《Best Friend Mean What?? (Completed)》BFMW - 26
Advertisement
အပိုင်း (၂၆) - boyfriend အိမ်သို့လိုက်လည်ခြင်း
ပထမဆုံး Lin Zi Hong အိမ်ကိုလိုက်ပြီး မားနဲ့တွေ့ရမှာမို့ သူရင်တုန်နေသည်။ သူ့အပေါ်အမြင်ကြည်ပါ့မလားဆိုတဲ့ စိတ်က ဖိစီးနေပေမယ့် ရင်းနှီးချင်တဲ့စိတ်က ပိုသာနေတာမို့ အတတ်နိုင်ဆုံးစိတ်ကို လွှတ်ထားပြီး သွားဖို့ပြင်ဆင်နေရသည်။
ဒီနေ့တော့ မနက်စာပြင်ပေးမယ့် ကောင်လေးလည်းမရှိ။ လာခေါ်ပေမယ်ဆိုပေမယ့် မားတမျိုးထင်မှာစိုးတာမို့ ကိုယ့်ဘာသာလာမယ်လို့ ပြောထားရသေးသည်။
သူက shirt ထက် Tee တွေကိုသာ ပိုကြိုက်ပြီး စွဲစွဲမြဲမြဲဝတ်တတ်သူမို့ ရွေးစရာအင်္ကျီမှာလည်း ဒါတွေကလွဲပြီးမရှိ။ ရွေးနေတုန်းမှာပဲ Lin Zi Hong ဆီကဖုန်းကဝင်လာတာမို့ ကိုင်လိုက်ရသည်။
*အင်း*
*ပေါင်ပေ့ မထွက်လာသေးဘူးလား ကိုယ်လာခေါ်ရမလား*
*ရပါတယ်ဆို ခုထွက်လာပြီ*
*မားကမနက်စာအစုံပြင်ပေးထားတယ် ပေါင်ပေ့ကြိုက်တာတွေလဲပါတာမို့ လာခဲ့တော့*
လေလှိုင်းတဲ့က အသံတွေကြောင့် ချက်ချင်းတောင်ရောက်ချင်သွားသည်။ နောက်ဆုံး ပေါ့ပေါ့ပါးပါး မိုးပြာနုTeeလေးနဲ့ ပေါင်းပြီ အဖြူဒူးဖုန်းလေးကိုသာဝတ်ပြီး ထွက်လာလိုက်သည်။ သူကကလေးပဲကို မားက အပြစ်မမြင်လောက်ပါဘူး။
_______________________________
"ပေါင်ပေ့ရောက်လာပြီလား ဟဲဟဲ"
"အဲ့လိုမခေါ်ပါနဲ့ဆို မားရှေ့မှာမထွက်စေနဲ့နော်"
"အယ် ရောက်ပြီလား သား"
"မား မင်္ဂလာပါ Yang Yu Teng ပါ"
မားလို့ပဲ စိတ်ထဲခေါ်နေကျဆိုတော့ ထွက်သွားတာ ပြန်လိုက်မမီတော့။ မားစိတ်မကွက်ဖို့ ဆုတောင်းမိရင်း မားကိုအကဲခတ်ကြည့်တော့ ခပ်ပြုံးပြုံးပင်။ အေးလေ သူငယ်ချင်းအမေကိုလည်း မားလို့ပဲ ခေါ်လို့ရတာပဲကို မားက တမျိုးတော့ထင်မှာမဟုတ် လို့ဖြေတွေးလိုက်တော့တယ်။
"မင်္ဂလာပါရှင် Lin Zi Hong မာမားပါ"
"မား သွားစားကြစို့လေ"
"လောလိုက်တာ Zi Hongရယ် လာ သားလေး"
"ကျေးဇူးပါမား သားအဝစားမယ်နော်"
"စားပါရှင် Zi Hong ပြောတော့ သားက လူကပ်လေးတဲ့ ပြောရဆိုရ လက်ပေါက်ကပ်တာတဲ့ ခုကျ သားလေးက အဲ့လိုမဟုတ်ပါပဲ"
"ဟာ မားကလည်း"
မားရဲ့စကားသံအဆုံး သူ့မျက်စောင်းက Lin Zi Hongထံဝေ့သွားတော့ သူက တမင်မမြင်ဟန်ဆောင်ရင်း မားကို အထွန့်တက်သံထွက်လာသည်။
"မင်းက အကျင့်ကိုမကောင်းဘူး"
"မဟုတ်ပါဘူး!! မားကလည်းဗျာ သားကစတာကို"
"ကဲပါ စားစား"
Lin Zi Hong က သူပြောမှာစိုးလို့လားမသိ မျက်နှာကြီးကိုဖြီးပြရင်း တစ်ခုပြီးတစ်ခုထည့်ပေးလို့ သူ့မှာ မျက်ရိပ်မျက်ကဲပြရသေးသည်။
"Zi Hong မားတို့အတွက် အသီးလေးတွေ ခွဲလာပေးပါလား မားတို့ စကားပြောနှင့်မယ်နော်"
"ဟုတ် မား"
______________________________
"Zi Hong က သားအပေါ်ကောင်းရဲ့လား"
"ဟုတ်ကဲ့ ကောင်းပါတယ် မား"
"မားသားလေးက တကယ်တော့ တအားကြောက်တတ်တာသားရဲ့"
...
