《အချစ်ဝိုင် ( Complete )》Part 7
Advertisement
အချစ်ဝိုင် ( Part - 7 )
▪▪▪▪▪▪▪▪▪▪▪▪▪▪▪
ကျောင်းတွေပြန်ဖွင့်ပြီမို့ ပီယတို့နေ့တိုင်းတွေ့နေရတာတောင် ကျောင်းပိတ်တဲ့ရက်တွေမှာတွေ့ချင်ကြသေးသည်မို့ နည်းနည်းတော့လွန်ပြီဟုတွေးကာ ခေ နှာတင်းနေမိသည်။
ခေ့ဒက်ဒီပိုင်သော Hotelမှာနေပြီး နှစ်ယောက်အတူကျောင်းတက်ကြတာမို့ မတွေ့ချင်လည်းတွေ့နေရ၍ ဒင်းပူဆာဂျီကျသမျှကို လိုက်လုပ်ပေးရခြင်းဖြစ်သည်။
ခြံတံခါးဖွင့်ထားသည်မို့ဆိုင်ကယ်ကို အိမ်ရှေ့ထိရောက်အောင်မောင်းဝင်လာခဲ့ပြီး မခကိုမတွေ့ရ၍ခဏရပ်ကာ ဆိုင်ကယ်ဦးထုတ်ချွတ်လိုက်သည်။
"မခပြီးတော့မှာ ခဏထိုင်စောင့်ဦးလေ"
အသံကြားရာဆီကို လှည့်ကြည့်မိတော့ ခေ အသက်ရှူရပ်မတက်ဖြစ်သွားသည်။
မင်းစေရာ•••
ရိုင်းစိုင်းတဲ့လူ၊ ဆေးသမား။
"ဟုတ်ကဲ့"
ခေ ပြုံးလျက်ဖြေလိုက်ပေမယ့် စိတ်ထဲမှာတော့ နာမည်အမျိုးမျိုးဖြင့် ကျိန်ဆဲနေမိသည်။
ခေ့ကိုတွေ့တိုင်း စူးစူးရဲရဲကြည့်တတ်သည့်အကြည့်တွေကြောင့် ဒေါသဖြစ်မိသလို ထိုဒေါသကို အသည်းအသန်ဖြေချရသည်က အလုပ်တစ်ခု။
ဒီအိမ်မှာ ဒင်းက အရေးပါသည်မလား။
ထို့ကြောင့် သူ့ညီမ ပီယနဲ့လက်ထပ်ပြီးချိန်မှ အပီအပြင်ရန်တွေ့လိုက်ဦးမည်ဟု ခေ တေးမှတ်ထားလိုက်သည်။
"မင်းက အခုဘာလာလုပ်ပြန်ပြီလဲ"
"မခနဲ့ရုပ်ရှင်ကြည့်ဖို့ ချိန်းထားလို့ပါ ခေကမန္တလေးကိုကျောင်းပြောင်းလာပြီလေ အစ်ကိုရဲ့ နောက်ဆိုဒီမှာပဲနေဖြစ်တော့မှာ"
"Aww ကောင်းပါတယ်"
"ခေရေ သွားရအောင်"
"Ok"
မခလာခေါ်နေပြီမို့ ထိုလူရိုင်းကို ခေလှည့်မကြည့်ဖြစ်အောင်နေလိုက်ကာ ဆိုင်ကယ်ပေါ်ကထပြေးလာခဲ့သည်။
မခရဲ့ကားနဲ့ပဲသွားမှာမို့ ခေ ကားပေါ်ရောက်တော့ လက်ရာမြောက်စွာပြင်ဆင်ထားသော မခမျက်နှာကိုကြည့်ပြီး တမင်ရှုံ့မဲ့ပြကာပြောလိုက်သည်။
"ဘယ်လောက်ပြင်ထားထားဒီရုပ်ပဲ မခ ငါစောင့်ရတာ ကြာတာပဲရှိတာ"
"အံမယ် နင့်လိုမှတ်နေတာလားခေစုတ်မ နင်လည်းထွဋ်ခေါင်ဆိုတဲ့တစ်ယောက်လာမှာမလား ဘာလို့မပြင်တာလဲ"
"သူ့ဘာသာသူလာတာလေ ငါအလှပြင်ထားဖို့မှမလိုတာ"
"ခေရယ် အဲ့လိုကြီးမနေစမ်းပါနဲ့ဟာ နဂိုရုပ်ကလေးကလှရဲ့သားနဲ့ ပိုလှသွားအောင် ငါပြင်ပေးမယ်လာ"
