူ ပျော်ဝင်သွားမိတယ်ထင်သည်။ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ မျက်ဝန်းတွေ ဝေဝါးလာရသည်။ မနက်က အထိတောင် အဆင်မပြေဘဲ တကျက်ကျက်ဖြစ်နေတဲ့ ကိုကို့ကို ဘာတွေက ဒီလိုပြောင်းလဲ ပေးလိုက်တာလဲ ... ပြီးတော့ rehearsal မှာ ဒီအပိုင်းမပါဝင်ခဲ့ဘူးလေ ....
" ... ♪ ... ကြင်နာစွာနဲ့ အခုလိုလေးပဲ အမြဲထာဝရဖြစ်ချင်တယ် . ... ♪ ... ♪ ...မင်းကို ကြည့်ရင်း တွေးခဲ့မိတယ် .... မင်းနဲ့ဆုံဆည်းခွင့်ရခဲ့တာ ကိုယ် အရမ်းပျော်ရွှင်ရတယ်... ♪ ... ♪ ... ကိုယ် ကိုယ်တိုင်လည်း လေးလေးနက်နက်ချစ်လာနိုင်ခဲ့တယ် ... ♪ ... ♪ ... အခုထိ နုနယ်ပြီး လိုအပ်ချက်တွေရှိနေတဲ့ ကိုယ့်နှလုံးသားလေးကို
နွေးထွေးစွာ နားလည်မှုအပြည့်နဲ့ ထွေးပွေ့ပေးခဲ့တယ် ... ♪ ... ♪ ... "
အတုအယောင်တွေလား၊ အစစ်အမှန်လားဆိုတာ သူ မခွဲခြားတတ်တော့တဲ့အထိ ကို့ကို့အသံလေးထဲမှာ ပျော်ဝင်သွားခဲ့မိသည်။ သူပြုံးနေလား၊ ရယ်နေလား၊ တည်နေလားတောင် သူမသိ။ သေချာတာကတော့ သူငိုနေမိတာပင်။ ကိုကိုကတော့ သူ့ရှေ့တည့်တည့်ရောက်လာရင်း အေးစက်နေတဲ့ သူ့လက်ဖျားကို ဆွဲကိုင်ကာ အဆုံးမသတ်သေးတဲ့စာသားတွေကို ဖော်ကျူးဆဲ ...။
Advertisement
" ... ♪ ... မဆင်မခြင်ပြောမိတဲ့စကားတွေကြောင့် နှစ်ယောက်ကြားနာကျင်စရာနဲ့အတူ ... ♪ ... ♪ .
အေးစက်နေတဲ့ဆက်ဆံရေးကို ကိုယ်ဆက်ပြီး ခံနိုင်ရည်မရှိတော့လို့ တောင်းပန်ပါတယ် ... ♪ ... ♪ ... ဒီလိုစိုးရိမ်ပူပန်မှုတွေဟာလည်း ကိုယ်တို့နှစ်ယောက်ကို ထာဝရဖြစ်စေချင်လို့
မင်းကိုကြည့်ရင်း တွေးခဲ့မိတယ် ... ♪ ... ♪ ... "
သီချင်းစာသားဆိုပေမယ့် သူ့ကို ပြောပြနေတဲ့ စကားလုံးလေးတွေလို့ သူသတ်မှတ်မိပြီး သူ့လက်ကို ဆုပ်ကိုင်ထားတဲ့ ကိုကို့လက်ကို ပြန်ဖျစ်ညှစ်မိသည်။ ကိုကိုကတော့ သူ့လက်တွေကို ခပ်ဖွဖွလေး ပြန်ပွတ်သပ်ကာ ကြည်လဲ့လဲ့မျက်ဝန်းတွေနဲ့ ပြုံးသည်။
ဘယ်လိုပဲ ဖြစ်ဖြစ် ... သူ ခံစားမိသည်၊ အဲ့ဒီ့အပြုံးဟာ ကိုကို သူ့ကို ချစ်တယ်လို့ ပြောပြနေတဲ့အပြုံး ~~
" ... ♪ ... ♪ ကိုယ်နဲ့ဆုံရတာ မင်းကော ပျော်ရွှင်ရဲ့လား ... ♪ ... ♪ ...
