《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(11) မှတ်ဉာဏ်များကို ပြန်ကြည့်ခြင်းII
Advertisement
ပွေ့ဖက်ခြင်း၊ သူငယ်ချင်းဟောင်း၊ လုယွီကျို့
ရွှီရှင်းကျီသည် နောက်မှစကားများကို ရှင်းရှင်းလင်းလင်း မကြားနိုင်တော့ပေ။
အပင်၏ရနံ့သည် သူ၏ ဝိညာဥ်ကြောခုနစ်ခုနှင့် သွေးကြောရှစ်ခုထဲကို စိမ့်ဝင်သွားပြီး သူ့လက်နှင့်ခြေတို့ကို ပျော့ပျောင်းစေသည်။ သူ့နားက မုန့်ချုံ့ကွမ်းရဲ့ တီးတိုးပြောသံတွေက စမ်းရေပင်လယ်အော်အဖြစ် ပြောင်းလဲသွားပြီး သတိမပေးဘဲ အိပ်ပျော်စေခဲ့သည်။
သူ့မှာ ထူးဆန်းတဲ့အိပ်မက်တစ်ခုရှိတယ်။
အိပ်မက်ထဲမှာတော့ ငါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မွှေးကြိုင်တဲ့ ငါးစာတွေနဲ့ ရောထွေးနေသည်။ မွှေးကြိုင်သော ငါးစာသည် ပျော့ပျောင်းပြီး နွေးထွေးကာ အသက်ဝင်လာသကဲ့သို့ သူ့အမြီးကို ဂရုတစိုက် နမ်းနေသည်။ ရွှီရှင်းကျီလည်း ဗိုက်မဆာသောကြောင့် သူ့အကြေးခွံတွေကို ပွတ်သပ်ပြီး လှည့်ပတ်ကစားနေခဲ့သည်။
လှည့်ကြည့်လိုက်သောအခါတွင် မွှေးကြိုင်သောအစာသည် မရေမတွက်နိုင်သော လက်အမျှင်များဆန့်ထုတ်ကာ သူ့ခန္ဓာကိုယ်ပေါ်သို့ ချည်နှောင်ပြီး အဆုံးမရှိရေစီးကြောင်းထဲသို့ ဆွဲခေါ်သွားသည်။
ရွှီရှင်းကျီသည် ရုန်းကန်လိုသော်လည်း ၎င်း၏လက်မျှင်များသည် ပျော့ပျောင်းပြီး ကြမ်းတမ်းသည်။ သူ့အရိုးတွေ တဆတ်ဆတ်တုန်လာသည်အထိ လျင်မြန်စွာ ရစ်ပတ်လာပြီး သန္တာကျောက်တန်းတွေထဲကို ဆွဲငင်ခံခဲ့ရသည်။
ရွှီရှင်းကျီသည် သူ့ခါးနှင့်ဒူးများ နာကျင်ပြီးပျော့ပျောင်းလာသဖြင့် လန့်နိုးသွားသည်။ လှုပ်ရှားလိုက်သောအခါတွင် သူ၏ဝမ်းဗိုက်အောက်ပိုင်းမှ နာကျင်မှုများ ပေါက်ကွဲထွက်လာသည်။
ရွှီရှင်းကျီက သူ့လက်ကို ဗိုက်ပေါ်တင်ထားလိုက်သည်နှင့် သိမ်မွေ့သော ခံစားချက်များ တစတစ တွန်းပို့နေသလို ခံစားလိုက်ရသည်။
....သူဘယ်အချိန် အိပ်ခန်းထဲပြန်ရောက်လာလဲမသိ၊ ခြေနှစ်ချောင်းကို သံကြိုးနဲ့ချည်ထားပြီး ကုတင်ပေါ်တွင် လဲလျောင်းနေကာ တစ်လက်မမှ မလှုပ်နိုင်ခဲ့ပေ။
မုန့်ချုံ့ကွမ်းက သူ့ခါးကို အနောက်ကနေ တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ ပူနွေးသောလေပြင်းက ရွှီရှင်းကျီ ၏လည်ပင်းနောက်ဘက်ကို ပွတ်သပ်ပြီး ချိုမြိန်စွာအိပ်စက်နေလေသည်။
ယနေ့ သူမူးမေ့လဲသွားပြီးနောက်၊ သူသည် မုန့်ချုံ့ကွမ်းနှင့် စကားပြောရန် အစပြုခဲ့ပြီး တစ်ဝက်တစ်ပျက်အမှန်တရားနှင့် မုသားမှုများ ရောနှောကာ စွန့်ပစ်မြေကြီးသို့ လာရသည့် ရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။ အကျိုးဆက်အနေဖြင့် မုန့်ချုံ့ကွမ်းသည် ၎င်းတို့ကြားရှိ အငြိုးအတေးဟောင်းများကို တစ်ချက်တည်းနှင့် ဖျက်သိမ်းရန် ကြိုးပမ်းနေသည်ဟု ထင်မှတ်ခဲ့သည်။ ထို့ကြောင့် သူသည် ဤမျှလောက်ထိ လုပ်ရဲခဲ့တာဖြစ်သည်။
ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်၏အရောင်သည် ခါတိုင်းကဲ့သို့ ခွဲခြား၍မရပေ။
ရွှီရှင်းကျီသည် သူ့နဖူးမှ ဖြာထွက်နေသော အေးစက်သော ချွေးများကို သုတ်လိုက်ပြီး အသက်ပြင်းပြင်းရူလိုက်သည်။
မုန့်ချုံ့ကွမ်းသည် သူ၏ လှုပ်ရှားမှုကို ကြားပြီး အမှတ်တမဲ့ ဆုပ်ကိုင်ထားသည် ".....ဝူးး၊ ရှစ်ရှုန်း....”
