《Best Friend Mean What?? (Completed)》BFMW - 9
Advertisement
အပိုင်း (၉) - ချစ်တဲ့သူပြင်ပေးတဲ့ ညစာ
အရင်က ရေချိုးရင် ကြာတဲ့ Yuဟာ ဒီတစ်ခါတော့ ဇိမ်နဲ့ အချိန်မဆွဲနိုင်ပါ။ သူ့ချစ်တဲ့ကောင်လေး ညစာပြင်တဲ့အခိုက်အတန့်လေးကို မြင်ဖူးပေမယ့်လည်း မရိုးတဲ့မြင်ကွင်းလေးမို့ ထိုင်ကြည့်နေချင်သည်။ ဒါကြောင့် ခပ်မြန်မြန်ခပ်သွက်သွက်လုပ်ပြီး ပေါ့ပေါ့ပါးပါး အဖြူရောင်အင်္ကျီအပွလေးရယ် ခဲရောင်ဘောင်းဘီတိုပွပွလေးကို ဝတ်ပြီးဆင်းလာခဲ့သည်။
"ဘာတွေလုပ်ပြီးပြီလဲ"
"ကြော်ဖို့သက်သက်ကျန်တော့တာ အသီးအရွက်တွေတောင် လုပ်ပြီးပြီ ခနပဲစောင့်"
"အေးဆေး ရတယ် ဒါမယ့် ဥနီကြီးထည့်ဘူး"
"မထည့်လို့မရပါဘူး မျက်လုံးကဖြင့် မကောင်းချင်ချင်ဖြစ်နေတာကို"
"ဘယ်မှာမကောင်းလို့လဲ အကောင်းကြီးကို"
"ဘာဖြစ်ဖြစ် အစားရွေးလို့မရဘူး Yu Teng အကုန် မျှတအောင်စားရမယ်လေ"
"ဟွန်း ပြောမရလဲ ထည့်ပေါ့ ငါကတော့ ဖယ်စားမှာ"
"ပြောမရရင် နောက်မလုပ်ပေးတော့ဘူး"
အတန်ကြာထိ ပြန်ဖြေသံမကြား။ လှည့်ကြည့်မိတော့ မျက်နှာတည်တည်လေးနှင့် ကျောက်ရုပ်လေးတစ်ရုပ်လို ထိုင်နေသည်။ ဒီကောင်လေးက တကယ် ရယ်နေရင်လည်း ချစ်ဖို့ကောင်းသလို ငြိမ်နေပြန်ရင်လည်း အသာအယာပွေ့ချင်စရာကောင်းလှသည်။ မျက်လုံးထဲ ၃နှစ်သားလေးထိုင်နေသလိုပင်။
"ကဲ ထည့်ရမှာလား မထည့်ရဘူးလား"
"ထည့် ထည့် မေးနေသေးတယ် သူ့သဘောနဲ့သူ အကုန်လုပ်နေပြီး"
"ဟောဗျာ ဪ လူတွေလူတွေ စေတနာကို မမြင်ရ ကျေးဇူးမတင်...ဘာလှန်ပြဆိုလား"
သူ့စကားမဆုံးသေး မျက်လုံးတချက်ဝင့်ကာ လူမိုက်အကြည့်ကြည့်လာသည်။ မင်း ဆက်ပြောရဲရင် ဆက်ပြော ဆိုသည့် အကြည့်မျိုးဖြင့်။
"ဪ ထမင်းလေးကြော်ဦးမှ ဗိုက်ကဆာလာပြီ"
' Lin Zi Hong တစ်ယောက် သူများကိုစရတာ အတော်အူမြူး မျက်နှာပိုးကို မသေဘူး ပြုံးစိစိနဲ့ '
15 mins later
"ရပါပြီ သခင်လေးဗျ"
"..."
"ဘာလိုလဲ အဆင်ပြေလား"
"အင်း အဆင်ပြေတယ် မင်းလည်းစားလေ"
"အင်း ကုန်အောင်စားနော်"
အရသာရှိလားလို့မေးရင် အရသာရှိတာထက်ပိုတယ်။ ကိုယ့်ချစ်တဲ့သူပြင်ပေးတဲ့ ညစာကို မစားဖူးတဲ့ခင်ဗျားတို့ကတော့ နားလည်ကြပါ့မလားမသိဘူး။ လျှာဖျားကရော နှလုံးသားရော ချိုနေတာကို ...
