《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(1) စွန့်ပစ်နယ်မြေသို့ ဝင်ရောက်
Advertisement
Unicode
ကြောက်စရာအရာ၊ အနက်ရောင်ပုံရိပ်၊ မုန့်ချုံ့ကွမ်း
ရွှီဖျင် မျက်လုံးဖွင့်လိုက်သည်။
အမှောင်ထု၏ ထူထပ်သော ကန့်လန့်ကာသည် သူ့အား မပျော်ဝင်နိုင်အောင် ဝိုင်းရံထားပြီး ထူးဆန်းသော ငါးအရသာသည် လည်ချောင်းတစ်လျှောက် စိမ့်ဝင်လာသည်။
သူအိပ်နေကျ ကုတင်ပေါ်တွင် လဲလျောင်းနေတာမဟုတ်။
ရွှီဖျင်သည် သူ့အောက်နား တဝိုက်ကိုစမ်းရန် လက်ကို ဆန့်ထုတ်လိုက်သောအခါ သူ့လက်ဖဝါး စိုစွတ်လာသည်။ မထင်မှတ်ဘဲ၊ သူသည် ရေတိမ်တိမ် ရေခဲကန်ထဲတွင် လဲလျောင်းနေသည်။ ရေကန်သည် လက်ချောင်းတစ်ခြမ်းမျှသာ နက်သော်လည်း အရိုးများထိအေးစက်စေပြီး အာရုံခံစားမှုသည် အိပ်မက်ကဲ့သို့မဟုတ်ဘဲ အမှန်တကယ်လိုခံစားရသည်။
Swoosh—
သိုးအုပ်လို ဖြူဖွေးနေသော မျက်စိကျိန်းစေသည့် အလင်းရောင်သည် ရွှီဖျင်၏ မျက်လုံးများရှေ့တွင် ရုတ်တရက် လင်းလက်လာသောကြောင့် နာကျင်စွာ အလင်းရောင်ကို ပိတ်ဆို့ရန် လက်ကို မြှောက်လိုက်သောအခါ အသံတိုးတိုးလေးပေါ်လာသည်။ "...မင်းရောက်လာပြီပဲ။"
သူ့ရှေ့ကို ဓားမြှောင်တစ်ချောင်းကျလာပြီး ရေသံနဲ့ဖုံးသွားသလို တိုးလှတဲ့ အမျိုးသားတစ်ယောက်ရဲ့ အသံထွက်လာသည်။ "မင်း သူ့ကို သတ်ပစ်ရမယ်"
ရွှီဖျင်: ".....ဘယ်သူ?"
အမျိုးသားအသံက “မုန့်ချုံ့ကွမ်း” လို့ ပြန်ဖြေသည်။
ရွှီဖျင်သည် ခေါင်းကိုက်ဝေဒနာ ခံစားနေရပြီး ယခုဖြစ်ပျက်နေသည့်အရာများကို ရှင်းရှင်းလင်းလင်း မစဉ်းစားနိုင်တော့ပေ။
"မုန့်ချုံ့ကွမ်း" ဤနာမည်သည် အလွန်ရင်းနှီးသည်ဟုသာ သူခံစားခဲ့ရပြီး ယခင်က သူကြားဖူးခဲ့သည့်နေရာကို မေ့သွားခဲ့သည်။
ပိုမိုအသေးစိတ်သောအဖြေရရန် သူ၏မေးခွန်းများကို ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သည်- "မင်းက ဘယ်သူလဲ"
ယောက်ျားအသံက “ငါက သုံးလောကရဲ့ အသိဉာဏ်ပဲ" ဟုဆိုသည်။
ရွှီဖျင်:" . . . ”
အသံအနေအထားအရ သုံးလောကရဲ့ အသိဉာဏ်သည် TBရောဂါနဲ့ ဒုက္ခရောက်နေတာ ဖြစ်နိုင်သည်။ အခု သူ့ဆီကနေ အဖြေရဖို့ အခွင့်အရေးကို မဆုပ်ကိုင်ထားရင် ခဏကြာတာနဲ့ အရမ်းနောက်ကျသွားလိမ့်မည်။
ရွှီဖျင်သည် ခေါင်းကိုက်ခြင်းကို သည်းခံပြီး စကားပြောရန် ပါးစပ်ကိုဖွင့်ခါနီးတွင် သူ၏အသံသည် လည်ချောင်းအလယ်တွင် နင်နေသောဝါဂွမ်းလို တစ်ဆို့သွားသည်။
......အခုတော့ မုန့်ချုံ့ကွမ်းက ဘယ်သူလဲဆိုတာ သူမှတ်မိသွားလေပြီ။
အိမ်နီးနားချင်းများနှင့် အခြားပြင်ပလူများ၏အမြင်တွင် ရွှီဖျင်သည် နှာဘူး၊ လူထူးလူဆန်း၊ မိစ္ဆာဒိဌိ အယုံကြည်မရှိသူ၊ မိန်းကလေးတိုင်းကို မျက်စိကျသူ၊ မည်သည့်စာအုပ်မဆိုဖတ်ပြီး၊ မည်သည့်လူမျိုးနှင့်မဆို ပေါင်းသင်းဆက်ဆံတတ်သူဖြစ်သည်။ သူသည် အထိန်းအကွပ်မဲ့ပြီး မထင်သလို ပျော်ပျော်ရွှင်ရွှင်နေထိုင်ကာ တစ်ပြားတစ်ချပ်ရဖို့ သူ့အိပ်ကပ်ထဲကနေ သပ်သပ်ရပ်ရပ်လှည့်ကွက်တစ်ခုလို ဆွဲထုတ်လေ့ရှိသည်။
သူ့အိတ်ကပ်တွေ ပြည့်သွားတဲ့အခါ ကဗျာတစ်ပုဒ်လောက် နားထောင်ဖို့ ဖြုန်းပစ်တတ်သည်။ ဆင်းရဲနေတုန်းလည်း မဝမ်းနည်းပေ။ အဆိုးကနေ အဆိုးဆုံးဖြစ်လာတဲ့အချိန် ကျောက်မီးသွေးကို ရွှေအဖြစ် ပြောင်းလဲလိုက်သလိုမျိုး သူ့ကိုယ်သူသာ ရယ်မောနေတတ်သည်။