ရွှီရှင်းကျီသည် သူ၏ ဆုပ်ကိုင်မှုကြောင့် တုန်လှုပ်သွားပြီး လက်များကို ဆွဲထုတ်ရန် ကြိုးစားသည်။ မုန့်ချုံ့ကွမ်း ၏လက်များသည် သေးသွယ်သော်လည်း၊ ၎င်းတို့သည် သံမဏိဖြင့်လုပ်ထားသကဲ့သို့ ကြမ်းတမ်းသည်။ အချိန်အတော်ကြာအောင် ထုလိုက်သော်လည်း မတုန်မလှုပ်။
ရွှီရှင်းကျီသည် သူ့အိမ်မက်ထဲတွင် ဤကဲ့သို့ မလှုပ်မယှက်နိုင်သော အခြေအနေမျိုးကို ကြုံတွေ့ခဲ့ရပြီး ယခုလက်တွေ့တွင် ၎င်းကိုထပ်မံကြုံတွေ့ရသည့်အတွက် အလွန်စိတ်ညစ်ခဲ့ရသည်။
သူသည် ခက်ခက်ခဲခဲ အကျဉ်းချခံထားရစဉ်တွင် ပြန်လှည့်ကာ မုန့်ချုံ့ကွမ်းကို ရှေ့မှတွန်းထုတ်ရန် ကြိုးစားခဲ့သည်။
သူဖန်တီးလိုက်သော ကြားနေရာကြောင့် မုန့်ချုံ့ကွမ်းသည် ပိုကောင်းလာသလား၊ ပိုဆိုးလာသလားမသိပေမယ့် ရှေ့သို့တိုးလာကာ ရွှီရှင်းကျီကို ယခင်ကထက် ပိုမိုတင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။
......ရွှီရှင်းကျီ ၏နှုတ်ခမ်းများသည် နွေးထွေးနူးညံ့သော အရာတစ်ခုအပေါ် ပွတ်တိုက်မိသွားသည်။
နှုတ်ခမ်းပေါ်က နူးညံ့တဲ့ အထိအတွေ့ကြောင့် မုန့်ချုံ့ကွမ်းရဲ့ မျက်လုံးတွေကဆတ်ခနဲ ပွင့်သွားသည်။ "....ရှစ်ရှုန်း?"
ရွှီရှင်းကျီ အနည်းငယ် လှုပ်လှုပ်ရွရွခံစားရပြီး မုန့်ချုံ့ကွမ်း၏ ရင်ဘတ်ကို သူ့လက်ဖြင့် နောက်သို့ အနည်းငယ်တွန်းလိုက်သည်- "ငါအသက်ရှူလို့ မရဘူး"
မုန့်ချုံ့ကွမ်းက သူ့နဖူးကိုကိုင်လိုက်သည်။ "ရှစ်ရှုန်း ဒါကို မကြိုက်ဘူးလား?"
ရွှီရှင်းကျီ: "......"
ရှစ်သိ၊ ကျေးဇူးပြုပြီး လေးစားမှုလေးတော့ ပြပါအုံးလား?
မုန့်ချုံ့ကွမ်းက အပြစ်ကင်းတဲ့ အမူအရာနဲ့ "ဒီနည်းနဲ့ဆို ရှစ်ရှုန်းအေးမှာ မဟုတ်တော့ဘူးလေ"
ရွှီရှင်းကျီသည် အမှန်တကယ်ပင် အအေးဒဏ်ကို ကြောက်လန့်သဖြင့် မုန့်ချုံ့ကွမ်းက မလှုပ်ရှားနိုင်တော့တဲ့အထိ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်မှာ အမှန်ပင် နွေးထွေးလှသည်။
မုန့်ချုံ့ကွမ်း၏ ခန္ဓာကိုယ် အပူချိန်သည် အရမ်းမပူသလို အရမ်းလည်းမအေးဘဲ အပူချိန်သည် မှန်ကန်သည်၊ အရွယ်အစား သေးငယ်လွန်းသော အနွေးထည်ထူထူကြီးလို သက်တောင့်သက်သာရှိကာ ရွှီရှင်းကျီကို သူ့ရင်ထဲတွင် နေရာလွတ် မရှိသည်အထိ ချုပ်နှောင်ထားသည်။
သို့သော်၊ ရွှီရှင်းကျီသည် ချုပ်နှောင်ခြင်းကို မကြိုက်သောကြောင့် မုန့်ချုံ့ကွမ်းသည် သူ့လက်မောင်းရှိ ကြွက်သားများကို အနည်းငယ် ဖြေလျှော့ကာ "ရှစ်ရှုန်း နည်းနည်းလောက် ဆက်အိပ်သင့်တယ်"
ရွှီရှင်းကျီ နောက်ဆုံးတော့ နည်းနည်းသက်သက်သာသာ လှဲနိုင်ခဲ့သည်။ သူ့နာကျင်နေတဲ့ခါးကို ကိုင်ပြီး အိပ်ယာပေါ်ကနေ တစ်ချက်ဝေ့ကြည့်လိုက်သည်။
ရွှီရှင်းကျီက မျက်လုံးမပိတ်သွားတော့ မုန့်ချုံ့ကွမ်းက သူ့ကိုတည့်တည့် စိုက်ကြည့်နေသည်။ "ဘာလို့မအိပ်တာလဲ?"
