《အချစ်ဝိုင် ( Complete )》Part 28
Advertisement
အချစ်ဝိုင် ( part -28 )
▪▪▪▪▪▪▪▪▪▪
မိုးကုတ်သည် သူ့ရဲ့မွေးရာဇာတိမြေဖြစ်ပေမယ့် မနေချင်ဆုံးအရပ်တစ်ခုလည်းဖြစ်ကာ ဒီစိတ်က မေမေနဲ့တူသည်ဟု ပြောရမလား၊ မေမေ့ကြောင့်ဟု ပြောရမလား။
"သား အေးတယ်နော် ဂရုစိုက်"
တစ်ဦးတည်းသောသားဖြစ်သည့်သူ့ကို စိတ်ပူနေကာ တရရမှာနေသည့် မေမေ့အသံကြောင့် သူပြုံးမိပြီး စိတ်မပူဖို့မေမေ့ကိုချော့မိသည်။
မျက်လုံးထောင့်မှာ ချိန်းထားသည့်ဆရာဝန်ရောက်လာတော့ မေမေ့ကိုနှုတ်ဆက်ပြီး သူ ဖုန်းချလိုက်သည်။
"ဆေးဖြတ်ချင်တာ ငါ့တူလား"
"ဟုတ်ကဲ့"
"မင်းက အိမ်မှာပဲ ကုချင်တာလား"
"ဟုတ်ပါတယ် ဆေးရုံတွေဘာတွေ မသွားချင်လို့ ကျွန်တော့်ဘက်က ဘာများစီစဥ်ပေးရဦးမလဲ"
"အားသန်တဲ့ယောကျာ်းနှစ်ယောက်လောက် ရှိစေချင်တယ် မင်းအတွက် အစားအစာပို့ပေးလို့ရမယ့်လူမျိုးဆို ပိုကောင်းတယ်"
"လူရဖို့ကကိစ္စမရှိပါဘူး ကျွန်တော်စီစဥ်လိုက်ပါ့မယ် တခြားဘာတွေလိုပါသေးလဲ"
"မင်း စိတ်ပိုင်းဖြတ်နိုင်ဖို့လိုတယ် ငါ့တူ စခဲ့ပြီးရင် နောက်ပြန်မလှည့်ဖို့အရင်ပိုင်းဖြတ်ရမယ် လူတိုင်းမအောင်မြင်ဘူးဆိုတာ စိတ်မခိုင်မာလို့ပဲ"
သူ ခေါင်းညိတ်ပြလိုက်သည်။
လိုအပ်သည့်လူတွေကတော့ ထူးပြီးစီစဥ်စရာမလိုဘဲ အိမ်မှာနေကြသော ဖေဖေ့ရဲ့သစ္စာရှိအလုပ်သမားတွေရှိကြသည်။
ဦးမင်းမြတ်က မိုးကုတ်မှာ နာမည်ကျော်ကျောက်တွင်းသူဌေးမို့ ဖေဖေက ဂုဏ်သိက္ခာထိခိုက်စေသည့် သူ့ကိစ္စကိုလူသိမခံချင်။
"မင်းသုံးခဲ့ဖူးတာတွေ ချရေးလိုက်"
ဆရာကြီးက စာရွက်တစ်ရွက်ဖြင့် ဘောပင်န်ချပေးတော့ သူ ဘယ်သူ့ကိုမှမကြည့်ပေမယ့် ဖေဖေကတော့ စူးစိုက်ကြည့်နေခဲ့သည်။
Heroin, Cocaine, Morphine, Amphetamine အပါအဝင် ဆေးအတော်များများကို သူချရေးတော့ ဖေဖေမျက်နှာပျက်သွားသလို အံ့သြသွားပုံလည်းရသည်။
"အကုန်လုံးနီးပါးပါလား မင်း တော်တော်ဆိုးတဲ့ကောင်ပဲ"
ဆရာဝန်က သူရေးထားသည့်စာရွက်ကို ကြည့်ရင်းပြောလာတော့ သူ မပြုံးမိဘူးထင်၏။
