《အချစ်ဝိုင် ( Complete )》Part 22
Advertisement
အချစ်ဝိုင် ( part - 22 )
▪▪▪▪▪▪▪▪▪▪
Hotelကိုရောက်တော့ spaကကောင်မလေးတွေဆီ အရင်သွားကာ လက်သည်းဆေးဆိုးခိုင်းပြီး ခေ ငြိမ်နေလိုက်သည်။
စကားမပြောဘဲ ခေ ငြိမ်နေတာမို့ ကောင်မလေးတွေကလည်းသိပ်မလှုပ်ရဲကြဘဲ လုပ်စရာရှိတာကိုသာ နှုတ်ဆိတ်လုပ်ကိုင်ပေးနေကြသည်။
မှန်ထဲမှာ ကိုယ့်ဆံပင်တွေကိုပြန်မြင်တော့ မင်းစေရာခေါင်းဖြီးပေးခဲ့တာကိုသတိရသွားပြီး ဒီဆံပင်တွေကို မမုန်းစဖူးမုန်းသွားမိသည်။
"ခေ့ကို ဆံပင်အရောင်ပြောင်းပေး ခရမ်းရောင်ရှိတယ်မလား"
"ဘာလို့ပြောင်းမှာလဲ မမခေရဲ့ ဒေါင်းမြီးစိမ်းရောင်က လိုက်တဲ့သူအရမ်းရှားတာ မမနဲ့လည်းလိုက်တာပဲကို"
"ခု မကြိုက်တော့ဘူး ခရမ်းရောင်ရင့်ရင့်လေးပြောင်းပေး ပြီးရင် ဆံပင်ကိုအဖျားနည်းနည်းတိပေး အဖျားတွေက အရမ်းရှုပ်နေတာပဲ"
"အဲ့ဒါမမခေဆံပင်မပေါင်းတာကြာလို့လေ spaမလာတာပဲကြာနေပြီကို"
"ကျောင်းပိတ်ခါနီးပြီ ဒီကရှေ့ အမြဲလာဖြစ်တော့မှာ အခု ခရမ်းရောင်ပြောင်းဖို့အဆင်ပြေလား"
"ပြေတယ် မမခေ"
ခေ ဘာမှမပြောတော့ဘဲ ဆံပင်ဆေးဆိုးပေးနေတာကိုပဲ ငြိမ်ခံကာ လိုင်းသုံးနေလိုက်သည်။
ထိုအချိန်spaရှေ့ကဖြတ်သွားသည့် လူငယ်တချို့ကိုတွေ့လိုက်၍ ခေ စိတ်ဝင်စားသွားကာ လိုက်ကြည့်မိသည်။
လူငယ်တွေက သဘက်ကလေးတွေကို ပခုံးပေါ်တင်ထားကြသည်မို့ ဒက်ဒီပြောခဲ့သလို GYMများဖွင့်လိုက်သလားဟု အတွေးဝင်လာသည်။
"အပေါ်မှာ GYMရောဖွင့်လိုက်ပြီလေ မမခေရဲ့ သူဌေးကမပြောဘူးလား"
ခေ့အကြည့်ကိုသိနေသလို ဆေးဆိုးပေးနေသည့်ကောင်မလေးက ပြောလာတော့ ဒက်ဒီ့ကိုလွမ်းစိတ်ဖြင့် ရုတ်တရက်စကားပြန်မပြောနိုင်။
"မပြောဘူး"
ခေ့စိတ်ထဲဝမ်းနည်းသွားမိ၏။
ဒက်ဒီက ခေဖြစ်ချင်ခဲ့သမျှကို ဘယ်တုန်းကမှတားဆီးခဲ့သူမဟုတ်။
သူနဲ့လက်ထပ်ခဲ့သည့်ကိစ္စကိုလည်း ဘာကြောင့်၊ ဘာအတွက်လို့ တစ်ခွန်းမမေးခဲ့ဖူးသလို အပြစ်တင်ငြိုငြင်တာမျိုးလည်းမရှိခဲ့။
မင်းစေရာသာ ခေ့ဘဝထဲရောက်မလာခဲ့ရင် ဒက်ဒီနဲ့ခွဲနေရမှာလည်းမဟုတ်သလို ခေသည်လည်း အရင်လိုနေချင်တိုင်းနေခွင့်ရနေမှာမလွဲ။
"မင်း ဘာတွေလုပ်လာတာလဲ"
အိမ်ပြန်ရောက်တော့ ပြန်ရောက်နှင့်နေသည့်သူက ခေ့ရဲ့ခရမ်းရောင်ဆံပင်တွေကြောင့် မျက်လုံးကြီးပြူးကာ ဒေါသဖြစ်သလိုမေးလာ၏။
ထိုမျက်နှာကြောင့် ခေ့စိတ်ထဲကျေနပ်သွားကာ မဲ့ပြုံးလေးပြုံးလိုက်ပြီး...
