《အချစ်ဝိုင် ( Complete )》Part 2
Advertisement
အချစ်ဝိုင် ( Part - 2 )
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
"နီးစပ်မနေဘူး မြင်ရုံနဲ့တင်အဝေးကြီး တခြားစီပဲကို"
"နင်ကလည်းပြောပြီ"
"ပြောရမှာပဲ နင်ပြောလို့ငါကဟိုတယ်မှာတောင်မနေဘဲ ဒီကိုလာတည်းတာကောင်စုတ်ရဲ့"
ခေ့ဒက်ဒီက မန္တလေးမှာHotelတွေရှိတာမို့ မန္တလေးကိုဆင်းလာတိုင်း ခေက ကြိုက်တဲ့အခန်းဝင်နေရုံသာ။
ဒက်ဒီ့Hotelက မနက်စာ စားလို့ကောင်းပြီးနေချင်တိုင်းနေ၊ လုပ်ချင်ရာလုပ်။
Spaသွားလိုက်၊ ရေကူးလိုက်ဖြင့် ထင်ရာလုပ်ခွင့်ရပြီး ပိုက်ဆံလည်းမကုန်။
အခုတော့•••
"ဒါလည်း ကျုံးနဲ့နီးတာပဲ ၂ပြလောက်ဆက်သွားရင်"
"တော်စမ်းပါ ငါကနိုးလာရင် မန္တလေးတောင်ရှုခင်းကြီးကိုမြင်ချင်တာဟဲ့ ကျုံးဘေးမှာကဲချင်တာမဟုတ်ဘူး"
"ခေ နင်အပိုတွေပြောမနေနဲ့ Hotelကိုမသွားဘူးဆိုတာက နင်မန္တလေးကိုလာတာ လေးလေးသိမှာစိုးလို့မလား"
"ဒါတော့ ဒါပေါ့"
"အေး အဲ့ဒီ 'ဒါ'ကို ငါကဖုံးဖိပေးထားရတာ ငါ့ကိုကျေးဇူးတင်"
"အံမယ် နင့်ထက်စာရင် ကြီးမေကို ပိုကျေးဇူးတင်ရမှာ ဒက်ဒီ့လူယုံလုပ်နေပြီး ဒက်ဒီ့ကိုဘာမှပြန်မတိုင်ရှာဘူး ငါလုပ်ချင်တာလုပ်လို့ရနေတာ ကြီးမေကြောင့်"
"ငါကကျတော့ ပြန်တိုင်နေလို့လား ပြောပုံကိုက"
"ဟဲ့ နင့်လေသံပြန်ပြင်လိုက်စမ်း ကျော်ပီယ အခုအချိန် ငါ ထပြန်သွားရင် ဟိုးတစ်ရက်ကလို တွေ့ချင်တယ် တွေ့ချင်တယ်ပဲ အော်နေရမယ်"
"အေးပါ နင့်ခွင်ထဲရောက်တုန်းလုပ်ထားပေါ့"
အခန်းသော့ကိုယူရင်း နှစ်ယောက်သားစကားများနေကြတာဖြစ်ကာ အပေါ်ထပ်ကိုတက်လာသည်အထိ စကားက မပြတ်သေး။
ခေသည်နေရမည့်အခန်းကိုရောက်တော့မွေ့ယာပေါ်ပစ်လှဲကာ အနားယူလိုက်သည်။
ဟိုတစ်ရက်ကမှ ဆံပင်ဆေးဆိုးမလို့ ဒက်ဒီ့ဆီကတောင်းထားတဲ့ မုန့်ဖိုးတွေပဲ့ကုန်ပါပြီ။
"ခေစုတ်မ ခဏ"
စောစောကမှ အခန်းထဲဝင်သွားပြီး အခုဘာဖြစ်ပြန်ပြီလဲ။
အတွေးနဲ့အတူ နှုတ်ခမ်းထော်ပစ်ကာ တံခါးထဖွင့်တော့ ပီယက ဖုန်းကိုထောင်ပြကာ
"အောက်ကိုနေ့လည်စာမှာမလို့ နင့်ဖို့ ဆိတ်သားကင်ရယ် ငုံးဥကင်ရယ် ဝိုင်တစ်ပုလင်းနဲ့မှာထားတယ် တခြားဘာမှာဦးမလဲ"
