《အချစ်ဝိုင် ( Complete )》Part 32
Advertisement
အချစ်ဝိုင် ( part - 32 )
▪▪▪▪▪▪▪▪▪▪
"အလှပြင်ခဲ့နော် လှလှလေးမြင်ချင်တယ်"
အခန်းထဲမှာပဲ ညစာအတူတူစားဖို့ သူ တိုးတိုးလေးမှာသွားသည့်စကားကြောင့် ခေ မှန်ရှေ့မှာငုတ်တုတ်လေးထိုင်ကာ ဘာလုပ်လို့လုပ်ရမှန်းမသိ။
အရင်ကဆို foundationလိမ်းပြီး ပက်ဖ်ရိုက်ကာ နှုတ်ခမ်းနီဆိုးရုံသာ လုပ်တတ်ပေမယ့် ဒီတစ်ခါမှာတော့ ခေ ဘာကြောင့်လှချင်နေသလဲမသိ။
"မမလေး ညစာရပါပြီ"
"စားပွဲပေါ်ထားခဲ့လိုက်လေ သူရော ဆင်းလာပြီလား"
"ဟုတ်ကဲ့ ဆင်းလာပါပြီ"
ဆင်းလာပါပြီဆိုမှ ကိုယ့်မျက်နှာကိုယ်မှန်ထဲပြေးကြည့်ပြီး နှုတ်ခမ်းနီထပ်ဆိုးနေစဥ်မှာ တံခါးဝမှာရပ်ကြည့်နေသည့်သူ့ကို မှန်ထဲကနေမြင်လိုက်၍ ခေ ရပ်သွားသည်။
"မမြင်ချင်ယောင်ဆောင်ပေးပါ့လား ခေ နှုတ်ခမ်းနီဆိုးချင်လို့"
"မဆိုးပါနဲ့ မဟုတ်လည်းပျက်မှာပဲ"
ရယ်သံသဲ့သဲ့ဖြင့် ပြုံးစိစိပြောလာသည့်စကားကြောင့် ခေ နှုတ်ခမ်းနီဘူးကိုပြန်ချပြီး သူ့ကိုမျက်စောင်းထိုးပစ်သည်။
သူက တံခါးကိုပိတ်ကာ စားပွဲမှာဝင်ထိုင်ရင်း ခေ့ကိုပဲကြည့်နေခဲ့တာမို့ မျက်စောင်းထိုးပစ်သည့်အခါ သူကရယ်လေ၏။
"စားရင်းသောက်ရင်း ပျက်သွားမှာကိုပြောတာ ဘာထင်နေတာလဲ"
"ဘာမှမထင်ပါဘူး"
ထမင်းစားဖို့ပြင်ပေးပြီး သူ့ပန်းကန်ထဲကို ခေ ဦးချသည့်အနေဖြင့် ဟင်းတွေခပ်ထည့်ပေးတော့ သူကပြုံးပြီးကြည့်နေခဲ့သည်။
သူနဲ့ခေဟာ ဒီလိုနွေးထွေးမှုလေးတောင် မရှိခဲ့ကြဘူးမလား...
