《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(15) ပိုကောက်ကျစ်သောမိမိ
Advertisement
ထောင်ရှန်းသည် ရွှီရှင်းကျီ၏ နှလုံးသားထဲမှ ထင်မြင်ချက်များကို မသိဘဲ လုယွီကျို့ကို တွေ့ရန် ခေါ်သွားပေးခဲ့သည်။
တံခါးကို တွန်းဖွင့်လိုက်တော့ ရွှီရှင်းကျီရဲ့ ဝတ္ထုထဲက မုန့်ချုံ့ကွမ်းကို ကယ်တင်မည့် ကြယ်ပွင့်လေးတွေအားလုံးဟာ အထဲမှာ စုရုံးနေကြပြဖြစ်သည်။
ကျိုးပိုင်နန်သည် လောလောဆယ် လုယွီကျို့၏ချွေးများကို သုတ်နေကာ ကျိုးဝမ့်သည် ဒူးတစ်ဖက်ထောက်ကာ ကုတင်ပေါ်တွင်ထိုင်နေကာ သူ့ဒဏ်ရာ၏အတိုင်းအတာကို မေးမြန်းနေပြီး အရိုးခြောက်မိန်းကလေး ယွမ်ရူကျိုးသည် လုယွီကျို့၏ခွက်ထဲကို ရေအိုးသေးတစ်လုံးဖြင့် ဖြည့်ပေးနေသည်။
ချွီချီသည် လက်တွင်တောင်မွှေးကိုကိုင်ကာ မတ်တပ်ရပ်နေပြီး သူ့အကြည့်များက ငွေရောင်ကဲ့သို့ ဖြူစင်နေလေသည်။ ထောင်ရှန်း လာသည်ကို မြင်သောအခါ၊ သူသည် ချက်ချင်းပင် ချဉ်းကပ်လာပြီး၊ အရွယ်ရောက်ပြီးသူလို ဟန်ဆောင်နေသည့် ကလေးကဲ့သို့ တင်းမာသော လေသံဖြင့် "....ငါပြန်လာတော့ အခန်းထဲမှာ မင်းကိုဘာလို့မတွေ့ရတာလဲ?"
ထောင်ရှန်းက ရိုရိုသေသေ ပြန်ဖြေလိုက်သည်။ "ချွီရှစ်ရှုန်းကို ပြန်ဖြေပါတယ်၊ ကျွန်တော် ပိုကောင်းလာပါပြီ၊ ဒါကြောင့် လမ်းလျှောက်ချင်မိလို့ပါ"
ချွီချီသည် ဤဆင်ခြေကိုလက်ခံပုံရသည်- "နောင်ကျ ကြုံသလို လျှောက်သွားမနေနဲ့"
သူစကားပြောနေစဉ် ထောင်ရှန်း၏မျက်လုံးများရှေ့တွင် တောင်မွှေး၏အစွန်းပေါ်လာသည်။
ထောင်ရှန်းက သူ့ရည်ရွယ်ချက်ကို နားလည်လိုက်ပြီး တောင်မွှေးပေါ်က အမြီးမွှေးလေးတွေကို ဆွဲကိုင်လိုက်ပြီး ချွီချီကို စစ်ဆေးခွင့်ပေးလိုက်သည်။
ချွီချီသည် နောက်ပြန်လှည့်ကာ ရွှီရှင်းကျီ ကိုခေါ်ရန်မမေ့ခဲ့ပင်။ "ရှင်းကျီ၊ လာလေအာ"
တံခါးဝမှာရပ်ပြီး ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ ရွှီရှင်းကျီက သူကမ္ဘာကြီးနဲ့ဝေးကွာနေသလို ခံစားလိုက်ရသည်။
ဤအခိုက်အတန့်တွင် သူသည် သူ့ဘောပင်အောက်ရှိ ဇာတ်ကောင်များ၏ လောကထဲသို့ အမှန်တကယ် ဝင်ရောက်လာကြောင်း သိရှိလာခဲ့သည်။
သို့သော် ဤလောကမှ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ၎င်းတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ကို ဖြတ်တောက်ပစ်ရန် ဖြစ်သည်။
ထိုဓားမြှောင်ကို ရွှီရှင်းကျီ၏ခါးတွင် ချိတ်ထားဆဲဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးမှာ တိုင်းတာ၍မရပေ။ ၎င်းသည် လေးလံလွန်းသဖြင့် သူ့ကို ကမ္ဘာမြေအလယ်သို့ ဆွဲငင်လုနီးပါးအထိ ခံစားခဲ့ရသည်။
တစ်ဖက်တွင် ကုတင်ပေါ်တွင် အနားယူနေသော လုယွီကျို့က ရွှီရှင်းကျီကိုမြင်ပြီး သူ့ကျောကို အနည်းငယ် ဖြောင့်တန်းလျက် "ရွှီရှစ်ရှုန်း? ဘာလို့ မဝင်လာတာလဲ?"