"တော်ပြီ အဲ့ဒါပဲ ငါသိပ်မဆာဘူး"
"Ok နာရီဝက်လောက်နေရင် ငါ့ဘက်ကူးခဲ့"
"ငါကြိုက်တာသိနေတာကို လာမေးနေသေးတယ် ပီယ အယုတ်တမာ"
ခေ ကျိန်ဆဲတော့ ပီယကလျှာထုတ်ပြောင်ပြ၏။
တံခါးပြန်ပိတ်တော့ အိပ်ယာပေါ်ဖြစ်သလိုပစ်တင်ခဲ့သည့်ဖုန်းက အသံမြည်နေ၏။
စောစောကလိုပစ်လှဲလိုက်ကာ ဖုန်းကိုကိုင်လိုက်ပြီး speakerဖွင့်လိုက်သည်။
"၀ိုင်"
"Omm ပြော"
"မန္တလေးဆင်းသွားတယ်ဆို ကိုယ့်ကိုလည်းမပြောဘူး ကိုယ်လိုက်ပို့မှာပေါ့"
"ပီယပါတယ် စိတ်မပူနဲ့"
ထွဋ်ဘက်ကအသံတိတ်သွားပေမယ့် ခေ ဂရုမစိုက်။
ထွဋ်က ခေခုလိုတွေ ပီယနဲ့နေရာတကာရောက်နေသည်ကိုသဘောမကျ။
"ဘာပြောဦးမလို့လဲ ခေအိပ်တော့မလို့"
"ဘယ်အချိန်ပြန်လာမှာလဲ ကိုယ်လာကြိုမယ်"
"EDMပွဲရှိတယ် အဲ့ဒါပြီးမှပြန်လာမှာ လာမကြိုပါနဲ့ ပီယနဲ့ပဲပြန်ခဲ့မယ် ဒီကဘာမှာဦးမလဲ"
"အန္တရာယ်ကင်းကင်းနဲ့ပဲပြန်လာခဲ့ပါ လျှောက်မှာနေရအောင် ကိုယ်က ကလေးမှမဟုတ်တော့ဘဲ"
"အာ့ဆို ဒါပဲ"
ခေ ဖုန်းချပစ်လိုက်သည်။
ချစ်သူဖြစ်နေပေမယ့်လည်း ခေ သူ့ကိုမချစ်ပါ။
အထူးသဖြင့် ပီယနဲ့သဝန်တိုနေသည်မို့ တစ်ခါတစ်ခါအမြင်ကတ်မိသည်အထိ။
တကယ်ဆို ပီယက ထွဋ်ထက်တောင် ရင်ဘတ်ချင်းဆက်သည့် တစ်ဦးတည်းသောလူ။
▪▪▪▪▪⏳⏳⏳▪▪▪▪▪
"နင့်ကိုချစ်လို့သဝန်တိုတာပဲ ခေ ရာ"
"မလိုပါဘူး နင်နဲ့ငါတွဲလာတာဖြင့် နှစ်ဆယ်ချီနေပြီ ဒါကို သူက ဘာတွေသဝန်တိုနေတာလဲ"
ပီယက အသံမထွက်ဘဲ ပခုံးတွေလှုပ်သည်အထိရယ်၏။
တကယ်လည်း ခေ့ဒက်ဒီနဲ့ ပီယအဖေက သူငယ်ချင်းတွေဖြစ်သလို စပ်တူစီးပွားရေးတွေလုပ်ကိုင်နေကြပြီး ခေတို့နှစ်ယောက်သည်လည်း သိတတ်စအရွယ်ကတည်းက လည်ပင်းဖက်ပေါင်းခဲ့သူတွေ။
"ဟဲ့ အငတ် နင့်ဖို့ ဘာဘယ်တီးဝယ်လာတယ်"
"စေတနာဗလပွနဲ့ဝယ်လာတယ်ထင်ပါ့ ခေါ်တာကိုက"
ခေ့မှာတခြားသူငယ်ချင်းတွေရှိပေမယ့် ပီယကိုသာအချစ်ဆုံးဖြစ်သလို ပီယသည်လည်း ထိုနည်းလည်းကောင်း။
"နင်တို့တွဲကြပါလား"
ဟု သူငယ်ချင်းတွေပြောလာတော့ ခေါင်းခါကြတာလည်းပြိုင်တူ။
ထိုအချိန်က ခေက ပီယပခုံးပေါ်လက်တင်ရင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်ရသေး၏။
