《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(6) အတုယောင်အား အပြစ်ပေးခြင်း
Advertisement
တစ်ညတာကုန်ဆုံးသွားပြီးနောက်၊ ရွှီရှင်းကျီသည် ခွန်အားအချို့ပြန်လည်ရရှိလာပြီး မြေပြင်ပေါ်သို့လှမ်းချိန်တွင် ဒူးများတုန်နေသေးသော်လည်း၊ အနည်းဆုံးတော့ ယခုအချိန်တွင် အခိုင်အမာရပ်နိုင်နေပြီဖြစ်သည်။
သူ့လက်ကောက်ဝတ်ပေါ်က ရွှေချိန်းကြိုးက မုန့်ချုံ့ကွမ်းနှင့်အတူ သဲလွန်စမရှိဘဲ ပျောက်သွားသည်။ လက်ကောက်ဝတ်ကို ဆန့်ထုတ်လိုက်သောအခါတွင် အနီရောင်အစင်းရာများ မကျန်ခဲ့သည်မှာ ထူးဆန်းပါသည်။
ရွှီရှင်းကျီကုတင်ပေါ်မှ ဆင်းလိုက်သောအခါတွင် ရေနွေးပူပူများ စိမ့်ထွက်နေသည့် ရေချိုးကန်တစ်ခု ရှိနေသည်ကို သူတွေ့လိုက်ရသည်။
သူ စိတ်မထိန်းနိုင်ဘဲ ပျော်ရွှင်စွာ ရေချိုးလိုက်သည်။ အနည်းငယ် လန်းဆန်းသွားပြီးနောက် ကုတင်ခေါင်းရင်းရှိ ယက်တောင်ကို ကိုင်ကာ လေကောင်းလေသန့်ရူရန် တံခါးအပြင်သို့ ထွက်လာခဲ့သည်။
မျှော်စင်အပြင်ဘက်တွင် မိုးဖွဲဖွဲလေး ကျလာသည်။ ရွှီရှင်းကျီ မျှော်စင်တံခါးမှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် မြေပြင်ထက်တွင် ခေါင်းသာပေါ်နေသည့် ဒေါသထွက်နေသော ကျိုးပိုင်နန်ကို တွေ့လိုက်ရသည်။
ကျိုးပိုင်နန်၏မျက်နှာသည် သူ့ကိုမြင်သည်နှင့် တပြိုင်နက် မည်းမှောင်သွားသော်လည်း ကံမကောင်းစွာဖြင့် သူ့အမြင်လမ်းကြောင်းကို ပြောင်းလဲရန် နည်းလမ်းမရှိပေ။ အနည်းငယ်မော့ကြည့်ပြီး သူ့မြေပြင်အနေအထားကနေ ဆိုးရွားတဲ့အကြည့်တွေကိုသာ ပစ်ခတ်နိုင်ခဲ့သည်။
အကြောင်းပြချက်တစ်ခုခုကြောင့် ကျိုးပိုင်နန် ၏မျက်နှာပေါ်တွင် သွားများအံကြိတ်ကာ ရက်စက်ကြမ်းကြုတ်သောအမူအရာလေးကိုမြင်လိုက်ရသဖြင့် ရွှီရှင်းကျီက သူ့ကိုပို၍နောက်ပြောင်ချင်လာသည်။
သူကထိုင်ချပြီး လေးလေးနက်နက် စိုးရိမ်စိတ်နဲ့ မေးလိုက်သည်။ "ဒီမှာ ဘာဖြစ်နေတာလဲ"
ကျိုးပိုင်နန်ကို မိုးရေမှကာကွယ်ပေးဖို့ စွန်ပလွံရွက်ကိုအသုံးပြုနေတဲ့ လုယွီကျို့က "မနေ့က ရှစ်ရှုန်းအပေါ် ကစားခဲ့တဲ့လှည့်ကွက်ကြောင့် မုန့်ချုံ့ကွမ်းက သူ့ကိုအခုအချိန်အထိ အပြစ်ပေးထားတာပါ။"
ဇာတ်လမ်းတစ်ခုလုံးကိုကြားပြီးနောက် ရွှီရှင်းကျီသည် ကျိုးပိုင်နန်အတွက် လေညင်းအနည်းငယ်ထုတ်ပေးရန် ယက်တောင်ကိုအသုံးပြုပြီး "မင်းရဲ့ကြိုးစားအားထုတ်မှုအားလုံးအတွက် ကျေးဇူးတင်ပါတယ်အာ"
ကျိုးပိုင်နန်က သူ့မျက်နှာတစ်ခုလုံးကို "လစ်" ဖြင့်သာ တုံ့ပြန်ခဲ့သည်။
ထိုကဲ့သို့ ပြုမူလေလေ ရွှီရှင်းကျီက သူ့ကို ပိုအနိုင်ကျင့်ချင်လေလေဖြစ်သည်။
သူသည် ကျိုးပိုင်နန်၏ ခေါင်းကို ကိုင်ရန် လက်လှမ်းလိုက်သော်လည်း လေနှင့်သာ ထိတွေ့သည်။ ထိုအချိန်တွင် ကျိုးပိုင်နန်၏ အသွေးအသားသည် သေသွားသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး သူ့မျက်စိရှေ့မှသူသည် လူသားများ လုံးဝမထိနိုင်သော ဝိညာဉ်တစ်ကောင်မျှသာဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။
ရွှီရှင်းကျီက သူ့အခြေအနေအတွက် အနည်းငယ်စာနာမိသလို၊ ကျိုးပိုင်နန်က သူ့ကို စိုက်ကြည့်ကာ ကိုက်ချလိုက်သည်။ "....ရွှီရှင်းကျီ၊ မင်းသတိထားနေတာကောင်းမယ်၊ ငါထွက်လာရင် မင်းကိုသေအောင် လုပ်ပစ်မယ်။"