"သူ့မှာတစ်ချိန်လုံး မျက်ရိပ်မျက်ကဲကြည့်ပြီးနေလာရတာ သား သိမလားတော့မသိဘူး"
"ဟုတ်ကဲ့ မား"
"ငယ်ငယ်ထဲကလေ အမြဲ မိဘတွေအရိပ်အကဲကြည့်နေရပြီး ခုထိလည်း အဲ့လိုပဲ"
သူသိတဲ့ Lin Zi Hong က စိတ်ထားကောင်းပြီး ဂရုစိုက်တတ်တဲ့ ကောင်လေးမျိုးပင်။ ဒီလိုပုံစံမျိုးရှိနေမယ့် Lin Zi Hong ကို သူတွေးတောင်မတွေးဖူး။ Lin Zi Hong အလိုက်သိတာတော့ လက်ခံပေမယ့် ဒါတွေက သူနဲ့အသားကျနေတော့ သူထူးထူးခြားခြားမခံစားမိခဲ့။ သူ့ရဲ့ အရိပ်အခြေရော ကြည့်နေခဲ့ရလား ဟု တွေးမိပြီး ရင်ထဲမကောင်းတော့။
" သူ့အဖေလိုမျိုးသူ့အိမ်ထောင်ဖက်ပေါ်လုပ်မိရင်ဘယ်လိုလုပ်မလဲလို့ တစ်ခါမေးဖူးတယ် ... မားတို့ကြောင့် သူကလက်ထပ်ရမှာကြောက်တဲ့ထိဖြစ်လာတာ...အဲ့လိုဖြစ်မှာစိုးလို့ မားက အမြဲ သားကို မိသားစုလေးနဲ့မြင်ချင်တယ် ဆိုပြီး ခနခနပြောခဲ့ရတယ် ... မား အသိမိတ်ဆွေရဲ့ သမီးလေးနဲ့ဆိုရင်တော့ သူပျော်နိုင်ပါတယ်ဆိုတဲ့စိတ်နဲ့ မား ဆက်တိုက်ကို တိုက်တွန်းခဲ့တာ... မားမရှိချိန် အဖော်မဲ့ပြီး ဘူးခွံကြီးလိုကျန်နေခဲ့မှာကို မား မဖြစ်စေချင်ခဲ့ဘူး...သားကလေ မားစိတ်တိုင်းကျပါတဲ့ မားပျော်သလိုနေပေးမယ်တဲ့"
သူ မားစကားတွေကိုဆက်နားထောင်သင့်ရဲ့လားတောင်မသိတော့။ သူဆက်နားမထောင်ရဲ။ မားကတစ်ခုခုကိုသိနေတယ်။ သူဘာပြောရမလဲ ဆိုတဲ့ မသိနားမလည်ခြင်းတွေက လူကို ပူထူလာစေတယ်။
"မားအဲ့လိုကြားတော့ အရမ်းစိတ်မကောင်းဖြစ်တာပဲ ... မားက သားပျော်မယ်ထင်တာရွေးပေမယ့် သားကမားကိုငဲ့ကြည့်ပြီး ပျော်ပြနေခဲ့တာ"
"ဟိုလေ မား..
Zi Hong ကို အရမ်းစိတ်မပူပါနဲ့ သူက အချစ်ခံရပါတယ် သူ့ဘက်မှာ အများကြီးရှိတာကို သူသိပါတယ်"
"အင်း မားသားလေးက သားကိုတော့ တကယ်ချစ်ပုံပါပဲ"
"ဗျာ .. ဟို.."
