《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(5) စွန့်ပစ်မြေအရှင်သခင်
Advertisement
နွေးထွေးနူးညံ့သော လက်ဖဝါးတစ်စုံက ရွှီရှင်းကျီ ၏မျက်လုံးများကို ဖုံးအုပ်လိုက်ပြီး သူ့မြင်ကွင်းကို ပိတ်ဆို့ထားသည်။ "...ရှစ်ရှုန်း၊ အားလုံးအဆင်ပြေသွားပါပြီ။"
မုန့်ချုံ့ကွမ်းသည် သူ့လက်တစ်ဖက်ကို မြှောက်လိုက်ကာ ဝိညာဉ်စွမ်းအင်မှ ပေါင်းစပ်ထားသော ပင့်ကူသည် ပြာများအဖြစ်သို့ ချက်ချင်းပင် ပြန့်ကျဲသွားသည်။
ကျိုးပိုင်နန် ဖယ်ရှားရန် အချိန်မရှိခဲ့သော ဝိညာဉ်အာရုံခံကြိုးကို ချိတ်ရန် လက်ချောင်းတစ်ချောင်းကို ကောက်ကွေးလိုက်ပြီး သူ့လက်ဖဝါးကို ရှေ့သို့ တွန်းလိုက်သည်။
မျှော်စင်အပြင်ဘက်တွင် သိန်းနှင့်ချီသော စပျစ်နွယ်ပင်များသည် ကျိုးပိုင်နန်၏ခြေရင်းမှ ပေါက်ထွက်ကာ သူမတုံ့ပြန်နိုင်မီ မြေကြီးထဲသို့ ဆွဲငင်သွားသည်။
ကျိုးပိုင်နန်က ဒေါသတကြီးနဲ့ "မုန့်-"
လုယွီကျို့သည် ၎င်းတို့ကြားရှိ အကွာအဝေးကိုခြားကာ ပြန်ပြင်ထားသော တစ္ဆေလှံကို သူ့ခေါင်းဘေးတွင် ချထားလိုက်ပြီး အထင်အမြင်သေးစွာဖြင့် "မင်းကိုဘယ်သူက သေတွင်းတူးခိုင်းလို့လဲ? နည်းတောင်နည်း သေးတယ်။"
ကျိုးပိုင်နန်: "......"
ရွှီရှင်းကျီသည် သူ၏ခြေလက်များ အေးစက်ပြီး ဦးရေပြားအနှံ့ ယားယံသည့် အခြေအနေမှ ပြန်လည်ကောင်းမွန်မလာမီတွင် အချိန်အတော်ကြာ လှည့်ပတ်ကြည့်ရှုခဲ့သည်။ သူက မျက်တောင်ခတ်လိုက်ပြီး "သေသွားပြီလား?" လို့ မေးလိုက်သည်။
......သူ့လက်ဖဝါးပေါ် လှုပ်နေသော မျက်တောင်များ၏ ခံစားချက်သည် အလွန်နူးညံ့လှသည်။
မုန့်ချုံ့ကွမ်းသည် သူ့လက်ကို ဆုတ်ခွာလိုက်ပြီး ရွှီရှင်းကျီ၏ ခါးတွင် လက်ကိုရစ်ပတ်ထားကာ ရွှီရှင်းကျီ၏ နဖူးကို ညင်သာစွာ ပွတ်သပ်ရန် သူ့လက်ခုံကို အသုံးပြုလိုက်သည်။ သူက တိုးတိုးလေးပြောသည်။ "....ရှစ်ရှုန်း၊ စိတ်မပူပါနဲ့။ လာရှုပ်တဲ့ ပိုးမွှားတွေအကုန် သေသွားပြီ။"
ထိုစကားက တစ်စုံတစ်ခု မှားယွင်းနေသည်ဟူသော ခံစားချက်ကို ခံစားလိုက်ရသောကြောင့် ရွှီရှင်းကျီ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။ သူသည် ခြေထောက်များကို ဖြေလျှော့ကာ မုန့်ချုံ့ကွမ်း၏ ခန္ဓာကိုယ်မှ ခုန်ဆင်းပြီး ချွေးစေးများထွက်နေသော လက်များကို ခါယမ်းကာ တည်ငြိမ်ဟန်ဆောင်လိုက်သည်- "သေတော့မလိုဘဲ။"
မူလပိုင်ရှင်၏ စိတ်နေသဘောထားကို သူမသိသော်လည်း သူသည် ကောင်းကင်ဘုံအဆင့်တွင် နံပါတ်တစ်ဖြစ်သောကြောင့်၊ သူ့လိုမျိုး ဆိုးရွားသော ပိုးမွှားများကို သည်းမခံနိုင်လောက်ပေ။ သူသည် မုန့်ချုံ့ကွမ်း၏ တုံ့ပြန်မှုကို စောင့်ကြည့်ရန် တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။
မုန့်ချုံ့ကွမ်းက ရွှီရှင်းကျီအား ချိတ်ထားတဲ့ သံကြိုးကို ဆုပ်ကိုင်ရင်း ပြုံးလိုက်သည်။ "စိတ်မပူနဲ့ ရှစ်ရှုန်း ရှက်နေစရာမလိုပါဘူး။ အရင်တုန်းက ကူပိုးကောင်ကြောင့် ကြောက်ပြီး တစ္ဆေမျိုးနွယ်ရဲ့ လက်ဆောင်ပလ္လင်တစ်ခုလုံးကိုတောင် ဖောက်ခွဲပစ်လိုက်တာ မှတ်မိသေးလား"
ရွှီရှင်းကျီ: "......" 'မမှတ်မိဘူး၊ တခါမှ မကြားဖူးဘူး၊ ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ၊ တာ့တာဘဲ။'
အကျပ်အတည်း ပြီးဆုံးသွားသောအခါ၊ ရွှီရှင်းကျီသည် သူတို့၏အနေအထား မည်မျှမသဲကွဲသည်ကို သိရှိလာခဲ့သည်။
ရှေ့သို့ တိုက်ရိုက်ပေါ်လာသော အလှတရားသည် ပို၍ပင် ဆွဲဆောင်မှု ရှိပုံပေါ်သော်လည်း မူလပိုင်ရှင်နှင့် ဤလူဆိုးကြားရှိ မကျေမနပ်ဖြစ်မှုများကို မေ့ထားလောက်သည့်အထိ စိတ်မရှုပ်သေးပေ။
သူက မုန့်ချုံ့ကွမ်းကို ဘေးသို့ တွန်းလိုက်ပြီး "ကျေးဇူးပဲ" ဟု အေးစက်စွာ တုံ့ပြန်ခဲ့သည်။
သူစကားမဆုံးခင်မှာ မုန့်ချုံ့ကွမ်းက မဆိုင်းမတွ သံကြိုးကို ဆွဲချလိုက်တာကြောင့် ရွှီရှင်းကျီ ဟန်ချက်ပျက်သွားကာ မုန့်ချုံ့ကွမ်း၏ ရင်ခွင်ထဲကို ပြန်ပြီး ခေါင်းစိုက်သွားသည်။
ရုတ်တရက်လဲကျမှုကြောင့် ထိတ်လန့်စွာနဲ့ ရွှီရှင်းကျီက မုန့်ချုံ့ကွမ်းကိုကြည့်ဖို့ သူ့ခေါင်းကို မော့လိုက်သည်။ "....မင်းဘာလုပ်မလို့လဲ?"