သူ့အတွက် ရွှီရှင်းကျီ၏ ကိုယ်ချင်းစာစိတ်က ချက်ချင်း ပျောက်သွားသည်။
သူသည် သူ့နားထင်ပေါ်တွင် တွဲလောင်းကျနေသော ဆံပင်စကို ဖြည်းညှင်းစွာ လှန်လိုက်ပြီး ကျိုးပိုင်နန်အား ကလန်ကဆန် ရန်စလိုက်သည်။ "အရာရှိကြီး၊ ဒါဆို လာပါဦးအာ"
ကျိုးပိုင်နန်သည် အလွန်ရွံရှာသွားပြီး အပေါ်တိုးတက်ကာ ထိုလူကို ချက်ချင်းထိုးသတ်ပစ်လိုက်ချင်သည်။
ရွှီရှင်းကျီသည် ကျိုးပိုင်နန်ကို ပျော်ရွှင်စွာ နောက်ပြောင်ရင်း တောင်ပေါ်ရှိ တောအုပ်ထဲမှ မိန်းမပျိုလေးတစ်ယောက် သီချင်းဆိုသံကို ရုတ်တရက် ကြားလိုက်ရသည်။ တေးဆိုသံသည် လှပချောမွေ့သော်လည်း ပြတ်သားပြီး အော်ရီရယ်ငှက်ကဲ့သို့ ကျက်သရေရှိလှသည်။ ရံဖန်ရံခါ ဝါးလုံးသံသည် ဗုံသံနှင့် ဆင်တူသည်။
ရွှီရှင်းကျီသည် ဝါးတောထဲတွင် စူးစမ်းရှာဖွေကြည့်သောအခါ အရိုးစုမိန်းကလေးကို တွေ့ရှိခဲ့သည်။
ရွှီရှင်းကျီ ၏အကြည့်ကို သူမတွေ့ပြီးနောက်၊ သီချင်းဆိုသံသည် ချက်ချင်းရပ်တန့်သွားပြီး သူမ၏အဆစ်များအားလုံး တုန်ခါလာသည်။
အရိုးစုမိန်းကလေးသည် စတင်တုံ့ပြန်ခြင်းမပြုမီ အချိန်အတော်ကြာ သူ့အားစိုက်ကြည့်ပြီးနောက် ဝါးတောထဲသို့ ပြန်ပြေးသွားခဲ့သည်။
ရွှီရှင်းကျီက သူ၏ဝတ္ထုတွင် ကုသမှော်တတ်ပြီး အဖြူရောင်အရိုးများရှိသည့် ဤအမျိုးသမီးဇာတ်ကောင်အကြောင်း အမှန်တကယ် ရေးထားကြောင်း သတိရသွားသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဒဏ်ရာအနာတရဖြစ်ခဲ့လျှင် အရိုးများအထိ မရောက်သရွေ့ ထိုဒဏ်ရာများကို သူမ၏ခန္ဓာကိုယ်သို့ လွှဲပြောင်းပေးနိုင်ပြီး လူနာသည် လုံးဝပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။ မနေ့က သူမဟာ မုံ့ချုံ့ကွမ်း၏ ခန္ဓာကိုယ်ကိုဖုံးလွှမ်းထားတဲ့ မီးလောင်ဒဏ်ရာအားလုံးကို ဖယ်ရှားဖို့ ဒီထူးခြားတဲ့နည်းပညာကို အသုံးပြုခဲ့တာဖြစ်သည်။
ကံမကောင်းစွာပဲ၊ ရွှီရှင်းကျီသည် မူလပိုင်ရှင်နှင့် မည်ကဲ့သို့ ပဋိပက္ခဖြစ်နေသည်ကို သူသေချာမသိသည့်အပြင် သူ့ကိုမြင်တိုင်း မျက်စိစုံမှိတ်ရှောင်ပြီး တွေ့ဆုံရန် ငြင်းဆန်နေပုံရသည်။
လုယွီကျို့သည် နောက်ပြန်လှည့်သွားသော အရိုးစုမိန်းကလေးကို စိုက်ကြည့်ပြီးနောက် ရွှီရှင်းကျီ ကိုပြန်ကြည့်ကာ တိုးတိုးလေးမေးသည် "ရှစ်ရှုန်း၊ သူ့ကို မမှတ်မိတော့ဘူးလား"
လုယွီကျို့ ၏မျက်နှာအများစုကို ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ရှိသည့် မျက်နှာဖုံးဖြင့် ပိတ်ဆို့ထားသောကြောင့် ရွှီရှင်းကျီသည် သူ၏အမူအရာကို မမြင်နိုင်သော်လည်း သူ၏လေသံထဲတွင် ပြောမပြနိုင်သောနောင်တကို ကြားနေရဆဲဖြစ်သည်။
"သူမကဘယ်သူလဲ?" ရွှီရှင်းကျီက သူ့ဦးဆောင်မှုနောက်ကို လိုက်ကာ မေးလိုက်သည်။
ကျိုးပိုင်နန်က သူ့လျှာကို ကိုက်လိုက်ပြီး လုယွီကျို့ကို နောက်ထပ် ဘာတစ်ခုမှ ထုတ်ဖော်မပြောရန် သတိပေးလိုက်သည်။
လုယွီကျို့က "မနေ့ညက ကောကိုမပြောဖို့ ကျွန်တော်တို့ကို အထူးသတိပေးခဲ့တယ်"
'.....လာပြန်ပြီ၊ အဲ့လောက်ခန့်မှန်းရခက်လား?'
