《အချစ်ဝိုင် ( Complete )》Part 13
Advertisement
အချစ်ဝိုင် ( Part − 13 )
▪▪▪▪▪▪▪▪▪▪
မခကိုပြန်အပ်သည့်ပွဲမို့ အားလုံးစုံစုံညီညီဖြင့်ရှိကာ မိုးကုတ်မှ မခဖေဖေပါရောက်နေသည့်အတွက် လက်ထပ်ဖို့ရက်ကို တစ်ခါတည်းသတ်မှတ်လိုက်သည်။
ဦးသီဟကလည်း ပီယအတွက် အိမ်ခြံ၊ လုပ်ငန်းကအစ အားလုံးစီစဥ်ပေးထားသည့်အကြောင်းပြောတော့ မခမိဘတွေက ခေါင်းတညိတ်ညိတ်။
"လူငယ်ချင်း ချစ်ကြခင်ကြတယ်ဆို ကျွန်တော် ဘာမှမပြောလိုပါဘူး သမီးမခ စိတ်ချမ်းသာဖို့ပဲလိုတာပါ"
မခဖေဖေက ထိုသို့သာပြောလေသည်။
အားလုံးအဆင်တပြေဖြစ်သွားပြီမို့ ပီယရော မခပါ ပြုံးပျော်နေကြသလို ခေ့မျက်နှာမှာလည်းအပြုံးတွေဖြင့်။
"သိပ်ပျော်နေတယ်ဟုတ်လား မခစုတ်"
"အားလုံးအဆင်ပြေသွားတာ တော်သေးတာပေါ့ ငါ့မှာစိတ်ပူနေတာသိလား"
"ဒါနဲ့လေ ငါကြားဖူးတာပြောရဦးမယ် နင့်အတွက် အစ်အောက်ပြီးမေးကြည့်လာတာ ယောကျာ်းရပြီးရင် ညဝတ်အင်္ကျီကို ခပ်ပါးပါးလေးဝတ်အိပ်ရတယ်တဲ့ ဒါမှယောကျာ်းကချစ်တာတဲ့"
"ဟင်!! နင့်ဟာကလည်း"
"ငါလည်းမသိဘူးလေ ကြားဖူးတာကိုပြောတာ"
"နင့်ကျမှအဲ့လိုဝတ် ထွဋ်ခေါင်နဲ့နင်ကရော ဘယ်တော့လဲ"
မခစကားကြောင့် ခေ စိတ်ရှုပ်သွားကာ နည်းနည်းငိုင်သွားမိသည်။
ပြင်ဦးလွင်မှာထပ်တွေ့တော့ လက်ထပ်ဖို့ပူဆာနေပြီဖြစ်သည့်ထွဋ်က ပီယကို နမူနာယူဖို့ကြိုးစားနေပုံရ၏။
"အခုမှ ငယ်ငယ်လေးရှိသေးတာကို မယူချင်ဘူး သွား"
"မငယ်တော့ပါဘူး ဝိုင်ရယ် ၂၀တောင်ပြည့်ပြီပဲ ပီယတို့တောင်ယူနေပြီကို"
"ပီယက မဖြစ်လို့ယူရတာလေ ထွဋ်နော် သိရဲ့သားနဲ့ နားမပူနဲ့ သိပ်မုန်းဖို့ကောင်းတာပဲ"
ခေ ဘယ်လိုပြောပြော ထွဋ်ကမနာနိုင်ဘဲ လက်ထပ်ကြဖို့ကို မကြာမကြာပူဆာလျက်ရှိသည်။
ခေကတော့ အခုဆို ကဲဖော်ကဲဖက်တစ်ယောက်ပါ ထပ်တိုးလာပြီမို့ အိမ်ထောင်ပြုဖို့ဆိုတာ ဝေလာဝေး။
မင်းရဲထွဋ်ခေါင်ဟာ သိပ်နားညည်းတာပဲဟု တွေးမိသည်အထိပင်။
"မသိပါဘူး သူကတော့ ပီယခြေရာလိုက်နင်းဖို့ကြိုးစားနေတာ ငါကတော့Noပဲ"
"ယူလိုက်ပါလား ငါတို့ မင်္ဂလာပွဲကို အတူတူလုပ်ရအောင်"
"အမလေး ဝေးပါ့.. ကဲပြော အစ်မတော်ဘုရား နင်တို့ဖိတ်စာမှာငါ့နာမည်ထည့်မယ်လို့ ပီယက ကတိပေးထားတယ် ဘယ်ဘက်ကထည့်မှာလဲပြော"
"ပီယဘက်ပဲထည့်ပေါ့ ငါ့ဘက်ကထည့်ချင်ရင်တော့ တစ်ခုပဲရှိတယ် အဟွန်း..."
