《အချစ်ဝိုင် ( Complete )》Part 5
Advertisement
အချစ်ဝိုင် ( Part - 5 )
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
အစိမ်းရောင်လက်နေသည့်ဆံပင်တွေက အပြာဘက်နည်းနည်းသမ်း၍ သူမဆံပင်တွေက ဖွေးနုနေသောမျက်နှာလေးကို ပိုပြီးပေါ်လွင်စေသည်။
မျက်ခုံးကပါးပေမယ့် ရှည်ရှည်လေးမို့ကြည့်ကောင်းကာ အထူးတလည်ရှည်လျားကော့ညွတ်သည့်မျက်တောင်တွေကို သူချစ်သည်။
မျက်ကပ်မှန်တပ် တတ်သည့်မျက်လုံးလေးတွေက စိမ်းလဲ့လဲ့။
ဖြောင့်စင်းသောနှာတံက နည်းနည်းပွသလိုတော့ရှိပေမယ့် နှာတံပေါ်သူမို့ ကြည့်ကောင်း၏။
အမြဲလိုလို စိုအိနေတတ်သည့်နှုတ်ခမ်းတွေက ပန်းရောင်သမ်းနေပြီး မြင်လိုက်တိုင်း ဒီအရောင်ပဲမို့ ဆေးဆိုးထားတာလည်းမဟုတ်လောက်။
"ဝိုင်"
ဖုန်းကိုပဲငုံ့ကြည့်နေရင်း သူခေါ်တာကို မေးလေးငေါ့ပြီးထူး၏။
ဂရုမစိုက်လိုဖြစ်နေပေမယ့် သူမ ဘယ်လိုနေနေ သူချစ်သည်။
"တစ်နေ့တစ်နေ့ ဖုန်းကိုပဲကြည့်နေတာ မပျင်းဘူးလား"
"ပျင်းတယ်လေ အဲ့ဒါကြောင့် တစ်ခါတစ်လေတော့ Laptop ပြောင်းကြည့်တယ်"
"အဲ့လိုမဟုတ်ဘူးလေ ကိုယ်မေးတာက"
"ဘာလဲ ဘာသိချင်တာလဲ ဒီမှာမုန့်စားနေတာကို"
"စားပါဗျာ စားပါ"
မျက်ခုံးလေးရှုံ့ပြီး အလိုမကျစွာပြောလာပေမယ့် ထိုမျက်နှာလေးကို တစိမ့်စိမ့်ထိုင်ကြည့်ရင်း သူ ကြည်နူးနေမိသည်။
ဒီမိန်းကလေးကို ချစ်ရခြင်းသည် မက်မပြေတဲ့အိမ်မက်တစ်ခုလို ညှို့ညှို့ငင်ငင်ရှိလှသည်။
"ငါနင့်ကိုချစ်တယ် ခရေဝိုင်"
ကျစ်ဆံမြီးလေးနှင့် အဖြူအစိမ်းလေးနဲ့တုန်းကလည်း သူမ လှခဲ့သည်။
သနပ်ခါးပါးကွက်ကြားလေးဖြင့်သူမမျက်နှာလေးကို မြင်ရတိုင်း သူ အမောပြေခဲ့ဖူးသည်။
"ဆရာမ မင်းရဲထွဋ်ခေါင် သမီးကိုစာလိုက်ပေးနေတယ်"
ဟု စာပေးတိုင်း အာခေါင်ခြစ်တိုင်တတ်ပေမယ့် သူ မမှူ။
ရုံးခန်းအထိရောက်ရလည်း သူ မရှက်နိုင်။
၈တန်းကတည်းက မြတ်နိုးစွဲလမ်းခဲ့ရသည့် သူမသည် အထက်တန်းကျောင်းပြီးချိန်ရောက်သည်အထိ ချေမိုးနေပြီး သူ့ကိုမြင်တိုင်းကျောပေး၏။
"မျက်နှာရူး နှာဘူးကောင် ဖယ်နော် ငါ့ရှေ့က"
"ဘူးရင်တောင် ငါကနင့်ကိုပဲဘူးတာ နင်ခုထိပြန်မချစ်သေးဘူးလား ဇွဲဆုလေးဖြစ်ဖြစ်"
"သေလိုက်ပါ့လား"
သူမ နည်းနည်းလေးမှမျက်နှာသာမပေးခဲ့။