"ဘာလို့တွဲရမှာလဲ ငါက ခေစုတ်မကို တစ်သက်လုံးချစ်သွားမှာ တခြားဘာလိုသေးလို့လဲ နော"
"အေးလေ ငါထားတဲ့ရည်းစားတောင် ဒီကောင်လောက်ချစ်ပေးရင် ကံကောင်း"
နှစ်ယောက်သားပြောပြီး လက်သီးချင်းတိုက်ကြသည်အထိ။
ခုလည်း EDMလုပ်မည့် မြို့ပတ်လမ်းကHotelနားမှာ နှစ်ယောက်သား ကားရပ်ထားရင်းမုန့်စားနေကြခြင်းဖြစ်သည်။
ခေက သွားစို့ ဆိုတာနဲ့ ပီယကလည်း သွားမယ်ဟေ့ ပြောပြီးသား။
ဒါကလည်း အခုမှမဟုတ်ဘဲ ဟိုးငယ်ငယ်လေးကတည်းက။
"မခကရော"
"မခကတော့ အေးဆေးပါပဲ နင်လည်းသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းပဲ ဘာပြောဖို့လိုသေးလဲ"
"နင်ကတော့ ကံကောင်းတာပဲ ဟိုတစ်ယောက်ကသာ သဘောထားမပြည့်ဝတာ ငါတော့ ၅ပါးမှောက်တာပဲ"
"အဲ့လိုမဟုတ်ပါဘူးဟာ ထွဋ်ကနင့်ကိုသဝန်တိုတယ်ဆိုတာက ချစ်လို့ပါ နင်များထိခိုက်ပွန်းပဲ့သွားမလား နင်များအဆင်ပြေရဲ့လား နင်များ"
"ဟာ ငါကဒီမှာအရှင်လတ်လတ်ကြီးကဲမလို့နော် စစ်ပွဲထဲရောက်နေတာမဟုတ်ဘူး"
"ပြောပြတာလေ သဝန်တိုစိတ်ဆိုတာ ချစ်တဲ့စိတ်ကဖြစ်လာတာ နင်မှမခံစားဖူးတာ ဒါတွေဘယ်သိမလဲ"
"Aww awww နင်ကတော့သိပ်သိတယ်ပေါ့ ငါမြင်ရသလောက်ကတော့ နင်ရောထွဋ်ရော ပူလောင်နေတာပဲ တွေ့ချင်ရတာနဲ့စိတ်ပူရတာနဲ့"
"ပိုးဖလံမျိုးမီးကိုတိုး ဆိုတာမျိုးပေါ့ မေမိုးမခဆိုတဲ့မီးတောက်လေးကို ကျော်ပီယဆိုတဲ့ အချစ်ပိုးဖလံလေးက တိုးဝင်ချင်နေတာ"
ပြောနေရင်း ကြည်ကြည်နူးနူးကြီးဖြစ်လာသော ပီယမျက်နှာကို မဲ့ရွဲ့ကြည့်ရင်း ခေ အအေးဘူးကိုအကုန်မော့သောက်လိုက်၏။
"Sပိုတွေလုပ်နေတယ် အပူသည်ဆို အပူသည်ပေါ့ ဘာအချစ်မီးတောက်တွေ ပိုးဖလံတွေ"
"နင်ချစ်တတ်လာမှ သိလိမ့်မယ် အခုပြောနေလည်း ကျွဲပါးစောင်းတီး"
ခေ စိတ်တိုသွားပြီး ပီယ ပါးတစ်ဖက်ကိုဖြန်းခနဲရိုက်ပစ်လိုက်သည်။
နာအောင်ရိုက်တာမဟုတ်၍ မျက်နှာလည်ရုံသာလည်သွားပြီး ပီယက ရယ်၏။
"တွေ့လား အဲ့ဒါကတော့ ကျွဲတီးပါးစောင်း တဲ့"
"ထပ်ရိုက်လိုက်ရ"
ခေ ရိုက်လိုက်လို့လည်းတစ်ခါမှစိတ်မဆိုးဖူးသလို ခေကလည်း ဘယ်တော့မှနာအောင်မရိုက်ခဲ့။
"ပွဲစတော့မယ် သွားစို့"
"အေး ခပ်ချောချောကောင်လေးတွေ့ဖြစ်ရင် နင်ငါနဲ့ဝေးဝေးနေနော်"
"မျက်နှာကလည်းရူးပါ့"