မလုပ်ပေးနိုင်ခဲ့တာတွေ များလို့ တောင်းပန်ပါတယ် ... ♪ ...တစ်ကိုယ်ကောင်းဆန်ပြီး စိုးရိမ်ပူပန်နေတတ်တဲ့ကိုယ်ဟာ ... ♪ ... ♪မင်းတစ်ယောက်တည်းအပေါ်မှာပဲ ကောင်းပေးချင်ခဲ့လို့ပါ ... ♪ ... အရင်ထဲက ကိုယ်အမြဲမျှော်လင့်နေခဲ့ရတဲ့ ပြီးပြည့်စုံတဲ့ကိုယ့်အချစ်ကို အခု ရှာတွေ့ခဲ့ပြီ ... ♪ ... ♪ ... ♪ကိုယ့်လက်ကို ဆုပ်ကိုင်ပေးလို့ အင်အားတွေပေးခဲ့လို့ နွေးထွေးစွာ နားလည်မှု အပြည့်နဲ့ ထွေးပွေ့ပေးခဲ့လို့ ... ♪ ... ♪ .. သိပ်ချစ်ပါတယ် ... "
သံစဉ်လေးဆုံးတာနဲ့ ကိုကိုက မိုက်ကို ဘေးနားက ဗန်းလေးကိုင်ထားတဲ့ကောင်မလေးဆီ ပေးကာ သူ့လက်နှစ်ဖက်ကို ဆွဲယူသည်။ ခန်းမတစ်ခုလုံးဆီက လူတွေရဲ့အကြည့်တွေကလည်း သူနဲ့ကိုကို့ဆီကို အာရုံစိုက်နေကြသလို ကင်မရာနဲ့ မှတ်တမ်းယူနေတဲ့သူတွေကလည်း တဖျပ်ဖျပ်ပင်။
" ... ချစ်တယ် ဂျောင်ဂု ~~ အရမ်းမုန်းတီးရလောက်တဲ့အထိ မင်းကို ချစ်တယ် ... "
သူ့လက်ဖျားလေးကို ပွတ်သပ်ကာ ပြောလာလေတော့ သူ ဘာကိုမှ မစဉ်းစားနိုင်တော့ဘဲ တကယ်ငိုချလိုက်မိတော့သည်။ သူငိုချလိုက်မိလို့လားတော့မသိ၊ ကိုကို့မျက်ဝန်းတွေပါ နီရဲလာတာ မြင်လိုက်မိသည်။ သူ့လက်ဖျားတွေကို ဆုပ်ကိုင်ထားတဲ့ကိုကို့လက်တွေကလည်း နွေးထွေးတယ်ဆိုပေမယ့် တုန်ယင်နေတာ သူ ခံစားမိသည်။
ဒါတွေက အစစ်အမှန်တွေပဲ မဟုတ်လားဟင် လို့ သူကိုကို့ကို မေးလိုက်ချင်မိသည်။
အဲ့ဒီ့နောက် ဖာသာတိုင်တည်ပေးတဲ့ ကတိကဝတ်စကားတွေကို ရေရွတ်တော့ ကိုကို့အသံတုန်ယင်နေခဲ့သည်။ သူသည်လည်း ကိုကို့နီးပါး ထပ်တူကျရင်း ဖာသာဆီ ကတိဝန်ခံမိတော့ ဘယ်ဘတ်ရင်အုံက လှိုက်လှိုက်လှဲလှဲရင်ဖိုလာရသည်။
" ~~~ အသိသက်သေအဖြစ် သတို့သားနှစ်ယောက် လက်စွပ်လဲနိုင်ပါပြီ ~~~ "
ဖာသာရဲ့စကားအဆုံး သူ့လက်ကို ကိုကိုရှေ့ပို့မိတော့ ကိုကိုက ခပ်ဖွဖွလေးကိုင်ကာ ဘေးနားမှာ ရှိနေတဲ့ကောင်မလေးဆီက လက်စွပ်ကို သူ့လက်လှလှဆီ ကွက်တိဝင်စေသည်။ သူ့ကို လက်စွပ်စွပ်ပေးနေတဲ့ ကိုကို့မျက်နှာလှလှကိုပဲ သူငေးနေမိတော့ လက်ပေါ်ကို ဘယ်လိုရောက်သွားလဲ သူမသိလိုက်။ ကိုကို့အတွက် သူ ပြန်ဝတ်ပေးရမယ့် အချိန်ရောက်တော့မှ သူ လက်စွပ်လေးကို မြင်လိုက်ရသည်။ ထိုအခါမှ လှုပ်ခါနေပြီးသား နှလုံးသားဟာ သွက်သွက်ခါအောင် ရူးသွားပုံပေါ်ပါသည်။
" ... "
ရုတ်တရက် ဆွံ့အသွားလောက်တဲ့အထိ ခဏတာ ငြိမ်သက်နေပြီးမှ အငိုမျက်လုံးတွေနဲ့ သူ လှမ်းယူလိုက်မိသည်။ ဟုတ်ပါရဲ့ ... ထိုလက်စွပ်လေးဟာ ဆိုင်မှာတုန်းက သူကြိုက်လို့ ကိုကို မရွေးခဲ့တဲ့လက်စွပ်လေး။ အခုတော့ ကိုကိုနဲ့သူ့လက်ပေါ်မှာ သူသဘောကျတဲ့လက်စွပ်လေးရှိတော့မှာမို့ သူ ပြုံးလိုက်မိသည်။ အဲ့ဒီ့နောက် ကိုကို့လက်ရှည်ရှည်တွေကြား ကွက်တိဝင်စေလိုက်မိတော့သည်။
" သတို့သားနှစ်ယောက် အကြင်နာပေးနိုင်ပါပြီ "
ထိုအသံကြောင့် သူ့ပခုံးလေးတွန့်သွားရသလို ကိုကို့ကို မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့ ကြည့်မိသည်။ အကြင်နာပေးရမယ်ဆိုတာ သိပေမယ့် ကိုကို့ဆီက အနမ်းတွေကို သူလက်ခံယူဖို့ အဆင်သင့်မဖြစ်သေး။ သေမတတ်လွမ်းခဲ့ရတဲ့ကိုကို့နှုတ်ခမ်းတွေကို အပိုင်စားပြန်ရဖို့ သူ့နှလုံးသားက ခုန်ပေါက်လွန်းနေသည်။
ကိုကို နမ်းလို့ သူ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ... ကိုကို နမ်းလိုက်လို့ သူ အဆုံးထိရူးသွပ်သွားရင် ဘယ်လိုလုပ်မလဲ ...