ခါတိုင်းထက်ပိုပြီး ထမင်းစားနိုင်တာမို့ ခေ ကျေနပ်သွားပြီး ခုမှထူးထူးဆန်းဆန်းထလုပ်သည့်ညစာအကြောင်းကိုလည်း သိချင်သွား၏။
"အခုညစာကလေ ဘာထူးဆန်းနေလို့လဲဟင်"
"ဖေဖေပေါ့ ကြည့်ရတာ ကိုယ်အစားအသောက်နည်းနေလို့ စီစဥ်ပေးတယ်ထင်တာပဲ ကိုယ်ကဒီမှာဆို ညစာကိုအပြင်မှာမစားဘူး အခန်းထဲပဲယူစားတယ်"
ဒါကြောင့်လည်း အခန်းထဲလာထည့်သွားတာပဲဟု ခေ သဘောပေါက်သွားသည်။
"မင်း ဘယ်အချိန်ပြန်မလဲ ခေ"
ခေ ထမင်းကိုလက်စသပ်ရင်း ခေါင်းလေးခါပစ်တော့ သူက ဘာမှမပြောဘဲစူးစိုက်ပြီး ကြည့်နေခဲ့သည်။
"ရှင် ဘာဖြစ်သွားမလဲဆိုပြီး စိတ်ချလို့မရတဲ့အခြေအနေမှာ ခေမပြန်ချင်ဘူး"
"ပြန်ပါ ခေရယ် ကိုယ်ခုလိုတွေဖြစ်နေတာတွေ မင်းကိုမမြင်စေချင်ဘူး"
"ရှင်နော် နောက်ထပ်မိန်းမရှိနေလို့ သူများကိုအတင်းနှင်နေတာလား"
ခေ စိတ်တိုသွားတာမို့ ရန်တွေ့တော့မှ သူကပြုံးသွားပြီး ခေါင်းခါကာ ဇွန်းကိုချသည်။
သူက ပန်းကန်ထဲထည့်ပေးထားသည့်ထမင်းတွေကို အကုန်စားလိုက်တာမို့ ခေ ကျေနပ်သွားပြီး ပန်းကန်တွေကိုသိမ်းလိုက်သည်။
မီးဖိုခန်းကို သွားပို့ပြီးပြန်လာတော့ သူကခေါင်းအုံးတွေဆင့်ကာမှီထိုင်နေပြီး သူ့အနားလာဖို့ခေ့ကိုလှမ်းခေါ်သည်။
ခေ သူ့ဘေးမှာထိုင်လိုက်တော့ သူက ခေ့လက်တစ်ဖက်ကို လက်ချောင်းချင်းသွယ်ယှက်ဆုပ်ကိုင်ပြီး လက်စွပ်ကလေးကိုငုံ့ကြည့်သည်။
"အဲ့ဒါYou are my Tomorrowဆိုတဲ့ သဘောပေါ့ မနက်ဖြန်ဆိုတာ မမြင်ရပေမယ့် မနက်ဖြန်တိုင်းကမင်းပဲလို့ပြောချင်တာ Roတယ်မလား"
"မRoပါဘူး ချွတ်ထားရင် ဘာလုပ်မယ် ညာလုပ်မယ်နဲ့"
"မင်းကြောက်တာနဲ့ပဲကိုင်ထားတာလေ ဘာတတ်နိုင်သေးလဲ အခု"
ခေ သူ့ကိုမျက်စောင်းထိုးပစ်တော့ သူက မျက်ခွံလေးတွေကိုငုံ့နမ်းသည်။
"ကိုယ့်မိန်းမက အရမ်းတွေလှနေတာ နှုတ်ခမ်းနီကလည်းလှတယ် ဖျက်ပစ်ရမှာတော့ နှမျောစရာပဲ"
"အာ့ဆို မဖျက်!! အွန်း.."
စကားမဆုံးခင် သူနမ်းလိုက်၍ ခေ့စကားတစ်ဝက်တစ်ပျက်မှာရပ်သွားသည်။
အမြင်ကတ်ကတ်ဖြင့် သူ့နှုတ်ခမ်းကိုနည်းနည်းနာသွားအောင် ပြန်ကိုက်လိုက်တော့မှ လွှတ်ပေးကာ လည်ပင်းကိုမထိတတထိလိုက်နမ်းသည်။
"ငြိမ်ငြိမ်နေ ရှင် နေမကောင်းဘူးမလား"
ခေရယ်ရင်းမေးလိုက်တော့မှ သူက စူပုတ်သွားပြီး ခေ့ရင်ဘတ်လေးကို ညိုသွားသည်အထိကိုက်ပစ်သည်။
စူးခနဲဖြစ်သွား၍ ခေ သူ့မျက်နှာကိုတွန်းပစ်တော့ သူက ရယ်နေရင်း ခေ့ပါးလေးကိုရှိုက်ခနဲထပ်နမ်းသည်။