"ဟာ မပြင်ချင်ပါဘူး မိတ်ကပ်တွေက ပူကပူနဲ့"
"ဘာမှမပူဘူး moistureပါတယ် အေးနေတာပဲ လာခဲ့"
"မေမိုးမခ ငါ့ကိုအလှပြင်ရတဲ့အရုပ်မများမှတ်နေလား ဟဲ့ ငါအော်မှာနော်"
"အခုလည်းအော်နေတာပဲကို"
နှစ်ယောက်သားအော်ရင်း ဟစ်ရင်းနဲ့ ကော်ဖီဆိုင်သို့ရောက်လာတော့ ခေက စိတ်ဆိုးဟန်ဆောင်ကာ ကားကိုထိုးရပ်ပြီးအရင်ဆင်းပြေးလေသည်။
ဆိုင်ထဲမှာ ပီယနှင့်ထွဋ်ကရောက်နှင့်နေပြီဖြစ်ကာခေက ထွဋ်ဘေးမှာ ဆောင့်ခနဲဝင်ထိုင်သည်။
"ဘာဖြစ်လာတာလဲ ခေမ"
ခေသည် တမင်စိတ်ကောက်ပြသည့်အနေဖြင့် နှုတ်ခမ်းစူပြီးဘာမှပြန်မပြောတော့ နောက်မှဝင်လာသည့်မခက တဟီးဟီးရယ်ရင်း ပီယဘေးမှာဝင်ထိုင်သည်။
"သူ့ကိုအလှပြင်ပေးလို့တဲ့"
ပီယရော ထွဋ်ပါ ခေ့မျက်နှာကိုဝိုင်းကြည့်ကြတော့ခေသည်ပို၍စိတ်ကောက်ကာမျက်နှာလွှဲထားလိုက်သည်။
တစ်အုပ်စုလုံးမှာခေက အငယ်ဆုံးမို့အားလုံးကအလိုလိုက်၊ သည်းခံကြသည့်အတွက် ဗိုလ်အကျဆုံးနှင့်အဆိုးဆုံးလည်းဖြစ်လေသည်။ သို့သော်လည်း ခေ့ကိုချစ်ကြမြဲ....
▪▪▪⏳⏳⏳▪▪▪
"အတွဲခုံကြီးလား"
ခေသည် တအံ့တသြနှင့်အတွဲခုံကြီးကိုကြည့်ကာ ခြေဆောင့်၍အော်လိုက်မိတာမို့ ပြီးမှသတိရပြီး ဘေးကိုပြန်ကြည့်မိတော့ လူသိပ်မရှိသေး၍တော်သေးသည်။
ထိုအခါ ပီယက ခေ့ကိုမျက်မှောင်ကုတ်ကြည့်ရင်း လက်မှတ်တွေကိုထောင်ပြကာ.....
"အတွဲခုံရတာတောင်ကံကောင်းလို့ ငါအကြာကြီးစောင့်ခဲ့ရတာခေစုတ်မ နင်ချေးများမနေနဲ့ နင်ပဲဒီကားကြည့်ချင်တယ်ဆိုပြီး ပူဆာနေပြီးတော့"
"အတွဲခုံလို့ ငါမပြောမိပါဘူး"
"မပြောဖြစ်လည်း ကြည့်တော့ဟာ"
မတတ်နိုင်တော့သည်မို့ ခေသည်နေရာမှာပဲဆောင့်ခနဲထိုင်ချလိုက်ကာ ပေါက်ပေါက်ထုတ်ကိုအရင်ဖောက်သည်။
"စိတ်ညစ်သွားလား ဝိုင်"
"ညစ်တာပေါ့ ခေကမှ သူငယ်ချင်းတွေနဲ့အတူတူကြည့်မို့ကို"
မမြင်ရတော့သော ပီယနှင့်မခကို စိတ်မှန်းနှင့်ကျိန်ဆဲလိုက်သည်။
ထွဋ်ကတော့ ခါတိုင်းလို ခေ့ကိုအရိပ်တကြည့်ကြည့်ရှိကာ နေကြာစေ့ခွာပေးလိုက်၊ ရေဘူးလှမ်းပေးလိုက်။
ရုပ်ရှင်ပြလာတော့ ခေ ရုပ်ရှင်ကိုပဲ ဂရုတစိုက်ကြည့်နေလိုက်ပေမယ့် ထွဋ်က ခေ့နားနားကပ်ကာ.....
