《အချစ်ဝိုင် ( Complete )》Part 3
Advertisement
အချစ်ဝိုင် (ဖူးစာ) part 3
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
EDMပွဲကနေ ည၂နာရီလောက်မှပြန်ရောက်သည်မို့ မနက်စာစားချိန်ထိတိုင် ပီယက အောက်ကိုဆင်းမလာ။
ခေကတော့အကြံအစည်နှင့်မို့ တစ်ခါတည်းပြင်ဆင်ပြီး အောက်မှာမနက်စာ စားရင်းအေးအေးလူလူလိုင်းသုံးနေ၏။
မနက်စာစားပြီးရင် မခတို့အိမ်ကိုသွားမည်မို့ CBကနေ မခနဲ့တိုင်ပင်နေခြင်းဖြစ်သည်။
တိုင်ပင်သည်ဆိုတာထက် ဘာလုပ်ရမည်ကို မခကိုပြောပြနေခြင်းဖြစ်သည်။
"ညီမလေးခေါ်ထားတဲ့ taxiရောက်ပြီနော်"
Receptionက အစ်မတစ်ယောက်ပြောလိုက်တော့မှ ခေသည် မနက်စာကိုအပြီးသတ်လိုက်ကာ ပိုက်ဆံအိတ်လွယ်ပြီးထရပ်သည်။
taxiပေါ်တက်ထိုင်ကာ မခတို့အိမ်လိပ်စာကိုပြောလိုက်သည်။
မခတို့အိမ်ရောက်တော့ ခြံစောင့်ဦးလေးကြီးတံခါးဖွင့်ပေးသည်က မခ ပြောထားသည်ကြောင့်ထင်၏။
"ဘယ်သူလဲ"
လူတစ်ယောက်သည် Laptopတစ်လုံးကိုင်ထားလျက် အိမ်ထဲကထွက်လာကာ ခေ့ကိုစူးစမ်းသလိုကြည့်ရင်းလှမ်းမေး၏။
ရှပ်အင်္ကျီအနီရောင်ကို ဂျင်းဘောင်းဘီနဲ့ဝတ်ထားသည့် သူ့ပုံစံက ဂျစ်ကန်ကန်နှင့်မာကြောရိုင်းစိုင်းမည့်ပုံ အလိုလိုထွက်နေ၏။
ခေ့ကိုကြည့်နေပုံက ဘယ်သူဘယ်ဝါမှန်းမသိလို့ကြည့်တာထက် လွင့်ပျံနေသောခေ့ပုံစံကိုစိတ်ဝင်စားလို့ကြည့်နေတာမျိုး။
"ရှင် ဘာကြည့်တာလဲ"
"မင်းကရော ဘာကြည့်နေတာလဲ"
"မေမိုးမခ ရှိလား သူ့ဆီလာတာ"
သူက အိမ်ထဲကိုလက်မထောင်ပြီး ညွှန်ပြကာ အိမ်ရှေ့ကဒါန်းလေးဆီ ဦးတည်ပြီးသွားတော့ ခေ ဒေါသတွေနှင့်အိမ်ထဲရောက်လာသည်။
"ခေ ရောက်ပြီလား"
ပြုံးပျော်နေသည့်မခကိုမြင်လိုက်တော့ ခေ ဒေါသတွေလွင့်ပြယ်သွားပြီး မခကိုနှုတ်ဆက်လိုက်၏။
မခက ခေနဲ့ဆန့်ကျင်ဘက်ဟု ပြောရလောက်အောင် အမြဲလိုရိုးရိုးယဥ်ယဥ်လေးဖြင့် ဆံပင်ရှည်တွေနှင့်ကျက်သရေရှိရှိလှသူလေး။
ပီယသည်းသည်းလှုပ်ချစ်တာလည်း အပြစ်မပြောသာ။
မခကို ခေကိုယ်တိုင်တောင်ချစ်သည်ကိုး။
"အစောကြီးပဲ ခေရယ် နည်းနည်းနောက်ကျမှလာမယ်မှတ်နေတာ ကိုရော"
"ကို အိပ်နေခဲ့တယ်ထင်တယ် ငါထွက်လာတဲ့အထိဖုန်းမဆက်ဘူး ညကလည်းနောက်ကျတယ်ဟ"