"ဆံပင်ဆေးဆိုးလာတာ"
ဒေါသဖြစ်သလိုမျက်လုံးတွေက အရောင်ပြောင်းသွားသည့်ဆံပင်တွေကိုကြည့်ကာ ကျေနပ်သလိုပြန်ဖြစ်သွား၍ ခေ စိတ်တိုသွားမိသည်။
အစိမ်းရောင်ဆံပင်တွေကို သူသဘောကျမှန်း ခေသိတာမို့ ခရမ်းရောင်ပြောင်းပစ်ခဲ့ခြင်းဖြစ်ပြီး ဒီအရောင်ကိုလည်း သူ ကြိုက်နေပြန်ပြီလား...
သူ့ကိုဒေါသဖြစ်စေချင်ပေမယ့် ခေသာ ဒေါသဖြစ်ခဲ့ရပြီး အခန်းထဲဝင်ခဲ့ကာ စောင်ကိုခေါင်းမြီးခြုံ၍ ငြိမ်နေမိသည်။
တံခါးဖွင့်သံနှင့်အတူ ခြေသံသဲ့သဲ့ကြားလိုက်ပြီး ခေ့ဘေးနားမှာငြိမ့်ခနဲဖြစ်သွားသည်။
"မင်း ခုအရောင်နဲ့ပိုလှတယ် ခရေဝိုင် ငါပိုတောင်သဘောကျတယ် နေမကောင်းဘူးဆိုလည်းဆေးထသောက် အိပ်မနေနဲ့"
မာဆတ်ဆတ်ပြောလာသည့်စကားကိုလည်း မကြားသလိုနေလိုက်ကာ ခေ မျက်ရည်ဝဲလာသည်။
ခေ့ကိုလည်းမချစ်မနှစ်သက်ပါဘဲ ဒုက္ခပေးဖို့သက်သက် သူ့အနားခေါ်ထားသည်မို့ ကိုယ့်အဖြစ်ကိုသနားပြီး သူ့ကိုလည်းပိုမုန်းမိသည်။
ပြီးတော့ သူ့မှာလည်း ချစ်သူရှိလျက်နဲ့ ...
"ငါပြောနေတာကြားလား ခရေဝိုင် စောင်ကိုဖယ်စမ်း"
ခေ ဆက်ပြီးငြိမ်နေတော့ သူသည်ဒေါသဖြစ်လာသလို စောင်ကိုဆွဲချပစ်၍ ခေ စူပုတ်သွား၏။
ကိုယ်မျက်ရည်ဝဲပြီးငိုချင်နေတာကို ခေ့ကိုဒုက္ခပေးချင်နေသည့် သူသိလို့မဖြစ်၊ မဟုတ်ရင်ကျေနပ်နေမည်ကိုး။
မျက်ရည်တွေသိမ်းပြီး စောင်ကိုဖယ်လိုက်သည်နှင့် နီးကပ်နေသောသူ့ဆီက ရေမွှေးနံ့တစ်ခုရလိုက်ကာ ခေ နှာခေါင်းရှုံ့ပစ်လိုက်သည်။
"ဘာလဲ သူများဘာသာနေနေတာကို ဝေးဝေးသွားနေစမ်းပါ"
"ဘာလို့နေရမှာလဲ ဘာဖြစ်တာလဲ အဲ့ဒီမျက်နှာက"
"ဘာဖြစ်ဖြစ် လိုက်စိတ်မဝင်စားပါနဲ့ ရှင့်ဘာသာဘယ်လိုနေနေ ခေစိတ်မဝင်စားဘူး ရှင်လည်း.."