သူမမှာ သူငယ်ချင်းလည်းများများစားစားမရှိဘဲ ကျော်ပီယနဲ့ပဲအမြဲလိုတွေ့ရတတ်၍ သဝန်တိုစိတ်ဖြင့် ထိုကောင့်ကိုလည်းနည်းနည်းလေးမှကြည့်မရ။
မှုန်တေတေ ခပ်ချောချောဖြင့်ကျော်ပီယသည်လည်း ကျောင်းမှာနာမည်ကျော်စတားပဲမို့ သူမနဲ့နီးစပ်သွားမှာကို သူစိုးရိမ်ခဲ့ရ၏။
မလျှော့သောဇွဲဖြင့် သူမနောက် တကောက်ကောက်လိုက်ရင်းမှ ဒုတိယနှစ်မှာ သူမခေါင်းညိတ်ခဲ့သည်။
"နင့်ကိုချစ်လို့မဟုတ်ဘူး မျက်စိနောက်လို့"
ထိုသို့ပြောင်ပြောင်တင်းတင်းပြောခဲ့သည်ကိုတောင် စိတ်မနာနိုင်။
အဓိကက သူမသည် သူ့ရဲ့မိန်းကလေးဖြစ်လာဖို့သာ။
"ထွဋ် သိလား"
"ဘာကိုလဲ ဝိုင်ရဲ့"
မင်းရဲထွဋ်ခေါင်ဆိုသော သူ့နာမည်ကို ထွဋ်ဟု တစ်လုံးတည်းခေါ်တတ်သည်ကလည်း သူမတစ်ယောက်သာဖြစ်ကာ သူ မတည့်ခဲ့သော ကျော်ပီယအပါအဝင် အားလုံးကတော့ ထွဋ်ခေါင်ဟု ခေါ်ကြသည်။
"ဆေးသုံးတဲ့လူက ဘယ်လိုမျိုးလဲဟင်"
"ဆေးသုံးတာကတော့ မကောင်းပါဘူး သုံးချိန်တန်လို့မသုံးရရင် ယင်းထတယ်လေ ပြီးတော့ စိတ်တွေကအရမ်းကျွတ်ဆတ်နေတယ်ကွာ နည်းနည်းလေးမှအထိမခံတာမျိုး"
"အသိစိတ်လွတ်တာမျိုးရောရှိလား ဟိုလေ ဆေးသုံးပြီးချိန်မှာ လူကိုရိုက်မိတာမျိုးတို့ ဘာတို့"
"ရှိတယ်လေ အဲ့လိုဖြစ်နေတဲ့အချိန်တွေဆို အသိစိတ်မရှိတော့ဘူး အဲ့အချိန်ပြီးရင်လည်း သူတို့လုပ်ခဲ့တာကိုမမှတ်မိတာများတယ်"
ထိုစကားကြောင့် သူမ သက်ပြင်းလေးချကာ စိတ်လှုပ်ရှားနေသလို လက်ထဲကိုင်ထားသည့်ဖုန်းကို ဖွင့်လိုက်၊ ပြန်ပိတ်လိုက်။
"ခေတို့သွားခိုးရအောင်"
"ဟင် ဘာကိုလဲ အဆုံးအစမရှိ"
"မိန်းမသွားခိုးရအောင်လေ ထွဋ်ပါမှဖြစ်မှာ ခေတစ်ယောက်တည်းကျ မဖြစ်ဘူး"
"ဝိုင်ရယ် နည်းနည်းပါးပါးလေးများကြောက်တတ်ပါဦး"
"ခေက ဘာလို့ကြောက်ရမှာလဲ မဟုတ်တာလုပ်နေတာလည်းမဟုတ်"
"အဲ့ဒါတော့မှန်ပါတယ် ဒါပေမယ့် အန္တရာယ်များတယ်လေ ဘယ်သူ့ကိုဘယ်သူ့အတွက်ခိုးမှာလဲ"
"ဘယ်သူရှိရမှာလဲ ဟိုကောင် ပီယပေါ့ သူ့အတွက်ခိုးရမှာ မခိုးလို့မရတော့ဘူး ဘာလဲ မလိုက်ဘူးလား"
သူမဟာ ပီယဆိုသောဟိုကောင့်အတွက် အမြဲလိုအဆင်သင့်ဖြစ်နေတတ်သည်ကို သဝန်တိုမိပေမယ့် သူမမျက်နှာလေး မညိုစေချင်။
ခပ်စူးစူးကြည့်နေသောမျက်နှာလေးကိုငေးရင်း စိတ်မသက်သာစွာသက်ပြင်းခိုးချလိုက်ကာ.....
