《အချစ်ဝိုင် ( Complete )》Part 27
Advertisement
အချစ်ဝိုင် ( part -27 )
▪▪▪▪▪▪▪▪▪▪
"တကယ်လား သား"
"ဟုတ်တယ် မေမေ အဲ့ဒါခေ့ကိုဂရုစိုက်ပေးပါ ကျွန်တော် ၃လလောက်တော့ကြာမယ်"
မေမေသည် ဝမ်းသာမျက်ရည်တွေဖြင့် ပြုံးပြုံးကြီးခေါင်းညိတ်တော့ သူစိတ်မကောင်းဖြစ်သွားမိသည်။
ထင်ရာလုပ်ပြီး ရိုင်းချင်တိုင်းရိုင်းနေခဲ့စဥ်က မေမေ ဘယ်လောက်တောင် စိတ်ဆင်းရဲနေလိမ့်မလဲ။
"မန္တလေးဆိုင်ခွဲတွေ သားလက်ထဲမှာမလား အဲ့ဒါကရော"
"တခြားသူကို တာဝန်ပေးထားတယ် မေမေ"
"မင်းထက်လား"
မေမေ့ဆီက ထိုနာမည်ကိုကြားလိုက်ရတော့ သူ ဖျတ်ခနဲဖြစ်သွားမိပြီး မှင်သက်သွားမိသည်။
မင်းထက်ကိုလည်း မေမေသိနေခဲ့တာလား...
"သားဖေဖေအကြောင်း မေမေလည်းသိပါတယ် သားကြိုးစားဖုံးကွယ်နေတာကိုလည်း မေမေသိတယ် မင်းထက်ကို အခုလိုနေရာပေးထားတာကိုလည်း လက်ခံပါတယ် သူလည်းသားရဲ့ညီတစ်ယောက်ပဲလေ"
"မင်းထက် ဒီမှာနေခဲ့လိမ့်မယ် မေမေ ခိုင်းစရာရှိရင်ခေါ်လို့ရတယ်"
ရှည်ရှည်ဝေးဝေးမပြောချင်၍ လိုရင်းကိုသာပြောတော့ မေမေက ခေါင်းညိတ်ပြီး သူ့မျက်နှာကို အသေအချာမော့ကြည့်ရင်း မျက်ရည်ဝဲ၏။
"မေမေကလေ ငါ့သားလေး အမြင်မှန်မရတော့ဘူးလို့ထင်နေတာ သားအဖေကလည်း ဘာမှမပြောရဘူးဆိုပြီး တားထားတော့"
"ဖေဖေက ကိုယ့်အသိစိတ်နဲ့ကိုယ် ပြင်လာတာကိုပဲလိုချင်တယ်ထင်တယ် ဖေဖေ့ကိုရော မေမေ့ကိုရော စိတ်ဆင်းရဲအောင်လုပ်မိတဲ့ အရာအားလုံးအတွက် ကျွန်တော်တောင်းပန်ပါတယ်"
"မလိုပါဘူး သားလေးရယ် ခုလိုဆုံးဖြတ်ထားတာကိုပဲ မေမေကျေနပ်နေပါပြီ ခေခေ့ကိုရော မပြောရသေးဘူးလား"
"ကျွန်တော်•••"
သူ ဘာပြောရမှန်းမသိဘဲ ခဏတော့ငြိမ်သွားသည်။
ဟိုတစ်ညပြီးကတည်းက ခေနဲ့ရင်မဆိုင်ရဲတာကို ဘယ်လိုပြောရမလဲ...
သူ့ကိုချစ်ရမှာကြောက်ပြီး သူ့ဆီကထွက်သွားခွင့်ရဖို့ကိုသာ မျှော်လင့်နေသည့်မိန်းကလေး။
သူ ထပ်ပြီးမနာကျင်ချင်သလို ခေ့ကိုလည်း ထပ်ပြီးစိတ်ရှုပ်အောင် မပြောချင်တော့။
"ကျွန်တော် သူ့ကိုနာကျင်စေခဲ့တယ် မေမေ အဲ့ဒီဆုံးဖြတ်ချက်က သူ့ကြောင့်မို့လည်း ရဲရဲကြီးချနိုင်ခဲ့တာပါ ဒါပေမယ့်မပြောတော့ဘူး ဒီအတိုင်းပဲထားလိုက်တော့မယ် မေမေပြောချင်ရင်တော့ ပြောပြလိုက်ပါ"
ခံစားချက်တွေပါလာတော့ မေမေက သူ့ကိုမော့ကြည့်ပြီး စိတ်မကောင်းဖြစ်သွားဟန်ဖြင့် ဆံပင်တွေကိုသပ်ပေးသည်။
မေမေက ထိုသို့အမြဲနူးညံ့နေတတ်ပြီး တစ်ခါတစ်လေ ဖေဖေ့အထိုးအကြိတ်ခံရရင်တောင်မှ မဆူရက် မငေါက်ရက်ဘဲ ပြုစုပေးတတ်သည်။
သူနှင့် ဖေဖေ စီစဥ်သည့်ကိစ္စတွေဆို ဝင်ရောက်စွက်ဖက်တာမျိုးသိပ်မရှိဘဲ ခပ်အေးအေးနေတတ်သူ။
ခေနဲ့ပြဿနာဖြစ်စက ဖေဖေ့ရဲ့မာကျောမှုတွေကိုလည်း ဖျောင်းဖျခဲ့ပြီး သူ့ကိုလည်း နူးနူးညံ့ညံ့ချော့မော့ပြောခဲ့သည်။
"သား လိမ်လိမ်မာမာနေတော့နော် မိန်းကလေးကို မေမေလိုက်တောင်းပေးမယ်"
ဆိုပြီး ခေ့ဆီလိုက်လာပေးခဲ့သည်။
မေမေပြောခဲ့သလို သူကိုယ်တိုင်လည်း လိမ္မာပေးခဲ့ပေမယ့် ခေကတော့ အခုချိန်မကျေနပ်နိုင်သေး။
"ပြီးတော့ ကျွန်တော်မသွားခင် သူဖြစ်ချင်တာအားလုံး လိုက်လျောပေးချင်တယ်"
"ခေခေက ဘာပြောထားလို့လဲ"
"ဘာမှမပြောပါဘူး ဒါပေမယ့် သူဘာလိုချင်လဲသိတယ် သူ ကျွန်တော်နဲ့နေရတာကို စိတ်ဆင်းရဲနေတယ် တစ်ခါတစ်လေငိုတယ် သူဖြစ်ချင်ခဲ့သမျှကို ကျွန်တော်ချုပ်ကိုင်ထားသလိုဖြစ်နေတော့ ကျွန်တော်မသွားခင်မှာ.."