လိုအပ်သည့်ဆေးဝါးနှင့် တခြားပစ္စည်းတွေဝယ်ဖို့ ထိုဆရာဝန်ပြန်ထွက်သွားတော့မှ ဖေဖေက တိုးတိတ်စွာစကားစ၏။
"မင်းရုပ်ရည် မင်းအရည်အချင်းနဲ့ ဆေးသမားဖြစ်နေတာ ငါမသိခဲ့ဘူး မင်းစေ"
သူ ဖေဖေ့ကိုပြန်ကြည့်မိသည်။
ဖေဖေ မသိသေးတာတွေ အများကြီးရှိသေးတယ်ဟု ပြောလိုက်ချင်ပေမယ့် ပြောမထွက်ခဲ့။
"အခုလို ဆုံးဖြတ်လိုက်တာကောင်းပါတယ် Bangkokကိုလွှတ်လိုက်မိလို့ ဒီလိုဖြစ်တာလို့တော့ မင်းအမေကပြောတယ်"
"မဆိုင်ပါဘူး ဘန်ကောက်ရောက်မှ ဆေးစသုံးတတ်ပေမယ့် ဒီမှာကတည်းကပျက်စီးနေတာ ဖေဖေမသိလို့ပါ"
ဖေဖေ မျက်နှာပျက်သွားပြီး အံကြိတ်လိုက်သလို မေးရိုးနှစ်ဖက်ကားသွား၏။
ဆယ်တန်းအောင်သည့်အချိန်ထိ မိုးကုတ်မှာပဲ သူနေခဲ့ရကာ တက္ကသိုလ်တက်ဖို့ဆိုသည့်အကြောင်းပြချက်ဖြင့် မန္တလေးကိုပြောင်းခဲ့သည့် အတိတ်တွေကို ပြန်အစမဖော်ချင်။
ထိုအချိန်တွေမှာ သူတစ်ဦးတည်းသာ စီစဥ်ဆောင်ရွက်ခဲ့ပြီး ဖေဖေ ဘယ်လိုနေခဲ့လဲ။
"၁၀တန်းအောင်ရင် Bangkokမှာပဲ ကျောင်းသွားတက်တော့ မင်း ကျောက်မြတ်လောကထဲမှာ နေရာတစ်ခုရလာဖို့ အခုကတည်းက မောင်းထားရမယ်"
မန္တလေးမှာအတူနေသည့် မေမေ့ကိုရော၊ မခကိုပါ သူ စိတ်မချနိုင်သည်မို့ မသွားချင်။
နောက်ဆုံးတော့ သူထွက်လာခဲ့ရကာ မေမေတို့ကိုမသိစေချင်သော ကိစ္စတွေကိုလည်း ပြန်မသိစေဖို့အသေအချာစီမံခဲ့ကာ Bangkokမှာ ၄နှစ်ကျော် ၅နှစ်နီးပါးကြာခဲ့သည်။
"မင်းအဖေကတော့ အရင်လိုပဲ မင်းစေ"
ဟိန်းခန့်တို့ဆီက စကားသံပြန်ကြားရတိုင်း သက်ပြင်းမောကြီးချမိပြီး ဖေဖေ့ကိုစိတ်နာချင်ပေမယ့် မနာနိုင်။
ဖေဖေ့ရဲ့အငယ်အနှောင်းဇာတ်လမ်းတွေ မေမေနဲ့မခ မသိအောင်ချုပ်ထိန်းရင်း လေလွင့်စပြုလာသည့်စိတ်တွေကို ဆေးသုံးခြင်းဖြင့် ပျော်ရွှင်မှုရှာမိသည်အထိ။
"မင်း အဲ့ဒါတွေကိုသိနေတာလား"
ဖေဖေ့မေးခွန်းကြောင့် သူ မျက်နှာလွှဲရင်း ခပ်တိုးတိုးရယ်မိပေမယ့် ပျော်လို့တော့မဟုတ်။
နာကျင်ခံရခက်စွာဖြင့်သာ...