"ပြီးရင် Evanတို့ကိုဖုန်းဆက်ရဦးမယ်"
"ဘာလို့လဲ"
"ဪ အဆင်ပြေပြီလားလို့ပေါ့ Reportတင်ဖို့ရက်က နီးနေပြီကို Richardက တစ်ခါတစ်ခါ ပြောရခက်လိုက်တာ သူ့ချော့ရတာတစ်လုပ်"
"ဟင် မင်းရောဘာထူးလဲ အရင်က ကောက်ရင် ဘယ်နှစ်ရက်ကြာလဲ ငါ့မှာ အတင်းတောင်းပန်လဲမရ"
"ဘာဆိုင်လို့လဲ"
'သူတို့ကချစ်သူရည်းစားတွေမို့ချော့တာ ငါတို့ကအဲ့လိုမှမဟုတ်တာ' ဆိုတဲ့စကားကတော့ ဆက်ပြီးထွက်မလာပါ။
"Report သွားလုပ်တော့ ငါပဲပန်းကန်တွေဆေးထားလိုက်မယ်"
"အိမ်မှာ ဝေယျာဝစ္စတွေလုပ်တဲ့ကောင်လေးရှိတာ ကောင်းလိုက်တာနော် အေးဆေးထိုင်နေရုံပဲ"
ပြုံးစိစိပြောလာတဲ့ Yuကို စကားမပြန်မိ။ အသာအယာသာ ခေါင်းခါရင်း ရယ်ပြလိုက်သည်။
"ငါ့ ဝေယျာဝစ္စလုပ်တဲ့ ကောင်လေး လုပ်ပါလား"
တကယ်တော့ 'ငါ့ကောင်လေးလုပ်ပါလား' လို့မေးချင်တာဖြစ်ပေမယ့်လည်းပဲ
"တစ်သက်လုံး ခိုင်းစားဖို့များ တွေးနေလားခင်ဗျ"
"မင်းပဲ ငါ့ကိုသခင်လေးဆို ဘာလဲ အာချောင်တာလား"
"ဟားဟား ကျောက်ရုပ်လေးကတော့ ခုတလော တအားတွေဖဲ့တတ်လာတာနော်"
"တော်ပါပြီ မင်းနဲ့ပြောရတာ အချိန်ကုန်တယ် အားမနေဘူး Report ပဲ သွားလုပ်တော့မယ်"
"ကြွပါ ခင်ဗျာ ကြွပါ"
အဆုံးထိကို အချိုးမပြေလှတဲ့ Lin Zi Hongကြောင့် စိတ်မောလှပါပြီ။ အမြဲမပွင့်မလင်းနဲ့ သူကပဲ တစ်ခုခုဆို လူကြမ်းကြီးလုပ်ရသည်။ လူတစ်ဖက်သားအပေါ်အားနာတတ်သည်မှာလည်း အလွန်အကြူး
Lin Zi Hong က လူကောင်းလေးဆိုတာ သိပေမယ့်လည်းပဲ သူ့တစ်ယောက်ထဲအပေါ်ကိုပဲ ကောင်းစေချင်သည်က Yang Yu Tengရဲ့ အတ္တဖြစ်နေမလားပင်။
ဘာဖြစ်ဖြစ် ဒီ Reportပြီးရင် Lin Zi Hongကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောတော့မည်။ ဖြစ်လာသမျှ ကောင်းခြင်းဆိုခြင်းကို သူလက်ခံဖို့ အသင့်ဖြစ်နေပြီမို့ ...
ပျော်ရွှင်မှု အသီးအနှံတွေကို ရရှိနိုင်ဖို့ဆို အရင်ဆုံးအပင်တော့စိုက်ရဦးမယ်မလား ...
~tbc
Yours' Mina 🌟
Advertisement
- In Serial19 Chapters
Thy Secrets Should Be Sung
Once upon a time, a Dark Knight abducts a beautiful Princess and carries her away to an enchanted garden, desperate to win her hand. He’s absolutely convinced that only the love of a good woman can save his poor, woebegotten soul. Ha! What a tired cliché! Unfortunately for the Knight, the Princess is far from a helpless damsel in distress or easily beguiled maiden, and as the Knight attempts to woo her, she in turn, works her own agenda.
8 156 - In Serial80 Chapters
Sweetness Drowning: Callous Boss and Awkward Wife
She looks at the pregnancy test report in his hand, hearing him say "abort it", which deeply hurts her feeling. The marriage of three years finally loses to a diagnosis… Click to read all of the latest chapters of Sweetness Drowning: Callous Boss and Awkward Wife on Flying Lines.
8 505 - In Serial62 Chapters
Night Moves ° JENSEN ACKLES
it's funny how the night moves[jensen ackles x marissa butler][social media/real life][completed][cover by samwnchesters]
8 220 - In Serial48 Chapters
The Players BestFriend
" I can't believe you cheated on me!" I yelled, causing more people to stare. "You should have seen it coming, Kylie! You know girls find me irresistible!" Austen smirked. Austen and Kylie were the perfect couple. At first, Kylie was reluctant to date Austen because he was known as the school's biggest playboy, but he finally convinced her. Six months later, she caught him in the janitors closet with her biggest nemesis, Britney. The next day, Kylie's dad received a huge job offer he couldn't refuse. She was forced to move to Miami, Florida but kind of liked the idea of starting over. Little did she know, just two months later, the company was going to be moved to Los Angeles, California, her home town. Kylie had already made new friends and was finally starting to enjoy life. On her first day back, she meets a jerk who she presumes is just another one of Austen's friends. As time goes on, does this guy prove to be the newest playboy or the biggest sweetheart?
8 276 - In Serial4 Chapters
Environmental Science
We all know the teen titans. The main five being Robin, Starfire, Beast Boy, Raven, and Cyborg. But what about the group we've never heard of? Consisting of the children of some of the most famous villains Gothams seen? Joker, Cat Woman, Scarecrow and newcomer Klarion the witch boy.Well this is their story, but rather than focus on all five, we focus on namely one Known as Venus, daughter of Poison Ivy. A nymph who's real name is Maira Isley, she is best friend of Jack Quinn, son of The Joker and Harley Quinn. She's been homeschooled all her life but now she has the chance to go to a real high school, with Jack and the other members of the 'Teen Misfits'. As well as meeting the and Titans who are under the guise of normal students. But what happens when she meets a certain boy named Victor Stone? And why can she only feel part of his physical presence?
8 79 - In Serial34 Chapters
inked.
When Billie makes a fake account on a dating app as a joke, she finds a girl who captures her interest; Carter Lee.Carter has a hard exterior and seems intimidating but is actually struggling with her past and family issues as she is currently responsible for her niece. See how Billie and Carter's 'friendship' blooms.This book contains smut 🤫Billie is mostly bottom/switchBillie is blonde in this book!Achieved:🥇 in billieeilish🥇 in Eilish🥈 in billieeilishsmut
8 308

