《Best Friend Mean What?? (Completed)》BFMW - 13
Advertisement
အပိုင်း (၁၃) -
အခွင့်အရေးကိုအပြည့်အဝအသုံးချတတ်တဲ့ အမျိုးသားကောင်းလေး Yang Yu Teng ဟာ ဒီနေ့ညမှာလည်း Bar ကိုရောက်နှင့်နေပြီ။ ရောက်ခါနီးပြီဟု ဖုန်းဆက်ပြောထားသော Evan နဲ့ Richardကတော့ နာရီဝက်နီးပါးကြာသည်ထိ ရောက်မလာကြသေး။ ရောက်ရောက် မရောက်ရောက် ကွဲနေတဲ့အသည်းကို ကုစားဖို့ သောက်ဖို့သာအာရုံထဲရှိတော့သည်။
"ဟေးး ငါတို့ကို မစောင့်ပဲ စနေပြီပေါ့"
"မင်းတို့က ကြာတာကိုး"
Richard က ဝင်ထိုင်ထိုင်ပြီးချင်းမှာပဲ မထင်မှတ်ထားသောစကားကိုဆိုသည်။
"Yu Teng ငါတို့ Lin Zi Hongကိုပါ ခေါ်လိုက်ကြမလား"
Lin Zi Hongနာမည်ကြားတာနဲ့ နှလုံးသားထဲရော ခေါင်းထဲကရော ဒိန်းခနဲပင်။
"ဘာလုပ်ဖို့ ခေါ်မှာလဲ ပြီးတော့မင်းတို့ခေါ်ရင်တောင် ဟိုကလာဦးမှ လာမယ်လို့ထင်နေလား"
"ဒီအချိန်က ပြေလည်ဖို့အကောင်းဆုံးအချိန်ကွ ငါနဲ့ Evan တောင် ကားပေါ်မှာပြောလာကြတာ။ ယောက်ျားလေးတွေဆိုတာ မူးနေတုန်းအချိန်ဆို ရန်ဖြစ်ဖို့လွယ် ပြန်ပြေလည်ဖို့လည်း လွယ်ကြတယ်လေကွာ"
အမှန်တိုင်းပြောရရင် ဒီအတိုင်းရှောင်ရင်း ဝေးသွားမှာမျိုးတော့မလိုချင်။ သူကိုယ်တိုင်ကလည်း အတင်းကပ်ရပ်ပြီး ဝင်လုံးတတ်တဲ့သူမျိုးမဟုတ်တော့ ဒီလိုကူညီပေးတဲ့သူတွေရှိတုန်း အခွင့်အရေးကို အပြည့်အဝယူထားတော့မည်။
"အင်း မင်းတို့ သဘော ငါရှိနေတယ်လို့တော့ တစ်ခါထဲပြောလိုက်ဦး လာချင်လာ မလာချင်နေ"
ဖုန်းဆက်နေတဲ့ တဒူဒူအသံကိုမကြားရပေမယ့် သူ့ရင်ထဲမှာတော့ တဒူဒူမြည်နေသလိုပင်။
"လာမယ်တဲ့ ထွက်လာခဲ့မယ်တဲ့"
သူ နည်းနည်းတော့ စိတ်အေးသွားသည်။ Lin Zi Hongက သူ့ကိုတော့ ရှောင်မနေဘူးပဲ။ ဒါ သူ့အတွက် အခွင့်အရေးပဲ Lin Zi Hong သူ့ကိုမရှောင်နေဘူးဆိုလျှင် သူ့ဘက်က ရှောင်နေဖို့ အခွင့်အရေး ရပြီဖြစ်သည်။
Lin Zi Hong ရောက်လာမည်ဆိုတဲ့အတွေးနဲ့ ဘာမှမတွေးမိပဲ ဖိပြီးသာ သောက်နေမိသည်။
"Yang Yu Teng ဖြေးဖြေးချင်းသွားကွ"
Evan စကားအဆုံးမှာပဲ ဘေးနားသို့ ကျရောက်လာသည့် အရိပ်တစ်ခု... မဟုတ်မှလွဲရော Lin Zi Hong ရောက်လာပြီလား သူလှည့်မကြည့်ရသေး မကြည့်ရဲ ။
"Yang Yu Teng မနေ့ကမှ ဒီဆိုင်က ထွက်သွားတာ ဒီနေ့လည်း ထပ်လာတယ်?"
