《Best Friend Mean What?? (Completed)》BFMW - 25
Advertisement
အပိုင်း (၂၅) - မွေးနေ့မှာ ကောကောကိုအရမ်းချစ်မယ်
"သူများအိမ်လာပြီး အသံအကျယ်ကြီး သူများနိုးလောက်တဲ့ထိ ဘယ်သူလာရယ်နေတာလဲ"
"ပေါင်ပေ့ နိုးလာပြီလား"
"ဘာကြီး ပေါင်ပေ့?? မင်း ခေါင်းထိလာတာလား"
"အိုက်ယား စိတ်ဆိုးမပြေသေးဘူးလား"
သူ့ဘေးနားမှာဝင်ထိုင်လာတဲ့ ကောင်လေးရဲ့ အိပ်ယာထလာခါစ ဆံပင်ပွပွလေးတွေကိုပွတ်ပေးပြီး ရယ်သွမ်းတဲ့အသံနဲ့ပြောလိုက်သည်။
Lin Zi Hong အရမ်းအူမြူးနေသည်လေ။ သူ့ရဲ့ ကောင်လေးဖောင်းဖောင်းလေးက သူ့ကို ဒီလိုချစ်နေတာမြင်ခဲ့ရတာကို ဘယ်လို မမြူးထူး ပဲနေမလဲ။
ဒီပုံစံကိုတွေ့တဲ့ ကောင်လေးကတော့ မကြည်မလင်တဲ့အသံနဲ့
"ဘယ်သူနဲ့တွေ့ပြီး ဒီလောက်အူမြူးနေလဲမသိဘူး"
"ဘယ်သူနဲ့မှမတွေ့ပါဘူးကွာ ကိုယ်ကောင်းကောင်းတောင်မအိပ်ရသေးဘူး"
"ဟုတ်လား အလုပ်တွေများနေတာလား"
"အင်းပေါ့ တစ်ညလုံးခနပဲအိပ်ရပြီး မနက်ကျတော့လည်း ပေါင်ပေ့စိတ်ဆိုးနေမယ်ထင်နေတယ်လေ အဲ့တော့ ဒုန်းစိုင်းပြီးမောင်းခဲ့တာ"
"ဘာလို့ လျှောက်လုပ်နေတာလဲ အန္တရာယ်များတယ်လေ ငါက စောင့်မနေမှာကျနေတာပဲ "
"ဒါဆို စိတ်မဆိုးတော့ဘူးမလား"
"အင်းပေါ့ မင်းကိုမြင်နေရပြီပဲကို"
"ပြီးတော့ Happy Birthday Ge Ge~"
"အာ"
Happy birthday Ge Ge ဆိုတဲ့အသံမှာ Lin Zi Hong တို့ မျောပါသွားတာ လောကကြီးနဲ့ခနအဆက်အသွယ်တောင်ပြတ်သွားသလိုပဲ။ Yu Teng ရဲ့ ခပ်တိုးတိုးအသံလေးက တကယ် သူ့ရင်ထဲကို ကလိကလိဖြစ်အောင်လုပ်နိုင်တာပဲ။
"မေ့နေတာမလား"
"အင်း သတိမရဘူး"
ရှက်ပြုံးပြုံးနဲ့ပြောလာတဲ့ သူ့သူငယ်ချင်းချစ်သူလေး Lin Zi Hong ကိုကြည့်ပြီး စိတ်တွေမြူးထူးလာကာ သူတောင်မသိလိုက်ပဲ Lin Zi Hong ကို ဖက်မိသွားတယ်။ Lin Zi Hong ရဲ့ရင်ခွင်ထဲဝင်ပြီး ရင်ခုန်သံတွေနားဆင်မိပြန်တယ်။ Lin Zi Hong ကလည်း သူ့ကိုပြန်ထွေးပွေ့ပြီး ခေါင်းလေးတွေကို ပွတ်ပေးတော့ သူ့မှာကြည်နူးရပြန်တယ်။