"ဘယ်တော့လဲ"
သူမ စိတ်ရှုပ်သွားသလို ခေါင်းလေးခါကာ••••
"မသိသေးဘူး planဆွဲလိုက်ဦးမယ်"
▪▪▪▪▪⏳⏳⏳▪▪▪▪▪
"ဟင့်အင်း မဟုတ်ဘူး ကိုနော် လျှောက်မပြောနဲ့ မခ မယုံဘူး"
ကိုနဲ့ပြောနေရင်း မခ ငိုချပစ်လိုက်သည်။
ဟိုတစ်ခါတွေ့ပြီးကတည်းက သူ့နောက်လိုက်ခဲ့ဖို့ကိုသာ တဂျီဂျီပြောနေသည့်ကို့ကြောင့် စိတ်ညစ်လာသလိုလည်းဖြစ်မိသည်။
အခု ကိုပြောလာတာက ကိုမင်းကဆေးစွဲနေသည်ဟု•••
"ကို လိမ်နေတာမဟုတ်ဘူး မခရယ်"
"မယုံဘူး ကိုမင်းအဲ့လိုမလုပ်ဘူး"
"မခ မယုံရင်ကွာ စောင့်ကြည့်လို့ရတယ် လမ်းမှာတွေ့ခဲ့တုန်းက သူ့ကိုမူမမှန်ဘူးလို့ ကို တန်းသိတယ်"
"အဲ့ဒါ သူအရမ်းစိတ်တိုနေလို့ပါ မခ မယုံဘူး ကိုမင်းအဲ့လိုတွေသုံးမှာမဟုတ်ဘူး"
မခ ကို့ကိုစိတ်ခုသွားမိပြီး ဖုန်းကိုချပစ်လိုက်သည်။
ကိုနဲ့ဖုန်းခိုးပြောနေတာကိုလည်း ကိုမင်းသိလို့မဖြစ်။
ဖေဖေကကျောက်တွင်းပိုင်မို့ မိုးကုတ်မှာသာအနေများပြီး မေမေကတော့ မခတို့နှင့်အတူနေသည်။
ဖေဖေ၊ မေမေသာခေါ်ဖြစ်ပေမယ့် တကယ်တော့ မခရဲ့ဦးလေးလင်မယားသာဖြစ်သည်။
"သမီးလေးကို အပိုင်ယူလိုက်ပြီ ဖေဖေနဲ့မေမေပဲခေါ်နော် ဒါက သမီးလေးရဲ့အစ်ကိုဖြစ်သွားပြီ"
ဖေဖေနဲ့မခအဖေက ညီအစ်ကိုရင်းဖြစ်ကာ ငယ်စဥ်ကတည်းက မိဘမဲ့ခဲ့သည့် မခအပေါ် စာချုပ်စာတမ်းနှင့်တရားဝင်မွေးစားခဲ့ပြီး ကိုမင်းကသာ မခကိုထိန်းပေးခဲ့သူ။
"စာကို သေသေချာချာလုပ်နော် ရှုတ်ရှုတ်ယှက်ယှက်တွေမကြားချင်ဘူး"
ကိုမင်းက မခထက် နှစ်နှစ်သာကြီးပေမယ့် ကာကွယ်စောင့်ရှောက်မှုအပြည့်ဖြင့် မခအပေါ်အရိပ်တကြည့်ကြည့်။
"ကျွန်တော် ဘန်ကောက်သွားရင် သူ့ကိုဘယ်သူကစောင့်ရှောက်မှာလဲ ကျွန်တော့်ညီမရည်းစားတွေဘာတွေရကုန်ရင် ဖေဖေဘယ်လိုလုပ်မလဲ"
"ရပစေပေါ့ မင်းလိုက်မပူနဲ့ သွားမှာသာသွား"
ဘန်ကောက်သွားဖို့တောင် မခကိုစိတ်မချသည့်သူမို့ ကိုမင်းဟာ ပျက်စီးလေလွင့်နေသူလို ဆေးသုံးနေသည်ဟု ကိုပြောလာတော့ လက်မခံနိုင်။
အခန်းထဲကထွက်ကာ ကိုမင်းအခန်းဆီလာခဲ့တော့ ကိုမင်းကအပေါ်ထပ်ဝရံတာမှာ.....