"နေမကောင်းလို့ အလျှော့ပေးလိုက်တာနော် မင်းတကယ်လှနေလို့ အနိုင်ကျင့်ချင်နေတာ"
ခေ ရင်ဘတ်လေးကိုငုံ့ကြည့်ရင်း သူ့ရင်ဘတ်ကိုပြန်ကိုက်တော့ မျက်နှာပြောင်တတ်နေသည့်သူက ရင်ဘတ်ကိုပင် ကော့ပေးလိုက်သေး။
အဝကိုက်၊ ကြိုက်သလောက်ကိုက်ဆိုသည့်သဘော•••
"မုန်းဖို့ကောင်းလိုက်တာ"
သူမ ကျိန်ဆဲတော့ သူကသဘောတကျအော်ရယ်လေ၏။
"ခေ ရှင့်ကိုမေးချင်တယ် ဒီရောက်တော့မှရှင်အရမ်းဆိုးတာတွေ ခေပြန်သိရတာလေ ခေက ရှင့်ကိုဒီလောက်ပြန်ပြောပြီး ပါးရိုက်တာကို ရှင်က"
"ဘာလို့ငြိမ်နေတာလဲ သိချင်တာလား"
"အင်း"
"ကိုယ်ပြောခဲ့သားပဲ ခေရယ် မင်းနဲ့မှချစ်တတ်၊ ရင်ခုန်တတ်တာပါဆို မင်းကြိုက်သလောက်ရိုက်၊ မင်းပြောချင်သလောက်ခံပြော မင်းကိုနာအောင်မလုပ်ဘူး တစ်ခုပဲ ချစ်တဲ့စိတ်နဲ့ပဲ နာအောင်လုပ်ချင်တာ"
"ရှင်နော်"
"တကယ်ပြောတာ ကိုယ်ဘယ်လောက်ဆိုးခဲ့ဆိုးခဲ့ မင်းရှေ့မှာတော့ လိမ်လိမ်မာမာနေမယ် မင်းပါးစပ်ကထွက်သမျှက အမိန့်ပဲ မင်းကကိုယ်ရဲ့ဘုရင်မလေးလေ"
ရင်ထဲရှိသမျှထုတ်ပြောလိုက်တော့ ခေသည် ကြည်နူးသောအပြုံးလေးတစ်ခုဖြင့် သူ့ရင်ခွင်ထဲတိုးကာ ကျောပြင်ကျယ်ကြီးကိုသိုင်းဖက်၏။
ခုလောက်ဆို သူ့အချစ်ကို ခေ ခံစားမိလောက်ပါပြီ...
▪▪▪⏳⏳⏳▪▪▪
"လမ်းလျှောက်ရအောင်"
ထိုအသံနှင့်အတူ ခေတို့ထိုင်ပြီး ပန်းသီနေသည့်အနားရောက်လာတော့ ခေ ခေါင်းခါပစ်လိုက်သည်။
ဒီနေ့တော့ သူ့ပုံစံက နည်းနည်းလန်းဆန်းနေသလိုဖြစ်နေ၍ ခြံထဲဆင်းလာခြင်းဖြစ်ရမည်။
"ဘာဖြစ်လို့လဲ"
"ရှင် မောနေလိမ့်မယ်"
သူ ပြုံးရုံသာပြုံးပြီး ခေ့လက်တစ်ဖက်ကိုဆွဲယူကာ ခြံအနောက်ဘက်ကိုထွက်လာခဲ့သည်။
မလှမ်းမကမ်းမှာ လူကြီးတစ်ယောက်ပါလာပြီး သူ့ကိုအရိပ်လိုလိုက်ကြည့်နေ၍ ဘာမှမဖြစ်လောက်ပါဘူးဟု တွေးပြီး တိတ်တဆိတ်လိုက်လာခဲ့သည်။
အနောက်ဘက်ကတောင်ကုန်းလေးသည် သိပ်တော့မမြင့်ဘဲ လေတဟူးဟူးတိုက်လျက်ရှိတာမို့ အဝတ်အစားတွေတဖျတ်ဖျတ်လွင့်နေ၏။
"တောင်ကုန်းထိပ်ရောက်ရင် ခဏထိုင်ရအောင်"
သူက မောနေသလိုပြောလာတော့ ခေခေါင်းညိတ်ပြီး ဘယ်လောက်မှမလိုတော့သည့်တောင်ကုန်းထိပ်လေးကို လှမ်းကြည့်မိသည်။
ဆုပ်ကိုင်ထားသည့်သူ့လက်ဖျားတွေအေးစက်လာသလိုမို့ ခေ သူ့ကိုမော့ကြည့်မိသည်။
"ကိုယ် ငယ်ငယ်တုန်းက ဒီနေရာကိုခဏခဏလာတယ်"
တောင်ကုန်းထိပ်လေးမှာ ထိုင်လိုက်ရင်း သူကဆွေးဆွေးမြေ့မြေ့ပြောရင်း မောနေတာမို့ စကားသည်ဆက်ထွက်မလာ။
"ရှင့်အဖေ့ကိစ္စတွေကြောင့်လား"
