《Best Friend Mean What?? (Completed)》BFMW - 27
Advertisement
အပိုင်း (၂၇) - ကြီးပျင်းလာတဲ့ ကောင်လေးတွေ
သူတို့နှစ်ယောက်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝကို အဆင်ပြေပြေချောချောမွေ့မွေ့ပဲ ဖြတ်သန်းကြသည်။ အမြဲ အတူတူမို့ Monthly Report တွေမှာလည်း မှတ်ချက်ကောင်းသလို Exam Results တွေမှာလည်း အမြဲ ထိပ်ဆုံးအဆင့်တွင် မတိမ်းမယိမ်းရှိကြသည်။
အရမ်းကိုအဆင်ပြေကြလွန်းလို့ Richard ဆိုလျှင် သူတို့ကိုကြည့်မရကြောင်း အမြဲပြောလေ့ကျိန်းလေ့ရှိသည်။ သူငယ်ချင်းတွေကနေ ချစ်သူဖြစ်တာကြောင့်လည်း နေမည်။ သဝန်တိုစရာရှိလည်း တိုလိုက်တာပဲ ဒါပေမယ့် အကြီးကြီးတွေခံစားပြီး ရန်ဖြစ်တဲ့အထိ သူတို့မဖြစ်ခဲ့ဖူးကြ။
သူတို့ရဲ့ တစ်ခုထဲသောအခက်အခဲက အချိန်ပဲဖြစ်မည်။ မားအလုပ်တွေကို လေ့လာနေတဲ့ Lin Zi Hong က ခုဆို တော်တော်များများကို မားက လက်လွှတ်နိုင်တဲ့အထိ ကျွမ်းကျင်လာမှန်း အချိန်ရတာနဲ့ မားဆီသွားလည်လေ့ရှိတဲ့ ကျွန်တော်က သိရသည်။
ဂျပန်ကဖေဖေကလည်း သူ့ကိုကျောင်းပိတ်ရက်တွေဆို ပြန်လာစေချင်သည်။ ကျောင်းပြီးခါနီးပြီမို့ သူ့အလုပ်တွေ လေ့လာစေချင်တာလည်း မှားတော့မမှား။ သာမန် ချစ်သူရည်းစားတွေ ဘယ်လို LDRS အနေနဲ့ သမီးရည်းစားဘဝကိုရော နေ့စဉ်ဘဝကိုရော အောင်မြင်အောင်နေကြလဲမသိပေမယ့် သူတို့ကတော့ အရင်ထဲက တပူးပူးရှိခဲ့တာမို့ ခွဲခွာနေရတာ အတော်ခက်ခဲသည်။
ဒီနောက်ဆုံးနှစ်ရဲ့ first semester အပြီးမှာတော့ သူက အဖေ့ကိုဘယ်လိုမှ ငြင်းဆန်လို့မရတော့ ဂျပန်ကိုပြန်ဖို့ပဲ ဖြစ်လာရသည်။ ရည်းစားဖြစ်ခါစတွေလို မဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက်ယုံကြည်ကြဖို့ ကတိတွေအထပ်ထပ်ပေးပြီးပြီပေမယ့် သူကတော့ ဒီထိုင်ဝမ်ကနေထွက်ခွာဖို့ အတော်လေး နှောင့်နှေးနေမိသည်။
ဒီနေ့ကနောက်ဆုံးစာမေးပွဲဖြေရက်ဆိုပေမယ့် နှစ်ရက်ကြာရင် သူတို့ရဲ့ နှုတ်ဖြေစာမေးပွဲရှိသေးတာမို့ သူထိုင်ဝမ်မြေမှာ တစ်ပတ်ထိနေဖို့ အဖေ့ကို ပြောတော့ ခွင့်ပြုပေးသည်။ ခွင့်မပြုပေးရင် သူ ဂျစ်ပြီးပြန်မလာမှာစိုးလို့ထင့်။
"ဘယ်လိုလဲ ငါ့ကောင် ဒီနေ့လည်း အမှတ်ပြည့်ပဲလား"
"အင်း ဖြေခဲ့တာပဲ မင်းရော"
"ငါကတော့ အောင်တယ်"
"မင်းကောင် Evan ရော"
"ခုထိထွက်မလာသေးဘူးကွာ ငါစိတ်မရှည်လို့"
"အင်း Zi Hong ရောပဲ အဆင်မပြေဘူးလားမသိဘူး ငါတို့အတူတူလုပ်ထားတာတွေအများကြီးပါတာကို"
"ဒီကောင့်ကိုတော့ ပူမနေနဲ့ ငါတို့ အရင်ကန်တင်းသွားနှင့်ကြမလား"
