《Best Friend Mean What?? (Completed)》BFMW - 6
Advertisement
အပိုင်း (၆) - သူငယ်ချင်းကို ချစ်နေကြောင်း ဘယ်လိုပြရမလဲ??
ဘယ်လောက်ပဲ စိတ်မာတယ်ဆိုဆို Yu မနေတတ်ပါ။ တစ်ချိန်လုံး ပူးကပ်ပြီးနေလာတဲ့သူတွေမဟုတ်လား။ သူ့တစ်ခြမ်း ပျောက်သွားသလို ခံစားနေရသည်။ 2nd semester စသည့်ပထမရက်အထိ သူ့စိတ်က မာကျောနေသေးသည်။ ငါ့ကိုဘာကြောင့်လုပ်ရက်ရတာလဲ ပြောရက်ရတာလဲဆိုတဲ့အတွေးတွေနဲ့ တစ်ယောက်ထဲ စိတ်နာပြီး တစ်ယောက်ထဲ ကြေကွဲခဲ့ရတာ ဒီလို တစ်ပတ်အကြာမှာတော့ သူမနေနိုင်တော့။ သူ့ အိမ်ကိုပဲလာလေ့ရှိပြီး တစ်ခါမှ အိမ်လည်ခေါ်လေ့မရှိတဲ့ Lin Zi Hongကြောင့် သူဟာ အိမ်လိပ်စာ အတိအကျလည်းသိမနေပါ။ ဒီတော့ သူကပဲတစ်ထစ်လျော့ပြီး ဖုန်းဆက်ဖို့ လုပ်ရတော့သည်။
ဖုန်းသံတစ်တီတီမြည်နေတဲ့အသံဟာ သူ့နှလုံးခုန်သံအလား ထင်မိသည်။ သူအားမွေးပြီးဆက်ရတာ မကိုင်ခဲ့ရင် သူထပ်မဆက်ဝံ့တော့။ သူတွေးထားသလိုပင် Lin Zi Hongဖုန်းမကိုင်ခဲ့ပါ။ ခေါင်းထဲမှာ အတွေးပေါင်း သောင်းခြောက်ထောင်နှင့် သူ ခံစားချက်မျိုးစုံနေသည်။
ထိုအချိန်မှာပဲ သူ့ဖုန်းသံမြည်လာတော့ သူဆတ်ခနဲတုန်မိသွားသည်။ အလျင်အမြန်ကြည့်မိတော့ Lin Zi Hong ... တကယ်ကို တကယ်ကိုပဲ ဘုရားမတာပါပဲ။ ရင်ထဲကနေ တော်သေးတယ် တော်သေးတယ်ဟု တွေးရင်း ဖုန်းကိုင်လိုက်သည်။
' YU...'
' Zi Hong နေမကောင်းဘူးလား မင်းကျောင်းမလာတာ တစ်ပတ်ရှိပြီမို့ '
' အင်း နေကောင်းပါတယ် ငါ နှစ်ရက် သုံးရက်နေရင်ပြန်တက်ဖြစ်မှာပါ '
' ........ '
ရုတ်တရတ် သူတို့ကြားမှာ ဘာမှာပြောစရာမရှိတော့သလို တိတ်ဆိတ်သွားသည်။ Yu မေးချင်တာတွေရှိနေပေမယ့် မေးလိုက်လို့ရော အဆင်ပြေရဲ့လားဆိုတဲ့ နောက်ဆက်တွဲအတွေးတွေက သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားစေသည်။
' ငါ ... အဆင်ပြေတယ် အိမ်မှာ တချို့ကိစ္စလေးတွေဖြစ်သွားလို့ အခုအဆင်ပြေသွားပြီမို့ မင်းစိတ်မပူနဲ့တော့ '
' ငါ ငါ တခုခုကူညီလို့ရလား '
' မဟုတ်တာ မဟုတ်တာ အခုအဆင်ပြေသွားပါပြီ '
' မင်း တစ်ခုခုလိုအပ်ခဲ့ရင် ငါ့ကိုတော့ မမေ့ပါနဲ့ လို့ပဲငါပြောချင်တယ် ငါတတ်နိုင်သလောက်အကုန် လုပ်ပေးမှာ '
' ဟားး Yang Yu Teng တစ်ခုခုလိုအပ်ခဲ့ရင် ငါ မင်းကိုပဲအရင်သတိရမှာပါ ခုလိုမင်းဆီကကြားရတာ ငါ အားတွေတောင်ရှိသွားပြီ မင်းလည်း ဂရုစိုက်ပြီးနေနော် ငါမရှိတုန်း '
' အင်း ငါကအဆင်ပြောတယ် '
' အိုခေ ဒါဆို ငါနောက်မှထပ်ဆက်သွယ်လိုက်မယ်နော် '
ကျသွားတဲ့ဖုန်းကို လက်ထဲကမချမိ။ သူ့ရင်ထဲက အစိုင်အခဲတွေ အတော်အသင့်ပြေသွားသလို ပေါ့ပါးသွားသည်။ Lin Zi Hongနဲ့ အဆင်မပြေရင် ကျန်တာဘာမှအဆင်မပြေ ဖြစ်နေသည့် ကိုယ့်ကိုကိုယ် သတိထားမိတော့ ခေါင်းအသာယမ်းမိသည်။
သူဘယ်လိုရှေ့ဆက်ရမလဲ?