▪▪▪▪▪⏳⏳⏳▪▪▪▪▪
Advertisement
Part 3 ဆက်ရန်
ဒီမှာဖုန်းလိုင်းတွေပြတ်နေလို့ စာမတင်ရတာပါနော်
ညနေကျ Dreamerဆက်တင်ပေးပါ့မယ်😉
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ (ဖူးစာ) part - 2
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
"နီးစပ္မေနဘူး ျမင္ရံုနဲ႔တင္အေဝးႀကီး တျခားစီပဲကို"
"နင္ကလည္းေျပာၿပီ"
"ေျပာရမွာပဲ နင္ေျပာလို႔ငါကဟိုတယ္မွာေတာင္မေနဘဲ ဒီကိုလာတည္းတာေကာင္စုတ္ရဲ့"
ေခ့ဒက္ဒီက မႏၲေလးမွာHotelေတြရိွတာမို႔ မႏၲေလးကိုဆင္းလာတိုင္း ေခက ႀကိဳက္တဲ့အခန္းဝင္ေနရံုသာ။
ဒက္ဒီ့Hotelက မနက္စာ စားလို႔ေကာင္းၿပီးေနခ်င္တိုင္းေန၊ လုပ္ခ်င္ရာလုပ္။
Spaသြားလိုက္၊ ေရကူးလိုက္ျဖင့္ ထင္ရာလုပ္ခြင့္ရၿပီး ပိုက္ဆံလည္းမကုန္။
အခုေတာ့•••
"ဒါလည္း က်ဳံးနဲ႔နီးတာပဲ ၂ျပေလာက္ဆက္သြားရင္"
"ေတာ္စမ္းပါ ငါကႏိုးလာရင္ မႏၲေလးေတာင္ရႈခင္းႀကီးကိုျမင္ခ်င္တာဟဲ့ က်ဳံးေဘးမွာကဲခ်င္တာမဟုတ္ဘူး"
"ေခ နင္အပိုေတြေျပာမေနနဲ႔ Hotelကိုမသြားဘူးဆိုတာက နင္မႏၲေလးကိုလာတာ ေလးေလးသိမွာစိုးလို႔မလား"
"ဒါေတာ့ ဒါေပါ့"
"ေအး အဲ့ဒီ 'ဒါ'ကို ငါကဖံုးဖိေပးထားရတာ ငါ့ကိုေက်းဇူးတင္"
"အံမယ္ နင့္ထက္စာရင္ ႀကီးေမကို ပိုေက်းဇူးတင္ရမွာ ဒက္ဒီ့လူယံုလုပ္ေနၿပီး ဒက္ဒီ့ကိုဘာမျွပန္မတိုင္ရွာဘူး ငါလုပ္ခ်င္တာလုပ္လို႔ရေနတာ ႀကီးေမေၾကာင့္"
"ငါကက်ေတာ့ ျပန္တိုင္ေနလို႔လား ေျပာပံုကိုက"
"ဟဲ့ နင့္ေလသံျပန္ျပင္လိုက္စမ္း ေက်ာ္ပီယ အခုအခ်ိန္ ငါ ထျပန္သြားရင္ ဟိုးတစ္ရက္ကလို ေတြ့ခ်င္တယ္ ေတြ့ခ်င္တယ္ပဲ ေအာ္ေနရမယ္"
"ေအးပါ နင့္ခြင္ထဲေရာက္တုန္းလုပ္ထားေပါ့"
အခန္းေသာ့ကိုယူရင္း ႏွစ္ေယာက္သားစကားမ်ားေနၾကတာျဖစ္ကာ အေပၚထပ္ကိုတက္လာသည္အထိ စကားက မျပတ္ေသး။
ေခသည္ေနရမၫ့္အခန္းကိုေရာက္ေတာ့ေမြ့ယာေပၚပစ္လွဲကာ အနားယူလိုက္သည္။
ဟိုတစ္ရက္ကမွ ဆံပင္ေဆးဆိုးမလို႔ ဒက္ဒီ့ဆီကေတာင္းထားတဲ့ မုန႔္ဖိုးေတြပဲ့ကုန္ပါၿပီ။
"ေခစုတ္မ ခဏ"
ေစာေစာကမွ အခန္းထဲဝင္သြားၿပီး အခုဘာျဖစ္ျပန္ၿပီလဲ။
အေတြးနဲ႔အတူ ႏႈတ္ခမ္းေထာ္ပစ္ကာ တံခါးထဖြင့္ေတာ့ ပီယက ဖုန္းကိုေထာင္ျပကာ