"မားက အခု ဘာမှမတိုက်တွန်းတော့ပါဘူး ဘေးမှာနေပေးပြီး တအားစိတ်မပူပဲ မားသားအခြေအနေကို တလှည့်ပြန်ကြည့်မလားလို့"
"ဟုတ် မား Zi Hong က မားထင်တာထက် သန်မာပါတယ် လူတိုင်းအပေါ်လည်း ကောင်းပေးလို့ အားလုံးက ချစ်ကြပါတယ် "
"မား ဝမ်းသာပါတယ်"
"ပြီးတော့ သားကလည်း သူ့ကိုတစ်ယောက်ထဲမထားပါဘူး သူတစ်ယောက်ထဲ ဘယ်တော့မှမဖြစ်စေရဘူး မားစိတ်ချပါ သား အမြဲသူ့ဘေးမှာရှိနေမှာပါ"
သူ့စကားတွေ နားထောင်ရင်း မားက ပြုံးသည်။ မားက သူ့တို့အခြေအနေရိပ်မိနေပေမယ့် ဘာမှမပြော။ သူတို့နှစ်ယောက်ကြား တစ်ခုခုဖြစ်မှာစိုးရိမ်လို့ သူ့ကို တမင်ခေါ်ပြောပုံရသည်။ သူလည်း တော်တော်ကို ကျေနပ်မိပါပြီ။ သူ့အတွက် တစ်ခုထဲသော တောင်က မားပဲ။ သူဘယ်လောက်စိုးရိမ်ခဲ့ရလဲ။ Lin Zi Hong က မားကို အရမ်းချစ်တာမို့ သူ့မှာမားပဲရှိတာမို့ မားစကားမလွန်ဆန်နိုင်ပဲ သူ့ကိုလျစ်လျူရှုသွားမှာ တကယ်ကို စိုးရိမ်ခဲ့ရတာ...
"ရပါပြီဗျ စားပါဦး အကိုလေးနဲ့ မမလေး"
"သားတို့ပဲစားပါ မားနေ့လယ်စာအတွက် ပြင်လိုက်ဦးမယ်"
"မားကလည်း အစောကြီးရှိသေးတာ သားလုပ်ပါ့မယ် အေးဆေးနေပါဗျာ"
"မား Yu Tengလေးကို မားလက်ရာကောင်း ကောင်းလေးစားစေချင်လို့ပါ.. တော်ကြာ သူ့မှာ သားလက်ရာကိုအကောင်းဆုံးထင်နေမှာစိုးလို့ "
"ဟီး ဟုတ်ကဲ့ မားလက်ရာကိုပဲ စားပါ့မယ်ဗျမားလက်ရာကအကောင်းဆုံးပဲ"
သူက လက်မလေးထောင်ကာပြောတော့ မားကရယ်ရင်း ထမင်းစားခန်းထဲဝင်သွားသည်။
"ခုနက မားနဲ့ဘာတွေပြောနေတာလဲ"
"ဘာမှမပြောပါဘူး"
"ဟုတ်လို့လား"
"မင်းသာ ငါ့မကောင်းကြောင်းတွေမပြောပါနဲ့ မင်းဘယ်လိုရည်းစားလဲ ကိုယ့်ရည်းစားမကောင်းကြောင်း ပြောရသလား"
"ကိုယ်က ဟိုးအရင်ကပြောဖူးတာပါကွာ မားကမှတ်ထားတာ"
"ဟိုးအရင်ကပြောတာလည်းပြောတာပဲ မခေါ်ဘူး မင်းနဲ့"
"ဟောဗျာ"
ကြည်နူးတဲ့စိတ်အခံနဲ့မို့ စကားတွေ တောင်တောင်အီအီပြောနေရတာတောင် ပျော်ရွှင်နေရသည်။
မားတို့က ညစာအထိစားပြီးမှ ပြန်လွှတ်ခဲ့သည်။ ဒါတောင် အိပ်ဖို့ဆွဲထားပေမယ့် သူကတော့ ငြင်းခဲ့ပါသည်။ တနေကုန်ရှိနေတာနဲ့တင် သူကျေနပ်နေရပါပြီ။
လိုက်ပို့မယ်ဆိုတဲ့ ကောင်လေးကိုလည်း အတင်းလိုက်မပို့နဲ့ဟုပြောကာ ဇွတ်ပြန်လာမှ အိမ်ပြန်ရောက်ရသည်။ သူတို့တွေ တကယ်ကိုအများကြီးနီးကပ်လာပြီ ပိုပြီးလည်း နီးကပ်လာတာ့မှာပဲ လို့တွေးမိကာ ...