"ဘယ်လို ဒဏ်ရာရတာလဲ?" ရွှီရှင်းကျီ သူ့စိတ်တွေကို အတင်းပြန်ဆွဲကပ်ပြီး ကုတင်ဘေးနားကို ချဉ်းကပ်သွားသည်။
လုယွီကျို့သည် သူ့ပခုံးတစ်ဝိုက်ရှိအဝတ်အစားများ ပြဲနေချိန်တွင်တောင် မျက်နှာအများစုကို ဖုံးအုပ်ထားသည့် အနှိုင်းမဲ့ ကြောက်စရာကောင်းသော တစ္ဆေသံမျက်နှာဖုံးကို ဝတ်ဆင်ထားဆဲဖြစ်သည်။ ယွမ်ရူကျိုးဆီမှ ကုသမှုခံယူပြီးနောက် ဒဏ်ရာက ပြန်လည်ကောင်းမွန်နေပြီဖြစ်သော်လည်း သူ၏ရင်ဘတ်တစ်ဝက်ခန့်သည် သွေးစိမ်ထားသည်ကို မြင်လိုက်ရသဖြင့် ဒဏ်ရာမှာမူလက မည်မျှဆိုးရွားလှသည်ကို စိတ်ကူးကြည့်နိုင်သည်။
“သူတို့မှာ လေးနဲ့မြှားများတွေပါတယ်” လုယွီကျို့သည် ယွမ်ရူကျိုးမှ ကမ်းလှမ်းလာသော ရေခွက်ကို လက်ခံလိုက်ပြီး "ကျွန်တော် သတိမထားမိလိုက်ဘူး"
ကျိုးပိုင်နန်က သူ့ခေါင်းကို တွန်းလိုက်ပြီး "ကုန်းမြင့်ပေါ်မှာ အမြဲရပ်နေဖို့ မင်းကိုဘယ်သူက ပြောလို့လဲ? သေချာပေါက် သက်ရှိပစ်မှတ်ကြီးကို”
လုယွီကျို့က သူတွန်းခံရသည့်နေရာကိုပွတ်သပ်ကာ ကျိုးပိုင်နန်ကို သူ့မျက်နှာဖုံးမှ စိုက်ကြည့်နေသည်- "ဒါမင်းအလုပ်မဟုတ်ဘူး"
ကျိုးပိုင်နန်က လက်ပိုက်ပြီး ကုတင်ခေါင်းရင်းကို မှီနေကာ ကျိုးဝမ့်၏ပုံစံနှင့် ချွတ်စွပ်ပင်။ “ငါ ဘယ်လိုလုပ် ဂရုမစိုက်ဘဲနေရမှာလဲ? ငါတို့နှစ်ယောက်က ကံကြမ္မာချင်းဆက်နေတဲ့ အမြွှာတွေမို့ မင်းသေမှာကို ကြောက်တာပေါ့"
လုယွီကျို့၏ နားရွက်များသည် အနည်းငယ်နီသွားသည်- "ယင်ထျန်းချွမ်းရဲ့ သခင်လေးနဲ့ ဘယ်သူက ကံကြမ္မာမျှဝေရဲမှာလဲ? ငါက ချင်းလျန်တောင်ကြားရဲ့ အရေးမပါတဲ့ တပည့်တစ်ယောက်ပါ၊ ငါ့အနေအထားက မင်းနဲ့မထိုက်တန်ပါဘူး"
ကျိုးပိုင်နန်: "ဟာ? ဘာသောက်ကြောင်းကြီးလဲ?
လုယွီကျို့က မယုံနိုင်လောက်အောင် ခေါင်းယမ်းလိုက်ပြီး "မင်းကိုယ်တိုင်ပြောတာ မေ့သွားပြီလား?"
ကျိုးပိုင်နန်က သူ့ပါးကို ကုတ်လိုက်ပြီး "...ငါအရင်က ဒီလိုပြောဖူးတာလား?"
လုယွီကျို့သည် အကူခေါ်ရန် တစ်စုံတစ်ဦးကို ရှာဖွေလိုက်သည် "ရွှီရှစ်ရှုန်း အဲဒီအချိန်က ရှစ်ရှုန်းလည်း ရှိတယ်လေ။ ကျိုးပိုင်နန် ပြောခဲ့လား မပြောခဲ့ဘူးလား?"
ရွှီရှင်းကျီသည် ထိုကဲ့သို့သောအရာကို အမှန်တကယ် မမှတ်မိနိုင်သောကြောင့် ချော့မွေ့စွာသာ လိုက်ပါသွားခဲ့သည်- "ဟုတ်တယ်၊ သူအရင်က ပြောဖူးတယ်"
လုယွီကျို့၏ လေသံသည် သူ့မိဘများက အလိုလိုက်ထားသည့် ကလေးကဲ့သို့ ချက်ချင်းပြောင်းသွားသည်- "ရွှီရှစ်ရှုန်း ပြောနေပြီ၊ မင်းလက်မခံသေးဘူးလား!"
ကျိုးပိုင်နန်က “ရွှီရှင်းကျီ၊ ငါဒါကိုမှတ်ထားမယ်ကြည့်!” ဟူသော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။
ရွှီရှင်းကျီ ယက်တောင်ကို ဝှေ့ယမ်းလိုက်ပြီး လုယွီကျို့၏ အတင်းအကျပ်ကပ်ထားသော တစ္ဆေမျက်နှာဖုံးကို ဖယ်ရှားရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည် "မင်းလှဲနေတာတောင် ဘာလို့ဒါကို ဝတ်ထားသေးတာလဲ?"