သူအရမ်းနှစ်ခြိုက်ပါတဲ့ အဲ့ဒီ့နှုတ်ခမ်းထူထူလေးက သူ့အနား ရွေ့လာလေလျှင် သူ ရှောင်ပြေးဖို့ ကြိုးစားမိသည်။
လူအများကြီးရှေ့မှာ နမ်းမိလို့ ပြန်မလွှတ်ပေးနိုင်တော့ရင် ဘယ်လိုလုပ်မလဲ ... ဒီထက်ပိုတာတွေပါ လိုချင်လာရင် ဘယ်လိုလုပ်မလဲ ... ပြီးတော့ ဒီရင်ဘတ်က ပေါက်ထွက်သွားသလိုတောင် ခုန်နေတာကို ဘယ်လိုလုပ် ~~~
" ... "
သူရှောင်နေတာကို သိပုံရတဲ့ ကိုကိုကတော့ သူ့လက်ကို လွှတ်ကာ သူ့ခါးကို ဆွဲကပ်ယူရင်း ခပ်မြန်မြန်ပင် သူ့နှုတ်ခမ်းနှစ်လွှာကို စုပ်ယူငုံထွေးသွားသည်။ ကိုကို သူ့ကို နမ်းလိုက်တဲ့ပုံစံက အရမ်းမိုက်လွန်းနေတာမို့ အံ့ဩကာ မျက်ပြူးလေးဖြစ်ပြီး နှုတ်ခမ်းလေးဟမိတော့ ကိုကို့အပေါ်နှုတ်ခမ်းချွန်ချွန်က သူ့အပေါ်ယံနှုတ်ခမ်းသားတွေကို ခပ်ဖွဖွလေး လာဖိကပ်သည်။ တကယ်သဘောကျပြီး ကြိုက်လွန်းတာမို့ ငြိမ်သက်နေမိတော့ ကိုကို့ကပြုံးလိုက်ပုံပေါ်သည်။ သူ့ခေါင်းကို ထိန်းကိုင်ကာ သူ့ပါးပြင်ကို ထိကပ်နေတဲ့ကိုကို့လက်မလေးကတော့ သူ့ပါးပြင်ကို ခပ်ဖွဖွလေးပွတ်သပ်လာသည်။ ထိုအခြေအနေကြောင့် သူကိုကို့အင်္ကျီကို လက်သီးလေးဖြစ်အောင် ဆုပ်ကိုင်မိတော့ ကိုကိုက ဖိကပ်ထားတဲ့ နှုတ်ခမ်းကို ခွာလိုက်သည်။ အဲ့ဒီ့နောက် မှတ်တမ်းဓာတ်ပုံအတွက် ကိုကိုဟာ ကင်မရာတွေရှိရာဘက်ကို ပြုံးပြလိုက်တော့သည်။
သူကတော့ ကိုကို့အနမ်းကြောင့် အူကြောင်ကြောင်လေး ကျန်ရစ်နေခဲ့ပြီးမှ ကိုကိုက သူ့လက်ကို ယူကာ လက်ချင်းချိတ်လိုက်တာမို့ သူ့အခြေအနေတွေ ပြန်အသက်ဝင်လာခဲ့ရတော့သည်။ ထို့နောက် ဦးဦးနဲ့တီတီက မှတ်တမ်းပုံတွေရိုက်ကြတော့တာမို့ သူ့ခမျာ ကိုကို့ကို စကားပြောဖို့အချိန်တောင် မရလိုက်ဘဲ ကိုကို့မျက်နှာ တကြည့်ကြည့်နဲ့ အချိန်ကုန်ခဲ့ရတော့သည်။
အခမ်းအနားပြီးစီးသွားတဲ့နောက်မှာ ကိုကိုက ဆွေမျိုးတွေကို နှုတ်ဆက်ဖို့ သူ့ဘေးနားကနေ ထွက်သွားခဲ့သည်။ ပွဲစတဲ့အချိန်ကစလို့ အခုထိ သူနဲ့ကိုကို သေချာစကားမပြောရသေးပါ။ ထို့ကြောင့် သူ ကိုကို့ကို ရှာဖို့အတွက် နားနေခန်းဘက် သွားလိုက်မိသည်။ Dinner Partyအတွက်လည်း ပြင်ဆင်ရဦးမှာ မဟုတ်လား၊ အစီစဉ်တွေကို ညှိဖို့ ကိုကို့ကို သူ လိုအပ်ပါသည်။
Advertisement
" ... Dinner Partyမှာ ကြေညာမယ်ဆိုပြီး အခုက ဘာဖြစ်ရတာလဲ အဖေ ~~ အဖေ့စကားမတည်တာလား ..."
နားနေခန်းရှေ့အရောက် အထဲက ကိုကို့အသံကြားလိုက်ရတာမို့ တံခါးဖွင့်နေပြီဖြစ်တဲ့သူ့လက်တွေ ရပ်တန့်သွားသည်။
" ... အစတုန်းက အဲ့ဒီလိုလုပ်မလို့ဘဲ ဒါပေမဲ့ မင်းကိစ္စကြောင့် ငါ့သားဂျောင်ဂု အနှောင့်အယှက်ဖြစ်ရင် ဘယ်လိုလုပ်မလဲ ...အဲ့ဒါကြောင့် ရက်ရွှေ့ပြီး သီးသန့်ပြန်လုပ်ပေးမယ် ..."