"ငါကစိတ်ဝင်စားတယ် အပြင်ကပြန်လာမှ ဒီလိုမျက်နှာနဲ့ မျက်ရည်ကဝဲနေသေးတယ် ဘာလဲ မင်းရည်းစားဟောင်းနဲ့ပြန်တွေ့လာလို့လား"
ထင်ရာတွေပြောနေသည်မို့ ခေ နှုတ်ခမ်းလေးမဲ့ပစ်ကာ ဆက်အရွဲ့တိုက်ပစ်၏။
"အနည်းဆုံးတော့ ခေ့ရည်းစားက အိမ်အထိလိုက်မလာပါဘူး"
"လာစေချင်လည်း ခေါ်လိုက်လေ သူများမမြင်ကွယ်ရာမှာ ချိန်းတွေ့တာထက်စာရင် အိမ်ကိုလိုက်လာတာက တော်သေးတာပေါ့"
သူ့စကားကြောင့် ခေပိုပြီးဒေါသဖြစ်ကာ ထထိုင်လိုက်ရင်း သူ့ရင်ဘတ်ကိုတအားတွန်းပစ်သည်။
သို့သော် သူက ယိုင်ရုံသာယိုင်သွားပြီး ဘာမှမဖြစ်။
"ရှင် ဘာလို့သူများကို စော်ကားမော်ကားတွေပြောနေတာလဲ ခေ့ကိုသေချာကြည့်စမ်းပါ ရှင့်လို ပွေတဲ့ရှုပ်တဲ့ပုံပေါ်လို့လား"
ဟာသတစ်ခုကိုကြားလိုက်ရသလို သူက ဟက်ခနဲရယ်ကာ ခေ့ကိုခပ်လှောင်လှောင်ကြည့်သည်။
"လူပွေလူရှုပ်ဆိုတာ မျက်နှာပေါ်စာရေးထားတာမှမဟုတ်တာ အချိန်မတော်လည်း ယောကျာ်းလေးတစ်ယောက်နဲ့ သွားလာနေတဲ့သူက ငါ့ကိုလူရှုပ်လူပွေလို့ပြောနေတာ ပိုတောင်ရယ်ချင်စရာကောင်းသေးတယ် အဲ့ဒါမင်းကိုငါက စော်ကားမော်ကားပြောနေတာလား"
ခေ ပိုပြီးငိုချင်သွားကာ သူ့မျက်နှာကိုစူးစိုက်ကြည့်ရင်း မျက်ရည်တစ်စက် ပေါက်ခနဲကျ၏။
နောက်ထပ်မျက်ရည်ကတော့ ပါးပေါ်အထိစီးကျလာပြီး မေးဖျားမှာ လှုပ်လီလှုပ်လဲ့တွဲခိုသည်။
"အဲ့လိုပြင်းထန်တဲ့အသုံးအနှုန်းတွေနဲ့ ခေ့ကိုဘယ်သူကမှ မစော်ကားခဲ့ဖူးဘူးသိလား"
ခေ တိုးတိတ်စွာဝန်ခံတော့ သူသည် ခါတိုင်းလိုမပြုံးနိုင်တော့ဘဲ ခေ့ကိုစူးစူးကြီးကြည့်နေ၏။
"ခေက အဲ့လိုပျက်စီးယိုယွင်းနေတဲ့မိန်းမ မဟုတ်ဘူး အချိန်မတော် ယောကျာ်းတစ်ယောက်နဲ့ သွားလာနေခဲ့တာ ခေမှားတယ်ဆိုရင်တောင် ခေ့မှာပျက်စီးခဲ့တာ ဘာမှမရှိဘူး
ဘယ်သူသိသိမသိသိ ခေသိတယ် ပီယသိတယ် ပြီးတော့ ခေ့ကိုပေါင်းသင်းနေတဲ့ ရှင်ကိုယ်တိုင်လည်းသိတယ် နောက်တစ်ခါ ခေတို့ကြားက ရိုးသားတဲ့သံယောဇဥ်ကိုမစော်ကားပါနဲ့"