လုယွီကျို့ သူ့ကို မတားခင်မှာ ကျိုးပိုင်နန်၏ ဝတ်ရုံလက်ထဲက လှံတိုတစ်ချောင်းက ရွှီရှင်းကျီနဲ့ လုယွီကျို့ကြားက နေရာလွတ်ကို တားဆီးလိုက်သည်။
"သူ့မျက်နှာဖုံးကိုမထိနဲ့" ကျိုးပိုင်နန်က သူ၏တော်ရိလျော်ရိ အပြုံးကိုဖော်ပြနေဆဲ ဖြစ်သော်လည်း သူ့အကြည့်များက အနည်းငယ် လေးနက်လာသည်။ "သူ့မျက်နှာကို တခြားသူကြည့်တာ သူမကြိုက်ဘူး"
.....အင်းပါ၊ အခြားသူကို မပြချင်ဘူးဆိုမှတော့ မကြည့်ရုံပေါ့။
ပြန်ချပြီးနောက် ရွှီရှင်းကျီ၏ နှလုံးသားထဲမှာ စိုးရိမ်မှုကို ခံစားလိုက်ရသည်။
Advertisement
လုယွီကျို့၏ မျက်နှာဖုံးနောက်ကွယ်တွင် ဖုံးကွယ်ထားသော တကယ့်မျက်နှာကို မမြင်နိုင်ခဲ့ခြင်းကြောင့် မဟုတ်ပါ။
ရွှီရှင်းကျီသည် ငယ်စဉ်ကတည်းက နှလုံးနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုမျိုး မရှိသလောက်နည်းပါးခဲ့သည်။ အကြောင်းရင်းတစ်ခုမှာ သူသည် ရိုးရှင်းပြီး ပွင့်လင်းမြင်သာသူဖြစ်သောကြောင့်နှင့်၊ နောက်တစ်ချက်ကတော့ ရန်ငြိုးကို ရန်ငြိုးနဲ့ ပြန်ပေးတတ်ပြီး စေတနာကောင်းကို ကြင်နာမှုဖြင့် ပြန်ပေးတတ်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် နှစ်ရက်နှစ်ညလုံး စွန့်ပစ်မြေထဲမှာ နေခဲ့ရပြီးနောက် တော်တော်စိတ်မလုံမလဲဖြစ်မိသည်။
ရွှီရှင်းကျီသည် ကြင်နာစွာ ဆက်ဆံမှုကို မခံနိုင်သူမဖြစ်သည်။ ထိုနေ့တွင် ပြင်းထန်စွာဒဏ်ရာရသူမှာ မုန့်ချုံ့ကွမ်းဖြစ်သည်ကို သူသိပါက ရွှီရှင်းကျီသည် ထိုတာဝန်ကို ထမ်းဆောင်ရန် အခွင့်ကောင်းကို အသုံးချပြီး တစ်ကြိမ်တည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်သည်။ ထိုနည်းအားဖြင့် သူသည် နောက်ဆက်တွဲ အဆုံးမရှိဒုက္ခများမှ မိမိကိုယ်ကို ကယ်တင်နိုင်မည်ဖြစ်သည်။
အကယ်၍ သူသာ ဤလူအုပ်စုတွင် အချိန်ကြာကြာ ဆက်ဆံနေပါက၊ ရွှီရှင်းကျီသည် သူ့စိတ်ထဲမှ စိုးရိမ်ပူပန်မှုများ မငြိမ်မသက် တိုးပွားလာမည်ကို စိုးရိမ်မိပြီး အချိန်ရောက်လာသောအခါတွင် သူတာဝန်ကို ပြီးမြောက်ရန် ဆန္ဒမရှိတော့သဖြင့် ဤစွန့်ပစ်မြေကို မစွန့်လွှတ်နိုင်တော့ဘဲ သူ့အဖေနဲ့ ညီမငယ်ကို ပြန်တွေ့နိုင်မှာမဟုတ်တော့ပေ။
ရွှီရှင်းကျီ သူတို့နှင့် အချိန်အနည်းငယ်ကြာအောင် တိတ်တဆိတ် စကားစမြည်ပြောပြီးနောက် လုယွီကျို့၏အခန်းမှ ပြန်သွားရန် ခွင့်တောင်းလိုက်သည်။
အခန်းငယ်လေးကို ဖြတ်သွားသောအခါ၊ ရွှီရှင်းကျီ ခဏရပ်လိုက်သည်။
သားရဲလူကို စစ်ဆေးမေးမြန်းပြီး သော့အပိုင်းကို ရယူပြီးနောက်၊ ရွှီရှင်းကျီ၏ လွဲမှားသော အတွေးများသည် အမှန်တကယ် ကြီးထွားလာခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က သူ၏လေ့လာတွေ့ရှိချက်များအရ၊ မုန့်ချုံ့ကွမ်းသည် တပည့်များကိုစုဆောင်းကာ ဖုန်းတောင်၏ခေါင်းဆောင်ကဲ့သို့ မြေယာမှလွတ်မြောက်ရန် မကြိုးစားခဲ့ပေ။ ယင်းအစား၊ သူသည် ဤမြေကွက်ပေါ်တွင် အာဏာကျင့်သုံးနေခြင်းကို ကျေနပ်နေသကဲ့သို့ ဤမြင့်မားသောမျှော်စင်ကို စိုက်ထူကာ ဤရွေးချယ်ထားသူအနည်းငယ်ကိုသာ ဦးဆောင်ခဲ့သည်။
မုန့်ချုံ့ကွမ်း တကယ်ကိုဘာများ ကြံစည်နေတာလဲ?
စွန့်ပစ်မြေထဲတွင် သော့အစိတ်အပိုက်းများ ဝှက်ထားသည်ဟု ကောလာဟလများ ထွက်ပေါ်နေသော်လည်း ၎င်းသည် မျှော်လင့်ချက် အရင်းမြစ်ဖြစ်နေဆဲပင်။ မုန့်ချုံ့ကွမ်း၏ နတ်ဆိုးစွမ်းအားတစ်ခုတည်းဖြင့်၊ သူသာ မြေယာမှလွတ်မြောက်ရန် အမှန်တကယ်လိုလားပါက၊ စွန့်ပစ်မြေရိုင်းရှိ ထင်ရှားသောနေရာတစ်ခုစီကို ဖုန်မှုန့်အဖြစ်ဖြိုခွဲပြီး သော့ကိုရယူရန်စွမ်းအားကို အသုံးပြုနိုင်သည်။ ယင်းအစား၊ ဤလွင်ပြင်ကြီးတွင် ဆယ့်သုံးနှစ်တာ အချိန်ကို အဘယ်ကြောင့် ဖြုန်းတီးနေသနည်း?
ဤသံသယစိတ်ဖြင့် ရွှီရှင်းကျီ သူ့အခန်းသို့ အနားယူရန် ပြန်သွားခဲ့သည်။
မုန့်ချုံ့ကွမ်းသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်မှာ ကြာပြီဖြစ်ပြီး လိမ္မာရေးခြားရှိသော အသွင်အပြင်ဖြင့် သူ့လက်နှစ်ဖက်ကို ရှေ့တွင်ထားကာ အရိုအသေပေးလာသည်။
ရွှီရှင်းကျီ တံခါးဖွင့်လိုက်တာနဲ့ ဒီလူကိုတွေ့လိုက်ရတဲ့အခါ မအံ့သြမိတော့ပေ။
သက်ပြင်းချလိုက်ပြီး "မင်းမှာ အခန်းမရှိဘူးလား?"
မုန့်ချုံ့ကွမ်းသည် သူ့မျက်လုံးများကို အနည်းငယ်ပြူးလိုက်ပြီး "ရှစ်ရှုန်း ချုံ့ကွမ်းကို ကန်ထုတ်ဖို့ ကြိုးစားနေတာလား?"
ရွှီရှင်းကျီ: ".......”
