《Best Friend Mean What?? (Completed)》BFMW - 18
Advertisement
အပိုင်း (၁၈) - နှစ်ယောက်လုံးရဲ့ ပထမဆုံးရက်
"Yu ဖြေးဖြေးလေ ဖြေးဖြေး"
ဘာမှပြန်မပြောပဲ ကားပေါ်စွက်ခနဲဝင်ထိုင်တာကြောင့် သူပါ lover seat ဘက်ပြန်ပြေးပြီးဝင်ထိုင်ရသေးသည်။ အိတ်နှစ်အိတ်ကိုအနောက်ပို့ရင်း ဘေးတိုက်မြင်ရတဲ့ကောင်လေးကိုကြည့်မိတော့ ကောင်လေးရဲ့နားရွက်တွေဟာ နီစွေးနေသည်။ သူအသာပြုံးမိသည်။ တကယ့်ကို Yang Yu Tengကတော့ Yang Yu Teng ပဲ အသားအရေကဒီလောက်ဖြူနေမှတော့ တစ်ခုခုဆို ဒီလိုနီရဲလာတဲ့ နားရွက်တွေက လိမ်လို့မရ။
"မင်း!!"
ရုတ်တရတ် ရန်တွေ့တော့မလို ကျိန်းမောင်းသံနဲ့ သူ့ဆီဦးတည်လာတဲ့ကောင်လေးကို ရွှန်းရွှန်းဝေဝေပဲ ပြန်ပြုံးပြပြီး 'အင်း ပြောလေ' ဟု ပြန်ဖြေတော့ တစ်ဖက်သို့ပြန်လှည့်သွားသည်။
"ဟင် ဘာပြောမလို့လဲလို့"
"မင်း ဘာလို့ မလိုတာတွေလူကြားသူကြားထဲပြောနေတာလဲ"
"ဘာကို မလိုတာတွေလဲ ဪ ဘာလဲ မင်းက ငါ့ကို ဒိုင်လျှိုလေးတွဲချင်တာလား နိုးနော် နိုး ဒါမျိုးတော့ မရဘူး Lin Zi Hong ကို ဒီလိုလုပ်လို့မရဘူး"
'ဒါဆို မင်း ငါ့ကိုသဘောကျလား' လို့ပြန်မေးလိုက်ချင်ပေမယ့် ဖြေရခက်နေမယ့် Lin Zi Hongကို သူမမြင်ချင်ပါ။ ဒီအတိုင်း ပျော်နေလိုက်တာပဲကောင်းမည်။
ဘာဖြစ်ဖြစ် သူစိတ်ချမ်းသာအောင် Lin Zi Hong က ဒီအတိုင်းတွဲပေးတာလို့ထင်မိတော့ ဘယ်သူမှမသိရင်တောင် အဆင်ပြေတယ်ဆိုတဲ့ထိ တွေးပြီးသားပေမယ့် လူတွေသိကြတော့လည်း ပိုကောင်းတာပေါ့။ သူ့ဘက်က ဘာမှနစ်နာစရာမရှိ။ အဲ... Richard ကတော့ သူ့ကိုဘာပြောဦးမလဲမသိ။
"ကျောက်ရုပ်လေး မင်း ဒီအတိုင်းငြိမ်နေမှာလား"
"မင်းအိမ်ပြန်ပို့ပေးရမှာလား"
"အစောကြီးရှိသေးတာကို ဘာလို့ ငါ့အိမ်ပြန်ရမှာလဲ တခုခုစားကြမလား ဘာစားချင်လဲ"
"ငါ စားထားပြီးတာမကြာသေးလို့ သိပ်မဆာဘူး"
"ဪ အေး အဲ့ဒါကိုရှင်းပါဦး နေ့လယ်က ဘယ်မှာသွားစားတာလဲ"
"...Hotel မှာ"
"ဪ သူဌေးလေးက တစ်ယောက်ထဲဆိုတော့ အပီဆွဲတာပဲဗျ"
"တော်ပါကွာ မင်းရော ဗိုက်ဆာလို့လား"
"အင်း ငါက နေ့လယ်က ဘာမှသိပ်မဝင်ထားဘူးလေ တချို့တွေ စားသောက်နေချိန်မှာတောင်ပေါ့"
Lin Zi Hong ဟာ အကွက်ထဲဝင်တာနဲ့ သူ့ကို ရရင်ရသလို ခနဲ့နေတော့တာပဲ။