ခေ အိပ်ယာပေါ်ပြန်လှဲချလိုက်ပြီး သူ့လက်ထဲကစောင်ကိုဆောင့်အောင့်ဆွဲယူကာ ခေါင်းမြီးခြုံ၍ပြန်ငြိမ်နေလိုက်သည်။
ခေသည် မိန်းမကောင်းမဟုတ်မှန်း ကိုယ့်ကိုယ်ကိုသိပေမယ့် သူပြောလိုက်မှ ခေ့ဘဝမြောင်းထဲရောက်သွားသည်မို့ စိတ်ထိခိုက်မိသည်ကအမှန်။
သူ့ဆီက အချစ်တွေ၊ အမုန်းတွေကို ခေ ဂရုမစိုက်ပေမယ့် ဒီလောက်အထိပြောဖို့လိုလို့လားဟုတွေးကာ ဝမ်းနည်းခြင်းလည်းဖြစ်သည်။
တစ်ခန်းလုံးတိတ်ဆိတ်နေသဖြင့် သူ ထွက်သွားပြီထင်ကာ စိတ်ရှိလက်ရှိငိုချပစ်လိုက်မိသည်။
သူ ဘာလို့ခေ့ကိုဒီလောက်ထိမုန်းနေတာလဲ...
▪▪▪⏳⏳⏳▪▪▪
"သမီးလေး စားရတာခံတွင်းတွေ့လား"
"ကြီးမေလာမှပဲ ခေ ဖတ်တီးဖြစ်တော့မယ်"
ခေ့ရဲ့နို့ထိန်းကြီးမေက အိမ်မှာလာနေပြီဖြစ်ကာ အနည်းဆုံးတော့ ခေမပျင်းတော့ဘဲ စကားပြောဖော် တိုးတိုးဖော်ရှိလာသည်။
မေမေက ခေ့ကိုဂရုတစိုက်ရှိပေမယ့် ခေကကြီးမေနဲ့သာတစ်ချိန်လုံးနေခဲ့ရတာမို့ ရင်းနှီးမှုချင်းတော့မတူ။
ကြီးမေနှင့်မေမေကလည်း သက်တူရွယ်တူနီးပါးမို့ အထိုက်အလျောက်တော့ ခင်မင်ရင်းနှီးသွားကြသည်။
"ဘာတွေစားနေကြတာလဲ"
ကျော်ပီယက ကျောပိုးအိတ်ကို တစ်ဖက်တည်းလွယ်ထားရင်း အိမ်ထဲဝင်လာရင်းမှ မေးလိုက်ခြင်းဖြစ်သည်။
သူ့နောက်မှာတော့ မခ။
"အုန်းနို့ခေါက်ဆွဲလေး ချက်ထားတာ တစ်ခါတည်းသောက်သွားပါလား ပီယ"
Advertisement
"ကြီးမေ ထည့်ပေးလေ ခေမ ကြည့်စမ်း အရောင်သစ်နဲ့အပြတ်လန်းနေပါလား နင်ဒီအရောင်နဲ့ပိုလိုက်တယ် မိုက်တယ်"
သူသဘောကျသော ခေ့ရဲ့ဆံပင်အရောင်ကို ချီးကျူးရင်း၊ စကားတွေပြောရင်း နှုတ်ဆက်ရင်းဖြင့် ဆူညံနေသည်။
ဒေါ်ကြီးသီက အားလုံးစားဖို့ပြင်ဆင်ပေးသည်မို့ သူတို့တစ်ဝိုင်းတည်းစားဖြစ်ကြရင်း စကားတွေပြောကြသည်။
မကြားရတာကြာပြီဖြစ်သော ခေ့ရဲ့ရယ်သံလေးကို ခဏခဏကြားနေရတာမို့ လှေကားအကွယ်ကနံရံကိုမှီရင်း သူ ပြုံးနေမိသည်။
