《အချစ်ဝိုင် ( Complete )》Part 14
Advertisement
အချစ်ဝိုင် ( part - 14 )
▪▪▪▪▪▪▪▪▪▪
"ပီယ"
သူ ရပ်ကြည့်နေပြီး ရှေ့ဆက်မတိုးရဲခဲ့တော့ ခေက ငိုသံလေးဖြင့်လှမ်းခေါ်ပြီး မျက်နှာကိုလက်ဖဝါးလေးဖြင့်အုပ်ကာ သည်းသည်းထန်ထန်ငို၏။
သူ့ဘဝမှာ ခေ ထိုသို့ဝမ်းနည်းပမ်းနည်းငိုနေတာမျိုး ဒီတစ်ခါပဲတွေ့ဖူးသေး၏။
သူအပါအဝင် အဖေရော၊ လေးလေးပါ သူမလေးကို မလိုတာမရှိရအောင်အထိ အလိုလိုက်ယုယခဲ့ရတာ...
"ဒါဟိုကောင်လား ဘယ်မှာလဲ အဲ့ဒီကောင်"
ခေ့ကို ဒီလိုပုံစံဖြင့်မြင်လိုက်ရသည့်ဒေါသသည် တရားခံဘယ်သူလဲ တန်းသိလိုက်သလို ရေတစက်စက်ကျနေသည့်ဆံပင်တွေဖြင့် ရေချိုးခန်းထဲကထွက်လာသည့် မင်းစေရာကိုမြင်လိုက်သည်နှင့် ထိန်းမရတော့။
"မင်း လူယုတ်မာ မင်းကိုငါသတ်မယ်"
မင်းစေရာကို သူခုန်အုပ်လိုက်၍ နှစ်ယောက်သားလုံးထွေးသွားကာ သူကအပေါ်စီးကနေ ကျကျနနခွမိကာ မျက်နှာကို လက်သီးဖြင့်တစ်ချက်ချင်း ထိုးပစ်မိသည်။
"ကို မလုပ်ပါနဲ့ ဖေဖေ လာပါဦး မေမေ"
မခအသံကိုကြားလိုက်ပေမယ့် ပေါက်ကွဲနေသည့် သူ့ဒေါသတွေပြေမသွားခဲ့။
မင်းစေရာကလည်း သူ့ကိုပြန်ထိုးတာမို့ သူ့မျက်နှာနှင့်ရင်ဘတ်တွေမှာ နာကျင်လာသည်။
သို့သော် နှစ်ယောက်သား နာနေသည့်ကြားမှ တစ်ယောက်ကိုတစ်ယောက်မလွှတ်ဘဲ ထိုးကြိတ်နေခဲ့ရင် လုံးထွေးနေ၏။
"ကို မလုပ်ပါနဲ့ မခတောင်းပန်ပါတယ်"
မခဖေဖေက အခန်းထဲပြေးဝင်လာကာ မရမကလူချင်းခွဲပစ်သည့်အခါ မခက သူ့ခါးကိုအတင်းဖက်ထားသည်။
"မင်း လူယုတ်မာ အသိစိတ်မရှိတဲ့ကောင်"
မခရဲ့လက်ကလေးတွေကို ဖယ်မချရက်ဘဲ သူ ဒေါသတကြီးအော်ပစ်လိုက်ချိန်မှာ မင်းစေရာကိုလည်း သူ့အဖေက ဖမ်းဆွဲထား၏။
သူ ထိုးထားသည့် နှုတ်ခမ်းကဒဏ်ရာမှ သွေးတွေစိမ့်ထွက်နေ၍ လက်ချောင်းတွေနှင့် ဖွဖွလေးထိလိုက်ရင်း မခိုးမခန့်ရယ်၏။
"မင်းက ဘာနာနေတာလဲ ငါ့ကိုချောင်းရိုက်သွားတုန်းက ဒီလိုမဟုတ်ပါလား"
"တောက်!! ဒီကောင်"
"ကို မလုပ်ပါနဲ့"
"သား အန်တီတောင်းပန်ပါတယ်"
အားလုံးက သူ့ကိုတားဆီးနေကြ၍ သူစိတ်ကိုလျှော့ချလိုက်ကာ မင်းစေရာမျက်နှာကိုမကြည့်တော့ဘဲ ခေ့ကိုပြန်ကြည့်မိသည်။
ခေက စိတ်ထိခိုက်ပြီး ငိုနေရာမှ ရန်ပွဲကြောင့်ထိတ်လန့်သွားသလို တုန်တုန်ရီရီဖြစ်နေသည်။
"ခေ"
သူမကို ဒီလိုပုံစံဖြင့် မြင်ရခြင်းသည် ဘဝမှာရင်အနာရဆုံးဟုထင်မိပြီး လက်သီးကိုကျစ်နေအောင်ဆုပ်ထားလိုက်မိသည်။
ဘယ်သူ့စကားမှနားမထောင်ဘဲ ဒီကောင့်ကိုသတ်လိုက်ရရင် ကောင်းမလား .....