Yu Teng နဲ့ Richard ကန်တင်းသို့ ခြေဦးလှည့်ရင်း
"မင်း အဆင်ပြေတယ်မလား သွားဖို့"
"ပြေပါတယ်"
"ကျောင်းပြီးရင် မင်းဂျပန်မှာပဲ အခြေချမှာလား"
"နိုး ငါ တိုင်ဝမ်ကိုပြန်လာမယ်"
"ငါတို့ အတူတူလုပ်ငန်းတစ်ခုခုလုပ်ဖို့ စဉ်းစားမိနေတာ"
"မင်း ဘာတွေးထားတာရှိလို့လဲ"
"ငါတို့ Game Company ထောင်ရင်ကောင်းမလားလို့ မင်းသိတယ်မလား ငါတို့က အဲ့အပိုင်းကို ကျွမ်းကျင်တယ်လေ"
"အဖေက သူ့အလုပ်ကိုပဲ လုပ်စေချင်နေတာ
ငါကတော့ မင်းပြောတာ စိတ်ဝင်စားတယ် "
"အေး ငါပြောတာ အဲ့ဒါ မင်းတို့ အလုပ်တွေလည်း မလစ်ဟင်းဘူးပေါ့ကွာ အဓိကက မန်းနီးပဲ ငါတို့နဲ့ရှယ်"
"သိပါတယ် ခွေးကောင် သူတို့လာမှ ဆက်ပြောကြတာပေါ့"
____________________________
Yang Yu Teng ဂျပန်ကိုပြန်ရောက်တာ ၃ရက်ရှိပြီ။ ပထမတစ်ရက်မှာ Lin Zi Hongဆီကရတဲ့ အဆက်အသွယ်တစ်ခုကလွဲပြီး မရှိ။ အဖေကလည်း လူကို အလွတ်မပေး ခိုင်းသည်မို့ သူ့မှာ မလူးသာ မလွန့်သာ။ ဒါပေမယ့် ထိုင်ဝမ်မှာကျန်ခဲ့တဲ့ Lin Zi Hong ကတော့ သူ့ဆီဆက်သွယ်သင့်တယ်မဟုတ်ဘူးလား။
"Yusuke သား အလုပ်အပေါ်သေချာ အာရုံစိုက်သင့်တယ်"
"Tō San ဘာလို့ သားကိုပဲလိုက်ကြည့်ပြီးပြောနေတာလဲ ပြီးတော့ ဒီအလုပ်တွေကို တကယ်စိတ်မဝင်စားဘူး"
"Yusuke!! ငါ မပြောချင်ပေမယ့် ငါ့လိုအပ်ချက်ကြောင့် အမြဲ မင်းကို တစ်ထစ်လျော့ပေးခဲ့တယ် အဲ့ဒါတွေက ဒီလိုအာခံဖို့မဟုတ်ဘူးနော်... ငါ့မေတ္တာ စေတနာကို နားလည်အောင်လို့!!"
"Tō Sanရဲ့ မေတ္တာတွေစေတနာတွေကို စော်ကားနေတာတော့မဟုတ်ပေမယ့် အတင်းလိုက်ပြီး စိုးမိုးနေတာ မကြိုက်ဘူး အလုပ်ကိုလည်း သားအဆင်ပြေတာပဲ စိတ်ဝင်စားတာပဲ လုပ်ချင်တယ်"
သူတကယ် စိတ်ပင်ပန်းသည်။ Lin Zi Hong ဆီက အဆက်အသွယ်မရတော့ သူ့စိတ်တွေ ဘယ်လိုကြည်လင်နိုင်မလဲ။ တကယ်တော့ ထိုင်ဝမ်ကိုလာတာ သူ Tō San နဲ့ပြေလည်အောင်နေချင်လို့ ဒါမှလည်း သူတို့ကိစ္စတွေမခက်ခဲမှာလို့တွေးမိလို့ ။
ဒါပေမယ့် ခုတော့လည်း ဘာထူးလဲ။ သူတို့ကြားထဲ ဘယ်သူမှမရှိသေးတာတောင် သူတို့က ခက်ခဲနေတုန်းပဲ။ Lin Zi Hong က အမြဲ ဘေးမှာရှိပေးနေရင်ကောင်းပြီး ဘေးမှာရှိမနေရင် မေ့သွားတတ်တာလား သူ့ကို။
"အေး အဲ့ဒီ မင်းစိတ်ဝင်စားတာက ဘာလဲ"
"သား Game Company ထောင်ချင်တယ် သူငယ်ချင်းတွေနဲ့"
"မင်းဘာသာတစ်ယောက်ထဲစဖို့ အစွမ်းအစမရှိလို့လား"
"Tō San နဲ့ သားနဲ့ လောင်းကြေးထပ်မလား "
"ဟားဟား မင်းက အရမ်းရယ်ရတယ် Yusuke မင်းအဖေကို စိန်ခေါ်ရဲတယ်ပေါ့"
"သားအလုပ်မှာသာ အောင်မြင်ခဲ့ရင် ဘာလုပ်လုပ်ခွင့်ပြုပေးရမယ်!!"