"ကိုမင်း"
"ပြော"
အေးတိအေးစက်နှင့် ကိုမင်းပုံစံကိုကြည့်ကာ ရုတ်တရက် ဘာမှဆက်မပြောရဲ။
ကိုမင်းက ဂစ်တာကိုပိုက်ထားကာ ဘေးနားမှာဖုန်းတစ်လုံးနှင့် စီးကရက်တိုတွေပြည့်နေသည့်ပြာခွက်တစ်ခွက်ရှိ၏။
"မခ မေးချင်တာရှိလို့"
"မေးလေ ဘာလဲ နင့်ကြည့်ရတာအူကြောင်ကြောင်နဲ့"
Advertisement
မခ မေးကြည့်ဖို့ကိုပဲဆုံးဖြတ်လိုက်ကာ ကိုမင်းကို မရဲတရဲကြည့်တော့ ဂစ်တာတီးမလို့ပြင်ရင်းမှ စိတ်မရှည်သလိုပြန်ကြည့်၏။
"ကိုမင်း ဆေးသုံးနေတယ်ဆို"
"နင့်ကို ဘယ်သူကပြောတာလဲ"
အံ့သြသွားသလိုပြန်မေးလာသည့်မေးခွန်းကြောင့် ကို မလိမ်ဘူးဟု လက်ခံလိုက်ပြီး မခ မျက်ရည်ဝဲလာခဲ့သည်။
"အဲ့ဒါဆိုတကယ်ပေါ့ မခက မယုံနိုင်ဘူးဖြစ်နေတာ"
"ကျွတ် နင်ကလည်း"
မခ ငိုတော့ ကိုမင်းကစိတ်မကောင်းသလိုတစ်ချက်ဖြစ်သွားပေမယ့် ထိုင်နေရာကနေလည်းထမလာ။
နှစ်သိမ့်မှုတောင်မရှိဘဲ အေးတိအေးစက်ပြုံး၏။
"ကိုမင်း အဲ့လိုမကောင်းတာတွေမလုပ်ပါနဲ့လား"
"ကောင်းပါတယ် နင်သုံးဖူးလို့လား ကလေးက ကလေးလိုနေစမ်းပါ မခရယ် ဖေဖေနဲ့မေမေ မသိအောင်သာနေပေး နောက်တော့ငါဖြတ်ပါ့မယ် ဟုတ်ပြီလား"
"တကယ်လား ဘယ်တော့လဲ အဲ့ဒါက"
"နောက်တော့ဆို နောက်တော့ပေါ့ ငါလည်းသေချာမပြောတတ်ဘူး ဒါကိုနင်ပဲသိပါစေနော် မခ"
"ကိုမင်းမဖြတ်ဘူးဆို မေမေနဲ့တိုင်မှာနော်"
ကိုမင်းက စိတ်မရှည်တော့သလို ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ သွားတော့ဆိုသည့်ပုံစံဖြင့် လက်ခါပြသည်။
မေမေသိရင် ဘယ်လောက်တောင် ရင်ကျိုးလိုက်မလဲ။
▪▪▪▪▪⏳⏳⏳▪▪▪▪▪
Part 6ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( Part - 5 )
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
အစိမ္းေရာင္လက္ေနသၫ့္ဆံပင္ေတြက အျပာဘက္နည္းနည္းသမ္း၍ သူမဆံပင္ေတြက ေဖြးႏုေနေသာမ်က္ႏွာေလးကို ပိုၿပီးေပၚလြင္ေစသည္။
မ်က္ခံုးကပါးေပမယ့္ ရွည္ရွည္ေလးမို႔ၾကၫ့္ေကာင္းကာ အထူးတလည္ရွည္လ်ားေကာ့ၫြတ္သၫ့္မ်က္ေတာင္ေတြကို သူခ်စ္သည္။