"ငါ့ကို ဒီနေရာကခေါ်သွားပေးပါ ပီယရယ် ငါတောင်းပန်ပါတယ် ငါ့ကို"
မျက်ရည်တွေဝဲနေရင်း ခေက တောင်းဆိုလာ၏။
ရင်ထဲမှာ ဆတ်ဆတ်ခါအောင်နာသွားမိပြီး အပေါ်မှာထပ်ဝတ်လာသည့် လက်ရှည်ကိုချွတ်ကာ ဖရိုဖရဲဖြစ်နေသည့်ခေ့အပေါ်မှာ ထပ်ဝတ်ပေးလိုက်သည်။
ခေ လမ်းမလျှောက်နိုင်မှာကို သူသိနေတာမို့ ခေ့ကိုယ်လေးကိုကောက်ပွေ့လိုက်တော့ မင်းစေရာဆီက စကားသံထွက်လာသည်။
"အဲ့ဒါတောင် သူ မကြုံဖူးသေးလို့ ငါ လျှော့ပေးထားတာ"
"ခွေးသူတောင်းစား"
မခဖေဖေက ဒေါသဖြစ်သွားဟန်ဖြင့် မင်းစေရာကို လက်သီးဖြင့်ထိုးတော့ မခတို့သားအမိအသံတွေဖြင့် ဆူညံနေခဲ့၏။
သူ လှည့်မကြည့်တော့ဘဲ ခေ့ကိုပွေ့ခေါ်လာခဲ့ပြီး ထိုင်ခုံမှာချလိုက်ကာ ခါးပတ် ပတ်ပေးလိုက်သည်။
"ငါ့ကြောင့်ပါ ခေရယ် ငါ့ကြောင့်ပါ ငါ့အပြစ်တွေပါ"
ခေက နှုတ်ခမ်းလေးကိုက်ပြီးခေါင်းခါကာ မျက်ရည်တွေသုတ်တော့ သူပါ ရောယောင်မျက်ရည်ကျရလေသည်။
ငိုနေမိရင်းဖြင့် ရှုပ်ပွနေသည့်ခေ့ဆံပင်တွေကို သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ဖိသပ်ပေးမိစဥ် မခပါ အိမ်ထဲကထွက်လာပြီး ကားပေါ်တက်ထိုင်သည်။
"ကို သွားကြစို့ ကိုမင်းမျက်နှာကို ဘယ်တော့မှမကြည့်တော့ဘူး"
သူ ခေါင်းညိတ်လိုက်ကာ ကားကိုအမြန်ဆုံးမောင်းထွက်ခဲ့သည်။
မင်းကို ဒီတစ်သက်မကျေဘူး မင်းစေရာ ......
▪▪▪⏳⏳⏳▪▪▪
"ခေ ငါခဏဝင်ခဲ့မယ်"
ပီယရဲ့မင်္ဂလာရက်ကိုလည်း နောက်ဆုတ်ပစ်လိုက်ပြီမို့ ပြင်ဦးလွင်မှာပဲ သူတို့သောင်တင်နေကြပြီး ခေကတော့ အခန်းထဲကအပြင်မထွက်။
အိမ်ချင်းကပ်လျက်မို့ ခေ့ဆီအမြဲရောက်ပေမယ့် ခေက ကြီးမေကလွဲလို့ ဘယ်သူ့ကိုမှအတွေ့မခံ။
ရှေ့ဆက်ဘာလုပ်ရမှန်းမသိ၍ ခေ့ကိုစကားပြောချင်ပေမယ့် ခေကတုတ်တုတ်မှမလှုပ်။
"ခေ နင်ငါ့ကိုမုန်းနေပြီလား"
မခက ခေ့လက်ကလေးကိုကိုင်ကာ ပြောလာတော့ ခေ ခေါင်းခါပေမယ့် စကားသံတွေတော့ထွက်မလာ။
ပြီးနောက် မျက်ရည်တွေဝဲလာပြီး ချက်ချင်းလိုလို ငိုချပစ်၍ စိတ်မကောင်းဖြစ်သွားမိသည်။
မျက်ရည်နဲ့မျက်ခွက်ဖြစ်နေသော ခေ့ပုံစံလေးကို သူ မကြည့်ရက်...