ရွှီရှင်းကျီ: "...အပြင်မှာ အလင်းရောင်ရှိတယ်"
ကြီးကျယ်ခမ်းနားသော လွင်တီးခေါင်တွင် နေမရှိပါ၊ လကဲ့သို့ တစ်နှစ်ပတ်လုံး အနောက်ဘက်ခြမ်းမှ ကောင်းကင်တွင် ချိတ်ဆွဲထားသော အလင်းတန်းတစ်ခုသာရှိသည်။ သို့သော် အလင်းသည် အလွန်တန်ဖိုးမရှိပေ၊ အချိန်မရွေး အရည်ပျော်သွားမည့် သစ်သီးသကြားလုံးတစ်လုံးနှင့် တူသည်။ ထို့ကြောင့် လွင်တီးခေါင်တွင် နေ့နှင့်ညကို မခွဲခြားဘဲ မနက်မှညအထိ တစ်တားထဲ ထွန်းတောက်နေသော အုံ့မှိုင်းသောအလင်းရောင်သာရှိသည်။ အလင်းရှိသော်လည်း မတောက်ပပါ။ တိမ်ထူသောနေ့၏ ညနေဆည်းဆာချိန်တွင် အချိန်သည် ထာဝရ ရပ်တန့်သွားသလိုပင်။
Advertisement
ရွှီရှင်းကျီ၏ နှုတ်ခမ်းပေါ်သို့ အလင်းတန်းများ ပွတ်တိုက်လာသောကြောင့် အနည်းငယ် လန်းဆန်းသွားသည်။ ထို့အပြင် အိပ်ချင်စိတ်လုံးဝ မရှိတော့ပါ။ ရွှီရှင်းကျီ ပင်ပန်းနေသော်လည်း အိပ်ချင်စိတ်မရှိတော့ပေ။
ခဏအကြာတွင် အခန်းတွင်းရှိ အလင်းတန်းများသည် လုံး၀ မျိုချခံလိုက်ရသလို တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ရွှီရှင်းကျီ အံ့သြသွားသည်။ လှည့်ကြည့်လိုက်တော့ နွယ်ပင်တွေ တဟုန်းဟုန်းတောက်နေတဲ့ အသံနဲ့အတူ ပြတင်းပေါက်နားက သစ်ရွက်ထူထပ်တဲ့ ပိုက်ကွန်တစ်ခုကို မြင်လိုက်ရသည်။ ပြတင်းပေါက်ဘက်သို့ တစ်လက်မချင်းစီရွေ့ကာ အလင်းရောင်ကို ဖြည်းညှင်းစွာ ဖြတ်တောက်ပစ်လိုက်သည်။
အခန်းသည် အမှောင်ထုထဲ နစ်မြုပ်သွားသည်။
မုန့်ချုံ့ကွမ်းက သူ့အသံကို နှိမ့်လိုက်ပြီး "ရှစ်ရှုန်း အဆင်ပြေသွားပြီလား"
ရွှီရှင်းကျီသည် မုန့်ချုံ့ကွမ်း၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်နိုင်တော့၊ သူ့အား စိတ်ကျေနပ်စေရန် ထူးထူးခြားခြားကြိုးစားနေသည့် သူ(MCG)၏ခွေးပေါက်လေး အသံကသူ့စိတ်နှလုံးကို ပျော့ပျောင်းသွားစေသည်- "မဆိုးပါဘူး"
မုန့်ချုံ့ကွမ်း၏ အသံသည် ပျော့ပျောင်းသွားသည် - "ကျွန်တော် လိမ္မာတယ်မလား?"
ရွှီရှင်းကျီက ကျယ်လောင်စွာ ရယ်လိုက်သည် "မဆိုးပါဘူး"
မုန့်ချုံ့ကွမ်းက “ဒါဆို...ရှစ်ရှုန်း ကျွန်တော့်ကို ဖက်ပေးပါလား?"
ရွှီရှင်းကျီ: "......”
"ခဏလေးဘဲ" မုန့်ချုံ့ကွမ်းက “ဒါကို ဆုပေးတယ်လို့ သဘောထားလိုက်လေ...."
နောက်ဆုံး စကားလုံးမထွက်သွားခင် ရွှီရှင်းကျီက သူ့ကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ပေးလိုက်သည်။ တစ်ဖက်က အတုယောင်လို့ထင်မှာ ဆိုးသောကြောင့် ရွှီရှင်းကျီက နောက်ကျောကို ဘယ်ဘက်လက်ဖြင့် ပုတ်ပေးလိုက်သည်။
ရွှီရှင်းကျီ၏ ခန္ဓာကိုယ်တွင် အေးစက်သော ဖွဲ့စည်းပုံရှိသောကြောင့် သူ၏ဘယ်လက်သည် တစ်ဖက်လူ၏နောက်ကျောနှင့် ထိတွေ့လိုက်သောအခါ ရေခဲအအေးဒဏ်က မုန့်ချုံ့ကွမ်းအား တုန်လှုပ်သွားစေသည်။ ထိမိသောနေရာသည် မီးမတောက်လောင်လာခင် တစ်ခဏမျှ ထုံကျဉ်သွားသည်။
မုန့်ချုံ့ကွမ်းသည် ခဏရပ်တန့်သွားပြီး အံ့အားသင့်ကာ ပျော်ရွှင်သွားသည်။
ရွှီရှင်းကျီက သူ့(MCG)ကို ဘာကြောင့် ပွေ့ဖက်လိုက်မှန်း မသိ။ သူသာမပွေ့ဖက်ရင် မုန့်ချုံ့ကွမ်း အတွေးလွန်သွားလိမ့်မယ်လို့ သူ့စိတ်ထဲမှာ ယောင်ဝါးဝါး တွေးနေခဲ့သည်။ ကျို့ကျစ်သမ်းကို အသုံးချပြီး သောင်းကျန်းနေရင် ကိစ္စက ဘယ်တော့မှ ပြီးမည်မဟုတ်ပေ။
သူက နူးညံ့စွာ အမိန့်ပေးလိုက်သည်။ “ဒုက္ခမပေးနဲ့တော့၊ အိပ်”
မုန့်ချုံ့ကွမ်းက စကားမပြောတော့ဘဲ ရွှီရှင်းကျီ၏ ၀တ်ရုံကော်လံကို ကိုင်ကာ သူ့ခေါင်းကို ရင်ဘတ်ထဲသို့ မြှုပ်လိုက်သည်။ ဆူညံသံများမထွက်ဘဲ၊ အိမ်မွေးတိရိစ္ဆာန်လေးကဲ့သို့ ထင်ရသည်။
ဆန့်ကျင်ဘက်အနေနဲ့ ရွှီရှင်းကျီဟာ သူ့ရဲ့ရင်းနှီးစွာ ဆုပ်ကိုင်ထားမှုကို စိတ်မဆိုးခဲ့ပေ။ အဲ့အစား အနည်းငယ်လောက် အိပ်ငိုက်လာပြီး နာရီလေးပုံတစ်ပုံအတွင်း အိပ်ပျော်သွားသည်။