မ်က္ကပ္မွန္တပ္ တတ္သၫ့္မ်က္လံုးေလးေတြက စိမ္းလဲ့လဲ့။
ေျဖာင့္စင္းေသာႏွာတံက နည္းနည္းပြသလိုေတာ့ရိွေပမယ့္ ႏွာတံေပၚသူမို႔ ၾကၫ့္ေကာင္း၏။
အၿမဲလိုလို စိုအိေနတတ္သၫ့္ႏႈတ္ခမ္းေတြက ပန္းေရာင္သမ္းေနၿပီး ျမင္လိုက္တိုင္း ဒီအေရာင္ပဲမို႔ ေဆးဆိုးထားတာလည္းမဟုတ္ေလာက္။
"ဝိုင္"
ဖုန္းကိုပဲငံု႔ၾကၫ့္ေနရင္း သူေခၚတာကို ေမးေလးေငါ့ၿပီးထူး၏။
ဂရုမစိုက္လိုျဖစ္ေနေပမယ့္ သူမ ဘယ္လိုေနေန သူခ်စ္သည္။
"တစ္ေန့တစ္ေန့ ဖုန္းကိုပဲၾကၫ့္ေနတာ မပ်င္းဘူးလား"
"ပ်င္းတယ္ေလ အဲ့ဒါေၾကာင့္ တစ္ခါတစ္ေလေတာ့ Laptop ေျပာင္းၾကၫ့္တယ္"
"အဲ့လိုမဟုတ္ဘူးေလ ကိုယ္ေမးတာက"
"ဘာလဲ ဘာသိခ်င္တာလဲ ဒီမွာမုန႔္စားေနတာကို"
"စားပါဗ်ာ စားပါ"
မ်က္ခံုးေလးရႈံ႔ၿပီး အလိုမက်စြာေျပာလာေပမယ့္ ထိုမ်က္ႏွာေလးကို တစိမ့္စိမ့္ထိုင္ၾကၫ့္ရင္း သူ ၾကည္ႏူးေနမိသည္။
ဒီမိန္းကေလးကို ခ်စ္ရျခင္းသည္ မက္မေျပတဲ့အိမ္မက္တစ္ခုလို ၫွို႔ၫွို႔ငင္ငင္ရိွလွသည္။
"ငါနင့္ကိုခ်စ္တယ္ ခေရဝိုင္"
က်စ္ဆံၿမီးေလးႏွင့္ အျဖဴအစိမ္းေလးနဲ႔တုန္းကလည္း သူမ လွခဲ့သည္။
သနပ္ခါးပါးကြက္ၾကားေလးျဖင့္သူမမ်က္ႏွာေလးကို ျမင္ရတိုင္း သူ အေမာေျပခဲ့ဖူးသည္။
"ဆရာမ မင္းရဲထြဋ္ေခါင္ သမီးကိုစာလိုက္ေပးေနတယ္"
ဟု စာေပးတိုင္း အာေခါင္ျခစ္တိုင္တတ္ေပမယ့္ သူ မမွဴ။
ရံုးခန္းအထိေရာက္ရလည္း သူ မရွက္ႏိုင္။
၈တန္းကတည္းက ျမတ္ႏိုးစဲြလမ္းခဲ့ရသၫ့္ သူမသည္ အထက္တန္းေက်ာင္းၿပီးခ်ိန္ေရာက္သည္အထိ ေခ်မိုးေနၿပီး သူ႔ကိုျမင္တိုင္းေက်ာေပး၏။
"မ်က္ႏွာရူး ႏွာဘူးေကာင္ ဖယ္ေနာ္ ငါ့ေရ႔ွက"
"ဘူးရင္ေတာင္ ငါကနင့္ကိုပဲဘူးတာ နင္ခုထိျပန္မခ်စ္ေသးဘူးလား ဇဲြဆုေလးျဖစ္ျဖစ္"
"ေသလိုက္ပါ့လား"
သူမ နည္းနည္းေလးမွမ်က္ႏွာသာမေပးခဲ့။
သူမမွာ သူငယ္ခ်င္းလည္းမ်ားမ်ားစားစားမရိွဘဲ ေက်ာ္ပီယနဲ႔ပဲအၿမဲလိုေတြ့ရတတ္၍ သဝန္တိုစိတ္ျဖင့္ ထိုေကာင့္ကိုလည္းနည္းနည္းေလးမွၾကၫ့္မရ။