အမေးစကားမဆန်တဲ့ မေးခွန်းတစ်ခုနဲ့ရောက်ရှိလာသည်က မနေ့ကလူ... နာမည်တော့ မှတ်မိမနေပါ...ဒီလူကဘာမို့လို့ သူကလိုက်မှတ်ထားနေရမှာလဲ။
"နေ့တိုင်း မလာရဘူးလို့ သတ်မှတ်ထားလား"
အသံကတော့ မာကြောနေမှာ အသေအချာပင်။ သူက ဘယ်သူ့ကိုမှ ဖော်ဖော်ရွေရွေဆက်ဆံတတ်သူ အပြောချိုချိုနဲ့ လူမှုရေးကြည့်တတ်သူ ဟုတ်မနေခဲ့တာ အရင်ထဲကပင်။
မနေသာတဲ့ Richard ကပဲ သူ့ကိုပြောရင်း ထိုလူ့ကိုပါ ဝတ္တရားကျေနေသည်။
"အာ မနေ့က မင်းကို ကူညီပေးခဲ့တဲ့ Chia Hao ဆိုတဲ့ အကိုကွ ထိုင်လေဗျ"
"ဘာကူညီတာလဲ ငါ့ဘာသာ ငါ့စားပွဲမှာငါနေတာ ဘာမှကူညီစရာမလိုတာ"
"ဟုတ်ပါတယ် ခုလဲတွေ့လို့ သက်သက်လာနှုတ်ဆက်တာပါ"
"အိုကေ ပြီးရင်ပြန်တော့"
သူ့အပြောကို ထိုလူက မျက်ခုံးပင့်ရင်း
"ဝိုး သူနည်းနည်းကောင်းနေပြီထင်တယ်"
အောင်မယ် ဒီလူ ... ငါ့များ မူးနေပြီထင်နေလားမသိ မမူးလို့မင်းကို ပြန်ပြောနေတာ စောင်ရူး လို့ စိတ်ထဲက ကျိန်ဆဲပြီး ငြိမ်ငြိမ်သာထိုင်နေလိုက်သည်။ ဘယ်ဘဝရဲ့ရေစက်နဲ့ မျက်နှာမြင်ထဲက ကျက်သရေမရှိသလို ခံစားနေရတာလည်းမသိ။
"Evan"
"Zi Hong ငါ့ကောင်ကြီး လာ"
"ဖုန်းခေါ်တော့ ငါခေါ်ရတာကို ရောက်လာတော့ သူ့အဖေကိုပဲတ"
Richardက ထုံးစံအတိုင်း ကြုံတုန်း ဖဲ့လေသည်။
"မင်းကို ရန်မစဘူး အေးဆေးနေ"
"xxxxx"
ခပ်တိုးတိုးဆဲရေးလိုက်တဲ့ Richard ကြောင့် ဝိုင်းထဲက လေထုက နည်းနည်းသက်တောင့်သက်သာ ရှိသွားသလိုပင်။ သူကတော့ ခုထိ မော့လည်းမကြည့် အရက်ခွက်ကိုပဲ ကြည့်နေကာ ဘာပြောရမှန်းမသိ အသာငြိမ်ပြီးထိုင်နေရသည်။
တချိန်လုံး ဒေါသထွက်နေတဲ့ ခွေးသေးသေးလေးလို မန်ဖီနေတဲ့ Yang Yu Tengက ပါပီပေါက်လေးလို ငြိမ်ငြိမ်ကုပ်ကုပ်လေးထိုင်နေတော့ Chia Hao စူးစမ်းနေမိသည်။
"အာ ညီတို့ သူငယ်ချင်းတွေ လာဖို့ရှိသေးတာလား ဒါဆို ကိုယ်သွားတော့မယ်လေ"
"သွားသင့်တာကြာပြီ ဘိုင့်"
Yang Yu Tengရဲ့ ပတ်ခနဲရန်တွေ့သံကြောင့် အစထဲက ဝိုင်းထဲမှာရှိနေတဲ့နှစ်ယောက်က မထူးခြားပေမယ့် Lin Zi Hongကတော့ ထူးဆန်းသွားသည်။