"အဲ့ဒါတွေလည်းပါတယ် ဖေဖေနဲ့မေမေရန်ဖြစ်ကြရင်လည်း ကိုယ်ဒီမှာပဲလာနေတယ် ကိုယ့်ရဲ့ငယ်ဘဝကသိပ်မကောင်းပါဘူး ဖေဖေ့ရဲ့တခြားသားသမီးတွေထက် တော်နေအောင်၊ ထက်နေအောင် ကိုယ်အများကြီးကြိုးစားခဲ့ရတယ်သိလား"
"အဲ့လိုတွေလည်းရှိသေးတယ်လား"
"ရှိတာပေါ့ အကြောင်းသိကြတဲ့သူတွေက ကိုယ့်ရဲ့အားနည်းချက်လိုဖြစ်နေတဲ့ အဲ့ဒီကိစ္စနဲ့လှောင်ကြပြောင်ကြတာ တကယ်ရှက်စရာကောင်းတယ် အဲ့မှာကိုယ်ဒေါသဖြစ်တတ်လာတယ် တဖြည်းဖြည်းဆိုးလာတယ် ဒီကြားထဲ ဆေးပါသုံးတတ်သွားတော့ သွားရောပေါ့"
ခေ သူ့ကိုသနားသွားမိကာ သူ့ပခုံးကိုမှီပြီးမျက်လုံးလေးတွေမှိတ်ထားလိုက်သည်။
Advertisement
သူ့မှာ ဒီလိုနာကျင်စရာတွေရှိခဲ့မှန်းမှ မသိခဲ့ဘဲ•••
"ဒါပေမယ့် တစ်ခုကံကောင်းတာက ဖေဖေ့မှာတရားဝင်တဲ့သားဆိုလို့ ကိုယ်ပဲရှိတာလေ အဲ့ဒီတစ်ခုကိုတော့ ဖေဖေကကောင်းပါတယ်
သူ့လုပ်ငန်း၊ သူ့ပိုင်ဆိုင်မှုတွေကိုတော့ ဘယ်သားသမီးရဲ့လက်ထဲကိုမှပေးမထားဘူး ဘာလို့လဲဆိုတော့ မင်းစေရာဆိုတဲ့ကောင်က လက်လန်အောင်ဆိုးပေမယ့် အတော်ဆုံးလည်းဖြစ်နေလို့ပဲ"
"ကိုယ့်ကိုယ်ကိုတော့ သိပ်အမွှန်းတင်တာပဲနော်"
"မဟုတ်လို့လား မင်းယောကျာ်းအကြောင်းမသိသေးဘူးလား"
"ဟုတ်ပါတယ် ရှင်မောနေပြီမလား မပြောနဲ့တော့နော် ခေလည်း ဖီးလ်ပျက်တယ် သူ့ကိုမှီနေချင်ပါတယ်ဆိုမှ"
ခေ ပြောလိုက်တော့မှ သူကခေါင်းညိတ်ကာ ဘာမှမပြောတော့ဘဲ ခပ်ဝေးဝေးကအိမ်လေးတွေကိုငေးကြည့်သည်။
ခေ့ လက်ကလေးကိုလည်းမလွှတ်ဘဲ ဒီအတိုင်းဆုပ်ကိုင်ထား၍ သူ့ပခုံးကိုမှီထိုင်ရင်း သူကြည့်ရာဆီကိုပဲကြည့်မိသည်။
ထိုအခိုက်အတံ့လေးမှာ ခေ့စိတ်ထဲကြည်နူးနေမိသည်က အမှန်တရား။
"ဦးလေး ဘောပင်န်ပါလား"
"ပါတယ် အစ်ကိုလေး"
တစ်အိမ်လုံးက သူ့ကိုအစ်ကိုလေးဟုသာခေါ်ကြပြီး တရိုတသေဆက်ဆံကြသည်ကို ခေ သတိထားမိသည်။
ဒီအိမ်နှင့်ဒီအသိုင်းအဝိုင်းမှာ သူ့စကားတစ်ခွန်းဆိုတစ်ခွန်း သူ့ကိုကြောက်ရွံ့ရိုသေရသည်။
ဦးလေးကြီးလှမ်းပေးသော ဘောပင်န်ကိုယူပြီး အဖုံးဖွင့်ကာ သူ ကိုင်ထားသည့်ခေ့လက်ရဲ့ လက်ဖျံပေါ်မှာ စာတချို့ရေး၏။
You are my light
You are my eyes
Let me see the light with you
Just a look
Just a smile
I dropped it on your foot
You are my fate
You are my life
You are everything for me
Keep your tears
Save my future
I want to live with you
For many years
"မင်းနဲ့လက်မှတ်ထိုးတဲ့ညက ရေးထားတဲ့ကဗျာလေး အားရင် သေချာဖတ်နေ ကြားလား"