"နင်တို့ကလေ ထင်သလိုကိုသွားလာနေတာပဲ ခုဘယ်လိုလုပ်မလဲ အစီအစဥ်အတိုင်းပဲလား"
"အင်း ခြံထဲမှာတွေ့ခဲ့တာ နင့်အစ်ကိုလား"
"အင်းလေ လာပါ သွားရအောင် နင် သူ့ကိုပြောရမှာရယ်"
ခေ နင်သွားမိပေမယ့် နဂိုကတည်းက ဉာဏ်များဖို့အစီအစဥ်ဆွဲထားပြီးသားမို့ သိပ်မတုန်လှုပ်။
ခြံထဲရောက်တော့ ခေနဲ့မခကို တစ်ချက်လှမ်းကြည့်သည့်မျက်လုံးတွေက စူးစူးရဲရဲ။
"ကိုမင်း ညီမလေး သူ့ကိုမြို့ထဲလိုက်ပို့ပေးချင်လို့"
"သူ့ခြေ သူ့လက်တွေအကောင်းကြီးပဲမလား နင်ကဘာလုပ်ဖို့ ပို့ချင်တာလဲ"
ခေ စိတ်ထဲကြိတ်ပြီးဒေါသဖြစ်သွားပေမယ့် နှုတ်ခမ်းပေါ်အပြုံးလေးတစ်ခုဖန်တီးလိုက်၏။
ဒီလူရိုင်းကောင်ကသာ အခရာမလား။
"ခေက အခုမှ မန္တလေးကိုရောက်ဖူးလို့ပါ မန္တလေးကိုသိပ်လည်းမကျွမ်းဘူး မခကိုအားကိုးပြီးလာတာမို့လို့လေ ခွင့်ပြုပေးပါနော်"
"မင်းက ဘယ်ကလဲ"
"ရန်ကုန်ကပါ"
ထိုသူသည် ခေ့ကိုခေါင်းအစခြေအဆုံးကြည့်ကာ ရန်ကုန်သူဟု ယုံသွားပုံရပြီး မခကိုခေါင်းညိတ်ပြ၏။
ပြင်ဦးလွင်သူဟဲ့ ဟု ပြောချချင်စိတ်တွေကတဖွားဖွားဖြစ်နေပေမယ့် လက်တွေ့မှာ ခေါင်းလေးညိတ်ပြီး ယဥ်ကျေးချင်ယောင်ဆောင်ကာ နှစ်ယောက်သား လစ်ထွက်လာခဲ့သည်။
ထင်ထားသည်ထက်လွယ်ကူနေတာမို့ ဉာဏ်များရမည့်အစီအစဥ်တွေတောင် ထုတ်မသုံးခဲ့ရ။
"Hotelအရင်ဒိုးမယ်နော် မခ ငါ့ကားအဲ့မှာထားခဲ့တာ"
"အင်း သွားရအောင်လေ"
အစီအစဥ်က အောင်မြင်သွားပြီမို့ စောစောက Taxiနဲ့ပဲ Hotelကိုပြန်ရောက်လာခဲ့သည်။
ထူးခြားစွာကွဲထွက်နေသော ဒီဇိုင်းနှစ်ခုကို စိတ်ဝင်တစားကြည့်နေသည့်မျက်လုံးတွေကြောင့် မခခေါင်းလေးငုံ့နေပေမယ့် ခေကတော့ ဂရုမစိုက်။
အောက်မှာ မနက်စာ စားဖို့ပြင်နေသည့်ပီယက ခေတို့ကိုလှမ်းတွေ့ကာ မျက်နှာကြီးဝင်းလက်သွား၏။
"Hey ငါကတိတည်တယ်နော်"
"အေးပါ ကျေးဇူး"
မခ ရှက်ပြုံးလေးပြုံးကာ ပီယအနားရောက်သွား၍ ခေက သူတို့ကိုကျောပေးပြီးတခြားစားပွဲမှာပဲထိုင်လိုက်သည်။
တစ်ခါတစ်လေမှတွေ့ရသူတွေမို့ လွတ်လွတ်လပ်လပ်စကားပြောပါစေ။
ဒီနှစ်ကောင်ပျော်ရင် ခေလည်းပျော်ရသည်မို့ •••••
▪▪▪▪▪⏳⏳⏳▪▪▪▪▪
ပြင်ဦးလွင်ကိုပြန်ရောက်တော့ အိမ်မှာဒက်ဒီရောက်နေ၍ ခေပြာသွားပေမယ့် ပီယကတော့ ကြိတ်ရယ်နေ၏။