"အံမယ် သူ့အစ်ကို လူဆိုးကောင်ကိုထိုးကျွေးနေတယ် Double Noပါ ကျောင်းအစ်မရေ"
မင်္ဂလာကိစ္စအတွက် လူကြီးတွေရဲ့စီစဥ်စကားပြောနေကြသည့်အထဲ ပီယနှင့်မခပါ ငြိမ်ပြီးနားထောင်နေကြသည်မို့ ခေ အိမ်အပြင်ကိုမသိမသာလစ်ထွက်လာခဲ့သည်။
လူရှုပ်သည့်နေရာမှာ အကြာကြီးမနေချင်သည့်စိတ်ကြောင့် အိမ်ရှေ့ကမြက်ခင်းပြင်ပေါ်မှာ တစ်ယောက်တည်းထိုင်ရင်း လိုင်းသုံးနေလိုက်သည်။
"မင်း အိမ်ထဲမသွားဘူးလား"
တစ်ယောက်တည်းရှိနေသည်ထင်ကာမှ သူ့အသံကြားလိုက်ရ၍ ခေ လန့်ဖျတ်သွားမိသည်။
မင်းစေရာသည် ရှပ်လက်ရှည်အဖြူကို အပြာရင့်ရင့်ပုဆိုးတစ်ထည်ဖြင့်ဝတ်ထား၍ ရှင်းသန့်ချောမွေ့နေ၏။
ဒီပုံစံနဲ့တော့လည်း ကြည့်ကောင်းနေကာ နွမ်းနေသည့်မျက်နှာကြောင့် ခေ စိတ်မကောင်းဖြစ်သွားမိသည်။
သူ ချောတာမျိုးက ပီယတို့၊ ထွဋ်တို့လို နုဖတ်ကြည်စင်နေတာမျိုးမဟုတ်ဘဲ အရပ်ရှည်ရှည်နှင့် အသားအရောင်က ဝါသည့်ဘက်ကိုရောက်သည်။
ရယ်လိုက်၊ ပြုံးလိုက်သည့်အခါတွေဆို ပါးချိုင့်လေးတွေထင်ကာ သူပြုံးလျှင်ဆွဲဆောင်မှုရှိသည်ဟု ခေထင်မိသည်။
လူငယ်ဆန်ဆန် ဂျစ်ကန်ကန်မာကျောကျောဖြစ်ပေမယ့် သူ့လိုရုပ်ရည်မျိုးကလည်း စော်ကြည်မှာအသေအချာပဲမို့ ဒီလိုလူနဲ့လက်ထပ်ရမည့်မိန်းကလေးကိုလည်း ကြိတ်သနားမိသွားသည်။
ကံကောင်းတယ်လို့ပြောရမလား၊ ကံဆိုးတယ်လို့ပြောရမလား...
"မခ ကြည့်ရတာပျော်နေသလိုပဲ"
သူက မထိုင်ဘဲ မတ်တပ်ရပ်လျက်အနေအထားမှ အိမ်ထဲကိုလှမ်းကြည့်ရင်းပြော၏။
"အစ်ကို မခအတွက် စိတ်မကောင်းဖြစ်နေတာလား"
"အဲ့လိုလည်းမဟုတ်ပါဘူး နှမျောနေမိတာ ကိုယ့်ညီမကို ကလေးလို့ ခုထိမြင်နေတုန်းလေ"
"ကိုမင်းစေရာကတော့ အိမ်ထဲမဝင်ဘူးလား"
"မဝင်တော့ဘူး မခကိုမျက်နှာပူတယ်"
သူ့စကားကြောင့် သူမမျက်နှာလေး ဖျတ်ခနဲပြုံးသွား၍ မင်းစေ ကျေနပ်သွားသည်။
ခါတိုင်းလို သူ ရခဲ့သည့်ဝတ်ကျေတမ်းကျေအပြုံးမျိုးမဟုတ်ဘဲ နှစ်နှစ်ခြိုက်ခြိုက်ပြုံးသည့်အပြုံးမျိုး...
"ခရေဝိုင်"
"ရှင်"
"တောင်းပန်ပါတယ်ဆိုတဲ့စကား မခကိုရော ကျော်ပီယကိုပါ ပြောပေးနိုင်မလား"
"ကိုမင်းစေရာကိုယ်တိုင် ပြောလိုက်တာကပိုကောင်းမလား ခေက ဘေးလူလိုဖြစ်နေတော့လေ"
"ကိုယ်က အဲ့ဒီဘေးလူထက်တောင် သူစိမ်းဆန်ရက်စက်ခဲ့မိတာ အကူအညီတောင်းတာပါ please"
နူးညံ့နေသော စကားတွေကြောင့် ရိုင်းစိုင်းသည့်လူအဖြစ်မှ ခေ့အမြင်လေး နည်းနည်းပြောင်းသွားမိသည်။
ဒီလူဟာ ရိုင်းစိုင်းသလိုရှိပေမယ့် အမြဲရိုင်းစိုင်းနေတာမျိုးလည်းမဟုတ်...