မုန့်ချုံ့ကွမ်းက ရွှီရှင်းကျီကို လျစ်လျူရှုပြီး ကျိုးဝမ့်ကို "ထွက်သွား" လို့ အမိန့်ပေးလိုက်သည်။
တစ်ချိန်လုံး အပျော်ပွဲကြည့်နေတဲ့ ကျိုးဝမ့်ဟာ အိပ်ယာပေါ်ကနေ ခုန်ဆင်းပြီး သူမထွက်သွားတဲ့အခါ သူတို့အတွက် တံခါးကိုပါ သေချာပိတ်ပေးလိုက်သည်။
ရွှီရှင်းကျီသည် အသုံးဝင်သောအချက်အလက်များကို မဖော်ထုတ်နိုင်ခဲ့သည့်အတွက် အလွန်နောင်တရသလို ခံစားလိုက်ရသဖြင့် ကျိုးဝမ့်၏နောက်ကျောကို တံခါးဝတွင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေခဲ့သည်။
မုန့်ချုံ့ကွမ်းက နှစ်ယောက်ကြား အပြန်ပြန်အလှန်လှန် ကြည့်ကာ "....ရှစ်ရှုန်း၊ သူလှလား?"
ရွှီရှင်းကျီ ၏ထူးခြားသောကိုယ်ရည်ကိုယ်သွေးအရ၊ သူသည် အမှန်အတိုင်းပြောလိမ့်မည်၊ ဥပမာ၊ "မင်းက သူမထက်အများကြီးပိုလှတယ်; မင်းဟာက ငါ့ထက် ပိုကြီးတာကြောင့်သာ မဟုတ်ရင် မင်းကိုလက်ထပ်ပြီး ငါ့မိသားစုထဲ ဆွဲသွင်းလိုက်ပြီ။" ဒါမှမဟုတ် အဲဒီလိုမျိုးပေါ့။
သို့သော် အခွင့်အခါမသင့်သောကြောင့်၊သူသည် လျစ်လျူရှုဟန်ဆောင်နေခဲ့သည်- "...ဇာချဲ့မနေနဲ့။"
"ဇာချဲ့တယ်?"
မုန့်ချုံ့ကွမ်း ရုတ်တရက်လက်လှမ်းပြီး ရွှီရှင်းကျီ ၏ပါးနှစ်ဖက်ကို ဆွဲလိုက်သည်။ စက္ကန့်ပိုင်းအတွင်း ရွှီရှင်းကျီ ၏မျက်နှာသည် ထုံကျင်သွားသော်လည်း အရင်ဆုံးတောက်ပသော အလင်းရောက်များ ပေါ်လာသည်မှာ မုန့်ချုံ့ကွမ်း၏ အကြည့်ဖြစ်သည်။ "....ရှစ်ရှုန်း ကျွန်တော့်အပေါ် ဘယ်လောက်အထိ အေးစက်နေမှာလဲ? ကျွန်တော့်ကို ဘယ်လောက်ထိကြာအောင် အပြစ်ပေးနေမှာလဲ"
'ခွေးကောင်စုတ်လေး၊ မင်းဆရာကို အနိုင်ကျင့်ပြီး အကြီးအကဲတွေကို သတ်ခဲ့တာတောင်၊ မျက်ရည်တစ်စက်မကျဘူး၊ မင်းကဘာတွေ ငိုနေတာလဲ?'
ရွှီရှင်းကျီသည် နာကျင်စွာ အဆွဲခံနေရသည်။ သူက မာကြောသောဘယ်လက်ဖြင့် မုန့်ချုံ့ကွမ်းထံမှ ရုန်းကန်ရင်း အော်ဟစ်လိုက်သည်။ "မုန့်ချုံ့ကွမ်း!"
မုန့်ချုံ့ကွမ်းသည် ဤအော်သံကြောင့် ထိတ်လန့်သွားပြီး ဒေါသတကြီး တောက်လောင်နေသော မီးတောက်များ နောက်တစ်ကြိမ် မလောင်ကျွမ်းမီ သူ့မျက်လုံးများထဲတွင် ဒေါသအကြည့်များ တောက်ပလာသည်။
Advertisement
ထို့နောက်မှာပဲရုတ်တရက် ရွှီရှင်းကျီ၏ ညှပ်ရိုးကိုက်ခံလိုက်ရသည်။
၎င်းသည် ရွှီရှင်းကျီ၏ ဦးရေပြားကို ထုံကျဉ်စေပြီး မျက်ရည်များ ညှစ်ထုတ်မိလုနီးပါး ဖြစ်ခဲ့သော အကိုက်ခံရခြင်း ဖြစ်သည်။
မုန့်ချုံ့ကွမ်းသည် အန္တရာယ်ကင်းသော ခွေးပေါက်လေးမှ ခွေးရူးပြန်တစ်ကောင်သို့ အဆင့်တက်သွားကာ အလိုဆန္ဒများ ပြည့်နှက်နေသည်။ "...ရှစ်ရှုန်း၊ ကျွန်တော့်နာမည် ထပ်ခေါ်ပေးပါအုံး။"
သူ့ရဲ့ရွှီရှင်းကျီအပေါ် တောက်လောင်နေတဲ့ အကြည့်တွေက နာကျင်နေပုံရသည်။
မူလပိုင်ရှင် မုန့်ချုံ့ကွမ်းအပေါ် မည်သို့သော ခံစားချက်များ ရှိသည်ကို သူသေချာမသိသော်လည်း သူ့ကို ဖယ်ရှားရန်အတွက် ရွှီရှင်းကျီက သူ့စိတ်ထဲမှ သံသယများကို ဖျောက်ကာ အေးစက်စွာ ဆုံးမလိုက်သည် - "မုန့်ချုံ့ကွမ်း၊ မင်းငါ့ကို မင်းရဲ့ရှစ်ရှုန်းလို့ သတ်မှတ်ထားသေးရင်၊ ငါ့ကို ဒီမှာမချုပ်ထားနဲ့။ မင်းအသက်ကို ငါဒီနေ့ကယ်ခဲ့တယ်၊ မင်းရဲ့ကယ်တင်ရှင်ကို ဒီလိုဆက်ဆံရလား? ဒါငါမင်းကို အရင်က ဒီလိုသင်ပေးခဲ့တာလား။"
မုန့်ချုံ့ကွမ်းသည် ချက်ချင်းဆိုသလို အသိစိတ်ပြန်ရလာပြီး ရွှီရှင်းကျီကို အသည်းအသန်လွှတ်လိုက်ကာ သူ့ရှေ့တွင် ဒူးထောက်ချလိုက်သည်။ "ဟုတ်၊ ရှစ်ရှုန်း၊ ကျွန်တော်၊ ကျွန်တော်မှားမှန်းသိပါပြီ...."