"သေတော့မယ် သေတော့မယ် ပြုံးပြုံးလေးနဲ့သေတော့မယ်"
သီချင်းဆိုသလို တဟီးဟီးရယ်ရင်း ခေ့ကိုလှောင်နေ၍ ဒင်းခြေထောက်ကို အားရပါးရတက်နင်းပစ်လိုက်သည်။
ဒါကိုလည်း မနာနိုင်သလို ပီယက အရယ်မပြတ်။
"ဒီကိုကြွခဲ့ပါဦး ခရေဝိုင် အဲ့ဒါဘယ်ကပြန်လာတာလဲ"
ဒက်ဒီ့နောက်မှာ ကြီးမေကရပ်နေကာ ခြေဟန်လက်ဟန်ဖြင့် မနေ့ညကတည်းကရောက်နေတာဖြစ်ကြောင်းအသိပေး၏။
"ခေ မန္တလေးကပြန်လာတာပါ ဒက်ဒီ"
"ဘာကိစ္စရှိလို့လဲ"
"မပြောချင်ပါဘူး ဒက်ဒီရယ် ပီယလေ"
စပ်ဖြဲဖြဲဖြစ်နေသော ပီယမျက်လုံးတွေ ခေ့ဆီရောက်လာ၏။
ခေကတော့ မှင်သေသေဖြင့် ဒက်ဒီ့ကိုပဲကြည့်ပြီး.....
"EDMပွဲမှာ ခေ မလိုက်ရင် သူ့ကိုကားပေးလိုက်ဆိုလို့ ခေက ဒက်ဒီပေးထားတဲ့ ဒီကားလေးကို ပီယလက်ထဲတောင်မထည့်ရက်တော့လေ"
"ဟေ့ကောင် ပီယ"
ဒက်ဒီ့အသံထွက်လာတော့ ပီယ မျက်နှာပိုးသတ်ကာ လည်ပင်းပွတ်လိုက်၊ မျက်နှာလွှဲလိုက်။
"ဗျာ လေးလေး"
"မင်းအဖေက မင်းကို ကားဝယ်ပေးမထားဘူးလား"
"ခေ့ကားလေးက ပိုပြီးမော်ဒယ်မြင့်လို့ပါ လေးလေးရာ အဖေကလည်း လေးလေးလို အလိုလိုက်တာမှမဟုတ်တာ"
ခေသည် ကြိတ်ရယ်ရင်း ဒက်ဒီ့အနားကိုသွားပြီး ဒက်ဒီခါးကြီးကိုဖက်ကာ
"ဒက်ဒီကလည်း ပီယကိုမဆူပါနဲ့ ခေ့မှာသူပဲရှိတာ စိတ်ဆိုးပြီးမခေါ်တော့ဘဲနေမယ်"
စိတ်ဆိုးတာမဟုတ်သည့် ဒက်ဒီသည် ခေ့စကားကြောင့် ဘာမှမပြောတော့ဘဲ ခေ့ခေါင်းကိုပွတ်သပ်သည်။
"နောက်တစ်ခါ မဖြစ်စေနဲ့နော် ပီယ မင်းကားလဲချင်ရင် ဟိုကောင့်ကိုငါပြောထားလိုက်မယ် ဒါမှမဟုတ်လည်း babyလေးကားကို ယူချင်ယူထား"
"ဟုတ်ကဲ့ လေးလေး"
ဒက်ဒီက ဒါပဲပြောကာထသွားတော့ ပီယသည် ခေ့အနားရောက်လာကာ ဂုတ်ပိုးကိုဖိကိုင်ပစ်လိုက်သည်။
"ဟဲ့ ပီယ နာတယ်နော်"
"နာစမ်း ငါ ဇက်တောင်ချိုးပစ်လိုက်ချင်တာ တစ်ခုခုဆို ငါ့ပဲလွှဲချ သိလား လူယုတ်မာမ"
"နင့်ကိုလွှဲချလို့ပဲ ခရေဝိုင်ကနေ babyလေးပြန်ဖြစ်သွားတာပဲ မဟုတ်ရင် ငါ့ဂုတ်ပိုးကို ကိုင်ထားတာနင်မဟုတ်ဘဲ ဒက်ဒီဖြစ်နေမှာ"
"သေလေ ပြိတ္တာမရဲ့"
"အံမယ် နင့်ဘက်ကနစ်နာတာဘာရှိလို့လာအော်နေတာလဲ အစုတ်ကောင်ရဲ့ ငါ့ကားကိုတောင် ယူချင်တိုင်းယူလို့ရသွားတာကိုများ"
ထိုအခါမှ ပီယက သတိရသွားသလို ကားသော့ကိုဘောင်းဘီအိတ်ထဲထိုးထည့်ရင်း....