▪▪▪⏳⏳⏳▪▪▪
"မင်္ဂလာပွဲအတွက် အားလုံးစီစဥ်ပြီးပြီဆိုတော့ မနက်ဖြန် ငါတို့လျှောက်လည်မလား ပီယ"
"နင်ကလေ အားတာနဲ့လည်ဖို့ပတ်ဖို့ပဲ စဥ်းစားနေတယ် ပြန်ကြစို့"
ပီယက ပြန်ဖို့ခေါ်တော့ မခက ခေ့ကိုဖက်ထားရင်းခေါင်းခါပြလိုက်ကာ•••••
"ကို ခေ့ကိုထားခဲ့.. ခေ ဒီည ငါနဲ့အိပ်"
ဟု မခတောင်းဆိုလာတော့ ခေ လိုလိုလားလားပင်ခေါင်းညိတ်လိုက်သည်။
မခရဲ့မေမေရော ဖေဖေပါရှိနေတာမို့ ဟိုလူ ပြဿနာမရှာလောက်ဟု တွေးမိ၍ မခဖိတ်ခေါ်တာကို လက်ခံလိုက်ခြင်းဖြစ်သည်။
ပီယက စိတ်ပူသလိုကြည့်နေပေမယ့် မခလည်းရှိတာမို့ ယုံကြည်စိတ်ချသွားသလို ခေါင်းညိတ်ပြပြီး ......
"မနက်ဖြန်မနက်စောစောလာခေါ်မယ် ငါတို့၃ယောက် ကုသိုလ်တော်ဘုရားသွားရအောင်"
"မသွားချင်သေးဘူး ငါ့အဝတ်အစားတွေကHotelမှာ.. လှလှပပလေးဝတ်စားပြီးမှသွားချင်တာ"
"Spaက ကောင်မလေးတွေဆီ ဖုန်းဆက်ပြီးထည့်ခိုင်းလိုက် ငါယူလာခဲ့မယ် ဘယ်သွားသွား ပဲများဖို့ပဲစိတ်ကူးနေတာ"
"ဘာဖြစ်လဲ"
"ဘာဖြစ်လဲသိချင်လား ငါက ထွဋ်ခေါင်ကိုဖုန်းဆက်လိုက်ရုံပဲ အဲ့ဒါမှဟိုက"
"ဟယ်!! ပီယအစုတ်ကောင် သွား.. သွား.. နင်ပြန်တော့"
ပီယပြန်သွားတော့ မခနဲ့နှစ်ယောက်သား စကားတွေပြောရင်း၊ ဇာတ်ကားကြည့်ရင်း အတော်နဲ့မအိပ်ဖြစ်၍ ၂နာရီလောက်မှ ၂ယောက်သားအိပ်ပျော်ဖြစ်သွားသည်။
သို့သော် ခေ တရေးနိုးမှရေသောက်ချင်လာ၍ အခန်းထဲကြည့်မိတော့လည်း ရေကအလွယ်တကူမရှိ။
အပြင်ထွက်ဖို့ကျတော့လည်း မခကိုမနှိုးချင်တော့တာမို့ မီးဖိုခန်းနားက ရေခဲသေတ္တာဆီလျှောက်လာခဲ့သည်။
ရေသောက်ပြီးသွားသည့်အခါ နောက်ထပ် ထပ်မလာရအောင် တစ်ဘူးယူသွားဖို့စိတ်ကူးပြီး ရေတစ်ဘူးကိုယူကာ ရေခဲသေတ္တာတံခါးကိုပြန်ပိတ်လိုက်တော့ ခေ့နောက်မှာ တစ်စုံတစ်ယောက်။
"အမေ့"
သူသည် ခေ့ပါးစပ်ကိုဖိပိတ်ပစ်ကာ ခေ့ဂုတ်ပိုးကို ခပ်ဆတ်ဆတ်ရိုက်ချရိုက်၍ ပျော့ခွေသွားသည်။
မင်းစေရာ။
Advertisement
သူ •••••
"မင်း သိပ်တော်နေတယ်ပေါ့ ဟုတ်လား ခရေဝိုင်"
သူ ဘာတွေပြောနေသလဲ ခေ နားမလည်သေးပေမယ့် ခေတို့လုပ်ကြံသည့်ကိစ္စကို သိများသိနေသလား ဟု အတွေးဝင်လာမိသည်။
မိုက်ခနဲဖြစ်သွားချင်သည့် အာရုံတွေကိုပြန်ထိန်းရင်း ခေ ခေါင်းခါပစ်ကာ သူ့လက်ထဲကရုန်းထွက်ဖို့ကြိုးစားမိ၏။
သူ ဆေးကြောင်နေပြန်ပြီလား•••••
"ငါ့ကိုချောင်းရိုက်ပြီး မခကိုခေါ်ထုတ်ဖို့ တော်တော်လေးမှ အစီအစဥ်ဆွဲလိုက်ရရဲ့လား"
ခေ ခေါင်းခါပစ်မိပေမယ့် အတင်းအကြပ်ဖက်ထားသည့်လက်တွေကြောင့် မလှုပ်နိုင်။
ပါးစပ်ကိုလည်းဖိပိတ်ထားတာမို့ အော်ဟစ်နေမိပေမယ့် ဗလုံးဗထွေးတွေသာဖြစ်ပြီး အသံလည်းမထွက်။
အသိစိတ်ကင်းလွတ်နေသည်အထိတော့ မဟုတ်တာမို့ သူ့အခန်းဆီကို ပွေ့ခေါ်သွားမှန်းသိလိုက်သည်။