"ငါ နဲနဲ နံနေတယ်မလား ဒါပေမယ့်လည်း ဒါက Birthday Hug"
"မနံပါဘူးကွာ ကိုယ့်ကောင်လေးက အမြဲမွှေးတာ"
"ညကလေ မင်းမပါပဲ ဘားသွားလိုက်တာ စိတ်မဆိုးဘူးမလား"
"ဟား လူလည်လေးပဲ မင်းက စိတ်မဆိုးဘူးမလားဆိုတော့ ကိုယ်က စိတ်မဆိုးဘူးပဲပြောရမှာပေါ့"
"ဒါဆို စိတ်ဆိုးတာလားဟင်"
အာ ဒီကောင်လေးတော့တစ်စိတ် သူကိုဘာဖြစ်စေချင်တာတုန်း။ တစ်ကိုယ်လုံး သူ့ရင်ခွင်ထဲ ဝင်မှီနေပြီး အသံကလည်းချွဲပြီး သူ့ကို ဆွဲဆောင်နေတယ် Yang Yu Teng က တကယ့်ကို လက်သည်းဖွက်ထားတဲ့ကြောင်လေးပဲ။
"မဆိုးဝံ့ပါဘူးခင်ဗျာ မဆိုးဝံ့ပါဘူး"
"ဟီး ကောကောက အကောင်းဆုံး"
"ကောကောလို့ခေါ်ရတာ သဘောကျနေတာပေါ့"
"အင်း မင်းမွေးနေ့တစ်ရက်လုံး ကောကောလို့ခေါ်ပေးမှာ"
"အာ Bd present က ဒါပဲလား"
"မင်းလိုချင်တာ အကုန်ရစေရမယ် ဘာလိုချင်လဲ"
"မင်းကို"
သူ့စကားအဆုံးမှာ အလန့်တကြားမော့ကြည့်လာတဲ့ကောင်လေးကြောင့် သူ့မှာ ရယ်ရပြန်သည်။
"မင်းနော်"
"ကောကောလို့ပဲခေါ်မှာဆို"
"...."
"အလကားစတာပါကွာ လာပါဦး ခုနကလို ပြန်ဖက်ပါဦး"
"မဖက်တော့ဘူး ရေချိုးရတော့မယ် ပြီးရင် အပြင်သွားမယ်လေ"
"ကိုယ်တော့ မထွက်ချင်တော့ဘူး ပင်ပန်းနေပြီ အတူတူ အိမ်ထဲမှာပဲ အချိန်ဖြုန်းရအောင်လေ"
"ငါက မင်းမွေးနေ့မှာ အပြင်များထွက်ချင်မလားလို့ပါ ငါကတော့ အိမ်ထဲမှာပဲနေရရင် ပိုကြိုက် ပျင်းလို့ ဟီး"
_______________________
Yu Teng ရဲ့ အိပ်ရာက သူ့အိမ်ကသူ့အိပ်ရာထက်ပင် သက်တောင့်သက်သာရှိတယ်လို့ထင်နေမိတာ သူကအိမ်မှာထက် ဒီမှာအိပ်တာများလို့လားမသိ။
Yu Teng ရေချိုးပြီးထွက်လာတော့ သူ့အိပ်ရာမှာအိပ်မောကျနေတဲ့ Lin Zi Hong ကိုကြည့်ပြီး သဘောတကျပဲ ဘေးမှာထိုင်ကြည့်နေမိတယ်။ ပြီးတော့ ပါးပေါ်ကို ခပ်ဖွဖွလေးနမ်းလိုက်မိတယ်။
သူ့ကောင်လေးက သူ့ကိုတကယ်ချစ်တာကို Richard က သွေးခွဲချင်သည်။ ဟမ့် Lin Zi Hong ကများ သူ့ကိုမချစ်ဘူးတဲ့။ သူ့ကိုမချစ်ရင် သူ့ဆီကိုဒီလိုအပြေးပြန်လာပြီး သူ့အိပ်ရာပေါ်အိပ်နေမလား စဉ်းစား !!