မႈန္ေတေတ ခပ္ေခ်ာေခ်ာျဖင့္ေက်ာ္ပီယသည္လည္း ေက်ာင္းမွာနာမည္ေက်ာ္စတားပဲမို႔ သူမနဲ႔နီးစပ္သြားမွာကို သူစိုးရိမ္ခဲ့ရ၏။
မေလ်ွာ့ေသာဇဲြျဖင့္ သူမေနာက္ တေကာက္ေကာက္လိုက္ရင္းမွ ဒုတိယႏွစ္မွာ သူမေခါင္းညိတ္ခဲ့သည္။
"နင့္ကိုခ်စ္လို႔မဟုတ္ဘူး မ်က္စိေနာက္လို႔"
ထိုသို႔ေျပာင္ေျပာင္တင္းတင္းေျပာခဲ့သည္ကိုေတာင္ စိတ္မနာႏိုင္။
အဓိကက သူမသည္ သူ႔ရဲ့မိန္းကေလးျဖစ္လာဖို႔သာ။
"ထြဋ္ သိလား"
"ဘာကိုလဲ ဝိုင္ရဲ့"
မင္းရဲထြဋ္ေခါင္ဆိုေသာ သူ႔နာမည္ကို ထြဋ္ဟု တစ္လံုးတည္းေခၚတတ္သည္ကလည္း သူမတစ္ေယာက္သာျဖစ္ကာ သူ မတၫ့္ခဲ့ေသာ ေက်ာ္ပီယအပါအဝင္ အားလံုးကေတာ့ ထြဋ္ေခါင္ဟု ေခၚၾကသည္။
"ေဆးသံုးတဲ့လူက ဘယ္လိုမ်ိဳးလဲဟင္"
"ေဆးသံုးတာကေတာ့ မေကာင္းပါဘူး သံုးခ်ိန္တန္လို႔မသံုးရရင္ ယင္းထတယ္ေလ ၿပီးေတာ့ စိတ္ေတြကအရမ္းကၽြတ္ဆတ္ေနတယ္ကြာ နည္းနည္းေလးမွအထိမခံတာမ်ိဳး"
"အသိစိတ္လြတ္တာမ်ိဳးေရာရိွလား ဟိုေလ ေဆးသံုးၿပီးခ်ိန္မွာ လူကိုရိုက္မိတာမ်ိဳးတို႔ ဘာတို႔"
"ရိွတယ္ေလ အဲ့လိုျဖစ္ေနတဲ့အခ်ိန္ေတြဆို အသိစိတ္မရိွေတာ့ဘူး အဲ့အခ်ိန္ၿပီးရင္လည္း သူတို႔လုပ္ခဲ့တာကိုမမွတ္မိတာမ်ားတယ္"
ထိုစကားေၾကာင့္ သူမ သက္ျပင္းေလးခ်ကာ စိတ္လႈပ္ရွားေနသလို လက္ထဲကိုင္ထားသၫ့္ဖုန္းကို ဖြင့္လိုက္၊ ျပန္ပိတ္လိုက္။
"ေခတို႔သြားခိုးရေအာင္"
"ဟင္ ဘာကိုလဲ အဆံုးအစမရိွ"
"မိန္းမသြားခိုးရေအာင္ေလ ထြဋ္ပါမျွဖစ္မွာ ေခတစ္ေယာက္တည္းက် မျဖစ္ဘူး"
"ဝိုင္ရယ္ နည္းနည္းပါးပါးေလးမ်ားေၾကာက္တတ္ပါဦး"
"ေခက ဘာလို႔ေၾကာက္ရမွာလဲ မဟုတ္တာလုပ္ေနတာလည္းမဟုတ္"
"အဲ့ဒါေတာ့မွန္ပါတယ္ ဒါေပမယ့္ အႏၲရာယ္မ်ားတယ္ေလ ဘယ္သူ႔ကိုဘယ္သူ႔အတြက္ခိုးမွာလဲ"
"ဘယ္သူရိွရမွာလဲ ဟိုေကာင္ ပီယေပါ့ သူ႔အတြက္ခိုးရမွာ မခိုးလို႔မရေတာ့ဘူး ဘာလဲ မလိုက္ဘူးလား"
သူမဟာ ပီယဆိုေသာဟိုေကာင့္အတြက္ အၿမဲလိုအဆင္သင့္ျဖစ္ေနတတ္သည္ကို သဝန္တိုမိေပမယ့္ သူမမ်က္ႏွာေလး မညိုေစခ်င္။
ခပ္စူးစူးၾကည့္ေနေသာမ်က္ႏွာေလးကိုေငးရင္း စိတ္မသက္သာစြာသက္ျပင္းခိုးခ်လိုက္ကာ.....