"ဟင့်အင်း မလုပ်ပါနဲ့"
ခေ့အသံက ပါးစပ်ဖျားကထွက်မလာဘဲ လက်တွေ့မှာတော့ သူသည် ခေ့မျက်နှာတစ်ခုလုံးကိုနေရာလပ်မကျန်အောင် နမ်းနေခဲ့သည်။
ခေ အင့်ခနဲငိုပစ်တော့ သူက ခေ့ကိုမျက်ရည်တွေသုတ်ပေးရင်း ခပ်တိုးတိုးပြောလေ၏။
"ရှူး!! မငိုနဲ့ ဒီတစ်ညတော့ မင်းငါနဲ့နေပေးပါ ငါမင်းကိုချစ်လို့ပါ"
▪▪▪⏳⏳⏳▪▪▪
ခေ့အဝတ်အစားတွေကိုယူပြီး အိမ်ထဲဝင်လိုက်ကတည်းက ဧည့်ခန်းမှာ လူစုံရှိနေပေမယ့် တိတ်ဆိတ်နေမှုကခြောက်ခြားစရာ။
မခရဲ့ဖေဖေကလည်းမျက်စိမျက်နှာပျက်နေသလို မခရဲ့မေမေကလည်း တစ်ချက်တစ်ချက်ကြိတ်ငိုနေ၏။
မခကိုယ်တိုင်သည်လည်း တောင့်တောင့်လေးရပ်၍ သွေးဆုပ်ဖြူဖျော့နေကာ ခေ့ကိုမတွေ့၍ ခေ တစ်ခုခုဖြစ်သလားဟု စိုးရိမ်သွားမိသည်။
"ခေရော"
သူ့မေးခွန်းကို ဘယ်သူမှပြန်မဖြေဘဲ မခက အပေါ်ထပ်က အခန်းတစ်ခုဆီကိုတစ်ချက်လှမ်းကြည့်သည်။
ဘယ်သူ့အခန်းမှန်းသေချာမသိပေမယ့် သူ့ရင်ထဲ မီးစနှင့်အထိုးခံရသလို ပူလောင်ကြမ်းရှသွားသည်။
သူ ဘာမှမပြောတော့ဘဲ လက်ထဲကအထုတ်တွေကို တွေ့ကရာပစ်ချခဲ့ကာ ထိုအခန်းဆီကိုပြေးလာခဲ့ပြီး တံခါးကိုဝုန်းခနဲ ကန်ဖွင့်ပစ်လိုက်သည်။
"ဟာ!!"
သူ ယိုင်ခနဲဖြစ်သွားသည်။
ခေသည် ညဝတ်အင်္ကျီလေးနှင့်ဖြစ်ပေမယ့် မြင်မကောင်းအောင် ဖရိုဖရဲဖြစ်နေသည်။
အခန်းထောင့်မှာ ဒီအတိုင်းငုတ်တုပ်လေးထိုင်နေကာ ဆံပင်တွေကလည်း ရှုပ်ပွနေပြီး နှုတ်ခမ်းလေးမှာလည်း ပေါက်ပြဲထားဟန်ဖြင့် နီရဲနေသည်။
ကြမ်းတမ်းသည့်တံခါးဖွင့်သံကြောင့် မျက်ရည်တွေနှင့် ခေ မော့ကြည့်လာပြီး အားကိုးစရာတွေ့သွားသလို မျက်လုံးလေးတွေ လင်းလက်သွား၏။
"ပီယ"
▪▪▪⏳⏳⏳▪▪▪
Part 14 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( Part − 13 )
▪▪▪▪▪▪▪▪▪▪
မခကိုျပန္အပ္သၫ့္ပဲြမို႔ အားလံုးစံုစံုညီညီျဖင့္ရိွကာ မိုးကုတ္မွ မခေဖေဖပါေရာက္ေနသည့္အတြက္ လက္ထပ္ဖို႔ရက္ကို တစ္ခါတည္းသတ္မွတ္လိုက္သည္။
ဦးသီဟကလည္း ပီယအတြက္ အိမ္ၿခံ၊ လုပ္ငန္းကအစ အားလံုးစီစဥ္ေပးထားသၫ့္အေၾကာင္းေျပာေတာ့ မခမိဘေတြက ေခါင္းတညိတ္ညိတ္။
"လူငယ္ခ်င္း ခ်စ္ၾကခင္ၾကတယ္ဆို ကၽြန္ေတာ္ ဘာမွမေျပာလိုပါဘူး သမီးမခ စိတ္ခ်မ္းသာဖို႔ပဲလိုတာပါ"
မခေဖေဖက ထိုသို႔သာေျပာေလသည္။
အားလံုးအဆင္တေျပျဖစ္သြားၿပီမို႔ ပီယေရာ မခပါ ႃပံုးေပ်ာ္ေနၾကသလို ေခ့မ်က္ႏွာမွာလည္းအႃပံုးေတျြဖင့္။
"သိပ္ေပ်ာ္ေနတယ္ဟုတ္လား မခစုတ္"
"အားလံုးအဆင္ေျပသြားတာ ေတာ္ေသးတာေပါ့ ငါ့မွာစိတ္ပူေနတာသိလား"
"ဒါနဲ႔ေလ ငါၾကားဖူးတာေျပာရဦးမယ္ နင့္အတြက္ အစ္ေအာက္ၿပီးေမးၾကၫ့္လာတာ ေယာက်ာ္းရၿပီးရင္ ညဝတ္အက်ႌကို ခပ္ပါးပါးေလးဝတ္အိပ္ရတယ္တဲ့ ဒါမွေယာက်ာ္းကခ်စ္တာတဲ့"