သူ လွမ်းနေခဲ့ရသည့်အသံချိုချိုလေး။
"ကိုမင်း ဘာလုပ်နေတာလဲ"
ကိုယ့်အတွေးနဲ့ကိုယ် ပြုံးနေမိ၍ မခကိုလည်းမမြင်လိုက်။
မခက ရှေ့ကိုဆက်မသွားတော့ဘဲ နံရံကိုမှီပြီးရပ်ကာ ရယ်နေသည့် သူ့ကိုစူးစမ်းသလိုကြည့်သည်။
ရယ်သံတွေ တိခနဲရယ်သွားတော့ သူ ထမင်းစားခန်းနေရာကို မမြင်ရပေမယ့် တစ်ချက်လှမ်းကြည့်ကာ မခကို ခေါင်းခါပြလိုက်သည်။
"ဘာမှမလုပ်ဘူး အပြင်သွားမလို့"
"အုန်းနို့ခေါက်ဆွဲစားရအောင်လေ မသွားပါသေးနဲ့ဦး"
မခက အရင်လို သူ့ကိုခေါ်ပြောပေမယ့် သူ့ချစ်ဇနီးလေးရယ်မောနေသမျှ ပျက်စီးသွားမှာကို စိုးရိမ်နေမိသည်။
သူ ရောက်သွားရင် ချက်ချင်းစူပုတ်ပုတ်ဖြစ်သွားမည့်မျက်နှာလေးကို သူ မမြင်ချင်။
"ငါ့ကိစ္စက အရေးကြီးတယ် တော်ပြီ"
သူ ခြေလှမ်းကျဲတွေဖြင့် အိမ်အပြင်ထိရောက်အောင်ထွက်လာခဲ့သည်။
ဟိုတစ်ရက် ခေငိုပြီးကတည်းက အတတ်နိုင်ဆုံးမျက်နှာချင်းမဆိုင်ချင်ဘဲ ပျော်ပါစေဆိုပြီးလွှတ်ထားပေးခဲ့သည်။
ရယ်နေသည့်မျက်နှာလေးကိုမြင်ချင်ပေမယ့် အသံကြားရုံဖြင့်သာ သူကျေနပ်ခဲ့ပြီး ကွယ်ရာကနေကြည့်ဖို့သာ ဆုံးဖြတ်ခဲ့သည်အထိ။
"ကိုမင်းက အုန်းနို့ခေါက်ဆွဲလည်းမစားဘူး ထွက်သွားပြီ"
"အလုပ်ကအရေးကြီးလို့နေမှာပေါ့"
ခေက မင်းစေရာထွက်သွားသည့်ဘက်ကို တစ်ချက်လှမ်းကြည့်ပြီး စိတ်မဝင်စားသလို ခေါက်ဆွဲကိုသာ ဆက်စားနေသည်။
သို့သော် သူ ဘာဖြစ်လို့ကွယ်ရာမှာရပ်နေပြီး မခတွေ့တော့မှ အပြင်ထွက်သွားတာလဲဆိုသည့် အတွေးကတော့ ခေါင်းထဲမှာနေရာယူ၏။
"ခေ နင်တို့ရန်ဖြစ်ထားတာလား"
ပီယ ကားပေါ်ရောက်မှမေးတော့ ခေက ခေါင်းခါပေမယ့် နာနာကျင်ကျင်ပြုံးလိုက်သလိုထင်မိ၏။
"ငါ အဆင်ပြေတယ်"
ခေ့အသံက မြူးမြူးလေးဖြစ်ပေမယ့် အဆင်ပြေကြောင်းပြောပြခြင်းထက် အားတင်းနေသလိုဟု ထပ်တွေးမိသည်။
သို့သော် ခေက ဘာမှမပြောတော့ဘဲ ဖုန်းကိုပဲငုံ့ကြည့်နေတော့၍ စကားဆက်မပြောဖြစ်တော့ဘဲ ကားကိုမောင်းထွက်လိုက်သည်။