ကံကောင်းစွာနဲ့ပဲ သူ့မိသားစုက သူ့ကိုအလွန်အမင်း အလိုလိုက်တဲ့အတွက် ထိန်းချုပ်ဖို့ မကြိုးစားပေ။
တစ်နေ့တွင် ရွှီဖျင်သည် အထူးပင် ငြီးငွေ့လာ၍ ဝတ္ထုတစ်ချို့ဖတ်ကာ စိတ်ဝင်တစားဖြစ်လာပြီး သူ့ကိုယ်ပိုင် တစ်ခုခုကို ရေးရန်အကြံရလာသည်။
မုန့်ချုံ့ကွမ်းသည် ရွှီဖျင်၏ မပြီးဆုံးသေးသော စာမူတွင် ပုံစံကျကျ ပုံဖော်ထားသော ဗီလိန်ဖြစ်သည်။ လှပပြီး တုနှိုင်းမရတဲ့၊ ဆိုးသွမ်းပြီး အကြင်နာမဲ့သူ။
စဉ်းစားကြည့်မှ၊ ဤအမည် မုန့်ချုံ့ကွမ်းသည် သူ၏ အိပ်မက်ထဲတွင် ပထမဆုံး ပေါ်လာသည့် ထူးဆန်းသော တိုက်ဆိုင်မှုလည်း ဖြစ်သည်။ ထိုအချိန်တွင် ရွှီဖျင် နိုးလာသောအခါတွင် သူ့တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး အိပ်မက်၏ တိကျသော အကြောင်းအရာများကို အချိန်အတော်ကြာတွင် မေ့သွားသော်လည်း ဤအမည်ကသာ ကျန်ရှိနေခဲ့သည်။
သူနိုးလာပြီးနောက် သူ့ဘောပင်ကို ကောက်ပြီး ဒီဇာတ်လမ်းကို ရေးခဲ့သည်။ သူ၏ အရေးအသား တိုးတက်မှုသည် အထူးချောမွေ့ခဲ့ပြီး ရက်အနည်းငယ်အတွင်း သူသည် စာလုံးရေ တစ်သောင်းနီးပါးကို ရေးသားခဲ့ပြီးဖြစ်သည်။
ဤဇာတ်ကြောင်းသည် အခြေခံအားဖြင့် ရိုးရိုးသားသား သို့မဟုတ် ဖြောင့်မှန်သော ဇာတ်ကောင်များ အနည်းငယ်သာရှိသည်။ ဇာတ်ကြောင်းသည် ဤကြမ်းတမ်းပြီး အကျိုးမဖြစ်သောမြေပေါ်တွင် ပိတ်မိနေသော ဝိညာဉ်များ၊ နတ်ဆိုးများ၊ သရဲတစ္ဆေများနှင့် မကောင်းဆိုးဝါးများ စုစည်းကာ လွတ်မြောက်သွားပုံအကြောင်းကို ပြောပြထားသည်။
သူ့အဖေက စာမူဖတ်ပြီးတဲ့ နောက်မှာ ဒီလိုပုံပြင်လေးကို ဘာအတွက်ရေးတာလဲလို့ မေးခဲ့သည်။
ရွှီဖျင်က "အပျော်သဘော ရေးတာပါ"
သူ့အဖေက လုံးဝအကူအညီမဲ့နေပြီး သူ့ပညာရေးကို အာရုံစိုက်ဖို့သာ အမိန့်ပေးနိုင်ပေမယ့် ရွှီဖျင်က သူ့စံနှုန်းကို လိုက်နာပြီး ကတိပေးခဲ့ပေမယ့် ဘယ်တော့မှမပြောင်းလဲခဲ့ပေ။
သို့သော် သူ့စာမူ၏ တစ်ဝက်ကိုပင် မပြီးမီ၊ ရွှီဖျင်သည် သူ၏အိပ်မက်ထဲတွင် သုံးလောကအသိဉာဏ်ဆိုတဲ့ သရဲကြောင့် ဤလောကထဲသို့ ဆွဲသွင်းခံခဲ့ရသည်။
TBသရဲက ပြောသည်။ “မင်းကဒီလောကစည်းမျဥ်းကို ပြင်းပြင်းထန်ထန် နှောင့်ယှက်ခဲ့ပြီး အခုတော့ မင်းရေးထားတဲ့အတိုင်း ဒီမြေရိုင်းက နတ်ဆိုးတွေနဲ့ ဝိညာဥ်တွေအကုန် လွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ နေရာတိုင်းကို ဘေးဥပဒ်ဖြစ်စေတော့မယ်။"
ယခင်က ဘေးဖယ်ခံထားရသော ဓားမြှောင်လည်း အပြာရောင် အလင်းရောင်ဖြင့် တောက်ပလာပြီး ရွှီဖျင်ရဲ့ အာရုံကို ဆွဲဆောင်သွားသည်။ "အဲ့လူတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မုန့်ချုံးကွမ်းကို ဒီဓားနဲ့သတ်လိုက်။"
သူ့(XP)ဝတ်ရုံကို ဆွဲမပြီး ညာလက်ကို မြှောက်ပြလိုက်သည်။
သူ၏ ညာလက်သည် လက်ကောက်ဝတ်မှ သေသေသပ်သပ် ဖြတ်တောက်ခံထားရပြီး လက်ကောက်ဝတ်တစ်ဝိုက်သည် သစ်နက်တစ်မျိုးနဲ့ ထွင်းထားသော လက်တုတစ်ခုဖြစ်သည်။
Advertisement
ရွှီဖျင်က သူ့အားနည်းချက်ကို အေးဆေးတည်ငြိမ်စွာ ပြတ်ပြတ်သားသား ထုတ်ဖော်ပြသခဲ့သည်- "ငါ့အခြေအနေနဲ့တောင် မင်းကငါ့ကို လာပို့ချင်နေသေးတယ်ပေါ့၊ ငါ့ကို အလကားသေခိုင်းနေတာနဲ့ မတူဘူးလား?"