"ကျွန်တော်ကဖေဖေ့သားပါ နောက်တစ်ခုက ဒါတွေကိုကျွန်တော်မပြောလည်း မေမေသိနေတယ် ဒါကြောင့်လည်း မိုးကုတ်မှာမနေခဲ့ဘဲ ကျွန်တော်နဲ့လိုက်လာတာပေါ့"
"ဒါတွေဟာ ဖေဖေ့အမှားဆိုတာသိပါတယ် မင်းအမေနဲ့က ချစ်လို့လက်ထပ်ခဲ့တာမှမဟုတ်ဘဲ သူလည်းနေတတ်သလိုနေ ကိုယ်လည်းနေတတ်သလိုနေခဲ့တာပဲ"
"ဒါဆို မင်းစေ မင်းထက် မင်းယံဆိုတဲ့ ၃ယောက်က ဘယ်လိုလုပ်ညီအစ်ကိုတွေဖြစ်လာမှာလဲ မေမေ့ကိုမချစ်ဘဲ လက်ထပ်ခဲ့ရတယ်ဆိုရင်တောင် ကျွန်တော့်အပြင်နောက်ထပ်သားတွေ ရှိနေတာကရော ဖေဖေနေတတ်တဲ့ပုံစံလား"
"မင်းစေ"
"ကျွန်တော်အားလုံးသိတယ် ဖေဖေ့မိန်းကလေးတွေ ကျွန်တော့်ဆိုင်အထိလိုက်လာတိုင်း မေမေ့အစားရင်နာရတယ် လူတကာလက်ညှိုးထိုးကြတဲ့အထိ ဘာလို့ကျွန်တော်ဆိုးခဲ့လဲ အဲ့ဒီရင်နာစရာတွေက ဒေါသတွေအဖြစ် ပြောင်းလဲသွားလို့ပဲဖေဖေ"
သူစကားဖြတ်လိုက်ပြီး သူ့အခန်းရှိရာအပေါ်ထပ်ဆီထွက်လာခဲ့တော့ ဖေဖေတစ်ယောက်တည်း ဧည့်ခန်းမှာ တိတ်ဆိတ်စွာကျန်နေခဲ့သည်။
ခေပြောခဲ့သလို သူသိနေခဲ့ပြီးသောကိစ္စတွေအတွက် ဖေဖေ ဆင်ခြင်သွားဖို့ကိုသာ တိတ်တဆိတ်မျှော်လင့်မိတော့၏။
▪▪▪⏳⏳⏳▪▪▪
တစ်လခန့်ကြာပြီးနောက်•••••
"Wow တစ်ခါမှသာမရောက်ဖူးတာ မိုးကုတ်ကမိုက်သားပဲ"
ခေ့စကားကြောင့် မခလှည့်ကြည့်ကာ ပြုံးပြုံးလေးဖြင့် ခေါင်းညိတ်သည်။
"နင်တို့ပြင်ဦးလွင်ပဲလှတယ်ထင်နေတာလား"
"ပြင်ဦးလွင်ကငါ့ဇာတိလေ မသိဘူး ပြင်ဦးလွင်ကပိုလှတယ်"
"မိုးကုတ်က ငါ့ဇာတိလေ မိုးကုတ်ကပိုလှတာပေါ့ ကို.. ဘာကလှလဲ ပြော"
ကားမောင်းရင်းငြိမ်နေသည့် ပီယမျက်ခုံးတွေတွန့်သွားကာ ယားလည်းမယားပါဘဲ ခေါင်းကိုတဗျင်းဗျင်းကုတ်သည်။
မခရဲ့မေးခွန်းက သူ့ကိုအကြပ်ရိုက်သွားစေသည်ထင်၏။
"ပီယ နင်ပြင်ဦးလွင်သားနော်"
"ကို မခက မိုးကုတ်သူနော်"
"ပြင်ဦးလွင်လည်းလှတယ် မိုးကုတ်လည်းလှတယ် ဒါပေမယ့် ငါ့ဇာတိဖြစ်တဲ့ တောင်ကြီးကပိုလှတယ်"
"ဟယ်!! ကြည့်စမ်း"
"နင်က ပြင်ဦးလွင်မှာမွေးတာလေ"
ခေနှင့် မခရဲ့အသံတွေစီခနဲထွက်လာတော့ ပီယ အသံထွက်အောင်ရယ်ရင်း ကားကိုသာ ဂရုစိုက်ပြီးမောင်းနေသည်။
"တောင်ကြီးဆေးရုံမှာမွေးတာပါဟ"
"ပြင်ဦးလွင်မှာကြီးတာလေ"
"တောင်ကြီးမှာလည်း ၄နှစ်နေခဲ့တယ်လေ"
"၄နှစ်တည်းရယ် ပြင်ဦးလွင်မှာ နှစ်ဆယ်ချီပြီးနေခဲ့တာလေ မရဘူးပီယ နင်ပြင်ဦးလွင်သားပဲ"
"ခေစုတ်မ ငါ့ယောကျာ်းကိုအနိုင်မကျင့်နဲ့ဟာ"
၃ယောက်သား ရယ်လိုက်ကြရင်း သောကတွေ ခဏတော့ဝေးသွားသည်။
