《Best Friend Mean What?? (Completed)》BFMW - 24
Advertisement
အပိုင်း (၂၄) - ပြုစားတတ်တဲ့ Yang Yu Teng
Lin Zi Hong တစ်ယောက် အလုပ်တွေလုပ်အပြီး ခေါင်းတွေထူမနိုင်အောင်ဖြစ်သွားသည်။ ဘယ်လိုပဲ အသေးစားလုပ်ငန်းလေးဆိုဆို သူက ခုမှစရတာလေ ပြီးတော့ သူ့ရဲ့ ဝါသနာကလည်း ဒါမှမဟုတ်တာ။
"Zi Hong မား တို့ ကိုယ်လက်သန့်စင်ပြီး ညစာသွားစားရအောင်"
"ဟုတ် မား မားအရင် ပြင်ဆင်လိုက်လေ သားစောင့်နေမယ်"
မားကိုစောင့်ရင်း သူ့ကျောက်ရုပ်လေးကိုဖုန်းဆက်ဖို့ သတိရသွား၍ ဖုန်းကိုကောက်ကိုင်တော့ ခေါ်ထားတဲ့ missed call တွေ ပို့ထားတဲ့စာတွေဆိုတာမနည်း။ အဲ သူ အလုပ်ပေါ် စိတ်နှစ်လွန်သွားသည်။ တမင် နှစ်ထားတာလည်းပါမည်။ မဟုတ်ရင် ဘယ်လိုမှအလုပ်မတွင်နိုင်ဘူးလေ။
Ge Ge လို့ ခေါ်ဖို့ စသလိုလို နောက်သလိုလိုနှင့်ပြောဖူးတာကို သတိရမိသည်။ အဲ့ဒီနေ့က သူတို့တွေ အတူတူ UNO ဆော့ကြသည်။ လောင်းကြေးအနေနဲ့ကတော့ နှဖူးတောက်ရမှာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်မညှာကြေးဟုဆိုကာ စခဲ့ကြသည်။ ပွဲမှာ Yu Teng ရှုံးတော့ သူက နှဖူးတောက်ရမယ့်အစား Ge Ge လို့ ခေါ်ဖို့ တောင်းဆိုခဲ့ပေမယ့် ဒီကောင်လေးက နှဖူးတောက်ခြင်းကိုပဲ အကြိမ်ကြိမ်ရွေးချယ်ခဲ့သည်လေ။
ခုကျ သူစိတ်ဆိုးပြေဖို့ ပို့ထားတဲ့ Ge Ge ဆိုတဲ့စာလေးနှစ်စောင်ကို သူချစ်စနိုးနဲ့ကြည့်တာ သဘောကျလွန်းလို့ screen shot တောင်လုပ်ထားလိုက်သည်။ ဒါ ကြွားစရာပဲ ဟိုကောင်တွေကိုလည်းဂုဏ်ဆာလို့ရပြီး နောက်ဆုံး social media မှာပါ တင်ပြီး ကြွားလို့ရသည်လေ။
ချစ်စနိုးနဲ့ ၂ မိနစ်လောက် စာလေးတွေ အခေါက်ခေါက်အခါခါဖတ်ပြီး သူ့ရဲ့
ပေါင်ပေ့(ဘေဘီ) ဆီ ဖုန်းခေါ်လိုက်သည်။
စောစောစီးစီးအိပ်သွားတာလား စိတ်ဆိုးပြီးအပြင်တွေထွက်နေလားမသိတဲ့ ကောင်လေးက မကိုင်။ မားထွက်လာတာမို့ သူလဲရေချိုးပြီး ညစာအတူသွားစားဖို့ ထွက်လာခဲ့တယ်။ ပိုဆိုးတာက သူ ဖုန်းကိုယူဖို့မေ့ခဲ့တာပဲဖြစ်တယ်။
သူ ထမင်းစားပြီ အခန်းထဲပြန်ရောက်တော့ ဖုန်းတွေကတသီကြီးဝင်နေပြန်သည်။ ဒီတစ်ခါတော့ ပေါင်ပေ့ဆီကမဟုတ်။ Richardဆီက missed calls တွေဖြစ်သည်။ သူချက်ချင်းပြန်ခေါ်လိုက်တော့ တစ်ဖက်က ကိုင်ကိုင်ချင်းမှာပဲ ဆူညံတဲ့အသံတွေ ဒီဘက်ဖုန်းထဲသို့ စီးဝင်လာသည်။
"ဆူညံနေတာပဲကွာ အလုပ်တွေကြောင့် ခေါင်းရှုပ်ပြီး အေးအေးဆေးဆေးနားနေချင်တာ ဒါပဲ ဆက်မလာနဲ့"