အရိုးစုမိန်းကလေး ၏ဆံပင်ရှိ ပိုးဖဲကြိုးရှည်သည် မုန့်ချုံ့ကွမ်း ၏ဆံပင်တွင် ချည်နှောင်ထားသည့်ပုံစံနှင့် ဆင်တူသည်။ ဖုန်းလင်တောင်၏ ထူးခြားသော သင်္ကေတတစ်ခုဟု ယူဆနိုင်သည်။
သူမ၏ အရိုးများတစ်ခုလုံးကို ကျောက်စိမ်းကဲ့သို့ ဖြူစင်အောင် ဆေးကြောထားသည်။ ဆံပင်ရှည်လေးသာ ကျန်ခဲ့ရင်တောင် အပြင်မထွက်ခင်မှာ သပ်သပ်ရပ်ရပ် ထားထားတာမို့ လှချင်သူ ဖြစ်ဖို့များသည်။
ရွှီရှင်းကျီ ၏ပြန့်ကျဲနေသောမှတ်ဉာဏ်များအတွင်းတွင်၊ နာမည်အပြည့်အစုံ ယွမ်ရုရှစ်၊ မျိုးရိုးနာမည် ယွမ်ရှိသည့် လှပသောမိန်းကလေးတစ်ဦးရှိခဲ့သည်။ သူမသည် ပန်းများထက် ပိုလှပသည်၊ ပျိုပင်ငယ်၏ အဖြူရောင်အပွင့်များထက် ပိုမိုတက်ကြွကာ ဖုန်းလင်တောင်၏ အသက်အငယ်ဆုံး ရှစ်မေ့သည် သီချင်းဆိုတတ်သူ၊ တက်ကြွပြီး အပြုံးများပြည့်နှက်နေသူဖြစ်သည်။
Advertisement
ယခုတွင်တော့၊ သူမတွင် အရိုးများသာ ကျန်ရှိနေပြီး တောထဲတွင် သီချင်းပတ်ဆိုနေလေ့ရှိသည်။
ရွှီရှင်းကျီက အခြေအနေကို အနည်းနဲ့အများ သဘောပေါက်သွားပေမယ့် ယက်တောင်နှင့် မျက်နှာကို ကာလိုက်ကာ မသိသလို ပြုံးပြလိုက်သည်။ "မထူးဆန်းဘူးလား? ငါလည်းမခန့်မှန်းတတ်ဘူး။ ဒါပေမယ့် အရိုးပုံစံကြည့်ရုံနဲ့ တော်တော်လေးအချိုးကျတယ် ဆိုတာသေချာတယ်၊ အချောအလှလေးတွေရဲ့ တည်ဆောက်ပုံပဲ။"
မြေ၌မြှုပ်နေသော ကျိုးပိုင်နန်က မထီမဲ့မြင်ပြု၍ "....လောကကြီးက ဘယ်အမျိုးသမီးကရော မင်းမျက်လုံးထဲမှာ မလှလို့လဲ?"
ရွှီရှင်းကျီက ယက်တောင်ကိုပိတ်ပြီး "ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတိုင်းက သူတို့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ လှကြပါတယ်။ တစ်ချို့မှာ လှပတဲ့အသွင်အပြင်ရှိပြီး အချို့မှာကျတော့ လှပတဲ့အရိုးတွေရှိတယ်။ ဒီသဘောတရားတွေကို မင်းနားလည်မှာလည်း မဟုတ်ပါဘူး။"
တောထဲတွင် ပုန်းကွယ်နေသော အရိုးစုမိန်းကလေးသည် ရွှီရှင်းကျီ ပြောသမျှကို ကြားလိုက်ရသည်။
သူမ ဝမ်းနည်းစွာ ရယ်မောကာ လှည့်ထွက်ပြေးသွားခဲ့သည်။
ညှိုးနွမ်းနေသော ဝါးရွက်များပေါ် ခြေချရင်း သူမ၏ ဖြူဖွေးသော ခြေဖဝါးမှ သံချေးတက်သံ ထွက်ပေါ်လာသည်။
ကျိုးပိုင်နန်ကို ကျေနပ်စွာ လှည့်စားပြီးနောက် ရွှီရှင်းကျီသည် ဧရာမမျှော်စင်တစ်ဝိုက်တွင် ပတ်လျှောက်ကာ သူ့နှလုံးသား၏အခက်အခဲများကို တွေးတောနေလေသည်။
အရာအားလုံးသည် သူစိတ်ကူးထားသည့်အရာနှင့် အနည်းငယ်ကွာခြားသွားသည်။ အဆုံးမရှိမသော တပည့်များနှင့် သရဲတစ္ဆေများ နေရာတိုင်းတွင် လည်ပတ်နေသော ခမ်းနားသည့် မြင်ကွင်းမျိုး မရှိခဲ့ပါ။ အထီးကျန် မျှော်စင်တစ်ခုသာ ရှိခဲ့သည်။
ရွှီရှင်းကျီကို စိတ်ရှုပ်စေတာက မုန့်ချုံ့ကွမ်းသည် တောရိုင်းမြေကြီးထဲကို ဆယ်နှစ်ကျော်ကြာအောင် နေခဲ့ပေမယ့် နောက်လိုက်တွေကို ပြုစုပျိုးထောင်ခြင်းမပြုခဲ့ပေ။
ရွှီရှင်းကျီ ၏ရှုထောင့်မှကြည့်လျှင် ဤသည်မှာ နဂါးရေကန်တို့ ကျားတွင်းတို့မဟုတ်ဘဲ မုန့်ချုံ့ကွမ်းနှင့် သူ၏မိတ်ဆွေကောင်းအချို့သာ နေထိုင်ခွင့်ရသည့် တိတ်ဆိတ်ပြီး အေးချမ်းသောအိမ်နှင့် ပိုတူသည်။