ရွှီရှင်းကျီက 'ဟုတ်ပြီ၊ ဒီတစ်ခါတော့ သိသွားပြီ၊ ဒီကလေး၏ရာသီခွင်က လှည့်ကွင်းပဲ၊ ရိုက်ပေးဖို့တော့ လိုနေပြီ။'
(T/N: လှည့်ကွင်းဆိုတာ ဘာဝိညာဥ်မှမရှိဘူးလို့ပြောတာပါ၊ ပြင်ပအား သက်ရောက်မှုမရှိဘဲ သူ့ဘာသာမစဉ်းစား၊ မလုပ်တတ်ဘူးဆိုတဲ့သဘော)
သူတွေးနေရင်း မုန့်ချုံ့ကွမ်းက ခေါင်းကို အနည်းငယ်မော့ပြီး "....ဒါပေမယ့် ရှစ်ရှုန်း၊ စွန့်ပစ်မြေက တကယ်အန္တရာယ်များလွန်းတယ်။ ရှစ်ရှုန်း လျှောက်သွားနေရင်း အန္တရာယ်တွေ ထပ်တွေ့မိမှာ ကြောက်လို့ ဒီအခန်းထဲမှာပိတ်ထားရတာပါ။ ချုံ့ကွမ်း ရှစ်ရှုန်းကို ထပ်အဆုံးရှုံးမခံနိုင်ဘူး။ အဲ့လိုဖြစ်နိုင်ချေ နည်းနည်းလေးကိုတောင် သည်းမခံနိုင်ပါဘူး...."
ရွှီရှင်းကျီသည် လှပသော အရာများအပေါ် ခံနိုင်ရည်နည်းပါးပြီး သူ့မျက်စိရှေ့မှ သနားစရာကောင်းသော မျက်နှာထားသာဆို မပြောနှင့်။
ခဏတာမျှပင်၊ ရွှီရှင်းကျီသည် သူ့နှလုံးသားအတွင်း မရပ်တန့်နိုင်သော ဖခင်မေတ္တာလှိုင်းလုံးကြီးကို ခံစားလိုက်ရပြီး ဤခွေးလေး၏ အကိုက်ခံရခြင်းမှာ ထိုမျှလောက် ဝမ်းနည်းဖွယ်ကိစ္စမဟုတ်တော့ပေ။
ရွှီရှင်းကျီက အသက်ပြင်းပြင်းရှူပြီး "ဒါပေမယ့် ငါအခန်းထဲမှာ တစ်နေ့လုံး မနေနိုင်ဘူး။ ထောင်ထဲမှာ ထိုင်နေရတာထက်တောင် ပိုဆိုးသေးတယ်။"
စွန့်ပစ်မြေသည် ကြီးမားသော အကျဉ်းထောင်တစ်ခုမျှသာဖြစ်သော်လည်း အနည်းဆုံးတော့ ကျယ်ဝန်းသည်။
မုန့်ချုံ့ကွမ်းက ဒါကိုခဏလောက် စဉ်းစားပြီး ဝန်လေးစွာ ပြန်ဖြေသည်။ "....ဒါဆိုလည်း ရှစ်ရှုန်း နေ့ဘက်မှာ လမ်းလျှောက်ထွက်လို့ရပါတယ်။ ဒါပေမယ့် မျှော်စင်ထဲက မထွက်ဘဲညဘက်တော့ သေချာပေါက် ပြန်လာပေးပါ..."
ဒါက ပိုကောင်းတာမဟုတ်ပေမယ့်၊ နောက်ထပ်အခွင့်ကောင်းတစ်ခု ထပ်ရတဲ့အတွက် ရွှီရှင်းကျီက စိတ်မပူတော့။
သူပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သောအခါ နောက်ဆုံးတွင် မုန့်ချူံ့ကွမ်းက ပြုံးပြသည်။ ထို့နောက် သူ ဝပ်တွားပြီး မမျှော်လင့်ဘဲ သတို့သမီးလို သူ့ကိုသယ်သွားခဲ့သည်။
ရွှီရှင်းကျီကလန့်သွားပြီး ရုတ်တရက် ဟန်ချက်ပျက်သွားတာကြောင့် မုန့်ချုံ့ကွမ်းရဲ့လည်ပင်းမှာ သူ့လက်နှစ်ဖက်ကို အလိုလို ပတ်ထားခဲ့တယ်- "မင်းဘာလုပ်အုံးမလို့လဲ?"
မုန့်ချုံ့ကွမ်းက စိတ်ရင်းမှန်ဖြင့် ပြန်ပြောသည်။ - "ရှစ်ရှုန်း၊ ညရောက်ပါပြီ။"
ရွှီရှင်းကျီက ပြတင်းပေါက်ကို လှမ်းကြည့်လိုက်ရာ အပြင်ဘက် ကောင်းကင်၏ အရောင်သည် ယခင်နှင့် အတူတူပင်ဖြစ်ကြောင်း ခံစားလိုက်ရသည်။
မုန့်ချုံ့ကွမ်း ရွှီရှင်းကျီ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းရန် ထောက်ထားစာနာစွာဖြင့် ကူညီပေးခဲ့သည်- "မြေရိုင်းမှာ နေ့၊ည မရှိပေမယ့် အခုအချိန်က တကယ် ညအချိန်ဖြစ်နေပြီ၊ ကျွန်တော့်ကို ယုံပါ။"
ရွှီရှင်းကျီ: "....."