"ငါက အားအားယားယားဆက်စရာလား!! ဒီမှာ မင်းကောင်က ကလပ်သွားမယ်ဆိုပြီး အပီထိုင်သောက်နေတာ ခုနက ထတောင်ကပြီးပြီ "
Lin Zi Hong မျက်လုံးတွေပြူးကာ ချက်ချင်းပင် Y မြို့သို့ပြန်ချင်လာသည်။ ဒီသူဌေးသားလေးခေါင်းထဲမှာ ဒါတွေပဲ ရှိနေတာလား။ သူ စိတ်နည်းနည်းဆိုးချင်လာသည်။
"ငါ ဖုန်းချလိုက်တော့မယ်"
"မချနဲ့ ငါ video call ခေါ်လိုက်မယ်"
"စောင်အမျိုးမျိုးနော် မင်းလဲ ခုနကကျ သေတော့မယ့်ပုံနဲ့"
"မင်းဆိုရင်ရော ဒီအခြေအနေကြီး အိပ်ပျော်မလား"
Screen ပေါ်ကတဆင့် အမူးသမားလေးကိုမြင်လိုက်ရသည်။
"Richard တချက် ကူညီပေးပါ။ တအောင့်နေ သူမှောက်သွားရင် အိမ်ကိုခေါ်သွားပေးနော်။ လုံးဝ ဒီအတိုင်းထားသွားလို့မဖြစ်ဘူးနော်"
"ငါသိပါတယ် မင်းမရှည်နဲ့ ပြီးတော့ မင်းငါ့ကို ထိုင်ကန်တော့စမ်းပါ ငါ မင်းပျော်စေမယ့် video လေးရိုက်ထားတယ်"
"ငါးကြိမ်လဲ ထိုင်ကန်တော့မယ် မနက်စောစော ဒီဘက်ကကိစ္စပြီးတာနဲ့ ထွက်ခဲ့မှာ မင်းစောင့်နေပေးဦး"
"အိုကေ"
_________________________
"Zi Hong မား ဒီမြို့ကမိတ်ဆွေနဲ့ ညကအဆက်အသွယ်ရတယ် သူက အချိန်ရှိရင် ဝင်ခဲ့ဦးဆိုလို့ မားသူ့ဆီဝင်ချင်တယ်"
"ဗျာ"
မားစကားကြောင့် Lin Zi Hong စိတ်ညစ်သွားသည်။ သူစောစောပြန်ရပါမယ်ဆို မားကဟိုဝင်ဒီဝင်လုပ်ချင်သေးသည်။
"အဲ့ဒါ သား အရင်ပြန်နှင့်လိုက်လေ မားမိတ်ဆွေနဲ့တွေ့ပြီး အေးဆေးမှပြန်လာခဲ့မယ်"
"အဲ့လိုဘယ်ဖြစ်မလဲ မား မားတစ်ယောက်ထဲ"
"မားက ကလေးမှမဟုတ်ပဲ ပြီးတော့ မားမိတ်ဆွေကလည်း ပစ်မထားပါဘူးကွယ်"
"ဒါဆို သားပြန်နှင့်လိုက်မယ် မား မားကိစ္စပြီးရင် သားကိုတချက်ပြန်ဆက်ပါ မားအဆင်မပြေရင် သားလာကြိုမယ်"
"ဟုတ်ပါပြီ ပြီးတော့ နောက်တစ်ပတ်ပိတ်ရက်မှာ သားသူငယ်ချင်းကို အိမ်ခေါ်လာပါဦး မားတွေ့ချင်လို့"
"ဗျာ ဘယ်သူလဲမား Yu Teng ကိုလား"
"အင်း ဟုတ်တယ်သား"
မားက အပြုံးလေးနဲ့ပြောနေပေမယ့် Lin Zi Hong လန့်နေမိသည်။ မားတစ်ခုခုသိသွားတာတော့မဟုတ်ဘူးမလား။
_________________________
Y မြို့ထဲဝင်လိုက်ပြီးတာနဲ့ Richard ဆီဖုန်းဆက်ကာ သူရောက်တော့မယ့်အကြောင်းပြောရသည်။
သူအိမ်ကိုရောက်ရောက်ချင်းပဲ ထမင်းစားခန်းက ထွက်လာတဲ့ Richard ကိုတွေ့လိုက်ရသည်။
"Yu ရော"
"အိပ်တုန်း"
"အင်း ထင်ပါတယ်"
"မင်း ဘာစားပြီးပြီလဲ"
"နိုး!! ငါနိုးထဲက ထွက်လာခဲ့တာ ကားမောင်းရင်း ပေါင်မုန့်တော့ပစ်သွင်းခဲ့တယ်"
"ဘာလို့ မင်းတို့က အသည်းအသန်တွေဖြစ်နေကြတာလဲ ခုထိ မပွင့်လင်းကြသေးဘူးလား"
"မင်းတို့က??"