"သား"
မေမေက သူ့ပခုံးကိုလှမ်းကိုင်လိုက်၍ စကားတွေရပ်သွားသည်။
"ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အိမ်ထောင်ရေးဆိုတာ လွယ်လွယ်နဲ့မဖျက်ဆီးသင့်ဘူး သားသူ့ကိုချစ်တယ်မလား"
"ကျွန်တော့်အချစ်က သူ့အတွက်အဆိပ်ဖြစ်နေတာ သူ ကျွန်တော့်ကိုစိတ်နာနေတုန်းပဲ ဒီအိမ်ထောင်ကိုမြဲဖို့ သာယာဖို့ ကျွန်တော့်ဘက်ကအလျှော့ပေးမယ့် စိတ်ကူးတွေရှိထားပေမယ့် သူက နာကျည်းချက်တွေနဲ့ပဲ.. ကျွန်တော်တို့ညှိလို့မရဘူး မေမေ"
"ခေခေက စိတ်နာနေတယ်ပဲထားပါ လူကြီးတွေရှိသေးတယ် အဲ့လိုမျိုး သားတို့ထင်ရာကို ဆုံးဖြတ်ခွင့်မပေးနိုင်ဘူး"
"ပေါင်းရမယ့်သူက ကျွန်တော်တို့ပါ မေမေ သူငိုရင် ခံစားရတာလည်း ကျွန်တော်ပါ သူစိတ်ချမ်းသာတဲ့လမ်းကို သူကိုယ်တိုင်ပဲရွေးပါစေ မေမေတို့လည်းနားလည်ပေးပါ"
"သားရယ်"
"ကျွန်တော် သူ့ကိုပျော်နေစေချင်တယ် သူရွေးချယ်တာဟာ ဘာပဲဖြစ်ဖြစ် မေမေတို့လက်ခံပေးပါ ကျွန်တော်ကိုယ်တိုင်လည်း လက်ခံမှာပါ"
မေမေ ဘာမှမပြောတော့ဘဲ သူ့ကိုသာကြည့်နေခဲ့သည်။
သူ့အသံတွေတိုးဖွပြီး မသိမသာတုန်ယင်နေတာကို မေမေ သတိထားမိရင် သတိထားမိနိုင်သည်။
ကိုယ်ရဲ့ပျော်ရွှင်ခြင်းအတွက် အရယူထားပေမယ့် ကိုယ်ချစ်ရသောသူ မပျော်နိုင်သည့်အတွက် အရင်ဆုံးလက်လွှတ်ချင်လာသူက သူပဲဖြစ်လေသည်။
အချစ်ဆိုတာ ရယူခြင်းလား၊ ပေးဆပ်ခြင်းလား သေသေချာချာမသိပေမယ့် သူ့အတွက်အချစ်ဆိုတာက ခေပျော်နေဖို့သာဖြစ်သည်။
▪▪▪⏳⏳⏳▪▪▪
"မင်းနားလည်ပြီလား မင်းထက်"
စာရွက်တွေကိုကြည့်ရင်း သူ ခေါင်းညိတ်ပြလိုက်ကာ အစ်ကို့ကိုတစ်ချက်ကြည့်မိသည်။
ဖေဖေ့ရဲ့တရားဝင်သားဖြစ်သည့်အပြင် အားလုံးထဲမှာ အသက်အကြီးဆုံးနဲ့ အတော်ဆုံးဖြစ်သလို အဆိုးဆုံးလည်းဖြစ်သည့် သူ့အစ်ကို။
"ဒီဇိုင်းထုတ်တဲ့ဘက်မှာတော့ မင်းကအားနည်းသေးတယ် အဲ့ဒီတော့စာရင်းပိုင်းကိုသေချာတာဝန်ယူ နည်းနည်းလေးမှမလွဲစေနဲ့ တစ်ခုခုမှားခဲ့ရင် ငါ့ညီမို့ မင်းကိုလွှတ်ပေးမယ်မထင်နဲ့ ကြားလား"
"ဟုတ်ကဲ့ အစ်ကို"
"တိုက်ခန်းကရော နေရတာအဆင်ပြေလား လိုတာရှိရင် အဆင်မပြေတာရှိရင်ပြော"
"ရတယ် အစ်ကို ဒါနဲ့ မိုးကုတ်မှာဘယ်လောက်ကြာမှာလဲ"
"အတိအကျတော့မပြောနိုင်သေးဘူး အနည်းဆုံး၃လပဲ ငါမရှိခင် အိမ်ကိုခဏခဏသွားကြည့်ပေး မေမေ့ကိုရော ခေ့ကိုရော သေချာဂရုစိုက်ပေးလိုက်"
အစ်ကိုက ဘယ်လောက်ပဲ အေးစက်မာကျောနေပါစေ၊ ခေဆိုသည့်စကားလုံးလေးမှာတော့ အမြဲပျော့ညံ့နေတတ်၏။
သူတစ်ခါမှမမြင်ဖူးခဲ့သော အစ်ကို့၏နူးညံ့ခြင်းတို့က ထိုမိန်းကလေးနှင့်တွေ့မှသာ မြင်ဖူးခဲ့၏။
ငယ်ငယ်ကတည်းက သွေးဆူစိတ်ဆတ်ပြီး တစ်ခုခုဆို လက်ကအရင် ရိုက်ခွဲဖျက်ဆီးပစ်တတ်သည်မို့ အစ်ကို့ကို ဘယ်သူမှပြန်မပြောရဲ။
ထိုမိန်းကလေးကိုတော့ သူ့ကိုပြန်ခံပြောနေသည့်တိုင် မထိရက်မတို့ရက်။
"မရီးနဲ့ စကားများထားတာလား အစ်ကို"
"မဆန်းတော့ဘူး ခဏခဏစကားများနေကြပဲ မဆိုင်တာကိုစိတ်မဝင်စားစမ်းနဲ့ မင်းထက် ငါပြန်လာလို့စိတ်တိုင်းမကျစရာရှိလာရင် မင်းသေပြီသာမှတ်"
"စိတ်ချပါ ကျွန်တော့်ကို အစ်ကိုတအားtrainထားတာပဲ အစ်ကို့ကိုမမှီရင်တောင် နောက်မကျစေရဘူး"
"အေး ပြီးတာပဲ"
အစ်ကို့ကို ချစ်ကြောက်လေးစားပေမယ့် ခဏခဏအကြိမ်းမောင်းခံနေရ၍ ဒါကြောင့်လည်း မရီးက သူ့အနားမကပ်တာ ဟု တွေးပြီးကြိတ်ပြုံးမိသည်။
အစ်ကိုသိရင်တော့ မျက်နှာတစ်ခုလုံးညိုအောင် အထိုးခံလိုက်ရမည့်ဖြစ်ခြင်း...
▪▪▪⏳⏳⏳▪▪▪
ဒီနေ့တော့ ခေတစ်ယောက်တည်းကျောင်းက ပြန်လာတော့ အိမ်ရှေ့မှာပဲ စကားရပ်ပြောနေသည့်ဟိုအမျိုးသမီးနှင့် သူ့ကိုတွေ့လိုက်သည်။
Advertisement
ခေ့မျက်နှာလေး တင်းခနဲဖြစ်သွားပေမယ့် သူဟာ ဒီလိုပွေတတ်သူမှန်းပြန်သတိရရင်း မမြင်ချင်ယောင်ဆောင်ကာ ခြံတံခါးဆီကိုပဲလျှောက်လာခဲ့သည်။
ခေ သူ့ကိုမယုံရဲတာ အပြစ်ရှိရဲ့လား...