ဒီကောင်လေးက စကားသိပ်ပြောလေ့ရှိတဲ့သူမှမဟုတ်တာ ဒီလူကဘယ်သူလဲဟူသည့်အကြည့်မျိုးဖြင့် သူစိမ်းယောက်ျားတစ်ယောက်ကို စူးစမ်းနေမိသည်။ ဒီအချိန်က ရုပ်ရှင်ပြကွက် တစ်ခုသာ ဆိုလျှင် တစ်ဦးကိုတစ်ဦး စူးစမ်းနေကြသည့် ဒီလူနှစ်ဦးရဲ့ အလယ်တွင် မျှားနှစ်ခုအပြန်အလှန်စိုက်နေမှာအသေအချာပင်။
"အိုကေကွာ ပြန်ပါပြီ နောက်ရက်မှ ကျောင်းကိုလာခဲ့မယ်"
ထိုလူသည် စကားဆုံးတာနှင့် လူပါပျောက်သွားသည်။ သူ့ပတ်ခနဲအပြောကို မခံချင်တော့ဟန်ရှိသည်။
"ဘယ်သူလဲ"
Lin Zi Hongရဲ့ ခပ်တိုးတိုးမေးသံကိုကြားလိုက်ရသည်။ Evan သည် Richardကို အသာ မေးငေါ့ပြရင်း
"ငါလည်းမသိဘူး Richard ကိုမေး"
Richard ကတော့ ငါ့ကို ခစားစမ်းဆိုသည့် အကြည့်မျိုးဖြင့် Lin Zi Hongကိုကြည့်ကာ လက်ပါ ဟန်ပါပါ ပိုက်ထားလေသည်။
"Baka"
"ကဲပါကွာ မနက်ဖြန်လည်း Sundayဆိုတဲ့ အပီကဲပဲ ငါ့ကောင်တွေရေ ဒီည အိမ်မပြန်ပဲ Yang Yu Teng အိမ်ကိုပြန်ပြီး အိပ်လိုက်ကြမယ်"
"ငါက ခေါ်မယ်ပြောလို့လား မင်းတို့ကို"
"အော်ဟော ငါ့ကောင် လေသံကပြောင်းသွားတာလား ငါကဘယ်သူလဲ Richardနော် မင်းမမေ့နဲ့"
ဟက်ခနဲတစ်ချက်ရယ်ပြီး လက်လျော့လိုက်ရသည်။ ဒီကောင့်ကိ ဘယ်သူများနိုင်မှာမို့လို့လဲ။ မျက်လုံးက သူ့မျက်စောင်းထိုးမှာရှိနေသည့် Lin Zi Hongဆီရောက်တော့ ဘယ်အချိန်ထဲက သူ့ကိုကြည့်နေသည်မသိ။
"မင်း မျက်နှာတွေရဲနေပြီ များနေပြီမလား"
"မင်းအပူပါလား"
"တော်တော့ Yang Yu Teng အကောင်းပြောနေတုန်း"
"မင်းကလည်းကွာ ဘာဖြစ်နေတာလဲ ငါတို့တွေအားလုံးရှိနေတာပဲ သူမူးလဲဘာဖြစ်လဲ အေးဆေးပေါ့ သောက်ပါစေ"
Evan ရဲ့ စကားအဆုံးတွင် Richard ကပါ ဆွမ်းကြီးဝင်လောင်းလေသည်။
"စောင်ရေးမပါတာတွေပြောနေတယ် ဘားလာတာ မသောက်ပဲ တရားမှတ်နေရမလား မင်းက သူ့အဖေမို့လား လျှာဝင်ရှည်နေရအောင်"
" မင်း!!! "
မဟုတ်ဘူး ဒီပွဲက ပြန်ပြေလည်ဖို့လား ?? နောက်တစ်ပွဲဆက်ဖို့လား ??