ဘောပင်န်အဖုံးကိုပြန်ပိတ်ရင်း သူပြောပေမယ့် ခေ ခေါင်းမညိတ်ဘဲ ထိုကဗျာလေးကိုပဲ ဖတ်ကြည့်မိသည်။
"မိုက်တယ်မလား"
"ဟွန့် !! ရှင်ရေးတာတော့မဖြစ်နိုင်ပါဘူး"
"ဟုတ်တယ် အရမ်းချောတဲ့ကောင်ရေးထားတာ"
ခေမျက်စောင်းထိုးပစ်တော့ သူကသဘောကျသွားသလို ဟက်ဟက်ပက်ပက်ရယ်၏။
ခေ သူနဲ့အတူရှိခဲ့သည့်ကာလတစ်လျှောက်လုံး သူ ဒီလိုရယ်တာမျိုး တစ်ခါမှမတွေ့ဖူးခဲ့။
"မင်း အဲ့လိုရန်တွေ့တာတွေ မျက်စောင်းထိုးတာတွေ အသေအလဲလိုချင်ခဲ့တာသိလား"
"သိပါဘူး"
"မသိရင်လည်း အခုသိလိုက်တော့ကွာ ပြီးတော့ကိုယ် နေပြန်ကောင်းပြီး အိမ်ပြန်ရောက်ရင် ကိုယ့်ကိုလက်ထပ်မလား ခရေဝိုင်"
ကဗျာလေးကိုပဲကြည့်နေမိရာမှ ခေ သူ့ကိုကြည့်မိသည်။
ပိန်သွားတာမို့ နှာတံပိုပေါ်နေပြီး မျက်တွင်းကျနေပေမယ့် သူ့မျက်လုံးတွေက နူးညံ့ရီဝေနေခဲ့သည်။
"ရှင် ခေ့ကိုနှိပ်စက်ဦးမှာလား"
"မင်းမကြိုက်တာဘာမှမလုပ်တော့ဘူး ကတိပေးတယ်"
သူ ကဗျာရေးထားသည့်လက်ဖျံလေးကို ငုံ့ကြည့်ရင်း နှုတ်ဆိတ်သွားသည်။
နံနက်ခင်း နေထွက်တော့မှာမို့ ကောင်းကင်တစ်ခုလုံး တဖြည်းဖြည်းချင်းလိမ္မော်ရောင်သမ်းလာသည်ကို သူက တစ်ချက်မော့ကြည့်ရင်း ထရပ်သည်။
"ပြန်ရအောင်"
ခေလည်းထရပ်ကာ သူ့ရင်ဘတ်ပေါ် လက်ဖဝါးလေးတင်ပြီး သူ့မျက်နှာကိုပဲသေချာမော့ကြည့်နေ၍ သူကပြန်ငုံ့ကြည့်ကာ ခေ့ ခါးကိုဖွဖွလေးပြန်ဖက်သည်။
နေရောင်စထွက်ပြီမို့ သူ့မျက်နှာက ပိုပြီးထင်လင်းလာပြီး ခါတိုင်းထက်ပိုပြီးကြည့်ကောင်းနေသည်။
ခေ သူ့ရင်ဘတ်ကို ဖွဖွလေးနမ်းလိုက်ပြီး•••••
"ခေ ရှင်နဲ့လက်ထပ်မယ်"
သူပြုံးသွားပြီး ခေနဲ့နဖူးချင်းတိုက်ထားကာ ခဏတော့ငြိမ်နေသေး၏။
ပြီးမှ ခေ့နှုတ်ခမ်းလေးကိုငုံ့နမ်းပြီး ဦးလေးကြီးလည်းရှိနေတာမို့အကြာကြီးမနမ်းဘဲ ကဗျာရေးထားသည့်လက်ကလေးကို လက်ချောင်းချင်းသွယ်ယှက်ဆုပ်ကိုင်ကာ•••
"သွားစို့"
နောက်ထပ်ဘာစကားမှမပြောဖြစ်တော့ဘဲ အိမ်ကိုပြန်ရောက်လာသည့်အခါ သူက အပေါ်ပြန်တက်တော့မှာမို့ ခေ့ကိုငဲ့ကြည့်သည်။
ခေ့လက်ကလေးကို မလွှတ်ချင်သေးသလိုကြည့်နေပြီးမှ ဖြည်းဖြည်းချင်းလွှတ်ပေးသည်။
"Keep your tears
Save my future
I want to live with you
For many years"
ခေ ပြုံးပြီးခေါင်းလေးညိတ်ပြလိုက်သည်။
သူပြောသလို နှစ်တွေအများကြီးအထိ ခေသည်သူ့အနားမှာပဲရှိနေချင်ပါသည်။
သို့သော် ••••••
▪▪⏳⏳⏳▪▪▪
Part 33 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~