မင်းစေရာနဲ့ခေ တစ်ခုခုဖြစ်နေမှန်းသိနေပေမယ့် ဘာမှန်းမသိ။
သေချာတာတစ်ခုက ခေသည် တစ်ခုခုကို ထိခိုက်ခံစားနေရပြီး ဘာမှမဖြစ်သလို ဟန်ဆောင်နေခြင်းဖြစ်၏။
▪▪▪⏳⏳⏳▪▪▪
သူပြန်ရောက်လာတာကိုတွေ့လိုက်ပေမယ့် ခေ မသိချင်ယောင်ဆောင်ကာ ဧည့်ခန်းမှာပဲ မေမေနဲ့အတူ koreaကားကိုပဲဆက်ကြည့်နေ၍ နည်းနည်းစိတ်ခုသွားသည်။
မေမေက သူတို့ကြားကပြဿနာကို ဝင်မပါချင်ဟန်ဖြင့် မသိသလိုသာနေတာမို့ ခေ့ကို ဘယ်သူမှအပြစ်မပြော။
ခေနဲ့စကားများပြီးကတည်းက ဘာလုပ်လုပ်စိတ်မပါသလို သူ့မှာအမေ့မေ့အလျော့လျော့။
ခုလည်း ခေလိုက်မလာခြင်းအပေါ် စိတ်ထဲမှာမကျေမနပ်ဖြစ်နေသလို ဆေးသုံးချင်စိတ်က ထိန်းမရအောင်ဖြစ်လာသည်။
ခါတိုင်းဆို ခေ့ကိုထပ်ပြီးမထိခိုက်စေချင်၍ အပြင်မှာသုံးပြီး စိတ်ငြိမ်မှ အိမ်ကိုပြန်လာဖြစ်ပေမယ့် ဒီနေ့တော့ သူ မေ့သွားခဲ့သည်။
မနေနိုင်တော့တာမို့ ဆေးထုတ်ကိုထုတ်ယူလိုက်ပြီး အလုပ်စားပွဲပေါ်မှာပုံလိုက်ကာ ရင်ဘတ်ထဲအထိရောက်အောင် ရှိုက်ပစ်လိုက်သည်။
ဒီfeelingကို သူ ဘယ်လိုသဘောကျမှန်းမသိ...
"ဟင်!! ဒါတွေက"
ခေ့အသံကြားလိုက်၍ မှိန်းနေရာမှ ခေါင်းထောင်ကြည့်မိတော့ အဖြူရောင်ဂါဝန်ရှည်ရှည်လေးနဲ့ သူမ။
မျက်လုံးလေးတွေပြူးကာ စားပွဲပေါ်က ဆေးမှုန့်တွေကိုကြည့်လိုက်၊ သူ့ကိုကြည့်လိုက်...
အခန်းမီးရောင်အောက်မှာ ခရမ်းရောင်ဆံပင်တွေနှင့် ဂါဝန်ဖြူဖြူလေးက ဒဏ္ဍာရီဆန်နေကာ သူမ ပိုလှနေ၏။
"မေမေ"
ခေ မေမေ့ကို အော်ခေါ်နေ၍ သူ ဖျတ်ခနဲဖြစ်သွားပြီး တံခါးဆီလှည့်ပြေးသွားသော ခေ့ကိုလှမ်းဆွဲကာ တံခါးကိုlockချပစ်လိုက်သည်။
ခေ့မျက်နှာလေးကိုမြင်တော့ ရင်ဘတ်ထဲမီးတွေတောက်လာသလိုပူလောင်လာခဲ့ပြီး ရင်တွေဆောင့်ခုန်လာသည်။
လည်ပတ်နေသည့်သွေးတွေ နွေးခနဲဖြစ်သွားပြီး ခေ့ဆီကတစ်ခုခုကို အသည်းအသန်လိုချင်လာခဲ့သည်။
"ခေ ကိုယ် မင်းကို"
"ဟင့်အင်း ရှင်ဖယ်နော် မေမေ အွန်း!!"