~tbc
Yours' Mina 🌟
Advertisement
- In Serial21 Chapters
jouska (k. bakugo x reader)
"i'd like to see you try, zombie girl."y/n l/n is a mostly lonely girl living in america who is training to become a hero. when she starts talking to a random person on the internet that lives all the way in japan, will she start to fall for his harsh personality and bad attitude?June 2, 2020: #2 in bakugouxreaderJune 18, 2020: #1 in bakugoukatsuki
8 161 - In Serial46 Chapters
Alette
The cold man fell in love with the kind girl because he knew that she deserved the world and that he wanted to be the one who gave it to her. ♡Alette Faye was a sweet girl. She was exceptionally kind and had an air of simplicity. Between her part-time job at the bakery, her classes, her time spent tending to her flowers and walking in the fields, she didn't get the opportunity to experience much. Her past created fears in her that she seemingly couldn't overcome, and then she met him. For when she meets him, she should have run away in fear, but she stayed. She stayed and she opened her big heart for a man who found his heart, just for her. ♡
8 296 - In Serial17 Chapters
satoru gojou x reader | Wanted for pleasure | Jujutsu Kaisen
[ COMPLETED ]You came to Tokyo from NYC to teach and learn more about jujutsu techniques. With an iq of 213 but you aren't very athletic. Satoru Gojou was someone you find annoying. slowly, you grew used to his presence. Your high iq couldn't figure out why you were so attached to him...NOTICE: I DO NOT own any of the characters. I made the cover.Wait is it Satoru gojou or gojo.. cuz I use gojou
8 109 - In Serial16 Chapters
My Bully Lover *Completed*
-Completed- Nina is an average teenage girl, just like every other girl in school, but the only difference that stands between Nina and them is that she gets bullied by the school's bad boy. Will he ever stop? Will you find out why he's always picking on her? Read to find out.Check out some of my other stories. *Our Big Little Lie*Sunset Park*Falling For The Player*I Don't Know My Protector
8 115 - In Serial43 Chapters
Love And Sarcasm [Currently Editing]
❝ 𝘵𝘩𝘢𝘵 𝘸𝘢𝘴 𝘢 𝘧𝘢𝘪𝘭.❞❝ 𝘴𝘰 𝘸𝘢𝘴 𝘺𝘰𝘶𝘳 𝘥𝘢𝘥'𝘴 𝘤𝘰𝘯𝘥𝘰𝘮.❞𝐰𝐚𝐫𝐧𝐢𝐧𝐠: 𝐜𝐨𝐧𝐭𝐚𝐢𝐧𝐬 𝐜𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫𝐬 𝐬𝐨 𝐬𝐚𝐫𝐜𝐚𝐬𝐭𝐢𝐜 𝐢𝐭 𝐰𝐢𝐥𝐥 𝐞𝐢𝐭𝐡𝐞𝐫 𝐦𝐚𝐤𝐞 𝐲𝐨𝐮 𝐛𝐚𝐧𝐠 𝐲𝐨𝐮𝐫 𝐡𝐞𝐚𝐝 𝐚𝐠𝐚𝐢𝐧𝐬𝐭 𝐚 𝐰𝐚𝐥𝐥 𝐨𝐫 𝐛𝐮𝐫𝐬𝐭 𝐨𝐮𝐭 𝐥𝐚𝐮𝐠𝐡𝐢𝐧𝐠.______________➳ ᴀ ᴅɪᴀʟᴏɢᴜᴇ sᴛᴏʀʏ➳ ᴇᴅɪᴛɪɴɢ➳ ᴇxᴛᴇɴᴅᴇᴅ sᴜᴍᴍᴀʀʏ ɪɴsɪᴅᴇCopyright Adorabelle_™ All Rights Reserved.©2016-2017[Cover made by yours truly]𝗛𝗶𝗴𝗵𝗲𝘀𝘁 𝗥𝗮𝗻𝗸 𝟐 𝐢𝐧 𝘚𝘩𝘰𝘳𝘵 𝘚𝘵𝘰𝘳𝘺 𝟎𝟓/𝟎𝟐/𝟐𝟎𝟐𝟏
8 262 - In Serial36 Chapters
Silver Silence
Siles follows the Queen like a shadow, protecting her from the many dangers that arise from ruling a treacherous hierarchy of magicians. He doesn't have magic like the other members of the ruling class, but his ability to resist their magic allows him to enjoy their luxurious lifestyle.After the Queen's death, a new magician with an almost obsessive interest in Siles takes her place. Meanwhile, a commoner rebellion begins to build that, for the first time, Siles might not be able to or want to suppress.
8 303