"မင်း နေဦး"
ထိုအမျိုးသမီးက ခေ့လက်ကိုလှမ်းဆွဲတော့ ခေ ကြောင်အ သွားပေမယ့် သူကတော့ ဒေါသဖြင့်မျက်နှာတင်းမာသွားသည်။
"မင်း သူနဲ့ကွာရှင်းတော့မယ်ဆို"
"မင်းပါးစပ်ကိုပိတ်ထားစမ်း ပယင်း လက်ကိုလွှတ်လိုက်"
"မောင် ဘာဖြစ်လို့ အဲ့လောက်ထိဆတ်ဆတ်ခါနေတာလဲ ပယင်းက မောင့်ချစ်သူပါ"
"မင်းနဲ့ငါပြတ်ခဲ့ပြီးပြီလို့ ဘယ်နှခါပြောရမှာလဲ ပယင်း"
ထိုအချိန်အထိ ခေ ဘာပြန်ပြောရမလဲမသိသေးဘဲ သူသည် ခေ့လက်ကိုမလွှတ်သေးသည့် ထိုအမျိုးသမီးကိုတွန်းဖယ်ပစ်၏။
ယိုင်နဲ့သွားသည့်ထိုအမျိုးသမီးကို အေးစက်စက်ကြည့်ရင်း ခေ့ကို ခါးလေးမှဖက်ကာ သူ့ဘက်ဆွဲယူသည်။
"နာသွားသေးလား"
ဟိုအမျိုးသမီးကိုတော့ တွန်းဖယ်ပစ်ပြီး ခေ့ကိုမှ နူးညံ့နေလိုက်တာ...
ခေ ခေါင်းလေးခါပြကာ သူဖက်ထားသည့်အတိုင်း ငြိမ်နေလိုက်သည်။
"မောင်"
"မင်းတော်ပါတော့ ပယင်းရယ် ငါ့ထက်သာတဲ့လူတွေအများကြီး မင်းရွေးလို့ရပါတယ် မမိုက်မဲစမ်းပါနဲ့"
"မောင် ဘာဖြစ်လို့ ပယင်းအပေါ်ဒီလိုလုပ်ရတာလဲ မောင်ပြောတော့ မူးယစ်ဆေးတွေထက်တောင် ပယင်းကဆွဲဆောင်မှုရှိတယ်ဆို"
"အခုမရှိတော့ဘူး ငါကလူပဲ စိတ်ခံစားချက်တွေပြောင်းလဲနိုင်တာပဲ မင်းနဲ့မူးယစ်ဆေးထက်တောင် ပိုပြီးဆွဲဆောင်နိုင်တာတစ်ခုရှိနေလို့ လို့ ဖြေတွေးပေါ့"
ခေ သူ့ကိုမော့ကြည့်မိတော့ သူက ခေ့ကိုမကြည့်ပါ။
ဘေးတိုက်မြင်နေရသည့် သူ့မျက်နှာသည် တည်ငြိမ်နေသလိုထင်မိကာ ခေ ဒုတိယအကြိမ်ရင်ခုန်သွားမိ၏။
တစ်ခါမှ ဒါမျိုးမဖြစ်ခဲ့ဖူးပါဘဲ ခေမျက်နှာလေးလွှဲကာ ထိုအမျိုးသမီးဆီပြန်ကြည့်တော့ သူမက ခေ့ကိုမုန်းတီးနာကျင်စွာကြည့်နေ၏။
"မင်းအကြည့်တွေ ပြင်လိုက် ပယင်း"
"မောင်"
"မင်းကိုငါပြောပြီးသား ပယင်း ငါတစ်ခါပဲလက်ထပ်မယ် တစ်ယောက်တည်းကိုပဲချစ်မယ် အဲ့ဒီနှစ်ခုလုံးမင်းမဖြစ်နိုင်တော့တာကို စိတ်မကောင်းဘူး"
"မောင် ပယင်းကိုအဲ့လိုလုပ်လို့မရဘူးနော် ပယင်းကိုစိန်ခေါ်နေတာလား"
"မင်းကရော ငါ့ကိုစိန်ခေါ်နေတာလား မင်းတစ်ခုခုလုပ်ရင် မင်းကိုအရင်ဆုံးလာသတ်မယ့်ကောင် ဘယ်သူဖြစ်မလဲတွေးကြည့်လိုက် မင်းစေရာဆိုတဲ့ကောင် ဘာကောင်လဲဆိုတာ မင်းအသိဆုံးပဲ ရှည်ရှည်ဝေးဝေးတွေထပ်မပြောတော့ဘူး မင်း လုပ်ရဲရင်လုပ်လိုက်"
သူက စကားကုန်ပြောကာ ထိုအမျိုးသမီး ဘာဖြစ်နေခဲ့မလဲ လှည့်မကြည့်သလို ခေ့ကိုလည်းဆွဲခေါ်လာခဲ့ပြီး အိမ်ရှေ့ကဒါန်းလေးဆီလျှောက်လာ၏။
"ကိုယ် မင်းကို ပေးစရာရှိတယ်"
ခေ့ကိုထိုင်ခိုင်းကာ ဒါန်းပေါ်တင်ထားခဲ့ပုံရသော ဖိုင်တစ်ခုထဲက စာရွက်နှစ်ရွက်ကိုထုတ်ပေးသည်။
ကွာရှင်းစာချုပ် ဆိုပါလား...