"အေး ကျေနပ်ပေးလိုက်မယ်"
ဆို၍ ခေ့ဂုတ်ပိုးကိုလွှတ်ပေး၏။
Advertisement
ထိုအခါမှကြီးမေကလည်း ခေ့ဆီပြေးလာကာ.....
"ကြီးမေအပြစ်ပါ ခလေးရယ် ဖုန်းဆက်ဖို့ကိုလေ ဆရာကြီးကစောင့်ကြည့်နေတော့ကျ"
"ရပါတယ် ကြီးမေကလည်း ပြောရမယ့်လူကျနေတာပဲ ခေ ဗိုက်ဆာပြီ"
"ရှောက်သီးလေးသုပ်ထားတယ် ပီယ သားလည်းစားပြီးမှပြန်"
"ကြီးမေ မခေါ်လည်း စားမှာပဲ အဲ့ကောင်က"
"နင့်လိုမှတ်မနေနဲ့ အငတ်မ"
ငြင်ငြင်သာသာပြောကြသည့်စကားတစ်ခွန်းမှမပါသေးဘဲ တစ်ယောက်ကိုတစ်ယောက်ဂြိုဟ်ကြည့် ကြည့်ရင်း မီးဖိုခန်းကို လှမ်းဝင်ကြ၏။
"နင် ငါ့လာမခေါ်နဲ့"
"ခေါ်မနေဘူး ခရေဝိုင်မရှိရင် ကျော်ပီယဘဝကြီးက အေးချမ်းသာယာတယ်"
"အမလေး ငါကပိုအေးချမ်းတယ် အပူသည်ရဲ့"
"နှလုံးသားမရှိတာကိုကျေနပ်နေတဲ့ အရူးမ"
▪▪▪▪▪⏳⏳⏳▪▪▪▪▪
Part 4 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ (ဖူးစာ) part 3
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
EDMပဲြကေန ည၂နာရီေလာက္မျွပန္ေရာက္သည္မို႔ မနက္စာစားခ်ိန္ထိတိုင္ ပီယက ေအာက္ကိုဆင္းမလာ။
ေခကေတာ့အႀကံအစည္ႏွင့္မို႔ တစ္ခါတည္းျပင္ဆင္ၿပီး ေအာက္မွာမနက္စာ စားရင္းေအးေအးလူလူလိုင္းသံုးေန၏။
မနက္စာစားၿပီးရင္ မခတို႔အိမ္ကိုသြားမည္မို႔ CBကေန မခနဲ႔တိုင္ပင္ေနျခင္းျဖစ္သည္။
တိုင္ပင္သည္ဆိုတာထက္ ဘာလုပ္ရမည္ကို မခကိုေျပာျပေနျခင္းျဖစ္သည္။
"ညီမေလးေခၚထားတဲ့ taxiေရာက္ၿပီေနာ္"
Receptionက အစ္မတစ္ေယာက္ေျပာလိုက္ေတာ့မွ ေခသည္ မနက္စာကိုအၿပီးသတ္လိုက္ကာ ပိုက္ဆံအိတ္လြယ္ၿပီးထရပ္သည္။
taxiေပၚတက္ထိုင္ကာ မခတို႔အိမ္လိပ္စာကိုေျပာလိုက္သည္။
မခတို႔အိမ္ေရာက္ေတာ့ ၿခံေစာင့္ဦးေလးႀကီးတံခါးဖြင့္ေပးသည္က မခ ေျပာထားသည္ေၾကာင့္ထင္၏။
"ဘယ္သူလဲ"
လူတစ္ေယာက္သည္ Laptopတစ္လံုးကိုင္ထားလ်က္ အိမ္ထဲကထြက္လာကာ ေခ့ကိုစူးစမ္းသလိုၾကၫ့္ရင္းလွမ္းေမး၏။