"ဘယ္ေတာ့လဲ"
သူမ စိတ္ရႈပ္သြားသလို ေခါင္းေလးခါကာ••••
"မသိေသးဘူး planဆဲြလိုက္ဦးမယ္"
▪▪▪▪▪⏳⏳⏳▪▪▪▪▪
"ဟင့္အင္း မဟုတ္ဘူး ကိုေနာ္ ေလ်ွာက္မေျပာနဲ႔ မခ မယံုဘူး"
ကိုနဲ႔ေျပာေနရင္း မခ ငိုခ်ပစ္လိုက္သည္။
ဟိုတစ္ခါေတြ့ၿပီးကတည္းက သူ႔ေနာက္လိုက္ခဲ့ဖို႔ကိုသာ တဂ်ီဂ်ီေျပာေနသၫ့္ကို႔ေၾကာင့္ စိတ္ညစ္လာသလိုလည္းျဖစ္မိသည္။
အခု ကိုေျပာလာတာက ကိုမင္းကေဆးစဲြေနသည္ဟု•••
"ကို လိမ္ေနတာမဟုတ္ဘူး မခရယ္"
"မယံုဘူး ကိုမင္းအဲ့လိုမလုပ္ဘူး"
"မခ မယံုရင္ကြာ ေစာင့္ၾကၫ့္လို႔ရတယ္ လမ္းမွာေတြ့ခဲ့တုန္းက သူ႔ကိုမူမမွန္ဘူးလို႔ ကို တန္းသိတယ္"
"အဲ့ဒါ သူအရမ္းစိတ္တိုေနလို႔ပါ မခ မယံုဘူး ကိုမင္းအဲ့လိုေတြသံုးမွာမဟုတ္ဘူး"
မခ ကို႔ကိုစိတ္ခုသြားမိၿပီး ဖုန္းကိုခ်ပစ္လိုက္သည္။
ကိုနဲ႔ဖုန္းခိုးေျပာေနတာကိုလည္း ကိုမင္းသိလို႔မျဖစ္။
ေဖေဖကေက်ာက္တြင္းပိုင္မို႔ မိုးကုတ္မွာသာအေနမ်ားၿပီး ေမေမကေတာ့ မခတို႔ႏွင့္အတူေနသည္။
ေဖေဖ၊ ေမေမသာေခၚျဖစ္ေပမယ့္ တကယ္ေတာ့ မခရဲ့ဦးေလးလင္မယားသာျဖစ္သည္။
"သမီးေလးကို အပိုင္ယူလိုက္ၿပီ ေဖေဖနဲ႔ေမေမပဲေခၚေနာ္ ဒါက သမီးေလးရဲ့အစ္ကိုျဖစ္သြားၿပီ"
ေဖေဖနဲ႔မခအေဖက ညီအစ္ကိုရင္းျဖစ္ကာ ငယ္စဥ္ကတည္းက မိဘမဲ့ခဲ့သၫ့္ မခအေပၚ စာခ်ဳပ္စာတမ္းႏွင့္တရားဝင္ေမြးစားခဲ့ၿပီး ကိုမင္းကသာ မခကိုထိန္းေပးခဲ့သူ။
"စာကို ေသေသခ်ာခ်ာလုပ္ေနာ္ ရႈတ္ရႈတ္ယွက္ယွက္ေတြမၾကားခ်င္ဘူး"
ကိုမင္းက မခထက္ ႏွစ္ႏွစ္သာႀကီးေပမယ့္ ကာကြယ္ေစာင့္ေရွာက္မႈအျပၫ့္ျဖင့္ မခအေပၚအရိပ္တၾကၫ့္ၾကၫ့္။
"ကၽြန္ေတာ္ ဘန္ေကာက္သြားရင္ သူ႔ကိုဘယ္သူကေစာင့္ေရွာက္မွာလဲ ကၽြန္ေတာ့္ညီမရည္းစားေတြဘာေတြရကုန္ရင္ ေဖေဖဘယ္လိုလုပ္မလဲ"
"ရပေစေပါ့ မင္းလိုက္မပူနဲ႔ သြားမွာသာသြား"
ဘန္ေကာက္သြားဖို႔ေတာင္ မခကိုစိတ္မခ်သၫ့္သူမို႔ ကိုမင္းဟာ ပ်က္စီးေလလြင့္ေနသူလို ေဆးသံုးေနသည္ဟု ကိုေျပာလာေတာ့ လက္မခံႏိုင္။
အခန္းထဲကထြက္ကာ ကိုမင္းအခန္းဆီလာခဲ့ေတာ့ ကိုမင္းကအေပၚထပ္ဝရံတာမွာ.....
