《အချစ်ဝိုင် ( Complete )》Part 25
Advertisement
အချစ်ဝိုင် ( part -25 )
▪▪▪▪▪▪▪▪▪▪
"ငါတို့ ကိုမင်းဆီခဏသွားရအောင်"
မခစကားကြောင့် ပီယရော၊ခေပါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိရင်း ခေါင်းညိတ်လိုက်သည်။
ခေနဲ့စကားများပြီးကတည်းက စာကြည့်ခန်းထဲပဲ အနေများသည့်သူသည် တွေ့လိုက်ချိန်တိုင်းမှာ Laptopတစ်လုံးဖြင့် အလုပ်ရှုပ်နေတတ်သလို တစ်ခါတစ်လေမှာလည်း စာရွက်တွေကြားထဲခေါင်းမြုပ်နေတတ်သည်။
ဘာတွေလုပ်နေသလဲဟု အတိအကျမသိပေမယ့် အခန်းထဲကအလုပ်စားပွဲမှာ ဆွဲလက်စ လက်ဝတ်ရတနာပုံကြမ်းတွေအပုံလိုက်။
ခေ့လက်စွပ်ကိုလည်း ထိုအပုံလိုက်ထဲမှာတွေ့ခဲ့ဖူး၍ သူကိုယ်တိုင် ဒီဇိုင်းဆွဲထားမှန်းသိလိုက်ရ၏။
Starlightဆိုသည့်ဆိုင်သည် နာမည်ကြီးလက်ဝတ်ရတနာဆိုင်ဖြစ်ပြီး သူတို့မိသားစုအပိုင်ဆိုတာကိုတော့ ခေ မသိခဲ့။
ဒီဆိုင်ခွဲတွေအားလုံးကို သူချုပ်ကိုင်ထားသည်ဆိုတော့ အံ့သြမိပြီး သူလိုလူက ဒါမျိုးလည်းရသလားဟု ခေ အတွေးဝင်မိသည်။
"မခ နင့်အစ်ကိုက ဒီဇိုင်းတွေကို သူကိုယ်တိုင်ဆွဲတာလား"
လည်ဆွဲတွေချည်း ထည့်ထားသည့်ကောင်တာကိုငုံ့ကြည့်ရင်း ခေ မေးလိုက်တော့ မခကဂုဏ်ယူစရာတစ်ခုလို ခေါင်းလေးညိတ်ပြသည်။
"အင်း ကိုမင်းက အဲ့ဒီဘက်မှာတကယ်တော်တယ် အခုတော့ လက်ရာတွေကပိုမိုက်တယ် ကိုယ်ပိုင်ဒီဇိုင်းနဲ့ဈေးကွက်ချဲ့မယ်လို့ပြောတာပဲ ဖေဖေကလည်း ကိုမင်းကိုယုံတယ်လေ"
"နင့်လက်စွပ်က သူဆွဲပေးတာလား"
ပီယမေးတော့မှ မခသည် ခေ့လက်ကိုငုံ့ကြည့်ကာ ဝမ်းသာအားရရယ်ရင်း လက်ကိုပါဆွဲယူကြည့်သည်။
ခေကတော့ ပြဿနာရှာခံရမှာစိုး၍သာ ဝတ်ထားခြင်းဖြစ်ပြီး ကျန်တာဘာမှခေါင်းထဲမထည့်။
ဒါသည်လက်စွပ်သပ်သပ်သာ...
"ကိုမင်းကတော့ တကယ်ပါပဲ ငါ့ကိုတောင်အဲ့လိုတွေဆွဲမပေးဘူး ငါ့မှာခဏခဏပူဆာရတာ အေးလေ ကွာတော့ကွာတာပေါ့ နင်ကသူ့မိန်းမကိုး"
ခေ စူပုတ်သွားပြီးလက်ကိုပြန်ရုန်းပစ်တော့ မခက တခစ်ခစ်ရယ်ရင်း ခေ့ပခုံးကိုမှီသည်။
ခေ့ရဲ့ခရမ်းရောင်ဆံပင်တွေကို တစ်ချက်ဆွဲဖွပစ်ရင်း ပါးလေးကို မနာအောင်ဆွဲဖဲ့ကာ•••••
"ငါ့အစ်ကိုမို့လိုက်ပြောတာမဟုတ်ဘူး ခေစုတ်မ ကိုမင်းက နင့်ကိုတော်တော်ချစ်တာပါ"
"ဘာဆိုင်လို့လဲ"
"နင် သူ့ကိုပြန်ခံပြောသလို တစ်အိမ်လုံး ဘယ်သူမှမပြောရဲဘူးနော် အဲ့ဒီနေရာမှာ ငါသာဆို အရိုးတခြား၊ အသားတခြား ဖြစ်သွားလောက်ပြီသိလား ပြီးတော့ နင် ပါးရိုက်တာကို ဘာမှပြန်မလုပ်ဘူးမလား တခြားသူဆိုရနေပါဦးမယ် လက်နဲ့တောင်မရွယ်ရဲဘူး"
မခပြောသလို အိမ်မှာ မေမေနှင့်အန်တီသီက သူ့စကားကို အမြဲခေါင်းညိတ်သူများသာဖြစ်ပြီး အန်တီသီဆို သူ့ကိုကြောက်ရသည်။
သူ့စကားတစ်ခွန်ဆို တစ်ခွန်း၊ ငြိမ်ဝပ်ပိပြားလို့...