"ဟုတ်ပြီ ငါကကျ ဘာပြန်ရမလဲ"
"Tō Sanဖြစ်ချင်တာ တစ်ခုကို ဖြည့်စီးပေးမယ်"
Advertisement
"တစ်ခုပဲလား !!"
"စီးပွားရေးလုပ်လာတာ သဘာရင့်နေတဲ့သုက ခုမှစမယ့် ဝါးနုလေးနဲ့ ကြေးအတူတူထပ်ချင်နေတာတော့ မဟုတ်ဘူးမလား"
"ဟား ကောင်းပြီကွာ ဒါဆို အချိန် ၂နှစ်ပေးမယ် အဲ့ဒီနှစ်နှစ်အတွင်း မင်းတို့အလုပ်က ၃၀%ထိ တိုးတက်လာရင် မင်းတို့အောင်မြင်ပြီလို့ သတ်မှတ်ပေးမယ်"
"အိုကေ ၂နှစ်က စမယ့်နေ့ကနေစတွက်မှာနော် "
"ဒါပေါ့"
_______________________________
အဖေနဲ့ အပေးအယူကိစ္စပြောပြီးတော့ သူ့ရဲ့ပထမဆုံးအလုပ်က Richard ကို ဖုန်းခေါ်တာပင်။ တစ်ခါတစ်လေကျ သူ့ရည်းစားက Richard လားဟုတောင်တွေးမိသည်။ သူတို့တွေ စိတ်တူလွန်းပြီး Richard က အမြဲ သူ့ဘက်မှာရှိနေပေးလို့ပင်။
"Richard"
"ငါ့ကောင်ဂျပန်ရောက်ပြီးခုမှပဲဆက်တော့တယ်"
"ဟုတ်တယ် ခုလည်း အရေးတကြီးပြောစရာရှိလို့"
"ဘာတုန်းကွ"
"ငါတို့ Game Company စရအောင် အတတ်နိုင်ဆုံး မြန်မြန်လေး"
"သေချာပြီလား Evan ကတော့ ခုရှိနေလို့ Lin Zi Hong ပါ ခေါ်ပြီး တိုင်ပင်ကြမလား"
"အင်း ခေါ်လိုက်"
သူ့ဆီ နှစ်ရက်နဲ့ တစ်ပိုင်း အဆက်အသွယ်မလုပ်ခဲ့တဲ့ ရည်းစားဆီက ပထမဆုံးထွက်လာမယ့် စကားသံကိုမျှော်လင့်နေမိသည်။
"Zi Hong က မအားသေးလို့ ညကျမှတဲ့"
"အိုကေလေ သူက ဘာတွေအဲ့လောက်ရှုပ်နေတာလဲ"
"သူ့မား Company ကိစ္စဖြစ်မယ်ကွ ဒီကောင် ပျားတုပ်နေတယ် မင်းကနားလည်ပေးလိုက်ပါဦး"
"အေးပါ ဒါဆို ညကျ သူအားသွားရင် ဂရုထဲခေါ်လိုက်လို့"
______________________________
ညကျ ပေါ်တော်မူ Lin Zi Hong တစ်ယောက် သူ့ကိုအသံမက်ဆေ့ပို့လာပါတော့တယ်။
"ပေါင်ပေ့"
"ဪ ဘယ်သူလဲမှတ်တာ Lin Zi Hong ပဲဗျ ဟုတ်ကဲ့ အမိန့်ရှိပါခင်ဗျ"
နောက်ထပ်ပို့လာတဲ့ အသံဖိုင်မှာ စကားအသံဘာမှမပါပဲ ရယ်သံသဲ့သဲ့သာကြားလိုက်ရသည်။ ရည်းစားဆိုတာလည်း အရမ်းထူးဆန်း ရယ်သံလေးကြားလိုက်တာနဲ့တင် သူ့မှာ စိတ်ကြည်ပြီး စိတ်တောင်မဆိုးချင်တော့။
"ဘာရယ်တာလဲ"
"ပေါင်ပေ့ မင်း ဒီနှစ်တွေထဲမှာ တအားချစ်ဖို့ကောင်းလာတယ် စိတ်တော့မကွက်ဘူးမလား ကိုယ်တို့ ကတိပေးခဲ့ကြတယ်လေ ကိုယ်အလုပ်တွေနဲနဲများနေလို့ပါ"
"မကွက်ဝံ့ပါဘူး ခင်ဗျ"
"အလုပ်ကိစ္စ နေ့လယ်က Richardဆီက နည်းနည်းကြားလိုက်တယ် တကယ်ကြီးလား"
"အင်း မင်းသဘောကရော ဘယ်လိုလဲ" ဟု အစပြုကာ လျှို့ဝှက်ချက်တောင်မထားတော့ အလောင်းအစားကိစ္စအထိ သူဖွင့်ပြောလိုက်သည်။