မုန့်ချုံ့ကွမ်းသည် ပြင်းထန်သော ထိုးနှက်ချက်ကို ခံစားခဲ့ရပုံရပြီး ညည်းတွားရင်း မျက်လုံးများမှ မျက်ရည်များ ပြည့်လျှံလာသည်- "ခုနက အခန်းကျဉ်းလေးထဲမှာတုန်းကလည်း ရှစ်ရှုန်း ချုံ့ကွမ်းကို တွန်းထုတ်တယ်။ ကျွန်တော် ရှစ်ရှုန်း မကျေမနပ်ဖြစ်စေတဲ့ အမှားတစ်ခုခုလုပ်မိလို့လား?"
မင်းမပြောနဲ့၊ မုန့်ချုံ့ကွမ်းရဲ့ သနားစရာကောင်းပြီး သိမ်ငယ်တဲ့လေသံက လူတွေသူ့ကို ချစ်ခြင်းမေတ္တာတွေ ပုံအပ်ပေးချင်လာအောင် လုပ်နိုင်စွမ်းရှိသည်။ သူအဓိပ္ပါယ်မရှိ ပြုမူနေတာတောင် စိတ်အနှောက်အယှက်မဖြစ်ပါဘူး။
သူစကားပြောလေလေ၊ သူပို၍ စိတ်အားထက်သန်လာလေ- “ကျွန်တော်သိပြီ။ ရှစ်ရှုန်းက ချုံ့ကွမ်းရက်စက်တာကို မကြိုက်ဘူး။ နည်းလမ်းတွေက ရက်စက်လွန်းတယ်လို့ထင်တာ။ ရှစ်ရှုန်းမကြိုက်ရင် ချုံ့ကွမ်းနောက် ထပ်မလုပ်တော့ပါဘူး၊ ရှစ်ရှုန်း..."
သူ့ကိုသာ အချိန်မှီမတားရင်၊ မုန့်ချုံ့ကွမ်းက ငိုတော့မှာမို့လို့ ရွှီရှင်းကျီ သူ့ကိုစိတ်ဖြေဖို့သာ ပြောနိုင်သည်- "အဲ့လိုဆိုလိုတာ မဟုတ်ဘူး"
မုန့်ချုံ့ကွမ်းက သနားစရာကောင်းစွာ မျက်တောင်ခတ်လိုက်ပြီး "တကယ်လား?"
ရွှီရှင်းကျီ: "....တကယ်”
မုန့်ချုံ့ကွမ်း ချက်ချင်းပင် အမူအရာ ပြောင်းသွားသည်။ သူ့မျက်လုံးတွေက အဆုံးမှာ ကွေးညွတ်သွားပြီး အတွင်းထဲမှာ မျက်ရည်တွေ စီးကျနေသေးပေမယ့် သူ့အပြုံးက မထင်မှတ်လောက်အောင် လှပနေခဲ့သည်- "ရှစ်ရှုန်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲဆိုတာ ကျွန်တော်သိသားပဲ"
ရွှီရှင်းကျီသည် ချီးကျူးခံရပြီးနောက် ကျေနပ်သွားကာ ကုတင်ဘေးတွင်ထိုင်လိုက်သည်။
မုန့်ချုံ့ကွမ်းက ရွှီရှင်းကျီ၏ပေါင်များကို ခေါင်းအုံးအဖြစ်အသုံးပြုကာ ရိုးရိုးလေး ခေါင်းငုံ့ထားသည်။
သူ့ခေါင်းက ရွှီရှင်းကျီခါးနားက ဓားမြှောင်ကို ထိသွားခဲ့သည်။ သိမ်မွေ့သော အထိအတွေ့ကြောင့် ရွှီရှင်းကျီ တခဏတောင့်တင်းသွားခဲ့ပြီး နောက်ထပ် ရင်းနှီးသော အပြုအမူများကို ဆက်လက်မလုပ်ဆောင်နိုင်တော့။
...သူ့ရဲ့ မူလရည်ရွယ်ချက်က သူ့(MCG)ကိုသတ်ဖို့ ရည်ရွယ်ထားပေမယ့် ရယ်မောသံတွေကြားမှာ သူ့အသက်ကိုယူဖို့ ယုံကြည်ရတဲ့သူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုခဲ့ရသည်။ ဒီ့ထက်ပိုပြီး ကြောင်သူတော်ယောင်ဆောင်တာ ရှိသေးရဲ့လား?
သူ့စိတ်ထဲက အပြစ်တွေကနေ သူ့ကိုယ်သူ အာရုံလွှဲနိုင်ဖို့ ရွှီရှင်းကျီက “လုယွီကျို့ရဲ့ ဒဏ်ရာတွေ မပြင်းထန်တော့ဘူး” ဆိုတဲ့ အကြောင်းအရာကို ပြောင်းလဲဖို့ ကြိုးစားခဲ့သည်။
မုန့်ချုံ့ကွမ်း အနည်းငယ် စိတ်ဆိုးသွားသည်။
"ရှစ်ရှုန်းက လုယွီကျို့ကိုပဲ ဂရုစိုက်တယ်၊ ချုံ့ကွမ်းကို ဂရုမစိုက်တော့ဘူး" မုန့်ချုံ့ကွမ်းက သူ့ဝတ်ရုံလက်ကို ဆွဲမလိုက်ပြီး သူ့လက်မောင်းမှ သွေးထွက်သံယိုဒဏ်ရာများ ထွက်ပေါ်လာသည်။ "ရှစ်ရှုန်း၊ မြန်မြန်ကြည့်၊ ချုံ့ကွမ်းလည်း ဒဏ်ရာရထားတယ်"
Advertisement
ရွှီရှင်းကျီ တစ်ချက်ကြည့်လိုက်သည်။
....တကယ်ကို မြန်မြန်ဆန်ဆန်ကြည့်ဖို့ လိုပါတယ်။ သူသာဆက်ကြည့်နေရင် လက်သည်း (သို့) သစ်သားပြားလေးတွေနဲ့ ခြစ်ထားသလို ထင်ရတဲ့ ဒီဒဏ်ရာဟာ သူ့အလိုလို ပျောက်ကင်းသွားနိုင်သည်။
ရွှီရှင်းကျီသည် ဒဏ်ရာကို ၃ စက္ကန့်ခန့် စစ်ဆေးပြီးနောက် သူ့နာမည်ကိုခေါ်လိုက်သည်။ “မုန့်ချုံ့ကွမ်း”
မုန့်ချုံ့ကွမ်းသည် ချစ်စရာကောင်းသော အမူအရာဖြင့် ဤအခြေအနေကို ဖြတ်ကျော်ရန် ကြိုးပမ်းနေသည့် တိရစ္ဆာန်ငယ်လေးနှင့်တူသော အကြည့်ကို ချက်ချင်းထုတ်ဖော်ပြသလိုက်သည်။
ရွှီရှင်းကျီ လှည့်စားမခံပါ "...ဒီဒဏ်ရာကို မင်းကိုယ်တိုင်လုပ်တာလေ"
မုန့်ချုံ့ကွမ်းသည် ကုတင်ခေါင်းရင်းရှိ သစ်သားကုတင်တိုင်ကို လျင်မြန်စွာ စူးစူးရဲရဲစိုက်ကြည့်ကာ “မဟုတ်ပါဘူး....အခြားသူလုပ်တာ...”