ထိုအချိန်က ဒီလောက်ဆိုးဝါးသည့်လူကို ဘာကြောင့်ကြောက်နေကြသလဲဟု ခေ တွေးမိသေးသည်။
"ဆရာဖုန်းပြောနေလို့ ခဏစောင့်ပါဦးနော်"
ကောင်မလေးတစ်ယောက်က ခေတို့ကိုပြောလာတော့ မခက ပြုံးပြခေါင်းညိတ်လိုက်စဥ်မှာ မခအနားကို မိန်းကလေးတစ်ယောက်ရောက်လာသည်။
ထိုမိန်းကလေးက မခလက်မောင်းကိုဆွဲလှည့်ကာ မျက်နှာချင်းဆိုင်ရပ်စေတော့ မခ ကြောင်သွားပြီး ခေ့ကိုလှည့်ကြည့်၏။
"နင်က ဦးမင်းရဲ့သမီးလား ဦးမင်းဘယ်မှာလဲ"
မခမျက်လုံးလေးပြူးသွားပြီး ဘာမှပြန်မပြောတော့ မိန်းကလေးက မခလက်မောင်းနှစ်ဖက်လုံးကိုဆွဲခါကာ•••••
"ဦီးမင်း ဘယ်မှာလဲလို့"
"မင်း လွှတ်စမ်း"
ပီယသည် ဒေါသတကြီးဖြစ်သွားပြီး ထိုမိန်းကလေးရဲ့လက်တွေကိုဖယ်ချကာ မခရှေ့ကနေ ကွယ်ရပ်လိုက်သည်။
ခုချိန်ထိစကားမပြောနိုင်သေးသည့်မခကို ခေ ပခုံးလေးဖက်ထားလိုက်ချိန် ထိုမိန်းကလေးက ပီယကိုရှောင်ပြီး မခဆီလာဖို့ကြိုးစား၏။
"ငါ့ကိုအဲ့ဒီအတိုင်းဖြတ်ခဲ့လို့ရမလား နင့်အဖေဘယ်မှာလဲ"
"ဆရာ"
ကောင်မလေးတွေအသံကြောင့် ရုံးခန်းထဲကထွက်လာပုံရသည့် သူသည် မခကိုဒေါသဖြစ်သလိုကြည့်နေရာမှ ပီယရှေ့ကမိန်းကလေးဆီ အကြည့်ရောက်သွားသည်။
ခေတို့မသိသော ထိုမိန်းကလေးကို သူကသိနေသလို အငြှိုးတကြီးပြုံးလိုက်ကာ••••••
"ချစ်ဒါလီ"
"နင်.. မင်းစေ နင်.. နင်တို့သားအဖက လူယုတ်မာတွေ ဦးမင်းဘယ်မှာလဲ နင့်အဖေက ငါ့ကို"
"တိတ်စမ်း!!"
စူးရှ၍အာဏာသံပါလှသော သူ့စကားကြောင့် ထိုမိန်းကလေးက တစ်ချက်ငြိမ်သွား၏။
ထိုမိန်းကလေးသာမက ခေတို့တွေတောင်ထိတ်လန့်သွားသည်အထိ အေးစက်နေသည့်မျက်နှာက ထိုမိန်းကလေးကို မဲ့ပြုံးဖြင့်စိုက်ကြည့်နေခဲ့ကာ....
"မင်းအရှက်မရှိလာပြီး သရုပ်ပျက်ပြနေတိုင်း မင်းကိုယ်မင်းဟုတ်လှပြီထင်နေတာလား မင်းလာချင်တိုင်းလာ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေရအောင် ဒီနေရာကဦးမင်းမြတ်ရဲ့နေရာမဟုတ်ဘူး ငါ့နေရာ.. ပြော.. မင်းဘာသာထွက်သွားမလား ငါဆွဲထုတ်ရမှာလား"
"မသွားနိုင်ဘူး ဦးမင်းနဲ့တွေ့မှဖြစ်မယ်"
သူက ခေါင်းညိတ်ပြီး သူ့အရိပ်အကဲကိုကြည့်နေသော securityတွေကိုပါ လှမ်းခေါ်ပြီး မန်နေဂျာဖြစ်ပုံရသည့်အမျိုးသမီးကို လှည့်ကြည့်သည်။
"အခုချက်ချင်းဆွဲထုတ်သွားစမ်း အဲ့ဒါမှမပြန်သေးရင် ရဲစခန်းကိုဖုန်းဆက်လိုက် ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ အာမခံမရအောင်ပါလုပ်လိုက်"
သူက အမိန့်တစ်ခုလိုပြောကာ ရုံးခန်းဘက်ကို ချက်ချင်းလှည့်ထွက်သွား၏။
Securityတွေက ရုန်းကန်အော်ဟစ်နေသည့် ထိုမိန်းကလေးကိုဆွဲထုတ်သွားတော့ မခက ငိုနေပြီဖြစ်ပေမယ့် လေးကန်သည့်ခြေလှမ်းတွေဖြင့် သူ့နောက်ကပြေးလိုက်သွားသည်။
ခေတို့အားလုံးအခန်းထဲရောက်သည်အထိ သူ့ဒေါသကအဆုံးမသတ်သေးဘဲ စားပွဲကို ဖိုင်တစ်ခုဖြင့်ဗျန်းခနဲရိုက်ပစ်လိုက်ပြီး မခကိုစူးစူးကြီးကြည့်သည်။
"ဆိုင်တွေဆီမလာနဲ့လို့ နင့်ကိုပြောထားတယ်မလား မေမိုးမခ"
"ကိုမင်း ဒါတွေကိုမသိစေချင်လို့ မခကို"
"အခုနင်သိတော့ရော နင့်မှာဘာဖြစ်သွားလဲ နင်ရော မေမေရော ဒီလိုတွေဖြစ်မှာစိုးလို့ တမင်မပြောဘဲထားခဲ့တာ နားလည်လား"
ထိုအခါမှ မခ ဆိုဖာမှာထိုင်ပြီး ကြူကြူပါအောင်အော်ငိုတော့ ပီယမျက်နှာပျက်သွားပြီး မခကိုဖက်ကာတတွတ်တွတ်ချော့သည်။
မခကိုစိုက်ကြည့်နေသည့် သူကတော့ ဒီလိုပြဿနာကို တစ်ခါမကကြုံဖူးထားပုံဖြင့် သွေးအေးခက်ထန်နေ၏။
"အကုန်ပြန်တော့ နောက်ထပ်မလာနဲ့ ငါ ပြောထားပြီးသားနော် နောက်တစ်ခါထပ်လာရင် ခွင့်လွှတ်မယ်မထင်နဲ့"
▪▪▪⏳⏳⏳▪▪▪
သူထိရှခံစားနေလိမ့်မည်ဟု ခေ့စိတ်ထဲထင်နေမိတာမို့ ခြေသံမကြားအောင် စာကြည့်ခန်းထဲဝင်လာခဲ့သည်။
ထင်ထားသည့်အတိုင်း စားပွဲမှာခေါင်းငိုက်စိုက်ဖြင့် ငြိမ်သက်နေသည့်သူက တစ်ခုခုကိုအတွေးရောက်နေသလို ခေရောက်လာတာကိုလည်းမသိ...