ရွှီရှင်းကျီ အိပ်မက်မြေထဲသို့ ဝင်ရောက်သွားသောအခါ မုန့်ချုံ့ကွမ်းသည် ရင်ခွင်ထဲမှ တလှုပ်လှုပ်လှုပ်လှုပ်နှင့် ရွှီရှင်းကျီ၏လက်ကို အလွန်ပေါ့ပါးစွာဆုပ်ကိုင်လိုက်ပြီး လက်ကို သူ့ခေါင်းထိပ်ပေါ် တိုက်ရိုက်တင်လိုက်သည်။ သူသည် ၎င်းကို လှုပ်ခါကာ ပုတ်ပေးနေသလို မျက်လုံးများကို မှိတ်ထားလိုက်သည်။
.....ခေါင်း၊ ကျော၊ ပခုံး၊ ပါး။ ခန္ဓာကိုယ်က ဘယ်နေရာပဲဖြစ်ဖြစ် ရှစ်ရှန်းထိရင် အရမ်းသဘောကျတယ်။
တစ်ဖက်တွင် ရွှီရှင်းကျီသည် မုန့်ချုံ့ကွမ်းလေးကို အိပ်မက်မက်ပြန်သည်။
သို့မဟုတ် ပိုမှန်အောင်ပြောရလျှင် မူလပိုင်ရှင်၏မှတ်ဉာဏ်များသည် သူအိပ်ပျော်နေချိန်တွင် အသိစိတ်ထဲပြန်ဝင်လာသည်။ မှတ်ဉာဏ်များသည် ယခင်နေရာမှတ်မှ အဆက်လိုပွင့်လာသည်။
....သူ၏လည်ပင်းတစ်ဝိုက်ရှိ ကျောက်စိမ်းပုတီးမှ ပုံမှန်မဟုတ်သောအလင်းရောင်ကို သတိပြုမိပြီးနောက်၊ ရွှီရှင်းကျီသည် အားနည်းနေသော ခြေထောက်များဖြင့် ထိုက်ဟွတောင်သို့ ရောက်ရှိခဲ့သည်။
ဝမ်ရွှယ်ချန်၏ လက်ဖဝါးတွင် တွားသွားနေသော ပိုးကောင်ကို ပြန်တွေးလိုက်သည်နှင့် တပြိုင်နက် ရွှီရှင်းကျီ ၏နောက်ကျောတစ်လျှောက် ကြက်သီးမွှေးများ ထသွားသည်။
သို့သော် လက်နက်နှင့် ချပ်ဝတ်တန်ဆာများ အပြည့်ရှိသော တပည့်အနည်းငယ်သည် သူ့ဆီသို့ အပြေးအလွှား ပြေးလာသည်ကို မြင်လိုက်သည်နှင့် ထိုအတွေးများအားလုံး ချက်ခြင်း ပျောက်ကွယ်သွားခဲ့သည်။ သူသည် ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းပြီး သူ့လိုမျိုး ၀တ်ရုံဖြူဝတ်ထားသော ဖုန်းလင်တောင်တပည့်ကို လှမ်းဆွဲလိုက်သည်။ "ဘာဖြစ်တာလဲ"
အခြားသော ဂိုဏ်းပေါင်းစုံမှ ၀တ်စုံများဝတ်ထားသော တပည့်များသည် ရွှီရှင်းကျီ ကိုမြင်သောအခါ သားရဲငယ်သည် ၎င်း၏မိခင်ကို မြင်လိုက်ရသလိုပင်။ သူတို့သည် ထိတ်လန့်တကြားနှင့် ရွှီရှင်းကျီကို ဝိုင်းရံလာကြသည်။
ထိုတပည့်သည် အလွန်ထိတ်လန့်နေပြီဖြစ်၍ သူ့နှုတ်ခမ်းနှင့် မျက်နှာသည် အရောင်ပျက်သွားကာ တုန်လှုပ်မှုကို မရပ်တန့်နိုင်တော့- “ရွှီရှစ်ရှုန်း...ရွှီ..ရွှီ..."
ရွှီရှင်းကျီက သူ့ကိုဖမ်းကိုင်လိုက်ပြီး ယက်တောင်ဖြင့် ခေါင်းကိုရိုက်လိုက်သည်- "ပြော!"
တပည့်ရဲ့အသံက ငိုသံနှင့်အတူဒူးတွေ အားနည်းသွားပြီး သူ့တစ်ကိုယ်လုံးက ရွှီရှင်းကျီကို ကြိုးဆွဲချလုနီးပါး ဖြစ်နေသည်- "ကျွန််တော်တို့ ဖေးယီရဲ့ အမွေးတောင်နဲ့ အကြေးခွံတွေကိုပဲ ပြန်ယူချင်တာပါ....လန့်နိုးလာမယ်ကို မထင်ခဲ့ပါဘူး....”
ရွှီရှင်းကျီရဲ့ မျက်ခုံးနှစ်ဖက်လုံး ကျုံ့သွားသည်။
ထိုက်ဟွတောင်သည် မီတာနှစ်ထောင်ခန့်မြင့်ပြီး ဖေးယီဟုခေါ်သော ထူးခြားဆန်းပြားသော သတ္တဝါများနေထိုင်ရာ နေရာဖြစ်သည်။ ၎င်းတို့တွင် ခြေထောက်ခြောက်ချောင်းနှင့် အတောင်လေးခုရှိပြီး လက်ဆတ်သော သွေးများကိုသောက်သုံးသည်။ သူတို့သည် အချိန်အများစုကို နက်နက်ရှိုင်းရှိုင်းအိပ်ပျော်ကာ ကုန်ဆုံးခဲ့ကြသော်လည်း အလွန်စိတ်ဆတ်ကြသည်။ နိုးလာသောအခါတွင် ဒေါသအမျက်ထွက်ကာ ကျူးကျော်သူအားလုံးကို သတ်ပစ်လိမ့်မည်။
ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံသည် မိုးခြိမ်းသံကဲ့သို့ တောအုပ်ကို ဖြတ်သွားသည်။ သစ်ပင်တန်းများ ပြိုလဲကျကာ နေရာအနှံ့ ဖုန်မှုန့်များနှင့် မီးခိုးများ လွင့်ပျံလာပြီး ဝိညာဉ်စွမ်းအင် ဆူနာမီကြီးသည် ထိုအပြင်စည်း တပည့်ငယ်များနှင့် တိုက်မိကုန်သောကြောင့် ခြေထောက်များတုန်ခါကာ အသံများ တိတ်သွားသည်အထိ ကြောက်လန့်သွားခဲ့ကြသည်။
Advertisement
ရွှီရှင်းကျီက အကြမ်းဖျင်းမေးပြီး "တောထဲမှာ တစ်ယောက်ယောက်ရှိသေးလား? စုစုပေါင်း ဘယ်နှစ်ယောက်လာတာလဲ?"