ရွပ္အက်ႌအနီေရာင္ကို ဂ်င္းေဘာင္းဘီနဲ႔ဝတ္ထားသၫ့္ သူ႔ပံုစံက ဂ်စ္ကန္ကန္ႏွင့္မာေၾကာရိုင္းစိုင္းမၫ့္ပံု အလိုလိုထြက္ေန၏။
ေခ့ကိုၾကၫ့္ေနပံုက ဘယ္သူဘယ္ဝါမွန္းမသိလို႔ၾကၫ့္တာထက္ လြင့္ပ်ံေနေသာေခ့ပံုစံကိုစိတ္ဝင္စားလို႔ၾကၫ့္ေနတာမ်ိဳး။
"ရွင္ ဘာၾကၫ့္တာလဲ"
"မင္းကေရာ ဘာၾကၫ့္ေနတာလဲ"
"ေမမိုးမခ ရိွလား သူ႔ဆီလာတာ"
သူက အိမ္ထဲကိုလက္မေထာင္ၿပီး ၫႊန္ျပကာ အိမ္ေရ႔ွကဒါန္းေလးဆီ ဦးတည္ၿပီးသြားေတာ့ ေခ ေဒါသေတြႏွင့္အိမ္ထဲေရာက္လာသည္။
"ေခ ေရာက္ၿပီလား"
ႃပံုးေပ်ာ္ေနသၫ့္မခကိုျမင္လိုက္ေတာ့ ေခ ေဒါသေတြလြင့္ျပယ္သြားၿပီး မခကိုႏႈတ္ဆက္လိုက္၏။
မခက ေခနဲ႔ဆန႔္က်င္ဘက္ဟု ေျပာရေလာက္ေအာင္ အၿမဲလိုရိုးရိုးယဥ္ယဥ္ေလးျဖင့္ ဆံပင္ရွည္ေတြႏွင့္က်က္သေရရိွရိွလွသူေလး။
ပီယသည္းသည္းလႈပ္ခ်စ္တာလည္း အျပစ္မေျပာသာ။
မခကို ေခကိုယ္တိုင္ေတာင္ခ်စ္သည္ကိုး။
"အေစာႀကီးပဲ ေခရယ္ နည္းနည္းေနာက္က်မွလာမယ္မွတ္ေနတာ ကိုေရာ"
"ကို အိပ္ေနခဲ့တယ္ထင္တယ္ ငါထြက္လာတဲ့အထိဖုန္းမဆက္ဘူး ညကလည္းေနာက္က်တယ္ဟ"
"နင္တို႔ကေလ ထင္သလိုကိုသြားလာေနတာပဲ ခုဘယ္လိုလုပ္မလဲ အစီအစဥ္အတိုင္းပဲလား"
"အင္း ၿခံထဲမွာေတြ့ခဲ့တာ နင့္အစ္ကိုလား"
"အင္းေလ လာပါ သြားရေအာင္ နင္ သူ႔ကိုေျပာရမွာရယ္"
ေခ နင္သြားမိေပမယ့္ နဂိုကတည္းက ဉာဏ္မ်ားဖို႔အစီအစဥ္ဆဲြထားၿပီးသားမို႔ သိပ္မတုန္လႈပ္။
ၿခံထဲေရာက္ေတာ့ ေခနဲ႔မခကို တစ္ခ်က္လွမ္းၾကၫ့္သၫ့္မ်က္လံုးေတြက စူးစူးရဲရဲ။
"ကိုမင္း ညီမေလး သူ႔ကိုၿမိဳ႔ထဲလိုက္ပို႔ေပးခ်င္လို႔"
"သူ႔ေျခ သူ႔လက္ေတြအေကာင္းႀကီးပဲမလား နင္ကဘာလုပ္ဖို႔ ပို႔ခ်င္တာလဲ"
ေခ စိတ္ထဲႀကိတ္ၿပီးေဒါသျဖစ္သြားေပမယ့္ ႏႈတ္ခမ္းေပၚအႃပံုးေလးတစ္ခုဖန္တီးလိုက္၏။
ဒီလူရိုင္းေကာင္ကသာ အခရာမလား။
"ေခက အခုမွ မႏၲေလးကိုေရာက္ဖူးလို႔ပါ မႏၲေလးကိုသိပ္လည္းမကၽြမ္းဘူး မခကိုအားကိုးၿပီးလာတာမို႔လို႔ေလ ခြင့္ျပဳေပးပါေနာ္"
"မင္းက ဘယ္ကလဲ"
"ရန္ကုန္ကပါ"