ရွှီဖျင်သည် ဝတ္ထုထဲတွင် မုန့်ချုံ့ကွမ်း၏ တိုက်ခိုက်ရေးစွမ်းရည်ကို မည်သို့ပြင်ဆင်ခဲ့သည်ကို မှတ်မိသေးသည်။ သူသည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်မှ မွေးဖွားလာသော သဘာဝလွန်စိတ်ဝိဥာဉ်ဖြစ်ပြီး သူ၏စိတ်နေသဘောထားသည် တောင်ပေါ်ရှိ ရေခဲများနှင့် ဆီးနှင်းများကဲ့သို့ အေးစက်ကာ မည်သူတစ်ဦးတစ်ယောက်၏ အသက်ကိုမျှ အလေးမထားပေ။
တစ်စုံတစ်ယောက်က သူ့ကို တစ်ချိန်က စော်ကားခဲ့ဖူးရင် အပြန်အလှည်အနေနဲ့ မုန့်ချုံ့ကွမ်းက နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခုနဲ့ ကျောကို ရွှင်မြူးစွာ ခြစ်ထုတ်လိုက်ပြီး ကျောရိုးတစ်ခုလုံးကို ဆုတ်ဖြဲကာ အမှုန့်ကြိတ်ပြီး နေ့စဉ်လက်ဖက်ရည်ကို စတိုင်ကျကျတောင် မော့သောက်လိုက်သေးသည်။
TBသရဲသည် ညင်သာစွာတုံ့ပြန်ခြင်းမပြုမီ နှစ်ကြိမ်ချောင်းဆိုးခဲ့သည်– “ဒီလောကမှာ သူ့အာဏာကို ဘယ်တော့မှ မထုတ်ပြဘဲ၊ နာခံတဲ့သူ တစ်ယောက်ပဲရှိတယ်။ သူ့ရဲ့သေမျိုး အသွေးအသားကို မင်းကိုငှားလိုက်မယ်။"
ရွှီဖျင်က ပိုလို့တောင် ရယ်ချင်သွားသည်။ "ဒါဆိုလည်း အဲဒီလူကိုဘာလို့ မုန့်ချုံ့ကွမ်းကိုသတ်ဖို့ တိုက်ရိုက်မမေးလိုက်တာလဲ?"
TBသရဲက ပြန်ဖြေသည်။ “သူက ရက်စက်ပြီး ထိန်းချုပ်လို့မရတဲ့ မုန့်ချုံ့ကွမ်းကို ကောင်းကောင်းလမ်းပြဖို့ ပျက်ကွက်ခဲ့တဲ့ ရှစ်ရှုန်းပဲ။ ရွယ်သူတွေကို သတ်ပစ်ပြီး ဆေးလုံးတွေနဲ့ မှော်လက်နက်တွေကိုလည်း ခိုးခဲ့တယ်။ အခုတော့ သူ၏ ကောင်းကင်ဘုံအရင်းအမြစ်ကို ဖယ်ထုတ်ခံရပြီး သေမျိုးလောကကို နှင်ထုတ်ခံလိုက်ရပြီ။ သူက သာမန်လူတစ်ယောက်ဖြစ်လာပြီး ပြင်ပလောကမှာပဲ တစ်ယောက်တည်းသေဆုံးသွားခဲ့တယ်။
ရွှီဖျင်:" . . . ”
TBသရဲသည် သူ၏ ဆုတ်ယုတ်မှုကို မြင်ပြီး “ဒါဆို မင်းဘယ်လိုထင်လဲ” လို့ အနီးကပ်မေးခွန်းထုတ်ခဲ့သည်။
ရွှီဖျင်က "အလုပ်ဖြစ်မယ်မထင်ဘူး"
ဒီတစ်ခါတော့ TBသရဲ၏အလှည့်ဖြစ်သည်။ "......."
ခဏအကြာတွင် ပြင်းထန်သော စွမ်းအားတစ်ခု ရုတ်တရက် လွှမ်းမိုးသွားခဲ့ပြီး ရွှီဖျင်သည် နောက်ပြန်မလဲမီ သူ့ခန္ဓာကိုယ် ခေတ္တပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။
အဖြူရောင်အလင်းရောင်သည် ချက်ချင်းပျောက်ကွယ်သွားပြီး သူ့ခေါင်းနောက်ဘက်မှ လေတိုက်ခတ်သံ ထွက်ပေါ်လာသည်။ နက်နဲမှောင်မိုက်တဲ့ ဗလာခင်းထဲ ပြန်မရောက်ခင်အထိ တုံ့ပြန်ဖို့ အချိန်မရခဲ့ပေ။
TBသရဲ၏ အသံသည် သူ၏ လျင်မြန်သော နစ်ဝင်မှုကြားတွင် ပို၍ ဝေးကွာလာသော်လည်း၊ ပျော့ပျောင်းသောအသံသည် ခေါင်းလောင်းသံလို ရွှီဖျင်၏ နားစည်ကို စည်းချက်ညီညီ ရိုက်ခတ်နေသည်- "မင်းသူ့ကို မသတ်ရင်၊ တစ်သက်လုံး တောရိုင်းတောကြီးထဲမှာပဲ နေလိုက်တော့။"
သူ့မှာရှိသမျှ အားတွေနဲ့ ရွှီဖျင်က သူ့ဘိုးဘေးတွေကို ကျိန်ဆဲခဲ့သည်။
သူပြုတ်ကျနေတာ ဘယ်လောက်ကြာသွားမှန်းမသိဘဲ ရွှီဖျင်ရဲ့ဗိုက်တွင်းက ထုံကျင်နေပြီး နောက်ဆုံးမှာတော့ ပျော့ပျောင်းတဲ့ အရာတစ်ခုထဲကို နစ်မြုပ်သွားခဲ့သည်။
ဒါပေမယ့် သူလုံးဝမထနိုင်ခဲ့ဘူး။
အကြမ်းဖျင်းခန့်မှန်းချက်အရ ရွှီဖျင်သည် အနည်းဆုံး နာရီဝက်လောက်အထိ လေထဲသို့ကျသွားပြီး ထိုအချိန်တွင် ခမ်းနားထည်ဝါသော မျှော်စင်တံခါးပေါက်တစ်ခုက ဖြတ်သွားကာ ရောင်စုံအလင်းတန်းများက သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ပြီး တောက်ပနေသော ရောင်စုံအလင်းတန်းများက သူ့မျက်လုံးများကို စူးရှစေသည်။
ပထမဆုံး ဆင်းသက်သောအခါတွင် သူသည် မကြားနိုင်သလို မမြင်နိုင်ဘဲ၊ မြေကြီးပေါ်တွင်သာ လှဲလျောင်းနေနိုင်ခဲ့သည်။
ရုတ်တရက်၊ မရေမတွက်နိုင်သော တုန်လှုပ်ချောက်ချားစရာ သတင်းအချက်အလတ်များသည် ရွှီဖျင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
သူ အံ့အားသင့်စွာ အစိတ်အပိုင်းအချို့ကိုသာ ကောက်ချက်ချခဲ့သည်။