'မင်းရဲ့ စောက်ရေးမပါတဲ့စကားကို ငါယုံမယ်ဆိုတော့။'
မုန့်ချုံ့ကွမ်းက ရွှီရှင်းကျီကို ကုတင်ပေါ်ပြန်တင်လိုက်ပြီး "ရှစ်ရှုန်း၊ ချုံ့ကွမ်း ရှစ်ရှုန်းနဲ့ အတူအိပ်ပါရစေ" လို့ တောင်းဆိုလိုက်သည်။
ကန့်ကွက်မှုအားလုံးသည် အဓိပ္ပါယ်သာမဲ့မည်ကို ရွှီရှင်းကျီသိသည်။ နည်းနည်းကြမ်းကြမ်းတမ်းတမ်းပြောရင်၊ တစ်စုံတစ်ယောက်က သူ့ကို ပြင်းပြင်းထန်ထန် မဒိန်းကျင့်မိသလိုမျိုး မုန့်ချုံ့ကွမ်း၏မျက်ခုံးတွေက မျက်ရည်တွေနဲ့ ပြည့်နေသည်။
(T/N: ဟယ်အားကြီးနဲ့ ಥ⌣ಥ)
လက်လျှော့ကာ မျက်လုံးများကို မှိတ်ထားပြီး ကုတင်၏ အတွင်းဘက်စွန်းသို့လှိမ့်ရင်း မုန့်ချုံ့ကွမ်းအတွက် နေရာပေးလိုက်သည်။
မုန့်ချုံ့ကွမ်းက ကုတင်ပေါ်ကို ကြည်နူးစွာ တက်လာပြီး စောင်ကို ဆွဲတင်လိုက်သည်။ သူသည် ရွှီရှင်းကျီကို ဦးစွာဂရုတစိုက် ဖုံးအုပ်လိုက်ပြီး သူ့ကိုယ်သူ စောင်ထောင့်တစ်ခုဖြင့် ဆွဲခြုံလိုက်ကာ အိပ်ရာ၏ အပြင်ဘက် အစွန်းလေးတွင် သက်တောင့်သက်သာ အိပ်ပျော်သွားသည်။
တစ်ဖက်တွင် ရွှီရှင်းကျီသည်တော့ မအိပ်နိုင်တော့ပေ။ အချိန်အတော်ကြာ လှဲချလိုက်ပြီး အိပ်ယာပေါ် လှိမ့်နေပြီးနောက်ဆုံးတွင် သူသည် မုန့်ချုံ့ကွမ်းကို မျက်နှာချင်းဆိုင်လိုက်သည်။
ကြိမ်ဖန်များစွာ လှုပ်လှုပ်ရွရွ ငေးကြည့်ပြီးနောက် ရွှီရှင်းကျီက သူ့အားချည်နှောင်ထားသည့် ရွှေကြိုးကိုမသံမထွက်ရန် သူ၏ညာလက်ဖြင့် ကိုင်ထားပြီး သူ့ခါးတွင်ချိတ်ထားသည့် ဓားမြှောင်ကို ဘယ်ဘက်လက်ဖြင့် ဆွဲထုတ်လိုက်သည်။
သူသည် မုန့်ချုံ့ကွမ်း၏နဖူးအလယ်ဗဟိုကို ချိန်ရွယ်၍ ဓားမြှောင်ဖျားကို အောက်သို့ ညွှန်လိုက်သည်။
....တစ်ချက်ထိုးရုံနဲ့ အားလုံးအဆင်ပြေသွားလိမ့်မယ်။
ဤဆိုးရွားလှသော မြေရိုင်းမှထွက်ပြီး သူ့အဖေနှင့် ညီမငယ် နေထိုင်သည့် အိမ်သို့ပြန်သွားနိုင်မည်။ ဘောပင်ကိုမကိုင်ဘဲ ဒီဇာတ်လမ်းကို ဆက်ရေးနေသရွေ့ ဒီကမ္ဘာကြီးကို ထာဝရ နှုတ်ဆက်နိုင်သည်။
Advertisement
သို့တိုင်၊ ရွှီရှင်းကျီသည် သူ့ရှေ့ကအရာအားလုံးနှင့် နားမလည်နိုင်သော ထူးခြားဆန်းပြားသော ခံစားချက်ကို မဖယ်ရှားနိုင်ခဲ့ပေ။
လော့ဂျစ်အရ၊ ဤသည်မှာ သူကိုယ်တိုင်ဖန်တီးထားသော အတုအယောင်ကမ္ဘာတစ်ခုဖြစ်သော်လည်း ရွှီရှင်းကျီသည် ဤနေရာတွင် တစ်ရက်သာနေထိုင်ပြီးနောက် အဖြစ်မှန်ကို အမှတ်မထင်တွေ့လိုက်ရသလို ခံစားခဲ့ရသည်။
ဤဇာတ်ကောင်များသည် စာရွက်အစုတ်များပေါ်တွင် တည်ဆောက်ထားသော 2D အတုများ မဟုတ်တော့ပါ။ သူတို့မှာ အသွေးအသားရှိသည်။ လှုပ်ရှားရယ်မောနိုင်၊ စိတ်ဆိုးနိုင်ပြီး ဒေါသဖြစ်နိုင်၊ ရိုင်းစိုင်းနိုင်သည် သို့မဟုတ် ချစ်ခင်ဖွယ်ဖြစ်နိုင်သည်။
.....မုန့်ချူံ့ကွမ်းလည်း အပါအဝင်။
သူသည် ရင့်ကျက်အောင် မမွေးနိုင်ခဲ့သော ခွေးကလေးဖြစ်ပုံရသည်။ သို့သော်၊ သူ့ကို ပွေ့ဖက်တဲ့အချိန်၊ မျက်လုံးများကိုမှိတ်ထားတဲ့အချိန်၊ ယခုတောင်မှ နူးညံ့သိမ်မွေ့သော နွေးထွေးမှုကို အမြဲခံစားရသည်။
ရွှီရှင်းကျီအတွက်၊ ချက်ချင်းသရုပ်ဆောင်ခြင်းသည် အကောင်းဆုံးဗျူဟာဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကိုယ်တိုင်ဖန်တီးထားသော ဇာတ်ကောင်တစ်ဦး အသက်ဝင်လာသည့်ခံစားချက်က ထူးခြားလွန်းသဖြင့် ရွှီရှင်းကျီ လုပ်ကြံသတ်ဖြတ်ရန် လိုအပ်သောလူသည် စာအုပ်ထဲက စိတ်ကူးယဉ်ဇာတ်ကောင် သက်သက်သာဖြစ်ကြောင်း သူ့ကိုယ်သူ မယုံကြည်နိုင်ပေ။