ထိုတပည့်သည် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရင်း “လူတစ်ယောက် ပျောက်နေတယ်ထင်တယ်၊ သူလမ်းလွှဲပေးမယ်လို့ ပြောသွားတာပဲ..."
ရွှီရှင်းကျီရဲ့ မျက်နှာကနေ ချက်ချင်း အရောင်ပြောင်းသွားသည်- "ပုံမှန်မဟုတ်တဲ့ သားရဲတစ်ကောင် ဒေါသထွက်လာရင် မြန်မြန်ထွက်ပြေးရမယ်လို့ ငါမင်းတို့ကို သတိပေးခဲ့တယ် မဟုတ်ဘူးလား? ဒီရှေးဟောင်းသားရဲတွေက မင်းတို့လိုအပြင်စည်း တပည့်တွေ ပေါ့ပေါ့ဆဆ ကိုင်တွယ်နိုင်တဲ့ အရာလား?"
သူသည် သူ၏ဝိညာဉ်ရောင်ဝါကို အသုံးချကာ၊ ခြေရင်းအောက်တွင် ရေလှိုင်းတစ်ခုထုတ်ပြီး သစ်တောဆီသို့ တည့်တည့်ပစ်ခဲ့သည်။
ဝိညာဉ်စွမ်းအားပေါက်ကွဲလာသည့် ဗဟိုချက်သို့ချဉ်းကပ်လာသောအခါ၊ ရွှီရှင်းကျီသည် ချင်းလျန်ချိုင့်ဝှမ်း ၏ဝတ်ရုံဝတ်ထားသော တပည့်ငယ်တစ်ဦးသည် ခြေထောက်ခြောက်ချောင်း- အတောင်လေးခုနှင့် မြွေလိုbehemothနဲ့တူသော သတ္တဝါကြီး၏ခြေသည်းတွင် ဖမ်းမိထားသည်ကို တွေ့လိုက်ရသည်။
ဖေးယီ၏ ခန္ဓာကိုယ်သည် တောက်ပနေပြီး ချွန်ထက်သော အကြေးခွံများဖြင့် ဖုံးလွှမ်းထားကာ ၎င်း၏ကြီးမားပြီး ထူထပ်သော ဦးခေါင်းသည် မီးတောက်ငယ်များ အဆက်မပြတ် ပေါက်ကွဲထွက်လာသောကြောင့် မြှောက်လာသည်။
အဆက်မပြတ် ရုန်းကန်နေသော လူငယ်အား ချိန်ရွယ်ထားသည်။
ဖေးယီက လူငယ်လေးကို ဖယောင်းတိုင်မီးကဲ့သို့ ကောက်မလိုက်သည် မြင်လိုက်ရတော့ ရွှီရှင်းကျီသည် လေထဲသို့ နှစ်ကြိမ်ခုန်ကာ လက်တစ်ဖက်တည်းဖြင့် ယက်တောင်ကို လျှပ်စီးလို ပစ်ပေါက်လိုက်သည်။
ယက်တောင်သည် လမ်းတွင် အစွန်းနှစ်ဖက်ပါရှိသည့် ဓားမြှောင်အဖြစ် ပြောင်းလဲသွားပြီး ဖေးယီ၏ခေါင်းနောက်ဘက်သို့ ရက်ရက်စက်စက် စိုက်ဝင်သွားသည်။
ကျယ်လောင်သော ဟိန်းသံထွက်လာပြီးနောက် ဓါးထိပ်သည်လည်း ဖေးယီနှင့် ထိတွေ့လိုက်သည့်အခိုက်တွင် အပိုင်းပိုင်းကွဲသွားသည်။
ဖေးယီ၏ကိုယ်ထည်ကို ဖုံးအုပ်ထားသော အရေခွံသည် ဆူးရှပြီး တာရှည်ခံသည်။ ဤလုပ်ကြံမှုတစ်ခုသည် ၎င်းအပေါ် များစွာထိရောက်နိုင်မည် မဟုတ်ကြောင်း အကြောင်းပြချက်ပေးခဲ့သော်လည်း စီစဉ်ထားသည့်အတိုင်း ၎င်း၏အာရုံကို မြန်မြန်ဆန်ဆန် ဆွဲဆောင်နိုင်ခဲ့သည်။
ရွှီရှင်းကျီသည် သူ၏ညာလက်ကို လှန်လိုက်သောအခါ ကွဲအက်နေသော ဓါးအပိုင်းအစများအားလုံးသည် သူ့ထံပြန်ရောက်လာသော ယက်တောင်ထဲသို့ ပြန်ပေါင်းသွားသည်။
ခဏအကြာတွင် ရွှီရှင်းကျီသည် ဖေးယီ၏ ကြီးမားကျယ်ပြန့်သော ခေါင်းပေါ်သို့ တိတ်တိတ်လေးနှင့် မောက်မာစွာ တက်လာသည်။ သူက ခေါင်းမှတစ်ထစ်ချင်း စေးကပ်နေတဲ့ ရွံရှာဖွယ် ကျောရိုးအောက်သို့ ပြေးဆင်းလိုက်သည်။ 7လက်မလောက်နိမ့်တဲ့ အနေအထားကို တွက်ချက်ပြီးနောက် ယက်တောင်ကို ယွီချန်ဓါးအဖြစ် တစ်ဖန် ပြောင်းလဲလိုက်သည်။
ရွှီရှင်းကျီသည် သူ့ခန္ဓာကိုယ်ထဲတွင် ပိုင်ဆိုင်သည့် ဝိညာဉ်စွမ်းအားအားလုံးကို ဖြန့်ကျက်လိုက်ပြီး ဓား၏အစွန်းသည်လည်း တုန်ခါသွားကာ ဖေးယီ၏ 7လက်မကွာရှိအသားကို စိုက်ထိုးလိုက်သည်။
ဖေးယီသည် ဝေဒနာ ခံစားရပြီး ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။ ထုံးစံအတိုင်း ၎င်းသည် ခြေသည်းများကိုထုတ်ကာ ရွှီရှင်းကျီကို ကိုက်ရန် ရှေ့သို့တိုးလာသည်။