သူ့စိတ်ထဲ နစ်မြုပ်သွားသော အပိုင်းအစများသည် မုန့်ချုံ့ကွမ်း၏ ရှစ်ရှုန်းနှင့် သက်ဆိုင်နေပုံရပြီး ထူးဆန်းသည်မှာ သူတို့သည် ရွှီဟုခေါ်သော မျိုးရိုးအမည် နှစ်ခုစလုံးတွင် တူညီသော်လည်း ထိုသူ၏ နာမည်အပြည့်အစုံမှာ ရွှီရှင်းကျီ ဖြစ်သည်။
အပိုင်းအစများသည် ဖရိုဖရဲဖြစ်နေပြီး အခြေခံအချက်အလက်အချို့သာ ပါရှိသောကြောင့် ရွှီဖျင်သည် ၎င်းတို့အား အချိန်အတော်ကြာအောင် ခွဲခြမ်းစိပ်ဖြာကာ အဓိကအချက်အနည်းငယ်ကို ဖော်ထုတ်နိုင်ခဲ့သည်။
ရွှီရှင်းကျီသည် ဖုန့်လင်တောင်၏ ဖြောင့်မတ်တည်ကြည်သော မသေမျိုးဂိုဏ်းတွင် အကြီးတန်းတပည့်ဖြစ်သည်။ မုန့်ချုံ့ကွမ်းသည် ရွှီရှင်းကျီ၏ဘေးတွင် တွယ်ကပ်နေခဲ့သော တောင်ပေါ်သို့ ပြန်ခေါ်ဆောင်လာသည့် ကလေးဖြစ်သည်။ သူ၏ ဝိညာဉ်စွမ်းအား နိမ့်ကျတာကြောင့် မကြာခဏလည်း အနိုင်ကျင့်ခံရသည်။ အကယ်၍ သူ့ဘေးနားတွင် ရွှီရှင်းကျီသာ မရှိပါက အခြားတပည့်များ၏ အနိုင်ကျင့်ခြင်းကို ခံရပေမည်။
သို့သော်၊ မုန့်ချုံ့ကွမ်း၏ စစ်မှန်သောအသွင်မှာ လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်စွမ်းအားများရှိသည့် ဘေးဥပဒ်ဆိုးကြီးတစ်ခုဖြစ်သည်။ သူသည် ဖုန့်လင်တောင်ထဲသို့ နှစ်ပေါင်းများစွာကြာအောင် ဝင်ရောက်နိုင်ရန် အားနည်းသလို ဟန်ဆောင်ကာ ကြီးမြတ်သော မသေမျိုးဂိုဏ်းလေးခုတွင် ထားရှိထားသော နတ်ဘုရားပစ္စည်းများကို ခိုးယူရန် အခွင့်အရေးကို ရယူခဲ့သည်။
နှစ်များစွာကြာအောင် သူသည် ဂိုဏ်းကြီးတစ်ခုစီအတွင်း အဆက်အသွယ်များရရှိရန် ဝီရိယစိုက်ထုတ်ပြီး အမျိုးမျိုးသော အစီအစဥ်များ၊ အကွက်အကွင်းများဖြင့် အတွင်းမှ ပုန်ကန်မှုမီးတောက်များကို လှုံ့ဆော်ပေးခဲ့သည်။ နောက်ဆုံးတွင်၊ သူ့တောင်ပံအောက်တွင် ဖြောင့်မတ်သောတပည့်အုပ်စုတစ်စုကို စုစည်းနိုင်ခဲ့သည်။ သို့သော်၊ နတ်ဘုရားများ၏ ရှေးဟောင်းပစ္စည်းများကို သိမ်းယူရန်ကြံစည်မှု အောင်မြင်မည့်နေ့တွင် သူ၏ ပူးပေါင်းကြံစည်မှုကို ထုတ်ဖော်ခံခဲ့ရပြီး ထိုညတွင်ပင် သူ၏ဆရာကို သတ်ပစ်ခဲ့သည်။ ဤအတောအတွင်း ထူးဆန်းသော အခြေအနေများ ပေါင်းစပ်မှုအောက်တွင် ရွှီရှင်းကျီသည် အကာအကွယ်ဖြစ်လာလေသည်။ သူ့(MCG)အတွက် အပြစ်ကို ခံယူပြီး မတရား အကျဉ်းချခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသည်။
Advertisement
ထို့နောက် ဖြောင့်မတ်သောဂိုဏ်းများကို စင်ကြယ်ပြီးနောက်တွင် မုန့်ချုံ့ကွမ်းနှင့် ဂိုဏ်းခွဲသစ္စာဖောက် အခြားထွက်ပြေးလာသူအချို့တို့သည် ရက်စက်ကြမ်းကြုတ်သော စွန့်ပစ်နယ်မြေထဲသို့ အတူတကွ နှင်ထုတ်ခံခဲ့ရသည်။
စွန့်ပစ်နယ်မြေသည် စိတ်ကူးမယဉ်နိုင်သော အန္တရာယ်များသောနေရာဖြစ်ပြီး ချိုးဖျက်၍မရသော အကျဉ်းထောင်လည်းဖြစ်သည်။
ရွှီရှင်းကျီလည်း ကြံရာပါတစ်ဦးအဖြစ် ရှုမြင်ခံရပြီး သေမျိုးဘဝသို့ လျှော့ချခံခဲ့ရသည်။
မုန့်ချုံ့ကွမ်း ကိုသတ်ဖို့က တကယ်တော့ ရိုးရှင်းတဲ့အလုပ်တစ်ခုပါ။ လုပ်ရမှာက ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေရှိတဲ့ သူ့ရဲ့ နဖူးလယ်က မှည့်နီလေးဆီ ဓားမြှောင်ကို ထိုးဖောက်လိုက်ရင် အဲဒီအတိုင်း အသတ်ခံရမှာပါပဲ။
ရွှီဖျင်က စိတ်ပျက်လက်ပျက်နဲ့ တွေးပြီး မြေပြင်ပေါ် လှဲချလိုက်သည်၊ 'အာချီး၊ ငါရေးတုန်းက ဒီလိုမရည်ရွယ် ခဲ့ပါဘူး။'
ရွှီဖျင်သည် ထူးချွန်သော ပညာရှင်နှင့် အရည်အချင်းများ၊ သူရဲကောင်းများနှင့် အလှလေးများ၊ မသေမျိုးဂိုဏ်းများ၏ အချစ်ဇာတ်လမ်းများကို စိတ်မဝင်စားပါ။ သူသည် သာမာန်နှင့် မတူသည့် ဗီလိန်ဇာတ်လိုက်ရဲ့ ဇာတ်ကြောင်းကိုပဲ ရေးချင်ခဲ့သည်။
တကယ်တော့၊ သူသည် "မုန့်ချုံ့ကွမ်း" အတွက် နောက်ခံသမိုင်းကြောင်းကို ပြုစုဖို့အထိ တွေးတောင်မတွေးခဲ့ဖူးပါ။