"အရမ်းချစ်တယ်"
"အင်း"
"ခေရော ကိုယ့်ကိုမချစ်သေးဘူးလား"
ပြောရင်းနောက်မှသိုင်းဖက်လိုက်သဖြင့် ခေနေရခက်သွားကာ မသိမသာပြန်ရုန်းမိသည်။
"ငြိမ်ငြိမ်နေပါ ဝိုင်ရယ် ကိုယ်ရင်တွေခုန်နေတယ်သိလား"
"ခေမှမခုန်တာ"
ဖျတ်ခနဲ ပါးလေးကိုနမ်းလိုက်တော့ ခေ ငိုချင်စိတ်ပြင်းပြသွားခဲ့ကာ ထွဋ်ရဲ့ ရင်ဘတ်ကြီးကိုပြန်တွန်းပစ်လိုက်သည်။
"ဘာလို့အတင်းတွန်းနေတာလဲ မင်းကိုဘယ်နှခါများနမ်းဖူးလို့လဲ"
"မသိဘူး ခေ ရှက်တယ်"
"ဘယ်သူမှမမြင်ပါဘူး"
ခေ တကယ်ထူပူနေမိကာ ပါးလေးအနားဝေ့လာသည့် သူ့နှာတံချွန်ချွန်ကိုလည်းရှောင်ပစ်နေမိသည်။
သူ့ကိုခေ ချစ်မိရင်တော့ ရှက်ကိုးရှက်ကန်းလေးဖြင့်ကြည်နူးနေမိမှာပါ။
သို့ပေမယ့် အခုက•••
"ကိုယ့်ကို အဲ့ဒီထက်ပိုမပေးချင်ဘူးလား"
အမှောင်ထဲမှာဖြစ်ပေမယ့် ပိတ်ကားဆီမှ တစ်ချက်တစ်ချက်လင်းလာ၍ ထွဋ်မျက်နှာကိုမြင်နေရသည်။
ခေ သူ့ကိုလျစ်လျှူရှုခဲ့မိတာတွေ တွေးမိတော့ စိတ်မကောင်းချင်။
ချစ်သူဘဝအခွင့်အရေးတွေ သူ ဘာမှမရယူဘဲ ခေ့ကိုခွင့်တောင်းနေသည်မလား။
"ခဏပဲနော်"
"အင်း"
သူက ကျေနပ်သွားသလို ခေ့မျက်နှာလေးကိုမော့ယူပြီး နှုတ်ခမ်းလေးကို နမ်းသည်။
ဒါသည် ခေ့အတွင်ပထမဆုံးအနမ်းမို့ ရင်ခုန်မိပေမယ့် ဇာတ်ကားတွေထဲမှာမြင်ဖူးသလို ခေ့မှာ တမေ့တမောဖြစ်နေတာမျိုးလည်းမရှိ။
နှုတ်ခမ်းချင်းထိရုံသက်သက်ပဲမို့ ခေ သူ့ကိုပြန်ဖက်ထားမိပေမယ့် ရင်ခုန်သံတွေထူးပြီးမြန်မနေခဲ့။
သို့သော် ထွဋ်သည် ခေချစ်သင့်သည့်လူဟု ပီယရော ခေပါ သတ်မှတ်ထားလိုက်ပြီမို့•••••
▪▪▪⏳⏳⏳▪▪▪
Part 8 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကို လေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( Part - 7 )
▪▪▪▪▪▪▪▪▪▪▪▪▪▪▪
ေက်ာင္းေတျြပန္ဖြင့္ၿပီမို႔ ပီယတို႔ေန့တိုင္းေတြ့ေနရတာေတာင္ ေက်ာင္းပိတ္တဲ့ရက္ေတြမွာေတြ့ခ်င္ၾကေသးသည္မို႔ နည္းနည္းေတာ့လြန္ၿပီဟုေတြးကာ ေခ ႏွာတင္းေနမိသည္။
