《Best Friend Mean What?? (Completed)》2 (Zawgyi)
Advertisement
အပိုင်း (၂) - ကလေးဆန်တဲ့ Lin Zi Hong
Yu က စကားနည်းတဲ့ ရေခဲတုန်းလို့ခေါ်ကြပေမယ့် သူအတွေးတွေများမှန်းတော့ သူ့သူငယ်ချင်းတွေသိကြမှာမဟုတ်ဘူး။ Zi Hong ကို တိတ်တိတ်လေးချစ်လာခဲ့တာ ၁နှစ်ပြည့်ပြီ။ တိတ်တိတ်လေး တစ်ဖက်သတ်အချစ်ဆိုပေမယ့်လည်း သိပ်ပင်ပန်းနာကျင်ရတယ်မခံစားရပါဘူး Lin Zi Hong က သူ့ကို ဂရုဘယ်လောက်တောင်စိုက်ပေးလိုက်သလဲ။ ဒါတွေကြောင့်ပဲ သူက Lin Zi Hongဆီမှာ နစ်မြှပ်သထက် နစ်မြှပ်နေရတာလားမသိပါဘူး
"Lin Zi Hong , Yang Yu Teng ငါတို့ နှစ်ယောက်မနေ့ညက ပြောမိကြရင်းနဲ့ ခရီးသွားဖို့ စဉ်းစားမိကြလို့ ငါတို့ ဒုတိယနှစ်တောင်ရောက်နေပြီ ဒီ first semesterပြီးရင် ရက်ရှည်ခရီးထွက်ကြမလားလို့"
Richard အပြောကို သူလည်း ခေါင်းညှိမ့်ရင်း
"ငါကတော့ အဆင်ပြေတာပေါ့ ဒါပေမယ့် Yang Yu Tengကိုပါအောင်ခေါ် သူမပါပဲတော့ ငါခွေးစာတွေမစားချင်ဘူး"
Lin Zi Hongတစ်ယောက် Yuကို မဖြစ်မနေခေါ်ရန် ဘာမှမဟုတ်တဲ့အကြောင်းပြချက်တွေကို လွှဲချမိပြန်ပြီ။
"အောင်မာ တနေ့တနေ့ ခွေးစာတွေစားနေရတာဘယ်သူလဲ ငါတို့အတွဲက ပုံမှန်ပဲ မင်းတို့ကသာ ပုံမှန်မဟုတ်တာ အတွဲတွေလည်း မဟုတ်ပဲ ခွေးစာတွေပဲကျွေးနေတာ မင်းတို့"
"ခရီးသွားမယ့်ကိစ္စကို ငါ့ကိုအတင်းခေါ်ရမယ်လို့ မင်းတို့က သတ်မှတ်လိုက်ကြတာလား ငါမလိုက်ဘူးပြောစရာလား"
Zi Hong - "ဪ သခင်လေးကကျောင်းပိတ်ရက်ကို တစ်ခုမဟုတ်တစ်ခု လေ့လာနေမှ သင်တန်းတက်ရမှ ဆိုတော့ မထင်မိလို့ပါဗျ"
Evan - "ကဲ ဒါဆို နေရာကို ဆုံးဖြတ်ရအောင် မင်းတို့သွားချင်တဲ့နေရာရှိလား"
Yu - "အင်း ငါကတော့ ကမ်းခြေတို့လိုမျိုး သာသာယာယာဖြစ်မယ့်နေရာ"
Zi Hong - "ငါက ဘယ်ဖြစ်ဖြစ်"
Richard - "ဒါဖြင့် Kenting National Park ရော မနေ့ထဲက ငါတို့ဟိုဟိုဒီဒီစဉ်းစားထားတာ အဲ့ဒီကိုဆို HengChunမြို့နဲ့လည်း နီးတယ် HengChunမှာ Evan အဖွားတွေရှိတယ်တဲ့"
Zi Hong - " မသိရင် သူ့အဖွားတွေရှိနေသလိုပဲ ပြောပုံက "