စာချုပ်ခေါင်းစဥ်တွေကိုဖတ်ကြည့်ပြီး ခေ သူ့ကိုဖျတ်ခနဲမော့ကြည့်သည်။
သူက ခေ့ကိုမကြည့်ဘဲ စာချုပ်တွေကိုပဲ စူးနင့်စွာကြည့်နေခဲ့ပြီး ခေ့ ဘေးမှာဝင်ထိုင်သည်။
"ကိုယ်တောင်းပန်ပါတယ်"
နူးညံ့နေသောလေသံနှင့်အတူ သူ့ဆီကထွက်လာသည့်စကားကြောင့် ခေ နှုတ်ဆိတ်သွားမိသည်။
ဟိုတစ်ရက်ကပဲ မပွေတော့ဘူး၊ ပြေလည်ချင်တယ်ဟု ပြောခဲ့ပြီးမှ ဘာလို့ဒီစာချုပ်တွေကို ဘာလို့လုပ်လာတာလဲ။
"အရင်ဆုံးမင်းကို အနိုင်ကျင့်တယ်လို့ မင်းထင်နေခဲ့တဲ့အကြောင်းပြောပြမယ် အဲ့ဒီနေ့ကလည်း တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ဘူး ခရေဝိုင် ကိုယ်လွတ်သွားတာ"
ထိုနေ့ညက အဖြစ်အပျက်သည် ခေ့အတွေးထဲပြန်ဝင်လာသလို သူ့အသံသည်လည်း ဝမ်းနည်းသွားသလို တုန်ယင်လာ၏။
"စတွေ့ကတည်းက ကိုယ် မင်းကိုသဘောကျတယ် မင်းနောက်ကလျှောက်လိုက်နေမိတာ မင်းနေတယ်ဆိုတဲ့Hotelရှေ့အထိ မင်းကိုလိုက်ကြည့်ခဲ့တာ အဲ့ဒီညက ကိုယ်လွတ်သွားတာနဲ့ မင်းအပေါ်ထိန်းချုပ်မရခဲ့ဘူး ကိုယ်မှားမှန်းသိပါတယ် ရှေ့ဆက်တိုးရင် မင်းကိုယ့်အပေါ် ပြောင်းလဲလာမယ်လို့မျှော်လင့်ခဲ့တယ်
ဒါပေမယ့် ရှေ့တစ်ခါတိုးတိုင်း မင်းကိုမရည်ရွယ်တဲ့စကားတွေကို စိတ်ထဲမပါလည်းပြောနေမိပြန်တယ်
မင်းထင်နေသလို မင်းစိတ်ဆင်းရဲရင် ကိုယ်ပျော်မနေခဲ့ဘူး မင်းကိုရော ကျော်ပီယကိုပါ နာကျင်စေဖို့မရည်ရွယ်ခဲ့ဘူး
ပြီးတော့ မင်းကြောက်ခဲ့တဲ့ videoဆိုတာလည်းမရှိပါဘူး ကိုယ်လွတ်နေခဲ့တာလေ ဘယ်လိုvideoရိုက်မလဲ ကိုယ်က မင်းကိုအနားမှာရှိစေချင်ခဲ့လို့ ဉာဏ်များခဲ့တာသပ်သပ်ပါပဲ"
ခေမသိခဲ့သော သူ့ရဲ့အမှန်တရားတွေမှာ နှုတ်ဆိတ်နေမိတုန်း သူ့မျက်နှာမော့လာတော့ သူ့မျက်လုံးတွေက နီရဲစိုစွတ်နေခဲ့သည်။
သူ ငိုလိုက်တာလား...
"ဒါပေမယ့် ကိုယ်နဲ့နေရလို့ မင်းစိတ်ဆင်းရဲရရင် အဲ့ဒီစာချုပ်ကို မင်းလိုအပ်သလိုအသုံးချပါ ကိုယ်လက်မှတ်ထိုးထားတယ်"
စာချုပ်တွေကို ခေ ပြန်ကြည့်မိတော့ တကယ်ပဲ ခေ့လက်မှတ်တစ်ခုကလွဲလို့ အားလုံးပြည့်စုံနေပြီဖြစ်သည်။
"အားလုံးကိုလည်း မင်းရွေးချယ်သမျှကို လက်ခံဖို့ပြောထားပြီးပြီ အခု ကိုယ်မိုးကုတ်ကိုခရီးထွက်ရမယ် မင်းဘဝထဲဝင်လာမိတဲ့အတွက် ကိုယ်နောက်ထပ်တောင်းပန်ပါတယ် မင်းမမြင်ချင်တဲ့ဒီလူကို နောက်ထပ်မတွေ့တော့တဲ့အထိ ကိုယ်နေပေးပါ့မယ် အဲ့လောက်ဆို ကိုယ့်စကားတည်ပြီမလား"
သူသည် ခေ့ကိုဘာမှပြောခွင့်မပေးတော့ဘဲ ထရပ်လိုက်တော့ ခေ သူ့ကိုမော့ကြည့်မိသည်။
"မင်းကိုချစ်တယ် ခေ"
သူက ပခုံးလေးနှစ်ဖက်ကိုဆုပ်ကိုင်ပြီး ခေ့ နဖူးလေးကို နှုတ်ခမ်းနှင့်ထိကပ်ငုံ့နမ်းသည်။
ချက်ချင်းမလွှတ်ချင်သေးသလို အကြာကြီးငြိမ်နေပြီးမှ ခေ့ကိုပြန်လွှတ်ကာ ခြံအပြင်ကိုဦးတည်ထားသည့်ကားပေါ်ကိုတက်ကာ လှည့်မကြည့်စတမ်း မောင်းထွက်သွား၏။
ခေ ထိုအချိန်ထိလည်း ဘာမှမပြောနိုင်ဘဲ သူ့ကားလေးကိုသာ ငေးနေမိရင်း ရင်ထဲမှာဆို့နင့်လာသလိုခံစားမိ၏။
လက်ပေါ်ကို မျက်ရည်တွေတစက်စက်ကျလာမှ ကိုယ့်ပါးကို ပြန်စမ်းမိရင်း ခေ အသက်ရှုခဏရပ်သွားမိသည်။
ခေ ငိုနေပါလား•••••
ဘာဖြစ်လို့လဲ••••
တကယ်ဆို သူ့ဆီကနေ ခေလွတ်လပ်သွားပြီလေ•••••
▪▪▪⏳⏳⏳▪▪▪
Part 28 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part -27 )
▪▪▪▪▪▪▪▪▪▪
"တကယ္လား သား"
"ဟုတ္တယ္ ေမေမ အဲ့ဒါေခ့ကိုဂရုစိုက္ေပးပါ ကၽြန္ေတာ္ ၃လေလာက္ေတာ့ၾကာမယ္"
ေမေမသည္ ဝမ္းသာမ်က္ရည္ေတျြဖင့္ ႃပံုးႃပံုးႀကီးေခါင္းညိတ္ေတာ့ သူစိတ္မေကာင္းျဖစ္သြားမိသည္။
ထင္ရာလုပ္ၿပီး ရိုင္းခ်င္တိုင္းရိုင္းေနခဲ့စဥ္က ေမေမ ဘယ္ေလာက္ေတာင္ စိတ္ဆင္းရဲေနလိမ့္မလဲ။
"မႏၲေလးဆိုင္ခဲြေတြ သားလက္ထဲမွာမလား အဲ့ဒါကေရာ"
"တျခားသူကို တာဝန္ေပးထားတယ္ ေမေမ"
"မင္းထက္လား"
ေမေမ့ဆီက ထိုနာမည္ကိုၾကားလိုက္ရေတာ့ သူ ဖ်တ္ခနဲျဖစ္သြားမိၿပီး မွင္သက္သြားမိသည္။
မင္းထက္ကိုလည္း ေမေမသိေနခဲ့တာလား...