ထပ်အော်တော့မလိုပြင်နေသော ခေ့နှုတ်ခမ်းလေးကို သူ နမ်းပစ်လိုက်သည့်အခါ ခေကြောက်သွားသည်ထင်၏။
တစ်ကိုယ်လုံးတုန်ယင်သွားပြီး သူ့လက်မောင်းနှင့်ရင်ဘတ်တွေဆီကို လက်သီးဆုပ်လေးတွေဖြင့်ထုကာ အတင်းပြန်ရုန်းသည်။
နုထွေးမွှေးပျံ့နေသော ခေ့ကိုယ်လေးက သူ့စိတ်ရိုင်းတွေကို ပိုပြီးနှိုးဆွပေးနေသလိုမို့ ပွေ့ယူလိုက်တော့ ခေ အသည်းအသန်အော်ငို၏။
"ရှင့်ကိုမုန်းတယ် လူယုတ်မာ"
"ကိုယ် မင်းကိုနာအောင်ထပ်မလုပ်ပါဘူး ခေရယ် အရင်ရက်တွေကလိုပဲ နေမှာပါ နော် ကိုယ် တကယ်မရတော့လို့ပါ"
မွေ့ရာပေါ်ချလိုက်တော့ ခေက ထပြေးဖို့ကြိုးစားပေမယ့် အပေါ်ကနေစီးမိုးကာ တွန်းဖယ်ပစ်နေသော လက်ကလေးတွေကိုဆွဲချုပ်ပြီး သူမနှုတ်ခမ်းလေးကို မက်မက်မောမောနမ်းမိသည်။
ပါးနုနုလေးမှာ မျက်ရည်တွေစီးကျလာပေမယ့် သူ ဂရုမစိုက်နိုင်ဘဲ ဂါဝန်လေးကို ဖယ်ရှားပစ်လိုက်သည်။
အဝတ်မရှိတော့သော သူမရဲ့ကိုယ်လေးက မျက်စိမလွှဲနိုင်အောင် ညှို့ယူနေ၍ ထိုခန္ဓာကိုယ်လေးကို အကြမ်းပတမ်းချစ်မိသည်။
"ရှင့်ကိုသတ်ပစ်မယ်"
ငိုယိုပြီး အတင်းရုန်းကန်နေသောသူမကို နာအောင်မလုပ်ချင်ပေမယ့် သူ့စိတ်ကိုသူထိန်းမရခဲ့။
သူမကိုချစ်ရတာ မူးယစ်ဆေးသုံးရသလို ရင်ခုန်မေ့မူးစရာအတိမို့ အထိအတွေ့တိုင်းကို သူမက်မောရသည်။
ပြင်းထန်သောစိတ်ဆန္ဒအလျောက် သူ့ရဲ့ကြမ်းကြမ်းတမ်းတမ်းလုပ်ရပ်တွေကြောင့် သူမဆီက ငိုသံနှင့်ညည်းသံတွေသည် သူ့အတွက်ဆည်းလည်းသံတွေလို...
ခေ့ကိုယ်လေးကို တင်းတင်းဖက်ကာ သူအိပ်ပျော်သွားခဲ့တော့ အိမ်မက်ထဲမှာ ခေသည် အသည်းအသန်ငိုရင်း သူ့ကိုရန်တွေ့နေတော့၏၊
သူ ပြန်နိုးလာတော့ ခေသည် သူ့အနားမှာမရှိတော့ဘဲ ရေချိုးခန်းထဲမှာသာ ရေကျသံတွေကြားနေရသည်။
သူမ ဘာလုပ်နေတာလဲ...