ရွှီရှင်းကျီက အနီးကပ်မေးခွန်းထုတ်ရင်း မျက်ခုံးပင့်လိုက်ပြီး "ဘာနဲ့လဲ? လက်သည်းနဲ့လား?"
မုန့်ချုံ့ကွမ်း ချက်ချင်းပင် စိတ်ဆိုးသွားပြန်သည်။ သူက ခေါင်းကိုငုံ့ကာ သူ့ဝတ်ရုံလက်စွပ်ကို အောက်ကိုလှန်ချလိုက်သည်။
ရွှီရှင်းကျီ: "...မင်းဘာတွေတွေးနေတာလဲ?"
မုန့်ချုံ့ကွမ်း စိတ်ကောက်နေသေးသည် “ဘာမှမဟုတ်ပါဘူး”
ရွှီရှင်းကျီက မပြတ်မသားဖြင့် "နောက်တစ်ခါ ဒဏ်ရာကြီးကြိီးပိုလှီးဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား?"
သူ့ပါးစပ်မှ စကားထွက်လာသည်နှင့် တပြိုင်နက် ရွှီရှင်းကျီလည်း သူ့ကိုယ်သူ အံ့အားသင့်သွားသည်။
နှစ်ရက်နှင့်နှစ်ည အပြန်အလှန် ဆက်ဆံမှုများ၏ လွှမ်းမိုးမှုအောက်တွင် သူသည်မုန့်ချုံ့ကွမ်းကို အချိန်အတော်ကြာသိလာသလို ခံစားခဲ့ရပြီး သူဘာတွေ တွေးနေလဲဆိုတာကိုပင် အားစိုက်ထုတ်ကာ မှန်းဆနိုင်ခဲ့သည်။
မုန့်ချုံ့ကွမ်းသည် သတိပေးချက်ကိုကြားသောအခါ ဝမ်းသာအားရဖြင့် ရွှီရှင်းကျီ၏ခါးကို ပွေ့ဖက်လိုက်ပြီး ၎င်း၏အောက်ပိုင်းဝမ်းဗိုက်ဆီသို့ ခေါင်းမြှုပ်နေကာ အချိန်အတော်ကြာ ခေါင်းမထောင်ခဲ့။
ခဏအကြာတွင် ဂူထဲမှ လှမ်းပြောသကဲ့သို့ နှိမ့်ချသော အသံဖြင့် ပြောလိုက်သည်။ "...ရှစ်ရှုန်း ချုံ့ကွမ်းစိတ်ထဲမှာ ဘာတွေးနေလဲသိတာပဲ၊ ကျွန်တော်အရမ်းပျော်တယ်"
ရွှီရှင်းကျီ သူကြည်နူးသလို ဒေါသထွက်နေမိသည်။
ဤဝါရင့်နတ်ဆိုးသည် ကလေးလိုစိတ်သဘောထားကို ပိုင်ဆိုင်ထားပြီး အနည်းငယ်ချော့ပေးရုံဖြင့် တကယ်ကျေနပ်သွားမည်ဖြစ်သည်။
သူ့စိတ်တွေ တက်ကြွလာပြီးနောက်၊ မုန့်ချုံ့ကွမ်းက သူ့လက်တွေကို ဆန့်ထုတ်ပြီး ဝင့်ကြွားနေပြန်သည်- "တကယ်တော့ ဖုန်းတောင်ကကောင်တွေ ရိုက်လို့တောင်မရလိုက်ပါဘူး။ ရှစ်ရှုန်းအိပ်နေတာကို နှောင့်ယှက်မိမှာစိုးလို့ သူတို့ကို မျှော်စင်ကနေ မျှားခေါ်ရင်း အချိန်ဖြုန်းနေခဲ့တာ။ သွေးနံ့က ရှစ်ရှုန်းကိုလည်း လွှမ်းမိုးသွားမှာကြောက်လို့....မပြန်ခင် သူတို့အားလုံးကို လက်ဆေးဖို့နဲ့ အနီးနားမှာရှိတဲ့ စမ်းချောင်းမှာ အလောင်းတွေကို ဆေးကြောဖို့ ညွှန်ကြားနေရတာမို့လို့ ပြန်လာတာနောက်ကျသွားပြီး ရှစ်ရှုန်းကို အန္တရာယ်ဖြစ်စေတော့မလို့ဘဲ...”
သူ့အသံက သေးသထက် သေးလာသည်။ သူက ရွှီရှင်းကျီနဲ့ မျက်လုံးချင်းဆုံပြီး "ရှစ်ရှုန်းသာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်ဘယ်လိုလုပ်ရမလဲ?"
မုန့်ချုံ့ကွမ်း၏ သတိရှိသောအမူအရာလေးက ရွှီရှင်းကျီ ၏နှလုံးသားကို ယားယံစေသည်။
မုန့်ချုံ့ကွမ်း သားရဲသူအကြောင်း အစဖော်လာမှတော့ ရွှီရှင်းကျီက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသောမေးခွန်းကို ရိုးရိုးရှင်းရှင်းမေးလိုက်သည်- "ဒီမတိုင်ခင်က စွန့်ပစ်မြေထဲမှာ သော့အပိုင်းအစတွေရှိတယ်ဆိုတာ မင်းမသိခဲ့ဘူးလား?"