"သားေဖေဖအေၾကာင္း ေမေမလည္းသိပါတယ္ သားႀကိဳးစားဖံုးကြယ္ေနတာကိုလည္း ေမေမသိတယ္ မင္းထက္ကို အခုလိုေနရာေပးထားတာကိုလည္း လက္ခံပါတယ္ သူလည္းသားရဲ့ညီတစ္ေယာက္ပဲေလ"
Advertisement
"မင္းထက္ ဒီမွာေနခဲ့လိမ့္မယ္ ေမေမ ခိုင္းစရာရိွရင္ေခၚလို႔ရတယ္"
ရွည္ရွည္ေဝးေဝးမေျပာခ်င္၍ လိုရင္းကိုသာေျပာေတာ့ ေမေမက ေခါင္းညိတ္ၿပီး သူ႔မ်က္ႏွာကို အေသအခ်ာေမာ့ၾကၫ့္ရင္း မ်က္ရည္ဝဲ၏။
"ေမေမကေလ ငါ့သားေလး အျမင္မွန္မရေတာ့ဘူးလို႔ထင္ေနတာ သားအေဖကလည္း ဘာမွမေျပာရဘူးဆိုၿပီး တားထားေတာ့"
"ေဖေဖက ကိုယ့္အသိစိတ္နဲ႔ကိုယ္ ျပင္လာတာကိုပဲလိုခ်င္တယ္ထင္တယ္ ေဖေဖ့ကိုေရာ ေမေမ့ကိုေရာ စိတ္ဆင္းရဲေအာင္လုပ္မိတဲ့ အရာအားလံုးအတြက္ ကၽြန္ေတာ္ေတာင္းပန္ပါတယ္"
"မလိုပါဘူး သားေလးရယ္ ခုလိုဆံုးျဖတ္ထားတာကိုပဲ ေမေမေက်နပ္ေနပါၿပီ ေခေခ့ကိုေရာ မေျပာရေသးဘူးလား"
"ကၽြန္ေတာ္•••"
သူ ဘာေျပာရမွန္းမသိဘဲ ခဏေတာ့ၿငိမ္သြားသည္။
ဟိုတစ္ညၿပီးကတည္းက ေခနဲ႔ရင္မဆိုင္ရဲတာကို ဘယ္လိုေျပာရမလဲ...
သူ႔ကိုခ်စ္ရမွာေၾကာက္ၿပီး သူ႔ဆီကထြက္သြားခြင့္ရဖို႔ကိုသာ ေမ်ွာ္လင့္ေနသၫ့္မိန္းကေလး။
သူ ထပ္ၿပီးမနာက်င္ခ်င္သလို ေခ့ကိုလည္း ထပ္ၿပီးစိတ္ရႈပ္ေအာင္ မေျပာခ်င္ေတာ့။
"ကၽြန္ေတာ္ သူ႔ကိုနာက်င္ေစခဲ့တယ္ ေမေမ အဲ့ဒီဆံုးျဖတ္ခ်က္က သူ႔ေၾကာင့္မို႔လည္း ရဲရဲႀကီးခ်ႏိုင္ခဲ့တာပါ ဒါေပမယ့္မေျပာေတာ့ဘူး ဒီအတိုင္းပဲထားလိုက္ေတာ့မယ္ ေမေမေျပာခ်င္ရင္ေတာ့ ေျပာျပလိုက္ပါ"
ခံစားခ်က္ေတြပါလာေတာ့ ေမေမက သူ႔ကိုေမာ့ၾကၫ့္ၿပီး စိတ္မေကာင္းျဖစ္သြားဟန္ျဖင့္ ဆံပင္ေတြကိုသပ္ေပးသည္။
ေမေမက ထိုသို႔အၿမဲႏူးညံ့ေနတတ္ၿပီး တစ္ခါတစ္ေလ ေဖေဖ့အထိုးအႀကိတ္ခံရရင္ေတာင္မွ မဆူရက္ မေငါက္ရက္ဘဲ ျပဳစုေပးတတ္သည္။
သူႏွင့္ ေဖေဖ စီစဥ္သၫ့္ကိစၥေတြဆို ဝင္ေရာက္စြက္ဖက္တာမ်ိဳးသိပ္မရိွဘဲ ခပ္ေအးေအးေနတတ္သူ။
ေခနဲ႔ျပႆနာျဖစ္စက ေဖေဖ့ရဲ့မာေက်ာမႈေတြကိုလည္း ေဖ်ာင္းဖ်ခဲ့ၿပီး သူ႔ကိုလည္း ႏူးႏူးညံ့ညံ့ေခ်ာ့ေမာ့ေျပာခဲ့သည္။
"သား လိမ္လိမ္မာမာေနေတာ့ေနာ္ မိန္းကေလးကို ေမေမလိုက္ေတာင္းေပးမယ္"
ဆိုၿပီး ေခ့ဆီလိုက္လာေပးခဲ့သည္။
ေမေမေျပာခဲ့သလို သူကိုယ္တိုင္လည္း လိမၼာေပးခဲ့ေပမယ့္ ေခကေတာ့ အခုခ်ိန္မေက်နပ္ႏိုင္ေသး။
"ၿပီးေတာ့ ကၽြန္ေတာ္မသြားခင္ သူျဖစ္ခ်င္တာအားလံုး လိုက္ေလ်ာေပးခ်င္တယ္"
"ေခေခက ဘာေျပာထားလို႔လဲ"
"ဘာမွမေျပာပါဘူး ဒါေပမယ့္ သူဘာလိုခ်င္လဲသိတယ္ သူ ကၽြန္ေတာ္နဲ႔ေနရတာကို စိတ္ဆင္းရဲေနတယ္ တစ္ခါတစ္ေလငိုတယ္ သူျဖစ္ခ်င္ခဲ့သမ်ွကို ကၽြန္ေတာ္ခ်ဳပ္ကိုင္ထားသလိုျဖစ္ေနေတာ့ ကၽြန္ေတာ္မသြားခင္မွာ.."