မခနဲ့ပီယက မိုးကုတ်ကဆွေမျိုးတွေဆီမရောက်ဖူးသေး၍ ခရီးထွက်လာရင်း ခေကတစ်ယောက်တည်းဖြစ်နေသည်မို့ အတူလိုက်လာခြင်းဖြစ်သည်။
သူ ပြန်မလာတာလည်းကြာနေပြီမို့ ခေ တွေ့ချင်တာလည်းပါကာ တစ်ခုခုဖြစ်နေသလားလည်းသိချင်သည်။
"ဆေးဖြတ်မလို့တဲ့"
ကြီးမေဆီက သတင်းပြန်ကြားရတော့ ခေအံ့သြသွားကာ ဒီကိစ္စကို ဘာလို့ခေ့ကိုမပြောတာပါလိမ့်ဟု တွေးမိသည်။
အလုပ်ကိစ္စနဲ့ခရီးထွက်သွားတာလိုလိုဖြင့် မိုးကုတ်မှာဆေးဖြတ်နေသည်ဆို၍ ခေ့စိတ်ထဲ ဝမ်းနည်းသလိုလို၊ ဝမ်းသာသလိုလို...
Advertisement
သူ တကယ်ပဲပြောင်းလဲဖို့ကြိုးစားနေပြီပဲ...
"ကိုမင်းရော အဆင်ပြေရဲ့လားမသိဘူးနော်"
မခက လွမ်းလွမ်းဆွေးဆွေးပြောတော့ ခေ ပြတင်းပေါက်အပြင်ဘက်ကိုငေးကြည့်ပြီး မကြားသလိုနေလိုက်သည်။
ခေလည်း သူအဆင်ပြေပါ့မလားဟု တွေးမိပေမယ့် ဘယ်သူ့ကိုမှထုတ်မပြောဖြစ်။
မိုးကုတ်ရောက်နေသည့်တိုင် မေမေ့ဆီဖုန်းဆက်ကာ ခေနေကောင်းလား၊ ထမင်းစားလား မေးတတ်သည်ကိုလည်း ကြီးမေပြောပြတတ်သလို တစ်ခါတစ်လေ ခေကိုယ်တိုင်လည်းကြားရသည်။
ခေ့ကိုကွာရှင်းစာချုပ်ပေးခဲ့သည်ကို ဘယ်သူမှမသိ၍လား၊ ဒါမှမဟုတ် မသိသလိုနေကြသလားမသိဘဲ ဘယ်သူကမှ ခေ့ကိုမမေးကြ။
"သူ ခေ့ဆီ ဘာလို့ဖုန်းမဆက်တာလဲ ကြီးမေ"
"ခေလေး စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့နေမှာပေါ့ သမီးရဲ့ ပြီးတော့ သမီးတို့စကားပြောရင် ရန်ဖြစ်တာက များတယ်မလား"
တကယ်လည်း ရန်ဖြစ်တာကများနေပေမယ့် ဆေးဖြတ်တဲ့သူတိုင်း အလူးအလိမ့်ခံရတာကိုတော့ ခေသိ၍ ခေ့ကိုပြောပြစေချင်သည်။
ဒါကို သူက ခေ နေကောင်း၊ မကောင်းလှမ်းမေးနိုင်သေးကာ သူကိုယ်တိုင်ခေ့ဆီဖုန်းမဆက်တာကိုတော့ စိတ်ဆိုးချင်မိသည်။
သူ အရင်လိုမဟုတ်တော့တာ ခေသိနေ၍ မေးချင်သည့်စကားတွေလည်းရှိကာ သိချင်တာတွေလည်းရှိသည်။
"နင့်ဆီ ဖုန်းမဆက်ဘူးလား ခေ ငါဖုန်းဆက်ရင်မကိုင်တာကများလို့"
"မဆက်ပါဘူး"
"တစ်လလောက်တောင်ရှိနေပြီ ဖုန်းမဆက်တာတော့မဖြစ်နိုင်ပါဘူး ခေမ ရယ် နင်မသိလို့နေမှာပါ"
"တကယ်မဆက်တာ မေမေ့ဆီတော့ဆက်တယ်"
"ကိုမင်းနဲ့စကားများထားတာလား"
"အဲ့ဒါကလည်းကြာပါပြီ မသွားခင်ကတည်းက သူနဲ့စကားမပြောဖြစ်တာ ခုထိပဲ"
နောက်ကြည့်မှန်ကတစ်ဆင့် ပီယမျက်လုံးတွေ ရွေ့လာတာကို ခေသတိထားမိလိုက်ပြီး ပြတင်းပေါက်ဘက်လှည့်ထိုင်နေလိုက်သည်။
ခေ့ကို ဒုက္ခပေးဖို့၊ ပီယကိုစိတ်ညစ်အောင်လုပ်ဖို့ ရယူထားသည်ဟု ထင်ခဲ့မိပေမယ့် အခု သူ့ပုံစံက ခေ ထင်ထားသလိုမဟုတ်တော့။
သူ ခေ့ကိုချစ်တယ်ဆိုတာ တကယ်များဖြစ်နေလို့လား...