ခေသည် အမြဲလိုလို ပျော်ရွှင်နေတတ်သော ဖြူစင်သည့်မိန်းကလေး။
သူ့ရဲ့အချစ်ရဆုံးသူငယ်ချင်းလည်းဖြစ်သလို ရင်ဘတ်ချင်းနားလည်သည့် တစ်ဦးတည်းသော မိန်းကလေး။
ခေ့ကို သူသိပ်ချစ်မှန်းသိလို့ပဲ ဟိုကောင်က ခြေမွဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်လိမ့်မည်။
"မငိုပါနဲ့ ခေရယ် နင့်အဲ့လိုဖြစ်နေတာ ငါ့ကြောင့်ပါ ငါ ဘယ်လိုဆပ်ရမလဲဟင် နင်ကျေနပ်အောင် ငါဘယ်လိုလုပ်ရမလဲ ခေရယ်"
မခသည်လည်း ကြေကွဲစိတ်ဖြင့်ငိုတော့ ခေက ခေါင်းလေးခါရင်း သူ့ကိုမော့ကြည့်သည်။
တစ်ခုခုကို အကူအညီတောင်းချင်သလိုကြည့်နေ၍ ဘာများလဲဟု ပူလောင်ပြင်းပြသွားသည်။
"ပြော နင်ဘာဖြစ်ချင်လဲ"
"ဒက်ဒီနဲ့စကားမပြောတာ ၃ရက်ရှိပြီ နင်ပဲ ကြည့်ကျက်ပြောလိုက်"
"စိတ်ချ ငါ ပြောထားလိုက်မယ် တခြားဘာလုပ်ချင်သေးလဲ နင်ဖြစ်ချင်တာပြော"
ခေ ခေါင်းလေးခါပစ်ပြီး နှုတ်ခမ်းလေးကိုကိုက်သည်။
ထိုအချိန် ကြီးမေရဲ့အော်ဟစ်တားဆီးသံနှင့်အတူ အခန်းဝကိုရောက်လာတဲ့လူတစ်ယောက်။
"ဝိုင်"
"နင် ဘာလာလုပ်တာလဲ နင့်ကိုမမြင်ချင်ဘူး သွား.. ထွက်သွား.. ခုထွက်သွား"
ခေ ခါးခါးသီးသီးဖြစ်သွားကာ အနီးမှာရှိသောခေါင်းအုံးတွေဖြင့်ပစ်ပေါက်ပေမယ့် ထွဋ်ကရှေ့တိုးလာခဲ့ပြီး မွေ့ယာပေါ်ထိုင်နေသော ခေ့ရှေ့မှာဒူးထောက်ချလိုက်သည်။
ကြေကွဲနာကျင်ရိပ်တွေကြောင့် ထွဋ်သည်လည်း အားအင်မရှိသလိုနွမ်းဖတ်နေခဲ့သည်။
"လူယုတ်မာလို့ပြောချင်ပြော ပွဲလန့်တုန်းဖျာခင်းတယ်ပဲပြောချင်ပြော ကိုယ်မင်းကိုလက်ထပ်ချင်တယ် ဝိုင်"
"နင် ရူးနေတာလား မျက်နှာမပြောင်နဲ့ ထွက်သွား ခု"
"အဲ့ဒီလက်ထပ်ခွင့်က အရင်ကတည်းကတောင်းနေတာပါ ဝိုင်ရယ် ဘာလို့မျက်နှာပြောင်ရမှာလဲ နော် ခေါင်းညိတ်လိုက်ပါ ကျေးဇူးပြုပြီး"
"သွား သွားလို့ပြောနေတယ် သွားလို့"
ခေသည် ပိုပြီးငိုချလိုက်ကာ ထွဋ်ရဲ့ဦးခေါင်းနှင့်ရင်ဘတ်တွေကို လက်သီးဆုပ်တွေဖြင့် ထုနှက်သည်။
Advertisement
ထွဋ်ကလည်းမရှောင်ဘဲ ငြိမ်သက်နေပြီး ခေ့လက်ကလေးတွေ အင်အားလျော့သွားချိန်မှ...