Lin Zi Hong ကတော့ စိုးရိမ်နေတယ် ဒီကောင်လေးက ဇွတ်တရွတ်နဲ့ လုပ်ချင်ရာလုပ်တတ်တာ သူသိတာကို ...
"အဲ့ဒီလောက်ထိ ရှိလို့လား Yu Teng"
"ငါတစ်ယောက်ထဲမှ မဟုတ်တာ 4ယောက်အတူ စုမှာပဲကို ... ရှိသလောက်အကုန်ထည့်မလို့တွေးထားတယ် Tō Sanဆီက တပြားတချပ်မှမယူဘူး ငါက သူဌေးလေးဆိုတာ မင်းမေ့နေတာလား"
"ကိုယ်ကတော့ ဒီတစ်ခုနဲ့တင် တိုင်ပတ်နေလို့ အဆင်မပြေလောက်ဘူး Yu Teng"
"အိုက်ယား ကောကောကလည်း ဘာစကားတွေပြောနေတာလဲ ကောကောချစ်သူကောင်လေးပါတာ ကောကောပါတာပဲပေါ့ ဒီအတိုင်း အကြံဉာဏ်နဲ့ ဘေးမှာရှိနေပေးဖို့ပဲ မျှော်လင့်တာပါ ခင်ဗျာ"
"ကိုယ်က အမြဲ မင်းဘေးမှာရှိပါတယ် ... မင်းစိတ်ပူပင်သောကတွေမများနဲ့နော် သူဌေးလေးဘာဖြစ်ဖြစ် ဒီကောကောကို မှီခိုလို့ရအောင် ကြိုးစားနေပါတယ် မင်းလုပ်ချင်တာ အကုန်လုပ်"
"အိုက်ယား ဒါ Lin Zi Hong ရော ဟုတ်ရဲ့လား "
"Yang Yu Teng ရဲ့ ချစ်သူကောင်လေး Lin Zi Hong မှန်ပါတယ်ခင်ဗျ"
နှစ်ယောက်သား ပြိုင်တူရယ်မိရင်း အဲ့ဒီနေ့က ရှေ့ဆက်ရမယ့် အလုပ်တွေအကြောင်းသာ လေးယောက်သားတိုင်ပင်ခဲ့ကြသည်။ အရင်က အခြေအနေတွေနဲ့ ယှဉ်ကြည့်မိတော့ သူတို့တကယ်ကို ကြီးပျင်းလာခဲ့တာပဲဟု သတိထားမိရသည်။
ဒီလိုနဲ့ ဘွဲ့မရခင် ခြောက်လလောက်အလိုမှာ လုပ်ငန်းတစ်ခုစဖို့ ဖြစ်လာခဲ့တယ်။ ကောင်းတာ တစ်ခုက လုပ်ငန်းကို အကြောင်းပြပြီး သူက ထိုင်ဝမ်ကို တရားဝင်ခေါင်းမော့ပြီး သွားလို့ရတာပဲ။ သူ့အဖေကတော့ မင်း လုပ်ငန်းအကြောင်းနားလည်အောင် ဒီက ကုမ္ပဏီကိုပါ လာဆိုလို့သာ သွားလိုက် ပြန်လိုက် လုပ်နေရတာ။ အဝေးချစ်သူဘဝကို ၂လအကြာဖြတ်သန်းပြီး အချစ်ရှိတဲ့ ထိုင်ဝမ်သို့ သူပြန်တော့ သူ့ကောင်လေးက လာစောင့်ကြိုပေးသည်။
၂ပတ်အကြာ မတွေ့ရတာမို့ ဘယ်လောက်လွမ်းဆွတ်နေလဲမသိ မြင်တာနဲ့ Lin Zi Hong ပေါ် ခုန်တက်မိသည်။
"အိုက်ယား ပေါင်ပေ့ ဘယ်လောက်စားထားလို့ ဝက်လေးဖြစ်လာတာလဲ"
"မင်းကမှ ဘာလို့ပိန်သွားတာလဲ"
"ဝက်လေးကို လွမ်းတာကို အလုပ်တွေကလည်းများပြီး အားသွင်းပေးမယ့် ဝက်လေးကလည်းရှိမှမရှိတာ"
"မင်း ပလီပလာတွေသိပ်ပြောတတ်တဲ့ ကောကောပဲ"
"ဟားး ရုံးခန်းကို ပထမဆုံးသွားကြည့်ချင်လား ပေါင်ပေ့ Richardတို့ ရှိနေလောက်မယ်ထင်တယ်"
