《Best Friend Mean What?? (Completed)》BFMW - 12
Advertisement
အပိုင်း (၁၂) - သိခွင့်မရှိခဲ့သော အပိုင်းအစများ
ဦးတည်ရာမရှိဘဲ မောင်းထွက်လာတဲ့ကားက နောက်ဆုံးတော့ ဘားတစ်ခုမှာ ရပ်တန့်သွားသည်။
ခံစားချက်မဲ့နေတဲ့ ဗလာဦးနှောက် ဗလာနှလုံးသားနဲ့ ထိုင်နေရင်းသောက်နေမိတာ သူ့ကိုယ်တိုင်တောင် သတိမထားမိ။ အတွေးတွေကလည်း မယ်မယ်ရရမရှိပဲ တစ်ခုခုကိုလက်လွှတ်လိုက်ရသလို သူ့မှာဘာမှမရှိတော့သလို ခံစားချက်က လွန်ခဲ့တဲ့နှစ်တွေဆီပြန်ခေါ်ဆောင်ပေးသည်။
မထူးဆန်း...တကယ်ကိုမထူးဆန်းပေ။ သူ့အတွက် ဒါမျိုးတွေက နေသားကျနေပြီး မထူးဆန်းဘူးမလား။ ကိုယ့်အခြေအနေကိုယ်သိပြီး ငြိမ်ငြိမ်လေးနေနေရမှာ ဘာလို့လောဘတက်ခဲ့သလဲလို့ ကိုယ့်ကိုကိုယ်ကိုကလွဲပြီး အပြစ်မတင်ချင်တော့။
အသိစိတ်မပျောက်သေးတော့ သူ့ဆီကို Richardဖုန်းတွေ တောက်လျှောက်ဆက်လာတာကိုသိသည်။ ဒါပေမယ့်လည်း မကိုင်ချင်။ ဒါသာမန်သွေးရိုးသားရိုးဖုန်းတော့မဟုတ်နိုင်ဖွယ်။ ဒီအချိန် ဖုန်းဆက်လေ့မရှိတဲ့ Richardဆီက ဝင်လာတယ်ဆိုတော့ တစ်စုံတစ်ခု သိထားနှင့်လောက်ပြီထင်သည်။
"Hi"
ဒီအချိန်မှာပဲ သူ့ဘေးနဲ့အရိပ်တစ်ခုနှင့်အတူ နှုတ်ဆက်သံတချို့ရောက်လာသည်။ သူမော့ကြည့်မိတော့ သူတစ်ခါမှမမြင်ဖူးတဲ့ ယောက်ျားတစ်ယောက်...
"ငါ့ကိုသိလို့လား"
"အင်း မင်းကိုသိတယ် ဘာလို့သိတာလဲဆိုတာ နောက်မှပြောရအောင် မင်းအဆင်ပြေရဲ့လား ပုံစံကြည့်ရတာ အဆင်မပြေသလိုပဲ ထိုင်မယ်နော်"
ထိုင်မယ်နော် ဆိုတဲ့စကားသံနဲ့အတူ သူ့အရှေ့သို့ဝင်ထိုင်လိုက်သည့် သူကိုကြည့်ရင်း ဘယ်သူလဲလို့ စဉ်းစားပေမယ့် သူလုံးဝစဉ်းစားမရ။ ရီဝေဝေဖြစ်နေတဲ့စိတ်နဲ့အတူ ဘားမှာဆက်ထိုင်မနေချင်တော့။
"ကိုယ့်နာမည်က Chia Hao မင်းထက်ကြီးတယ်ဆိုတော့ ကိုယ် ရင်းရင်းနှီးနှီးပဲပြောလို့ရတယ်မလား"
"အခု စကားပြောဖို့ အခြေအနေမဟုတ်ဘူး မင်းပြောချင်ရင် ငါ့ကျောင်းကိုလာခဲ့"
........................................................