Richard - " Evan အဖွားက ငါ့အဖွားပဲပေါ့ မင်းနားမလည်ဘူးလား လုပ်မနေနဲ့ Okတာလား မOkတာလား"
Zi Hong - "ဪ ခွေးစာတွေ ခွေးစာတွေ ဟိုအကောင်ကလည်း တပြုံးပြုံးနဲ့ ကျေနပ်နေတာ ဟားဟား"
Yu - "ငါကတော့ အိုကေတယ်"
Zi Hong - "ငါလည်းမအိုကေစရာမရှိ နေစရာရော စားစရာရော အလကားဆိုတော့ ပိုအဆင်ပြေတာပေါ့ "
Richard - "အေး ဂုန်းဆင်းဖို့ပဲ တွေးနေတဲ့ကောင် "
Zi Hong - "အဖြစ်သည်းမနေနဲ့ မင်းကျွေးရတာလည်းမဟုတ်ဘူး မင်းသူ့မိန်းမဖြစ်တဲ့နေမှ ဒီလိုပြော ဟုတ်ပြီလား"
Richard - " Fu*k you ဘာမိန်းမလဲ "
Evan - "ကဲ ဒါဆို ငါအဖွားတို့ကို ကြိုပြောထားမယ် ဒီကျောင်းပိတ်ရက်လာမယ်လို့ မင်းတို့လည်း အိမ်ကိုပြောထားလိုက်တော့ "
Lin Zi Hong နဲ့ Yang Yu Teng - OK
.....................................................................
စာမေးပွဲမြန်မြန်ပြီးချင်နေပြီ သူငယ်ချင်းတွေနဲ့ ပထမဆုံး ခရီးကို သူစိတ်လှုပ်ရှားနေတယ်
အဓိကက Lin Zi Hongလည်းပါမှာမို့။ ခရီးမှာ ဟိုအတွဲတွေကို ခွေးစာပိုကျွေးရမည်ဟု လူယုတ်မာအတွေးတွေနဲ့ Yu Tengတစ်ယောက် ပြုံးပျော်နေပြီ။ ပါးပါးကလည်း သူ့ကိုအလိုလိုက်ချင်တာမို့ Ok လိုက်တာဆိုတော့ သူဒီခရီးတော့ စိတ်လွတ်လက်လွတ်ပျော်ရပြီ။
Will you be my love ~~~ (Ring)
"အင်း ပြော"
"Yu Teng ငါ စာတွေဆက်လုပ်လို့မရတော့ဘူး"
Lin Zi Hongစကားကြောင့် သူထိတ်ခနဲဖြစ်သွားမိသည်။
"ဘာလို့လဲ ဘာလို့လဲ "
"ခရီးထွက်ရမှာတွေးပြီးရင်ခုန်နေတာ"
"ဪ ဘာများလဲလို့ အချိန်တန်သွားရမှာပေါ့ ဒီအချိန်စာလုပ်လေ စာမလုပ်ရင် မင်း ငါ့အောက်ရောက်သွားမှာနော်"
Yang Yu Tengနှလုံးသားမရှိလိုက်တာ။ သု့အပျော်တွေကို ဖျက်စီးနေပြန်ပြီ။
"ပူမနေနဲ့ ငါက ဘယ်နေရာဖြစ်ဖြစ် မင်းအပေါ်ကပဲ အိုကေ?"
"....."
"Yaung Yu Teng မင်း ငါနဲ့ဖုန်းပြောနေတာကို အာရုံမရှိပဲ ဘာလုပ်နေတာလဲ စာလုပ်နေတာလား ဒါဆိုလည်း ဒါပဲကွာ "
စိတ်ဆိုးမာန်ဆိုးနဲ့ ဖုန်းချသွားတဲ့ Lin Zi Hongကြောင့် သူခေါင်းသာ အသာခါယမ်းမိသည်။ ဘယ်သူကအကြီးလဲ? အမြဲစိတ်ကြီးပဲ Lin Zi Hong ကလေးဆန်လိုက်တာ...