သူတို့ရဲ့ လုပ်ငန်းက ပထမခြေလှမ်းအနေနဲ့ ရုံးခန်းလေး ဖြစ်လာပြီပဲဖြစ်တယ်။ Game ကိုတော့ တစ်ယောက်တစ်ခု 3ခု ရေးဆွဲနေဆဲ ကာလပေမယ့် အလုပ်ပီသချင်တာကြောင့် ရုံးခန်းပြင်ဆင်လိုက်ကြသည်။ သီးသန့်သဘောမျိုးမဟုတ်သေးပေမယ့် Evan နဲ့ Richard တို့ အတူတူနေဖို့ စုဝယ်ထားတဲ့ Apartment ဖြစ်တာမို့ ခုထိတော့ သူတို့အဆင်ပြေနေသေးသည်။
"မကြည့်ချင်ပါဘူး Lin Zi Hong နားမှာ ကော်လိုကပ်နေမှာ"
"အာ ဂျပန်မှာ flirt နည်းတွေ လေ့လာခဲ့တာလားကွာ "
"ဘာလဲ မနေရဘူးလား"
"မပြောဝံပါခင်ဗျာ အိမ်မှာ ကိုယ်နေ့လယ်စာ ပြင်ခဲ့တယ် ပေါင်ပေ့ စားမယ်မလား"
"အင်း မင်းကအကောင်းဆုံး ဒီနေ့တနေကုန် ငါနဲ့ပဲနေနော်"
"အလုပ်တွေအားလုံးရှင်းပြီး သခင်လေးနားမှာ နေဖို့ အဆင်သင့်ပါခင်ဗျ"
ခွဲခွာခဲ့တဲ့ ရက်တွေက သူတို့ကိုအချစ်ကို ပိုလေးနက်စေတယ်။ သူ့ဘဝမှာ ထိုင်ဝမ်သို့လာပြီး Lin Zi Hong သူငယ်ချင်းလုပ်ပြီး Zi Hong ကို ချစ်မိတာလောက် မှန်ကန်တဲ့လုပ်ရက်မရှိတော့...
~tbc
Yours' Mina 🌟
Advertisement
- In Serial51 Chapters
DDLG Academy: Double Life
Forced upon her to attend Ravenwood Academy, a special school for Ddlg/Mdlb, Carmen Aguilar is more than unhappy when she finds out that she has to attend there and be a little for someone else. Coming from a background where her parents married over a Ddlg relationship, both her parents thought it was a good idea to enroll her so she can find the "one". She's mad but still goes to attends so she can make both her parents happy and proud.Zane Black the son of the headmistress of the school and soon to be the heir of the Black fortune. His parents too got together through a DDLG academy and got together. Zane is known to be serious but with his little, he's always a bundle of joy. But now there's something no one knows about Carmen, she's living a double life. In the daytime, she's a little, but when nighttime hits she's one of the most popular faceless gaming streamers there is. What happens when Zane chooses Carmen to be his little? Will he be able to tame her and make her enjoy being his little? Or will she dismiss him and just play this whole thing off as if it was another game to her.