ထိုသူသည္ ေခ့ကိုေခါင္းအစေျခအဆံုးၾကၫ့္ကာ ရန္ကုန္သူဟု ယံုသြားပံုရၿပီး မခကိုေခါင္းညိတ္ျပ၏။
ျပင္ဦးလြင္သူဟဲ့ ဟု ေျပာခ်ခ်င္စိတ္ေတြကတဖြားဖြားျဖစ္ေနေပမယ့္ လက္ေတြ့မွာ ေခါင္းေလးညိတ္ၿပီး ယဥ္ေက်းခ်င္ေယာင္ေဆာင္ကာ ႏွစ္ေယာက္သား လစ္ထြက္လာခဲ့သည္။
ထင္ထားသည္ထက္လြယ္ကူေနတာမို႔ ဉာဏ္မ်ားရမၫ့္အစီအစဥ္ေတြေတာင္ ထုတ္မသံုးခဲ့ရ။
"Hotelအရင္ဒိုးမယ္ေနာ္ မခ ငါ့ကားအဲ့မွာထားခဲ့တာ"
"အင္း သြားရေအာင္ေလ"
အစီအစဥ္က ေအာင္ျမင္သြားၿပီမို႔ ေစာေစာက Taxiနဲ႔ပဲ Hotelကိုျပန္ေရာက္လာခဲ့သည္။
ထူးျခားစြာကဲြထြက္ေနေသာ ဒီဇိုင္းႏွစ္ခုကို စိတ္ဝင္တစားၾကၫ့္ေနသၫ့္မ်က္လံုးေတြေၾကာင့္ မခေခါင္းေလးငံု႔ေနေပမယ့္ ေခကေတာ့ ဂရုမစိုက္။
ေအာက္မွာ မနက္စာ စားဖို႔ျပင္ေနသၫ့္ပီယက ေခတို႔ကိုလွမ္းေတြ့ကာ မ်က္ႏွာႀကီးဝင္းလက္သြား၏။
"Hey ငါကတိတည္တယ္ေနာ္"
"ေအးပါ ေက်းဇူး"
မခ ရွက္ႃပံုးေလးႃပံုးကာ ပီယအနားေရာက္သြား၍ ေခက သူတို႔ကိုေက်ာေပးၿပီးတျခားစားပဲြမွာပဲထိုင္လိုက္သည္။
တစ္ခါတစ္ေလမွေတြ့ရသူေတြမို႔ လြတ္လြတ္လပ္လပ္စကားေျပာပါေစ။
ဒီႏွစ္ေကာင္ေပ်ာ္ရင္ ေခလည္းေပ်ာ္ရသည္မို႔ •••••
▪▪▪▪▪⏳⏳⏳▪▪▪▪▪
ျပင္ဦးလြင္ကိုျပန္ေရာက္ေတာ့ အိမ္မွာဒက္ဒီေရာက္ေန၍ ေချပာသြားေပမယ့္ ပီယကေတာ့ ႀကိတ္ရယ္ေန၏။
"ေသေတာ့မယ္ ေသေတာ့မယ္ ႃပံုးႃပံုးေလးနဲ႔ေသေတာ့မယ္"
သီခ်င္းဆိုသလို တဟီးဟီးရယ္ရင္း ေခ့ကိုေလွာင္ေန၍ ဒင္းေျခေထာက္ကို အားရပါးရတက္နင္းပစ္လိုက္သည္။
ဒါကိုလည္း မနာႏိုင္သလို ပီယက အရယ္မျပတ္။
"ဒီကိုႂကြခဲ့ပါဦး ခေရဝိုင္ အဲ့ဒါဘယ္ကျပန္လာတာလဲ"
ဒက္ဒီ့ေနာက္မွာ ႀကီးေမကရပ္ေနကာ ေျခဟန္လက္ဟန္ျဖင့္ မေန့ညကတည္းကေရာက္ေနတာျဖစ္ေၾကာင္းအသိေပး၏။
"ေခ မႏၲေလးကျပန္လာတာပါ ဒက္ဒီ"
"ဘာကိစၥရိွလို႔လဲ"
"မေျပာခ်င္ပါဘူး ဒက္ဒီရယ္ ပီယေလ"
စပ္ၿဖဲျဖဲျဖစ္ေနေသာ ပီယမ်က္လံုးေတြ ေခ့ဆီေရာက္လာ၏။
ေခကေတာ့ မွင္ေသေသျဖင့္ ဒက္ဒီ့ကိုပဲၾကၫ့္ၿပီး.....