" ... ကျစ် ... "
ကိုကို့ဆီက စိတ်အလိုမကျမှုပေါ်လာလေတော့ ပြဿနာကို သူ သေချာသိချင်သွားမိသည်။ ထို့ကြောင့် တံခါးကို ထပ်ဟကာ သူအထဲက အကြောင်းတွေ ကြားရဖို့ ကြိုးစားမိသည်။
" ... အဖေ ~~ ကျွန်တော် အဖေ့သဘောအတိုင်း အကုန်လုပ်ခဲ့တယ်နော် ~~ ဂျောင်ဂုကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံပေးသလို သူလိုချင်တဲ့လက်စွပ်၊ အဝတ်အစား၊ အပြင်အဆင်တွေကအစအကုန်လိုက်လျောပေးတယ် .. ရှင်းရှင်းပြောရင် ကျွန်တော် သီချင်းဆိုဖို့ အခက်အခဲဖြစ်နေတာကို သိသိချည်းနဲ့ သီချင်းပြန်ဆိုခိုင်းတာမို့ ကျွန်တော် ကြိုးစားပြီး ဆိုပေးခဲ့တယ် ... မလုံလောက်သေးဘူးလား ... ဘယ်အချိန်ထိ သည်းခံပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံပေးရမှာလဲ ... အဖေ့အမွေတွေအကုန်မလိုချင်ပါဘူး လိုချင်တာ အဲ့ဒီ့ Entertainment တစ်ခုပဲကို ~~~ ကျွန်တော်ဘာထပ်လုပ်ပေးရမလဲ .... ထပ်ပြီး သူယုံအောင် ချစ်ဟန်ဆောင်ပြရမလား ..."
ကြားလိုက်ရတဲ့စကားကြောင့် သူ့လက်တွေ သွေးမရှိတော့သလိုပင်။ ဆုပ်ကိုင်ထားမိတဲ့တံခါးကိုတောင် လွှတ်ချလိုက်မိသလို တစ်နေကုန် ရင်ခုန်လှိုက်မောလာရတဲ့ နှလုံးသားဟာလည်း စူးနင့်ငြိမ်သက်သွားသည်။
ဒါဆို ကိုကိုက ဦးဦးနဲ့ အပေးအယူလုပ်ခဲ့တာပေါ့ ... မင်္ဂလာပွဲတစ်လျှောက်လုံး ကိုကို သူ့ကို ချစ်တယ်ဆိုတဲ့ အမူအရာတွေပြခဲ့တာက ဦးဦးပြောခဲ့လို့ပဲပေါ့ ...
အစစ်အမှန်တွေလို့ ထင်ရလောက်တဲ့အထိ သိပ်ပိရိလွန်းတာပဲ ကိုကိုရယ် .. သားသားမှာ ပြောစရာစကား ကုန်သွားတဲ့အထိပဲ ... အဲ့ဒီ့အကြင်နာမျက်ဝန်းနဲ့ကြည့်ခဲ့တာတွေ .. ခံစားချက်အပြည့်နဲ့သီချင်းဆိုပြခဲ့တာတွေ .. အေးစက်နေတဲ့သားသားလက်တွေကို ခပ်ဖွဖွလေး ဆုပ်ကိုင်ပေးခဲ့တာတွေ ... နှုတ်ခမ်းပါးတွေကို ရင်ခုန်အောင် နမ်းခဲ့တာတွေ ....
ဂျောင်ဂု တွေးရင်း တွေးရင်း မောဟိုက်လာသည်မို့ ဆက်နားမထောင်ဖြစ်တော့ဘဲ ထိုအခန်းရှေ့ကနေ ခြေလှမ်းကျဲနဲ့လျှောက်ကာ လေကောင်းလေသန့်ရမယ့် ဧည့်တွေ့ခန်းမမှာ ငြိမ်သက်စွာ ထိုင်နေလိုက်မိတော့သည်။
တစ်နေကုန် ရင်ခုန်လှိုက်ဖိုခဲ့ရသမျှ အကုန်လုံးအလိမ်အညာတွေဆိုတာ သိလိုက်ရတော့ သူ့ရဲ့စိတ်ကူးယဉ်ကမ္ဘာလေးပျက်သုဉ်းသွားသလို ခံစားလိုက်ရသည်။ သို့ပေမယ့် သူကတော့ ဧည့်တွေ့ခန်းမမှာ ထိုင်ရင်း ကိုကိုကိုယ်တိုင် ဝတ်ပေးခဲ့တဲ့လက်စွပ်လေးကို ပွတ်သပ်နေလိုက်မိတော့သည်။
... အချစ်ရော အမုန်းရော ကျန်သေးတယ်ဆိုရင် ... အချစ်တွေတိုးပြီး အမုန်းကိုလျော့ပေးဖို့ မျှော်လင့်ချက်မရှိတော့ဘူးလားဟင် ကိုကို ~~
ဂျောင်ဂုမှာတော့ ဧည့်တွေ့ခန်းမထဲ တွေးရင်း ဝမ်းနည်းနေပေမယ့် ကျန်နေခဲ့တဲ့နားနေခန်းထဲမှာတော့ အခုထိ မပြီးပြတ်နိုင်သေးတဲ့လူသားနှစ်ယောက်။
" ... မင်း ဘာတွေပြောနေတာလဲ ကင်ဆော့ဂျင် ... ဘယ်သူက မင်းကို ချစ်ဟန်ဆောင်ခိုင်းလို့လဲ ... မင်းဘာသာမင်း ကလေးရှေ့မှာ မာရေကျောရေ လုပ်နေပြီး နောက်ကွယ်မှာကျ ဖြစ်ချင်တာတွေ အကုန်လုပ်ပေးနေတာမဟုတ်လား ... သီချင်းကရော? မင်းကျန်းမာရေးအခြေအနေကို သိလို့ မင်းကိုတားခဲ့တာလေ .. ဘယ်လိုလုပ် ငါက ဖိအားပေးမလဲ .. "
အဖေ့စကားအဆုံးသတ်မှာတော့ ဆော့ဂျင် မှန်ကနေတစ်ဆင့်မြင်နေရတဲ့အရိပ်လေးပျောက်သွားပြီဆိုတာ သတိထားလိုက်မိသည်။ အဲ့ဒီ့တော့မှ သက်ပြင်းချကာ အနောက်လှည့်ကြည့်မိသည်။ သူ့အပြုအမူကြောင့် အဖေက သတိထားမိသွားတော့မှ သူ့ကို မနိုင်တော့တဲ့ပုံစံနဲ့ ကြည့်သည်။
" ... ဂျောင်ဂုရှိနေလို့ တမင်သက်သက်ပြောလိုက်တာလား .. ကင်ဆော့ဂျင် "
အဖေ့မေးခွန်းကိုတော့ သူမဖြေဖြစ်။ ဒီကလေးကို မြင်ရင် ဂရုမစိုက်သလိုသာ နေချင်ပါသည်။ မုန်းတယ်ဆိုပေမယ့် ချစ်လဲ ချစ်နေသေးတော့ နာကျင်အောင်လုပ်မိမှာလဲ ကြောက်သည်။ သို့ပေမယ့်လည်း သူခံစားခဲ့ရသလို နာကျင်စေချင်သေးသည်။ ဒါဟာ မကောင်းဘူးဆိုတာ သူသေချာသိရဲ့သားနဲ့ပေါ့။ သူ့စိတ်ကိုလည်း သူနာမလည်နိုင်တော့။
" ... နောင်တရမှာ မကြောက်ဘူးလား ... "
" .... ဟင်အင်း ထပ်ပြီး အထီးကျန်နေမှာပဲ ကြောက်တယ် ... ဒီတစ်ခါ တစ်ယောက်တည်းတော့ နာနာကျင်ကျင် မနေနိုင်ဘူး .... သူရော ကျွန်တော်ရော အချိုးကျကျ နာကျင်နေမှ တော်ကာကျမယ်လေ . ... ကျွန်တော်နာကျင်ရမယ်ဆိုရင် သူလည်း ကျွန်တော့်လိုပဲ ဖြစ်ရမှာ ..."