"ရှင် အဆင်ပြေရဲ့လား"
ခေ့အသံကြောင့် သူအသိဝင်လာသလို ဖျတ်ခနဲဖြစ်သွားပြီး ကိုယ်ကိုမတ်မတ်ပြင်ထိုင်ကာ ခေ့ကိုမကြည့်ဘဲခေါင်းညိတ်ပြသည်။
သူက အံကြိတ်ထားသလို မေးရိုးတွေကားနေတာမို့ ခေ သနားစိတ်လေးဝင်သွားပြီး သူ့ပခုံးကို ခပ်ဖွဖွလေးဖိဆုပ်လိုက်သည်။
"ရှင့်စိတ်ထဲ တစ်ခုခုဖြစ်နေရင်လည်း ပြောပြပါလား ရှင်အဆင်မပြေမှန်း ခေလည်းသိပါတယ်"
ထိုအခါ သူ ခဏတော့ငြိမ်သက်သွားပြီး ခေါင်းငုံ့သွားကာ သက်ပြင်းချလိုက်သံကြားလိုက်ရသည်။
"အဲ့ဒါတွေက အခုမှမဟုတ်ဘူး ခရေဝိုင် ငါစသိတုန်းက ငါ့အသက်၁၃နှစ်ပဲရှိသေးတယ် ဒါပေမယ့် ဖေဖေ့ကိစ္စတွေက အဲ့ဒီထက်စောချင်စောလိမ့်မယ်"
Advertisement
သူ့အသံကတိုးဖွဖွဖြစ်ပေမယ့် တိတ်ဆိတ်နေချိန်မို့ ပီပီသသကြားနေရသည်။
တိုးဖွသည့်အသံဖြစ်ပေမယ့် နာကျင်မှုကြောင့် တုန်ယင်နေကာ တစ်ချက်တစ်ချက် အသံတိုးသွားသည်။
"ငါ့အဖေဟာ ဒီလိုလူဆိုပြီး ကွယ်ရာမှာဟားတိုက်ခံရတယ် ရှင်းရှင်းပြောရရင်ငါရှက်တယ် နာကျင်ရတယ် အဲ့လိုရှက်ရွံ့နာကျင်စရာကို မခဆီမရောက်စေချင်ဘူး သူ့ကိုအဲ့လိုအကြည့်တွေနဲ့ ကြည့်မှာကိုလည်း ငါမခံနိုင်ဘူး
အဲ့ဒါကြောင့်ပဲ မခအပေါ်ကိုတင်းကျပ်ခဲ့သလို ဖေဖေ့ပြဿနာကိုလည်း အိမ်မရောက်အောင် မင်းမြင်ခဲ့သလိုငါအကုန်လိုက်ရှင်းတယ် ဒါပေမယ့်"
သူ ဆတ်ခနဲဖြစ်သွားတာမို့ ငိုနေသလားဟု ခေ ငုံ့ကြည့်မိသည်။
"ဒါပေမယ့် အခုထိရှင်းလို့မပြီးသေးဘူး ဖေဖေက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူးထင်တယ်"
တိုးတိတ်နာကျင်စွာဖြင့် သူ့အသံပျောက်ကွယ်သွားတော့ ခေသည် သူ့ကိုသနားသွားမိပြီး ထိုင်ခုံအနောက်ကနေ သူ့လည်ပင်းကိုဖက်ထားလိုက်သည်။
ငယ်ငယ်က မာမီ့ကိုတမ်းတမိတိုင်း ကြီးမေကခုလိုဖက်ထားပေးပြီး ခေ့ကိုချော့ခဲ့တာမို့ နွေးထွေးသည့်နှစ်သိမ့်မှုတစ်ခုတော့ သူ ခံစားမိလောက်သည်။
အမြဲလိုလို ခပ်ရိုင်းရိုင်းစကားတွေဆိုကာ ဂျစ်ကန်ကန်နေတတ်သော သူ့လိုလူမှာ ဒီလိုနာကျင်ရှက်ရွံ့စရာတွေ ရှိနေလိမ့်မည်ဟု ခေ မတွေးမိခဲ့။
"ရှင် တစ်ယောက်တည်းကြိတ်မှိတ်နေတာမှားတယ် မင်းစေရာ ရည်ရွယ်ချက်ကတော့ ကောင်းပေမယ့် နည်းလမ်းမှားသွားတယ် ဒါပေမယ့် ရှင်က မခအတွက်တော့ အစားထိုးမရတဲ့ အစ်ကိုကောင်းတစ်ယောက်ပါပဲ"
"အခု သူလည်းသိသွားပြီလေ ငါဘယ်လိုလုပ် အစ်ကိုကောင်းဖြစ်တော့မှာလဲ"
"သိချိန်တန်လို့သိသွားတာလေ ရှင် မခအပေါ်စေတနာအပြည့်နဲ့ကာကွယ်ခဲ့တာပဲ မခက သူ့အဖေအကြောင်း သိသွားလို့ငိုတာ ရှင့်လိုနာကျင်ခံစားရတာမျိုးမှ မရှိသေးဘဲ အဲ့ဒါရှင်ကာကွယ်ပေးခဲ့လို့လေ"
ဟွန့်ခနဲ သူ့ဆီကရယ်သံကြားလိုက်တော့မှ ခေ သူ့ကိုပြန်လွှတ်လိုက်သည်။
၁၃နှစ်သားကတည်းက သိနေသည့်ကိစ္စသည် သူ့အတွက် ဘယ်လောက်နာကျင်ရမလဲ၊ ခုလိုမတုန်မလှုပ်ဖြင့် သွေးအေးနေသည်ကိုက ဘယ်လောက်ထိ ပိတ်လှောင်ခံစားခဲ့ရလို့လဲဟု ခေ နားလည်သွားသည်။
ဒီအကြောင်းတွေကြောင့်ပဲ သူ ဆိုးဝါးစွာ ရိုင်းစိုင်းလာခြင်းဖြစ်လောက်သည်။
"စောစောအိပ်နော် အဲ့ဒီအကြောင်းတွေ မတွေးနဲ့တော့"
သူ ခေါင်းညိတ်ပြတာမို့ ခေ ဂါဝန်စလေးကိုမပြီး စာကြည့်ခန်းကပြန်ထွက်လာခဲ့သည်။
ဒါကိုကြည့်နေသော ဘုရားခန်းမှထွက်လာသည့်ကြီးမေကို ခေ မမြင်လိုက်...