"ကိုယ်လိုချင်တာက မင်းကိုပဲလေ မင်းချစ်လာမယ့်အချိန်ကို ကိုယ်ထပ်စောင့်ပါ့မယ် ကိုယ်တို့လက်ထပ်ရအောင်ပါ ဝိုင်ရယ် နော်"
"နင် ရူးနေလား မင်းရဲထွဋ်ခေါင် ငါကအရင်လိုမှ"
"မသိချင်ဘူး အဲ့ဒါတွေမလိုဘူး ဝိုင် ကိုယ်လိုချင်တာမင်းကိုပဲ ကိုယ်ပိုင်ချင်တာကလည်းမင်းကိုပဲ မင်းဘာသာ ဘာတွေပဲဖြစ်ဖြစ် မင်းကိုယ့်အနားရှိဖို့ကိုပဲ လိုချင်တာ"
ခေ ငိုသံလေးတဖြည်းဖြည့်လျော့ပါးသွားတော့ ထွဋ်က ခေ့လက်ကလေးကိုဆွဲယူကာ ခေ့ကိုယ်လေးကိုသိုင်းဖက်သည်။
သူ ဘာပြောလို့ပြောရမှန်းမသိဖြစ်နေပေမယ့် ထွဋ်က ဘယ်သူ့ကိုမှ ဂရုမစိုက်သလို ခေ့မျက်နှာကိုပဲကြည့်လျက်ရှိသည်။
"ပီယ"
"အင်း ပြော"
"ဝိုင့်ရဲ့အဖေဆီအကြောင်းကြားပေးပါလား ဝိုင့်ကို ငါလာတောင်းမယ်လို့"
ထွဋ်က သူ့ကိုဦးတည်ပြီးပြောလာတော့ ခေ့အတွက် စိတ်ပူပန်မှုလျော့သွားပေမယ့် ရှေ့ဆက်အဆင်ပြေပါ့မလားဟုလည်းတွေးမိသည်။
သို့သော်•••••
"ခေရော ထွဋ်ရော ပြန်စဥ်းစားရအောင် ၃ရက်လောက်စောင့်ပါဦး"
ခေ ပြောလာတော့ ထွဋ်က ခေါင်းခါပစ်လိုက်သည်။
"ကိုယ်က စဥ်းစားပြီးပြီ မင်းပဲစဥ်းစားပါ ပြီးရင် ကိုယ့်ကိုအကြောင်းပြန်ပါ ဝိုင်"
▪▪▪⏳⏳⏳▪▪▪
ရှေ့မှချထားသည့်ဖန်ခွက်တွေကို အသက်မပါသလိုစူးစိုက်ကြည့်မိရင်း အသက်ရှူဖို့မေ့နေခဲ့သလို ဘာကိုမှစိတ်မပါနိုင်။
ငါ ဘာတွေလုပ်ခဲ့တာလဲဟုတွေးမိတိုင်း ရင်ထဲစူးနင့်သွားပြီး သူ့ပါးကိုအခါခါရိုက်ခဲ့သည့် လက်ဖဝါးလေး။
"လူယုတ်မာ"
တဲ့။
သူမနှုတ်ဖျားက ထွက်ကျလာခဲ့သည့်နာမ်စားတစ်ခု။
သူဝုန်းခနဲထရပ်ပြီး စားပွဲပေါ်မှာရှိနေသည့်အရာမှန်သမျှ အကုန်ဆွဲဖယ်ချပစ်လိုက်တော့ ဖန်ခွက်ကွဲသံတွေ၊ ပန်းကန်ကွဲသံတွေဆူညံသွား၏။
စိတ်ထဲမွှန်းကြပ်နေဆဲမို့ စားပွဲကြီးကိုပါ ဝုန်းခနဲကန်ပစ်ပြီး နံရံကို လက်သီးဖြင့်ဆက်တိုက်ထိုးပစ်လိုက်သည်။
"မင်းစေ တော်ပါတော့ကွာ"
"မင်းဘာသိလဲ မင်းဘာနားလည်လို့လဲ ငါ သူ့ကို"
ရင်ထဲဆို့နစ်လာ၍ စကားသည်ပြော၍မပြီးဆုံးသေးခင် ထိုးရပ်ခြင်းသို့ရောက်ပြီး တဆတ်ဆတ်တုန်လာမိသည်။
နွေးနေသည့်မျက်ရည်ရဲ့အထိအတွေ့ကို ပါးပေါ်မှာခံစားလိုက်ရတော့ သူ အံ့သြသွားသလို တာယာတို့လည်း အံ့သြသွားသည်။
ငါငိုနေတာလား....