~tbc
Yours' Mina 🌟
Note :
* ခွေးစာ ဆိုတာ Romanticဆန်တဲ့အပြုအမူတွေမျိုးပါ
ခွေးစာကျွေးတယ်ဆိုတာကတော့ လူရှေ့သူရှေ့ Roပြတယ် ချစ်ပြတယ်ပေါ့
ခွေးစာတွေမစားချင်ဘူးဆိုရင်တော့ မနာလိုမဖြစ်ချင်ဘူး၊ မင်းတို့ ရိုတာတွေမကြည့်နိုင်ဘူးလို့ ပြောချင်တာပါ *
သိတဲ့သူတွေလည်းသိကြမှာပေမယ့် မသိတဲ့သူတွေအတွက်ပါ
Advertisement
- In Serial6 Chapters
Rescued - Jungkook X Reader - COMPLETED
an abusive father. a broken past. you take a risk and escape from it all but you land yourself in a worse positionone night, everything changes when one of the worlds most feared mafia leaders Jeon Jungkook rescues you. how will you cope? have you really been RESCUED?a story of love, suspense and sadnessStarted - 16/10/18Completed - 06/12/18highest rankings : #1 - Rescued#2 - Jungkook#1 - New Beginnings#2 - Pregnancy#2 - Fluff
8 183 - In Serial6 Chapters
Februaship (Multishipper Challenge)
A collection of short stories featuring different ships from videogames, series and movies! Gay, Straight, Lesbian, Polyamory and more! Hope you like it! :D Here's a list with the ships I already wrote about: 1.- Higuel (MxM) 2.- McGenji (MxM) 3.- Flynzel (MxF) 4.- Stucky (MxM) 5.- R76 (Friendship MxM) 6- Tadahiro (Broship) Please note that all characters here will be over 18 years old unless specified otherwsie, but those who are, won't be involved in romantic stuff, just good and cute friendship :3
8 140 - In Serial6 Chapters
Secrets | NaruGaa
Gaara had feelings for Naruto ever since the Chunin exams. Will he ever get the chance to tell him?
8 108 - In Serial49 Chapters
VENGEANCE INTO LOVE ( Toshiro Hitsugaya x Reader(fem) (DISCONTINUED)
(Y/n) Yamamoto the only daughter of Head Captain Yamamoto, who disappear 5 years ago with her mother due to the attack by Aizen Trying to kill or capture the biggest threat....that was (Y/n) Head Captain Yamamoto's daughter.......The person head captain order toshiro to find at all costWhen they met what love story will it be..... Found out😆😆I didn't expected it to be a long story.******** Dear reader's This is my very first story i made so forgive me for the wrong spelling and word that i used....... For the record i don't own bleach T.Y ❤❤❤One more thing while the story goes u will be the same age as toshiro...... even your father is Head Captain Yamamoto is an elder or old in the real story😜😜 HOPE U UNDERSTAND AND PLS NO HATERS🙏🙏
8 108 - In Serial30 Chapters
Sweetly Possessive
One night stand changes everything in both their lives...=•=•=•Lawrence Basma is the stuck up CEO of Basma enterprises, who sleeps with any and every woman he wants, due to his handsome and sexy look, women are at his mercy. Handsome and rich with scars that are yet to heal...=•=•=•Trina Lackley is a 21 year old graduate, smart, beautiful Kind and lovely... She meets Mr.Basma and sleep with him on the same day, something unlike her...Read the book to find out more...
8 132 - In Serial45 Chapters
My brother's girlfriend
လီလီ: "လီလီကကိုကြီးရဲ့ကောင်မလေးကိုလုတာမဟုတ်ပဲနဲ့ကိုကြီးရဲ့ကောင်မလေးကလီလီ့ကိုရွေးချယ်တာလေ"ခင်လေးနွယ်: " နင်တို့ခင်လေးနွယ်ဆိုတဲ့နာမည်ကိုမကြားဖူးခင်ကတည်းကလီလီနဲ့ငါကလက်ထပ်ပြီးနေပြီးလေ" ကိုစောခဲ : "ငါမင်းကိုအဝေးကေနငေးကြည့်နေရလဲအဆင်ပြေတာမို့လို့ေငးကြည့်ခွင့်တော့ပေးပါ "
8 137