ေခ့ဒက္ဒီပိုင္ေသာ Hotelမွာေနၿပီး ႏွစ္ေယာက္အတူေက်ာင္းတက္ၾကတာမို႔ မေတြ့ခ်င္လည္းေတြ့ေနရ၍ ဒင္းပူဆာဂ်ီက်သမ်ွကို လိုက္လုပ္ေပးရျခင္းျဖစ္သည္။
ၿခံတံခါးဖြင့္ထားသည္မို႔ဆိုင္ကယ္ကို အိမ္ေရ႔ွထိေရာက္ေအာင္ေမာင္းဝင္လာခဲ့ၿပီး မခကိုမေတြ့ရ၍ခဏရပ္ကာ ဆိုင္ကယ္ဦးထုတ္ခၽြတ္လိုက္သည္။
"မခၿပီးေတာ့မွာ ခဏထိုင္ေစာင့္ၪီးေလ"
အသံၾကားရာဆီကို လွၫ့္ၾကၫ့္မိေတာ့ ေခ အသက္ရႉရပ္မတက္ျဖစ္သြားသည္။
မင္းေစရာ•••
ရိုင္းစိုင္းတဲ့လူ၊ ေဆးသမား။
"ဟုတ္ကဲ့"
ေခ ႃပံုးလ်က္ေျဖလိုက္ေပမယ့္ စိတ္ထဲမွာေတာ့ နာမည္အမ်ိဳးမ်ိဳးျဖင့္ က်ိန္ဆဲေနမိသည္။
ေခ့ကိုေတြ့တိုင္း စူးစူးရဲရဲၾကၫ့္တတ္သၫ့္အၾကၫ့္ေတြေၾကာင့္ ေဒါသျဖစ္မိသလို ထိုေဒါသကို အသည္းအသန္ေျဖခ်ရသည္က အလုပ္တစ္ခု။
ဒီအိမ္မွာ ဒင္းက အေရးပါသည္မလား။
ထို႔ေၾကာင့္ သူ႔ညီမ ပီယနဲ႔လက္ထပ္ၿပီးခ်ိန္မွ အပီအျပင္ရန္ေတြ့လိုက္ဦးမည္ဟု ေခ ေတးမွတ္ထားလိုက္သည္။
"မင္းက အခုဘာလာလုပ္ျပန္ၿပီလဲ"
"မခနဲ႔ရုပ္ရွင္ၾကၫ့္ဖို႔ ခ်ိန္းထားလို႔ပါ ေခကမႏၲေလးကိုေက်ာင္းေျပာင္းလာၿပီေလ အစ္ကိုရဲ့ ေနာက္ဆိုဒီမွာပဲေနျဖစ္ေတာ့မွာ"
"Aww ေကာင္းပါတယ္"
"ေခေရ သြားရေအာင္"
"Ok"
မခလာေခၚေနၿပီမို႔ ထိုလူရိုင္းကို ေခလွၫ့္မၾကၫ့္ျဖစ္ေအာင္ေနလိုက္ကာ ဆိုင္ကယ္ေပၚကထေျပးလာခဲ့သည္။
မခရဲ့ကားနဲ႔ပဲသြားမွာမို႔ ေခ ကားေပၚေရာက္ေတာ့ လက္ရာေျမာက္စြာျပင္ဆင္ထားေသာ မခမ်က္ႏွာကိုၾကၫ့္ၿပီး တမင္ရႈံ႔မဲ့ျပကာေျပာလိုက္သည္။
"ဘယ္ေလာက္ျပင္ထားထားဒီရုပ္ပဲ မခ ငါေစာင့္ရတာ ၾကာတာပဲရိွတာ"
"အံမယ္ နင့္လိုမွတ္ေနတာလားေခစုတ္မ နင္လည္းထြဋ္ေခါင္ဆိုတဲ့တစ္ေယာက္လာမွာမလား ဘာလို႔မျပင္တာလဲ"
"သူ႔ဘာသာသူလာတာေလ ငါအလျွပင္ထားဖို႔မွမလိုတာ"
"ေခရယ္ အဲ့လိုႀကီးမေနစမ္းပါနဲ႔ဟာ နဂိုရုပ္ကေလးကလွရဲ့သားနဲ႔ ပိုလွသြားေအာင္ ငါျပင္ေပးမယ္လာ"
"ဟာ မျပင္ခ်င္ပါဘူး မိတ္ကပ္ေတြက ပူကပူနဲ႔"
"ဘာမွမပူဘူး moistureပါတယ္ ေအးေနတာပဲ လာခဲ့"