"ေအာက္ကိုေန့လည္စာမွာမလို႔ နင့္ဖို႔ ဆိတ္သားကင္ရယ္ ငံုးဥကင္ရယ္ ဝိုင္တစ္ပုလင္းနဲ႔မွာထားတယ္ တျခားဘာမွာဦးမလဲ"
"ေတာ္ၿပီ အဲ့ဒါပဲ ငါသိပ္မဆာဘူး"
"Ok နာရီဝက္ေလာက္ေနရင္ ငါ့ဘက္ကူးခဲ့"
"ငါႀကိဳက္တာသိေနတာကို လာေမးေနေသးတယ္ ပီယ အယုတ္တမာ"
ေခ က်ိန္ဆဲေတာ့ ပီယကလ်ွာထုတ္ေျပာင္ျပ၏။
တံခါးျပန္ပိတ္ေတာ့ အိပ္ယာေပၚျဖစ္သလိုပစ္တင္ခဲ့သၫ့္ဖုန္းက အသံျမည္ေန၏။
ေစာေစာကလိုပစ္လွဲလိုက္ကာ ဖုန္းကိုကိုင္လိုက္ၿပီး speakerဖြင့္လိုက္သည္။
"ဝိုင္"
"Omm ေျပာ"
"မႏၲေလးဆင္းသြားတယ္ဆို ကိုယ့္ကိုလည္းမေျပာဘူး ကိုယ္လိုက္ပို႔မွာေပါ့"
"ပီယပါတယ္ စိတ္မပူနဲ႔"
ထြဋ္ဘက္ကအသံတိတ္သြားေပမယ့္ ေခ ဂရုမစိုက္။
ထြဋ္က ေခခုလိုေတြ ပီယနဲ႔ေနရာတကာေရာက္ေနသည္ကိုသေဘာမက်။
"ဘာေျပာဦးမလို႔လဲ ေခအိပ္ေတာ့မလို႔"
"ဘယ္အခ်ိန္ျပန္လာမွာလဲ ကိုယ္လာႀကိဳမယ္"
"EDMပဲြရိွတယ္ အဲ့ဒါၿပီးမျွပန္လာမွာ လာမႀကိဳပါနဲ႔ ပီယနဲ႔ပဲျပန္ခဲ့မယ္ ဒီကဘာမွာဦးမလဲ"
"အႏၲရာယ္ကင္းကင္းနဲ႔ပဲျပန္လာခဲ့ပါ ေလ်ွာက္မွာေနရေအာင္ ကိုယ္က ကေလးမွမဟုတ္ေတာ့ဘဲ"
"အာ့ဆို ဒါပဲ"
ေခ ဖုန္းခ်ပစ္လိုက္သည္။
ခ်စ္သူျဖစ္ေနေပမယ့္လည္း ေခ သူ႔ကိုမခ်စ္ပါ။
အထူးသျဖင့္ ပီယနဲ႔သဝန္တိုေနသည္မို႔ တစ္ခါတစ္ခါအျမင္ကတ္မိသည္အထိ။
တကယ္ဆို ပီယက ထြဋ္ထက္ေတာင္ ရင္ဘတ္ခ်င္းဆက္သၫ့္ တစ္ဦးတည္းေသာလူ။
▪▪▪▪▪⏳⏳⏳▪▪▪▪▪
"နင့္ကိုခ်စ္လို႔သဝန္တိုတာပဲ ေခ ရာ"
"မလိုပါဘူး နင္နဲ႔ငါတဲြလာတာျဖင့္ ႏွစ္ဆယ္ခ်ီေနၿပီ ဒါကို သူက ဘာေတြသဝန္တိုေနတာလဲ"
ပီယက အသံမထြက္ဘဲ ပခံုးေတြလႈပ္သည္အထိရယ္၏။
တကယ္လည္း ေခ့ဒက္ဒီနဲ႔ ပီယအေဖက သူငယ္ခ်င္းေတျြဖစ္သလို စပ္တူစီးပြားေရးေတြလုပ္ကိုင္ေနၾကၿပီး ေခတို႔ႏွစ္ေယာက္သည္လည္း သိတတ္စအရြယ္ကတည္းက လည္ပင္းဖက္ေပါင္းခဲ့သူေတြ။
"ဟဲ့ အငတ္ နင့္ဖို႔ ဘာဘယ္တီးဝယ္လာတယ္"
"ေစတနာဗလပြနဲ႔ဝယ္လာတယ္ထင္ပါ့ ေခၚတာကိုက"
ေခ့မွာတျခားသူငယ္ခ်င္းေတြရိွေပမယ့္ ပီယကိုသာအခ်စ္ဆံုးျဖစ္သလို ပီယသည္လည္း ထိုနည္းလည္းေကာင္း။
"နင္တို႔တဲြၾကပါလား"
ဟု သူငယ္ခ်င္းေတြေျပာလာေတာ့ ေခါင္းခါၾကတာလည္းၿပိဳင္တူ။
