《Best Friend Mean What?? (Completed)》BFMW - 11
Advertisement
အပိုင်း (၁၁) - ငါ့ကို ဘာလို့မကြိုက်တာလဲ?
Report တွေ တင်ပြီး Presentationကိုလဲ ကောင်းကောင်းလုပ်ခဲ့ကြသည်။ Yu ရဲ့ Roll Noက အရင်မို့ ထွက်လာပြီး Zi Hong ရဲ့ဘေးမှာ ဝင်ထိုင်လိုက်တော့
"မင်းကတော့ အေးဆေးဖြစ်သွားပြီ ငါကတော့ ဆရာမက ရစ်မှာစိုးနေရသေးတယ်" လို့ပြောတော့ သူ့မှာ ငါကမင်းထက်တောင် စိတ်လှုပ်ရှားနေတဲ့သူပါလို့ ပြန်ပြောချင်မိသည်။
သို့သော်ငြားလည်း သူ့ကို ပိုရှုပ်ထွေးစေတာမျိုးမလုပ်ချင်တာမို့ အဆုံးထိ ငြိမ်ငြိမ်လေးစောင့်နေပေးခဲ့ပါသည်။
"ဟူးးး တော်သေးတာပေါ့ ပြီးပြီ"
"နက်ဖြန်တွေ့မှာနော်"
"အေး မင်းဘာပြောချင်တာလဲ ခုပြောလေ ခုလည်း Reportတွေပြီးပြီကို"
"ဒါဆို ငါတို့ တနေရာရာသွားကြမလား"
"အိုကေ ရတယ်လေ... မင်းဘယ်သွားမလဲ တခုခု စားရင်းပြောမလား"
"ငါတို့ အေးဆေးတဲ့ တနေရာရာပဲ သွားရအောင် ကားပေါ်မှာပဲပြောမယ်လေ"
"ရတယ်လေ"
တံတားတစ်ခုရဲ့ အောက်ဘက်ကားပါကင်တစ်ခုမှာ သူကားကိုရပ်လိုက်ရင်း
"Zi Hong"
"အင်း"
"မင်း မလန့်သွားဖို့တော့ ငါတောင်းဆိုချင်တယ်"
"မင်း မိန်းမယူတော့မယ်ပြောတာလောက် လန့်စရာကောင်းတာမရှိဘူး..."
ရယ်ရင်းပြောရင်းနှင့်ပင် Lin Zi Hongက တစ်ခုခုကို သတိရသွားဟန်ဖြင့်
"ဘာလဲ တကယ်ကြီးလား ငါပြောတာ တကယ်မဟုတ်ဘူးမလား မင်းအဖေစီစဉ်တာလား.."
"ခဏလေးပါကွာ"
"....."
"ငါ မင်းကို ကြိုက်တယ်"
"....."
"မင်းကို ကြိုက်တာ သူငယ်ချင်းလိုမဟုတ်တာမို့ ငါ့ကိုလာဖြောင့်ဖျဖို့ မစဉ်းစားနဲ့"
"....."
"မင်း တစ်ခုခု ပြန်ပြောသင့်တယ်လို့မထင်ဘူးလား"
ရုတ်တရတ် ငြိမ်ကျသွားတဲ့ Lin Zi Hongကြောင့် Yu ထိတ်လန့်နေပြီ။ ဘယ်လောက်ပဲ လူက ကြောက်ကြောက် အမြဲ မှင်သေသေနေတတ်တဲ့သူ့ပုံစံကြောင့် သူကတော့ တအားကို သက်တောင့်သက်သာဖြစ်နေတယ်လို့ ထင်ရမှာပင်။
"ငါ ... ဘာပြောရမှန်းမသိဘူး ငါမင်းကို တကယ်စိတ်ချမ်းသာစေချင်ခဲ့တယ် မင်းအပေါ်ကို ဂရုစိုက်ခဲ့ပေမယ့် ဒီလိုစိတ်မျိုးနဲ့ မဟုတ်တာတော့သေချာတယ် Yang Yu Teng"
"....."