▪▪▪⏳⏳⏳▪▪▪
မိုးကုတ်က မခတို့အိမ်သည်နှစ်ထပ်ဖြစ်ကာ ခြံကျယ်ကျယ်မှာထီးထီးကြီးရှိနေပြီး အိမ်ဆီကိုရောက်ဖို့ ကားနဲ့နည်းနည်းကြာအောင် မောင်းဝင်ရသေးသည်။
ကျောက်တွင်းအလုပ်သမားတွေအတွက် အိမ်ခန်းတွေလည်းရှိတာမို့ နည်းနည်းတော့ လူရှုပ်ပေမယ့် ရှုတ်ယှက်ခတ်နေတာမျိုးလည်းမဟုတ်ပြန်။
"သမီးတို့ ရောက်ပြီလား"
မခရဲ့ဖေဖေက အိမ်ရှေ့မှာစောင့်နေကာ မခနှင့်ပီယကိုနှုတ်ဆက်သည်။
ပြီးမှ ခေ့ကိုတွေ့လိုက်သလို ခေါင်းညိတ်ပြီး ခေ့ကိုပြုံးပြကာ လက်ယပ်ခေါ်သည်။
"ဦး နေကောင်းရဲ့လား"
သိပ်မရင်းနှီးတာမို့ ဦးဟုသာ ခေါ်တတ်ပြီး ဒီဦးလေးကြီးကို မခတို့လက်ထပ်ပွဲနှင့် ပြင်ဦးလွင်လိုက်လာတုန်းကသာ ဆုံဖူးသည်မို့ ခပ်စိမ်းစိမ်းဖြစ်နေပေမယ့် ယောက္ခထီးဖြစ်နေ၍ မခေါ်မပြောလို့က မရ။
"သားဆီ လိုက်လာတာလား"
"ရှင်!! ဟုတ်"
သူ့ဆီလိုက်လာခြင်းလည်း တစ်စိပ်တစ်ပိုင်းပါနေသည်မို့ ခေ ခေါင်းလေးညိတ်ပြလိုက်သည်။
ဦးက ခေနဲ့စကားပြောချင်ဟန်ဖြင့် ခြံထဲကို ဦးဆောင်လမ်းလျှောက်သွားတော့ ခေလည်းလိုက်ခဲ့ရသည်။
ပီယက ခေ့ကိုသတိပေးသလိုလှမ်းကြည့်ပြီး အထုတ်အပိုးတွေကို ကားပေါ်ကချရင်း အိမ်ရှေ့မှာကျန်ခဲ့သည်။
"သားရဲ့သတင်းကိုလည်း ကြားပြီးရောပေါ့"
"ဟုတ်ကဲ့ ခေကြားပါတယ်"
"သားက သိပ်နေမကောင်းဘူး သမီးလေး ဟိုဒဏ်တွေကို အတော်ခံနေရတယ်ထင်တယ်"
"အဲ့ဒါအရမ်းဆိုးလားဟင်"
"သူ ခံနိုင်ရည်ရှိမယ်ထင်တာပဲ"
ခေ မေးသည့်မေးခွန်းကိုမဖြေဘဲ စိတ်သက်သာရာရအောင် တမင်ဖြေသည့်အဖြေကြောင့် ခေ တစ်ချက်စိတ်ပူသွားမိသည်။
ဦးက သက်ပြင်းချလိုက်ပြီး ခြေလှမ်းတွေကိုရပ်ကာ ခေ့ကိုပြန်ငုံ့ကြည့်သည်။
"သား အခုလိုဆိုးသွားတာ ဖေဖေ့ကြောင့်လို့ပြောရမလားပဲ"
ခေက ဦး လို့ခေါ်ပေမယ့် ဖေဖေဟုသုံးလာသည့်နာမ်စားကြောင့် ခေ မျက်နှာပူသလိုတော့ ဖြစ်မိသည်။
သို့သော် ဦးက ဂရုပြုမိဟန်မပေါ်ဘဲ ပြောလက်စ စကားကိုသာဆက်ပြော၏။
"သားရဲ့အမေနဲ့ မချစ်ဘဲပေါင်းခဲ့ရတယ်ဆိုပြီး နောက်ကွယ်မှာ ဇာတ်လမ်းရှုပ်မိတယ် ဒါတွေကို ဘယ်သူမှမသိဘူးလို့ထင်ပေမယ့် သားက သိနေတယ်"