တဆစ်ဆစ်ကိုက်နေတဲ့ ခေါင်းကြောင့်လူက မထနိုင်။ လှဲနေရင်းခေါင်းကိုကိုင်ပြီး ညည်းနေမိသည်။ Lin Zi Hongပေးတဲ့ ဝေဒနာတွေလို့တွေးပြီး စောစောစီးစီး မေတ္တာပို့လိုက်သည်။
"Yang Yu Teng"
နာမည်ခေါ်သံကြောင့် တအံ့တဩမျက်လုံးဖွင့်ကြည့်မိသည်။ Lin Zi Hongများလားဆိုတဲ့စိတ်နဲ့ ရင်တောင်နဲနဲတုန်သွားပေမယ့် သူ့ကုတင်ဘေးမှာရက်နေသူက Richardဖြစ်နေခဲ့သည်။
"Richard"
"အေး အမူးသမား အဆင်ပြေလား ဒီနေ့ကျောင်းပိတ်ရက်မို့ တော်သေးတာပေါ့ တခုခုတော့ထစားလိုက်"
"အင်း ညက "
"အေး ငါလာခေါ်တာ ငါညကဖုန်းခေါ်နေတာမနည်းဘူး နောက်ဆုံးChia Haoဆိုတဲ့သူ ကိုင်လို့ ငါလာခေါ်တာ မင်းအသိဆို"
"ဘယ်သူလဲ မသိပါဘူး"
"အေး လူကတော့ အေးဆေးပါပဲ နောက်မှတွေ့မယ်ဗျလို့ ငါ့ကိုပြောသွားတယ်"
"..."
"ထားလိုက် ခုမနက်စာ ထစား ငါပြင်ပေးထားတယ်"
မနက်စာ စားပြီးသည်ထိ Richardကဘာမှမမေးလာပါ။
"ဒီနေ့ Evan နဲ့ မချိန်းထားဘူးလား"
"နေ့တိုင်းတွေ့နေရတာ မတွေ့ချင်မှအဆုံး တကူးတကချိန်းမနေချင်ပါဘူး ပြီးတော့ သူ့ကိုလည်း ငါသိပ်ကြည်တာမဟုတ်ဘူး"
"အဲ့ဒီကိစ္စက ရှင်းသွားပြီမဟုတ်လား"
"အေး ဒီလိုပဲ ပြီးပြီးသားကိစ္စပေမယ့် ငါ့ဘက်က သိပ်မကြည်လို့ ပြီးတော့ အဘွားတို့ကကွာ ငါနဲ့ကိစ္စကိုလည်း သိနေပြီးသားကို အဲ့လိုလုပ်တာ ဘာသဘောလဲ သစ္စာအဖောက်ခံရသလို ခံစားရတယ်"
"အင်း ငါတို့သွားတုန်းကတောင် အေးဆေးကို"
"တကယ်ယောက်ျားတွေမကောင်းပုံများကွာ"
Richardစကားကြောင့် သူအသာအယာပြုံးမိသည်။ ဟုတ်တယ် မကောင်းတာတော့အမှန်ပင်။
"မင်းကရော ဘာဖြစ်တာလဲ ညက Lin Zi Hongက ငါ့ဆီဖုန်းဆက်တယ် မင်းတစ်ခုခုဖြစ်နေလို့ သွားပေးပါဆိုလို့ "
"အင်း ..."
"ရတယ် မင်းပြောဖို့ အဆင်မပြေသေးလဲ ..."
"ဘာဖြစ်ဖြစ် သိရမှာပဲကို ..."
Richardကိုပြောပြပြီးနောက် သူပထမဆုံးပြောတာကတော့
"ဒီကောင်က ဘယ်တုန်းက စောင်ချိုးပြေလို့လဲ ..."
Richardက ခဏစဉ်းစားသလိုငြိမ်သွားပြီးနောက်
"ငါပြောပြမယ် သူ့ရဲ့အဲ့ဒီကိစ္စကို ငါမထင်မှတ်ပဲသိလိုက်ရတယ် အဲ့ထဲက သူ့ကိုငါပြောတယ်"
"ဘာကိစ္စလဲ"
"သူ့အိမ်အကြောင်း မင်းသိပ်မသိဘူးမလား သူကလည်း ဘယ်တော့မှ ပွင့်ပွင့်လင်းလင်းမပြောဘူး ငါငါသိသလောက်ပြောပြမယ် Zi Hong မေမေက ငယ်ငယ်ထဲက သူ့အဖေဆီက အိမ်တွင်းအကြမ်းဖက်မှုကိုခံရတဲ့ပုံပဲ သူ့အဖေအကြောင်းကိုဆိုရင် လုံးဝအပြောမခံတာ နောက်ပိုင်း သူ့အမေက သူ့ကိုခေါ်ပြီးထွက်ပြေးလာတယ် ထင်တယ် သူတို့ကို ခေါ်ပြီး စောင့်ရှောက်ပေးခဲ့တဲ့ သူ့အမေသူငယ်ချင်းဆီမှာ အတူတူနေရတယ် သူ့အမေ သူငယ်ချင်းဆိုတာထက် အမြဲ ကူညီပေးနေတဲ့ မိတ်ဆွေအမလို့ပြောရမှာပေါ့"
သူ နည်းနည်းနားလည်လာသလို ခံစားရသည်။ တောက်လျှောက် သူ့ကိုဆို အိမ်မခေါ်ချင်တဲ့ အကြောင်းပြချက်က ဒါကြောင့်လား...