မုန့်ချုံ့ကွမ်းက ကျေကျေနပ်နပ် တုံ့ပြန်လာသည် “ကျွန်တော် သိပါတယ်”
"ဒါဆို မင်းဘာလို့မရှာတာလဲ?" ရွှီရှင်းကျီ အလွန်အံ့ဩသွားကာ "အပိုင်းအစတွေနဲ့ဆို နောက်ဆုံး မင်းမြေယာထဲက ထွက်သွားနိုင်တယ်"
ဤစကားမှာ ရွှီရှင်းကျီအတွက် အနည်းငယ် ထူးဆန်းလှသည်၊ နောက်ဆုံးတွင် သူသည် မုန့်ချုံ့ကွမ်းအား မြေရိုင်းမှလွတ်မြောက်ရန်မှဘတားဆီးရန် ဤနေရာတွင် ရှိနေရခြင်းဖြစ်သည်။ သို့သော် ယခုအခိုက်အတန့်တွင် သူတကယ်သိချင်နေသည်- မုန့်ချုံ့ကွမ်းမှာ မျှော်လင့်ချက်များရှိနေသော်လည်း ထွက်ခွာမသွားဘဲ အဘယ်ကြောင့် တောက်လျှောက်နေနေသနည်း?
ခေတ္တနားပြီးနောက် မုန့်ချုံ့ကွမ်းက တိုးတိုးလေးပြောသည်။ "....ရှစ်ရှုန်း မြေရိုင်းထဲမှာရှိမယ် ထင်လို့ပါ"
ရွှီရှင်းကျီ သူပြောသောစကားကို ရှင်းရှင်းလင်းလင်း မဖမ်းဆုပ်မိဘဲ "ဘာကို?"
မုန့်ချုံ့ကွမ်းက “...အဲဒီနှစ်တုန်းက ကျို့ကျစ်သမ်းက ရှစ်ရှုန်းကိုလည်း မြေရိုင်းထဲ ပစ်ချခဲ့တယ်လို့ ကျွန်တော်ထင်ခဲ့တာ။ ကျွန်တော် ရှစ်ရှုန်းကို အမြဲရှာနေခဲ့တာ....ဒါပေမယ့် စွန့်ပစ်မြေက အရမ်းကျယ်တယ်၊ ကျယ်လွန်းလို့ အကန့်အသတ်မရှိဘူးလို့တောင် ထင်ရတယ်။ ကျွန်တော် ရှစ်ရှုန်းကို နှစ်ပေါင်းများစွာ လိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ဘူး"
မုန့်ချုံ့ကွမ်း ရွှီရှင်းကျီနှင့် စကားပြောသည့်အခါတိုင်း သူ့အသံနှင့် လေသံမှာ အလွန်ပျော့ပျောင်းနေပြီး သူသာကျယ်ကျယ်ပြောပါက ရွှီရှင်းကျီ ကြောက်လန့်သွားမည်ကို စိုးရိမ်နေသလို– “လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်လုံးလုံး ရှစ်ရှုန်း ဂရုစိုက်ဆုံးလူတွေကို ကျွန်တော့်ဘက်မှာ စုဆောင်းထားခဲ့တယ်။ သော့အပိုင်းအစရှာဖွေတာကို ကျိုးပိုင်နန်နဲ့ အခြားသူတွေပဲ အမြဲကိုင်တွယ်တာမို့ ကျွန်တော်ရှစ်ရှုန်းကို ရှာဖို့ပဲ အာရုံစိုက်ခဲ့တယ်"
ရွှီရှင်းကျီသည် ဤမျှော်စင်မြင့်ကြီးကို ကာကွယ်ရေးအတွက်၊ အမိုးအကာအတွက်မဟုတ်ဘဲ၊ မူလပိုင်ရှင်အတွက် အမှတ်အသားတစ်ခုအဖြစ် တည်ဆောက်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားပေ။
တောရိုင်းကြီးထဲ သူပထမဆုံးရောက်တုန်းကကို ပြန်တွေးကြည့်တော့ အဝေးက ဒီမျှော်စင်ကို တွေ့လိုက်ရသည်။ မုန့်ချုံ့ကွမ်း ထိုအချိန်တွင် မပေါ်လာခဲ့ရင်တောင် သူအဲ့ကို တန်းတန်းမတ်မတ်သွားမှာပင်။
.....သေချာစဉ်းစားကြည့်တော့ ဒါက ဟာသတစ်ခုလိုပါပဲ။
မုန့်ချုံ့ကွမ်း၏ လမ်းပြဘုတ်သည် သူလိုချင်သောရှစ်ရှုန်းကျု မဆွဲဆောင်နိုင်ခဲ့ဘဲ အစားထိုးထားသည့် အတုကိုသာ ဆွဲဆောင်ခဲ့သည်။
မည်သို့တုံ့ပြန်ရမည်ကိုမသိသော ရွှီရှင်းကျီက "ငါ မြေရိုင်းမှာရှိတယ်လို့ မင်းဘယ်လိုလုပ်သေချာရတာလဲ?"
မုန့်ချုံ့ကွမ်းက ရွှီရှင်းကျီရဲ့ ဝတ်ရုံလက်ကို ဖမ်းကိုင်လိုက်ပြီး "ဒါ ဖြစ်နိုင်ခြေ 0.01% ဆိုရင်တောင် ကျွန်တော် လက်လျှော့မှာမဟုတ်ဘူး"
သူစကားပြောနေစဉ်တွင် သူက မျက်လုံးများကို မော့ကြည့်ကာ စိတ်အားထက်သန်စွာ ဆက်ပြောသည်- "ကျွန်တော်အမြဲတွေးတယ်၊ တစ်ရက်ပဲစောင့်၊ နောက်ထပ်တစ်ရက်စောင့်ပြီးတာနဲ့ ရှစ်ရှုန်းကို တွေ့နိုင်တော့မှာမို့လို့ ငါဘာလို့ ထွက်သွားရမှာလဲ? ရှစ်ရှုန်းသာ ငါ့ကိုမြေရိုင်းမှာ စောင့်နေရင် ဘယ်လိုလုပ်မလဲဆိုပြီး"
ရွှီရှင်းကျီ: "......”