သို့သော် မနေ့က သူတို့ကို နှောက်ယှက်ရန် ရောက်ရှိလာသော အဖွဲ့အရ သူတို့၏ဘဝသည် သူထင်ထားသလိုမသာယာပေ။
မုံ့ချုံ့ကွမ်း၏ တည်နေရာကို မသိရသေး၊ ကျိုးပိုင်နန်က အတူအဖော်ပြုပေးနေတဲ့ လုယွီကျို့နှင့်အတူ မြေကြီးပေါ်တွင် စိုက်ထားခံရဆဲဖြစ်ပြီး ကျိုးဝမ့်ကိုလည်း မည်သည့်နေရာမှ မတွေ့ခဲ့ပေ၊ မနေ့က လုယွီကျို့ထိန်းချုပ်ထားသည့် တစ္ဆေကျွန်နှစ်ယောက်ပင်လျှင် မမြင်ရအောင် ဖုံးကွယ်ထားကြသည်မှာ အမှန်ပင်။ တကယ့်ကို သရဲအရိပ်တောင် မမြင်ရဘူးဆိုတဲ့ စကားအတိုင်းပင်။
ရွှီရှင်းကျီသည် ယက်တောင်ကို အင်္ကျီလက်ထဲသို့ ထည့်လိုက်ပြီး သစ်တော်သီးခြံထဲတွင် အေးအေးလူလူ လမ်းလျှောက်ရင်း မြင့်မြတ်သောသခင်လေးတစ်ယောက်ကဲ့သို့ မျှော်စင်ကို လှည့်ပတ်ကာ ပျင်းရိနေလေသည်။
ဒါက တကယ်ကို စိတ်အနှောက်အယှက်ဖြစ်စရာပင်၊ သူထွက်ပြီး အိမ်ပြန်ချင်ခဲ့သည်။
တစ်ပတ်ပြီးသွားသောအခါ၊ ရွှီရှင်းကျီသည် ခြောက်သွေ့အေးမြသောနေရာတစ်ခုကို ရွေးကာ ထိုင်ချလိုက်ပြီး ကျယ်လောင်စွာအော်လိုက်သည်။ "...ကိုယ်ထင်ပြတော့အာ။"
ရွှီရှင်းကျီသည် မျှော်စင်မှ ထွက်လာကတည်းက သူ့နောက်သို့ တစ်စုံတစ်ယောက် အမြဲလိုက်နေခဲ့ကြောင်း သိလိုက်သည်။
သို့သော် stalkerသည် အလွန်ယဉ်ကျေးသိမ်မွေ့သည်။ သူသည် ဆူညံသံများကို မကြားရအောင် သင့်လျော်သော အကွာအဝေးကို ထိန်းသိမ်းထားကာ အတော်လေး စိတ်ရှည်သည်။
ဖော်ထုတ်ခံပြီးနောက် လူသည် မျှော်စင်နောက်ကွယ်မှ ပေါ်လာသည်။
ရွှီရှင်းကျီ အံ့အားသင့်သွားသည်။
ဤလူသည် သူထင်သည့်အတိုင်း မုန့်ချုံ့ကွမ်းမဟုတ်ဘဲ၊ ပညာရှင်တစ်ယောက်လို ဝတ်စားထားသော လူငယ်တစ်ယောက်ဖြစ်သည်။
အရောင်ဖျော့သွားသည်အထိ ဆေးကြောထားသော ပိတ်ချောဖြင့် ပြုလုပ်ထားသည့် နီမြန်းသော ၀တ်ရုံကို ၀တ်ထားသော်လည်း သန့်ရှင်းပြီး လန်းဆန်းနေတာကို ထင်ရှားပေါ်လွင်စေသည်။ သူ့လက်ထဲတွင် သန့်ရှင်းသပ်ရပ်သော အဖြူရောင်အမြီးတစ်ချောင်းကို ကိုင်ဆောင်ထားပြီး အလွန်ကျက်သရေရှိသော လေထုကို ထုတ်လွှတ်ထားသည်။
သူ၏ မျက်နှာသွင်ပြင်မှာ "နွေးထွေးနူးညံ့သော ကျောက်စိမ်းကဲ့သို့" ဟူသော စကားလုံးငါးလုံးအတွက် မွေးဖွားလာသကဲ့သို့ ထူးခြားလှသည်။
သူစိမ်းက ရွှီရှင်းကျီရဲ့နံဘေးကို လျှောက်လာပြီး ကြင်နာတဲ့အပြုံးနဲ့ နှုတ်ဆက်လိုက်သည်- "...ရှင်းကျီ"
ရွှီရှင်းကျီသည် လေးလေးနက်နက် တွေးတောနေရင်းမှ မျက်ခုံးပင့်လိုက်သည်။ သူ့ဝတ္ထုထဲမှာ ရေးထားတဲ့ ဇာတ်ကောင်အားလုံးကို မျက်မှောင်ကြုတ်ရုံဖြင့် အထောက်အထားကို အကြမ်းဖျင်း အတည်ပြုနိုင်ခဲ့သည်။
သူ့ဘေးနားက နေရာကို ပုတ်လိုက်ပြီး တစ်ဖက်ကို ထိုင်ခိုင်းလိုက်တော့ ဒီအတိုင်းပဲ သူစိမ်းက ယဉ်ကျေးပြီး မွန်မြတ်တဲ့ပုံစံနဲ့ ထိုင်ချလိုက်ကာ သူ့ကျောကိုဖြေလျှော့လိုက်သည်။ ရွှီရှင်းကျီက တခြားလူနဲ့ နှိုင်းစာရင် သူ့(သူ့ကိုယ်သူ)ပုံစံက နင်းခံထားတဲ့ ရွှံ့ဗွက်နဲ့ မခြားဘူးလို့ ခံစားရသည်။
ဒါပေမယ့် သူ့အနေအထားကို ပြန်ပြင်ဖို့ ရည်ရွယ်ချက်မရှိပေ။
ရွှီရှင်းကျီသည် မနေ့က မုန့်ချုံ့ကွမ်းထံမှ ကြားခဲ့ရသော နာမည်များကို ပြန်သတိရပြီး သူ့ရှေ့ကလူနှင့် ကိုက်ညီအောင် ကြိုးစားခဲ့သည်- "ချွီချီ?"