ရွှီရှင်းကျီသည် သူ့ကိုယ်သူ လှောင်ရယ်မောကာ ဓားမြှောင်ကို ပြန်ရုတ်လိုက်ပြီး မျက်လုံးမှိတ်ကာ ပြန်အိပ်လိုက်သည်။
.....သူသည် ရွှီရှင်းကျီ အစစ်အမှန်မဟုတ်ပေ။ သူ့ဆရာကိုသတ်မှုကြောင့် မုန်းတီးခြင်း၊ သူ၏ ကောင်းကင်ဘုံအရင်းမြစ် ဖယ်ထုတ်ခံရခြင်းမှ နာကျင်ခြင်းတို့ကို မခံစားခဲ့ရသောကြောင့် မုန့်ချုံ့ကွမ်းအတွက် စစ်မှန်သောမုန်းတီးမှုကို ဆုပ်ကိုင်ထားရန် ခက်ခဲသည်။
ဆန့်ကျင်ဘက်အနေနှင့်၊ သူသည်အဲ့အစား မုန့်ချုံ့ကွမ်းအပေါ် အနည်းငယ် ချစ်ခင်မိသည်။
မုန့်ချူံ့ကွမ်းသည် အသက်ရှင်ပြီး အသက်ရှုနေသူဖြစ်သည်။ သူသည် သူ၏အိပ်မက်ထဲမှ စာရွက်ထဲသို့ ခရီးထွက်ခဲ့ပြီး နောက်ပိုင်းတွင် သူ့(MCG)ရှေ့သို့ ရောက်လာခဲ့သည်။
ရွှီရှင်းကျီသည် သူ့ကိုသတ်ရန် အခြားအကြောင်းပြချက်ရှာရန် လိုအပ်သည်၊ သို့မဟုတ်ပါက သူသည် အဆုံးသတ်ထိုးနှက်မှုကို မလုပ်နိုင်ပါ။
ရွှီရှင်းကျီက သူ့ဓားမြှောင်ကိုသိမ်းကာ သူ့ရင်ထဲကဒုက္ခတွေကို ရှင်းထုတ်ပြီး ကောင်းကောင်းအိပ်ပျော်သွားပြီးနောက် မုန့်ချုံ့ကွမ်းက သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူ့အကြည့်တွေက လေထုထဲက တစ်နေရာရာကို စူးစူးရှရှကြည့်နေသည်။
အမှားအယွင်းမရှိဘဲ ရွှီရှင်းကျီ သူ့ဓားမြှောင်ကိုထည့်ထားတဲ့နေရာ အတိအကျဖြစ်သည်။
မုန့်ချုံ့ကွမ်းသည် တိတ်တိတ်ဆိတ်ဆိတ် ထထိုင်လိုက်ပြီး ရွှီရှင်းကျီ၏ အိပ်ပျော်နေသော မျက်နှာကို ကြည့်နေသည်။
နောက်ဆုံးတွင်၊ သူသည် ရွှီရှင်းကျီ ၏နှုတ်ခမ်းပေါ်သို့ လက်ချောင်းများကို အသာအယာထိလိုက်ပြီး "ရှစ်ရှုန်း၊ ကျွန်တော်အမြဲတွေးမိတယ်။ ရှစ်ရှုန်းဒီနှစ်တွေမှာ ဘယ်ရောက်နေတာလဲလို့။"
ခဏအကြာတွင်၊ သူ့ကိုယ်သူ ညည်းတွားရင်း အနည်းငယ် ပြုံးလိုက်သည်- "....အာသိပြီ။ ရှစ်ရှုန်း ကျို့ကျစ်သမ်းနဲ့ရှိနေတာမလား?"
"ကျွန်တော်စွန့်ပစ်မြေထဲမှာ ရှိနေတုန်း၊ ရှစ်ရှုန်းကတော့ နေ့တိုင်းသူနဲ့အတူ နေခဲ့တယ်။ ရှစ်ရှုန်း သူသွေးထိုးစကားတွေကိုယုံပြီး ကျွန်တော့်ကိုသတ်ချင်နေတာ ဟုတ်တယ်မဟုတ်လား"
အဲဒါနဲ့ မုန့်ချုံ့ကွမ်းက ရွှီရှင်းကျီ၏လည်ပင်းကို ညှစ်ရန်လက်ကို မြှောက်လိုက်သည်။
မုန့်ချုံ့ကွမ်း၏ လက်ဖဝါးအောက်တွင် လှုပ်ရှားနေသောအလုံးတစ်လုံးနှင့် နှေးကွေးပြီး တည်ငြိမ်သော အသက်ရှုသံများ။ သူလုပ်ရမှာက လည်ပင်းကို ဖိအားအနည်းငယ်ပေးလိုက်ရုံသာ၊ လွယ်လွယ်ကူကူ ကျိုးသွားနိုင်သည်။ မုန့်ချုံ့ကွမ်းသည် ထိုအမူအရာဖြင့် မည်မျှကြာအောင် နေခဲ့သည်ကိုမသိ။ အဆုံးတွင်၊ မုန့်ချူံ့ကွမ်းသည် ရှုပ်ထွေးသောအမူအရာဖြင့် လက်ကိုလွှတ်လိုက်ပြီး သူ၏အသက်ရှူသံအောက်တွင် တိုးတိုးလေးပြောလိုက်သည်။ "....ရှစ်ရှုန်း စိတ်ပြောင်းသွားမယ်ဆိုတာ သိပါတယ်။ ရပါတယ်၊ ကျွန်တော်နည်းနည်း ထပ်စောင့်လိုက်မယ်။"
သူစကားပြောနေစဉ်တွင် သစ်ရွက်မွှေးရနံ့က အခန်းတစ်ခန်းလုံးကို ပျံ့နှံ့သွားခဲ့သည်။ မုန့်ချုံ့ကွမ်းသည် ရွှီရှင်းကျီ နေရာပေးသော ယခင်နေရာ၌ မဟုတ်သည့်နေရာတွင် ပြန်လှဲလိုက်သည်။
အဲဒီအစား သူက ရွှီရှင်းကျီရဲ့တစ်ကိုယ်လုံးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး နားရွက်ကိုဖိထားရင်း အသက်ရှုသံနဲ့ တိုးတိုးပြောလိုက်သည်။ "ဒီနေ့ ကျွန်တော့်ကို မသတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ရှစ်ရှုန်းကို လျော်ကြေးအနေနဲ့ နည်းနည်းလေးတော့ အပြစ်ပေးရမယ်...."