"အခု အတူတူနေနေတာပေါ့"
"မဟုတ်ဘူး ခု သူ့မေမေနဲ့ နှစ်ယောက်ထဲနေနေတာ သိပ်မကြာသေးဘူး အဲ့ဒီအိမ်ကထွက်လာတာ ငါ့စိတ်ထင် ငါတို့ တက္ကသိုလ်စတက်တုန်းလောက်ကမှ"
"သူဘယ်အရွယ်ထဲကလဲ မင်းသိလား"
"သူ့အဖေဆီကထွက်လာတာလား အလယ်တန်းပထမနှစ်ထဲကလို့ပြောတယ်...
ငါပထမဆုံးသိတာက သူအိမ်ပြောင်းလာတာ ငါ့အဒေါ်တွေအိမ်နားကို အဲ့မှာ လူကြီးတွေချင်း နည်းနည်းပါးပါးသိပြီး ငါလည်း မထင်မှတ်ပဲသိလိုက်ရတာ သူငါ့ကို မပြောလို့မရတော့ နည်းနည်းရှင်းရတာပေါ့ကွာ ငါက ဇွတ်မေးတာကို"
"ဟူးး ဒီကောင့်ကို စာနာပေမယ့် သူ့အတွေးတွေကို နားမလည်တော့ဘူး ငါတို့ကို ပွင့်ပွင့်လင်းလင်းပြောလည်း ရတာပဲ ငါတို့က သူငယ်ချင်းတွေမဟုတ်ဘူးလား အနည်းဆုံးမင်းကိုတော့ ပြောပြဖို့ ငါတိုက်တွန်းသေးတယ် မရပါဘူး 'မင်းကိစ္စမဟုတ်ဘူး ဝင်မပါနဲ့တဲ့' ငါတော်တော်တင်းသွားတာ အဲ့နောက်ပိုင်း သူနဲ့ငါက ပြဒါးတစ်လမ်း သံတစ်လမ်းပဲ"
"သူ့မှာ အဲ့လောက်ခက်ခဲနေမှန်းသိရင် ငါသူ့ကိုပိုဂရုစိုက်ပေးခဲ့ပါတယ် အမြဲ ငါ့ကိုပဲ ဂရုစိုက်ပေးခဲ့ရတာ"
"အခုတော့ အေးဆေးပါကွာ အရင်ကသာ သူ့အဖေလာပြသနာရှာမှာ လန့်နေရတာ အဲ့ဒါကြောင့်လည်း ဟိုအိမ်မှာနေတာ ခုတော့ သူ့အဖေမရှိတော့ဘူးလို့ကြားတယ် အဲ့နောက်ပိုင်း ပြောင်းနေကြတာ"
"သူက မိန်းကလေးတစ်ယောက်ကိုလက်ထပ်ရမယ်ဆိုတာက..."
"အေး ကျိန်းသေတာပေါ့ အဲ့အိမ်ကသမီး Su Wei"
"ဪ ငါနောက်ဆုတ်လိုက်သင့်လား Richard"
"ငါကတော့ နောက်ဆုတ်လိုက်တာထက် ခနရပ်နေလိုက်တာဆိုရင်ရော ဘယ်လိုလဲလို့ ... မင်းကမင်းစိတ်ကို အကုန်ချပြပြီးပြီပဲ"
"အင်း..."
"သူလည်း မင်းကိုဒီလောက်ချစ်တာကွာ ဘယ်လောက်ခံမှာလဲ ခဏလောက်ပဲ မင်းစောင့်ကြည့်လိုက်"
"Richard ..."