ထိုအခ်ိန္က ေခက ပီယပခံုးေပၚလက္တင္ရင္း တစ္ေယာက္ကိုတစ္ေယာက္ၾကၫ့္ကာ ရယ္ရေသး၏။
"ဘာလို႔တဲြရမွာလဲ ငါက ေခစုတ္မကို တစ္သက္လံုးခ်စ္သြားမွာ တျခားဘာလိုေသးလို႔လဲ ေနာ"
"ေအးေလ ငါထားတဲ့ရည္းစားေတာင္ ဒီေကာင္ေလာက္ခ်စ္ေပးရင္ ကံေကာင္း"
ႏွစ္ေယာက္သားေျပာၿပီး လက္သီးခ်င္းတိုက္ၾကသည္အထိ။
ခုလည္း EDMလုပ္မၫ့္ ၿမိဳ႔ပတ္လမ္းကHotelနားမွာ ႏွစ္ေယာက္သား ကားရပ္ထားရင္းမုန႔္စားေနၾကျခင္းျဖစ္သည္။
ေခက သြားစို႔ ဆိုတာနဲ႔ ပီယကလည္း သြားမယ္ေဟ့ ေျပာၿပီးသား။
ဒါကလည္း အခုမွမဟုတ္ဘဲ ဟိုးငယ္ငယ္ေလးကတည္းက။
"မခကေရာ"
"မခကေတာ့ ေအးေဆးပါပဲ နင္လည္းသူ႔ရဲ့အခ်စ္ဆံုးသူငယ္ခ်င္းပဲ ဘာေျပာဖို႔လိုေသးလဲ"
"နင္ကေတာ့ ကံေကာင္းတာပဲ ဟိုတစ္ေယာက္ကသာ သေဘာထားမျပၫ့္ဝတာ ငါေတာ့ ၅ပါးေမွာက္တာပဲ"
"အဲ့လိုမဟုတ္ပါဘူးဟာ ထြဋ္ကနင့္ကိုသဝန္တိုတယ္ဆိုတာက ခ်စ္လို႔ပါ နင္မ်ားထိခိုက္ပြန္းပဲ့သြားမလား နင္မ်ားအဆင္ေျပရဲ့လား နင္မ်ား"
"ဟာ ငါကဒီမွာအရွင္လတ္လတ္ႀကီးကဲမလို႔ေနာ္ စစ္ပဲြထဲေရာက္ေနတာမဟုတ္ဘူး"
"ေျပာျပတာေလ သဝန္တိုစိတ္ဆိုတာ ခ်စ္တဲ့စိတ္ကျဖစ္လာတာ နင္မွမခံစားဖူးတာ ဒါေတြဘယ္သိမလဲ"
"Aww awww နင္ကေတာ့သိပ္သိတယ္ေပါ့ ငါျမင္ရသေလာက္ကေတာ့ နင္ေရာထြဋ္ေရာ ပူေလာင္ေနတာပဲ ေတြ့ခ်င္ရတာနဲ႔စိတ္ပူရတာနဲ႔"
"ပိုးဖလံမ်ိဳးမီးကိုတိုး ဆိုတာမ်ိဳးေပါ့ ေမမိုးမခဆိုတဲ့မီးေတာက္ေလးကို ေက်ာ္ပီယဆိုတဲ့ အခ်စ္ပိုးဖလံေလးက တိုးဝင္ခ်င္ေနတာ"
ေျပာေနရင္း ၾကည္ၾကည္ႏူးႏူးႀကီးျဖစ္လာေသာ ပီယမ်က္ႏွာကို မဲ့ရဲြ႔ၾကၫ့္ရင္း ေခ အေအးဘူးကိုအကုန္ေမာ့ေသာက္လိုက္၏။
"Sပိုေတြလုပ္ေနတယ္ အပူသည္ဆို အပူသည္ေပါ့ ဘာအခ်စ္မီးေတာက္ေတြ ပိုးဖလံေတြ"
"နင္ခ်စ္တတ္လာမွ သိလိမ့္မယ္ အခုေျပာေနလည္း ကၽဲြပါးေစာင္းတီး"
ေခ စိတ္တိုသြားၿပီး ပီယ ပါးတစ္ဖက္ကိုျဖန္းခနဲရိုက္ပစ္လိုက္သည္။
နာေအာင္ရိုက္တာမဟုတ္၍ မ်က္ႏွာလည္ရံုသာလည္သြားၿပီး ပီယက ရယ္၏။
"ေတြ့လား အဲ့ဒါကေတာ့ ကၽဲြတီးပါးေစာင္း တဲ့"
"ထပ္ရိုက္လိုက္ရ"
ေခ ရိုက္လိုက္လို႔လည္းတစ္ခါမွစိတ္မဆိုးဖူးသလို ေခကလည္း ဘယ္ေတာ့မွနာေအာင္မရိုက္ခဲ့။
"ပဲြစေတာ့မယ္ သြားစို႔"