"သား"
ေမေမက သူ႔ပခံုးကိုလွမ္းကိုင္လိုက္၍ စကားေတြရပ္သြားသည္။
"ဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့ အိမ္ေထာင္ေရးဆိုတာ လြယ္လြယ္နဲ႔မဖ်က္ဆီးသင့္ဘူး သားသူ႔ကိုခ်စ္တယ္မလား"
"ကၽြန္ေတာ့္အခ်စ္က သူ႔အတြက္အဆိပ္ျဖစ္ေနတာ သူ ကၽြန္ေတာ့္ကိုစိတ္နာေနတုန္းပဲ ဒီအိမ္ေထာင္ကိုၿမဲဖို႔ သာယာဖို႔ ကၽြန္ေတာ့္ဘက္ကအေလ်ွာ့ေပးမယ့္ စိတ္ကူးေတြရိွထားေပမယ့္ သူက နာက်ည္းခ်က္ေတြနဲ႔ပဲ.. ကၽြန္ေတာ္တို႔ၫွိလို႔မရဘူး ေမေမ"
"ေခေခက စိတ္နာေနတယ္ပဲထားပါ လူႀကီးေတြရိွေသးတယ္ အဲ့လိုမ်ိဳး သားတို႔ထင္ရာကို ဆံုးျဖတ္ခြင့္မေပးႏိုင္ဘူး"
"ေပါင္းရမယ့္သူက ကၽြန္ေတာ္တို႔ပါ ေမေမ သူငိုရင္ ခံစားရတာလည္း ကၽြန္ေတာ္ပါ သူစိတ္ခ်မ္းသာတဲ့လမ္းကို သူကိုယ္တိုင္ပဲေရြးပါေစ ေမေမတို႔လည္းနားလည္ေပးပါ"
"သားရယ္"
"ကၽြန္ေတာ္ သူ႔ကိုေပ်ာ္ေနေစခ်င္တယ္ သူေရြးခ်ယ္တာဟာ ဘာပဲျဖစ္ျဖစ္ ေမေမတို႔လက္ခံေပးပါ ကၽြန္ေတာ္ကိုယ္တိုင္လည္း လက္ခံမွာပါ"
ေမေမ ဘာမွမေျပာေတာ့ဘဲ သူ႔ကိုသာၾကၫ့္ေနခဲ့သည္။
သူ႔အသံေတြတိုးဖြၿပီး မသိမသာတုန္ယင္ေနတာကို ေမေမ သတိထားမိရင္ သတိထားမိႏိုင္သည္။
ကိုယ္ရဲ့ေပ်ာ္ရႊင္ျခင္းအတြက္ အရယူထားေပမယ့္ ကိုယ္ခ်စ္ရေသာသူ မေပ်ာ္ႏိုင္သၫ့္အတြက္ အရင္ဆံုးလက္လႊတ္ခ်င္လာသူက သူပဲျဖစ္ေလသည္။
အခ်စ္ဆိုတာ ရယူျခင္းလား၊ ေပးဆပ္ျခင္းလား ေသေသခ်ာခ်ာမသိေပမယ့္ သူ႔အတြက္အခ်စ္ဆိုတာက ေခေပ်ာ္ေနဖို႔သာျဖစ္သည္။
▪▪▪⏳⏳⏳▪▪▪
"မင္းနားလည္ၿပီလား မင္းထက္"
စာရြက္ေတြကိုၾကၫ့္ရင္း သူ ေခါင္းညိတ္ျပလိုက္ကာ အစ္ကို႔ကိုတစ္ခ်က္ၾကၫ့္မိသည္။
ေဖေဖ့ရဲ့တရားဝင္သားျဖစ္သၫ့္အျပင္ အားလံုးထဲမွာ အသက္အႀကီးဆံုးနဲ႔ အေတာ္ဆံုးျဖစ္သလို အဆိုးဆံုးလည္းျဖစ္သၫ့္ သူ႔အစ္ကို။
"ဒီဇိုင္းထုတ္တဲ့ဘက္မွာေတာ့ မင္းကအားနည္းေသးတယ္ အဲ့ဒီေတာ့စာရင္းပိုင္းကိုေသခ်ာတာဝန္ယူ နည္းနည္းေလးမွမလဲြေစနဲ႔ တစ္ခုခုမွားခဲ့ရင္ ငါ့ညီမို႔ မင္းကိုလႊတ္ေပးမယ္မထင္နဲ႔ ၾကားလား"
"ဟုတ္ကဲ့ အစ္ကို"
"တိုက္ခန္းကေရာ ေနရတာအဆင္ေျပလား လိုတာရိွရင္ အဆင္မေျပတာရိွရင္ေျပာ"
"ရတယ္ အစ္ကို ဒါနဲ႔ မိုးကုတ္မွာဘယ္ေလာက္ၾကာမွာလဲ"
"အတိအက်ေတာ့မေျပာႏိုင္ေသးဘူး အနည္းဆံုး၃လပဲ ငါမရိွခင္ အိမ္ကိုခဏခဏသြားၾကၫ့္ေပး ေမေမ့ကိုေရာ ေခ့ကိုေရာ ေသခ်ာဂရုစိုက္ေပးလိုက္"
အစ္ကိုက ဘယ္ေလာက္ပဲ ေအးစက္မာေက်ာေနပါေစ၊ ေခဆိုသၫ့္စကားလံုးေလးမွာေတာ့ အၿမဲေပ်ာ့ညံ့ေနတတ္၏။
သူတစ္ခါမွမျမင္ဖူးခဲ့ေသာ အစ္ကို႔၏ႏူးညံ့ျခင္းတို႔က ထိုမိန္းကေလးႏွင့္ေတြ့မွသာ ျမင္ဖူးခဲ့၏။
ငယ္ငယ္ကတည္းက ေသြးဆူစိတ္ဆတ္ၿပီး တစ္ခုခုဆို လက္ကအရင္ ရိုက္ခဲြဖ်က္ဆီးပစ္တတ္သည္မို႔ အစ္ကို႔ကို ဘယ္သူမျွပန္မေျပာရဲ။
ထိုမိန္းကေလးကိုေတာ့ သူ႔ကိုျပန္ခံေျပာေနသၫ့္တိုင္ မထိရက္မတို႔ရက္။
"မရီးနဲ႔ စကားမ်ားထားတာလား အစ္ကို"
"မဆန္းေတာ့ဘူး ခဏခဏစကားမ်ားေနၾကပဲ မဆိုင္တာကိုစိတ္မဝင္စားစမ္းနဲ႔ မင္းထက္ ငါျပန္လာလို႔စိတ္တိုင္းမက်စရာရိွလာရင္ မင္းေသၿပီသာမွတ္"
"စိတ္ခ်ပါ ကၽြန္ေတာ့္ကို အစ္ကိုတအားtrainထားတာပဲ အစ္ကို႔ကိုမမွီရင္ေတာင္ ေနာက္မက်ေစရဘူး"
"ေအး ၿပီးတာပဲ"
အစ္ကို႔ကို ခ်စ္ေၾကာက္ေလးစားေပမယ့္ ခဏခဏအႀကိမ္းေမာင္းခံေနရ၍ ဒါေၾကာင့္လည္း မရီးက သူ႔အနားမကပ္တာ ဟု ေတြးၿပီးႀကိတ္ႃပံုးမိသည္။
အစ္ကိုသိရင္ေတာ့ မ်က္ႏွာတစ္ခုလံုးညိုေအာင္ အထိုးခံလိုက္ရမၫ့္ျဖစ္ျခင္း...
▪▪▪⏳⏳⏳▪▪▪
ဒီေန့ေတာ့ ေခတစ္ေယာက္တည္းေက်ာင္းက ျပန္လာေတာ့ အိမ္ေရ႔ွမွာပဲ စကားရပ္ေျပာေနသၫ့္ဟိုအမ်ိဳးသမီးႏွင့္ သူ႔ကိုေတြ့လိုက္သည္။
ေခ့မ်က္ႏွာေလး တင္းခနဲျဖစ္သြားေပမယ့္ သူဟာ ဒီလိုေပြတတ္သူမွန္းျပန္သတိရရင္း မျမင္ခ်င္ေယာင္ေဆာင္ကာ ၿခံတံခါးဆီကိုပဲေလ်ွာက္လာခဲ့သည္။
ေခ သူ႔ကိုမယံုရဲတာ အျပစ္ရိွရဲ့လား...