ခေ ငြိမ်ပြီးနားထောင်နေမိရင်း သိပြီးသားကိစ္စတွေဖြစ်ပေမယ့် နောက်ထပ်သူ့အပေါ် သနားစိတ်လေးဝင်သွား၏။
"ဖေဖေ့ရဲ့ကိစ္စတွေက သူ့အတွက်အရှက်ရစရာဖြစ်ခဲ့တယ်ထင်တယ် ဟိုးအရင်ကတည်းက ဘယ်သူ့စကားမှနားမထောင်ဘဲ ထင်သလိုနေ၊ လုပ်ချင်တာလုပ်၊ ဆိုးချင်တိုင်းဆိုးခဲ့တာ ဒါတွေကြောင့်ထင်ပါရဲ့ မင်းစေကဘယ်သူ့ကိုမှမပြောဘဲ တစ်ယောက်တည်းကြိတ်မှိတ်နေခဲ့တာ သူအခုလိုဆိုးနေတာ ဘာကြောင့်လို့မေးလာရင် ဖေဖေ့ကြောင့်လို့ပြောရမှာပဲ"
ပြောနေရင်း ဦးက ခေ့ကိုပြန်ကြည့်လာသည်။
"ဖေဖေ ဘာလို့ပြောပြနေတာလဲ သိလား သမီးလေး"
"မသိပါဘူး"
ခေပွင့်ပွင့်လင်းလင်းပြောတော့ ဦးက ရယ်ကာ ကလေးလိုပဲဟု ခပ်တိုးတိုးပြောသေးသည်။
"သမီး သူ့အပေါ်နားလည်စေချင်လို့ပါ သမီးတို့ကြားကပြဿနာကို ဖေဖေနားလည်တယ် သမီးအနေနဲ့ စိတ်နာနေမှာကိုလည်းသိတယ် ဒါပေမယ့်သမီးရယ် ဖေဖေက ယောကျာ်းချင်းမို့နားလည်နေတာပါ သားက သမီးလေးကိုသိပ်ချစ်တာပါ"
ခေ မသိမသာလေး မျက်နှာလွှဲလိုက်သည်။
သူပြောင်းလဲသွားတာတွေ ခေ နားလည်ခဲ့ပေမယ့် ပြောခဲ့ဖူးသည့်စကားတွေကို သတိရတိုင်းခေါင်းခါငြင်းဆန်မိသည်။
ခေ့ကိုဂရုစိုက်တာတွေ ပြန်သိရတိုင်း၊ မိုးကုတ်မသွားခင်က သူနှုတ်ဆက်သွားသည့်အချိန်ကို သတိရတိုင်းလည်း မဖြစ်နိုင်ဘူး ဟု ခေဆုံးဖြတ်ခဲ့ပြီး မယုံချင်ခဲ့။
"သူသာ နေမကောင်းဖြစ်နေတာ သူ့အမေဆီအမြဲဖုန်းဆက်ပြီး သမီးနေကောင်းလားအမြဲမေးတတ်တယ် သမီးကိုပြန်မပြောဖို့မှာနေတာကိုလည်း ဖေဖေကြားတယ်"
ခေ သိနေတာမို့ နှုတ်ဆိတ်နေလိုက်သည်။
"ဒီတော့သမီးရယ် သူလည်းအမှားတွေကိုပြင်နေတာပဲ သူဆိုးခဲ့သမျှပြန်ခံစားနေရပြီ နောင်တတွေလည်းရနေပြီပဲ တကယ်လို့သာ မင်းစေပြန်ပြီးလိမ္မာလာခဲ့ရင် မဆိုးတော့ဘူးဆိုရင် သမီးဘက်က နည်းနည်းလောက်လျှော့ပေးလို့ရမလား"
တောင်းတောင်းပန်ပန်ပြောလာသည့်စကားအဆုံးမှာ ခေ ရင်ထဲဒိတ်ခနဲဖြစ်သွားသည်။
ခေက ဘာကိုအလျှော့ပေးရမှာလဲ.....