~tbc
Yours' Mina 🌟
______________________________
စာရေးရတာ မလွယ်မှန်းသိပေမယ့် ခုမှတကယ်ကို နက်နက်နဲနဲမလွယ်မှန်းနားလည်တော့တယ်။ ဒါတောင် ကိုယ်ရေးတာလေးက တကယ်ကို ပေါ့ပေါ့ပါးပါး ဘာမှမဟုတ်တာလေး ... ဒါလေးကိုတောင်ဆီမပါဆားမပါတဲ့ဟင်းလိုတအားပေါ့သွားရင် တောင်းပန်ပါတယ် ❤️
Advertisement
- In Serial257 Chapters
Secret Wardrobe Of The Duchess
How much money must I spend for you to divorce me!? Rubika dies in a war without being able to confess her love for Arman but is instead sent back in time.A new life, she will not live in vain. But what are these new obstacles?
8 831 - In Serial17 Chapters
Taking Over the Villaness' Body: 365 Days to Live As I Like!
Ann, a corporate slave in the modern life, suddenly couldn’t resist her body’s drowsiness and fell asleep after working non-stop for... who-knows-how-long. Her sleep wasn’t a good one as she was overly worried she wouldn’t be able to finish her work. When she finally woke up, she was greatly shocked. An unknown room, an unknown man with his icy expression, and moreover, the man addressed her as “Arlea”, and not “Ann”.And then she finally realized. She somehow ended up in the body of “Arlea”—a villainess in the fantasy/romance otome game she had played in the past, when she still had free time to relax. To make things worse, she remembered that in the next one year, she—Arlea—was fated to die. ‘In such a situation, what should I do?’‘Let’s think seriously of a way to overturn the situation?’‘But hold on, what if I can’t change the scenario? Why bother?’ Having lived her days in the modern life as a serious and restrained woman who became a corporate slave to her death, Ann finally decided... to spend her additional 365 days to live freely as she likes! Little did she know that her decision would cause everyone who knew Arlea to be very surprised and alarmed with her change.What happened to the villainous, hateful woman called Arlea? Why did she become like this? What is she scheming now??Let's see how long she can keep up her pretense! - This novel is influenced by Japanese LN/WNs, so there will be the use of Japanese suffix (-sama, -san) and terms! - This novel is originally posted in my site, and can also be accessed in CreativeNovels. If you're not sure you're reading the most up-to-date chapter, feel free to check there. If you want to support this series, gain access to rewards such as advanced chapters, and help in increasing this series' update rate, please check my Patreon page~. - Thanks for reading! Please don't hesitate to leave a comment and review, especially if you enjoy it, as it will boost my motivation ^^
8 187 - In Serial61 Chapters
LGBTQIAP+ GET TOGETHER | #PrideatWattpad
The biggest event of the year is here! Welcome to the first-ever LGBTQIAP+ Get Together - a month filled with cool activities for the entire community. Be sure to use the #PrideatWattpad and #GetTogether tags to join in on the fun. We have multiple writing contests, graphic contests, bingo, trivia, author interviews, and a ton of profiles involved in making this month a spectacular one for you all!
8 205 - In Serial53 Chapters
They saved it. Or should they say, they saved her?She was laying in the forest's mud when one of the guards smelled her weird scent. They brought her back to the pack house but they don't know what to do. Although she looks like a human girl, they can tell she's is not, neither is she a wolf. Yet she seems to know a whole lot about them.What is this girl, and what is she doing there? Why are their borders being attacked since she got here?What are the secrets she made herself the guardian of? Find out in "An Alpha's Mystery" !
8 387 - In Serial26 Chapters
Quit Touching Me Under the Table : CBxTS (boy×boy) Wattys 2016
We Could Only Keep It Up For A Little While...DISCLAIMER : IF YOU DO NOT CONDONE SAME SEX RELATIONSHIP, SEXUAL CONTENT ,OR ANYTHING OF THAT MANNER, DO NOT READ THIS. I AM AWARE THAT NO CHARACTERS IN THIS STORY ARE ACTUALLY DEPICTED AS THEY ARE IN REAL LIFE. THIS STORY IS FICTION AND STRICTLY FICTIONAL. PLEASE DO NOT LEAVE ANY NEGATIVE COMMENTS OR REMARKS. I WOULD KINDLY ASK OF YOU TO SIMPLY NOT READ IT OR ADD IT TO YOU LIBRARIES AND/OR READING LISTS. THANK YOU.Started: August 23,2015 Ended: April 18,2016
8 198 - In Serial74 Chapters
Who Are You
In which, a girl with the same name as Min Yoongi's ex, texts him by mistake and he confuses her to be his ex."I would choose your thunder, I would choose your rain. Over anyone's sunshine."A Min Yoongi TextfictionBest Rankings:#4 in Romance #2 in Fanfiction#4 in bts #1 in btssuga#1 in btsfanfic#1 in suga
8 257