ထင်ရှားသည်မှာ၊ ရွှီရှင်းကျီသည် ပထမအကြိမ်ကြိုးစားစဉ်တွင် ကံကောင်းသွားခဲ့သည်။
သူစိမ်းက သူ့ကို ဖော်ရွေစွာ ပြုံးပြလိုက်သည်- "....အင်း"
ရွှီရှင်းကျီ သက်ပြင်းချလိုက်သည်။
'......တကယ်ကို သူပဲ။'
ချွီချီသည် နူးညံ့သိမ်မွေ့ပြီး သန့်စင်သည်။ ကြည်လင်ပြတ်သားပြီး လှိုင်းလုံးကြီးတစ်ခု ဖြတ်သွားသလိုမျိုး သူ့အပြောအဆို လေသံကအစ အလွန်နွေးထွေးနေသည်။ "...ချုံ့ကွမ်းက မင်းနောက်ကို လိုက်ဖို့နဲ့ မင်းကို ကောင်းကောင်းကာကွယ်ဖို့ ပြောထားတယ်"
ရွှီရှင်းကျီသည် ဤလူရှေ့တွင် မည်သည့်လှည့်ဖြားမှုကိုမျှ ပုံဖော်၍မရပါ- "ကျေးဇူးအများကြီးတင်ပါတယ်"
ချွီချီက ကြင်နာစွာ ထောက်ပြခဲ့သည် - "မင်းရဲ့ ထိုင်ပုံက ကျင့်ဝတ်နဲ့ မကိုက်ညီဘူး"
Advertisement
ရွှီရှင်းကျီက ငြိမ်သက်စွာ တွန့်ကနဲ "ဒီနည်းက ပိုအဆင်ပြေတယ်။"
သူက သက်တောင့်သက်သာနဲ့ စကားပြောပေမယ့် သူ့အကြည့်တွေက ချွီချီကို စိုက်ကြည့်နေသည်။
ချွီချီသည် ရွှီရှင်းကျီ တွေးနေသည်များကို သဘာဝကျကျ မသိပါ။ သူသည် သူ့အိတ်ကပ်ထဲကို ကြိမ်ဖန်များစွာ မွှေနှောက်ပြီး ယဉ်ကျေးစွာ ကမ်းလှမ်းခဲ့သည်- "...သကြားလုံး စားပါအုံး။"
သူစကားပြောရင်း လက်ဖဝါးကိုဖွင့်ကာ ရွှီရှင်းကျီဆီသို့ ဖြန့်ပေးလိုက်သည်။
ရောင်စုံစဉ့်စက္ကူဖြင့် ထုပ်ပိုးထားသော အလုံးနှစ်လုံးရှိသည်။
ရွှီရှင်းကျီသည် တစ်လုံးကိုယူကာ စဉ့်စက္ကူကိုဖြည်ပြီး အတွင်းဘက်တွင် လက်သည်းခွံအရွယ် ကျောက်စရစ်ခဲသေးသေးတစ်ခုကို တွေ့ရှိခဲ့သည်။
ချွီချီမှ စိတ်အားထက်သန်စွာ အကြံပြုသည်- "အဲ့ဒါ အရသာရှိတယ်။"
ရွှီရှင်းကျီက ကျောက်စရစ်ခဲကို သူ့လက်ဖဝါးထဲကို ထည့်လိုက်ပြီး ခဏလောက်စဉ်းစားပြီး မေးလိုက်သည်။ "....ဒါက သကြားလုံးလား?"
ချွီချီက ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ ငါသကြားလုံးစားချင်လို့ ကျိုးဝမ့်က ငါ့အတွက် ရှာလာတာ၊ ဒါကိုသကြားလုံးလို့ ခေါ်တယ်"
ရွှီရှင်းကျီသည် ကျောက်စရစ်ခဲသေးသေးလေးကို ကြည့်ပြီး ကျောက်စရစ်ခဲသည် ဆေးကြောပြီး အလွန်သန့်ရှင်းကြောင်း တွေ့ရှိခဲ့သည်။
သူက ချွီချီကို ထပ်ပြီး အတည်ပြုလိုက်သည်။ "...မင်းသကြားလုံးကိုတော့ မမြိုချဘူးမလား?"
ချွီချီက "မမျိုချပါဘူး။ အ-ဝမ့်နဲ့ ထောင်ရှန်းက မမြိုချခိုင်းဘူး။" သကြားလုံးကို မမြိုချရဘူးလို့ ပြောတယ်"
ရွှီရှင်းကျီက "ဟုတ်တယ်၊ မင်းသကြားလုံးကို မျိုချလို့မရဘူး။"
သူ တုံ့ဆိုင်းမနေတော့ဘဲ ချွီချီကို ပြုံးပြရင်း ကျောက်စရစ်ခဲကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
ချွီချီ၏ ပါးစပ်ထဲတွင် သကြားလုံးငုံထားပြီး ရွှင်မြူးနေသောပုံသည် အရွယ်ရောက်ပြီးသူနှင့် လုံးဝမတူဘဲ ငယ်ရွယ်သော ကလေးနှင့် အလွန်တူလွန်းသည်။
ကျောက်စရစ်ခဲသည် အရသာလုံးဝမရှိသော်လည်း ရွှီရှင်းကျီသည် ၎င်းကို မြိန်ရေရှက်ရေစားရန် ဟန်ဆောင်ခဲ့သည်။
စဉ်းစားကြည့်မှ၊ ချွီချီနှင့် ပတ်သက်၍ ရွှီရှင်းကျီ၏ ခံယူချက်သည် အခြားသူများနှင့် လုံးဝမတူပေ။
ကျိိုးပိုင်နန် သူ့ကိုစတွေ့ထဲက သတ်ဖို့ကြိုးစားထဲက ရွှီရှင်းကျီသည် သူ့အပေါ် အလွန်နက်ရှိုင်းသော ခံစားချက်များ ဖြစ်ပေါ်လာခြင်းမရှိပေ။
မုန့်ချုံ့ကွမ်း နဲ့တွေ့တဲ့အခါ သူ့ကိုသတ်မှတ်ပေးထားတဲ့ "ကမ္ဘာ့အသိစိတ်" လို့ ခေါ်တဲ့ လုပ်ကြံသတ်ဖြတ်မှုမှာ သူ့စိတ်တွေက လုံးလုံးလျားလျား နစ်မြုပ်နေတာကြောင့် စိတ်လှုပ်ရှားလွန်းပြီး နောက်ထပ် ထင်မြင်ချက်ပေးဖို့ အချိန်မရှိခဲ့ပေ။