"ငါ့ အပြုအမူတွေကြောင့် မင်းစိတ်ကိုမင်း အထင်လွဲသွားပုံရတယ် မင်းမှာ နီးကပ်တဲ့သူဆိုလို့ ငါပဲရှိတာမလား .....ငါတို့အချင်းချင်းက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကွာ"
"မဆိုင်တာ မင်နဲ့နီးကပ်တာနဲ့ ငါကမင်းကိုကြိုက်ပြီး နောက်တစ်ယောက်နဲ့ အနီးကပ်နေလိုက်ရင် နောက်တစ်ယောက်ကို ကြိုက်သွားမှာ လို့ပြောချင်တာလား Lin Zi Hong"
"....."
Lin Zi Hong သည် အဲ့လိုတော့မဟုတ်ဘူးလို့တောင် ချက်ချင်း ပြန်မဖြေခဲ့ပါ။ သူ့ရင်ထဲတကယ်ကို နာကျင်မိသည်။ ဒါတွေဟာ မှန်းဆပြီးသား အခြေအနေတွေဖြစ်နေပေမယ့်လည်း နာကျင်မှုကတော့ သူမှန်းဆခဲ့တာတွေထက် အများကြီး ပိုနေသည်။
သူ လွယ်လွယ်တော့ အရှုံးမပေးချင်ပါ။ သူကယောက်ျားပဲဟာကို ကိုယ်ချစ်တဲ့သူကို ချစ်တယ်လို့ ပြောခွင့်ရော မရရအောင်ယူဖို့ရော အပြည့်အဝအခွင့်အရေးရှိသည်။ ယောက်ျားမှမဟုတ် လူတိုင်းမှာ ဒီအခွင့်အရေးရှိတာမို့ သူတတ်နိုင်တာက သူတတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားဖို့ပင်။
"ငါ့ကို ဘာလို့မကြိုက်တာလဲ...တအားရုတ်တရတ်ဆန်သွားလို့လားဟင်"
" ... "
"ငါစောင့်နိုင်တာမို့ မင်းအေးအေးဆေးဆေးစဉ်းစားလို့ရပါတယ် ငါသိပါတယ် ဒါကြီးက မင်းကို ဘယ်လောက်လန့်သွားစေမလဲဆိုတာ"
"ငါက ငါက ... မင်းကိုမမျှော်လင့်စေချင်တော့ဘူး ...ငါတို့ အရင်လိုပဲ နေရအောင်လေ မင်းစိတ်ချမ်းသာအောင် ငါဂရုစိုက်မှာပေါ့"
"ငါအလျင်မလိုသေးပါဘူးလို့ ပြောနေတာတောင် ဒီလောက်ထိ ခါးခါးသီးသီးအပြတ်ငြင်းမှဖြစ်မှာလားဟင် အဲ့လောက်ထိတောင် ငါကလိုချင်စရာမကောင်းလို့လား"
"အဲ့လိုမဟုတ်ဘူး Yu Teng ငါ ... ငါက ... မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်မှဖြစ်မှာ"
Yu နားထဲမှာ ဒုန်းဆိုတဲ့အသံမျိုးကြားပြီး ဘာမှမကြားနိုင်တော့သလို... ခေါင်းထဲမှာလည်း ဟာလာဟင်းလင်း... နှလုံးသားကတော့ အပြင်းထန်ဆုံး နာကျင်နေပြီ ။ တကယ့်ကို Lin Zi Hongသူ့ကို ငြင်းရတဲ့ အကြောင်းအရင်းက ဒါပေါ့။ ဒါဆိုရင်တော့ သူ့မှာတတ်နိုင်တာ ဘာများရှိနိုင်ဦးမှာလဲ။ ဘာမှပြန်မပြောနိုင်တော့ပဲ သူ့စိတ်နဲ့လူနဲ့ကပ်နေတဲ့အချိန်မှာ သူက ကားကိုမောင်းနေပြီး သူ့ဦးတည်ရာက Lin Zi Hongအိမ်သို့ ဖြစ်ခဲ့တယ်။
သူသိတဲ့ သူ့အိမ်အနီးကလမ်းထိပ်မှာကားကိုရပ်လိုက်မိသည်ထိ Lin Zi Hongက ဘာမှပြောမလာ။ အတန်ကြာ ကားထဲက လေထုက စိမ်းသက်လာပြီးနောက် သူ့ဘက်ကပဲ
"မင်းဆင်းတော့ ဒီအတောအတွင်း ဂရုစိုက်ပေးလို့ ကျေးဇူးပဲ မင်းအဆင်ပြေပါစေ"
Lin Zi Hongက တခုခုပြောဖို့ ခေါင်းကိုလှည့်လာသည်။
"ငါ နားချင်နေပြီ"
"အင်း ဂရုစိုက်မောင်းသွားနော် ငါတောင်းပန်ပါတယ်"
Lin Zi Hong အသံတိုးတိုးက သူ့ရင်ကိုမအေးချမ်းစေပါ။ သေချာတာကတော့ အခုသူ့ရဲ့ဦးတည်ရာက သူ့အိမ်တော့မဟုတ်ခဲ့...