" အများကြီးတော့ မပြောချင်ဘူး ~~ ဒါပေမဲ့ မင်း ဘာလိုချင်နေတာလဲ သေချာစဉ်းစား ဆော့ဂျင် ~~ ကိုယ်ချစ်တဲ့သူထိခိုက်နာကျင်တာကို မြင်မှ ပျော်ရွှင်ရတယ်ဆိုရင်တော့ မင်းအတွက် ကျန်ခဲ့မှာက နောင်တတရားပဲဖြစ်လိမ့်မယ် ..."
အဖေ့စကားကြောင့် သူငြိမ်သက်လိုက်မိသည်။
" .. ကဲ Dinner Party အတွက်ပြင်တော့ ဂျောင်ဂုလေးကို ရှာလိုက်ဦးမယ် ...."
အဲ့ဒီ့နောက် အဖေက သူ့ကို နှစ်သိမ့်အားပေးသလို ပခုံးပုတ်ကာ အခန်းထဲက ထွက်သွားတော့သည်။
တကယ်တော့ သူ ဂျောင်ဂုကို ထင်ထားသလိုမျိုး မမုန်းနေပေမယ့် အချစ်တွေကိုလည်း မပွင့်လင်းချင်သေးပါ။ ဖွင့်ချပြပြီးမှ အရင်ကိုးနှစ်တုန်းကလို သူ ကျန်နေခဲ့မှာ ကြောက်သည်၊ အဲ့ဒီ့တုန်းက နာကျင်ခံစားရသမျှ ပြန်ပြီးခံစားရမှာကြောက်သည်။ ချစ်ပြမိမှ သူ့ကို ထပ်ထားသွားမှာ ကြောက်သည်။ ဂျောင်ဂုဆီက ဂရုစိုက်မှုတွေနဲ့ အချစ်တွေကို သူလိုချင်ပေမယ့် သူ့ဆီက ပြန်မပေးချင်သေးပါ။ အကျင့်မကောင်းဘူးပဲ ပြောပြော၊ တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော ဂျောင်ဂုကို သူ အနိုင်ကျင့်ချင်သေးသည်။
ဝန်ခံပါတယ် သူဂျောင်ဂုကို ချစ်နေသေးတယ်ဆိုတာ ... အဲ့ဒီ့အတွက်ကြောင့်လဲ မနက်က မင်္ဂလာပွဲမှာ တကယ့်အစစ်အမှန်တွေ ချပြခဲ့တယ်လေ ... ဒါပေမဲ့လည်း ဂျောင်ဂုကတော့ အထင်လွဲသွားခဲ့ပြီ မဟုတ်လား ...
ထားလိုက်တော့ ... ဒီလမ်းကို လျှောက်ဖို့ ရွေးခဲ့ပြီးမှ ဆက်လျှောက်ရတော့မှာပေ့ါ ... ချစ်ပေမယ့် သူ့နှလုံးသားတံခါးကို ချိုးဖျက်ပစ်ပေးရလောက်တဲ့အထိ သူခံစားခဲ့ရတာတွေက သေးသေးလေးမှ မဟုတ်ခဲ့တာလေ ....
💠💠💠
" ... ဘာလို့ ကင်ဆော့ဂျင်ကို လက်ထပ်တာလဲ ... ငွေကြောင့်လား ... "
Dinner Party မှာ သူတစ်ယောက်တည်းဖြစ်နေတုန်း သူ့အနားချဉ်းကပ်လာတဲ့လူတစ်ယောက်ဆီက ကြားလိုက်ရသည်။ သူ လှည့်ကြည့်မိတော့ သူ တက္ကသိုလ်တက်စဉ်က အချိန်ပိုင်းအလုပ်မှာ တွေ့ခဲ့ရတဲ့ customer တစ်ယောက်ပင်။ အခုတော့ ကိုကို့အမျိုးတွေထဲက တစ်ယောက်။
ကောင်းတဲ့ဆက်ဆံရေးရှိခဲ့တာ မဟုတ်တဲ့အတွက် သူ ဘာမှ ပြန်မဖြေဘဲ ငြိမ်သက်ကာ ရှောင်ဖယ်ဖို့ ကြိုးစားမိတော့ သူ့လက်ကို လာဆွဲကိုင်သည်။
" ... ဂျွန်ဂျောင်ဂု ~~ မသိချင် မယောင်ဆောင်နဲ့ မင်းက ငါ့ဂျူနီယာဖြစ်ခဲ့တာပဲလေ ... အခု မင်းပွဲမှာ ငါ့လို ဧည့်သည်ကို ရိုင်းစိုင်းရဲတာလား ...."