▪▪▪⏳⏳⏳▪▪▪
"ရော့"
ဘုတ်ခနဲအနားမှာကျလာတော့ အိတ်တစ်လုံးဖြစ်နေ၍ ဘာလဲဟု ဖွင့်မကြည့်သေးဘဲ သူ့ကိုအရင်မော့ကြည့်လိုက်သည်။
သူက ခေ့ကိုအရေးမလုပ်ဘဲ အင်္ကျီကြယ်သီးတွေကိုဖြုတ်ကာ ရေချိုးခန်းထဲဝင်သွားတော့မှ ထိုအထုတ်လေးကို ခေဖွင့်ကြည့်မိသည်။
ခေ အမြဲသုံးတတ်သည့် Maybelline lipstickတွေဖြစ်ကာ ကျောင်းပိတ်ရက်မှ အပြင်ထွက်ဝယ်ဖို့ စိတ်ကူးထားသည့်အရာတွေ။
"ဟယ်!! စုံနေတာပဲ"
အရောင်7ခုရှိသည်မို့ 7ဘူးလုံး ယူလာခြင်းဖြစ်ကာ ခေ ပြုံးလိုက်မိပြီး တစ်ရောင်ချင်းထုတ်ကြည့်မိသည်။
ခေ ဒီတံဆိပ်ကိုပဲသုံးတတ်တာ သူသိနေခဲ့လို့လား...
ထိုအချိန် မွေ့ရာပေါ်တင်ခဲ့သော သူ့ဖုန်းဝင်လာ၍ သွားပေးရမလားစဥ်းစားနေစဥ် ရေချိုးခန်းထဲက သူပြန်ထွက်လာသည်။
"ပြော"
စောစောက ဝင်သွားသည့်ပုံပဲမို့ ရေချိုးခန်းထဲမှာ သူ ဘာလုပ်နေလို့လဲဟု အတွေးလေးဖြစ်သွားမိသည်။
"အဲ့ဒါက ကျောက်ကိုသေချာထည့်လေ ခဏခဏပြုတ်ထွက်နေတာ ခင်ဗျားတို့သေချာမလုပ်လို့ပေါ့"
"-----"
"မရဘူး မပြင်နိုင်ဘူး ကျွန်တော်နဲ့အလုပ်ကိစ္စပြောတုန်းက ခင်ဗျားကိုသေသေချာချာကြည့်ခိုင်းတယ် တောင်းတဲ့ဈေးကိုလည်းပေးတယ် အခုအဲ့ဒီပုံအတိုင်းပဲရအောင်လုပ်ပေး နည်းနည်းလေးမှမလွဲစေနဲ့ ကျွန်တော်စစ်ကြည့်လို့စိတ်တိုင်းမကျရင် ခင်ဗျားတို့ပန်းတိမ်ဖို ပြဿနာတက်ပြီသာမှတ်"
ဒီလောက်ကြိမ်းမောင်းနေတာ တစ်ဖက်လူတော့မသိ၊ ခေကတော့ သူ့ကိုအမြင်ကတ်သွားမိသည်။
ဖုန်းချကာ ခေ့ကိုမျက်မှောင်ကုပ်ပြီးကြည့်လာတော့ ပခုံးလေးတွန့်ပြီး နှုတ်ခမ်းနီဘူးတွေကိုပဲ ပြန်ကြည့်၍••••
"ရှင် ဒီအရောင်တွေအကြောင်းသိလို့လား"
"မသိဘူး ဆိုင်ဝန်ထမ်းတစ်ယောက်က ရောင်းနေလို့ အလုပ်ရှင်အနေနဲ့ မြှင့်တင်ပေးဖို့လိုအပ်လို့ ဝယ်လာတာ မင်းမလိုချင်ရင်လည်း လွှင့်ပစ်လိုက်ပေါ့"
"ရှင် စကားကို နူးနူးညံ့ညံ့မပြောတတ်ဘူးလား"
"ပြောတတ်တယ် ဝါသနာမပါတာ"
စောစောက ကျေးဇူးတင်ချင်သည့်စိတ်လေးတောင် ဘယ်ရောက်သွားမှန်းမသိဘဲ ခေ မျက်စောင်းထိုးပစ်မိသည်။
ထိုအခါမှ သူပြုံးလိုက်တာကို အမှတ်တမဲ့မြင်လိုက်ရ၍ လှမ်းကြည့်မိတော့ သူက ရုပ်ပြန်တည်သွားပြီး ရေချိုးခန်းထဲပြန်ဝင်သွား၏။
သူ သေချာရှာဝယ်ခဲ့သည့်နှုတ်ခမ်းနီတွေကို ခေသဘောကျနေတာမို့ ကျေနပ်ကြည်နူးနေသည့်စိတ်က တော်တော်နဲ့ပျောက်ပျက်မသွား။
ခေ့ဘက်က စိမ်းကားမှုတွေ နည်းနည်းလျော့လာပြီမို့ သူ့ဘက်က အလျှော့ပေးပြီးနွေးထွေးလိုက်လျှင် သူမ နူးညံ့လာနိုင်သည်။
အတွေးနဲ့တင်ပျော်သွားပြီး ရေချိုးကာ အပြင်ပြန်ရောက်တော့ ခေက စာကြည့်မျက်မှန်လေးဖြင့် စာလုပ်နေသည်။
နားကြပ်တစ်ဖက်လည်းတပ်ထားတာမို့ သီချင်းနားထောင်ရင်း စာလုပ်တတ်သည့်အကျင့်ကလည်း ထူးဆန်း၏။
ခရမ်းရောင်ဆံပင်တွေကို သူ မထိကိုင်ဖူးသေးတာမို့ ခေ့အနားမှာထိုင်လိုက်တော့ ခေကလှည့်ကြည့်သည်။
ဆံပင်တွေကိုဆွဲယူပြီး စိတ်ပါလက်ပါဖြီးပေးတော့ ခေက ဟိုတစ်ခါကလိုမတုန်မလှုပ်ရှိပေမယ့် သူ့စာကိုပဲ ဆက်ကြည့်နေခဲ့သည်။