8 206 - In Serial21 Chapters
Royally Accepted
Vampires and werewolves have never gotten along. In fact they hate each other. But to Erin it's just a dispute that has lost it's meaning since it began all those hundreds of years ago.But when she is suddenly accused of doing something inexcusable and banished from her pack, the same pack that had took her in when no one else would, it is the vampires that show her mercy.She soon finds out that it is not the vampires in the wrong and makes it her business to prove it.Follow Erin as she meets unlikely friends along the way meeting the man she is destined to be with and finally finding a home and family.Cover by YourFavouriteGal
8 84 - In Serial48 Chapters
her dark lycan
| complete & edited |"screw, screw this, I'm rejecting you," she hissed through clenched teeth.Her hands clenching to fists by her side, her chocolate brown eyes flashing with anger.His eyes darkened upon her outburst, the ocean blue of his left eye turning black, while simultaneously the green of his right eye that had gold specks surrounding the pupil started to dim, the darkness taking over, both orbs turning black.His Lycan was trying to push through, her announcement of rejecting him didn't sit well with his Lycan, who was trying to take control and mark her, to make her his. Forever."I Venus Harrison, reject you Dante En-" her statement got cut off by a pair of warm and firm lips over hers.Sparks flew upon their touch, as he moved his lips against hers, growling when she wouldn't open her mouth for him, he squeezed her derrière in his rough hands and forcefully pushed his tongue into her mouth for it to clash with hers.--------------------------------------------------------------Venus Harrison was on the run, trying to find a pack to settle into after her old pack Blood Moon was destroyed by the Dark Crescent pack. She only wanted to live as a normal werewolf and escape her abusive past.Dante Enzo Salvatore is the only lycan left and the Alpha of the biggest and fiercest pack ever known. Cold and ruthless, Dante had no intentions of ever finding his mate, he didn't want one.But the plans of both change when Venus stumbles into Dantes pack, only to find they both were mates.Despite the shadows lurking in the corners, will they learn to accept and love each other?Or will they go up in flames?#1 in dominion 10/4/19#1 in family secrets 22/9/19mature content and swearing, read at your own risk
8 421 - In Serial36 Chapters
Dear Bestie..( Completed)
" Actually , all the strangers we meet in life are not really strangers" - When I came across this quote, I grinned .. When I felt it firsthand , I said -" yea.. It's true. At least to some extent.." "Hai!! I am Suman Tiwari.. A south Indian girl from a very conservative family.. Wanna know why I am wondering with this particular quote? Read ahead ..I promise , this isn't too lengthy or tedious"Have a good read .
8 204 - In Serial38 Chapters
Growing Pains
-A soulmate story-Sam and Eli are best friends, they have been for years and they tell each other everything. Well, almost everything. Elias Grey has felt every cut, bruise and fracture that Samuel Rivera has received for eleven years. He has no idea why or how, but he doesn't care, just as long as Sam never finds out. The connection between them is anything but normal and everyone is convinced that there is more between the two of them than meets the eye. But Eli's affections are strictly platonic, or at least, he thinks they are.Fate ties us to our future. Could there be more than just pain keeping Sam and Eli tied to one another?
8 361 - In Serial40 Chapters
Melody's Muse ✓
[ONC 2021 Honorable Mention & Round 2 Ambassador's Pick][Featured on @StoriesUndiscovered, @Contemporarylit, @teenfiction]"There's something about her that makes her impossibly difficult to stay away from. It's as if she has her own gravitational pull, and I'm hopelessly caught in it." Cole Flynn develops a newfound appreciation for classical music after reluctantly agreeing to attend a concert. Charmed by the talents and beauty of Melody Aria, he finds himself immediately intrigued and drawn to her. He quickly finds out his smooth talk and good looks won't get him far, and is determined to find a way to her heart.A famous piano prodigy, nineteen year old Melody is an enigma to the world. She's been hiding from the public eye for years. No pictures of her from the last decade exist online, she rejects all interviews, and most of her fans have never even heard her voice. All with no known explanation. That's just how she likes it, until one night, she finds an unwelcome visitor outside her door who isn't willing to give up without a fight.#1 - Pianist#1 - Music#1 - Piano#2 - College#2 - Musician#5 - Lovestory#5 - Young Adult#6 - Teen Fiction#8 - Enemies to Lovers#11 - Celebrity#18 - Love#23 - RomanceAwards1st place🥇 - The Seasonal Contests 20211st place🥇 - The Dream Awards 20211st place🥇 - Luna Awards 20211st place🥇 - The Golden Butterfly Awards2nd place 🥈 - Indigo Awards3rd place 🥉 - Savant Awards 20213rd place 🥉 - Flawesome Awards3rd place 🥉 - Bewitched Awards
8 84