ထိုစကားကြောင့် သူ ပြန်လှည့်ကြည့်မိတော့ ထိုလူရဲ့ ခပ်မာမာအကျင့်က မပျောက်သေးပင်။ စကားသိပ်မများချင်တာမို့ ကိုကိုရှိရာ လှမ်းကြည့်မိတော့ ကိုကိုက ဦးဦးနဲ့တူတူ ကုမ္ပဏီပိုင်းက ဧည့်သည်တွေကို စကားပြောနေတာနဲ့ တူသည်။
" ... လက်ကို လွှတ်လိုက်ပါ ... ခင်ဗျားရဲ့မေးခွန်းတွေ အတွက် ကျွန်တော့်မှာ အဖြေမရှိဘူး ..."
" အဟက် !! မေ့သွားပုံပဲနော် အဲ့ဒီ့ညက ဘာဖြစ်ခဲ့လဲဆိုတာ ... "
" ... မမေ့ပါဘူး ... ဘာဖြစ်ခဲ့လဲ အခုထိ တိတိကျကျကို သိနေတုန်းပဲမို့လို့ ကျွန်တော် တစ်ခုခုမလုပ်ခင် လက်ကို အရင်လွှတ်လိုက်ရင် သိပ်ကောင်းမယ် ... ဒီအချိန်မှာ ကျွန်တော်က ကင်ဆော့ဂျင်ရဲ့ အမျိုးသား ကင် ဂျောင်ဂုပါ ... အဲ့ဒီ့ညက ဂျွန်ဂျောင်ဂု မဟုတ်ဘူး ..."
တစ်လုံးချင်းစီ ပြောရင်း သူ့လက်ကို ဆွဲကိုင်ထားတဲ့လက်တွေကို ဖြုတ်ချပစ်မိတော့ ထိုလူက ရယ်သည်။
" ... ဂျောင်ဂု~~ ဂျောင်ဂု~~ မင်းကတော့ ~~ အခုထိ ငွေမက်တဲ့ကောင်ပဲ ... အစ်ကိုဆော့ဂျင်ရဲ့စည်းစိမ်တွေဖြုန်းလို့ဝရင် ငါ့ကိုဆက်သွယ်လိုက် ~~ ငါ့ဆီမှာက အဆက်သွယ်ကောင်းတွေရှိတယ်လေ ~~ ဒါပေမဲ့ အဲ့ဒီ့ညကလိုတော့ ထွက်မပြေးကြေးပေါ့ ... "
ပြောရင်းနဲ့ သူ့မျက်နှာကို ကိုင်တွယ်လာလေတော့ သူ ထိုလက်ကို ရိုက်ချဖို့ ကြိုးစားမိသည်။ သို့ပေမယ့် သူ့ထက် ပိုမြန်တဲ့ အခြားလက်တစ်စုံကတော့ သူ့မျက်နှာကို ထိကိုင်နေတဲ့လက်ကို ဆွဲဖယ်ကာ သူ့ခါးကိုပါ သိမ်းကျုံးဆွဲယူလိုက်သည်။ သူမော့ကြည့်မိတော့ ကိုကို~~။ တော်တော်လေးအလိုမကျတဲ့ပုံနဲ့ မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေပြီမို့ သူ ငြိမ်သက်လိုက်မိသည်။
" ... ငါ့အမျိုးသားကို ထိစရာအကြောင်းမရှိဘူး ... ကလပ်က မင်းတွေ့နေကျကောင်တွေလို လာမဆက်ဆံနဲ့ ..."
အေးစက်တောင့်တင်းနေတဲ့ကိုကို့အသံက သူ့ကျောကိုပါ မတ်သွားစေလေလျှင် သူ့အသက်ရှူသံတွေ နှေးသွားရသည်။ အရှေ့ကသူ့စီနီယာကတော့ ခပ်ကျဲကျဲရယ်သည်။
" ...အစ်ကိုကလည်း ... မိတ်ဟောင်းဆွေဟောင်းတွေကို လာနှုတ်ဆက်တာပါ ... အဲ့လောက်ထိအဖြစ်သည်းမနေပါနဲ့ ... ဖြစ်ချင်ဖြစ် သူကသာ အစ်ကို့လိုစူပါစတားကို အဖြစ်သည်းရမှာ မဟုတ်ဘူးလား ... "
ထိုစကားကြောင့် သူ့ခါးပေါ်က ကိုကို့လက်တွေက သူ့ကို ဖျစ်ညှစ်လာသည်။
" ... ငါ့ကို ရွဲ့မနေဘဲ မင်းအကန့်နဲ့ မင်းနေ ... ငါ့လိုစူပါစတားက မင်းရဲ့ကလပ်တွေကို ဘာလုပ်နိုင်လဲ သိတယ်နော် ... "
" သိပါတယ်ဗျ ... မနှောင့်ယှက်တော့ပါဘူး ... ဒါပေမဲ့ ဂျောင်ဂုဂီလေးကိုတော့ နှုတ်ဆက်ပါရစေဦး ... ... ကျေးဇူးပဲ ဂျောင်ဂုရား ... မင်းကျေးဇူးနဲ့ ငါ ဘယ်ကောင်လေးနဲ့မှ အလုပ်မဖြစ်တော့လို့ ... ငါအခုထိ အလွတ်ရနေသေးတယ် ... မင်းရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းလေးတွေကိုလေ ..."