"ဘာစိတ်ကူးနဲ့ ဒီအရောင်ပြောင်းလိုက်တာလဲ"
"ကြိုက်လို့"
"အင်း မင်းနဲ့လိုက်ပါတယ်"
နောက်ထပ်စကားမပြောဖြစ်တော့ဘဲ ခေ့ဆံပင်လေးတွေကို စိတ်ရှည်လက်ရှည်ဖြီးပေးနေမိတုန်း ခေ့ဆီမှ အသံတိုးတိုးလေးထွက်လာ၏။
"ရှင် အဆင်ပြေရဲ့လား မနေ့ကကိစ္စ"
"ပြေပါတယ် မခသိသွားတာကိုပဲ စိတ်မကောင်းဖြစ်မိတာ ငါကကြုံနေကျပဲ မဆန်းတော့ဘူး"
သူ့လေသံက တကယ်မထူးဆန်းသလိုဖြစ်နေ၍ လှည့်ကြည့်မိတော့ သူ့ပုံစံကမနေ့ညကလို အေးစက်သည့်နှုတ်ဆိတ်မှုတွေဖြင့်။
"ဘယ်လိုမဆန်းတာလဲ ရှင့်အဖေရဲ့ကောင်မလေးတွေ ရှင့်ဆီရောက်လာရင် ဒီလိုကြီးထပ်ဖြစ်သွားမှာပဲမလား ရှင့်အဖေနဲ့ရင်ဆိုင်လို့ရတဲ့ကိစ္စကို ရှင်ဘာလို့ဒီအတိုင်းနေနေတာလဲ"
သူ ခေ့ကိုမကြည့်တော့ဘဲ ခေါင်းခါပြီး ဘီးကိုစားပွဲပေါ်ချပြီး စားပွဲကိုသာ စူးစိုက်ကြည့်နေသည်။
"မင်းစဥ်းစားကြည့်လေ ဖေဖေ့ကိုငါကပြန်ပြီးဆုံးမရမှာလား မလုပ်ပါနဲ့တော့လို့ တားဆီးရမှာလား"
"လုပ်သင့်ရင်လုပ်ရမှာပေါ့ ရှင်အဲ့လိုလူမသိသူမသိ ဖြေရှင်းပစ်လိုက်တာတွေကြောင့် ရှင့်အဖေလည်း ပြန်မသိတော့ဘူးလေ အဲ့ဒီမှာသူလုပ်သမျှကို ရှင်မသိဘူးလို့ထင်နေလို့ ရှေ့ဆက်တိုးနေတာရော မဖြစ်နိုင်ဘူးလား"
သူ မထင်ခဲ့မိသည့်အတွေးဖြစ်ပုံရကာ ခေ့စကားကြောင့်တစ်ချက်တွေဝေသွားမိသည်။
သို့သော် သူ့နေရာကခံစားချက်ကို ခေနားလည်နေသည်မို့ သူတွေဝေနေတာကိုပဲ စူးစူးလေးကြည့်မိသည်။
"ရှင် ဘာလို့မပြောချင်တာလဲ ခေ သိတယ်"
သူ့မျက်နှာမော့လာကာ ခေ့ကိုကြည့်ပြီး မယုံသလို မင်း ဘာသိလို့လဲဆိုသည့်အပြုံးမျိုးဖြင့် ခေ့ကိုလှောင်သလိုပြုံး၏။
Advertisement
"ဘာလဲ"
"ရှင့်အဖေ့ရဲ့လုပ်ရပ်တွေက ရှင့်ရဲ့အားနည်းချက်ဖြစ်နေတယ် ရှင့်ကိုအထင်သေးကြမှာ၊ လက်ညှိုးထိုးခံရမှာကိုလည်း ရှင်ကြောက်နေတယ် ရှက်လည်းရှက်နေတယ် အဲ့ဒီစိတ်တွေကြောင့် ရှင်အရမ်းဒေါသကြီးနေတာမလား"
သူ ငြိမ်နေလိုက်ပေမယ့် ဒါဟာအမှန်ပဲဖြစ်သည်။
မခကို အိမ်ထဲကအိမ်အပြင်မထွက်ရဲအောင် တင်းကျပ်ခဲ့သည့် တစ်ခုတည်းသောအကြောင်းအရင်းလည်းဖြစ်သည်။
သူ ခံစားခဲ့ရသော နာကျင်ရှက်ရွံ့မှုတွေ ညီမလေးကိုရော၊ မေမေ့ကိုပါ မဖြစ်စေချင်။
"ကိုယ့်ကိုယ်ကို ထိခိုက်အောင်မလုပ်ပါနဲ့ မင်းစေရာ ရှင့်အဖေနဲ့ ကိုယ်တိုင်မရှင်းချင်ရင် ခေ ဝင်ပါမှာနော် ရှင်နာမည်တပ်ထားသလိုပဲ ကျွန်မကရှင့်မိန်းမ"
ထိုအခါ သူက စိတ်ပါလက်ပါဖြင့် ဟက်ခနဲရယ်တော့ ဘေးတိုက်မြင်ရသည့်အနေအထားမှာ ပါးချိုင့်လေးတွေထင်းခနဲ။
သူ တကယ်ကြည့်ကောင်းသည့်လူတစ်ယောက်ပဲ...
"ငါမိုးကုတ်ကို ခရီးထွက်စရာရှိတယ် အဲ့ဒီကျမှပဲ ပြောတော့မယ်"
သူ့မျက်နှာ အေးတိအေးစက်မဟုတ်တော့တာမို့ ခေ ခေါင်းလေးညိတ်ပြလိုက်ပြီး သူ့ကိုကျောပေးလိုက်တော့ ခေ့ကို သူကဖက်ထားလိုက်ပြီး ဆံပင်တွေထဲမျက်နှာနှစ်ထားသည်။
ခေ ပြန်မရုန်းဘဲငြိမ်နေလိုက်တော့ ခေ့နားရွက်ဖျားလေးကိုနမ်းကာ...