ယခုမူ သူ၏ ဇာတ်ကြောင်းမှ မုန့်ချုံ့ကွမ်းနှင့် ဒီကမ္ဘာမှ မုန့်ချုံ့ကွမ်းတို့သည် တူရိယာကြိုးနှစ်ချောင်းကဲ့သို့ မတော်တဆ တစ်ခုနှင့်တစ်ခု ထပ်နေပုံရပြီး၊ သူတို့သည် မူလက ဖြတ်ရန်မရည်ရွယ်သော်လည်း ၎င်းတို့ထဲမှ တစ်ခုကို ဆွဲထုတ်လိုက်မိသောကြောင့်၊ အခြားတစ်ဖက်က ပဲ့တင်ထပ်သံဖြင့် တုန်ခါကာ ဤလောက၏ အစီအစဉ်ကို နှောင့်ယှက်မိသွားတော့သည်။
သူနှင့် "ရွှီရှင်းကျီ" တို့သည် သေမျိုးလောကသို့ နှင်ထုတ်ခံရပြီး သူ၏ ကောင်းကင်ဘုံအရင်းအမြစ် ဖယ်ထုတ်ခြင်း ခံခဲ့ရသောကြောင့် "သုံးလောကရဲ့ အသိဉာဏ်" ဟုခေါ်သောသူက မုန့်ချုံ့ကွမ်းကို နှိမ်နင်းရန် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ယခု ရွှီရှင်းကျီဖြစ်နေပြီဖြစ်သော ရွှီဖျင်သည် သူ့အသိစိတ်ပြန်ဝင်လာကာ လှည့်ကာ ထရပ်လိုက်သည်။ သူ ဂရုမစိုက်ဘဲ လှည့်ပတ်ကြည့်ရင်း သူ့လက်က ပတ်ပတ်လည်က အရာဝတ္ထုတစ်ခုနှင့် ထိတွေ့မိသွားသည်။
သူ ခေါင်းငုံ့ပြီး ကြည့်လိုက်တော့ ဒါဟာ လူရဲ့ဦးခေါင်းဖြစ်ကြောင်း သိလိုက်ရသည်။
ရွှီရှင်းကျီသည် အပြင်းအထန် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သူ့ပတ်ဝန်းကျင်တစ်ဝိုက်တွင် လူသေအလောင်းများနှင့် အရိုးစုများဖုံးလွှမ်းနေကြောင်း သိလိုက်ရသည်။ အများစုသည် နေရာတိုင်းတွင် အနီရောင်နှင့် အဖြူရောင် ကွဲပြားစွာ ပြန့်ကျဲနေပြီး အပိုင်းပိုင်းကွဲနေပုံရသည်။
ရွှီရှင်းကျီ၏ အနံ့ခံအာရုံများက ထိုအသေကောင်များကို မျက်လုံးပြလိုက်သည့်အခိုက်တွင် ပြန်လည်ရောက်ရှိလာသည်။ နံစော်နေသော အနံ့သည် သူ့ခေါင်းကို နာကျင်စေပြီး လည်ချောင်းထဲထိ ပျို့တက်လာသည့်အထိ လွှမ်းမိုးသွားခဲ့သည်။
ကံကောင်းထောက်မစွာ၊ ယခင်က သူသည် ခေါင်းတလားစောင့်ရန် တာဝန်ပေးထားသော အဘိုးကြီးများနှင့် နေထိုင်ခဲ့သောကြောင့် အသေကောင်အချို့ကို မကြောက်ပေ။
သို့သော်၊ နေရာတိုင်းတွင် ပြန့်ကျဲနေသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ပထမဦးဆုံးအကြိမ် ငေးကြည့်နေမိခြင်းသည် ရွှီရှင်းကျီအတွက်ပင် မလွဲမသွေပင် တုန်လှုပ်စရာကောင်းပေလိမ့်မည်။
ရွှီရှင်းကျီသည် ဤမြေရိုင်းတွင် လူများပါဝင်သရုပ်ဆောင်ထားသည့် လူသားစားဇာတ်ဝင်ခန်းများကို ရေးသားထားသော်လည်း ၎င်းသည် “မီးပုံးများအဖြစ် ဖန်တီးထားသော လူ့ဦးခေါင်းခွံများနှင့် ငွေရောင် လူသားအရွတ်များ” ၏ ရှင်းလင်းပြတ်သားသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး စက္ကူဖြူပေါ်ရှိ မှင်စာလုံးများသည် ထိုမျှကြီးမားပုံမပေါ်ပေ။ သို့သော် လက်တွေ့တွင် ရုတ်တရက် ပေါ်လွင်လာခြင်းသည် သူ့သွားများကို တွတ်ထိုးအောင် လုပ်နိုင်စွမ်းရှိသည်။
သူသည် ပျို့အန်ခြင်းကို ကြံ့ကြံ့ခံကာ အလောင်းကောင်များ၏ ကွက်လပ်ကြားရှိ လမ်းကြောင်းမှ တတ်နိုင်သမျှ မြန်မြန် လွတ်မြောက်စေရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
ရွှီရှင်းကျီသည် မူလက ဤအသေကောင်များ၏ ကြေကွဲဖွယ်အခြေအနေကို တစ်ချက်မျှ မကြည့်ချင်သော်လည်း မကြာမီတွင် သူ့ခြေလှမ်းများသည် အမှတ်မထင်ရပ်တန့်သွားကာ အလောင်းများရှေ့တွင် ငုတ်တုတ်ထိုင်ချလိုက်သည်။
နောက်တခဏကြာတော့ သူက ပြန်တည့်မတ်ပြီး တုံ့ဆိုင်းမနေဘဲ စစ်ဆေးလိုက်သည်။
ရွှီရှင်းကျီသည် အသေကောင်များ၏ အပျက်အစီး နေရာသည် အချို့သော သားရဲများ၏ ကိုက်ခဲခြင်းမှမဟုတ်ဘဲ လူသားတို့၏ သွားများ၏ ဒဏ်ချက် များမှဖြစ်သည် ဟု ပိုင်းခြားသိမြင် ခဲ့သည်။
တစ်နည်းဆိုရသော် ဤလူသေအလောင်းများ၏ သင်္ချိုင်းကုန်းသည် အမှန်တကယ်ပင် ဤကြမ်းတမ်းသော စွန့်ပစ်မြေရှိ တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်မီးဖိုချောင်ဖြစ်သည်။
ရွှီရှင်းကျီသည် ဤနေရာမှ ထွက်ခွာမသွားပါက နောက်တစ်ခါ သူ့အလှည့်ဖြစ်လာနိုင်သည်ဟု ခံစားမိသည်။
သို့သော် ဤအကန့်အသတ်မရှိသောမြေရိုင်းတွင် မုန့်ချုံ့ကွမ်း ကိုရှာရန် သူဘယ်သွားသင့်သလဲ?