တွေးရင်းဖြင့် နောက်ထက် နှဖူး ပါး မေးဖျားအထိ မျက်နှာအနှံ့ အနမ်းပေးနေမိသည်။ အားရပါးရနမ်းရင်လည်း နိုးသွားမှာစိုးလို့ တဖွဖွဖြင့် နမ်းရင်း
"မွေးနေ့လက်ဆောင် ငါ့အနမ်းတွေအများကြီးယူ" ဟု ခပ်တိုးတိုးပြောပြီး ကိုယ့်စကားကိုယ်သဘောကျပြီး တဟီးဟီးရယ်လိုက်မိတယ်။ *အဝတ်အစားလဲဦးမှပါ* ဟုတွေးကာမတ်တပ်ရပ်လိုက်တာနဲ့ ဝုန်းခနဲဆိုသလို Lin Zi Hong ရဲ့ဗိုက်ပေါ် ပစ်ကျသွားသည်။
"အိုက်ယိုး Yang Yu Teng က လေးလိုက်တာ"
"အတင်းအားကြီးနဲ့ဆွဲချမှတော့ နာမှာပေါ့ ဖယ် အဝတ်အစားလဲဦးမယ်"
Lin Zi Hong အိပ်ပျော်ရုံလေးရှိသေး ပါးပေါ်ရောက်လာတဲ့ ခပ်အေးအေးထိတွေ့မှုကြောင့် ပြန်နိုးလာရသည်။ အသာလေးငြိမ်ကြည့်နေပေမယ့် ဒီကောင်လေးရဲ့ ရေချိုးခန်းထဲကထွက်လာခါစ အသားအေးအေးလေးတွေကို မလွှတ်ပေးချင်။ ထွေးပွေ့ချင်တာကြောင့် ထဖို့ပြင်နေတဲ့ကောင်လေးကို အတင်းဆွဲချလိုက်ရသည်။
"အတင်းဆွဲမထားနဲ့လေ ဒီမှာ bathrobe က ပြေတော့မယ်"
"မင်းအရင်လာစတာလေကွာ ကိုယ်အိပ်ရေးပျက်သွားတဲ့ဟာကို ပြန်လျော်ပေး"
"ရည်းစားတွေအချင်းချင်း သူစိမ်းဆန်တဲ့စကားတွေ လာပြောနေတယ်"
"ဟားး စကားတွေကလည်းတတ်လာလိုက်တာ"
"နေပါဦး အဝတ်အစားလဲပြီး ပြန်လာခဲ့ပါမယ်ဆို"
"အင်းပါ အေးနေမယ် သွားလဲ မြန်မြန်"
အဖြူရောင် တီရှပ်ပွပွလေးရယ် အဖြူရောင်ဘောင်းဘီအတိုလေးရယ်နဲ့ကောင်လေးက သူ့ဘေးနားဝင်လှဲကာ သူ့နှာခေါင်းထိပ်လေးကို မွခနဲ အနမ်းပေးပြန်သည်။ တကယ်ကိုပဲ သူ့မွေးနေ့ကို အမှတ်တရကောင်းတွေးပေးနေတာပဲ ဒီကောင်လေးက...
"နောက်တစ်ပတ် မားက မင်းကို အိမ်ခေါ်လာခဲ့တဲ့"
"ဟုတ်လား ငါမင်းအိမ်ကို လိုက်ရတော့မှာပေါ့"
"အင်းပေါ့ မားက ကိုယ် နောက်ပိုင်း အိမ်မကပ်လို့ထင်တယ် သိပ်မကြည်ဘူး အဲ့ဒါကြောင့် အလုပ်တွေဖိလုပ်နေရတာ"
"အင်း မင်းပင်ပန်းနေမှာပဲ ငါ့ဆီလဲလာရ စာလည်းလုပ်ရ မားအလုပ်တွေလည်း လေ့လာနေရနဲ့"
"ပေါင်ပေ့ဆီလာရတာ မပင်ပန်းပါဘူးကွာ ကျန်တဲ့နှစ်ခုလုပ်ရတာတော့ပင်ပန်းတယ် အဲ့ကြားထဲ ပေါင်ပေ့ကစိတ်ဆိုးပြီး လျှောက်လုပ်ရင် ပိုစိတ်ပူရတယ်"
"အာ ... ငါလိမ္မာပါ့မယ် မင်းအလုပ်ဖြောင့်ဖြောင့်လုပ်နော်"
"ဒီနေ့ အရမ်းလိမ္မာနေတာပဲ ကိုယ်နဲ့အတူရှိခဲ့တဲ့ နှစ်တွေထဲ ဒီနေ့က အလိမ္မာဆုံးပဲ သိလား"
"ငါကအမြဲ လိမ္မာပီးသား"
_______________________
ချစ်သူတွေဖြစ်ပြီး ပထမဆုံးသူမွေးနေ့လေးကို ရိုးရိုးရှင်းရှင်းပဲဖြတ်သန်းလိုက်ကြသည်။ ဘယ်မှာမသွားပဲ ဘာမှမလုပ်ပဲ အပြင်ကနေ တစ်ခုပြီးတစ်ခုမှာစားကြသည်။ Netflix ကရုပ်ရှင်တွေကြည့်ကြသည်။ ပြီးရင် ဂိမ်းတွေအတူတူဆော့သည်။ စကားတွေပြောကြသည်။ တစ်ရက်နဲ့တစ်ပိုင်းလောက်ခွဲလိုက်ရတာနဲ့တင် ပြောစရာစကားတွေက သူတို့မှာမကုန်နိုင်။
တကယ့်ကိုပဲ ဒီမွေးနေ့လေးကတော့ ထွေထွေထူးထူးမဟုတ်ပေမယ့် အမှတ်တရတွေ အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ မွေးနေ့လေးအဖြစ် သူအမြဲအမှတ်ရနေရတော့မှာပဲ။
~tbc
Yours' Mina 🌟
_______________________
Happy Birthday ပါ Ge Ge ရေ ❣️
အရမ်းကိုလွမ်းနေပြီရယ်
We Best Love Season 3 လေးပြန်လာရင်ကောင်းမယ်
နှစ်ယောက်လုံးကို လွမ်းနေပြီမို့ 🥺
Advertisement
- In Serial8 Chapters
ReaperTale sans x goddess of love ( reader )
(Y/N) the goddess of love ,she was made by her mother,The goddess of life and was loved by everyone.She always hid her from one god that she disliked. One day the ruler of the underworld,Sans found out about her and you and went to see you and was surprised to see how beautiful you were. So beautiful at he wanted you all for himself! In the night, he went in your room,grabbed you and left. Her mother vowed if her daughter wasn't returned, The world would burn by her rage. You only saw this in a dream,but could it be real?