အချစ်ဝိုင် ( part - 32 )
▪▪▪▪▪▪▪▪▪▪
"အလြှပင်ခဲ့နော် လှလှလေးမြင်ချင်တယ်"
"မမလေး ညစာရပါပြီ"
"ဟုတ်ကဲ့ ဆင်းလာပါပြီ"
"ဘာမှမထင်ပါဘူး"
Advertisement
"ပြန်ပါ ခေရယ် ကိုယ်ခုလိုတြွေဖစ်နေတာတွေ မင်းကိုမမြင်စေချင်ဘူး"
"အာ့ဆို မဖျက်!! အွန်း.."
"အင်း"
"ရှင်နော်"
▪▪▪⏳⏳⏳▪▪▪
"လမ်းလျှောက်ရအောင်"
"ဘာဖြစ်လို့လဲ"
"ရှင် မောနေလိမ့်မယ်"
"ဦးလေး ဘောပင်န်ပါလား"
"ပါတယ် အစ်ကိုလေး"
You are my light
You are my eyes
Just a look
Just a smile
You are my fate
You are my life
Keep your tears
Save my future
I want to live with you
For many years
"မိုက်တယ်မလား"
"သိပါဘူး"
"ပြန်ရအောင်"
"ခေ ရှင်နဲ့လက်ထပ်မယ်"
"သွားစို့"
"Keep your tears
Save my future
I want to live with you
For many years"
သို့သော် ••••••
▪▪⏳⏳⏳▪▪▪
Part 33 ဆက်ရန်
#shinthant1141997
Advertisement
- In Serial46 Chapters
Re:Shard - Due to RL issuse uploading is very slow, but still undergoing and not yet dead
An abusive bastard of a father and a mother who never cared. A life in crime, used as a human shield and an assassin and what not. Our main charter’s life is not the best. But he doesn’t complain, he has seen worse after all the is the one to deliver it to others. So his death doesn't come as a surprise, but what comes after does!Cast into a world of magic and monsters, how will he fare in his new life?Cover: [The Ice Barrier] by Horriso.NOTE: This story is for MATURE readers only meaning 18+ (Or what counts as mature in your country!), It is NOT a story for the faint of heart.It contains violence, gore, evil, sexual content + rape - might put them as spoilers, for thoses who want to semi skip them. Utterly brutal and vile. Murder, Slavery etc.2th Note: This is my first posted fantasy story. English is not my first langue. So there will be grammar poops along the way. Will try my very best not to get to much of it in. Will try to get at least one chapter in each week hopefully more.