"ေမမိုးမခ ငါ့ကိုအလျွပင္ရတဲ့အရုပ္မမ်ားမွတ္ေနလား ဟဲ့ ငါေအာ္မွာေနာ္"
"အခုလည္းေအာ္ေနတာပဲကို"
ႏွစ္ေယာက္သားေအာ္ရင္း ဟစ္ရင္းနဲ႔ ေကာ္ဖီဆိုင္သို႔ေရာက္လာေတာ့ ေခက စိတ္ဆိုးဟန္ေဆာင္ကာ ကားကိုထိုးရပ္ၿပီးအရင္ဆင္းေျပးေလသည္။
ဆိုင္ထဲမွာ ပီယႏွင့္ထြဋ္ကေရာက္ႏွင့္ေနၿပီျဖစ္ကာေခက ထြဋ္ေဘးမွာ ေဆာင့္ခနဲဝင္ထိုင္သည္။
"ဘာျဖစ္လာတာလဲ ေခမ"
ေခသည္ တမင္စိတ္ေကာက္ျပသၫ့္အေနျဖင့္ ႏႈတ္ခမ္းစူၿပီးဘာမျွပန္မေျပာေတာ့ ေနာက္မွဝင္လာသၫ့္မခက တဟီးဟီးရယ္ရင္း ပီယေဘးမွာဝင္ထိုင္သည္။
"သူ႔ကိုအလျွပင္ေပးလို႔တဲ့"
ပီယေရာ ထြဋ္ပါ ေခ့မ်က္ႏွာကိုဝိုင္းၾကၫ့္ၾကေတာ့ေခသည္ပို၍စိတ္ေကာက္ကာမ်က္ႏွာလႊဲထားလိုက္သည္။
တစ္အုပ္စုလံုးမွာေခက အငယ္ဆံုးမို႔အားလံုးကအလိုလိုက္၊ သည္းခံၾကသၫ့္အတြက္ ဗိုလ္အက်ဆံုးႏွင့္အဆိုးဆံုးလည္းျဖစ္ေလသည္။ သို႔ေသာ္လည္း ေခ့ကိုခ်စ္ၾကၿမဲ....
▪▪▪⏳⏳⏳▪▪▪
"အတဲြခံုႀကီးလား"
ေခသည္ တအံ့တၾသႏွင့္အတဲြခံုႀကီးကိုၾကၫ့္ကာ ေျခေဆာင့္၍ေအာ္လိုက္မိတာမို႔ ၿပီးမွသတိရၿပီး ေဘးကိုျပန္ၾကၫ့္မိေတာ့ လူသိပ္မရိွေသး၍ေတာ္ေသးသည္။
ထိုအခါ ပီယက ေခ့ကိုမ်က္ေမွာင္ကုတ္ၾကၫ့္ရင္း လက္မွတ္ေတြကိုေထာင္ျပကာ.....
"အတဲြခံုရတာေတာင္ကံေကာင္းလို႔ ငါအၾကာႀကီးေစာင့္ခဲ့ရတာေခစုတ္မ နင္ေခ်းမ်ားမေနနဲ႔ နင္ပဲဒီကားၾကၫ့္ခ်င္တယ္ဆိုၿပီး ပူဆာေနၿပီးေတာ့"
"အတဲြခံုလို႔ ငါမေျပာမိပါဘူး"
"မေျပာျဖစ္လည္း ၾကၫ့္ေတာ့ဟာ"
မတတ္ႏိုင္ေတာ့သည္မို႔ ေခသည္ေနရာမွာပဲေဆာင့္ခနဲထိုင္ခ်လိုက္ကာ ေပါက္ေပါက္ထုတ္ကိုအရင္ေဖာက္သည္။
"စိတ္ညစ္သြားလား ဝိုင္"
"ညစ္တာေပါ့ ေခကမွ သူငယ္ခ်င္းေတြနဲ႔အတူတူၾကၫ့္မို႔ကို"
မျမင္ရေတာ့ေသာ ပီယႏွင့္မခကို စိတ္မွန္းႏွင့္က်ိန္ဆဲလိုက္သည္။
ထြဋ္ကေတာ့ ခါတိုင္းလို ေခ့ကိုအရိပ္တၾကၫ့္ၾကၫ့္ရိွကာ ေနၾကာေစ့ခြာေပးလိုက္၊ ေရဘူးလွမ္းေပးလိုက္။
ရုပ္ရွင္ျပလာေတာ့ ေခ ရုပ္ရွင္ကိုပဲ ဂရုတစိုက္ၾကၫ့္ေနလိုက္ေပမယ့္ ထြဋ္က ေခ့နားနားကပ္ကာ.....