"အင်း Yu ကလည်း မင်းဖုန်းမကိုင်တာနဲ့ ဖြစ်ပျက်နေလို့"
"ဒါကတော့ ငါတို့က ခုမှ ချစ်စကြင်နာစလေကွာ နှစ်ဆွေးနေတဲ့ မင်းတို့နဲ့ယှဉ်ပြီးတော့ မပြောစမ်းပါနဲ့"
Advertisement
"အေးထားပါ မင်းငါ့ကို တစ်သက်လုံး ရိုသေမယ်လို့ ကတိပေးရင် မင်းပျော်ရမယ့် video လေးပြမယ်"
"ဘာမို့လို့ အဲ့လောက်ဈေးကြီးနေရတာတုန်း"
"မင်းကောင်နဲ့ ပတ်သတ်ပြီးပေါ့"
"ပေါင်ပေ့နဲ့ပတ်သတ်ပြီးဆို ပြ"
"ပေါင်ပေ့ ?? ရွံစရာတွေကွာ"
"ငါ့ကို Ge Ge လို့ခေါ်တာရော တွေ့ချင်လား ဒီမှာလေ"
ဖုန်းကိုထုတ်ပြီး ကြွားမလို့လုပ်ပေမယ့် Richard က လက်တစ်ကာကာနဲ့ငြင်းသည်။
"တော်ပါတော့ကွာ နှစ်ယောက်လုံး ခွေးစာတွေမကျွေးကြပါနဲ့တော့ ငါပြန်တော့မှာ မင်းဆီ video ပို့လိုက်မယ် ကြည့်လိုက်"
Richard ပြန်သွားတာနဲ့ ချက်ချင်း သူလည်း အပေါ်က Yu ကိုတက်ကြည့်လိုက်သည်။ ကောင်လေးက ညက သောင်းကျန်းပြီး တော်တော်ပင်ပန်းသွားပုံရသည်။ အဝတ်အစားတွေတောင် မလဲထား။ အင်းပေါ့ Richard ကဘယ်လဲပေးမလဲ။ အဲ့ဒါကြောင့် သူနဲ့ပဲသောက်စေချင်တာ။ ခုတော့ မသက်မသာကြီး အိပ်နေရပြီ။
Richard ဆီက ဝင်လာတဲ့စာကြောင့် သူအောက်ကိုပြန်ဆင်းပြီး ဆိုဖာပေါ် ခြေပစ်လက်ပစ်ဝင်ထိုင်လိုက်သည်။ မနက်စောထဲကမောင်းလာရတာ ညကလည်းအိပ်မပျော်တာကြောင့် သူပင်ပန်းနေပြီလေ။
*တစ်သက်လုံး ရိုသေဖို့မင်းစကားနဲ့မင်းနော်*
ဆိုတဲ့စာတစ်ကြောင်းနဲ့အတူ video တစ်ခုပါ ပါတာမို့ သူစာမပြန်ခင် video ကိုဖွင့်ကြည့်လိုက်သည်။
(မင်းခုနကဘာပြောလိုက်တာ?)