"ကျေးဇူးတင်ပါတယ် ကိုယ့်စိတ်ကို နားလည်ပေးလို့"
ကိုယ် တဲ့။
မကြုံစဖူးနူးညံ့နေသော သူ့အသံကြောင့် ခေ အောက်နှုတ်ခမ်းလေးကို ဖိကိုက်ကာ အသံမထွက်အောင်ပြုံးလိုက်မိသည်။
ခေ့ရဲ့လည်ဂုတ်လေး နွေးခနဲဖြစ်သွားပြီး တစ်ဆက်တည်းမှာ ခပ်စူးစူးဖြစ်သွား၍ ခေ ခေါင်းလေးငုံ့ကာအသံတိတ်ရယ်မိသည်။
ပြီးမှ ခေ့ကိုလွှတ်ပြီး အခန်းအပြင်ပြန်ထွက်သွားတော့ ခေ့ကျောပြင်လေးနွေးနေခဲ့ကာ သူ့ရဲ့ရေမွှေးနံ့က စွဲထင်နေခဲ့သည်။
အနည်းငယ်ပူနွေးရှိန်းမြနေခဲ့သော လည်ဂုတ်ကလေးကို လက်ချောင်းလေးတွေဖြင့် ထိတို့မိချိန်မှာတော့ ခေ ဘာကြောင့်မှန်းမသိ၊ ကျေနပ်သွားမိ၏။
သေချာတာတစ်ခုက ထိုအမှတ်အသားလေးကိုတော့ ခေ ကုတ်ဖဲ့မပစ်ချင်ခဲ့....
▪▪▪⏳⏳⏳▪▪▪
Part 26 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part -25 )
▪▪▪▪▪▪▪▪▪▪
"ငါတို႔ ကိုမင္းဆီခဏသြားရေအာင္"
မခစကားေၾကာင့္ ပီယေရာ၊ေခပါ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကၫ့္မိရင္း ေခါင္းညိတ္လိုက္သည္။
ေခနဲ႔စကားမ်ားၿပီးကတည္းက စာၾကၫ့္ခန္းထဲပဲ အေနမ်ားသၫ့္သူသည္ ေတြ့လိုက္ခ်ိန္တိုင္းမွာ Laptopတစ္လံုးျဖင့္ အလုပ္ရႈပ္ေနတတ္သလို တစ္ခါတစ္ေလမွာလည္း စာရြက္ေတြၾကားထဲေခါင္းျမဳပ္ေနတတ္သည္။
ဘာေတြလုပ္ေနသလဲဟု အတိအက်မသိေပမယ့္ အခန္းထဲကအလုပ္စားပဲြမွာ ဆဲြလက္စ လက္ဝတ္ရတနာပံုၾကမ္းေတြအပံုလိုက္။
ေခ့လက္စြပ္ကိုလည္း ထိုအပံုလိုက္ထဲမွာေတြ့ခဲ့ဖူး၍ သူကိုယ္တိုင္ ဒီဇိုင္းဆဲြထားမွန္းသိလိုက္ရ၏။
Starlightဆိုသၫ့္ဆိုင္သည္ နာမည္ႀကီးလက္ဝတ္ရတနာဆိုင္ျဖစ္ၿပီး သူတို႔မိသားစုအပိုင္ဆိုတာကိုေတာ့ ေခ မသိခဲ့။
ဒီဆိုင္ခဲြေတြအားလံုးကို သူခ်ဳပ္ကိုင္ထားသည္ဆိုေတာ့ အံ့ၾသမိၿပီး သူလိုလူက ဒါမ်ိဳးလည္းရသလားဟု ေခ အေတြးဝင္မိသည္။
"မခ နင့္အစ္ကိုက ဒီဇိုင္းေတြကို သူကိုယ္တိုင္ဆဲြတာလား"
လည္ဆဲြေတြခ်ည္း ထၫ့္ထားသၫ့္ေကာင္တာကိုငံု႔ၾကၫ့္ရင္း ေခ ေမးလိုက္ေတာ့ မခကဂုဏ္ယူစရာတစ္ခုလို ေခါင္းေလးညိတ္ျပသည္။
"အင္း ကိုမင္းက အဲ့ဒီဘက္မွာတကယ္ေတာ္တယ္ အခုေတာ့ လက္ရာေတြကပိုမိုက္တယ္ ကိုယ္ပိုင္ဒီဇိုင္းနဲ႔ေဈးကြက္ခ်ဲ႔မယ္လို႔ေျပာတာပဲ ေဖေဖကလည္း ကိုမင္းကိုယံုတယ္ေလ"
"နင့္လက္စြပ္က သူဆဲြေပးတာလား"
ပီယေမးေတာ့မွ မခသည္ ေခ့လက္ကိုငံု႔ၾကၫ့္ကာ ဝမ္းသာအားရရယ္ရင္း လက္ကိုပါဆဲြယူၾကၫ့္သည္။
ေခကေတာ့ ျပႆနာရွာခံရမွာစိုး၍သာ ဝတ္ထားျခင္းျဖစ္ၿပီး က်န္တာဘာမွေခါင္းထဲမထၫ့္။
ဒါသည္လက္စြပ္သပ္သပ္သာ...
"ကိုမင္းကေတာ့ တကယ္ပါပဲ ငါ့ကိုေတာင္အဲ့လိုေတြဆဲြမေပးဘူး ငါ့မွာခဏခဏပူဆာရတာ ေအးေလ ကြာေတာ့ကြာတာေပါ့ နင္ကသူ႔မိန္းမကိုး"
ေခ စူပုတ္သြားၿပီးလက္ကိုျပန္ရုန္းပစ္ေတာ့ မခက တခစ္ခစ္ရယ္ရင္း ေခ့ပခံုးကိုမွီသည္။
ေခ့ရဲ့ခရမ္းေရာင္ဆံပင္ေတြကို တစ္ခ်က္ဆဲြဖြပစ္ရင္း ပါးေလးကို မနာေအာင္ဆဲြဖဲ့ကာ•••••
"ငါ့အစ္ကိုမို႔လိုက္ေျပာတာမဟုတ္ဘူး ေခစုတ္မ ကိုမင္းက နင့္ကိုေတာ္ေတာ္ခ်စ္တာပါ"
"ဘာဆိုင္လို႔လဲ"
"နင္ သူ႔ကိုျပန္ခံေျပာသလို တစ္အိမ္လံုး ဘယ္သူမွမေျပာရဲဘူးေနာ္ အဲ့ဒီေနရာမွာ ငါသာဆို အရိုးတျခား၊ အသားတျခား ျဖစ္သြားေလာက္ၿပီသိလား ၿပီးေတာ့ နင္ ပါးရိုက္တာကို ဘာမျွပန္မလုပ္ဘူးမလား တျခားသူဆိုရေနပါဦးမယ္ လက္နဲ႔ေတာင္မရြယ္ရဲဘူး"
မခေျပာသလို အိမ္မွာ ေမေမႏွင့္အန္တီသီက သူ႔စကားကို အၿမဲေခါင္းညိတ္သူမ်ားသာျဖစ္ၿပီး အန္တီသီဆို သူ႔ကိုေၾကာက္ရသည္။
သူ႔စကားတစ္ခြန္ဆို တစ္ခြန္း၊ ၿငိမ္ဝပ္ပိျပားလို႔...