သူနဲ့ပဲဆက်ပြီးပေါင်းသင်းဖို့လား။
"ဖေဖေ တောင်းဆိုတာပါ သမီး"
"ခေက"
ခေ ဘာပြန်ပြောရမှန်းမသိ၍ အင်္ကျီစလေးကိုလုံးခြေပစ်မိရင်း နှုတ်ခမ်းကို ကိုက်မိသည်။
ခေလည်း အရင်လို သူ့အပေါ် ပစ်ပစ်ခါခါနေနိုင်တော့တာမှမဟုတ်ဘဲ...
"သူ မဆိုးတော့ဘူးဆိုရင် ခေလည်းသူနဲ့ညှိယူဖို့ကြိုးစားပါ့မယ်"
▪▪▪⏳⏳⏳▪▪▪
Part 29 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~
အချစ်ဝိုင် ( part -28 )
▪▪▪▪▪▪▪▪▪
မိုးကုတ်သည် သူ့ရဲ့မွေးရာဇာတိမြေဖြစ်ပေမယ့် မနေချင်ဆုံးအရပ်တစ်ခုလည်းဖြစ်ကာ ဒီစိတ္က မေမေနဲ့တူသည်ဟု ပြောရမလား၊ မေမေ့ကြောင့်ဟု ပြောရမလား။
Advertisement
"ဟုတ်ကဲ့"
"အကုန္လုံးနီးပါးပါလား မင်း တော်တော်ဆိုးတဲ့ကောင်ပဲ"
ဆရာဝန္က သူရေးထားသည့်စာရွက်ကို ကြည့်ရင်းပြောလာတော့ သူ မပြုံးမိဘူးထင်၏။
လိုအပ်သည့်ဆေးဝါးနှင့် တခြားပစ္စည်းတွေဝယ်ဖို့ ထိုဆရာဝန်ပြန်ထွက်သွားတော့မှ ဖေဖေက တိုးတိတ္စြာစကားစ၏။
"၁၀တန်းအောင်ရင် Bangkokမွာပဲ ကျောင်းသွားတက်တော့ မင်း ကျောက်မြတ်လောကထဲမှာ နေရာတစ်ခုရလာဖို့ အခုကတည်းက မောင်းထားရမယ်"
နောက်ဆုံးတော့ သူထြက္လာခဲ့ရကာ မေမေတို့ကိုမသိစေချင်သော ကိစ္စတွေကိုလည်း ပြန်မသိစေဖို့အသေအချာစီမံခဲ့ကာ Bangkokမွာ ၄နှစ်ကျော် ၅နှစ်နီးပါးကြာခဲ့သည်။
"မင်းစေ"
▪▪▪⏳⏳⏳▪▪▪
"Wow တစ်ခါမှသာမရောက်ဖူးတာ မိုးကုတ္ကမိုက်သားပဲ"
"မိုးကုတ္က ငါ့ဇာတိလေ မိုးကုတ်ကပိုလှတာပေါ့ ကို.. ဘာကလွလဲ ပြော"
"ဟယ်!! ကြည့်စမ်း"
"ဆေးဖြတ်မလို့တဲ့"
ခေ့ကိုကွာရှင်းစာချုပ်ပေးခဲ့သည်ကို ဘယ်သူမွမသိ၍လား၊ ဒါမှမဟုတ် မသိသလိုနေကြသလားမသိဘဲ ဘယ်သူကမွ ခေ့ကိုမမေးကြ။
"ခေလေး စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့နေမှာပေါ့ သမီးရဲ့ ပြီးတော့ သမီးတို့စကားပြောရင် ရန်ဖြစ်တာက မ်ားတယ္မလား"
"မဆက်ပါဘူး"
"တကယ္မဆက္တာ မေမေ့ဆီတော့ဆက်တယ်"
▪▪▪⏳⏳⏳▪▪▪
မိုးကုတ္က မခတို့အိမ်သည်နှစ်ထပ်ဖြစ်ကာ ခြံကျယ်ကျယ်မှာထီးထီးကြီးရှိနေပြီး အိမ်ဆီကိုရောက်ဖို့ ကားနဲ့နည်းနည်းကြာအောင် မောင်းဝင်ရသေးသည်။
"သမီးတို့ ရောက်ပြီလား"
"ဦး နေကောင်းရဲ့လား"
"သားဆီ လိုက္လာတာလား"
"ရှင်!! ဟုတ်"
"ဟုတ်ကဲ့ ခေကြားပါတယ်"
"သား အခုလိုဆိုးသြားတာ ဖေဖေ့ကြောင့်လို့ပြောရမလားပဲ"
Advertisement
- In Serial96 Chapters
Airi in a Thousand Worlds
Normies reincarnating into a villain or villainess, NEETs reincarnating into monsters, Normies and NEETs reincarnating into the undead, hero or inanimate object, etc etc... we've seen them all. But have you seen a goddess reincarnate into cannon fodder?! Of course! Not! Follow Airi (or her clones), a goddess of Karma, in her adventures of pushing up the hero/heroine with her blood (literally), sweat (literally?), and tears (literally)!
8 170 - In Serial24 Chapters
Tales Of The Undefeated Legend