8 138 - In Serial17 Chapters
a silent cause
Working as Blackpink's assistant isn't always fun and games, especially with Jennie Kim at the head of the group. Their rise to fame has been immediate, and with fast success comes lots of pressure. All you want to do is relieve her of some of it, but it doesn't come without its own challenges and heartache."told you i could see it all, but all i saw was you."Set in 2017-2018, timeline and events are significantly adjusted for the story and are most likely not actually accurate! Loosely based off the song "A Silent Cause" by The Paper Kites. jennie x fem!readerlisten to the playlist i made for the story if you'd like, link in my bio :) (i'm always updating it and fixing it lol. some songs are meant for the story in general, some for the different povs of you and jennie)
8 171 - In Serial51 Chapters
Joker in the Pack (Romantic Suspense, Completed, Watty Winner)
WATTY WINNER!Life has dealt city girl Olivia Porter a series of bad hands, but just as she's about to fold, fate intervenes and leaves her with a full house. Out of other options, she takes a gamble and moves to the countryside, hoping Lady Luck will follow along.Olivia's decision to embrace the single life is soon challenged by the arrival of local ace, Tate, and wild card, Warren, but little villages can hide big secrets and somebody thinks Olivia is holding the key to theirs.As her opponent ups his game, Olivia gets one last roll of the dice with the arrival of a leather-clad stranger. Will she hit the jackpot or go bust?Joker in the Pack is a standalone romantic suspense novel from the Blackwood UK series - no cliffhanger!FEATURED by Wattpad.Highest ranking: Mystery/Thriller #2
8 77 - In Serial8 Chapters
HxH girlfriend scenarios
This is a female hxh characters x female readerenjoy~..yes I know the cover is uhm,,, I promise I'll make a less cringey one later.
8 109 - In Serial17 Chapters
Erin's Escort (MxM)
🅜🅐🅝 ⓧ 🅜🅐🅝Sam Fink is a well liked male escort. He has the looks and skills to satisfy any client in and out of bed. His newest client doesn't care about his looks and also not ready to try his skills.A fluffy romance between a flirty escort and a blind accountant.Word count : 23000
8 224 - In Serial25 Chapters
My Beloved Mate
[MANxMAN/Mpreg]Prequel/Book 0.5 to 'My Mate' Series: Lionel Bellum wasn't the brightest and when his mother left when he was younger, he had a fear of the same thing happening to him. After his father remarried and started to focus on his new family, Lionel felt like an outsider and decided to leave after his high school Graduation and distance himself from his unwanted family. Moving to a new town and finding a job wasn't easy but he did and is happy with the life he has, he even made friends that he was sure would stick by him through thick and thin. Even if Lionel doesn't believe in love, he wants someone to be there for him, someone to hold him, and spend the rest of his life. To his surprise, it's the man he very much disliked. Zechariah Sanderson is the Alpha of the Midnight Howlers. He was strict yet kind and demand but respectful when he needs to be. Zechariah has been waiting for his mate for six years and when he finally finds out who it is, he was very disappointed and scared. Zechariah doesn't want a human mate that could put his whole kind to the world and they would be hunted for the rest of their lives. He doesn't want to take any chances but when his wolf convinced him to try, he's very cautions which causes his mate to dislike him. Soon they started to get closer but there's a new pack that threatens Lionel's safety. What would Zechariah do? What would Lionel do when he finds out the person he started to like wasn't human at all?
8 198