သို့သော် ချွီချီကိုမြင်သောအခါ ရွှီရှင်းကျီ၏ စိတ်သည် မတည်ငြိမ်နိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ချွီချီသည် ရွှီရှင်းကျီ သူ၏ဇာတ်လမ်းထဲတွင် နောက်ခံဖန်တီးထားသည့် တစ်ခုတည်းသော ဇာတ်ကောင်ဖြစ်သောကြောင့် ဖြစ်သည်။
မူလပိုင်ရှင်၏ အနည်းငယ်မျှသော မှတ်ဉာဏ်များနှင့်အတူ ချွီချီသည် မူလက တန်းယန်တောင်ထိပ်ရှိ ဖြောင့်မတ်သောဂိုဏ်း၏ အကြီးတန်းတပည့်ဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် နတ်ဆိုးဂိုဏ်း၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး စိတ်ဝေဒနာကို ဖြစ်ပေါ်စေခဲ့သည်။
တစ်နည်းဆိုရသော် ချွီချီ၏ လက်ရှိ စိတ်ပိုင်းဆိုင်ရာ အသက်သည် ငါးနှစ် သို့မဟုတ် ခြောက်နှစ်ခန့်သာ ရှိသေးသည်။ သကြားလုံးနှင့် ကျောက်စရစ်ခဲများကိုပင် ခွဲခြားမရပေ။
ရွှီရှင်းကျီက လွန်ခဲ့သော ဆယ့်သုံးနှစ်ခန့်က သူ၏ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုကြောင့် နတ်ဘုရားပစ္စည်းများ ခိုးယူရာတွင် မုန့်ချုံ့ကွမ်းကို အကူအညီပေးခဲ့ပြီး စွန်ပစ်မြေသို့ နှင်ထုတ်ခံရဖွယ်ရှိသည်ဟု မှန်းဆခဲ့သည်။
ချွီချီကိုမြင်လိုက်ရတော့ ရွှီရှင်းကျီက အစထဲကသူသာ အပြုသဘောဆောင်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ရေးခဲ့မယ်ဆိုရင် သူ့ရှေ့ကလူအုပ်စုက ပိုပျော်ရွှင်နိုင်လိမ့်မယ်လို့ တွေးမိသည်။ သူတို့သည် ရူးသွပ်၊ ထိတ်လန့်ပြီး မိုက်မဲသော ဤထောင်ကြီးထဲတွင် ပိတ်မိနေရန် မလိုအပ်ပါ။
ရွှီရှင်းကျီ ၏စိတ်ကူးစိတ်သန်းများ ရှုပ်ပွလာချိန်တွင်၊ သူနှင့်သကြားလုံးမျှဝေခဲ့သော ချွီချိသည် သူ့လက်ထဲတွင်ရှိသော တောင်မွှေးကိုဝှေ့ယမ်းကာ ရွှီရှင်းကျီကို ဘေးမှကာကွယ်ပေးမည့် ပုံစံသို့ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ရွှီရှင်းကျီသည် မရေမတွက်နိုင်သော ဇီးသီးပွင့်ရွက်များလိုဓားများ သူ့ညာဘက်ခြမ်းမှ မီးချောင်းကဲ့သို့ လေထဲသို့ ဖြတ်သွားပြီး ချွီချီ၏ တောင်မွှေးအပေါ် မိုးသဲသဲမဲမဲ ရွာချသလို ဆူညံပွက်လောရိုက်နေသည့်အချိန်အထိ မတုံ့ပြန်သေးပေ။
ချွီချီက သူ့လက်ကောက်ဝတ်ကို လှန်လိုက်သည်။ ထို့နောက် လွတ်လွတ်လပ်လပ် ရွေ့လျားတော့သည်၊ လှည့်ဆွဲကာ နောက်ဆုံးတွင် လက်ကောက်ဝတ်ကို လှုပ်ယမ်းပြီး ဇီးသီးပွင့်ဓားသွားများကို သူ့တောင်မွှေးဖြင့် လာရာ လမ်းကြောင်းအတိုင်း ပြန်သွားစေသည်။
သိပ်မကြာခင်မှာပဲ တောထဲက ကျယ်လောင်တဲ့ အော်ဟစ်သံတွေ ထွက်ပေါ်လာသည်။ ထိုအသံကြောင့် ၎င်းတို့သည်လည်း တူညီသော ဇီးသီးပွင့်ရွက်များဖြင့် ထိုးဖောက်ခံရဖွယ်ရှိသည်။
ချွီချီသည် လက်တစ်ဖက်ဖြင့် တောင်မွှေးကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်က ခါးတွင်စွပ်ထားသော ဓားတိုကို ကိုင်ထားသည်။ ခိုးဝင်တိုက်ခိုက်ခြင်းခံရသည့် တော၏ညာဘက်ခြမ်းကိုကြည့်ရင်း သူသည် အပြည့်အဝသတိရှိခဲ့ပြီး ရွှီရှင်းကျီအား "မျှော်စင်ကို အမြန်ပြန်ပါ။ မုန့်ချုံ့ကွမ်း စောစောကပြောထားတယ်၊ မင်းသာတစ်ခုခုဖြစ်သွားရင် ငါ့သကြားလုံးအားလုံးကို သိမ်းသွားမယ်တဲ့"
......ဒါဟာ တကယ့်ကို ပြင်းထန်တဲ့ ပြစ်ဒဏ်ပါပဲ။
ရွှီရှင်းကျီသည် ချွီချီ၏မျက်လုံးထဲတွင်၊ လောလောဆယ်တွင် သူသည် သကြားလုံးကြီး တစ်တုံးနှင့်မခြားကြောင်း သံသယဖြစ်မိသည်။