"မင်းငိုနေတာလား မင်းစေ"
သူဘာမှပြန်မပြောနိုင်။
ဖန်စတွေစိုက်ဝင်နေပြီး သွေးတစိမ့်စိမ့်ထွက်နေသည့် လက်ဖဝါးတွေကိုဖြန့်ကြည့်ရင်း မျက်ရည်တွေတစိမ့်စိမ့်စီးကျလာ၏။
ဒီလက်တွေ...
ဒီလက်တွေက သူမကိုနာကျင်အောင် အိပ်ယာပေါ်ကိုဆွဲခေါ်ခဲ့တာ။
ခေါင်းကိုငုံ့ပစ်ပြီး မျက်ရည်တွေကိုသုတ်ပစ်လိုက်ကာ ကြမ်းပြင်ပေါ်မှာပဲ သူ ဒီအတိုင်းထိုင်ချပစ်လိုက်သည်။
"ပုံမှန်ဆို မင်းအဲ့လိုမဟုတ်ပါဘူးကွာ မင်းအတွက် မိန်းကလေးတစ်ယောက်နဲ့ Sexကိစ္စဖြစ်တာ အဆန်းမှမဟုတ်တာ ဒီကောင်မလေးကိုမှ ဘာဖြစ်လို့"
"ငါ သူ့ကိုချစ်တယ် သူ့အနားမှာနေရရင်ကျေနပ်တယ် အဝေးက ငေးကြည့်နေရလည်းငါပျော်တယ် သူ့ပါးလေးတွေ သူ့ဆံပင်လေးတွေကအစ ငါတယုတယနဲ့ပဲထိတွေ့ချင်တာ ခုလိုပုံစံနဲ့မဟုတ်ဘူး ဒါပေမယ့်..."
သူ မျက်ရည်တွေဝဲလာခဲ့ပြန်သည်။
လည်ချောင်းမှာ တစ်ခုခုတစ်ဆို့နေသလို နာကျင်လာခဲ့ပြီး ခေါင်းကိုအသာလေးခါယမ်းပြလိုက်သည်။
ချစ်တယ်.....
ဒါပေမယ့် ငါချစ်ချင်ခဲ့တာ ဒါမျိုးမဟုတ်ဘူး။
မင်းရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး မင်းပါးစပ်ကထွက်လာသမျှကို အလိုလိုက်ဖြည့်ဆည်းပေးချင်တာ။
တခြားသူတွေကို ပြုံးပြသလို အပြုံးလေးတွေနဲ့ ငါ့ကို ဆိုးနွဲ့အနိုင်ယူစေချင်တာ။
မင်းကိုငါအရှုံးပေးဖို့အဆင်သင့်ပါပဲ ခရေဝိုင်...
အဲ့ဒါကို မင်းနားလည်ပေးနိုင်ပါတော့မလား...