"ဟင္!! နင့္ဟာကလည္း"
"ငါလည္းမသိဘူးေလ ၾကားဖူးတာကိုေျပာတာ"
"နင့္က်မွအဲ့လိုဝတ္ ထြဋ္ေခါင္နဲ႔နင္ကေရာ ဘယ္ေတာ့လဲ"
မခစကားေၾကာင့္ ေခ စိတ္ရႈပ္သြားကာ နည္းနည္းငိုင္သြားမိသည္။
ျပင္ဦးလြင္မွာထပ္ေတြ့ေတာ့ လက္ထပ္ဖို႔ပူဆာေနၿပီျဖစ္သၫ့္ထြဋ္က ပီယကို နမူနာယူဖို႔ႀကိဳးစားေနပံုရ၏။
"အခုမွ ငယ္ငယ္ေလးရိွေသးတာကို မယူခ်င္ဘူး သြား"
"မငယ္ေတာ့ပါဘူး ဝိုင္ရယ္ ၂၀ေတာင္ျပၫ့္ၿပီပဲ ပီယတို႔ေတာင္ယူေနၿပီကို"
"ပီယက မျဖစ္လို႔ယူရတာေလ ထြဋ္ေနာ္ သိရဲ့သားနဲ႔ နားမပူနဲ႔ သိပ္မုန္းဖို႔ေကာင္းတာပဲ"
ေခ ဘယ္လိုေျပာေျပာ ထြဋ္ကမနာႏိုင္ဘဲ လက္ထပ္ၾကဖို႔ကို မၾကာမၾကာပူဆာလ်က္ရိွသည္။
ေခကေတာ့ အခုဆို ကဲေဖာ္ကဲဖက္တစ္ေယာက္ပါ ထပ္တိုးလာၿပီမို႔ အိမ္ေထာင္ျပဳဖို႔ဆိုတာ ေဝလာေဝး။
မင္းရဲထြဋ္ေခါင္ဟာ သိပ္နားညည္းတာပဲဟု ေတြးမိသည္အထိပင္။
"မသိပါဘူး သူကေတာ့ ပီယေျခရာလိုက္နင္းဖို႔ႀကိဳးစားေနတာ ငါကေတာ့Noပဲ"
"ယူလိုက္ပါလား ငါတို႔ မဂၤလာပဲြကို အတူတူလုပ္ရေအာင္"
"အမေလး ေဝးပါ့.. ကဲေျပာ အစ္မေတာ္ဘုရား နင္တို႔ဖိတ္စာမွာငါ့နာမည္ထၫ့္မယ္လို႔ ပီယက ကတိေပးထားတယ္ ဘယ္ဘက္ကထည့္မွာလဲေျပာ"
"ပီယဘက္ပဲထၫ့္ေပါ့ ငါ့ဘက္ကထၫ့္ခ်င္ရင္ေတာ့ တစ္ခုပဲရိွတယ္ အဟြန္း..."
"အံမယ္ သူ႔အစ္ကို လူဆိုးေကာင္ကိုထိုးကၽြေးေနတယ္ Double Noပါ ေက်ာင္းအစ္မေရ"
မဂၤလာကိစၥအတြက္ လူႀကီးေတြရဲ့စီစဥ္စကားေျပာေနၾကသၫ့္အထဲ ပီယႏွင့္မခပါ ၿငိမ္ၿပီးနားေထာင္ေနၾကသည္မို႔ ေခ အိမ္အျပင္ကိုမသိမသာလစ္ထြက္လာခဲ့သည္။
လူရႈပ္သၫ့္ေနရာမွာ အၾကာႀကီးမေနခ်င္သၫ့္စိတ္ေၾကာင့္ အိမ္ေရ႔ွကျမက္ခင္းျပင္ေပၚမွာ တစ္ေယာက္တည္းထိုင္ရင္း လိုင္းသံုးေနလိုက္သည္။
"မင္း အိမ္ထဲမသြားဘူးလား"
တစ္ေယာက္တည္းရိွေနသည္ထင္ကာမွ သူ႔အသံၾကားလိုက္ရ၍ ေခ လန႔္ဖ်တ္သြားမိသည္။
မင္းေစရာသည္ ရွပ္လက္ရွည္အျဖဴကို အျပာရင့္ရင့္ပုဆိုးတစ္ထည္ျဖင့္ဝတ္ထား၍ ရွင္းသန႔္ေခ်ာေမြ့ေန၏။
ဒီပံုစံနဲ႔ေတာ့လည္း ၾကၫ့္ေကာင္းေနကာ ႏြမ္းေနသၫ့္မ်က္ႏွာေၾကာင့္ ေခ စိတ္မေကာင္းျဖစ္သြားမိသည္။
သူ ေခ်ာတာမ်ိဳးက ပီယတို႔၊ ထြဋ္တို႔လို ႏုဖတ္ၾကည္စင္ေနတာမ်ိဳးမဟုတ္ဘဲ အရပ္ရွည္ရွည္ႏွင့္ အသားအေရာင္က ဝါသၫ့္ဘက္ကိုေရာက္သည္။
ရယ္လိုက္၊ ႃပံုးလိုက္သၫ့္အခါေတြဆို ပါးခ်ိဳင့္ေလးေတြထင္ကာ သူႃပံုးလ်ွင္ဆဲြေဆာင္မႈရိွသည္ဟု ေခထင္မိသည္။
လူငယ္ဆန္ဆန္ ဂ်စ္ကန္ကန္မာေက်ာေက်ာျဖစ္ေပမယ့္ သူ႔လိုရုပ္ရည္မ်ိဳးကလည္း ေစာ္ၾကည္မွာအေသအခ်ာပဲမို႔ ဒီလိုလူနဲ႔လက္ထပ္ရမၫ့္မိန္းကေလးကိုလည္း ႀကိတ္သနားမိသြားသည္။
ကံေကာင္းတယ္လို႔ေျပာရမလား၊ ကံဆိုးတယ္လို႔ေျပာရမလား...