ပြောမပြတတ်သည့် ဝေဖန်မှုများသာ ရှိခဲ့သည်။ ရွှီရှင်းကျီသည် သူ၏ကန့်သတ်ချက်များကို သိသောကြောင့် သူသည် ဝန်ထုပ်ဝန်ပိုးဖြစ်ရန် ဤနေရာတွင် ရှိနေမည်မဟုတ်ပေ။ သူထွက်ပြေးခါနီးမှာပဲ သူ့လက်ကို တစ်စုံတစ်ယောက်က လှမ်းဖမ်းလိုက်သည်။
ရွှီရှင်းကျီ လန့်သွားသည်။
ချွီချီက ရုတ်တရတ်ပြန်ကြည့်လိုက်ပေမယ့် ပုံရိပ်ပေါ်လာတာနဲ့ သူ့ရဲ့ ကြောက်ရွံ့တဲ့အမူအရာက သိသိသာသာ တည်ငြိမ်သွားသည်- "ချုံ့ကွမ်း၊ ရှင်းကျီကို မျှော်စင်ဆီ အမြန်ပြန်ခေါ်သွားပါ။"
ဒါကိုကြားတော့ "မုန့်ချုံ့ကွမ်း" က ရယ်မောလိုက်သည်။
သူ့လက်မောင်းကို ဆုပ်ကိုင်ထားသည့်လက်သည် အလွန်အကျွံအင်အားသုံးထားပြီး မူမမှန်သောကြောင့် ရွှီရှင်းကျီကို နေရခက်စေသည်။
သူ မော့ကြည့်လိုက်တော့ လိမ္မော်ရောင်နဲ့တူသော အဝါရောင်အသားအရေရှိပြီး "မုန့်ချုံ့ကွမ်း" ရဲ့ မျက်လုံးတွေက ခွေးရူးပြန်တဲ့ ဝံပုလွေတစ်ကောင်လို တောက်ပနေတာကို သတိထားမိလိုက်သည်။
ထိုလူက သူ့ကို ပြုံးပြလိုက်သောအခါ၊ ထက်သော သွားနှစ်ချောင်းသည် သူ့ခြေသည်းအောက်မှ လတ်လတ်ဆတ်ဆတ် ဖမ်းမိခဲ့သော သမင်တစ်ကောင်ကို အမဲဖြတ်ချင်နေသော သားရဲကဲ့သို့ ထင်ထင်ရှားရှား ပြနေပြီး ပထမကိုက်ရမည့်နေရာကို စဉ်းစားနေသလို။
ရွှီရှင်းကျီလန့်သွားပြီး ချွီချီကို "ခဏလေး၊ သူမဟုတ်....."
ချွီချှသည် လုံးဝသတိမထားမိဘဲ ရွှီရှင်းကျီကို "မုန့်ချုံ့ကွမ်း" ၏ ပွေ့ဖက်မှုထဲသို့ တွန်းပို့ခဲ့သည်- "မြန်မြန် မျှော်စင်ပေါ်တက်။"
ရွှီရှင်းကျီက သူ့ရင်ထဲမှာ အေးစိမ့်စိမ့်ခံစားလိုက်ပေမယ့် သူ့နှလုံးသားထဲကို လုံးဝမဝင်ခင်မှာ သူ့ရှေ့ကလူရဲ့ အောင်ပွဲခံတဲ့အပြုံးက ရပ်တန့်သွားသည်။
ခန္ဓာကိုယ်ကို အရှေ့ကိုလဲကျလာတော့ ရွှီရှင်းကျီက လစ်လျှူလျူရှုကာ ရှောင်ထွက်လိုက်ပြီး မျက်နှာတု မြေပြင်ပေါ်သို့ လဲကျသွားတာကို ကြည့်ပြီး တုန်တက်သွားသည်။
- သူ့ကျောရိုးသည် အလယ်တွင် ကျိုးသွားကာ လက်ချောင်းလောက်နက်သော မီးတောင်ပေါက်တစ်ခု ပေါ်လာပြီး ထိုနေရာကို နက်ရှိုင်းစွာ နစ်မြုပ်သွားစေသည်။
တကယ့် မုန့်ချုံ့ကွမ်းက သူ့နောက်မှာ ရပ်နေသည်။ သူသည် ရွှီရှင်းကျီကို သူ့ဆီမဆွဲခင် လက်ကို လက်ကိုင်ပုဝါဖြင့် ဖြည်းညှင်းစွာ သုတ်လိုက်ပြီး "ရှစ်ရှုန်း၊ ဒဏ်ရာရသွားသေးလား?"
ရွှီရှင်းကျီက ထိတ်လန့်စွာ ခေါင်းယမ်းလိုက်ပြီး မြေပြင်ပေါ်ရှိ မုန့်ချုံ့ကွမ်းအတုကို လှမ်းကြည့်လိုက်သည်။
မြေပြင်ပေါ်တွင် လည်ပင်းလိမ်နေသော "မုန့်ချုံ့ကွမ်း" အတု၏ မျက်နှာသည် မုတ်ဆိတ်မွှေးထူထပ်သော သားရဲ၏ မူလပုံစံသို့ ပြန်ရောက်မလာမီ မုန့်ညက်အဖုကဲ့သို့ အကြိမ်အနည်းငယ်တွန့် လိမ်သွားသည်။
သားရဲဝတ်လူ ၏ကျောရိုးကျိုးသွားသည်၊ သူသွားများ အံကြိတ်ကာ သည်းမခံနိုင်သော ဝေဒနာကြောင့် ညည်းညူရင်း "မုန့်ချုံ့ကွမ်း၊ မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ...."
မုန့်ချုံ့ကွမ်း ငုံ့ကာ ပြုံးပြရင်း သူ့ဆံပင်တွေကို ဆုပ်ကိုင်လိုက်သည်။ "ငါမျှော်စင်ထဲမှာ မရှိတာကို အခွင့်ကောင်းယူပြီး ရှစ်ရှုန်းကို တိုက်ခိုက်လိမ့်မယ်လို့ မထင်ထားဘူး။"
သားရဲဝတ်လူ၏လည်ချောင်းမှာ သွေးများပြည့်လာပြီး ကြောက်မက်ဖွယ်ရာ အသံကိုဖြစ်ပေါ်စေသည်- "ခုနတုန်းက...ကင်းထောက်က မင်းက500kgအကွာက တံတားပြာ တောင်ခြေလျှောမှာ ရှိနေတယ်လို့ ပြောထားတာကို..."