လုပ်ကြံသတ်ဖြတ်မှုကို စွန့်လွှတ်ခဲ့သော ရွှီရှင်းကျီသည်တော့ ငိုက်မျဉ်းပြီး အိပ်မက်မြေထဲသို့ လျင်မြန်စွာ ခုန်ဆင်းသွားခဲ့သည်။ သို့သော် တစ်နည်းနည်းဖြင့် သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပူလောင်လာသလို ခံစားလိုက်ရကာ အပူချိန်တက်လာပြီး သူ့ကိုယ်သူတောင် မထိနိုင်တော့ပေ။ သူ့ခြေလက်တွေ အားနည်းလာပြီး သူ့တစ်ကိုယ်လုံး ထုံကျင်နေကာ ခွန်အားတွေအကုန် ဆုံးရှုံးသွားသလို။
အိပ်မက်ထဲမှာ၊ စပျစ်နွယ်ပင်နဲ့တူတဲ့ အရာကြီးတစ်ခုက သူ့ခြေထောက်တွေကို တွယ်တက်၊ ခြေကျင်းဝတ်ကို ဖြည်းညှင်းစွာဆွဲပြီး သူ့ပတ်ပတ်လည်မှာ ချည်ထားချင်သလိုမျိုး သူ့ခြေထောက်တွေကို ခွဲထားပုံရသည်။ ၎င်းသည် သူ့ကို စိတ်ရှည်လက်ရှည် ကျီစယ်ပြီးကစားကာ တစ်ခါတစ်ရံ ပွက်ပွက်ဆူနေသော စမ်းရေတွင်းမှ ရေတစ်ငုံသောက်ရန် ခေါင်းကို ငုံ့ထားလေ့ရှိသည်။
ရွှီရှင်းကျီက ရုန်းကန်လိုသော်လည်း သူ့လက်နှင့်ခြေများသည် စွမ်းအင်မဲ့ကာ ထုံကျင်နေပြီး တိမ်တိုက်အပေါ်မှ တိမ်တိုက်များကြောင့် လေထဲ၌ လွင့်မျောသွားနေသလို။
ဒီထူးဆန်းတဲ့ အိပ်မက်ကနေ သူ့ကိုယ်သူ ရုန်းထွက်ဖို့ စိတ်အားထက်သန်စွာ ကြိုးစားခဲ့ပေမယ့် သူလုပ်ခဲ့သမျှဟာ အကျိုးသက်ရောက်ပုံမပေါ်ပေ။ နောက်ဆုံးတော့ သူ့ကိုယ်သူ နိုးထလာဖို့ တွန်းအားပေးနိုင်တဲ့အခါ သူ့နှုတ်ခမ်းတွေ ပူလောင်လာပြီး ခေါင်းမူးသွားသည်။ရေသောက်ချင်သောကြောင့် ရုန်းကန်ထလိုက်ရသည်။ ခြေဖနောင့်က မြေပြင်ကိုထိလိုက်တဲ့အခါ တုန်လှုပ်သွားတဲ့ ခံစားချက်က သူ့ခြေဖနောင့်ကနေ တက်လာပြီးကိုယ်အလေးချိန်ကို ထိန်းမရတော့ဘဲ ဒူးပေါ် တည့်တည့် ပြုတ်ကျသွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ?
မုန့်ချုံ့ကွမ်း လန့်နိုးသွားသည်။ သူကုတင်ပေါ်က အမြန်ဆင်းပြီး ရွှီရှင်းကျီကို အနောက်ကနေ ပွေ့ဖက်လိုက်သည် "ရှစ်ရှုန်း၊ ဘာဖြစ်တာလဲ?"
ယခုအချိန်တွင် ရွှီရှင်းကျီ၏ ခန္ဓာကိုယ်သည် အလွန်ထိခိုက်လွယ်ပြီး ဘယ်ခန္ဓာကိုယ်ထိတွေ့မှုကိုမှ သည်းမခံနိုင်ပေ။ ဤကဲ့သို့ အထိအတွေ့ကြောင့် သူသည် ထိန်းချုပ်မှု လွတ်လုနီးပါးဖြစ်ပြီး မုန့်ချုံ့ကွမ်းကို ကန်ထုတ်လုနီးပါး ဖြစ်သွားသည်။
ပြန်ကောင်းလာဖို့ အချိန်ယူပြီးနောက် သူ့အသံပြန်ပေါ်လာခဲ့သည်- "ဘာမှမဟုတ်ပါဘူး၊ အိပ်မက်ဆိုးမက်ရုံပဲ၊ ငါ့ကိုရေတစ်ခွက်လောက် ထည့်ပေးပါအုံး။"
ရွှီရှင်းကျီသည် ယခုအချိန်တွင် သူ့ပါးပြင်များ နီမြန်းနေပြီး သူ့မျက်ရည်ခံမှဲ့ကို ပေါ်လွင်စေသည့် သူကိုယ်တိုင်ပင် သတိမမူမိသော အလှကိုပြသနေသည်ဆိုတာကို လုံးလုံးမသိလိုက်ပေ။
(T/N: အမလေးလင်လင်နှစ်ယောက်လုံးက မျက်လုံးနားမှာ မှဲ့လေးတွေနဲ့😭✋)
မုန့်ချုံ့ကွမ်းသည် သူ့နောက်ကျောမှ ဖြာထွက်နေသော ပျော်ရွှင်မှုနှင့်အတူ ရေတစ်ခွက်ထည့်ရန် အမြှီးလေးလှုပ်ကာ နာခံစွာထွက်သွားသည်။
ရွှီရှင်းကျီသည် ထိုင်နေရာမှထကာ ကုတင်ခေါင်းရင်းကို မှီ၍ မုန့်ချူံ့ကွမ်း၏ ဒီလိုပုံစံသည် ချစ်စရာကောင်းသည်ဟု ထင်ခဲ့သည်။
စွန့်ပစ်မြေရဲ့ တစ်ထောင့်တစ်နေရာမှာ ကောင်းကင်မှာ အဝါရောင်သဲတွေဖုံးလွှမ်းနေတဲ့ "ဖုန့်တောင်" လို့အမည်ရတဲ့ တောင်ကြီးတစ်တောင်ရှိတယ်၊ နှင်းခဲတွေ၊ လေတွေက မှုန်မှိုင်းနေပြီး တောင်လိုဏ်ဂူတွေဟာ တစ်ချက်တစ်ချက် ငြိမ်းသွားလောက်မည်ဟု ထင်ရသည့် အရောင်ဖျော့ဖျော့ အလင်းရောင်များ တောက်ပနေသည်။
ဂူထဲတွင်၊
ရာထူးမြင့်ပုံရသော သားရဲအမွှေးဖြင့် ရစ်ပတ်ထားသော ဝါကြန့်ကြန့်အသားရောင်နှင့် လူတစ်ယောက်သည် ရှေ့သို့ငုံ့၍ သူ၏ မျက်လုံးများက တောက်ပနေသည်။ "မင်း သေချာမြင်လိုက်တာ သေချာရဲ့လား? တကယ်က ရွှီရှင်းကျီလား?"
လက်အောက်ငယ်သားက ဤသို့ပြန်ပြောသည်- "ကျွန်တော်တပ်ဆုတ်တဲ့ အချိန်တုန်းက တကယ်မြင်လိုက်တာပါ။ မုန့်ချုံ့ကွမ်းဘေးမှာရပ်နေသူက ဖုန်းလင်တောင်၊ ချင်းကျင့်အရှင်ရဲ့ ပထမဆုံးတပည့် ရွှီရှင်းကျီပါ။ အဲဒီနှစ်၊ ကောင်းကင်အဆင့်ပြိုင်ပွဲကျင်းပတဲ့နေ့မှာ ကျွန်တော် သူ့ကိုတစ်ကြိမ်တွေ့ဖူးတဲ့အတွက် ရှင်းရှင်းလင်းလင်း မှတ်မိပါတယ်။"
သားရဲမွှေးဝတ်ထားသောသူသည် ရွှင်လန်းစွာ ပြုံးကာ ရယ်မောရင်း လက်ခုပ်တီးလိုက်သည်။ "ကောင်းတယ်၊ အရမ်းကောင်းတယ်။ သူနဲ့သာဆိုရင် ငါတို့မှာ ဒီစွန့်ပစ်မြေကြီးထဲက ထွက်ဖို့မျှော်လင့်ချက် ရသွားပြီ။"
အောက်ကလူများက နားမလည်နိုင်ဘဲ ဆူညံပွက်လောရိုက်သွားသည်။
သားရဲမွှေးဝတ်ထားသောသူသည် သူ၏ရွှင်လန်းမှုကို မျိုသိပ်ထားကာ "ငါမေးမယ်၊ အခု ဖုန်းလင်တောင်၏ အရှင်သခင်က ဘယ်သူလဲ?"