ထိုအခ်ိန္က ဒီေလာက္ဆိုးဝါးသၫ့္လူကို ဘာေၾကာင့္ေၾကာက္ေနၾကသလဲဟု ေခ ေတြးမိေသးသည္။
"ဆရာဖုန္းေျပာေနလို႔ ခဏေစာင့္ပါဦးေနာ္"
ေကာင္မေလးတစ္ေယာက္က ေခတို႔ကိုေျပာလာေတာ့ မခက ႃပံုးျပေခါင္းညိတ္လိုက္စဥ္မွာ မခအနားကို မိန္းကေလးတစ္ေယာက္ေရာက္လာသည္။
ထိုမိန္းကေလးက မခလက္ေမာင္းကိုဆဲြလွၫ့္ကာ မ်က္ႏွာခ်င္းဆိုင္ရပ္ေစေတာ့ မခ ေၾကာင္သြားၿပီး ေခ့ကိုလွၫ့္ၾကည့္၏။
"နင္က ဦးမင္းရဲ့သမီးလား ဦးမင္းဘယ္မွာလဲ"
မခမ်က္လံုးေလးျပဴးသြားၿပီး ဘာမျွပန္မေျပာေတာ့ မိန္းကေလးက မခလက္ေမာင္းႏွစ္ဖက္လံုးကိုဆဲြခါကာ•••••
"ဦီးမင္း ဘယ္မွာလဲလို႔"
"မင္း လႊတ္စမ္း"
ပီယသည္ ေဒါသတႀကီးျဖစ္သြားၿပီး ထိုမိန္းကေလးရဲ့လက္ေတြကိုဖယ္ခ်ကာ မခေရ႔ွကေန ကြယ္ရပ္လိုက္သည္။
ခုခ်ိန္ထိစကားမေျပာႏိုင္ေသးသၫ့္မခကို ေခ ပခံုးေလးဖက္ထားလိုက္ခ်ိန္ ထိုမိန္းကေလးက ပီယကိုေရွာင္ၿပီး မခဆီလာဖို႔ႀကိဳးစား၏။
"ငါ့ကိုအဲ့ဒီအတိုင္းျဖတ္ခဲ့လို႔ရမလား နင့္အေဖဘယ္မွာလဲ"
"ဆရာ"
ေကာင္မေလးေတြအသံေၾကာင့္ ရံုးခန္းထဲကထြက္လာပံုရသၫ့္ သူသည္ မခကိုေဒါသျဖစ္သလိုၾကၫ့္ေနရာမွ ပီယေရ႔ွကမိန္းကေလးဆီ အၾကၫ့္ေရာက္သြားသည္။
ေခတို႔မသိေသာ ထိုမိန္းကေလးကို သူကသိေနသလို အႃငွိုးတႀကီးႃပံုးလိုက္ကာ••••••
"ခ်စ္ဒါလီ"
"နင္.. မင္းေစ နင္.. နင္တို႔သားအဖက လူယုတ္မာေတြ ဦးမင္းဘယ္မွာလဲ နင့္အေဖက ငါ့ကို"
"တိတ္စမ္း!!"
စူးရွ၍အာဏာသံပါလွေသာ သူ႔စကားေၾကာင့္ ထိုမိန္းကေလးက တစ္ခ်က္ၿငိမ္သြား၏။
ထိုမိန္းကေလးသာမက ေခတို႔ေတြေတာင္ထိတ္လန႔္သြားသည္အထိ ေအးစက္ေနသၫ့္မ်က္ႏွာက ထိုမိန္းကေလးကို မဲ့ႃပံုးျဖင့္စိုက္ၾကၫ့္ေနခဲ့ကာ....
"မင္းအရွက္မရိွလာၿပီး သရုပ္ပ်က္ျပေနတိုင္း မင္းကိုယ္မင္းဟုတ္လွၿပီထင္ေနတာလား မင္းလာခ်င္တိုင္းလာ ေသာင္းက်န္းခ်င္တိုင္း ေသာင္းက်န္းေနရေအာင္ ဒီေနရာကဦးမင္းျမတ္ရဲ့ေနရာမဟုတ္ဘူး ငါ့ေနရာ.. ေျပာ.. မင္းဘာသာထြက္သြားမလား ငါဆဲြထုတ္ရမွာလား"
"မသြားႏိုင္ဘူး ဦးမင္းနဲ႔ေတြ့မျွဖစ္မယ္"
သူက ေခါင္းညိတ္ၿပီး သူ႔အရိပ္အကဲကိုၾကၫ့္ေနေသာ securityေတြကိုပါ လွမ္းေခၚၿပီး မန္ေနဂ်ာျဖစ္ပံုရသည့္အမ်ိဳးသမီးကို လွၫ့္ၾကၫ့္သည္။
"အခုခ်က္ခ်င္းဆဲြထုတ္သြားစမ္း အဲ့ဒါမွမျပန္ေသးရင္ ရဲစခန္းကိုဖုန္းဆက္လိုက္ ဂုဏ္သိကၡာၫွိုးႏြမ္းေစမႈနဲ႔ အာမခံမရေအာင္ပါလုပ္လိုက္"
သူက အမိန႔္တစ္ခုလိုေျပာကာ ရံုးခန္းဘက္ကို ခ်က္ခ်င္းလွၫ့္ထြက္သြား၏။
Securityေတြက ရုန္းကန္ေအာ္ဟစ္ေနသည့္ ထိုမိန္းကေလးကိုဆဲြထုတ္သြားေတာ့ မခက ငိုေနၿပီျဖစ္ေပမယ့္ ေလးကန္သၫ့္ေျခလွမ္းေတျြဖင့္ သူ႔ေနာက္ကေျပးလိုက္သြားသည္။
ေခတို႔အားလံုးအခန္းထဲေရာက္သည္အထိ သူ႔ေဒါသကအဆံုးမသတ္ေသးဘဲ စားပဲြကို ဖိုင္တစ္ခုျဖင့္ဗ်န္းခနဲရိုက္ပစ္လိုက္ၿပီး မခကိုစူးစူးႀကီးၾကည့္သည္။
"ဆိုင္ေတြဆီမလာနဲ႔လို႔ နင့္ကိုေျပာထားတယ္မလား ေမမိုးမခ"
"ကိုမင္း ဒါေတြကိုမသိေစခ်င္လို႔ မခကို"
"အခုနင္သိေတာ့ေရာ နင့္မွာဘာျဖစ္သြားလဲ နင္ေရာ ေမေမေရာ ဒီလိုေတျြဖစ္မွာစိုးလို႔ တမင္မေျပာဘဲထားခဲ့တာ နားလည္လား"
ထိုအခါမွ မခ ဆိုဖာမွာထိုင္ၿပီး ၾကဴႂကူပါေအာင္ေအာ္ငိုေတာ့ ပီယမ်က္ႏွာပ်က္သြားၿပီး မခကိုဖက္ကာတတြတ္တြတ္ေခ်ာ့သည္။
မခကိုစိုက္ၾကၫ့္ေနသၫ့္ သူကေတာ့ ဒီလိုျပႆနာကို တစ္ခါမကႄကံုဖူးထားပံုျဖင့္ ေသြးေအးခက္ထန္ေန၏။
"အကုန္ျပန္ေတာ့ ေနာက္ထပ္မလာနဲ႔ ငါ ေျပာထားၿပီးသားေနာ္ ေနာက္တစ္ခါထပ္လာရင္ ခြင့္လႊတ္မယ္မထင္နဲ႔"
▪▪▪⏳⏳⏳▪▪▪
သူထိရွခံစားေနလိမ့္မည္ဟု ေခ့စိတ္ထဲထင္ေနမိတာမို႔ ေျခသံမၾကားေအာင္ စာၾကၫ့္ခန္းထဲဝင္လာခဲ့သည္။
ထင္ထားသၫ့္အတိုင္း စားပဲြမွာေခါင္းငိုက္စိုက္ျဖင့္ ၿငိမ္သက္ေနသၫ့္သူက တစ္ခုခုကိုအေတြးေရာက္ေနသလို ေခေရာက္လာတာကိုလည္းမသိ...
"ရွင္ အဆင္ေျပရဲ့လား"
Advertisement
- In Serial424 Chapters
The Formidable Son-In-Law: The Charismatic Lucas Gray
Six years ago, he disappeared silently! After six years, he becomes the unparalleled “God of War” and returns with glory, only to find that he has a daughter whom he never knew of. Looking at his wife and his daughter, he says, “In this lifetime, I’ll bring you the greatest honor and glory!”
8 1773 - In Serial11 Chapters
A Parallel Dream
Due to a recent rating, the story may not be featured or shown anywhere on Royal Road. If you enjoy the story, please rate and favorite. It really helps to keep me motivated and ensure others get to see the story. Thank you! Elijah Arrington was never a person many gave a second thought about. He and his sister, Abigail, lived alone while his parents worked out of town. However, one day, something odd happened while he made a trip into town. Within an instant, Eli is forced into an alternate world where his survival and the survival of those around is in danger. Eli must push forward to protect those that mean everything to him, while also attempting to make it back to his own world. If he doesn't, he risks losing everything. The series will have two chapters published each week. Depending on its popularity, more chapters may be published in quicker succession.