"ဟင်"
"မင်းကို တကယ်ကျေးဇူးတင်တယ်"
"ငါမှမပါရင် မရမှမရတော့တာ ဒီကောင့်ကိုတော့ပြောမနေနဲ့ သူထုတ်ပြောလာမယ့်ထိ စောင့်နေလိုက်"
" ညကျရင် တစ်ဝိုင်း ဘယ်လိုလဲ မနေ့ကဘားထပ်သွားမလား ဒီတစ်ခါ Evan ကိုပါ ခေါ်လိုက်"
"ဟား မင်းအခွင့်အရေးကို အပြည့်အဝအသုံးချနေတာပေါ့"
"အေး ဒီအချိန်မှမလုပ်ရင် ဘယ်အချိန်လုပ်မှာလဲ ပွစိပွစိ လိုက်တားနေမယ့် Lin Zi Hong မှမရှိတာ"
"အိုကေ ဒါဆို ငါ Evan ကိုပြောလိုက်မယ်"
"ငါ့ကိုစိတ်မပူပဲ မင်းအိမ်ကိုပြန်လိုက်"
"အဆင်ပြေတယ်ပေါ့"
"အင်း ဘာမပြေစရာရှိလို့လဲ ငါယောက်ျားပဲကွာ အသည်းကွဲတာလောက်ကိုတော့ ခံနိုင်ရည်ရှိရမှာပေါ့"
Richardက မျက်ခုံးပင့်ရင်း ဒါမျိုးမှဟုဆိုကာ ပြန်သွားလေသည်။
Lin Zi Hongအကြောင်းတွေကို ခုမှသိရလို့ စိတ်မကောင်းဖြစ်ပေမယ့် သူ့ကိုမပြောခဲ့လို့ သိပ်တော့မကျေနပ်ပါ။ သို့သော်ငြားလည်း ဘာတတ်နိုင်ဦးမှာလဲ သူကျေနပ်တာမကျေနပ်တာထက် Lin Zi Hongက သူ့အနားမှာမှမရှိတော့တာ။ Lin Zi Hongပြန်လာမယ့် အချိန်ကိုပဲ စောင့်ရင်း တစ်ခုခုတော့ ကြံစည်မှဖြစ်တော့မည်။
~tbc
Yours'Mina 🌟
ဒီအပိုင်းက ပုံမှန်ရှေ့ကအပိုင်းတွေထက် စာလုံးရေ နှစ်ဆလောက်ရှိပါတယ်လို့ 🥺❣️
Advertisement
- In Serial151 Chapters
Doctor Demon
“If I get another chance to live, can I get the ability to protect her?” the little boy asked the reaper.
8 1259 - In Serial47 Chapters
Ex-bestfriends ✓p.jm
"Seems like I don't really know you. I didn't expect you to be this type of girl, y/n. A girl, oh! A slutty girl....like you isn't..... and cannot be my friend, let alone be my best friend..."What will happen when your own bestfriend accused you and turned you life upside down, But, later comes back as your NEW BOSS...
8 110 - In Serial17 Chapters
Anger Issues
"I am calm. I'm nothing but calm all of the time.""No, you're not. You're fifteen seconds from starting a fight all of the time."....In which an egotistical and money-hungry young businessman who acts like an overgrown toddler with anger issues gets assigned a petite and delicate young lady to deal with him and his abundance of problems.
8 249 - In Serial40 Chapters
Secretly In Love || Dipper X Pacifica
A grand event was held at the Northwest Manor. Would be this the perfect time for Pacifica to admit her feelings for Dipper? But things went quite unexpected. __________________Dipper X PacifcaI don't own Gravity Falls
8 121 - In Serial58 Chapters
Falling for You ✓ (girlxgirl)
Cristina "Cris" Vasiliev had everything she ever wanted: amazing parents, kind friends, a hot football player boyfriend and being dubbed one of the most skilled girls on her cheerleading team. However, battling her anxiety and place in the world she felt like something was missing- that is until someone opened her eyes to how much more life could be.Haydn Moreno didn't mind flying under the radar and lying low as she stuck to her one-night stands, choosing to remain a social butterfly instead of running the risk of getting hurt. Being held back by a traumatic past and fear she was okay with being lost until she found the one person who made her feel seen.But when Cris finds herself needing Haydn's help tutoring her in biology does she shy away from her feelings out of fear of what others will say or does she finally allow herself to finally feel something good?
8 77 - In Serial42 Chapters
IGOR
*** Orc/human Romance ***Aria suffers a loveless marriage and the high expectations that come with being married to a king who hates her, and does whatever he can to humiliate her and make her suffer. Life gives her a second chance when she escapes an assassination attempt, and finds herself in the care of a reclusive orc, Igor. Will life give them a happily ever after, or will both their pasts catch up with them and ruin everything?DAILY UPDATES.- This is a monster romance. If you frown upon interspecies relationships, please don't even begin 😑- This book is definitely for grown people🔞. There is definitely a lot of smut 🥵 inside, so proceed with much caution ⚠️ - Mature language ahead. Get in formation 🏃Proudest Rankings: #1 = Paranormal Romance (13 11 2022)#8 = Paranormal (18 11 2022)#1 = Monster Romance (17 11 2022)#3 = orc (18 11 2022)#4 = Banter (13 11 2022)#3 = ongoing (21 11 2022)
8 167

