《Best Friend Mean What?? (Completed)》BFMW - 8
Advertisement
အပိုင်း (၈) - အမောပြေလေး Yang Yu Teng
တစ်လမ်းလုံးတိတ်ဆိတ်လာခဲ့ပြီး MRT ပေါ် ရောက်ရောက်ချင်းမှာပဲ ပြောထွက်သွားခဲ့တဲ့စကားက
"အဲ့ဒီ ကောင်မလေးက ဘယ်သူလဲ Lin Zi Hong "
"မေ့မေ့ အသိ "
"အဲ့အရွယ်နဲ့ မင်းအမေအရွယ်နဲ့က ဘယ်လိုဆက်စပ်ပြီးသိရတာလဲ"
"ဟ သူ့အမေနဲ့ မေမေနဲ့ပေါ့ကွ"
"အစထဲက ရှင်းရှင်းပြောပါလား မင်းက ဒါလေးမေးတာကိုဘာဖြစ်တာလဲ မကြည်တာလား "
"မဟုတ်တာကွာ ငါက မင်းကို မကြည်စရာလား "
"ပြီးတာပဲ မကြည်လို့လဲရမနေပါဘူး"
"ဒီနေ့ မပြန်ပဲနေရမလား"
"ဟင်"
ရုတ်တရတ်မို့ သူ ဟင်ခနဲ ဖြစ်တဲ့အထိ အံ့ဩသွားသည်။ အဲ့ဒီမိန်းကလေးကိုမြင်ထဲက သူက ပြန်ကိုမလွှတ်ချင်တော့တာမို့
"အင်း အိမ်မှာပဲ နေ မပြန်နဲ့တော့ မနက်ဖြန်လည်း လာရမယ့်အတူတူ"
"အိုကေ ဘာစားချင်လဲ တစ်ခုခုဝင်ဝယ်သွားကြမလား"
"ငါက ဘာဖြစ်ဖြစ်"
"အိမ်မှာရော ဘာတွေရှိလဲ အကိုလေး ဒီကကျွန်တော်မျိုးက သခင်လေးကို ဆက်သရမှာပေါ့"
အသာအယာ ခါးကိုင်းပြီး ပြုံးတုံ့တုံ့နဲ့ လှည့်ပြီးစလာတာမို့ သူ မျက်လုံးထောင့်ကပ်ပြီး
"ဘာကိုရယ်နေတာလဲ"
"အယ် အကိုလေး ရယ်ခွင့်တောင်မရှိဘူးလားဗျ ဟုတ်ကဲ့ဗျ ကျွန်တော်ပြန်တည်လိုက်ပါပြီ"
ဟုဆိုရင်း အတင်းကိုချုပ်တီးထားရတဲ့ပုံဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်လုံးကို ပြူးပြလာသည့် Lin Zi Hongကိုကြည့်ရင်း သူမအောင့်နိုင်စွာ ထရယ်မိတော့သည်။
ထိုအချိန် Lin Zi Hongလက်က သူ့မျက်နှာနားရောက်လာတာမို့ ထိတ်ခနဲဖြစ်သွားရင်း မျက်လုံးကြီးပြူးကာ ကြည့်မိတာမို့
"အဲ အဲ ရယ်ပါဦး ခုနကလို Yang Yu Tengရယ်လိုက်ရင် ပေါ်လာတဲ့ မေးစိအောက်ကအသားလေးတွေကို ဆွဲချင်လို့ဗျ"
"ဖယ်စမ်းပါ အဲ့လက်ကြီးကို မျက်စိရှေ့က"
ဟုဆိုရင်း Lin Zi Hongလက်မောင်းကို ဖတ်ခနဲချမိတော့
"တအား စီးပိုးတာပဲ ဒါလေးပေးကိုင်တော့ ဘာဖြစ်လို့တုန်း"
"ငါ့စိတ်နဲ့ငါကွာ"
"ဟွန်း နေပေါ့ အိမ်ရောက်မှတွေ့မယ်"
မကျေနပ်သလို ကျိန်းနေသည့်အသံကိုကြားသော်လည်း ရန်ပြန်မတွေ့နိုင်တော့။ သူရင်ဘယ်လောက်ခုန်သွားရသလဲ ဒီ Lin Zi Hongကြောင့် ။
MRT ပေါ်က ဆင်းပြီးပြီးချင်းပဲ Lin Zi Hongကိုထပ်မေးလိုက်သည်။
"ငါတို့ ဘာဝင်ဝယ်ကြမလဲ Mart ကိုဝင်မလား"
"အိမ်မှာဘာရှိလဲ"
"ကြက်ဥတို့ ကြက်အူချောင်းတို့တော့ရှိတယ်"
"ဒါဆို မနက်ဖြန်မှ ကျောင်းကအပြန်ဝယ်မယ် ဒီနေ့ ထမင်းကြော်ကျွေးမယ်"
"အင်း ရတယ်လေ"
"ဝါးး အရမ်းအိပ်လို့ကောင်းတဲ့အိပ်ရာလေးမှာ ဒီညအိပ်ရမှာ "
"အိပ်ဖို့တွေးမနေနဲ့ Report အတွက် အချက်အလက်တွေစုဦး ငါ့ဟာအပြီးဖြတ်နေချိန်"
"အေးဆေးပါ"
"အင်း မင်းအေးဆေးဖို့ပဲလိုပါတယ် ကဲ ရောက်ပြီဆိုတော့ နားလိုက်ဦး"
"မနားပါဘူး ပင်ပန်းတာမှမဟုတ်တာ မီးဖိုချောင်အရင်ဝင်လိုက်မယ်"
"ငါရော ဘာကူရမလဲ"
"ရတယ် ရေသွားချိုးတော့ ငါပြင်ထားမယ်"
"အိုခေ သွားပါပြီဗျာ့"
မျက်လုံးတောက်တောက်လေးတွေနဲ့ ပြုံးပြီးထွက်သွားတဲ့ကောင်လေးကိုကြည့်ပြီး ပြုံးမိသည်။ တော်သေးတာပေါ့ သူ့သူငယ်ချင်းကောင်လေး အရင်လိုပြန်ဖြစ်သွားမှာ စိုးရိမ်ခဲ့တာ သူပစ်ထားမိတဲ့ကာလတွေမှာ သူ့ကိုစိတ်ဆိုးပြီး တစ်ယောက်ထဲပြန်ဖြစ်သွားမှာစိုးရိမ်ခဲ့တာ။
သူ့စိတ်ဒဏ်ရာတွေနဲ့သူရှိနေတဲ့ကောင်လေးမို့ သူ့(Zi Hong) စိတ်ဒဏ်ရာတွေတောင် ထုတ်မပြောချင်ခဲ့တာ သူ့ရဲ့မေတ္တာပါ။
' ဘယ်သူ့ဆီကမှ ဘာမှမလိုချင်ဘူး တစ်ယောက်ထဲရပ်တည်နိုင်တယ်ဆိုပြီး ' အဖေဆီကတောင် အချစ်တွေမလိုချင်ခဲ့တဲ့ ကောင်လေးကို သူ့မှာရှိသမျှ မေတ္တာတွေအကုန်ပေးလိုပါသည်။ သူငယ်ချင်းလိုရော အကိုလိုရော မိသားစုဝင်တစ်ယောက်လိုရော စောင့်ရှောက်ပေးချင်ခဲ့ပါသည်။ Yang Yu Teng စိတ်မငြိုငြင်စေဖို့ အတတ်နိုင်ဆုံး သူ့ဘက်က ကြိုးစားပေးခဲ့ပါသည်။
ဒီမေတ္တာတွေနဲ့အသားကျလာတဲ့ကောင်လေးက တဖြည်းဖြည်းပြောင်းလဲလာပြီ။ ဝေဝေဆာဆာအများကြီးပြုံးတတ်လာပြီး ပတ်ဝန်းကျင်ကလူတွေကို ဂရုစိုက်ပြီး တွယ်တာတတ်လာတယ်။ Evan အဖိုးအဖွားတွေနဲ့ ခွဲခွာခါနီးတုန်းက Yu မျက်နှာလေးကိုသူ မမေ့နိုင်ပါ။ တကယ့်ကို သံယောဇဉ်တွယ်သွားတဲ့ကောင်လေး။