"မခ ၾကၫ့္ရတာေပ်ာ္ေနသလိုပဲ"
သူက မထိုင္ဘဲ မတ္တပ္ရပ္လ်က္အေနအထားမွ အိမ္ထဲကိုလွမ္းၾကၫ့္ရင္းေျပာ၏။
"အစ္ကို မခအတြက္ စိတ္မေကာင္းျဖစ္ေနတာလား"
"အဲ့လိုလည္းမဟုတ္ပါဘူး ႏွေမ်ာေနမိတာ ကိုယ့္ညီမကို ကေလးလို႔ ခုထိျမင္ေနတုန္းေလ"
"ကိုမင္းေစရာကေတာ့ အိမ္ထဲမဝင္ဘူးလား"
"မဝင္ေတာ့ဘူး မခကိုမ်က္ႏွာပူတယ္"
သူ႔စကားေၾကာင့္ သူမမ်က္ႏွာေလး ဖ်တ္ခနဲႃပံုးသြား၍ မင္းေစ ေက်နပ္သြားသည္။
ခါတိုင္းလို သူ ရခဲ့သၫ့္ဝတ္ေက်တမ္းေက်အႃပံုးမ်ိဳးမဟုတ္ဘဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ႃပံုးသၫ့္အႃပံုးမ်ိဳး...
"ခေရဝိုင္"
"ရွင္"
"ေတာင္းပန္ပါတယ္ဆိုတဲ့စကား မခကိုေရာ ေက်ာ္ပီယကိုပါ ေျပာေပးႏိုင္မလား"
"ကိုမင္းေစရာကိုယ္တိုင္ ေျပာလိုက္တာကပိုေကာင္းမလား ေခက ေဘးလူလိုျဖစ္ေနေတာ့ေလ"
"ကိုယ္က အဲ့ဒီေဘးလူထက္ေတာင္ သူစိမ္းဆန္ရက္စက္ခဲ့မိတာ အကူအညီေတာင္းတာပါ please"
ႏူးညံ့ေနေသာ စကားေတြေၾကာင့္ ရိုင္းစိုင္းသၫ့္လူအျဖစ္မွ ေခ့အျမင္ေလး နည္းနည္းေျပာင္းသြားမိသည္။
ဒီလူဟာ ရိုင္းစိုင္းသလိုရိွေပမယ့္ အၿမဲရိုင္းစိုင္းေနတာမ်ိဳးလည္းမဟုတ္...
▪▪▪⏳⏳⏳▪▪▪
"မဂၤလာပဲြအတြက္ အားလံုးစီစဥ္ၿပီးၿပီဆိုေတာ့ မနက္ျဖန္ ငါတို႔ေလ်ွာက္လည္မလား ပီယ"
"နင္ကေလ အားတာနဲ႔လည္ဖို႔ပတ္ဖို႔ပဲ စဥ္းစားေနတယ္ ျပန္ၾကစို႔"
ပီယက ျပန္ဖို႔ေခၚေတာ့ မခက ေခ့ကိုဖက္ထားရင္းေခါင္းခါျပလိုက္ကာ•••••
"ကို ေခ့ကိုထားခဲ့.. ေခ ဒီည ငါနဲ႔အိပ္"
ဟု မခေတာင္းဆိုလာေတာ့ ေခ လိုလိုလားလားပင္ေခါင္းညိတ္လိုက္သည္။
မခရဲ့ေမေမေရာ ေဖေဖပါရိွေနတာမို႔ ဟိုလူ ျပႆနာမရွာေလာက္ဟု ေတြးမိ၍ မခဖိတ္ေခၚတာကို လက္ခံလိုက္ျခင္းျဖစ္သည္။
ပီယက စိတ္ပူသလိုၾကၫ့္ေနေပမယ့္ မခလည္းရိွတာမို႔ ယံုၾကည္စိတ္ခ်သြားသလို ေခါင္းညိတ္ျပၿပီး ......