"ေအး ခပ္ေခ်ာေခ်ာေကာင္ေလးေတြ့ျဖစ္ရင္ နင္ငါနဲ႔ေဝးေဝးေနေနာ္"
"မ်က္ႏွာကလည္းရူးပါ့"
▪▪▪▪▪⏳⏳⏳▪▪▪▪▪
Part 3 ဆက္ရန္
ဒီမွာဖုန္းလိုင္းေတျြပတ္ေနလို႔ စာမတင္ရတာပါေနာ္
ညေနက် Dreamerဆက္တင္ေပးပါ့ယ္😉
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial19 Chapters
A Noble Isekai
Fame, power, fortune. All of this does not matter when the world moves as if it is a fantasy. Jay realizes this, but he will be damned before he lives in a game world as an aimless peasant. Oh, and this is technically a loop story. Cover by gej302.
8 210 - In Serial18 Chapters
The First Light Mage
A Fantasy/Xianxia fusion, inspired by Avatar The Last Airbender. Liam is one of the few forgotten in a world where almost everybody can control spiritual forces to perform supernatural feats. This is the tale of how he finally found his calling. Authors Note:Hey guys, this is the first piece of creative writing I've ever done. I would greatly appreciate any feedback you wish to share. I hope you enjoy it. Participant in the Royal Road Writathon challenge
8 182 - In Serial23 Chapters
Midgard
Midgard, the currently hottest announced MMROPG for the virtuality capsule "Alpha 706" is due to be launched. Through unforseen circumstances Milo, a random male gamer, is thrown into the game and enjoys the pleasure of playing it 24/7. As "One" he tries to be the biggest and badest Player this game has ever seen. Airing every sunday. (currently on hold.)
8 164 - In Serial6 Chapters
I Am Power
I didn't live a full life. I didn't live a happy life. But thanks to the god's interest in me, I'm getting another chance. I Lucas Bramas, am born again.[Tags: Reincarnation, Fantasy, School Life][Btw dragon comes in later]