~tbc
Yours' Mina 🌟
Advertisement
- In Serial67 Chapters
I Fell For My Nemesis
Cake artist by day, villain by night! Avery West is a woman on a mission to take down the conglomerate run by the man that killed her father. The problem? She might be in love with Mercury, the dashing hero trying to stop her. Juggling her feelings and her goal is no cakewalk but she is determined that her revenge will be sweet!
8 300 - In Serial21 Chapters
Arctic Wolf
The new cover is thanks to a fan of mine, and I think they did a very wonderful job! @mwontobey Jamie, small, fragile, a major nerd.Ross, tall, strong, a major jock.Jamie is a runaway, he ran from the place that tortured him for being different and ended up in a different pack.Ross, the soon to be Alpha has yet to meet his mate, Jamie just happens to get captured by his pack.What will happen?
8 220 - In Serial44 Chapters
EXPOSED
(Sequel to NAKED)She's a high school graduate and she's heading to college! Camari has already had a rough year, and through the Summer she made it clear that she'll put herself first for now on.Moving in around the corner from Trevor and her brother she will come face to face with the guys that she thought she once knew. Camari wants to forget the past and focus on her new college life. But with Trevor always lurking in the background will she be able to fully get over him?As the past comes back to haunt everyone, their lives is starting to look corrupt in the near future. Relationships form and fall. Friendships bail. Careers fold and hearts get broken.Too many secrets are on their way to getting EXPOSED!Started: February 6th, 2019Ended: June 5th, 2019
8 262 - In Serial26 Chapters
Zeno's Sapphire
She's a shy and soft girl who only finds comfort as long as she's next to her family but when she got lost and found by him. She felt new feeling that leads her to wanting the presence of that strict gay.
8 121 - In Serial25 Chapters
Spice!
Based on the song Spice! by Len Kagamine. So I like my twin sister. Sure. She doesn't like me back - and that sucks for me. Especially since she has a boyfriend. Maybe I can use a little distraction from everything...who's that tealette over there, the one looking at me? She has lovely eyes...prettier than my sister's, even. Who is she? LenXMiku.
8 177 - In Serial49 Chapters
Tracks
Marlee Gardner is just like every other 16 year old girl. Well if every 16 year old has type one diabetes. Her childhood was bumpy but she wouldn't change a thing. Marlee, her twin brother and their best friend Cameron Taylor along with all of their friends live on "the wrong side of the tracks" in their small town in Georgia. Marlee has had a rough few months... okay a rough few years but she doesn't let that effect her or at least she doesn't show it. She's hot headed, tough, sarcastic and feisty. Cameron Taylor's life revolves around baseball. It's his chance to give his family a better life than a small 2 bedroom house that was barley staying together. He had known Marlee since he was 3 months old. They had been through everything together from learning to ride a bike to their first day of high school. They would die for each other but most days they wanted to kill each other. What will happen when the two start their junior and new feelings arise? Is growing up on the wrong side of the tracks so bad after all?• • •Dual Pov • • • Started: 1-25-21 Ended: TBA• • •Achievements:#17 in diabetes• • •*trigger warning- profanity, underage drinking, depression, anxiety, sexual assult(if any of there are triggering for you read with caution)*
8 103