ဤကိစ္စကို သူတွေးတောနေစဉ်၊ ရွှီရှင်းကျီသည် ရုတ်တရက် ဟိန်းသံကို ကြားလိုက်သောအခါတွင် ခြေလှမ်းအနည်းငယ်သာ လှမ်းနိုင်ခဲ့သည်။
သူလှည့်ကြည့်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော လူသားဆန်သော ဘီလူးတစ်ကောင်အဖြစ်သာ ဖော်ပြနိုင်သည့်အရာကို တစေ့တစောင်း မြင်လိုက်သည်။
လည်ပင်းကနေ အောက်ကိုဆင်းသွားတဲ့ ဘီလူးရဲ့ကျန်တဲ့ ခန္ဓာကိုယ်က သူ့လက်နှစ်ဖက်ကို အစားထိုးထားတဲ့ သင်တုန်းဓားထက်ထက် ဓားသွားနှစ်ချောင်းကိုသာ မေ့ထားလိုက်ရင် ပုံမှန်ပါပဲ။ သို့သော် သူ့မျက်နှာမှာ တစ်စုံတစ်ယောက်က စုတ်ဖြဲထားပြီး ၎င်းကို အလျင်အမြန် ပြန်လည်တပ်ဆင်ထားပုံရသည်။ နှာခေါင်းက နဖူးပေါ်၊ မျက်လုံးတစ်ဖက်က ပါးစပ်နေရာမှာရှိနေပြီး ကျန်မျက်လုံးက လည်ပင်းမှာ စိုက်နေသည်။ ပုံသဏ္ဍာန်ကအလွန် အရည်ပျော်သွားသော ဧရာမ ဖယောင်းတိုင်ကြီးနှင့်တောင် ဆင်တူသည်။
သူသည် မရေမတွက်နိုင်သော အလောင်းများနှင့် သူ့ခြေဖနောင့်အောက်ရှိ သွေးစွန်းနေသော အမြှုပ်များနှင့်အတူ အလောင်းပင်လယ်ကို ဖြတ်ကျော်လာခဲ့သည်။
ရွှီရှင်းကျီသည် ကျယ်လောင်စွာ ကျိန်ဆဲပြီး ရူးသွပ်သွားသလို လျင်မြန်စွာ ပြေးထွက်သွားသည်။
လူသေကောင်များနှင့် သွေးပင်လယ်ကိုဖြတ်၍ ဂရုတစိုက် ဖြတ်နိုင်ခဲ့သည်။ လွတ်မြောက်လာသည်နှင့် သူသည်ဦးတည်ချက်ကို ကျပန်းရွေးချယ်ပြီး ထွက်ခွာသွားခဲ့သည်။
ဘီလူးက ရွှီရှင်းကျီကို သူ့နယ်မြေထဲက မောင်းထုတ်ဖို့ မရည်ရွယ်ထားတာ မဟုတ်တာသေချာပါတယ်။
ရွှီရှင်းကျီသည် တစ်လီနီးပါးပြေးခဲ့သော်လည်း ထိုဘီလူးသည် သူ့နောက်ကို လိုက်နေဆဲဖြစ်သည်။
လူတစ်ယောက်နှင့် ဘီလူးတစ်ကောင်ကြား အကွာအဝေးသည် နီးကပ်လာသည်။
ရွှီရှင်းကျီသည် အလွန်ပင်ပန်းနေသဖြင့် သူသည် အသက်ရှူကြပ်ကာ ဟစ်အော်ရင်း သူ့နောက်မှ အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။ သူ့အကြည့်ကို ငုံ့ကြည့်လိုက်တော့ ဘေးကနေ သူတို့ဘက်ကိုကြည့်နေတဲ့ လူသားဆန်တဲ့ရုပ်ပုံသဏ္ဍာန်ကို အမှတ်မထင်တွေ့လိုက်ရပြီး တုန်လှုပ်သွားသည်။
ခွေးတစ်ကောင်ကဲ့သို့ ပင်ပန်းနွမ်းနယ်နေသော ရွှီရှင်းကျီသည် တပြိုင်နက်တွင် ဘီလူးနှစ်ကောင်၏ ဂျောင်ပိတ်ခြင်းကိုခံရကာ စိတ်ပျက်လက်ပျက်ဖြင့် သူ့ကိုဘယ်ကောင်စားမလဲသာ ရွေးနိုင်တော့သည်။ အနည်းဆုံးတော့ သူသေမယ့်ပုံစံကို ရွေးလိုက်ရင် ပိုဂုဏ်သိက္ခာရှိပုံရသည်။
ရွှီရှင်းကျီသည် သူ့နောက်မှ ဘီလူးသည် အရှိန်နှေးသွားသည်ကို သတိမထားမိလိုက်ပေ။ မျက်နှာအသွင်အပြင် ဖျော့တော့သွားကာ ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ရာကို မြင်လိုက်ရသကဲ့သို့ လောင်ကျွမ်းနေသော ရုပ်ပုံသဏ္ဌန်၏ ပါးလွှာသော နက်ရောင်အရိပ်က သူ့မြင်ကွင်းထဲ ဝင်ရောက်လာသည်။ ဒေါသဖြစ်နေပုံရသော်လည်း တစ်ချိန်တည်းမှာပင် လုံးဝထိတ်လန့်နေသလို။
မကြာခင်မှာပဲ ဘီလူးသည် ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုး ချလိုက်သလို၊ တိုးလှတဲ့ ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး ရုတ်တရက် လမ်းကြောင်းပြောင်းသွားကာ အဲဒီ့အစား လောင်ကျွမ်းနေတဲ့ ရုပ်ပုံသဏ္ဍာန်ဆီ ဦးတည်သွားခဲ့သည်။
ခဏတာအတောအတွင်း၊ ရွှီရှင်းကျီသည် လောင်ကျွမ်းနေသောရုပ်ပုံသဏ္ဍာန်ကို အခြားတစ်ဖက်ထက် မျက်နှာသာပေးကာ ရွေးချယ်ခဲ့သည်။
- သူ့နောက်က မိစ္ဆာကောင်ရဲ့ အဖမ်းခံရပြီး အဲဒီဓားနှစ်ချောင်းနဲ့ခုတ်ထစ်ပြီး အလောင်းကောင်တောင်ပေါ်မှာ ခေါင်းတခြား ဖင်တခြားရောက်နေတယ်ဆိုတဲ့ အတွေးက ကြေကွဲစရာပါပဲ။