"မင္း ေနဦး"
ထိုအမ်ိဳးသမီးက ေခ့လက္ကိုလွမ္းဆဲြေတာ့ ေခ ေၾကာင္အ သြားေပမယ့္ သူကေတာ့ ေဒါသျဖင့္မ်က္ႏွာတင္းမာသြားသည္။
"မင္း သူနဲ႔ကြာရွင္းေတာ့မယ္ဆို"
"မင္းပါးစပ္ကိုပိတ္ထားစမ္း ပယင္း လက္ကိုလႊတ္လိုက္"
"ေမာင္ ဘာျဖစ္လို႔ အဲ့ေလာက္ထိဆတ္ဆတ္ခါေနတာလဲ ပယင္းက ေမာင့္ခ်စ္သူပါ"
"မင္းနဲ႔ငါျပတ္ခဲ့ၿပီးၿပီလို႔ ဘယ္ႏွခါေျပာရမွာလဲ ပယင္း"
ထိုအခ်ိန္အထိ ေခ ဘာျပန္ေျပာရမလဲမသိေသးဘဲ သူသည္ ေခ့လက္ကိုမလႊတ္ေသးသၫ့္ ထိုအမ်ိဳးသမီးကိုတြန္းဖယ္ပစ္၏။
ယိုင္နဲ႔သြားသၫ့္ထိုအမ်ိဳးသမီးကို ေအးစက္စက္ၾကၫ့္ရင္း ေခ့ကို ခါးေလးမွဖက္ကာ သူ႔ဘက္ဆဲြယူသည္။
"နာသြားေသးလား"
ဟိုအမ်ိဳးသမီးကိုေတာ့ တြန္းဖယ္ပစ္ၿပီး ေခ့ကိုမွ ႏူးညံ့ေနလိုက္တာ...
ေခ ေခါင္းေလးခါျပကာ သူဖက္ထားသၫ့္အတိုင္း ၿငိမ္ေနလိုက္သည္။
"ေမာင္"
"မင္းေတာ္ပါေတာ့ ပယင္းရယ္ ငါ့ထက္သာတဲ့လူေတြအမ်ားႀကီး မင္းေရြးလို႔ရပါတယ္ မမိုက္မဲစမ္းပါနဲ႔"
"ေမာင္ ဘာျဖစ္လို႔ ပယင္းအေပၚဒီလိုလုပ္ရတာလဲ ေမာင္ေျပာေတာ့ မူးယစ္ေဆးေတြထက္ေတာင္ ပယင္းကဆဲြေဆာင္မႈရိွတယ္ဆို"
"အခုမရိွေတာ့ဘူး ငါကလူပဲ စိတ္ခံစားခ်က္ေတြေျပာင္းလဲႏိုင္တာပဲ မင္းနဲ႔မူးယစ္ေဆးထက္ေတာင္ ပိုၿပီးဆဲြေဆာင္ႏိုင္တာတစ္ခုရိွေနလို႔ လို႔ ေျဖေတြးေပါ့"
ေခ သူ႔ကိုေမာ့ၾကၫ့္မိေတာ့ သူက ေခ့ကိုမၾကၫ့္ပါ။
ေဘးတိုက္ျမင္ေနရသၫ့္ သူ႔မ်က္ႏွာသည္ တည္ၿငိမ္ေနသလိုထင္မိကာ ေခ ဒုတိယအႀကိမ္ရင္ခုန္သြားမိ၏။
တစ္ခါမွ ဒါမ်ိဳးမျဖစ္ခဲ့ဖူးပါဘဲ ေခမ်က္ႏွာေလးလႊဲကာ ထိုအမ်ိဳးသမီးဆီျပန္ၾကၫ့္ေတာ့ သူမက ေခ့ကိုမုန္းတီးနာက်င္စြာၾကၫ့္ေန၏။
"မင္းအၾကၫ့္ေတြ ျပင္လိုက္ ပယင္း"
"ေမာင္"
"မင္းကိုငါေျပာၿပီးသား ပယင္း ငါတစ္ခါပဲလက္ထပ္မယ္ တစ္ေယာက္တည္းကိုပဲခ်စ္မယ္ အဲ့ဒီႏွစ္ခုလံုးမင္းမျဖစ္ႏိုင္ေတာ့တာကို စိတ္မေကာင္းဘူး"
"ေမာင္ ပယင္းကိုအဲ့လိုလုပ္လို႔မရဘူးေနာ္ ပယင္းကိုစိန္ေခၚေနတာလား"
"မင္းကေရာ ငါ့ကိုစိန္ေခၚေနတာလား မင္းတစ္ခုခုလုပ္ရင္ မင္းကိုအရင္ဆံုးလာသတ္မယ့္ေကာင္ ဘယ္သူျဖစ္မလဲေတြးၾကၫ့္လိုက္ မင္းေစရာဆိုတဲ့ေကာင္ ဘာေကာင္လဲဆိုတာ မင္းအသိဆံုးပဲ ရွည္ရွည္ေဝးေဝးေတြထပ္မေျပာေတာ့ဘူး မင္း လုပ္ရဲရင္လုပ္လိုက္"
သူက စကားကုန္ေျပာကာ ထိုအမ်ိဳးသမီး ဘာျဖစ္ေနခဲ့မလဲ လွၫ့္မၾကၫ့္သလို ေခ့ကိုလည္းဆဲြေခၚလာခဲ့ၿပီး အိမ္ေရ႔ွကဒါန္းေလးဆီေလ်ွာက္လာ၏။
"ကိုယ္ မင္းကို ေပးစရာရိွတယ္"
ေခ့ကိုထိုင္ခိုင္းကာ ဒါန္းေပၚတင္ထားခဲ့ပံုရေသာ ဖိုင္တစ္ခုထဲက စာရြက္ႏွစ္ရြက္ကိုထုတ္ေပးသည္။
ကြာရွင္းစာခ်ဳပ္ ဆိုပါလား...