လူငယ်သည် ဖေးယီ၏လက်သည်းမှ ပြုတ်ကျသွားသည်။ ရွှီရှင်းကျီသည် ထိုလူငယ် ကျောက်တုံးကြီးတစ်ခုနှင့် တိုက်မိတော့မည်ကို မြင်လိုက်ရပြီး ယွီချန်ဓါးကို ပိုးဖြူတစ်ထည်အဖြစ်သို့ ချက်ခြင်းအသွင်ပြောင်းကာ မြှားကဲ့သို့ လေထဲကိုပစ်လိုက်သည်။ ၎င်းသည် လူငယ်အား ခေါင်းမှ ခြေဖျားအထိ အချိန်မီ ချုပ်နှောင်လိုက်ပြီး၊ ဖက်ထုတ်လို ပတ်ခံထားရသော ဆယ်ကျော်သက်သည် အထက်သို့ ပျံသွားကာ ရွှီရှင်းကျီ၏ လက်နှစ်ဖက်ထဲသို့ တိုက်ရိုက်ကျရောက်သွားသည်။
ယခုလူကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သဖြင့်၊ ရွှီရှင်းကျီသည် ဤနတ်ဆိုးကို နောက်ထပ်အချိန်ဆွဲရန် မလိုအပ်တော့။
သူလူငယ်ကို သယ်ပြီး အရှေ့ကို ပြေးသွားသည်။
ဖေးယီ အနီရောင်ကိုမြင်လိုက်ရသည်။ သူဒဏ်ရာ ရသွားတော့ ဘယ်လိုလုပ် လွယ်လွယ်လွှတ်ပေးနိုင်မှာလဲ? ဒေါသတကြီးဟိန်းပြီး ချက်ချင်းပြေးလိုက်လာသည်။
ဝပြီး ကိုးယိုးကားယားနိုင်သော်လည်း မိုးခြိမ်းသံကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသည်။ ရှေ့တစ်လှမ်းတိုးလိုက်တိုင်း ရွှီရှင်းကျီ ၏ခန္ဓာကိုယ်ရှိ စွမ်းအင်နှင့် သွေးများသည် တစ်ကြိမ်တစ်ခါ တုန်ခါသွားသည်။
....တကယ်ကို လိ့လိုခါချဖို့ ခက်လွန်းတယ်။
ရွှီရှင်းကျီသည် သူ့လက်များထဲမှ ပုံမှန်မဟုတ်သော စွမ်းအားလှိုင်းတစ်ခုထွက်လာသည်ကို ခံစားလိုက်ရသောအခါ ဖြုတ်ချရန် နည်းလမ်းတစ်ခုကို သူ့ဦးနှောက်ထဲတွင် တွန်းထုတ်နေရသည်။
သူ့နောက်မှ ဖေးယီသည် ရုတ်တရက် မိုးခြိမ်းသံလို ထပ်မံဟိန်းဟောက်ပြန်သည်။
ရွှီရှင်းကျီ သေချာကြည့်လိုက်တော့ ပုပ်ပွနေသော အရိုးစုကျားတစ်ကောင်သည် မြေပြင်မှ ထွက်ပေါ်လာပြီး ဖေးယီ၏ အမြီးကို အစွမ်းကုန် ချည်နှောင်ထားသည်ကို တွေ့လိုက်ရသည်။ ဖေးယီကို အသားနဲ့အသွေးတွေ နေရာအနှံ့ ဖိတ်စင်တဲ့အထိ လွတ်လွတ်လပ်လပ် ကိုက်ဖြတ်နိုင်ခဲ့ပေမယ့် မတုန်မလှုပ်ဖြစ်နေတုန်းပါပဲ။
ဤထူးဆန်းသော အရိုးစုကျား၏အသွင်အပြင်ကြောင့် သူတို့လွတ်မြောက်ရန် အဖိုးတန်သောအချိန်ကို ရရှိခဲ့သည်။
ရွှီရှင်းကျီ လန့်ဖျပ်သွားပြီး သူ့လက်နှစ်ဖက်ထဲသို့ မငုံ့ကြည့်ဘဲ မနေနိုင်။
သူ့လက်ထဲတွင်ရှိသော လူငယ်သည် အဖြူရောင်ပိုးသားအတွင်းမှ ဖုံးကွယ်ထားသော မျက်လုံးတစ်စုံသာ မြင်နေရသော်လည်း ထိုမျက်လုံးတစ်စုံသည် မြေခွေးနတ်ဆိုးနှင့်တူသော စိမ်းပြာရောင်ဖြင့် ရောယှက်နေသည်။
ပိုးဖြူ၏ နေရာအတော်များများသည် သူ့ဒဏ်ရာများမှ သွေးများဖြင့် စိုစွတ်နေပြီဖြစ်သော်လည်း လူငယ်သည် သွားများကို အံကြိတ်ကာ မည်မျှကြာကြာ သေသွားခဲ့ပြီလဲမသိသော အရိုးစုကျားကို ဖေးယီနှင့် လုံးထွေးရန် ကြိုးကိုင်ထားသည်။ ဘယ်တော့မှ မလွှတ်ပေးပေ။
....သူ့တစ်ကိုယ်လုံး စိမ်းစိမ်းစိုစို တစ္ဆေသရဲရောင်ဝါများ သိသိသာသာ ဖြာထွက်နေသည်။
ရွှီရှင်းကျီသည် ဖေးယီ၏ အမဲလိုက်ကွင်းမှ လွတ်မြောက်လာသောအခါ နောက်ဆုံးတွင် ရပ်တန့်ကာ အသက်ရှုရန် အချိန်ရငဲ့သည်။
သူသည် လူငယ်ကိုထုတ်ပိုးထားသော ပိုးဖြူကိုဖြည်လိုက်ကာ အနီးနားရှိ ကြည်လင်သော စမ်းချောင်းမှ ရေခပ်ရန် ဝါးပြွန်အဖြစ် ပြောင်းလဲလိုက်သည်။
လူငယ်၏ ဒဏ်ရာများသည် ပေါ့ပေါ့ပါးပါးမဟုတ်သည့်အပြင် စွမ်းအင်ကိုလည်း အများအပြားသုံးစွဲခဲ့ရသည်။ ရွှီရှင်းကျီ မပါဘဲ သူ့လက်ရှိအခြေအနေမှာ လှုပ်ရှားဖို့က အရမ်းခက်ခဲပါလိမ့်မည်။