Richard ရဲ့ ရယ်သွမ်းသွမ်းအမေးနောက် မူးနေတဲ့ အမူးသမားလေးရဲ့ အသံခပ်တိုးတိုးကိုကြားလိုက်ရသည်။
(Lin Zi Hong ကလေ ငါ့ဆီ စာမပြန်ဘူး ငါက သူ့ကို Ge Ge လို့တောင်ခေါ်တာကို Lin Zi Hong က ငါ့ကိုမချစ်ဘူး
ဒီလောက်ဖြစ်နေတာ ဒီကောင့်ကိုဖြတ်လိုက်ကွာ နောက်တစ်ယောက်နဲ့တွဲ
ဝါးး ဘယ်လိုခွေးစကားပြောလိုက်တာလဲ
အောင်မယ် စောင်အမူးက
Lin Zi Hong ကိုပဲ ချစ်တာကို တခြားတစ်ယောက်နဲ့တွဲစရာလား မင်းပဲတွဲ
မင်းပဲ မင်းကောင်က မင်းကိုမချစ်ဘူးဆို မင်းက ချစ်ပေမယ့် မင်းကောင်ကမှမချစ်တာ
ဘာလို့မချစ်ရမှာလဲ မင်းရည်းစားက ငါ့ရည်းစားလို မနက်တိုင်း မနက်စာလုပ်ပေးလား!!!
ဘယ်လုပ်ပေးမလဲ
အေးလေ ကျောင်းသွားခါနီးရော စာအုပ်တွေထည့်ပေးလား
ဘယ်ထည့်ပေးမလဲ ငါ့ရည်းစားလေ သူက ငါ့အမေမှ မဟုတ်တာ)
Richard စကား အဆုံးမှာ ခပ်တွေတွေနဲ့ငြိမ်ပြီး စဉ်းစားသွားတဲ့ကောင်လေးကို ကြည့်ပြီး Lin Zi Hong အသည်းတွေယားကာ ဖျစ်ညှစ်ပစ်ချင်စိတ်တွေတောင်ပေါက်လာသည်။ ဘယ်လောက်ထိ ချစ်ဖို့ကောင်းနေမှာလဲကွာ။
( ဒါဆို Lin Zi Hong က ငါ့အမေပေါ့ !!
ခွီးးး အေးပေါ့ Lin Zi Hong က မင်းအမေ!!
အမေက နှုတ်ခမ်းကိုနမ်းလို့လား Lin Zi Hong က ငါ့နှုတ်ခမ်းကိုနမ်းတယ် အကြာကြီးပဲ)
ဒီတစ်ခါ ငြိမ်ကျသွားသူက Richard ဖြစ်နေတာမို့ သူအသံထွက်တဲ့အထိ အော််ရယ်မိသည်။
Yang Yu Teng ကိုပဲ အကြိမ်ကြိမ် ရူးသွပ်ဖို့ဖြစ်လာတယ်ထင်ပါရဲ့။ Yang Yu Teng ရဲ့ ပြုစားနိုင်မှုတွေက တကယ်ကို အဆုံးမရှိဘူးပဲ။
~tbc
Yours' Mina 🌟
Advertisement
- In Serial10 Chapters
The Princess And The Demon
Warning: This book contains mature content
8 148 - In Serial24 Chapters
Devils Spawn
I never wanted the life of a biker, so being shipped off to live with an uncle who is the president of one of the most feared biker gangs in the country wasn't something I was looking forward to. I didn't think when I moved that I would learn to love the life they offer or that I would fall in love with a biker. I never thought for a second that the things to come would test me. This is the story of my love, my loss, and the shit I have to deal with living with these idiots!Interested in my life yet??
8 230 - In Serial16 Chapters
How to date a Yandere [Ayano Aishi x Reader]
Hi, my name is Y/N Y/L/N. If you're reading this, means that I'm still alive and survived from the hands of my Yandere girlfriend. This book contains tips and information of how to date a Yandere and if you have one then I assure you, this book is recommended for you.Date Published: 8/5/2019Date Finished: 9/3/2020Warning: Futanari you.
8 149 - In Serial14 Chapters
showbiz // phan
the one where the owner of a fashion boutique falls for a struggling actor with a notorious side job.// completed 10|03|17// hughest ranking; #1 in #phanfiction// tw; none
8 193 - In Serial13 Chapters
A Weird night
Harley Hart soon to be Nova Bennett, was the best assassin there was, she apparently had no flaws but she did and it was her greatest weakness. There was one person she would die for and she did, kind of. She didn't see it coming, she didn't think that something like this would happen. Her world was about to be flipped upside-down in the spand of a day. For better or for worst who can tell.Started: 12-08-22Finished:??
8 80 - In Serial27 Chapters
J.JK • Unholy Collection †
An unholy ONE-SHOT collection of Jeon Jungkook. 𓆩 [ ¹⁸+ ] 𓆪New updates every week!This is for female readers only so I will be using she/her pronouns.†Black & white filters. ENTERTAINMENT PURPOSES ONLY. This book is definitely not child friendly.
8 250