"ကိုမင္း"
"ေျပာ"
ေအးတိေအးစက္ႏွင့္ ကိုမင္းပံုစံကိုၾကၫ့္ကာ ရုတ္တရက္ ဘာမွဆက္မေျပာရဲ။
ကိုမင္းက ဂစ္တာကိုပိုက္ထားကာ ေဘးနားမွာဖုန္းတစ္လံုးႏွင့္ စီးကရက္တိုေတျြပၫ့္ေနသၫ့္ျပာခြက္တစ္ခြက္ရိွ၏။
"မခ ေမးခ်င္တာရိွလို႔"
"ေမးေလ ဘာလဲ နင့္ၾကၫ့္ရတာအူေၾကာင္ေၾကာင္နဲ႔"
မခ ေမးၾကၫ့္ဖို႔ကိုပဲဆံုးျဖတ္လိုက္ကာ ကိုမင္းကို မရဲတရဲၾကၫ့္ေတာ့ ဂစ္တာတီးမလို႔ျပင္ရင္းမွ စိတ္မရွည္သလိုျပန္ၾကၫ့္၏။
"ကိုမင္း ေဆးသံုးေနတယ္ဆို"
"နင့္ကို ဘယ္သူကေျပာတာလဲ"
အံ့ၾသသြားသလိုျပန္ေမးလာသၫ့္ေမးခြန္းေၾကာင့္ ကို မလိမ္ဘူးဟု လက္ခံလိုက္ၿပီး မခ မ်က္ရည္ဝဲလာခဲ့သည္။
"အဲ့ဒါဆိုတကယ္ေပါ့ မခက မယံုႏိုင္ဘူးျဖစ္ေနတာ"
"ကၽြတ္ နင္ကလည္း"
မခ ငိုေတာ့ ကိုမင္းကစိတ္မေကာင္းသလိုတစ္ခ်က္ျဖစ္သြားေပမယ့္ ထိုင္ေနရာကေနလည္းထမလာ။
ႏွစ္သိမ့္မႈေတာင္မရိွဘဲ ေအးတိေအးစက္ႃပံုး၏။
"ကိုမင္း အဲ့လိုမေကာင္းတာေတြမလုပ္ပါနဲ႔လား"
"ေကာင္းပါတယ္ နင္သံုးဖူးလို႔လား ကေလးက ကေလးလိုေနစမ္းပါ မခရယ္ ေဖေဖနဲ႔ေမေမ မသိေအာင္သာေနေပး ေနာက္ေတာ့ငါျဖတ္ပါ့မယ္ ဟုတ္ၿပီလား"
"တကယ္လား ဘယ္ေတာ့လဲ အဲ့ဒါက"
"ေနာက္ေတာ့ဆို ေနာက္ေတာ့ေပါ့ ငါလည္းေသခ်ာမေျပာတတ္ဘူး ဒါကိုနင္ပဲသိပါေစေနာ္ မခ"
"ကိုမင္းမျဖတ္ဘူးဆို ေမေမနဲ႔တိုင္မွာေနာ္"
ကိုမင္းက စိတ္မရွည္ေတာ့သလို ေခါင္းကိုတဆတ္ဆတ္ညိတ္ကာ သြားေတာ့ဆိုသၫ့္ပံုစံျဖင့္ လက္ခါျပသည္။
ေမေမသိရင္ ဘယ္ေလာက္ေတာင္ ရင္က်ိဳးလိုက္မလဲ။
▪▪▪▪▪⏳⏳⏳▪▪▪▪▪
Part 6ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial20 Chapters
Rebirth Online
The Hero of the story is a young man who was dealt a horrible hand, Born with weak bones he ends up becoming paralyzed from the waist down shortly after high school, Never having a girlfriend, Not even having sex before the accident. As time passes he turns to the thought of suicide only to be stopped when he sees something flood the stream of his google browserIt was a live media stream of the worlds first true VRMMORPG Rebirth online, Welcome to Rebirth Online, A new VRMMORPG Set in a Nordic style environment. Rebirth Online offers a chance for anyone to be reborn and become the hero, or villain they always dreamed of being. Warning!: Will contain coarse language, Scenes of violence, And scenes of sex down the line. You have been warned.Hello there, This is my first attempt at writing a story so please let me know how I am doing. Due to my work I cannot work on RO as much as I would like to, how ever I will release a minimum of one chapter a month thank you for reading ^...^
8 313 - In Serial15 Chapters
Uprising: The Fight for Clydonia
She’s built her life on Earth, far away from the planet she escaped. Until one day, she saves the life of a friend, using her powers, and like a beacon, she alerts her family to her existence, and threatens everything she worked so hard to maintain. The queen arrives, demanding the life of the innocent she saved, saying she’s risked her exposure and that of their planet. The woman rebels, killing the queen and activating the long held tradition where she must now assume the throne. [participant in the Royal Road Writathon challenge]
8 152 - In Serial52 Chapters
Inks of Heart
Just some words woven into lines making the fabric of a poem; sometimes prose.#1 poetry#1 book of poems#3 prose#7 poem{ Copyright © 2021, Anna Woods}
8 77 - In Serial54 Chapters
Something Unimaginable (Niall Horan Fanfic) Book 3
Break-ups, make-ups, marriage and kids. The lives of One Direction and their families have gotten crazy but they're still trying to keep it all together. Especially Kiersten and Niall. Please read books 1 and 2 before
8 88 - In Serial13 Chapters
A Place Called Perfect
8 141 - In Serial5 Chapters
change your mind
8 90