"ခု မင်းသွားချင်တဲ့ဆီ လိုက်ပို့ပေးမယ် ဘယ်မှာ ဘာသွားစားချင်လဲ"
"မင်းအိမ်ပဲ သွားမယ်လေ"
"အိမ်မှာဘာမှမရှိဘူး ပြီးတော့ ဗိုက်ဆာနေတာက မင်းနော် အလုပ်တွေရှုပ်ပါတယ် အပြင်မှာသာစားလိုက်နော်"
နောက်ဆုံးတော့ သူတို့နှစ်ယောက်စားနေကျ ကျောင်းနဲ့ သိပ်မဝေးတဲ့ဆိုင်ကိုပဲရောက်လာရတော့သည်။
သူတို့အတွက် ပထမဆုံးတစ်ရက်ဆိုပေမယ့် သူငယ်ချင်းတွေအကြာကြီးဖြစ်ခဲ့ကြတာမို့ ထွေထွေထူးထူးလဲ မရှိပါ။ အရင်ထဲက ဂရုစိုက်တတ်တဲ့ Lin Zi Hong ကြောင့် ဂရုစိုက်မှုတွေနဲ့ကလည်း နေသားတကျပင်။ တခုခုစားရင် သူ့အတွက် တူကအစဖွင့်ပေးတတ်တာက ဘာမှကြီးကြီးကျယ်ကျယ်မဟုတ်ပေမယ့်လည်း ဒီလိုမျိုးက တော်ရုံအလိုက်သိတတ်တဲ့လူမျိုးတွေတောင်လုပ်တာမှမဟုတ်တာ။
တစ်ခုပဲ စကားတွေနဲ့သာ အီတီတီမပြောရင် အကုန်အဆင်ပြေသည်။ ပြီးတော့ Lin Zi Hong ရဲ့ အတွေးတွေကို ကြားလို့ရရင် ဘယ်လောက်ကောင်းမလဲ။ သူ့အပေါ် ဘယ်လိုစဉ်းစားထားလဲ ဆိုတာပဲ တွေးနေမိသည်။ Lin Zi Hong နဲ့ပတ်သတ်လာရင် သူ့ရဲ့ လောဘတွေကအတောမသတ်ပါ။
မဆိုင်ခင်တုန်းကတော့ ဆိုင်ရုံဆိုင်ရရင်ကျေနပ်ပေမယ့်လည်း ဆိုင်သွားတော့လည်း ပိုင်ချင်လာသည်။ ဘယ်သူမှမပေးပဲ သူတစ်ယောက်ထဲ သိမ်းထားမည်။ Lin Zi Hong အပြုံးတွေရော ဂရုစိုက်မှုတွေရော အချစ်တွေရော သူတစ်ယောက်ထဲ သိမ်းကြုံးယူထားချင်သည်။ သူဆိုတဲ့Yang Yu Teng က Lin Zi Hong နဲ့ပတ်သတ်ရင် ဒီလောက်ထိ စိတ်ပုပ်မှန်းဘယ်သူမှသိမှာမဟုတ်။
"မနက်ဖြန် အတူတူသွားမယ်နော် မနက်စာလည်း အတူတူစားကြမယ် ပြီးတော့ ဟိုကောင်တွေကိုလည်း ခေါ်ပြီးပြောဖို့လိုမယ်ထင်တယ် မနက်စာအတူတူစားကြမလား"
"ဘာလို့ အလောတကြီးလဲ နောက်မှ ဒီအတိုင်းပြောလိုက်လဲဖြစ်တာပဲ"
"ဟိုကောင့်ရုပ်ကိုမင်း မမြင်ဘူးလို့တော့ မပြောနဲ့နော် အဲ့ကောင်က ငါ့ကိုသတ်တော့မယ့် မျက်လုံးတွေနဲ့ကြည့်နေတာ ငါနေရာ နောက်ကျောမလုံဘူး ဘယ်အချိန် ငါ့နောက်ကျော ဓားနဲ့ထိုးမလဲဆိုပြီး"
Lin Zi Hong ရဲ့ အပြောကြောင့် သူ့မှာ ဟတ်ဟတ်ပတ်ပတ်ပင် ရယ်မိသည်။
"Richard ကို အဲ့လောက်ကြောက်လား"
"ဒီကောင့်ကိုကြောက်တာမဟုတ်ဘူး ဒီကောင်က ကြားထဲဝင် ကဖျက်ယဖျက်သိပ်လုပ်တာ မင်းကသူ့စကားတွေနားဝင်ပြီး ငါ့ကိုစကားမပြောမှာကြောက်တာ"
....….......…...................….......…...............