ပြောပြီးတာနဲ့ ထိုလူကတော့ လှည့်ထွက်သွားပေမယ့် သူကတော့ ဒေါသဖြစ်စွာ လက်သီးဆုပ်လိုက်မိသည်။ သူ့ခါးပေါ်တင်ထားတဲ့ကိုကို့လက်တွေက ပြေလျော့သွားတော့ သူ ကိုကို့ကို မော့ကြည့်လိုက်မိသည်။ ကိုကို့မျက်ဝန်းတွေက မနက်ကနဲ့မတူတော့၊ အခုမှ အစစ်အမှန်ကို ထုတ်ပြလေသလား အောက်မေ့ရသည်။ သူ့တစ်ကိုယ်လုံးကို ထိုးဖောက်မတတ် စိုက်ကြည့်နေသည်ပင်။ ကိုကို ဘယ်လိုထင်သွားလဲ ဆိုတာ သူသိလိုက်ပြီမို့ သူ့နှုတ်ခမ်းတွေကို စတင်လှုပ်ရှားမိသည်။
" ... အဲ့လိုမကြည့်နဲ့ အစ်ကို ~~ မဟုတ်တာ ကျွန်တော် ဘာမှ မလုပ်ခဲ့ဖူးဘူး ... "
သူ့စကားကိုတော့ ကိုကိုက မယုံကြည်သလို သက်ပြင်းချကာ သူ့ကို တုံ့ပြန်လာသည်။
" ... အဲ့ဒါ မင်းကိစ္စလေ ... ဒါပေမဲ့ ငါနဲ့ပတ်သက်နေတဲ့အချိန်အတွင်းမှာ တခြားတစ်ယောက်ဆိုတာမျိုးကို မကြားချင်ဘူး ... အထူးသဖြင့် ခုနလို ကောင်တွေကို မမြင်ချင်ဘူး ဂျွန်ဂျောင်ဂု !! မင်းတို့ဖြစ်တာ မဖြစ်တာ ငါ့ကိစ္စမဟုတ်ပေမယ့် ငါ့သက်ဆိုင်သူမင်းက အဲ့လိုပွေနေတာမျိုးက ငါ့ကို သိက္ခာကျစေတယ် .... "
ကိုကို့စကားကြောင့် သူမျက်မှောင်ကြုတ်မိတော့ ကိုကိုက သူ့ဆီကအကြည့်လွှဲသည်။
" ... တွေ့လား အစ်ကိုကိုယ်တိုင်က ကျွန်တော့်ကို ပွေတယ်လို့ သတ်မှတ်မှတော့ တခြားသူတွေလည်း ကျွန်တော့်ကို အဲ့အတိုင်း ထင်ကြတာမဆန်းဘူး ... ကိုကို့အမျိုးတွေကြားမှာ အထင်သေးသလို အကြည့်တွေနဲ့ အကြည့်ခံနေရတာလည်း ကိုကို့ကြောင့်ပဲ ... ကိုကိုပြောသမျှကို ခေါင်းညိတ်လက်ခံပြီး အထင်သေးသမျှကို သည်းခံမယ့်ပုံပေါက်နေလို့လား ကျွန်တော်က .... "
ဆော့ဂျင် သူ့အရှေ့မှာ စွာတေးလန်လေး လုပ်နေပါတဲ့ ဂျောင်ဂုကို ကြည့်ရင်း ဒေါသထွက်နေရာကနေ ရုတ်တရက် ရယ်ချင်လာရသည်။ အပြစ်ရှိမှန်းသိပါလျက် အပြစ်မရှိသလို မျက်နှာလေးနဲ့ သူ့ကို တဇွတ်ဇွတ်ပြောသွားလိုက်တာများ သူတောင် ဂျောင်ဂုကို ပြန်ကြောက်နေရမယ့်ပုံပေါ်နေပါသည်။ သို့ပေမယ့် ဒေါ်လေးတော်စပ်သူရဲ့သားဖြစ်သူ သူ့ဝမ်းကွဲညီပြောသွားတာတွေက နားထဲက မထွက်သေး။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဂျောင်ဂုနဲ့အခြေအနေအတိုင်းအတာတစ်ခုထိ ရောက်ခဲ့လို့သာ အဲ့ဒီ့စကားတွေ ထွက်လာဖြစ်သည်။
" ... ငါ့ကိုကျ တစ်ခွန်းမကျန်ပြန်ပြောပြီး ခုနကကျ မလှုပ်ရဲတဲ့ကြောင်လို ငြိမ်နေတာက ဘာသဘောလဲ ... မဟုတ်ဘူးဆို ငြင်းလေ ... ထိကိုင်တာမျိုး သဘောမကျရင် ရှောင်လေ ... ဘာတွေပေးထားလို့ ဒီလောက်တောင် ငြိမ်နေရတာလဲ ... ပြီးတော့ ငါထပ်ပြီး သတိပေးဦးမယ် ... ငါ့ကို ကိုကို ~~ ကိုကို ဆိုပြီး ~~ မခေါ်နဲ့ ... အဲ့ဒီ့စကားလုံးကိုခေါ်ဖို့ မင်းက မထိုက်တန်သေးဘူး ဂျွန်ဂျောင်ဂု "
ဒီတစ်ခါတော့ ဂျောင်ဂု နှုတ်ခမ်းကို မဲ့လိုက်မိသည်။
" ... ကင်မရာတွေရှိနေတာမို့ ပြုံးပြုံးလေးနေစမ်းပါ ... အဲ့ဒီ့မျက်နှာနဲ့ ငါ့ကို လာမဆွဲဆောင်နဲ့ ... ပြီးတော့ ပြောစမ်းပါဦး ... သူက မင်းရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေအကုန် အလွတ်ရတဲ့အထိ ဘယ်အခြေအနေတွေများရောက်ခဲ့လို့လဲ ..."