▪▪▪⏳⏳⏳▪▪▪
Part 15 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~
အချစ်ဝိုင် ( part - 14 )
▪▪▪▪▪▪▪▪▪▪
"ပီယ"
ခေ့ကို ဒီလိုပုံစံဖြင့်မြင်လိုက်ရသည့်ဒေါသသည် တရားခံဘယ်သူလဲ တန်းသိလိုက်သလို ရေတစက်စက်ကျနေသည့်ဆံပင်တြွေဖင့် ရေချိုးခန်းထဲကထွက်လာသည့် မင်းစေရာကိုမြင်လိုက်သည်နှင့် ထိန်းမရတော့။
"တောက်!! ဒီကောင်"
"ကို မလုပ်ပါနဲ့"
"ခေ"
Advertisement
"ခွေးသူတောင်းစား"
မခဖေဖေက ဒေါသဖြစ်သွားဟန်ဖြင့် မင်းစေရာကို လက်သီးဖြင့်ထိုးတော့ မခတို့သားအမိအသံတြွေဖင့် ဆူညံနေခဲ့၏။
▪▪▪⏳⏳⏳▪▪▪
"ခေ ငါခဏဝင်ခဲ့မယ်"
"ပြော နင်ဘာဖြစ်ချင်လဲ"
"ဝိုင်"
ခေ ခါးခါးသီးသီးဖြစ်သွားကာ အနီးမှာရှိသောခေါင်းအုံးတြွေဖင့်ပစ်ပေါက်ပေမယ့် ထွဋ်ကရှေ့တိုးလာခဲ့ပြီး မွေ့ယာပေါ်ထိုင်နေသော ခေ့ရှေ့မှာဒူးထောက်ချလိုက်သည်။
ခေသည် ပိုပြီးငိုချလိုက်ကာ ထွဋ်ရဲ့ဦးခေါင်းနှင့်ရင်ဘတ်တွေကို လက်သီးဆုပ်တြွေဖင့် ထုနှက်သည်။
"ပီယ"
"အင်း ပြော"
သို့သော်•••••
▪▪▪⏳⏳⏳▪▪▪
"လူယုတ်မာ"
တဲ့။
"မင်းစေ တော်ပါတော့ကွာ"
ငါငိုနေတာလား....
သူဘာမြှပန်မပြောနိုင်။
ဒီလက်တွေ...
"ပုံမှန်ဆို မင်းအဲ့လိုမဟုတ်ပါဘူးကွာ မင်းအတွက် မိန်းကလေးတစ်ယောက်နဲ့ Sexကိစ္စြဖစ်တာ အဆန်းမှမဟုတ်တာ ဒီကောင်မလေးကိုမှ ဘာဖြစ်လို့"
ချစ်တယ်.....
▪▪▪⏳⏳⏳▪▪▪
Part 15 ဆက်ရန်
#shinthant1141997
Advertisement
- In Serial41 Chapters
Beach Bum
This is a fun little swashbuckling Isekai story. The MC isn't some martial arts savant or anything.Instead, he uses his geek knowledge to get by as he adapts to his new reality.
8 188 - In Serial47 Chapters
Prostitute's Fate
Reyansh MalhotraHe is all a girl can dream of with good looks to money. He is rude to every one but not to his loves. Girls throws themselves on him but he promised himself that he will never cheat to his love his angel.SamairaShe is a girl with broken life. She doesn't believes in love. For her life is just about survival. She is bold and fiesty. She hates herself and her parents. She is a prostitute. Her life is all about spreading her legs for others.
8 190 - In Serial16 Chapters
My Precious Flower
Male Isabela Madrigal x Female ReaderBased on the Disney movie Encanto.(Y/n) = Your Name(H/l) = Hair Length(H/c) = Hair Color(E/c) = Eye Color(S/c) = Skin ColorI OWN NOTHING!!! ALL RIGHTS GO TO DISNEY!!!
8 201 - In Serial16 Chapters
Stages of Falling In Love
Falling in love really is a journey, there are stages uphill climb, breezy trails, slippery slopes. And everything...
8 191 - In Serial10 Chapters
A Different world where the demons are good
A 25 year old jobless man Has committed suicide and got reincarnated as a demon to another world where the demons are good but something horrible happened while he's living in a new world that will lead him to change.
8 175 - In Serial15 Chapters
The Aspect of Fire
Wilhelm woke up and was immediately confused, even before he opened his eyes. Through some twist of fate the data-entering grunt was pulled into another world, one containing terrifying people wielding magic powers beyond what he thought possible, and - somehow comparatively less horrifying - actual monsters. The only saving grace is that through his transference, he has become one of those terrifying people, and he's not sure how he feels about it yet. Oh, and he landed on a boat. Branded a Sylum for the way others unlucky enough to be pulled across the fabric of space tended to go insane after arrival, he will need to navigate a land unlike his own in seemingly every way except for the flaws, all while attempting to maintain his morality, and more importantly, his sanity. With his crew at his side and disconcertingly dangerous magic proportionate to his physical ability, it will not be easy.
8 142