8 165 - In Serial12 Chapters
Making of a Genius [A Progression LitRPG]
What does it take to climb to the top of the academic ladder? Lexus came face to face with his mediocrity the moment he arrived at Cambridge University to study computer science. There was a ceiling that he could not overcome, an intellectual world that was unreachable. But if you give a chicken an eagle's wings, it will fly higher than you could ever imagine. And that was exactly what happened to Lexus: with the help of a system, he could make it big. Schedule:1 chapter per week (every Friday evening at 5:30pm GMT). The weekly schedule is to allow time for research and factual accuracy where required. Author's Note: The story is about a computer science student at university, gradually improving and embarking on the path to become a world-renowned genius-level expert with the help of a system. There'll be a lot of studying and academics, but imagine being the best in your year. Easily. At that point, academics stops being stressful and starts being fun, doesn't it? The initial chapters are heavy on mathematical detail, but I don't expect anyone to actually read through them thoroughly. It's fine to skim them or even skip them, but I hope you try to get a sense of the progress being made, and feel happy for Lexus when something 'clicks' inside his brain :) As the story progresses, later chapters will go into less depth into individual questions, though I aim to remain consistent in terms of scientific accuracy/feasibility. Welcome, and I hope you enjoy the story!
8 99 - In Serial23 Chapters
Hunter - A LitRPG/Xianxia apocalypse novel
A character-centric plot-driven GameLit/LitRPG apocalypse novel with notes of Xianxia. The Omniverse arrived, and with it, judgment. Humanity was found lacking and put in stasis until the Omniheaven deems it necessary. Only those with enough willpower were given a chance to prove their value and free humankind. Ricardo Black was one of them. But unlike his brethren, his talent was too average to attract those who could change his destiny. So, he finds himself alone on a shattered Earth, all technology destroyed, all weaponry made useless, all shelters blown up. Surrounded by monsters, he has one year to prove his value before Earth is open to the alien races of the Omniverse and whatever they bring with them. In the brutal struggles that follow, a certainty defines his being: It doesn't matter what this new world throws at him; He will prevail. Release schedule: 1 chapter every Saturday. Disclaimer: I do not own the cover image.
8 99 - In Serial5 Chapters
ʏᴏᴜ ᴀʀᴇ ᴍʏ 11:11 ᴡɪsʜ
He wear emotions on sleeves. She bearly let emotions out. If He is headphones, device helps to untie thread with world she is the soft music playing in them. If she is lonely moon in dense night sky, he is silent ocean under same sky. Far from reach yet its reflection on surface of ocean projects a significant view.VEERANSHU SINGHANIABANI SHARMA
8 125 - In Serial6 Chapters
Smile with me (Bible X Jeff)
Bible and Jeff both are final year university students who are currently trying to finish their Art Degree. They built up good friendship and also always helped each other. Because of their good terms suddenly they wanted to turn their friendship into more than that.Not only they spending their lovely time but also trying to do some of thriller things after they graduate. Nobody knows what will happen when they started to trying new thriller adventures.
8 77