"အရမ္းခ်စ္တယ္"
"အင္း"
"ေခေရာ ကိုယ့္ကိုမခ်စ္ေသးဘူးလား"
ေျပာရင္းေနာက္မွသိုင္းဖက္လိုက္သျဖင့္ ေခေနရခက္သြားကာ မသိမသာျပန္ရုန္းမိသည္။
"ၿငိမ္ၿငိမ္ေနပါ ဝိုင္ရယ္ ကိုယ္ရင္ေတြခုန္ေနတယ္သိလား"
"ေခမွမခုန္တာ"
ဖ်တ္ခနဲ ပါးေလးကိုနမ္းလိုက္ေတာ့ ေခ ငိုခ်င္စိတ္ျပင္းျပသြားခဲ့ကာ ထြဋ္ရဲ့ ရင္ဘတ္ႀကီးကိုျပန္တြန္းပစ္လိုက္သည္။
"ဘာလို႔အတင္းတြန္းေနတာလဲ မင္းကိုဘယ္ႏွခါမ်ားနမ္းဖူးလို႔လဲ"
"မသိဘူး ေခ ရွက္တယ္"
"ဘယ္သူမွမျမင္ပါဘူး"
ေခ တကယ္ထူပူေနမိကာ ပါးေလးအနားေဝ့လာသၫ့္ သူ႔ႏွာတံခၽြန္ခၽြန္ကိုလည္းေရွာင္ပစ္ေနမိသည္။
သူ႔ကိုေခ ခ်စ္မိရင္ေတာ့ ရွက္ကိုးရွက္ကန္းေလးျဖင့္ၾကည္ႏူးေနမိမွာပါ။
သို႔ေပမယ့္ အခုက•••
"ကိုယ့္ကို အဲ့ဒီထက္ပိုမေပးခ်င္ဘူးလား"
အေမွာင္ထဲမွာျဖစ္ေပမယ့္ ပိတ္ကားဆီမွ တစ္ခ်က္တစ္ခ်က္လင္းလာ၍ ထြဋ္မ်က္ႏွာကိုျမင္ေနရသည္။
ေခ သူ႔ကိုလ်စ္လ်ွူရႈခဲ့မိတာေတြ ေတြးမိေတာ့ စိတ္မေကာင္းခ်င္။
ခ်စ္သူဘဝအခြင့္အေရးေတြ သူ ဘာမွမရယူဘဲ ေခ့ကိုခြင့္ေတာင္းေနသည္မလား။
"ခဏပဲေနာ္"
"အင္း"
သူက ေက်နပ္သြားသလို ေခ့မ်က္ႏွာေလးကိုေမာ့ယူၿပီး ႏႈတ္ခမ္းေလးကို နမ္းသည္။
ဒါသည္ ေခ့အတြင္ပထမဆံုးအနမ္းမို႔ ရင္ခုန္မိေပမယ့္ ဇာတ္ကားေတြထဲမွာျမင္ဖူးသလို ေခ့မွာ တေမ့တေမာျဖစ္ေနတာမ်ိဳးလည္းမရိွ။
ႏႈတ္ခမ္းခ်င္းထိရံုသက္သက္ပဲမို႔ ေခ သူ႔ကိုျပန္ဖက္ထားမိေပမယ့္ ရင္ခုန္သံေတြထူးၿပီးျမန္မေနခဲ့။
သို႔ေသာ္ ထြဋ္သည္ ေခခ်စ္သင့္သၫ့္လူဟု ပီယေရာ ေခပါ သတ္မွတ္ထားလိုက္ၿပီမို႔•••••
▪▪▪⏳⏳⏳▪▪▪
Part 8 ဆက္ရန္
စာဖတ္သူတစ္ၪီးခ်င္းစီကို ေလးစားလ်က္
#shinthant1141997
Advertisement
- In Serial86 Chapters
Circle of Shards
Soul dragged into another world? Dead, ancient temple with nobody around? Only bones composing a giant skeleton body with an unexpected mental makeover? Follow the basic rule of thumb: stay calm, assess the situation, find the solution. It is time to get out, understand what is going on and preferably regain the tastebuds! Oh, and it seems that Earth is not as quiet and ordinary as it seemed to be. Lore (characters etc data) can be found HERE.