မထင်မှတ်ပဲ တခြားတစ်ဖက်နဲ့ မျက်လုံးချင်းဆုံမိတဲ့အခါ လောင်ကျွမ်းနေတဲ့ရုပ်ပုံသဏ္ဍာန် ရဲ့ဦးတည်ရာကို ခြေလှမ်းနှစ်လှမ်းလှမ်းလိုက်ရုံသာ။
ရွှီရှင်းကျီသည် သူအထင်မှားလားမသိပေမယ့် ဦးခေါင်းခွံသာ ထိန်ထိန်သာနေသည့်အထိ မီးလောင်ခံထားရသည့်လူ၏ မျက်ဆံများတွင် အထိတ်တလန့်နှင့် စိုးရိမ်မှုများ ရှိခဲ့သည်၊ ရွှီရှင်းကျီနားမလည်နိုင်သော အမည်မသိ ချစ်ခြင်းမေတ္တာများလည်း ရှိခဲ့သည်။
သူ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူ့မေးစေ့ကို မီးတောက်လေးများ ဖြည်းညှင်းစွာ လွင့်ပျံလာသည်- “....မြန်မြန်ပြေး...”
ရွှီရှင်းကျီ ရုတ်တရက်ရပ်သွားသည်။
အဲဒါ လူ့အသံပဲ။
အစိမ်းလိုက်လောင်ပြီး ပုံပျက်နေရင်တောင်၊ ရွှီရှင်းကျီက ဒါဟာသတိရှိတဲ့ လူသားတစ်ယောက်ဆိုတာ သိလိုက်ရသည်။
စွန့်ပစ်နယ်မြေဆီ နှင်ထုတ်ခံရတဲ့ ရာဇဝတ်ကောင်လား? ပြီးတော့ ဒဏ်ရာပြင်းပြင်း ထန်ထန်ရထားတဲ့သူ?
ရွှီရှင်းကျီသည် သေတွင်းတူးမည့် ဆန္ဒကို စွန့်လွှတ်လိုက်ပြီး သူ့လမ်းကြောင်းကို ပြင်ဆင်ပြီး အရူးအမူး ထွက်ပြေးသွားပြန်သည်။
တောက်တောက်တောက်လောင်နေသောလူသည် အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်နေပြီး ခဏတာအတွင်း ရွှီရှင်းကျီမှ ဖုန်မှုန့်ထဲတွင် ထားရစ်ခံခဲ့သည်။ သူသည် ရွှီရှင်းကျီ၏ ဦးတည်ရာဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ထပ်ခါတလဲလဲ ပြောသည်။ "...မြန်မြန်၊ မြန်မြန်ပြေး... ”
အဲဒါနဲ့ သူရပ်ပြီး လှည့်ကြည့်လိုက်တော့ သူ့ဦးတည်ရာဆီ ရက်စက်ကြမ်းကြုတ်စွာ ခုန်အုပ်လာသော ဓားမြှောင်နဲ့ဘီလူးအား ရင်ဆိုင်လိုက်သည်။
သူ၏ ပုံသဏ္ဌန်သည် အနှိုင်းမဲ့ စိတ်ပျက်နေပုံရသည်။
ဒါပေမယ့် သူ့မျက်နှာပေါ်က ကျန်နေတဲ့ ကြွက်သားတွေကို ကြည့်လိုက်တော့ လှောင်ရယ်နေသလို။
ရွှီရှင်းကျီအတွက် နူးညံ့သိမ်မွေ့မှုနှင့် မတူဘဲဘီလူးကို ရင်ဆိုင်ရသောအခါတွင် မေးစေ့ကိုအနည်းငယ် မော့လိုက်ကာ ပြောင်လက်တောက်ပသော အရွယ်ရောက်ပြီးသား ကျားနက်ကြီးသည် ဒေါသတကြီး ဟောင်နေသော ခွေးကလေးအား လှောင်နေသကဲ့သို့ ဖြစ်နေသည်။
ရွှီရှင်းကျီသည် ထိုကြောက်စရာအရာ၏ လက်ရှိအမူအရာကို မမြင်နိုင်သကဲ့သို့၊ ထိုကြောက်စရာအရာသည်လည်း ရွှီရှင်းကျီ၏ လှုပ်ရှားမှုများကို မမြင်နိုင်ပေ။
ရွှီရှင်းကျီသည် အနက်ရောင်ပုံရိပ်၏ ခြေသံကို မကြားရတော့သဖြင့်နောက်သို့ လှည့်ကြည့်ရန် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
လောင်ကျွမ်းနေသောလူသည် သူ့ဘက်ကို ကျောပေးထားပြီး သူ့ကိုယ်သူ စတေးပြီး ရွှီရှင်းကျီအတွက် ထိုးနှက်မှုကို ခံယူရန် ကြံစည်ထားသည့်အတိုင်း ဘီလူးဆီကို မျက်နှာမူထားသည်။
သူ့နောက်ကျောက ကြေကွဲဖွယ်ကောင်းပြီး သူရဲကောင်းဆန်ပုံရပြီး တစ်ချိန်တည်းမှာပင် သူ့အပေါ်သို့ လေပြင်းအနည်းငယ်တိုက်သည်နှင့် ပြိုကျလုနီးပါးလိုလို။
ရွှီရှင်းကျီသည် သွားများကို တင်းတင်းကျပ်ကျပ် ကြိတ်ကာ ရင်ဘတ်အနီးတွင် ဝှက်ထားသော အရာဝတ္ထုကို လှမ်းကိုင်လိုက်သည်။
စောစောက ဒီနေရာကို တွန်းချခံရတုန်းက TBသရဲက သူ့ကိုပေးထားတဲ့ ဓားမြှောင်ပဲဖြစ်သည်။
သူသည် ဓားမြှောင်ကို ဘယ်လက်ဖြင့်ဆွဲကာ ဘီလူးဆီသို့ မလှမ်းမီ နောက်ကျောတွင် ဝှက်ထားလိုက်သည်။
လောင်ကျွမ်းနေသောပုံရုပ်ကို ကျော်ဖြတ်လိုက်သောအခါတွင် သူ၏ခြေလှမ်းများကို ခေတ္တမရပ်ဘဲ အရှိန်မြှင့်လိုက်သည်။
အနက်ရောင်ပုံရိပ်သည် ထိတ်လန့်သွားပြီး နားမလည်သလို မှုန်ဝါးသွားသည်။ "...ရှစ်ရှုန်း??"