သူ့အနာဂတ်မှာ Lin Zi Hongမပါလို့မဖြစ်။
သူပွင့်လင်းလိုက်ရမည်လား?
Lin Zi Hongကရော သူ့ကို ဘယ်လိုသဘောထားလဲ ??
သူတို့အခြေအနေပိုဆိုးသွားမလား?
ဒီအတိုင်းပဲ ရေလိုက်ငါးလိုက်နေရင်း Friend Zone ထဲပဲ ကျေနပ်နေလိုက်ရင်ရော??
သူငယ်ချင်းကို ချစ်နေကြောင်း ဘယ်လိုပြရမလဲ?? အရိပ်အမြွက်လေးဖြစ်ဖြစ်လေ ...
သူတစ်ယောက်ယောက်နဲ့ တိုင်ပင်သင့်နေပြီပဲ။
...........................………...................................
Lin Zi Hong ဒီလိုကိစ္စတွေ အပူတွေ Yu ကို ပေးမသိချင်ပါ။ သူကိုယ်တိုင်လည်း အိမ်ကထွက်လာတာနဲ့ အပူတွေအကုန်ထားခဲ့သည်။ တချိန်လုံး ဒါတွေသာ တွေးပူနေရရင် သူ စိတ်ဓာတ်ကျပြီး စိတ်ရောဂါကုဆေးရုံရောက်သွားနိုင်သည်။ ဒီတစ်ခါတော့ ဘယ်လိုအကြောင်းပြချက် ပေးရမလဲ။
ဒီကာလတွေမှာ သူ့ရဲ့ တစ်ခုထဲသောပျော်ရွှင်ရာက Yuဖြစ်ခဲ့သည်။ အရာရာကို စိတ်တိုင်းမကျနေတဲ့သူက Yang Yu Tengဆိုတဲ့ သူငယ်ချင်းကိုတော့ ဆုလာဒ်တစ်ခုလို့သဘောထားပါသည်။ Yuကတော့ သိမှာလည်းမဟုတ်။ ဒီကျောက်ရုပ်လေးက အဆင့်ကောင်းနေဖို့ကလွဲပြီး စိတ်မဝင်စားတဲ့ အင်မတန်အေးစက်တဲ့လူသားလေးမဟုတ်လား။
~tbc
Yours' Mina 🌟
Advertisement
- In Serial22 Chapters
Rebuilding the Sun Kingdom!
Chris Duhan wakes up in a world where different races are fighting for supremacy. Humanity is in a tough spot as the humans are now scattered in the ruins of their kingdom. Cities are no more, armies are long defeated and survivors are hunted. Author's note: This is a kingdom building novel with comedy elements. You can expect romance but no harem. As most of my audience is on webnovel I will keep the novel updated there first and post chapters here a little later. The main page of the novel : https://www.webnovel.com/book/10361389106019205/Rebuilding-the-Sun-Kingdom! The first map revealed to the MC: https://ibb.co/gEpvCyMore maps are revealed as the story progresses.
8 129 - In Serial8 Chapters
Dungeon: reaching for her
I was so sure that the diagram I drew was flawless! and now because I forgot to close a corner I've lost my body and become a dungeon? what the hell is a dungeon anyway! a powerful wizard seeking a way to resurrect the woman he loved finds himself a victim of an accident and becomes a dungeon who can't even use magic. In spite of it, as long as he keeps on growing bigger and building environments for monsters, he might have a chance to bring her back.
8 186 - In Serial27 Chapters
I Need You
Kayla has been captured ten years ago, at the age of seven by the pack she is basically a slave too. She has known nothing else but abuse and evil and hopes to one day live the life she so desperately dreams of having again. She is so sheltered to everything how would she know what having a mate feels like ? Adrian Knight. Strongest alpha out there. When suddenly he goes out for a run and gets captured by an enemy. Kayla's pack.Ironic right? What made him so weak to where it leads him to someone that will change his life? Kayla's life would change. Read to find out :)rankings so far :)) #43 in teen romance #5 in love #9 in romance #8 in mates #138 in werewolf
8 244 - In Serial22 Chapters
Alpha Grayson
When Ayanna moves to the small town of Poulsbo, Washington with her family there is nothing particularly new going through her mind. It's the same old thing everywhere that she goes. New house, new school and new people. But what will happen when she meets the all-powerful, Alpha Grayson who takes an unexpected interest in her. Will it be love at first sight?
8 77 - In Serial22 Chapters
My one and only // Kuroo × Reader //
Y/N-chan's life takes an interesting turn when she meets a certain someone. She thought she wasn't one for love. But she was wrong...• It may or may not contain lemons 🍋• Definitely contains fluff🤗1st in #kurooxreader in December 2k201st in #animexreader in February 2k213rd in #kurootetsurou in February 2k21
8 198 - In Serial5 Chapters
Tintagel **Open Novella Contest Entry**
Open Novella Contest EntryFantastical Fiction #2 The Dark Lord#OpenNovellaContest2019
8 162