I the author of this novel have write in the webnovel qidian due to the problem that i can't write a novel using my phone in webnovel qidian apps i chose to write the story in RoyalRoad one of the inconvenience webnovel qidians apps to me its hard. This story is about a teen (MC) Feng Xiong that grew up a whole life in the hospital since he was 6 years old, he is a child with an illness heart cancer stage 4. The only thing he can do to release his boredom is just playing a game from an android phone and with cheats of course, due to his illness MC never gone out from the hospital territory sightseeing from near playground or interacting with others. MC is an orphan never knew who is his parents are, he has been taking care of by an orphanage centre. When his time finally came, he smiled as he spoke,"so this is it". Closing his eyes as he accepted his fate, he sighed and laid flatly on the bed. But to his surprise when he opened his eyes what first he saw is a big wide space in white pure clean colour then suddenly a voice came and a silhouette appeared, MC asking the silhouette,"Who are you might be Sir? " Me? Some call me immortal, some call me deity, some call me god it's up to you what you gonna call me I am here just wanna give you a second life chance, to live as a normal person with a surprise gift just for you, so, Feng Xiong, will you accept your second life in another world? I Feng Xiong accept it. Want to know more? Follow Feng Xiong journey in his second life in another world on the path becoming a Legend.
8 119 - In Serial8 Chapters
A Dragon In human Skin
JUST READ THE STORY THERES NO BETTER DESCRIPTION THEN ONE YOU EXPERIENCE AND MAKE YOURSELF!!
8 114 - In Serial8 Chapters
Since I'm having an adventure, I decided to take the Quest Book for Pastime
A massive Meteorite had brought the world to its destruction. From the ashes of the [Old Earth] the “new world: Neagi” was created. But because of the presence of mystical energy of the Neagi, it became accessible to the [otherworlder] to open up the portal and invade the new world and prompted the war between Earthlings and Otherworlders to erupt across the globe.300 years after that, a young philosopher named Haven decided to take a tour to a certain kingdom of Otherworlder, Richfield Kingdom, Where he received a book containing 100 quests. Upon completion, a reward will be given. Since he will be having an adventure, Haven decided to take the Quest Book for Pastime. (English is not my mother language, be ready for some grammar errors) (I created this novel to plan out my manga. But I tried my best to make it look like a light novel. ) (alternative name: The Fruit of Encaria)
8 187 - In Serial74 Chapters
Fate
"Fate is well known for its tricks."What will happen, when you accidentally bump into your one and only bias Jungkook in a elevator? Does fate has something to do with it? Will the strings of fate will tie you two together??
8 188 - In Serial54 Chapters
The return of the staff hero (Shield hero x Male reader)
Let's see what happens, when a jojo fan gets Isekai'd
8 185