အန္တရာယ်တိုက်ပွဲမှ သူ၏အာရုံများ ပြန်လည်ရရှိလာသောအခါတွင်၊ တစ္ဆေကျင့်ကြံရေး၏ ဝိညာဉ်စွမ်းအင်ကို ပေါ်ပေါ်ထင်ထင် အသုံးချလိုက်ခြင်းသည် သူ၏ကိုယ်ပိုင်လက္ခဏာကို ထင်ရှားစေကြောင်း လူငယ်က သိရှိခဲ့သည်။ ရင်ဘတ်တွင် ခေါင်းကို မြှုပ်ထားလိုသော ဆန္ဒဖြင့် အစွန်းတစ်ဖက်တွင် စုတ်ပြဲနေသော ရောင်ဖျော့ဖျော့ ၀တ်ရုံကို ငေးကြည့်ရင်း ခေါင်းငုံ့ထားလိုက်သည်။
ရွှီရှင်းကျီက သူ့အား ရေခွက်ကို ပေးကာ ရိုးသားစွာ မေးသည်- "မင်း တစ္ဆေကျင့်ကြံရေး ကျင့်ကြံနေတာလား? မင်း မင်ယာတိုင်းပြည်က လာတာလား?"
လူငယ်က အဲဒါကို မတုံ့ပြန်ဝံ့သလို စကားလည်း မပြောရဲပေ။
ရွှီရှင်းကျီက "ငါသိသလောက်တော့ မင်ယာတိုင်းပြည်က လွန်ခဲ့တဲ့ ခြောက်နှစ်ထဲက အားလုံးပျက်စီးသွားပြီမလား"
လူငယ်သည် အလွန်စိတ်လှုပ်ရှားသွားပြီး အော်ငိုလာသည်။ “ရွှီရှစ်ရှုန်း...”
ရွှီရှင်းကျီက သူ့ကိုစကားပြောဖို့ အချိန်မပေးခဲ့- "တစ္ဆေကျင့်ကြံရေးရဲ့ မျိုးဆက်အနေနဲ့ မင်းချင်းလျန်ချိုင့်ဝှမ်းကို ဘာလို့ ဝင်ချင်တာလဲ? မင်းဘာတွေကြံနေတာလဲ?"
ဒဏ်ရာရနေသော ဆယ်ကျော်သက်သည် ထိတ်လန့်တကြား မြေပြင်ပေါ် ဒူးထောက်ကာ မျက်နှာကို မော့လိုက်သည်- "ရွှီရှစ်ရှုန်း၊ ကျွန်တော် မသေမျိုးဂိုဏ်းထဲ တမင်သက်သက်ဝင်လာတာ မဟုတ်ပါဘူး။......ကျွန်တော့်မိဘနှစ်ပါးလုံးဆုံးသွားတော့ သွားစရာနေရာမရှိတဲ့အချိန်မှာ ချင်းလျန်ချိုင့်ဝှမ်းက ဝိညာဉ်ရင်းမြစ်ပါတဲ့ အရည်အချင်းရှိတဲ့ အပြင်စည်းတပည့်တွေကို စုဆောင်းနေတာကို တွေ့လိုက်ရပါတယ်...”
လူငယ်က ချစ်စရာကောင်းတဲ့ မျက်နှာလေးရှိပြီး သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်တဲ့အခါ ပါးတစ်ဖက်မှာ ပါးချိုင့်နက်နက်လေးတွေတောင် ရှိနေသည်။ ထိုအချိန်တွင် သူ၏မျက်လုံးများသည် ယခင်အစိမ်းဖျော့ဖျော့မှ အနက်ရောင်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ ၎င်းသည် လုံးဝန်း၊ အပြစ်အနာအဆာကင်းပြီး ဖြူစင်ကာ အထိတ်တလန့်များဖြင့် ပြည့်နှက်နေသည်။
သူ့အပြုအမူကနေ ရွှီရှင်းကျီက ဒါဟာတစ္ဆေမျိုးနွယ်ရဲ့ အတတ်ပညာအနည်းငယ်ကို စတင်ကျင့်ကြံနေတဲ့ တစ္ဆေနဲ့ လူသား ပေါင်းစပ်သွေးနှောလည်း ဖြစ်နိုင်တယ်လို့ ဆုံးဖြတ်ခဲ့သည်။ မွေးကင်းစထဲက ရင်းမြစ်နှစ်ခုပါရှိပြီး လမ်းကြောင်းနှစ်ခုလုံးကို ကျင့်ကြံနိုင်သည်ကို တွေ့ရှိခဲ့တာဖြစ်လောက်သည်။ သူသည် တစ္ဆေမျိုးနွယ်၏ ပညာကိုသာမက ဖြောင့်မတ်သောမသေမျိုး ပညာများကိုလည်း လေ့ကျင့်နိုင်သည်။
ထို့အပြင် သူ၏ထူးခြားသော ကိုယ်လုံးကိုယ်ပေါက်ကြောင့်လည်း ဖြစ်နိုင်သလို သူ့ကို လက်ခံခဲ့သော ချင်းလျန်ချိုင့်ဝှမ်းသည် သူ၏မူမမှန်မှုကို သတိမထားမိခဲ့ပေ။
ဖေးယီကို နှိုးဆော်မိတဲ့ ဂိုဏ်းပေါင်းစုံက တပည့်တွေအားလုံးအတွက် သူ့ကိုယ်သူ စတေးခဲ့သည်။ ထို့ကြောင့် သူ့လုပ်ရပ်သည် ကားတစ်စီးကို လက်ဗလာဖြင့် ရပ်တန့်လိုက်သလို အလွန်မိုက်မဲသော်လည်း၊ ဤသစ္စာရှိမှုကြောင့် ရွှီရှင်းကျီသည် သူ့အပေါ် အမုန်းတရားသိပ်မရှိခဲ့ပေ။
သူထိုင်ချလိုက်ပြီး အေးအေးဆေးဆေး မေးလိုက်သည်– “အလျင်မလိုနဲ့ ဖြည်းဖြည်းပြောပါ။ မင်းနာမည်ဘယ်လိုခေါ်လဲ အရင်ပြောပြ"
လူငယ်က သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့အသံက မကြားနိုင်လောက်အောင်ပင် “လု...လုယွီကျို့..."