"EDMပဲြမွာ ေခ မလိုက္ရင္ သူ႔ကိုကားေပးလိုက္ဆိုလို႔ ေခက ဒက္ဒီေပးထားတဲ့ ဒီကားေလးကို ပီယလက္ထဲေတာင္မထၫ့္ရက္ေတာ့ေလ"
"ေဟ့ေကာင္ ပီယ"
ဒက္ဒီ့အသံထြက္လာေတာ့ ပီယ မ်က္ႏွာပိုးသတ္ကာ လည္ပင္းပြတ္လိုက္၊ မ်က္ႏွာလႊဲလိုက္။
"ဗ်ာ ေလးေလး"
"မင္းအေဖက မင္းကို ကားဝယ္ေပးမထားဘူးလား"
"ေခ့ကားေလးက ပိုၿပီးေမာ္ဒယ္ျမင့္လို႔ပါ ေလးေလးရာ အေဖကလည္း ေလးေလးလို အလိုလိုက္တာမွမဟုတ္တာ"
ေခသည္ ႀကိတ္ရယ္ရင္း ဒက္ဒီ့အနားကိုသြားၿပီး ဒက္ဒီခါးႀကီးကိုဖက္ကာ
"ဒက္ဒီကလည္း ပီယကိုမဆူပါနဲ႔ ေခ့မွာသူပဲရိွတာ စိတ္ဆိုးၿပီးမေခၚေတာ့ဘဲေနမယ္"
စိတ္ဆိုးတာမဟုတ္သၫ့္ ဒက္ဒီသည္ ေခ့စကားေၾကာင့္ ဘာမွမေျပာေတာ့ဘဲ ေခ့ေခါင္းကိုပြတ္သပ္သည္။
"ေနာက္တစ္ခါ မျဖစ္ေစနဲ႔ေနာ္ ပီယ မင္းကားလဲခ်င္ရင္ ဟိုေကာင့္ကိုငါေျပာထားလိုက္မယ္ ဒါမွမဟုတ္လည္း babyေလးကားကို ယူခ်င္ယူထား"
"ဟုတ္ကဲ့ ေလးေလး"
ဒက္ဒီက ဒါပဲေျပာကာထသြားေတာ့ ပီယသည္ ေခ့အနားေရာက္လာကာ ဂုတ္ပိုးကိုဖိကိုင္ပစ္လိုက္သည္။
"ဟဲ့ ပီယ နာတယ္ေနာ္"
"နာစမ္း ငါ ဇက္ေတာင္ခ်ိဳးပစ္လိုက္ခ်င္တာ တစ္ခုခုဆို ငါ့ပဲလႊဲခ် သိလား လူယုတ္မာမ"
"နင့္ကိုလႊဲခ်လို႔ပဲ ခေရဝိုင္ကေန babyေလးျပန္ျဖစ္သြားတာပဲ မဟုတ္ရင္ ငါ့ဂုတ္ပိုးကို ကိုင္ထားတာနင္မဟုတ္ဘဲ ဒက္ဒီျဖစ္ေနမွာ"
"ေသေလ ၿပိတၲာမရဲ့"
"အံမယ္ နင့္ဘက္ကနစ္နာတာဘာရိွလို႔လာေအာ္ေနတာလဲ အစုတ္ေကာင္ရဲ့ ငါ့ကားကိုေတာင္ ယူခ်င္တိုင္းယူလို႔ရသြားတာကိုမ်ား"
ထိုအခါမွ ပီယက သတိရသြားသလို ကားေသာ့ကိုေဘာင္းဘီအိတ္ထဲထိုးထၫ့္ရင္း....
"ေအး ေက်နပ္ေပးလိုက္မယ္"
ဆို၍ ေခ့ဂုတ္ပိုးကိုလႊတ္ေပး၏။
ထိုအခါမွႀကီးေမကလည္း ေခ့ဆီေျပးလာကာ.....