8 352 - In Serial16 Chapters
a new world to call home, as sloths representative
"So I get 2 freebies and a curse," "Yup." "What's the world like? The one you'll be sending me to?" "So you know overlord?" "Shit." "Yeah, way harder." a girl chosen by the sin of sloth gets transported in the middle of a forest swarming with dangerous monsters. For a bet waged by the physical manifestation of the seven sins. After bearly surviving a month in the forest, she tries to find a place for herself in this mysterious world.
8 115 - In Serial18 Chapters
Awakening
A potent tale of self-discovery. Centuries ago, the prophetic Golden Age ended in war, and history spiraled into darkness... Now, only scholars retain the last portent of the mythic city A'lara, concealed in a distant glade for the advent of the dragon mage. At the edge of the Known World, the slave Larin escapes her new lord before she meets his dark masters. Deep in the mountains, the legendary elf Kingard awaits his call to battle. When young Darek flees imperial mages tasked to exterminate shape-shifters, he launches them all on a voyage to redeem their unsought destiny. United by fate and guided by prophesy, their growing band of fugitives journey for A'lara to fight the ancient evil infiltrating the capital. But looming over the gears of fate, their enemies follow the same prophesies. With the unknown close upon them, Kingard and his allies face a mortal quest to restore their infected empire. Praise for Awakening: If you love Anne McCaffrey, J.R.R. Tolkien and Tad Williams, then Awakening is a novel you will surely want to pick up. D.N.Frost is a consummate world-builder with a knack for creating characters that are complex and three-dimensional. Frost writes with graceful prose that is descriptive and well-edited. The plot is fast-paced and entertaining. What really sets this novel apart is the cartography, which is a spectacular accomplishment. Incredible world-building! - M.L. Spencer, author of The Rhenwars Saga ★★★★★ This novel was published in 2014, and it includes 19 antique watercolor maps! Check them out: Maps of Awakening: an atlas directory
8 146 - In Serial12 Chapters
Grey [HIATUS]
I was originally fueled by anger and disdain to write this and looking back, most of what I wrote for this story was unplanned and a bit trashy. I kinda stopped having ideas for this, so I stopped in the end. If you're looking at this right now, you probably shouldn't read this because it's only 12 crappy chapters in and yeah... Sorry to the people who might've liked this. (Maybe one day I'll continue this, but for now, I have other plans) Grey, a prince, is unsure about what to do when he starts running away from an enemy beast tamer. He's unsure on what to do now that his father, the king, is dead. In the forest alone, he'll discover a small companion and a rogue. Together will they figure a way to take back Grey's kingdom? Or will they just die in vain? Let's be honest here, most of you probably like the fox aspect of the story the most. (BTW the cover design is made by me. Terrible, I know) I'm kind of done with writing bs descriptions that I might change in the future, plus I'm not very good with being thoughtful with quotes and stuff like that. I just write what pops into my mind, which is usually stupid things. So the description may or may not be accurate so I've changed it to being very vague.
8 146 - In Serial28 Chapters
Prospect: Paradigm
A young archeologist is launched on the adventure of her life when she joins a mixed crew of humans and aliens on a mission to atone for the failings of Earth.***The Terra Prospect Mission offered humanity a chance at space travel, technological advancement, and enlightenment courtesy of its alien benefactors who made first contact thirty years ago. Daran Chree brought that mission to a fiery end when he crashed the Terra Prospect spaceship into Gate Delta Eleven. Now, it's humanity's second and final chance to prove they're ready to journey into the stars. Nineteen-year-old studying archeologist Sofeta Prenares finds herself not only drawn to the mission, but on a collision course with the fate of the galaxy.2019 Watty Awards Winner For Sci-Fi!Content warning: This story contains reference to self harm and intense combat scenes.
8 71 - In Serial4 Chapters
Zhanyi/Xianwang oneshots
Zhanyi or XianWang oneshots when I'm in the moodARTWORK ON COVER ISNT MINE CREDIT TO OWNER.
8 87