မုန့်ချုံ့ကွမ်းက ပေါ့ပေါ့ပါးပါး ရယ်မောပြီး "500kgပဲကို၊ ငါပြေးတာ အရမ်းမြန်တာ မင်းသိလား။"
သားရဲဝတ်လူသည် သေခြင်းမှ မလွတ်မြောက်နိုင်သည်ကို သိသောကြောင့် ကြောက်မက်ဖွယ်ကောင်းသော ဟောက်သံကို ထုတ်ပစ်ရန် ကျန်ရှိနေသေးသော ခွန်အားကို သုံးပစ်ခဲ့သည်- "မုန့်ချုံ့ကွမ်း၊ မင်းက မကောင်းဆိုး-"
မုန့်ချုံ့ကွမ်းသည် သူ၏လက်ချောင်းများကို ထုံးဖွဲ့ပြီး လှောင်ပြောင်သံတိုးတိုးဖြင့် လူ၏ကျောရိုးအဆစ်ကို ပစ်လိုက်ကာ တစ်ဝက်တစ်ပျက်ကျိန်ဆဲသံများကို ညည်းတွားမြည်တမ်းခြင်းအဖြစ်သို့ အတင်းအကျပ်ပြောင်းလဲပစ်ခဲ့သည်။
"မင်း ငါ့မျက်နှာသုံးပြီး ရှစ်ရှုန်းကို ဖက်ရဲတယ်ပေါ့။" မုန့်ချုံ့ကွမ်းက ပြောသည်။ "မင်းသေချင်နေလား။ မဟုတ်ဘူး၊ အဲဒါဆို လွယ်လွယ်နဲ့ လွှတ်လိုက်ရမှာပေါ့။"
ထိုနည်းတူပင်၊ မုန့်ချုံ့ကွမ်းသည် ရွှီရှင်းကျီ၏ မျက်စိရှေ့တွင် သစ်ကြားသီးများကို ခွဲခြေနေသကဲ့သို့ ကျောရိုးများနှင့် အရိုးများကို အကွဲအပြဲများအဖြစ်သို့ ချိုးဖျက်လိုက်သည်။
သားရဲဝတ်လူသည် ဤအချိန်၌ ကွယ်လွန်ခဲ့သည်မှာ ကြာပါပြီ။ သူ့ကိုမြေပေါ်တွင် ကျိုးပဲ့အောင်လုပ်ပြီးသောအခါ မုန့်ချုံ့ကွမ်းက အံ့သြနေသော ချွီချီကို အမိန့်ပေးသည်- "ချွီချီ၊ တောရဲ့လက်ယာဘက်ခြမ်းက လူအားလုံးကို အရှင်လတ်လတ် ဖမ်းထားလိုက်။ ငါ့လက်နဲ့ ကိုယ်တိုင် ငရဲကိုပို့ပေးမယ်။"
နတ်သားလေးချွီချီ is Online~
ချွီချီ : သကြားလုံးစားဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်~
_____________
Advertisement
- In Serial23 Chapters
Shadow's Fall (Discontinued)
Dere(Dare-ay)- Prince of Darkness, God of Shadows, Patron of Beggars and Thieves, King of Lies, and Divine of many titles- awakens to a startling realization; he has been made mortal. The gods have punished him for a crime he swears he didn't commit. Now, stripped of his divinity and powers and cast down to the mortal world, Dere finds himself smack in the middle of an ongoing coup against the sitting Monarch of Clovin, a kingdom he doesn't even know. He avoids involving himself in the petty mortal affair until he learns that it may not be as simple as it first seemed. Monsters of a God long thought dead have reappeared and the hands of the Immortals themselves are at work in Clovin. To restore his immortality and preserve a decision he made long ago, the newly mortal Dere dives into the power struggle around the kingdom and allies himself with the last remaining member of the old monarchy. As he delves deeper and deeper into the ongoing struggle in his search for answers, he uncovers a much larger conspiracy, one that may threaten the gods themselves.
8 190 - In Serial44 Chapters
Landfill Life
Humanity is dumping an ever increasing amount of scrap into landfills.Plastics which no organism can digest.Chemicals so toxic no organisms known to man dare touch.Yet life finds a way amidst all this.The plastic can be absorbed as armor.The chemicals contain potent energies.
8 262 - In Serial13 Chapters
protected || book 2 of 'she's a dixon'
turns out you're never protected BOOK 2 OF SHE'S A DIXON SERIESseason 2 of the walking dead{completed}{carl grimes fanfiction}{daryl dixon fanfiction}{daryl dixon's daughter}{the walking dead fanfiction}{all credit goes to amc. i just own reagan}
8 197 - In Serial6 Chapters
The tribrid and her mates
this is only my second story so I hope you all like it this is my FANFICTION so I'm writing it my way and this is about a you g twin sister to Hope Michaelson and her name is Mekare Michaelson she meets and falls in love with all four boys but how long before her father ruins everything or excepts it only time will tell
8 104 - In Serial45 Chapters
I'm your kid too, father
Klaus had another child before Hope.The family took him in but dont see him as part of the family until they find out differently? Will it be too late?
8 142 - In Serial110 Chapters
Book of Randoms
Sum IRL stuff, My Inner Demons stuff and my own AU stuff all in one book. Perhaps some Bendy and the Ink Machine stuff. Along with random stuff, can't forget that. I post 1 chapter a day and occasionally even 2 a day, rarely 3 a day. Only under certain circumstances (dire situation, family visiting so I don't have time to make anything, miserable day, etc.) will there be no new chapter. (I'm gonna be really busy with important stuff so don't expect any new chapters for 2 weeks)
8 272