"ႀကီးေမအျပစ္ပါ ခေလးရယ္ ဖုန္းဆက္ဖို႔ကိုေလ ဆရာႀကီးကေစာင့္ၾကၫ့္ေနေတာ့က်"
"ရပါတယ္ ႀကီးေမကလည္း ေျပာရမယ့္လူက်ေနတာပဲ ေခ ဗိုက္ဆာၿပီ"
"ေရွာက္သီးေလးသုပ္ထားတယ္ ပီယ သားလည္းစားၿပီးမျွပန္"
"ႀကီးေမ မေခၚလည္း စားမွာပဲ အဲ့ေကာင္က"
"နင့္လိုမွတ္မေနနဲ႔ အငတ္မ"
ျငင္ျငင္သာသာေျပာၾကသၫ့္စကားတစ္ခြန္းမွမပါေသးဘဲ တစ္ေယာက္ကိုတစ္ေယာက္ၿဂိဳဟ္ၾကၫ့္ ၾကၫ့္ရင္း မီးဖိုခန္းကို လွမ္းဝင္ၾက၏။
"နင္ ငါ့လာမေခၚနဲ႔"
"ေခၚမေနဘူး ခေရဝိုင္မရိွရင္ ေက်ာ္ပီယဘဝႀကီးက ေအးခ်မ္းသာယာတယ္"
"အမေလး ငါကပိုေအးခ်မ္းတယ္ အပူသည္ရဲ့"
"ႏွလံုးသားမရိွတာကိုေက်နပ္ေနတဲ့ အရူးမ"
▪▪▪▪▪⏳⏳⏳▪▪▪▪▪
Part 4 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial219 Chapters
My Magical System
Yeman Talisman was bullied by his classmates and framed by his best friend in his high school days.One night, an incident occurred, which he rescued his ex-girlfriend from a drug organization syndicate. Too bad with his bad luck he got killed, when he opened his eyes again, he found himself in a different world? With a gaming-like system!Let’s find out what will happen to him in this world of fantasy. What if he finds out that his old classmates were the heroes of this new world and their leader was none other than his old best friend who framed him not only once, but twice?They got summoned here through a magic circle unlike him! What will happen when the system and magic clash?!!!
8 3069 - In Serial113 Chapters
Sword Immortal's Rebirth
After sacrificing himself to avert the collapse of his world, Sheng Jiansui, the Quintessence Sword Saint thought that his soul would crumble away, his memory lost to the void. Unexpectedly, he is reborn to a new world as Heifeng Jiansui, a Prince of the Black Phoenix Empire ruling over a Great World! "In my previous life, I rose to the apex of the Sword Dao! In this life, my Dao shall encompass all there in the World!"
8 486 - In Serial35 Chapters
Wasn't my new life in a magical world supposed to be easy?
Victor Norman died. And then he was reincarnated into another world by a powerful entity and given awesome skills. So far so good. He thought that fun days of adventure awaited him like any other protagonist that found themselves in a similar situation. He thought that he would be unrivalled and free. He thought that his new life in a magical world would be easy. So why is it that things are turning out this way? Hello, author here~. If you are willing to read this story, I'll warn that I am writing this story purely on a whim, with very little planning and purely for my enjoyment. I don't know how things will turn out but let's hope they will go well~. I will be giving my other story that will be rewritten and renamed later priority so there won't be consistent releases but I'll do my best not to drop it or put it on hiatus for too long. Beware that this story will (maybe) contain: gore (moderate amounts), profanity (moderate amounts), litRPG elements, (probably) logical plot holes. It won't contain (a lot of): politics, romance (mm, likely not much), harem. As for the warnings about gore, profanity, sexual content and traumatising content, I don't know what I will put in there so it's not necessarily true that they will be present. I do not own the picture. If you have the rights for it, please contact me and I'll take it down
8 241 - In Serial9 Chapters
A Fiery VRMMORPG adventure
A lonely man shrouded in mystery is hell-bent on the virtual reality game that is created to end the space war. Who is he really and what does he want to achieve?
8 200 - In Serial54 Chapters
Narice Arkline and the Seven Element
Among us are guardians. They are known as Aqayans. -- 700 years ago there was a war. Good and evil. Dark and light. On the side of Darkness - cursed creatures, wizards, and most of humanity. On the side of light Aqayans and Elfa with the remnant of humanity. Humanity, Wizards, Cursed Creatures, Aqayans, Elfa. In the end - the darkness lost. The leader of the darkness - Ka'atra was sealed away. The council of seven decided that magic was too dangerous in the hands of humanity - and erased magic from existence. Aqayans watched humanity from afar- ensuring that they would never again stray. 700 years passed by... then one day... Ka'atra broke free. - A young boy- Narice- is the only one resistant to Ka'atra's dark magic, but with no magic of his own and- how will he be able to stop his enemy?
8 231 - In Serial21 Chapters
Son of Sparta
A tale of an ex-soldier who lives again, in a different time, different body, and a different world. Join him as he uncovers the truths of the world and forges his destiny with his own two hands...Only this time...He will live as he pleases, with nothing or anyone holding him back. What does he have to fear? Death already knocked twice.
8 126