8 176 - In Serial56 Chapters
For a Change - A Slice of Life LitRPG
Change is constant. Starting over without your own memories? Connected to some System AI? Probably a pretty big change. Join Monday March as she attempts to deal with these changes and many others in a fantasy future with magic, monsters, AIs, and dating. Notes / Expectations: - About the writing style - Almost always First Person past tense (aside from the prologue), Chapters are short by design. Also, I'm not rushing to the conclusion, it's there, I'm in no hurry. - Genres - Fantasy is the most obvious umbrella, Action, Comedy, Romance, Psychological and everything else that makes a character into a comprehensive person will likely crop up, but won't be the main focus, at least not for hundreds of pages - Tags - Dungeon, Gender Bender (closer to gender themes), Post Apocalyptic and a few others might be a valid fit, but anything that doesn't fit most chapters will be set aside tag wise for now. Possible updates in the future if needed. - Content Warnings - While I want to write this story as accessible and friendly, sometimes a narrative gets messy, and sometimes people are naked, or get hurt either physically or mentally. Best to be prepared. As for cussing, well, our main character will avoid it. - Initial posting schedule is once a week, updates to the schedule will be posted here or in chapter notes.
8 80 - In Serial102 Chapters
Path to the Moon ✓
We are all simplydoing everything we canto find our chartedpath to the moon.© Copyright 2016 by Lily White. All rights reserved.
8 207