"လောကအသိဉာဏ်" ဟုခေါ်သောအရာသာ သူ့ကိုစွန့်ပစ်မြေသို့ မဆွဲခေါ်ပါက မုန့်ချုံ့ကွမ်းသည် အမှန်တကယ် ထွက်ပြေးရန် ရည်ရွယ်ချက်မရှိကြောင်း သူ ရုတ်တရက် သဘောပေါက်သွားသည်။ သူသည် ထိုနည်းပါးသော ဖြစ်နိုင်ခြေကို ထောက်၍ ကြီးကျယ်လှသော မြေရိုင်းကြီးကို ဆက်လက်မြေလှန်နေမှာဖြစ်ပြီး ၎င်းတို့သည်လည်း ယခုလက်ရှိ အခြေအနေသို့ ရောက်ရှိမည်မဟုတ်ပေ။ သူသည် သူ့ချစ်သောရှစ်ရှုန်းကို ရှာတွေ့ခဲ့ရုံသာမက သားရဲလူသည်လည်း ကျို့ကျစ်သမ်းနှင့် မုန့်ချုံ့ကွမ်းကို ခြိမ်းခြောက်ရန် ရွှီရှင်းကျီအား ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့သောကြောင့် သူ့အိမ်တံခါးဝသို့ရောက်လာသည့် သော့အပိုင်းအစကိုလည်း အမှတ်တမဲ့ ရရှိခဲ့သည်။
.....လောကကြီးမှာ ဒီထက်ပိုပြီး ဝိရောဓိဖြစ်တာ မရှိလောက်တော့ဘူး။
ရွှီရှင်းကျီလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အတင်းပြုံးပြခြင်းပင်ဖြစ်သည်- "အဲဒီတုန်းက ငါ့ရင်းမြစ် ဖြတ်ခံထားရတယ်။ ဒီလိုအခြေအနေနဲ့ စွန့်ပစ်မြေထဲကိုသာဝင်ရမယ်ဆိုရင် ဟိုးအရင်ကတည်းက အသက်ဆုံးရှုံးသွားလောက်ပြီ”
ရွှီရှင်းကျီက အပြောင်အပြက်သဘောသာ ပြောတာမို့ မုန့်ချုံ့ကွမ်း၏ မျက်နှာအရောင် ရုတ်တရတ် ပြောင်းသွားပြီး ရွှီရှင်းကျီရဲ့ ဝတ်ရုံကော်လာကို အပြင်းအထန်ဆွဲလာမည်ကို မထင်ထားခဲ့ပေ။ "ရှစ်ရှုန်းကို ဒီလိုစကားမျိုး ပြောခွင့်မပေးနိုင်ဘူး!"
“....ချုံ့ကွမ်း?"
မုန့်ချုံ့ကွမ်း၏ မျက်နှာပေါ်ရှိ အမူအရာသည် အလွန်နက်မှောင်လာပြီး သူ့မျက်လုံးထောင့်နှင့် နဖူးအလယ်တွင် အနီရောင်ဖျော့ဖျော့များ တောက်ပလာသည်။
ဤတစ်ကြိမ်တွင် သူ၏အသံသည် ရှိုက်ငိုသံသို့ ပြောင်းလဲသွားသည်- “သေရေးရှင်ရေး ကိစ္စကိုပေါ့ပေါ့တန်တန် ပြောရလား? ရှစ်ရှုန်း သေမှာမဟုတ်ဘူး၊ ရှစ်ရှုန်း မသေရဘူး!"
ရွှီရှင်းကျီ မူလကမေးချင်တာက လွန်ခဲ့သည့် ဆယ့်သုံးနှစ်လုံး သူရှာဖွေနေစဉ် အဘယ်ကြောင့် သူ(XXZ) တောရိုင်းကြီးထဲမှ ထောင့်တစ်နေရာတွင် ကွယ်လွန်သွားခဲ့ပြီး အဖြူရောင်အရိုးများ ပြိုကျပျက်စီးသွားလောက်မည်ဟု အဘယ်ကြောင့် မစဉ်းစားမိခဲ့သနည်း? သို့သော် သူဘယ်လောက်ထိ တုန်လှုပ်သွားသည်ကို မြင်လိုက်ရသဖြင့် ထပ်မေးရန် မလိုအပ်တော့ဟု ထင်ရသည်။
- အဖြေက သူ့ရှေ့မှာရောက်နေပြီလေ။ သူ(MCG)သည် ထိုအဆုံးသတ်၏ ဖြစ်နိုင်ချေကို လုံးဝသည်းမခံနိုင်ဘဲ ၎င်းကို တွေးကြည့်ရုံဖြင့် သူ့အား ကြေကွဲသွားစေမည်ဖြစ်သည်။
သူ မုန့်ချုံ့ကွမ်းရဲ့ ခေါင်းကို အသာပုတ်လိုက်ပြီး "ကောင်းပါပြီ၊ ရှစ်ရှုန်း စကားမှားသွားတာပါ"
မုန့်ချုံ့ကွမ်းက မကျေမနပ်ဖြစ်ပြီး "ရှစ်ရှုန်း "ဖေး" သုံးခါပြောရမယ်"
(T/N: သူပြောတဲ့စကားကို ပြန်ရုတ်သိမ်းခိုင်းတဲ့သဘောပါ.မြန်မာလိုဆို ဖက်ဖက်ဖက် လွဲပါစေချော်ပါစေ လိုမျိုးပေါ့)
ရွှီရှင်းကျီ: "အင်းပါ၊ အင်းပါ၊ ဖေးဖေးဖေး"
ဤနည်းဖြင့်သာ မုန့်ချုံ့ကွမ်း ဖြေသိမ့်သွားပြီး သူ၏ ဆုပ်ကိုင်မှုကို ဖြေလျော့လိုက်သည် "....အဆင်ပြေသွားအောင် ရှစ်ရှုန်း နောက်ထပ်ပုတ်ပေးဖို့လိုသေးတယ်"
ရွှီရှင်းကျီက ကူကယ်ရာမဲ့ ပြုံးလိုက်ပြီး "ကောင်းပါပြီ၊ မင်းသဘောပဲ"
မုန့်ချုံ့ကွမ်းသည် ရွှီရှင်းကျီထံမှ အကြိမ်များစွာ ပွတ်သပ်ခံခဲ့ရပြီး သူ၏နားရွက်ကိုပင် ထိမိသွားခဲ့သည်။ ရွှီရှင်းကျီ၏ပေါင်များပေါ်တွင် လှိမ့်ပတ်ကာ သက်သာရာရသွားသလို ခံစားလိုက်ရပြီး အထူးသဖြင့် အလိုလိုက်ခံရသော အိမ်မွေးကြောင်တစ်ကောင်ကဲ့သို့ သူ့ပါးပြင်များ အနည်းငယ်နီမြန်းလာသည်။
သူ့မျက်နှာများကို သက်တောင့်သက်သာပိတ်ထားပြီး ပေါ့ပေါ့ပါးပါး ပြောလာသည်။ “ရှစ်ရှုန်း ကျွန်တော် တစ်ခုပြောပြမယ်။ ဖုန်းတောင်ရဲ့ခေါင်းဆောင်က သူ့ကိုချက်ချင်းသတ်ပေးဖို့ တောင်းပန်ပြီး အပြန်အလှန်အနေနဲ့ အချက်အလက်တစ်ခု ရောင်းလာတယ် — ဟူထျောင်လျှိုမြှောင်က သရဲဘုရင်မှာလည်း သော့အပိုင်းအစရှိလောက်တယ်"
ရွှီရှင်းကျီ တွေးတောနေချိန်တွင်၊ မုန့်ချုံ့ကွမ်းသည် ရွှီရှင်းကျီ၏ ရင်ခွင်ထဲသို့ သူ့မျက်နှာကို မြှုပ်နှံထားပြီး သူ့အားမြတ်နိုးစွာဖြင့် ပွတ်သပ်နေသည်- "ရှစ်ရှုန်းကို အခုတွေ့ပြီဆိုတော့၊ နောက်ရက်အနည်းငယ်လောက်ပဲစောင့်ပါ၊ ကျွန်တော် သော့အပိုင်းအစတွေအားလုံး စုဆောင်းပြီးတာနဲ့ မြေရိုင်းထဲက ခေါ်ထုတ်သွားမယ်"
ချုံ့ကွမ်း : ရှစ်ရှုန်းကို ငါ့ဆီလွှတ်လိုက်တာ ဘယ်သူလဲ? ငါ့ကို ထွက်မပြေးစေချင်တာ လောကအသိဉာဏ်လား ~