ဒီမေးခွန်းကိုတော့ ဂျောင်ဂုခပ်မဲ့မဲ့လေးရယ်မိသည်။
Advertisement
- In Serial55 Chapters
Full Attribute Martial Arts
The dimensional rifts link the earth to the Amazon continent. This is the dawn of the martial arts era!
8 436 - In Serial354 Chapters
The Numbers That Brought Our Fates Together
Elena Lee, the daughter of the pharmaceutical tycoon, has been tormented by nightmares since she was six years old. In those dreams, she meets a strange man. It looks like he is trying to save her or... to kill her. But what will the girl do when the man from her dreams suddenly appears before her eyes in reality? *** *** *** Flames devoured the remnants of a fallen plane. The pilot's voice was no longer audible. Slowly falling white snow reinforced the feeling of complete hopelessness. "Lena, run!" "But…" "I said, RUN!" Taking his words as an order, Elena's legs, not listening to the desires of her heart, carried her away from this place as quickly as possible. Out of breath, but finding the strength to run farther through this dark forest, she heard nothing but the knock in her chest. Suddenly, the ground disappeared under her feet, and the body lost its balance. "Oh, and who is this hiding in here? Did the little mouse decide to play with the big cat? Oh dear, as I said, you can not hide from me. Neither in this life nor the next one." Elena's heart sank in horror. She has just lost the last chance to survive.
8 445 - In Serial52 Chapters
The Many Lives of Cadence Lee
Cadence Lee thought she was a normal girl, perhaps a little well to do, but not exceptionally so. She had her college classes, she had her job that her uncle gave her, and she had a nice boyfriend who was sweet if a little awkward. Except, when a mugger accosts Cadence and her boyfriend attempts to wrestle a gun away from the criminal, Cadence ends up shot. A normal girl, with the kind of wound Cadence had, would die. Cadence managed to do that part. But a normal girl wouldn't then open her eyes again and learn that death is not as permanant for her as it is for other people. She can be reborn again, and again. Each time stronger and with new abilities. The catch? Any world she is born into, she can never return to. She has infinite lives, but only one life for each. So begins The Many Lives of Cadence Lee. [participant in the Royal Road Writathon challenge]
8 127 - In Serial15 Chapters
Orion’s Last Words
A small company of a very particular trade is commissioned by an enigmatic rebel leader. The promising business opportunity takes an unexpected course and the company members unknowingly become involved in a much bigger and darker plan, which puts their hearts and souls to the test. How far down the path of intrigue and cruelty are they willing to go to get what they want the most?
8 176 - In Serial29 Chapters
Second Wind, legend of Pandemonium (Finished/Incomplete)
The developers of the worlds leading VRMMORPG Edge Online have decided to shut down its servers after over a decade. Shugireth Darkstar, the leader of Pandemonium, Edge Online's top guild, suffers from a deadly disease and his end is near. He hasn't left his VR pod for 5 years, as the medical nanodroids at the hospital takes care of him. Without Edge, he will die, because his physical body has already been all but destroyed by the sickness. Seeing no light at the end of the tunnel, Shugireth Darkstar, the Master of Pandemonium, stubbornly stays behind as the servers shut down... If that was all, we could end this story right here. However, that was only the beginning of the legend of pandemonium. The prelude to the movement, if you will. Shall we see what happens next? -------------- Some notes from Me (The author, gasp surprise): I first wrote this (100k) as an experiment. I saw the advice about having foils for overpowered MCs, and I watched quite a few lectures on writing. I wanted to test things out for myself and see if I could carry a story through other ways than only relying on physical conflict like some thrillers do. Thus this might lean a bit towards slice of life with a romance subplot, but I don't want to give my story away so read it if u want to know more. This was basically never intended for anyone else's eyes but my own, and written to explore writing as a process. This wasn't my attempt at writing a good book, but it turned into something that I think might interest some people, so I decided to pop it up here. It is slightly old so my style and writing skills have advanced considerably since I first started this thing. Having said that, I think it's pretty readable, but I am very interested in how other people will receive this. Please feel free to criticize it and just in general shoot me some feedback on what you think. It contains light Litrpg elements, not heavy table spam, it's just the basis of the world. Although I like that sort of thing, this was written before I even knew of Royalroad and hadn't considered litrpg much. Some of you may recognize that it was slightly inspired by Overlord. Also, the Tags for sexual content and traumatizing content are there as a precaution on all of my stories pretty much, even if my story does not contain any of that at the moment. I can't really know what the future will bring, but in the case of this story I do know a little bit, since I wrote 100k words before posting it here. And I just posted it on a whim because I figured some readers on Royalroad might enjoy this story.
8 146 - In Serial43 Chapters
Youth || Klaus Mikaelson
"Youth" -DaughterAshley Sommers, the daughter to Jenna Sommers and fathers remains unknown. A 15 year old girl who has to deal with vampires and unknown supernatural creatures that are to come.Besides of the loss of her Aunt and Uncle, her life was great. Had a great support system, great cousins, friends, family, even if they are vampires.That happy feeling goes to waste when she finds out the truth of her and her cousin Elena's bloodline.S2-S4ish
8 218