ထိုလူကို ပြောလိုက်သောအခါ အောက်ကလူတိုင်းသည် သွားများကို အံကြိတ်လိုက်ကြကာ "ကျို့ကျစ်သမ်းပါ" ဟု ဝန်လေးသောအသံဖြင့် ဖြေသည်။
သားရဲမွှေးနဲ့လူက "ဟုတ်တယ်၊ ငါတို့ ရွှီရှင်းကျီကိုဖမ်းပြီး ကျို့ကျစ်သမ်းနဲ့ အလဲအလှယ်လုပ်နိုင်သရွေ့ သူငါတို့ကို သေချာပေါက် လွှတ်ပေးမှာ!"
တခြားတစ်ယောက်ယောက်က ကန့်ကွက်သည်။ "ကျို့ကျစ်သမ်းက ရူးနေတာ၊ သူကငါတို့ကို သတ်ပစ်ချင်နေတာ။ ရွှီရှင်းကျီလိုလူတစ်ယောက်အတွက်နဲ့ ဒီလိုလုပ်ရမှာလဲ..."
"ဘာလို့မလုပ်ရမှာလဲ" သားရဲဝတ်ထားသောလူက ကြမ်းတမ်းစွာရယ်မောပြီး "ကျို့ကျစ်သမ်းနဲ့ မုန့်ချူံ့ကွမ်းက တူတူပဲ။ သူတို့နှစ်ယောက်လုံးက ရွှီရှင်းကျီ ကိုယ်တိုင်ကိုယ်ကျ ငယ်ငယ်လေးကတည်းက ပျိုးထောင်လာတာ။ ရွှီရှင်းကျီမှာ အင်္ကျီလက်ပြတ်ရှိနေမယ်လို့ ဘယ်သူကထင်ထားမှာလဲ? သူကယ်တင်ပြီး ပျိုးထောင်ခဲ့တဲ့ ရှစ်သိလေးတွေအားလုံးက ကယ်ရတန်တယ်။ သူနဲ့ ကျို့ကျစ်သမ်းတို့ရဲ့ ဆက်ဆံရေးက တခြားသူတွေနဲ့ မတူဘူး။ ငါတို့သာ သူ့ရှစ်ရှုန်းကို ဖမ်းနိုင်ရင် သူ့ဘဝလမ်းကြောင်းကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားရသလိုပဲ!"
သူစကားများများပြောလေ စိတ်လှုပ်ရှားလေလေ၊ "ဒီနှစ်တစ်လျှောက်လုံး ငါဓားပြဖြစ်နေတာ ကြာပြီ! ငါတို့ရွှီရှင်းကျီကို သိမ်းပိုက်လိုက်ရုံပဲ ပြီးတာနဲ့..."
ချောမောလှပသော အမျိုးသမီးသည် ကျောက်နံရံကို မှီ၍ အချိန်အတော်ကြာ တွေးတောစဉ်းစားပြီးနောက် သားရဲဝတ်လူ၏ ဇွဲလုံ့လဖြင့် အသံဗလံများကို နှောက်ယှက်ရန် ဆုံးဖြတ်လိုက်သည်- "ရွှီရှင်းကျီ ရုတ်တရက် ဒီမြေရိုင်းမှာ ပေါ်လာတယ်၊ အဲဒါ မထူးဆန်းဘူးလား။ ဒီဆယ်နှစ်အတွင်းမှာ စွန့်ပစ်မြေရဲ့သော့ကို ကိုင်ထားတဲ့ တစ်ဦးတည်းသောလူက ကျို့ကျစ်သမ်းဆိုတော့ သူဘယ်လိုရောက်လာတာလဲ?"
သူမခြယ်ထားတဲ့ လက်သည်းအသစ်လေးတွေနဲ့ ကစားရင်း နှုတ်ခမ်းတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ "ရွှီရှင်းကျီက အိပ်ယာပေါ်မှာ ကျို့ကျစ်သမ်းကို မပြုစုနိုင်လို့များလား? ဒါမှမဟုတ် ကျို့ကျစ်သမ်းက သူ့ကိုတာဝန်တစ်ခုနဲ့ ဒီနေရာကို လွှတ်လိုက်တာလား? ဥပမာ၊ သူရဲ့လိမ္မာတဲ့ ရှစ်သိလေး မုန့်ချုံ့ကွမ်းကို သတ်ပစ်ဖို့ပေါ့။ နောက်ဆုံးတော့ မုန့်ချူံ့ကွမ်းက စွန့်ပစ်မြေပေါ်မှာ ထူးခြားတဲ်တည်ရှိမှုတစ်ခုပဲလေ။ တကယ်လို့ သူ့မှာသာ မြေရိုင်းကနေခွဲထွက်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် ကျို့ကျစ်သမ်းလည်း တားဆီးမှာပဲ။ .....ဖြစ်နိုင်ခြေ နှစ်ခုထဲက တစ်ခုသာဆိုရင် ရွှီရှင်းကျီကို ဒီမှာချုပ်ထားဖို့က အဓိပ္ပာယ်မရှိဘူး၊ ခြေထောက်ပေါ် ကျောက်တုံးတစ်တုံးကို ပစ်ချသွားမိသလိုပဲ ဖြစ်နေလိမ့်မယ်။"
သားရဲဝတ်ထားသောလူသည် စကားမပြောနိုင်။ သူတွေးလေလေ၊ ကျိုးကြောင်းဆီလျော်လေလေ ဖြစ်လာသောကြောင့် မတတ်နိုင်ဘဲ စိတ်ပျက်နေသောအကြည့်ကို ထုတ်ပြလာသည်။
သူက ခါးခါးသီးသီး ထုတ်ပြောသည်။ "ဟုတ်တယ်။ ရွှီရှင်းကျီ အဲ့အချိန်က သူ့ဆရာကို သတ်ပစ်ခဲ့တဲ့အချက်က ကောင်းကင်အောက်ကလူတိုင်းသိတဲ့ အမှန်တရားတစ်ခုပဲ။ ဒီလိုစက်ဆုပ်စရာကောင်းတဲ့သူ မလုပ်နိုင်တာဘာရှိမှာ မို့လို့လဲ?