ရွှီရှင်းကျီ ပြေးစပြုနေပြီ၊ လေက သူ့နားရွက်ကို ဖြတ်သွားကာ အနက်ရောင်ပုံရိပ်လေး၏ စကားကို ဖြတ်ချလိုက်သည်။
ထို့ကြောင့် အနက်ရောင်ပုံရိပ်က သူ့ကို ဘာပြန်ပြောသည်ကို မကြားလိုက်ပေ။
ဘီလူးသည် မူလက အနက်ရောင်ပုံရိပ်ကို ပစ်မှတ်သို့ ပြောင်းခဲ့ပြီးဖြစ်သော်လည်း လမ်းတစ်ဝက်မှ လွတ်သွားသော သားကောင်သည် တစ်ဖန်ပြန်လာမည်ဟု မည်သူက တွေးထင်မည်နည်း။ သူသည် ဘယ်ဘက်လက်မှ ဓားမြှောင်ကို မြှောက်ကာ ရွှီရှင်းကျီ၏ ဦးတည်ရာဆီသို့ တစ်ချက်တည်း အပြီးသတ်ရန် ကြိုးပမ်းခြင်း မပြုမီတွင် ဒေါသတကြီး အော်ဟစ်လိုက်သလိုမျိုး ဖြစ်ခဲ့သည်။
ရွှီရှင်းကျီသည် ပိတ်ဆို့ရန် သူ၏ညာလက်ကို မြှောက်လိုက်သည်။
ဖောက်ထွင်းခံရသည့် အရာဝတ္ထုတစ်ခု၏ အသံဗလံတစ်ခု ထွက်ပေါ်လာသည်။
ရွှီရှင်းကျီသည် သစ်နက်လှံလက်ကို ပေါ့ပေါ့ပါးပါး ကြည့်ပြီး လေချွန်လိုက်သည်။
ဘီလူးက မတုံ့ပြန်ခင်မှာ ရွှီရှင်းကျီ အမြန်ခုန်ထလာပြီး သူ့ခြေထောက်အောက်ကို ယမ်းတောမယ့် ညာဘက်လက်ဓားသွားကို ချိတ်ဆွဲလိုက်သည်။ ထို့နောက် သူ့ရှိသမျှခွန်အားဖြင့် ဘီလူး၏ဘယ်လက်ကို အထက်သို့ဆွဲတင်ရန် သူ၏ညာလက်ကို မြှောက်လိုက်သည်။
မုန့်ချုံ့ကွမ်း ၏ရင်ဘတ်ကို ထိုးဖောက်ရန် ရည်ရွယ်ချက်ဖြင့် TBသရဲပေးခဲ့သော ဓားမြှောင်ကို ဘီလူး၏နှလုံးသားတွင် မြှုပ်နှံထားလိုက်သည်။
Advertisement
- In Serial14 Chapters
Hanging on Bones
huh?... So no reincarnation for me?...****Warning! Mature Content!****I extend my arm out as far as it goes and stab myself with all my might. The blade securely lodges between my ribs. One problem solved. Finally having my hand free I immediately bend down and scoop up flickering glass candle holder. In one swift motion I straighten out, turn and throw it at the closest of my pursuers. To my surprise it's a perfect square hit and the leading veteran crashes into the headstone he was just about to jump over. It was waaay too close for my comfort. If not for this success, shortly after I would be the one lying on the ground…----------------------My first attempt at writing a book - the way i like them.
8 158 - In Serial81 Chapters
The Gates of Chaos Keep Opening and It's Getting Annoying.
Drade is in the wrong place at the wrong time, every time. And each time he gets caught up in a supernatural fight to the death, he walks away before things get serious."I just want to do what I came here to do. Once you've seen one magical fight that lays waste to the world but somehow manages to stay a secret to everyone, you've seen it all." -Drade
8 188 - In Serial67 Chapters
A sith dies, A huntsman rises.
The force surely works in mysterious ways, after his death, Darth Vader awakens in the world of Remnant. If he has truly been given a second chance, then he would make a symbol after the mask that had once terrorized a galaxy far, far away. He would create a beacon of hope. But he is nor a Sith nor a Jedi, he is only Vader.Highest Ranking: Number 1 in rwbyNumber 1 in VaderThe beginning is not my work. It is from fanfiction.net it stopped receiving updates, so I decided to take a crack at it.I have permission from the original author to continue this work.https://m.fanfiction.net/s/13756275/1/A-Sith-Ends-A-Huntsman-Rises Here is the link to the original story.
8 166 - In Serial25 Chapters
fb's & sav's lit gc
a girl and all her best guy friends in a group chat ft. Madison Stassie Jordyn OGOC & Freshlee Crew
8 99 - In Serial18 Chapters
Hetalia One-shots 2019!
Hey people! It's a second Hetalia one-shots book!Don't worry, you don't have to read the first one (but if you do, I win't stop you :) )Requests are happily accepted!Please enjoy!
8 114 - In Serial61 Chapters
A Little Good Influence | Max Thunderman x Reader
Every time over-achiever (Y/N) (L/N) meets constant-troublemaker Max Thunderman, a full-on snap fest engages. Everyone thinks that when they get together the world will end but Pheobe seems convinced that Max and her best friend are attracted to each other. As Max continues with his evil streak, Phoebe thinks that (Y/N) can turn his life around. All he needs is a little good influence.#1 in Maxthunderman#200 in Fanfiction | 26.05.2020#1 in Nickelodeon | 25.05.2020
8 214