"မနက္ျဖန္မနက္ေစာေစာလာေခၚမယ္ ငါတို႔၃ေယာက္ ကုသိုလ္ေတာ္ဘုရားသြားရေအာင္"
"မသြားခ်င္ေသးဘူး ငါ့အဝတ္အစားေတြကHotelမွာ.. လွလွပပေလးဝတ္စားၿပီးမွသြားခ်င္တာ"
"Spaက ေကာင္မေလးေတြဆီ ဖုန္းဆက္ၿပီးထၫ့္ခိုင္းလိုက္ ငါယူလာခဲ့မယ္ ဘယ္သြားသြား ပဲမ်ားဖို႔ပဲစိတ္ကူးေနတာ"
"ဘာျဖစ္လဲ"
"ဘာျဖစ္လဲသိခ်င္လား ငါက ထြဋ္ေခါင္ကိုဖုန္းဆက္လိုက္ရံုပဲ အဲ့ဒါမွဟိုက"
"ဟယ္!! ပီယအစုတ္ေကာင္ သြား.. သြား.. နင္ျပန္ေတာ့"
ပီယျပန္သြားေတာ့ မခနဲ႔ႏွစ္ေယာက္သား စကားေတြေျပာရင္း၊ ဇာတ္ကားၾကၫ့္ရင္း အေတာ္နဲ႔မအိပ္ျဖစ္၍ ၂နာရီေလာက္မွ ၂ေယာက္သားအိပ္ေပ်ာ္ျဖစ္သြားသည္။
သို႔ေသာ္ ေခ တေရးႏိုးမွေရေသာက္ခ်င္လာ၍ အခန္းထဲၾကၫ့္မိေတာ့လည္း ေရကအလြယ္တကူမရိွ။
အျပင္ထြက္ဖို႔က်ေတာ့လည္း မခကိုမႏိႈးခ်င္ေတာ့တာမို႔ မီးဖိုခန္းနားက ေရခဲေသတၲာဆီေလ်ွာက္လာခဲ့သည္။
ေရေသာက္ၿပီးသြားသၫ့္အခါ ေနာက္ထပ္ ထပ္မလာရေအာင္ တစ္ဘူးယူသြားဖို႔စိတ္ကူးၿပီး ေရတစ္ဘူးကိုယူကာ ေရခဲေသတၲာတံခါးကိုျပန္ပိတ္လိုက္ေတာ့ ေခ့ေနာက္မွာ တစ္စံုတစ္ေယာက္။
"အေမ့"
သူသည္ ေခ့ပါးစပ္ကိုဖိပိတ္ပစ္ကာ ေခ့ဂုတ္ပိုးကို ခပ္ဆတ္ဆတ္ရိုက္ခ်ရိုက္၍ ေပ်ာ့ေခြသြားသည္။
မင္းေစရာ။
သူ •••••
"မင္း သိပ္ေတာ္ေနတယ္ေပါ့ ဟုတ္လား ခေရဝိုင္"
သူ ဘာေတြေျပာေနသလဲ ေခ နားမလည္ေသးေပမယ့္ ေခတို႔လုပ္ႀကံသၫ့္ကိစၥကို သိမ်ားသိေနသလား ဟု အေတြးဝင္လာမိသည္။
မိုက္ခနဲျဖစ္သြားခ်င္သၫ့္ အာရံုေတြကိုျပန္ထိန္းရင္း ေခ ေခါင္းခါပစ္ကာ သူ႔လက္ထဲကရုန္းထြက္ဖို႔ႀကိဳးစားမိ၏။
သူ ေဆးေၾကာင္ေနျပန္ၿပီလား•••••
"ငါ့ကိုေခ်ာင္းရိုက္ၿပီး မခကိုေခၚထုတ္ဖို႔ ေတာ္ေတာ္ေလးမွ အစီအစဥ္ဆဲြလိုက္ရရဲ့လား"
ေခ ေခါင္းခါပစ္မိေပမယ့္ အတင္းအၾကပ္ဖက္ထားသၫ့္လက္ေတြေၾကာင့္ မလႈပ္ႏိုင္။
ပါးစပ္ကိုလည္းဖိပိတ္ထားတာမို႔ ေအာ္ဟစ္ေနမိေပမယ့္ ဗလံုးဗေထြးေတြသာျဖစ္ၿပီး အသံလည္းမထြက္။
အသိစိတ္ကင္းလြတ္ေနသည္အထိေတာ့ မဟုတ္တာမို႔ သူ႔အခန္းဆီကို ေပြ့ေခၚသြားမွန္းသိလိုက္သည္။
"ဟင့္အင္း မလုပ္ပါနဲ႔"
ေခ့အသံက ပါးစပ္ဖ်ားကထြက္မလာဘဲ လက္ေတြ့မွာေတာ့ သူသည္ ေခ့မ်က္ႏွာတစ္ခုလံုးကိုေနရာလပ္မက်န္ေအာင္ နမ္းေနခဲ့သည္။
ေခ အင့္ခနဲငိုပစ္ေတာ့ သူက ေခ့ကိုမ်က္ရည္ေတြသုတ္ေပးရင္း ခပ္တိုးတိုးေျပာေလ၏။
"ရႉး!! မငိုနဲ႔ ဒီတစ္ညေတာ့ မင္းငါနဲ႔ေနေပးပါ ငါမင္းကိုခ်စ္လို႔ပါ"
▪▪▪⏳⏳⏳▪▪▪
ေခ့အဝတ္အစားေတြကိုယူၿပီး အိမ္ထဲဝင္လိုက္ကတည္းက ဧၫ့္ခန္းမွာ လူစံုရိွေနေပမယ့္ တိတ္ဆိတ္ေနမႈကေျခာက္ျခားစရာ။
မခရဲ့ေဖေဖကလည္းမ်က္စိမ်က္ႏွာပ်က္ေနသလို မခရဲ့ေမေမကလည္း တစ္ခ်က္တစ္ခ်က္ႀကိတ္ငိုေန၏။
မခကိုယ္တိုင္သည္လည္း ေတာင့္ေတာင့္ေလးရပ္၍ ေသြးဆုပ္ျဖဴေဖ်ာ့ေနကာ ေခ့ကိုမေတြ့၍ ေခ တစ္ခုခုျဖစ္သလားဟု စိုးရိမ္သြားမိသည္။
"ေခေရာ"
သူ႔ေမးခြန္းကို ဘယ္သူမျွပန္မေျဖဘဲ မခက အေပၚထပ္က အခန္းတစ္ခုဆီကိုတစ္ခ်က္လွမ္းၾကၫ့္သည္။
ဘယ္သူ႔အခန္းမွန္းေသခ်ာမသိေပမယ့္ သူ႔ရင္ထဲ မီးစႏွင့္အထိုးခံရသလို ပူေလာင္ၾကမ္းရွသြားသည္။
သူ ဘာမွမေျပာေတာ့ဘဲ လက္ထဲကအထုတ္ေတြကို ေတြ့ကရာပစ္ခ်ခဲ့ကာ ထိုအခန္းဆီကိုေျပးလာခဲ့ၿပီး တံခါးကိုဝုန္းခနဲ ကန္ဖြင့္ပစ္လိုက္သည္။
"ဟာ!!"
သူ ယိုင္ခနဲျဖစ္သြားသည္။
ေခသည္ ညဝတ္အက်ႌေလးႏွင့္ျဖစ္ေပမယ့္ ျမင္မေကာင္းေအာင္ ဖရိုဖရဲျဖစ္ေနသည္။
အခန္းေထာင့္မွာ ဒီအတိုင္းငုတ္တုပ္ေလးထိုင္ေနကာ ဆံပင္ေတြကလည္း ရႈပ္ပြေနၿပီး ႏႈတ္ခမ္းေလးမွာလည္း ေပါက္ၿပဲထားဟန္ျဖင့္ နီရဲေနသည္။
ၾကမ္းတမ္းသၫ့္တံခါးဖြင့္သံေၾကာင့္ မ်က္ရည္ေတြႏွင့္ ေခ ေမာ့ၾကၫ့္လာၿပီး အားကိုးစရာေတြ့သြားသလို မ်က္လံုးေလးေတြ လင္းလက္သြား၏။
"ပီယ"
▪▪▪⏳⏳⏳▪▪▪
Part 14 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial7 Chapters