အမျိုးသမီးသည် သံမဏိမဖြစ်လာသည့်စတီးကို မုန်းတီးကာ သူမ၏လျှာကို နှစ်ကြိမ်ကိုက်ပြီး သားရဲဝတ်လူဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ သူမသည် သူ့ကျောက်ခုံပေါ်တွင် ထိုင်ချလိုက်ပြီး သူ့လက်မောင်းကို ရင်ဘတ်ဖြင့်ဖိကာ "ရွှီရှင်းကျီက လုံးဝအသုံးမဝင်ဘူးလို့ ဘယ်သူပြောလို့လဲ"
သားရဲဝတ်ထားသောလူက၊ "....မင်းဘာကိုဆိုလိုတာလဲ?"
အမျိုးသမီးသည် သားရဲဝတ်ထားသောလူ ၏နှုတ်ခမ်းကွဲများကို ကျီစယ်နေသည်- "ကျို့ကျစ်သမ်းက စွန့်ပစ်မြေနဲ့ဝေးပေမယ့်.....ရှင် မုန့်ချုံ့ကွမ်းကို မထိန်းချုပ်ချင်ဘူးလား။ သူသိမ်းယူထားတဲ့ စွန့်ပစ်မြေရိုင်းရဲ့ အရှင်သခင်ရာထူးကို ပြန်မသိမ်းချင်ဘူးလား?"
ချုံ့ကွမ်း- ငါ့မှာ စိတ်ချင်းဆက်သွယ်နိုင်တဲ့ အထူးနည်းပညာရှိတယ်။
ရှစ်ရှုန်း:.....လစ်.
ချုံံ့ကွမ်း: ဝုတ်!
_______________
Advertisement
- In Serial13 Chapters
Saviour of the World
Volume 1 - Fighting Demons - Complete (11,600 words)Seven years ago, Davidor defeated the Demon God and saved the world. But what he truly desires is still kept from him.The bridge to the Elven world only materialises when the two moons appear together. Davidor intends to make this his last crossing into The Vale. This time they'll give him what he wants, or he'll kill every last one of them.Volume 2 - The Demon's EggIgail knows only she can stop the Demon God 's return, and the death and destruction that will follow. She just has to convince her parents to let her.[Author's Note: I'e changed the names of the two oldest boys. The eldest is now called Gart and the second one is Fen]
8 208 - In Serial31 Chapters
I Need Time
An action, adventure, mystery and strategy story about a strong male lead. Author note: First time author, good amount of buffer chapters (over 50k words) so I will not drop this book anytime soon. This book will mostly be from the perspective of the MC. On average +5k words will be published per week. I have not chosen some of the genres and tags as I do not wish to give away parts of the story. I added the content warning tags as there will come a time for profanities, gore and maybe "traumatising" content. Though, in my opinion the content will be mild if not light. *****SPOILER*****SPOILER***** Synopsis: A college ICT student transmigrates to another world filled with magic and learns magic from a dragon. MC uses modern knowledge to develop magitech technology. MC starts his adventure using the technology he develops! Saving princesses, fighting hidden criminal organizations, learning how horribly medieval peasants live, reasoning with uneducated narrow minded people, investigating the nature of magic and searching for gods... Story review: A fantasy/sci-fi story filled with some common cliches yet presents somewhat original ideas and a few unexpected twists & turns here and there. This novel also explores a few of the commonly ignored topics concerning medieval fantasy like hygiene, culture, education(ignorance, narrow mindedness) and the fact that everybody is short because magical crops cost too much. Modern knowledge in such a setting can often times revolutionize the world if the protagonist is not an idiot or weak willed or thinks something stupid like he should not intervene in a society that systematically practices unequality of opportunity, slavery and other nasty things, of course sometimes the protagonist can be just unlucky by being enslaved, etc. In our case we are granted a protagonist who had an initial stroke of luck, learning magic from a dragon instead of struggling for years without it or randomly dieing. After that his luck goes down the drain. It is arguable whether the princess is a good stroke of luck or not, I digress. Anyway the challenges the protagonist must face will grow and no more luck or helping hands. After gaining enough power and security the protagonist will change the world for the better or at least give it a stronge push onto the right track. He will make a lot of lives better but things are never so simple and there is much more to this world than meets the eye... Missing genres & tags: Fantasy, Sci-fi, Magic. *****SPOILER*****SPOILER*****
8 286 - In Serial6 Chapters
A Toaster Story
This is the story of a toaster, who fell off a counter and killed a freshman. He looked so sad just laying there, but the system absolutely loved him, when he evolved.
8 129 - In Serial15 Chapters
Just a Game
“A great corruption is spreading. The people cry out for a savior. For a hero. For YOU! Come join the fight, as the chosen of World Tree! Receive the blessings of the gods, battle fierce monsters, and become the hero you were meant to be, in Arcanum Online!” It was the cheesiest commercial Ethan had ever heard, but the gameplay was enough to draw him - and thousands of others - to the fantasy world of Lazuros. It’s the sort of place that can really draw you in - a huge open world, a deep character customization system, and a feature that makes time pass slower inside the game, extending your limited playtime! It was a little strange, though. As if it was a bit too realistic for a game of swords and sorcery. The NPC’s seemed almost alive, most quests didn’t reset and monsters respawned slowly. Still, for all it’s quirks, it was a good game! Just a game. And nothing more. …right?
8 350 - In Serial11 Chapters
Neophyte: Common Route
A story about self-discovery, interpersonal relationships, magic and magical creatures-- and a silent war. Marsha is about seven years past adulthood and still feels like a scared child in her parents' home. This is exacerbated when she discovers her father has apparently keyed up his destructive, sadistic habits-- leading to a mad dash out of the house with precious cargo in tow and only one idea where to go. This begins her journey, leading to a discovery that will change her life forever. And she never wants to go back. (Warnings: Lots of descriptions of abusive, sadistic and otherwise traumatizing and triggering behavior that a parent perpetuated toward a child or multiple children. Descriptions of violence, a main character with emotional issues that will be dealt with, and a whole lot of the 'aftermath' of battles in a war. Even a few descriptions of some of those battles. Things of that nature. If you can't handle one of those, please do not read.) {I had this idea to write a 'common route' and then 'romance routes' like they do in otomes? Book 1 is the common route, and then at book 2, you choose your love interest. Each of which is encased in their own book.}
8 103 - In Serial58 Chapters
God of Chaos
The god of destruction and everything bad is deceived by a group of colluding gods, and tricked into committing a cardinal offense. He was punished by Gaya, the primary god of creation, to reincarnate to the world of mortals. He vows to ascend to the world of the gods and get his revenge. This is my first take on eastern fantasy. Its a good mix of eastern (Chinese) and western (Greek Myth) fantasy. Hope you guys enjoy it. ******************************************************************************* Note: Thanks for reading guys, book 2 is almost completed. If you like the story and would like to help the author, please donate , rate and share the story. Every little bit helps. Also, all further releases will first be posted on Re-Library before being updated anywhere else. Thanks, ~Devine_Exodus
8 162