အတန်းထဲမှာ စာသင်နေတဲ့ Richard ကတော့ ရုတ်တရတ်ကြီး နှာချေတာကြောင့် Evan မှာ
"အေးလို့လား"
"မအေးပါဘူး ခုနက လေထုမှမကောင်းသွားတာ အဲ့ဒါကြောင့်ထချေတာနေမှာ"
(Lin Zi Hong စကားတွေသာကြားရင် သွေးတက်ပြီး ဒီလိုတောင်ပြန်ပြောနိုင်မှာမဟုတ်)
....….......…...................….......…...............
'အပြောကတော့ ကောင်း' ဟု Yang Yu Teng တိုးတိုးရေရွတ်ရင်း Richard သာ ကြားရင် စောင်အတွဲတွေ ကောင်းကိုမကောင်းဘူးဟုပြောရင်း ပိုးဆိုးပက်စက်ဆဲလောက်သည်။
သူဖုန်းဆက်ရင် မေးခွန်းတွေအဆက်မပြတ်မေးလာမယ့် Richard အကြောင်းကိုသိတာမို့
Lin Zi Hong ကိုသာ ညကျမှ Evan ကို ဖုန်းဆက်လိုက်ဖို့ ပြောလိုက်ရသည်။
မနက်ဖြန် မနက်စောစော Richard ရဲ့ ဆဲသံချိုချိုလေးတွေနားဆင်နိုင်ဖို့ ဒီညလေးမှာ အိပ်ရေးဝဝအိပ်ရင်း အားမွေးရပါတော့မည်။
~tbc
Yours' Mina 🌟
Advertisement
- In Serial12 Chapters
How to get rich in ancient times
A girl in the modern times studying for Computer Science engineering with zero survival skills transmigrated into the ancient time due to an accident. Join her journey on how she got rich with no gold fingers, no incredible luck and no thick thigh to hold. With only hard work watch her life bloom along with her love life.
8 125 - In Serial48 Chapters
Rise Like The Sun
When new boy, Nick Hawthorne, roars up to school with a motorbike and an attitude to boot, ruling queen of Redwood Academy, Madison Sutton, is not pleased. Both loathe each other on sight, can't stop arguing every time they actually do see each other, and what's more, they have this terrible tendency to end up kissing the living daylights out of each other. Will Madison ever get over her stupid ass? Will Nick ever see past his own big head?[RISE LIKE THE SUN, by kaaterinapetrova]
8 425 - In Serial20 Chapters
The Sleeping Prince
Most stories start at the beginning. There's an understandable logic to that.This story, however, begins at the end.The Prince is dead, or sleeping. The armor is magic, or haunted. The castle is abandoned, or cursed. The faeries are sleeping, or mourning.Time stands still, but only there.
8 205 - In Serial46 Chapters
Levi x Reader-lost friend
We were friends in the underground city until we got separated. I thought I would never see him again but here he is... what do I do? Does he even remember me? We're standing face to face saying nothing...NOT EDITEDSHIT SPELLING. IGNORE IT OR DON'T READ... ✨simple✨I would delete this book but people seem to love it so I can't.
8 215 - In Serial17 Chapters
Love sting's
(First time writing a story here so plz don't judge me to bad ;-; ) ~a StingXnatsu fan Fiction~When natsu is transferred to sabertooth school for gifted mages he meets a strange new boy named sting! As they talk more things start to get crazy for the two!(>~
8 95 - In Serial118 Chapters
Hot Dabi Pics
I had too much shit on my phone. I'm a simp. I simp for Dabi. that's good enough for your thirsty asses. Idk how the fuck to write a description for pictures. Also none of the pictures/ art belong to me (I'm a thirsty ass)
8 199