စာခ်ဳပ္ေခါင္းစဥ္ေတြကိုဖတ္ၾကၫ့္ၿပီး ေခ သူ႔ကိုဖ်တ္ခနဲေမာ့ၾကည့္သည္။
သူက ေခ့ကိုမၾကၫ့္ဘဲ စာခ်ဳပ္ေတြကိုပဲ စူးနင့္စြာၾကၫ့္ေနခဲ့ၿပီး ေခ့ ေဘးမွာဝင္ထိုင္သည္။
"ကိုယ္ေတာင္းပန္ပါတယ္"
ႏူးညံ့ေနေသာေလသံႏွင့္အတူ သူ႔ဆီကထြက္လာသၫ့္စကားေၾကာင့္ ေခ ႏႈတ္ဆိတ္သြားမိသည္။
ဟိုတစ္ရက္ကပဲ မေပြေတာ့ဘူး၊ ေျပလည္ခ်င္တယ္ဟု ေျပာခဲ့ၿပီးမွ ဘာလို႔ဒီစာခ်ဳပ္ေတြကို ဘာလို႔လုပ္လာတာလဲ။
"အရင္ဆံုးမင္းကို အႏိုင္က်င့္တယ္လို႔ မင္းထင္ေနခဲ့တဲ့အေၾကာင္းေျပာျပမယ္ အဲ့ဒီေန့ကလည္း တမင္ရည္ရြယ္ၿပီးလုပ္ခဲ့တာမဟုတ္ဘူး ခေရဝိုင္ ကိုယ္လြတ္သြားတာ"
ထိုေန့ညက အျဖစ္အပ်က္သည္ ေခ့အေတြးထဲျပန္ဝင္လာသလို သူ႔အသံသည္လည္း ဝမ္းနည္းသြားသလို တုန္ယင္လာ၏။
"စေတြ့ကတည္းက ကိုယ္ မင္းကိုသေဘာက်တယ္ မင္းေနာက္ကေလ်ွာက္လိုက္ေနမိတာ မင္းေနတယ္ဆိုတဲ့Hotelေရ႔ွအထိ မင္းကိုလိုက္ၾကၫ့္ခဲ့တာ အဲ့ဒီညက ကိုယ္လြတ္သြားတာနဲ႔ မင္းအေပၚထိန္းခ်ဳပ္မရခဲ့ဘူး ကိုယ္မွားမွန္းသိပါတယ္ ေရ႔ွဆက္တိုးရင္ မင္းကိုယ့္အေပၚ ေျပာင္းလဲလာမယ္လို႔ေမ်ွာ္လင့္ခဲ့တယ္
ဒါေပမယ့္ ေရ႔ွတစ္ခါတိုးတိုင္း မင္းကိုမရည္ရြယ္တဲ့စကားေတြကို စိတ္ထဲမပါလည္းေျပာေနမိျပန္တယ္ မင္းထင္ေနသလို မင္းစိတ္ဆင္းရဲရင္ ကိုယ္ေပ်ာ္မေနခဲ့ဘူး မင္းကိုေရာ ေက်ာ္ပီယကိုပါ နာက်င္ေစဖို႔မရည္ရြယ္ခဲ့ဘူး
ၿပီးေတာ့ မင္းေၾကာက္ခဲ့တဲ့ videoဆိုတာလည္းမရိွပါဘူး ကိုယ္လြတ္ေနခဲ့တာေလ ဘယ္လိုvideoရိုက္မလဲ ကိုယ္က မင္းကိုအနားမွာရိွေစခ်င္ခဲ့လို႔ ဉာဏ္မ်ားခဲ့တာသပ္သပ္ပါပဲ"
ေခမသိခဲ့ေသာ သူ႔ရဲ့အမွန္တရားေတြမွာ ႏႈတ္ဆိတ္ေနမိတုန္း သူ႔မ်က္ႏွာေမာ့လာေတာ့ သူ႔မ်က္လံုးေတြက နီရဲစိုစြတ္ေနခဲ့သည္။
သူ ငိုလိုက္တာလား...
"ဒါေပမယ့္ ကိုယ္နဲ႔ေနရလို႔ မင္းစိတ္ဆင္းရဲရရင္ အဲ့ဒီစာခ်ဳပ္ကို မင္းလိုအပ္သလိုအသံုးခ်ပါ ကိုယ္လက္မွတ္ထိုးထားတယ္"
စာခ်ဳပ္ေတြကို ေခ ျပန္ၾကၫ့္မိေတာ့ တကယ္ပဲ ေခ့လက္မွတ္တစ္ခုကလဲြလို႔ အားလံုးျပၫ့္စံုေနၿပီျဖစ္သည္။
Advertisement
- In Serial54 Chapters
Erden : Tale of a Land Forgotten
Magic, monsters, and mystery— Fate uses the unexpected meeting of two children to spark a wave of change upon the land. Comic Adaptation: https://tapas.io/episode/2299612 What to expect : 3rd Person, 800-1400 word chapters, Slow-burn A rewrite of Land of Erden. Weekly updates on Friday!The plot stays the same as the original work, with just a few tweaks. I've decided to write in a way to further display each character's individuality as well. (I hope it shows.) Feel free to point out mistakes, or roast me if things become a bit hard to read because of confusing prose.
8 167 - In Serial6 Chapters
The Survivors of Loktus
Harrog, Morg, and KedAfter a sudden takeover,all the servers in Loktus has been locked, its few long term players lost and helpless in the new age of VR. Their lives are unwillingly tied, to the advent of VR and the allure of realism. But with the dawn of VR, with it comes the experience of glory and self-fulfillment.At the heart of the game is a split guild, each member on a journey seeking to find their promised dream. Ked, to find distraction in his monotonous life, dull and gray. Morg, to find her strength and what she meant to be. And Harrog, craving the support of friends. When things start to go awry in the community, they knew this game lacked the essential, flawed with the corruption of competitiveness. Each one seeking a new path, one to call their own. For their roads are linked, crossed with treachery of the forbidden word: Loktus.
8 80 - In Serial8 Chapters
Sanguine
The Coles are probably the definition of a small dysfunctional family, even if they weren’t the worst in existence; they would probably be lauded as an example of the term. The Coles were a small family though. The father, Oliver Cole, was an asshole ex-football jock who bounced around in small paying jobs after wasting most of his life drinking, drugging and whoring. The daughter, Stacy Cole, was smart, but had many issues including anger, trouble with authority, and occasional suicidal thoughts, and was kicked out of many a school for disruptive behaviour. The son, Mike Cole, was innocent, and tried his best to be kind to anyone and everyone, however his own speech impediment, and slow nature only aided people to bully and belittle him, including his own father. The Coles were indeed a dysfunctional family. At least they were, until they got to the small town near the border between the United States and Canada, Sanguine. Welcome to Sanguine. You will stay. With the exception of the first chapter, each chapter only follows one character. The first chapter is the only chapter in which I will include 'Sides' where it follows a different character. This is a short Lovecraftian story, it won't go above seventeen chapters. Note: the book cover is my first attempt, it might not even remain like it is, I was just tired of seeing the standard 'no cover' thing on it.
8 161 - In Serial253 Chapters
Green Life
This is the story of Hatsuko, a guy without any friends or social life... And that's how he expected his life to continue until he was invited to the best school in the entire world. A school only meant for people with special abilities. But his life didn't get any better... it got much worse!While trying to endure the continuous bullying and humiliation, he began seeing weird things that were changing his life. When he thought his life would get better if he left the school, the whole world began collapsing until every city was destroyed... except 'Sakuru', the city he was staying in.This was the beginning of his new life... or actually the end which was filled with nothing but hatred towards that city and everyone on his school! •Updates 2 or 3 times a week!•You can find up to 15 chapters ahead from any other reader in my Patreon. Illustrations and bonus chapters (Lewds) My Patreon: https://www.patreon.com/KrisVFXMy Discord Server: https://discord.gg/cMnhC2R
8 729 - In Serial38 Chapters
Out With The Old, In With The New
Chloe, Lila, and Marinette have been best friends for as long as they can remember, but when Chole tells Mari that most of her "friends" are fake she didn't wanna believe, so she sends Lila to do an inside job and low and behold Chole was right.Drastic times call for drastic minutes right?Let's just see if everything will turn out all right.
8 110 - In Serial61 Chapters
airplane! hyunho ✔️
when hyunjin sends a text to the wrong number.
8 140