တဖြည်းဖြည်းနဲ့ ကောင်းမွန်စွာ ကြီးပျင်းလာတဲ့ ကောင်လေးကို စောင့်ကြည့်ခွင့်ရတာ သူ ဘယ်လောက်ကံကောင်းလိုက်သလဲ။
~tbc
Yours'Mina 🌟
Advertisement
- In Serial35 Chapters
MC's Viking Warriors- Rogue #5
When Liam's little sister bests him at being named heir of their biker club, Liam is jealous, bitter and vengeful. He expected the presidency to fall into his lap, as is his birth right, one small problem. He forgot about his ice queen little sister, Eira. Now Liam feels displaced in the world, like he doesn't have a home. He goes rogue and travels around Canada looking for a new place to call home.Katie is the daughter to a dangerous president, leader to the most feared and powerful club of eastern Canada, the Black Wolves. After he lost Katie's mother in childbirth, he became so protective of his daughter that she has yet to really live.Innocent and naive, Katie is all too vulnerable to the real world until she meets Liam. The very thing her father swore to keep her safe from, boys.To make matters worse, he's a biker too, but a biker from a rival club. But Liam knows as soon as he lays eyes on the doe eyed girl that he has finally found a home.The risk of death at the hands of her father seems a fair price to pay to earn the love of the sweet girl.
8 152 - In Serial11 Chapters
Bakugo x Deku: "Damn Nerd"
Everyone has a soft side....even Katsuki Bakugo. What happens when Izuku Midoriya catches feelings for the explosive Katsuki Bakugo?*~WARNING~*This story includes some language and boy love.PLEASE PROCEED AT YOUR OWN RISK! ~Enjoy!~
8 197 - In Serial20 Chapters
Shivers (BoyXBoy)
Winter Howe, is rich, young, and pretty smart.. That is unless you count the fact that he is easy to trust strangers, such as a tall dark and mysterious man, Axel Keeler. Whom seems to give Winter the attention he's always wanted, but never got with in his big family. What'll Winter do when Axel isn't exactly who he seems to be?
8 228 - In Serial23 Chapters
What are you?
Ron hates Draco, that much is clear. Evidently, Draco hates Ron. So, what happens when they must partner together for a defense against the dark arts project? Nothing, right . . .? A tale of enemies, to friends, to lovers. Of forgiveness, understanding and forbidden relationships. But most of all, unbridled passion.#40 of 244,000 in poetry [11/16/20]
8 183 - In Serial18 Chapters
old coffee and cigarettes
Eddie Munson is struggling after the Upside Down. But his friends are there to help him, including Steve Harrington.Warnings: Implied self-harm and drug abuse.Thank you so much for 3k reads! 💕
8 60 - In Serial35 Chapters
Right Next To You | ✓
A coming-of-age story expressing the feelings of two teen boys, who come from very different social climbs, but still find their way back to each other. 2 0 1 9 - All Rights Reserved @LunaThinksB E G A N - 02 . 12 . 19 C O M P L E T E D - 02 . 22 . 19
8 142