Voidscape: Calamity
With the world undergoing a great change, Knights that have long since been forgotten now must gather themselves and rise up to the task at hand.Far too few have noticed the increase in monster attacks.Far too many are too focused on overthrowing the empire.The powerful few turn a blind eye to it all.A peaceful life is no longer an option.
8 60 - In Serial40 Chapters
Fireblight
A young fire elemental, Tya Maraise, has lived her life in isolation for some time while creating a human body to mask the fire within. After managing to create something sufficient that’ll allow her to blend, she begins the process of learning more about human behavior only to find herself dragged into a royal mess she wants very little to do with. [ Book Three. All books are standalone and do not need to be read in order. ]
8 189 - In Serial11 Chapters
The Juveniles - Segment 2
Months after the events of Segment 1, the depressed teen turned Juvenile-with-a-different-meaning Alo, managed to recompile his life again and starts a new one with his sister Tatiana, the former clerk also fellow Juvenile, Johan Estrada, and Doctor Richard Goodman, the sole person who changed his life downright up. With Johan and Alo's newfound powers, Richard sends them to Tokyo, Japan and investigate the bloody gang war between the four uniquely powerful groups, and possibly find a recruit along the way. However, as they descend deeper within the ruins of the badly-battered city, things are not what as they seem.
8 202 - In Serial12 Chapters
Aim and Fire
Jamie Christiansen is a brave but lovably awkward knight who harbors a crush on the snarky and headstrong Princess Caitlin Faraday. She has always wanted to prove herself to be more than a princess, while he just wants to get from one day to the next. When circumstance brings the two together, they form a grudging partnership that may develop into something greater. Soon enough, they uncover a conspiracy involving mercenaries, mythical creatures, and a connection to Caitlin's family history. As the two get closer, and their feelings deepen, they are forced to make choices that will change their lives, and their world, forever.
8 126 - In Serial12 Chapters
Kantai Collection: Two Front War
Just when the Imperial Navy thought they had their hands full with the Abyssals a new force goes up against them, and they are rightfully pissed off! With yet another world war as a possibility how much more can the Imperial Navy take when both the Abyssals AND the Kriegsmarine want their heads?!
8 184 - In Serial22 Chapters
Your Voice | Taehyun x Chaeryeong
"•I love hearing Your Voice•"In which Taehyun gets a phone call from an unknown number. It turns out that it was all misunderstanding but what will that one phone call lead to?Started : 10/09/2022Ended : 02/11/2022
8 155