စာရေးသူမှာ ပြောစရာရှိပါတယ်:
ရွှီရှင်းကျီအား tagပေးခြင်း
#ဂိုဏ်းလေးခုမှ မျိုးဆက်သစ်လူငယ်များကို ပြုစုစောင့်ရှောက်ပေးသော မြင့်မြတ်သောဖခင်ကြီး#
မုန့်ချုံ့ကွမ်းကိုလည်း tag လို့ရပါတယ်။
#818 နေရာတိုင်းမှာ အချစ်ပြိုင်ဘက်တွေ ထားခဲ့တတ်တဲ့ အလွန့်အလွန် ဂရုစိုက်တတ်တဲ့ ကိုယ့်ရဲ့ရှစ်ရှုန်း#
________
Advertisement
- In Serial7 Chapters
Sun on Serendib
SUN ON SERENDIB - The Jade and Ruby Dragons “Some battles are worth losing, especially if it means I can keep you safe, precious.” Song Haoran, an adviser to the Emperor of the Song Dynasty, who also happens to be an illegitimate son of the Emperor, travels to the island of Serendib to establish an embassy and part of a trading loop. He meets a prince, Rajasekaran Chola who gives him a different perspective on life and shows him that he is worth much more than the work he does. But the Dynasties they represent are suddenly on different sides of the battlefield and they have to make hard decisions that they never imagined having to make. Haoran is unfortunately killed and they both think it's the end of their story. But five years later, in an unfamiliar place to Haoran, they meet again and Haoran falls for him again. So, Haoran stays by the prince's, helping him in small ways as he gains power and learns to manipulate the world around him as a ghost.
8 139 - In Serial10 Chapters
A Step Behind Death
Please share your thoughts about the story! Feedback and criticism is welcome, it'll help me improve my writing. "The final year of high school is the most difficult." This statement has never been truer for Damis, a student attending one of the many schools in the City of Sundridge. He never wanted anything more than to live a peaceful life, going so far as to avoid having large group of friends, indulging in dragged out conversations, or being involved in any other activity that requires him to invest a large amount of effort to accomplish. Instead, he poured all of his efforts into studying, dwelling in his internal monologues, and complaining about the things that annoy him to his one and only friend, Noah. Before long, he ended up as one of the best students in his class. As far as he was concerned, he was content with how he lived. But, after a confrontation with an eccentric girl named May, one of his classmates since the first year of high school, things have suddenly gotten out of hand. And as a result, his life became a lot more hectic than it used to be. Bound by a deal he could not refuse, his life as May's assistant began. At this rate, can he still spend the final days of his high school life in peace? Welcome to the life of Damis, the boy who's always A Step Behind Death. The cover art is made by friend of mine. I plan on making this novel into a webtoon once it becomes the best it can be. English isn't my first language, so expect some grammar bumps along the way.
8 106 - In Serial29 Chapters
Realm Of Assola
The story follows Aron, a young beggar. Having lived in a ruined village for as long as he knew of himself and with the lack of food combined with harsh conditions, he isn't happy with his current life. With the war on the horizon, their village being close to the border between kingdoms. And an increased number of people, soldiers going through the village. Things are bound to change. Realm Of Assola is a big world, that will be revealed as the young beggar Aron gets on his feet, and expands his horizons. With the kingdom that allows slavery, and the increasing amount of casualties. The demand for them increased. But will that turn out to be a good thing? There will be classes, spells, magic, and more. About classes, they will be somewhat close to LitRPG but the focus won't be on them. They will be used as means, not the focus. You could say that it has a slow start, but it is more that Arons progress will be somewhat slow. And it takes him some time to adapt and find a way to improve. Daily updates for the first fifteen or so chapters. At that point, I will most likely have to reduce it. To something more manageable. So I decided on a schedule, every day at 18:00 CET new chapter should be up.
8 198 - In Serial14 Chapters
Fighting for Supremacy In the Multiverse
Note: This is a Fan-fiction, The Characters and Settings don't belong to me, Except for the MC.A once-in-a-million special body was born. A potential that even Higher beings that transcend the Omniverse feared... join Kaen on his path to Supremacy by seizing countless opportunities using his future knowledge of Anime. 1st World- Naruto 2nd- ??? 3rd- ???
8 221 - In Serial20 Chapters
Bloodline Awakening
The world begun to turn hostile against humanity. Mysterious creatures suddenly appeared a hundred years ago during the great wars, and had been attacking humanity ever since. Humanity had to adopt, and thus they did. Few people awakened mysterious powers that controlled a mysterious energy, called mana. They are now called Enhancers. This helped humanity to restore stability and security. But will they be able to fight off endless monsters that now lures around them? Daniel Bernal, an orphan, and a born Enhancer. While hunting, he suddenly unlocked his bloodline's real potential. Lvl 3? EXP 2 / 50? What's going on?
8 183 - In Serial17 Chapters
the black phone preferences
includes:finneyrobinvance(i may add others later idk)
8 185