8 299 - In Serial30 Chapters
Trouble!
In a distant world ruled by Magic, Gods, Demons, Beasts and Man, war has ravaged the land and made its people suffer. The Archonian Council comprised of the leaders of the various races decided that enough was enough and the war had to stop or at the very least, continue elsewhere. In the middle of another aimless debate, Rafflesia, Chief Warlock of the Beast Race proposed this idea: “Why don't we create another world? Let's let the idiots go all out and settle this endless war there?†And because of that unprecedented notion, the Gods, Demons, Beast Race and Man worked together to create the (planet) world Arthunium, a magical world that could withstand the full brunt of the war. A thousand years after the Golden Age War, our story begins… (Warning: This novel offers depictions of: – Gore – Torture – Mature and Suggestive Themes The novel is therefore classified by most standards of morality as something no one should read. Well, maybe if you're of legal age in your territory. Reader discretion is advised.)
8 208 - In Serial6 Chapters
Devil-Marked
For over two decades, Vincent of Greenhills resisted the pull of his own innate talent. He concealed the mark of his birth, and travelled to the remote ends of the world to remain unnoticed and unremarked. But when his young daughter inherits a similar curse, she proves far less adept at hiding her powers. And they both pay a price for her desire to do good. With little left to lose and vengence left to gain, how much of his soul, both figuratively and literally, will he spend?
8 265 - In Serial15 Chapters
Routing in the three-dimensional space
Dear citizen,Are you dying to know all the secrets of service in our glorious Space Armed Forces?Have you always wondered, what exactly it takes to become a military astronaut?Were you curious about the quirks and features of legendary MID-type vessels?Ever dreamed of uncovering the conspiracy of "Regicide of Vertikal Sector"?Keen to get behind the veil of secrecy looming on the biggest event of our century, "War for Survival"? Well, dear citizen.All your questions, and even some extra, are answered in this book.The man himself, Commodore Lis von Kai, is going to guide you through events of historical magnitude by the means of his memoirs.Commodore of the legendary KSV “Raven” at the time, will bring you on a journey from a green space cadet to the Commodore of Space Armed Forces, from an ordinary belowlander to the hero of civilized space! If you want to follow in the footsteps of the heroes and build your own legend, just visit any K-SAF draft point!
8 174 - In Serial28 Chapters
Prospect: Paradigm
A young archeologist is launched on the adventure of her life when she joins a mixed crew of humans and aliens on a mission to atone for the failings of Earth.***The Terra Prospect Mission offered humanity a chance at space travel, technological advancement, and enlightenment courtesy of its alien benefactors who made first contact thirty years ago. Daran Chree brought that mission to a fiery end when he crashed the Terra Prospect spaceship into Gate Delta Eleven. Now, it's humanity's second and final chance to prove they're ready to journey into the stars. Nineteen-year-old studying archeologist Sofeta Prenares finds herself not only drawn to the mission, but on a collision course with the fate of the galaxy.2019 Watty Awards Winner For Sci-Fi!Content warning: This story contains reference to self harm and intense combat scenes.
8 72 - In Serial28 Chapters
Changing the Future
Two girls storm in the West house after they defeat DeVoe and are welcoming Jenna to Team Flash. These girls have many secrets and secret agenda's that threaten the the timeline. Their secrets threaten the timeline in many ways. Will the timeline be ruined?I do not own any of the characters, they all belong to the CW.
8 257