ရှစ်ရှုန်း: .......
လောကအသိဉာဏ်:....မင်းမေ*
(T/N: မုန့်ချုံ့ကွမ်းက တကယ်ချွဲစိန်လေး အိုက်ယားးး)
____________
Advertisement
- In Serial6 Chapters
Lamp of Gods- Tales of an Immortal
With just a blade in one hand, he walks alone in a world filled with darkness. Sufferings of the world forces his every step, skulls, bones and dead bodies littered across the road. Rusted sword, broken dreams, immortals die, divines dissappear, the common people suffer. Eternally shall he sweep the world with his conviction everlasting. The river of suffering that flows within you, also flows within me.To seek is to suffer, and to seek nothing is ignorance.The Path of Immortality is filled with suffering, so is life, so is this world.On this path of no return,Let me soar through the skies.Let me end this suffering forever.Let me wield this blade.As on this path of no return. Each shall wield their own.A sea of blood shall flow, at the cost of all mortal beings full of false hope! The ghosts wail as the gods roar, but the sea of blood has no end! One man, one weapon, one life,one journey and one conviction.
8 89 - In Serial13 Chapters
Lonesome Hill (One of my feature film scripts) Rated R -- Western
A man heads out west trying to escape the demons that plague him but no matter how far he runs he can not hide from the beasts within....
8 76 - In Serial43 Chapters
The Rebel (Thorin x OC)
Bellethiel is a she-elf who has lived a long life. Along with this life has come many trials and suffering. She has a dark and mysterious past that is some how linked to the greatest Kingdom of Middle-earth: Erebor. But what would happen when a certain grey wizard stops her in her travels and invites her on a journey she will never forget. How will the she-elf and dwarf king react to one another once they meet? Will they hate each other because of racial differences or will there be hope in a dark place for the she-elf and dwarf king?HIGHEST RANKING:#3 in Hobbit (February 10, 2021)#1 in Hobbit 😱 (February 17, 2021)#1 in oakenshield (April 5, 2021)#1 in thorinoakenshield (June 21, 2021)
8 239 - In Serial12 Chapters
Zedd x King Trollex
This takes place with the Trolls World Tour. Cursing warning. My version of it.
8 159 - In Serial25 Chapters
The LEGO Ninjago Movie [Lloyd x Female Ninja! Reader]
[Name], Lloyd, Jay, Kai, Nya, Cole and Zane are all a group of friends trying to narrow their way through highschool. It doesn't help that Lloyd's having a hard time with his daddy issues.Lloyd's father is none other than, Lord Garmadon, himself. This Evil Overlord takes it upon himself to try and take over Ninjago, he does this EVERY SINGLE DAY. But alas, these certain fellow Ninjas of the city prevent him from doing so. And, they all known as;The Secret Ninja Force and Mysterio.[I don't own The LEGO Ninjago Movie or any of the characters] [Third Person POV]
8 73 - In Serial104 Chapters
Charlotte & the Seven Frat Brothers: The Interns (Book 2)
Charlotte learns New York is definitely a concrete jungle where dreams are made of and destroyed, all in one breath. Taking the internship at Tucker & Michaels, Inc., seemed like a great idea but she soon realizes what a huge mistake she made.With the help of the oh-so-familiar Seven frat brothers. Charlotte is ready to take on the big city.Book 2
8 233