▪▪▪⏳⏳⏳▪▪▪
Part 23 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~
အချစ်ဝိုင် ( part - 22 )
▪▪▪▪▪▪▪▪▪▪
Advertisement
"ပြေတယ် မမခေ"
"မပြောဘူး"
"မင်း ဘာတွေလုပ်လာတာလဲ"
"ဆံပင်ဆေးဆိုးလာတာ"
▪▪▪⏳⏳⏳▪▪▪
"ဘာတွေစားနေကြတာလဲ"
သူ့နောက်မှာတော့ မခ။
"ကိုမင်း ဘာလုပ်နေတာလဲ"
သူ ခြေလှမ်းကျဲတြွေဖင့် အိမ်အပြင်ထိရောက်အောင်ထွက်လာခဲ့သည်။
Advertisement
- In Serial175 Chapters
The not-immortal Blacksmith
The story of a young blacksmith who helped the Isekai Hero defeat the Demon Lord. This is NOT the story of them killing the demon lord, this is the story of blacksmiths life, after the Hero returns to earth. Updates on Monday and Thursday.
8 233 - In Serial41 Chapters
Omnia Sidera: Spaceship Soldier in the Fantasy World
Join me on discord: discord invite link ISF Lieutenant Valerian Flynn finds himself the only survivor of an emergency landing on an unidentified planet after the hyperspace drive of his spaceship malfunctioned in the middle of a jump. After discovering that his chances to get rescued in the immediate future are close to null and that the planet he landed on is inhabited by primitive human-like civilizations, Lieutenant Flynn decides to use all the advantages offered to him by the superior technology at his disposal to mingle with the locals and carve a place for himself in this new world. The life of Lieutenant Flynn jumps from one surprise to another as he finds himself pitted against ravenous hordes of goblins and giant drake monsters, as he is catapulted on the main stage of court intrigues and a brewing war opposing a rebel princess and an evil witch-king, as he has to appease gods and dwarven merchant guilds vexed by the technologies he brought with him, as he learns to negotiate with dragons and wizards, as he explores and navigate the societies of undeads and feral tribes, as he plunges into politics and learns to deal with opportunistic nobles all too willing to offer alliances and marriage propositions to piggyback on his meteoritic rise to fame and power. Flynn's reputation as the Black Sun Sovereign soon spread like wildfire through the realms of Men's and gods' alike. But how do you concentrate on trying to pierce the mysteries of this new world, its magic, and its connection with the world you came from when everyone has their eyes glued to you and your every move?
8 145 - In Serial15 Chapters
Vacation of a God
Many Gods rule the universe but only one God stands at the top. The Supreme God. The God of Creation and Destruction. No one can question his existence No one can overpower his existence. The Supreme God bored of his position decided to take a leave. His job in the grand the scheme of things is to keep the higher and lower Gods in check. In his elusive existance he has already created the first of Life, Gods, Worlds, stars and universes and also destroyed many too. Over the eons of his rule the Gods are terrified of his name. All incidents and balance breaking events are taken care of by the famous angels who work in his stead. A God who stands on the top but has nothing to do decides to take a vacation! Where will he go and what adventures await? Story about an overpowered mc doing whatever he wants. First story im writing. Thanks for reading. :) Cover picture found from Pintrest. (Link to picture) https://sakimichan.deviantart.com/art/Elf-prince-682126898?src=MC_deviation_stack
8 236 - In Serial7 Chapters
the hackmeister
when Sam fell down the stairs and he survived he thought he went mad, he had slowed down in mid air, then broken his neck and had still stood up as if nothing happened. To find out what was going on with him he did what he was good at, search for answers or steal the answers. After hacking a government datavault he discovers a horrible truth, a truth that forces the young masterhacker and top criminal to disappear from his old life. After abandoning everyone and everything he takes on a mask he has used many times but never like this, before he was just a rich and powerful hacker, now he is the hackmeister. Will he be able to protect himself and others from those that wish to use them for their own goals? my second fiction set in a completely other genre than i usually use for my stories, will update slowly and english is not my main language hence writing erors might occur
8 255 - In Serial3 Chapters
jealous
in which jungkook bought a puppy for taehyungcompletedtaekookone shot© sryslyunji All Rights Reserved 2017
8 171 - In Serial15 Chapters
Sqampy's Adoption
This is the sequel to Accidentally Adopted by iBallisticSquid, in which Izzy's and Squid's story is continued but joined by someone Sqampy and someone else...
8 123

