《အချစ်ဝိုင် ( Complete )》Part 33
Advertisement
အချစ်ဝိုင် ( part - 33 )
▪▪▪▪▪▪▪▪▪▪
သို့သော်•••••
"သမီးလေး သမီးရဲ့ကြီးမေမူးလဲလို့"
မေမေဖုန်းဆက်တော့ ခေ ပြာယာခတ်သွားမိသလို စိတ်လည်းပူသွားသည်။
ကြီးမေက ခေ့အတွက်အမေပဲမို့ ပြန်ရမလားစဥ်းစားတော့လည်း သူ့ကိုမထားခဲ့ချင်။
ကြီးမေနှင့်သူ့အကြားမှာဗျာများသွားတော့ ပီယက ပြန်ဖို့ကိုသာ အကြံပေး၏။
"ဒီမှာက ကိုမင်းစေရာ အဆင်ပြေမှာပါ ငါတို့လည်းပြန်လိုက်ခဲ့မယ် ကြီးမေနေကောင်းရင် မိုးကုတ်ကိုအချိန်မရွေးပြန်လာလို့ရပါတယ်"
"ဟုတ်တယ် ပြန်ရအောင် ခေရယ် ကိုမင်းအဆင်ပြေပါတယ်"
မခရဲ့နှစ်သိမ့်စကားကြောင့် သူအဆင်ပြေမယ်ဆိုတာကို ခေ မယုံရဲပေမယ့်ပြန်ဖို့ခေါင်းညိတ်လိုက်သည်။
ပီယတို့ကိုတော့နေခဲ့ခိုင်းလိုက်ကာ သူနှင့်မခတို့ကိုငယ်စဥ်က ထိန်းကျောင်းခဲ့သည့် ဦးရဲ့လူယုံတော်ဦးလေးကြီးတစ်ယောက်ကိုသာ ပြန်ပို့ခိုင်းသည်က ခေ့ရဲ့ဆုံးဖြတ်ချက်။
ထိုဦးလေးကြီးက သူ့နောက်မှာတစ်ချိန်လုံးရှိနေသူမို့ သူလည်းစိတ်ချလောက်သည်။
"နင်နေခဲ့ပါ ဒါကနင့်ခရီးပဲဥစ္စာ ငါ့ကိုစိတ်မပူနဲ့"
ပီယက စိတ်မချသလိုကြည့်နေ၍ ထိုသို့မှာထားခဲ့ပြီး ပြန်ခါနီးမှာ သူ့ကိုစကားပြောချင်စိတ်ဖြင့်အပေါ်ကိုလှမ်းကြည့်မိသည်။
သူ အိပ်နေသလားမသိ...
"နင်သွားပြီးနှုတ်ဆက်လိုက်ပါလား သူမသိလောက်သေးဘူး"
ခေ ခေါင်းလေးညိတ်ကာ လှေကားတွေပေါ်သွက်လက်စွာတက်ပြေးလာခဲ့ပြီး အမြဲမော့ကြည့်ခဲ့ရသည့် အခန်းရှေ့ကိုရောက်လာခဲ့သည်။
တံခါးခေါက်ပြီး ဖွင့်လိုက်တော့ သူက ပြတင်းပေါက်ဘက်ကိုလှည့်ပြီး မတ်တပ်ရပ်နေကာ ခေ ဝင်လာတာကို လှည့်မကြည့်...
"ပြန်တော့မှာလား"
သူသိနေတာလားဟု ခေ နည်းနည်းအံ့သြသွားသလို သူနဲ့ဝေးရာကိုသွားရမည့်နာကျင်မှုဖြင့် စကားပြန်မပြောနိုင်ဘဲ ဝမ်းနည်းသွားမိသည်။
သူ့အနောက်အထိသွားရပ်လိုက်ကာ သူ့ခါးကိုဖက်ထားလိုက်ပြီး သူ့ကျောပြင်မှာပါးလေးကပ်ထားလိုက်သည်။
ခေ သူ့ကိုမခွဲချင်ခဲ့ပါ။
"ရှင် ပြန်လာခဲ့မယ်မလား"
သူ့ဆီက သက်ပြင်းချသံတိုးတိုးကြားလိုက်ကာ ဖက်ထားသည့်ခေ့လက်တွေကို သူ့လက်နဲ့ထပ်အုပ်ဆုပ်ကိုင်သည်။
နွေးထွေးမြဲမြံနေသည့် သူ့လက်တွေက ခပ်တင်းတင်းဖိဆုပ်ထားတာမို့ သူ့ဆီကနာကျင်မှုကိုပါ ခံစားမိသလိုလို။
သူလည်း ခေ့ကိုမပြန်စေချင်ဘူးပဲ...
"လာခဲ့မှာပေါ့ မင်းကကိုယ့်ရဲ့မရှိမဖြစ်လေ ကိုယ့်ရဲ့ မနက်ဖြန်ပဲဥစ္စာ"
"ရှင်နေကောင်းရင် ခေတို့လက်ထပ်မယ်နော်"
"အင်း လက်ထပ်ကြမယ် ပြီးရင်မင်းကိုအများကြီးအလိုလိုက်မယ် ပြင်ဦးလွင်ကိုလည်း လိုက်ပို့မယ် မင်းspaသွားချင်ရင်လည်း ကိုယ် ကိုယ်တိုင်လိုက်ပို့မယ် တစ်ခါတစ်လေ ကိုယ်တိုင်လက်သည်းခြေသည်း ဆေးဆိုးပေးမယ် မင်းဖြစ်ချင်တာတွေအကုန်စိတ်ကူးထားလိုက် ကိုယ်အားလုံးဖြည့်ဆည်းပေးမယ် ဟုတ်ပြီလား"
"ရှင်လိမ်ရင် ရှင့်ကိုသတ်ပစ်မှာနော် ခေ စောင့်နေမယ် မြန်မြန်လိုက်လာခဲ့"
သူ ဘာမှပြန်မပြောတော့ဘဲ ခေါင်းညိတ်ပြသည်ထင်၏။
ခေ ရင်ထဲဆို့နင့်လာပြီး မျက်ရည်တွေစီးကျလာတော့ ခဏအတွင်း သူ့ကျောပြင်မှာရွှဲသွားလေသည်။
ခေ မငိုချင်ဘူး။
သူ့အတွက်ဖြစ်ဖြစ်မငိုနဲ့လို့ ခေ့ကိုသူပြောထားတယ်မလား။
ငိုနေတာကို သူသိသွားမှာစိုး၍ လူချင်းခွာလိုက်ကာ ခေ သူ့ခါးကိုဖက်ထားရာမှ ပြန်လှည့်ထွက်ဖို့ပြင်တော့ သူသည် ရုတ်တရက်ခေ့လက်ကိုမလွှတ်။
ခေ့လက်ဖျားလေးတွေကိုဆုပ်ကိုင်ထားသည့် သူ့လက်တွေက လွှတ်ချလိုက်ရမှာစိုးနေသလို တင်းကျပ်နေခဲ့သည်။
ရှင် မလွှတ်လိုက်ပါနဲ့လား မင်းစေရာ..
ခေ ရှင်နဲ့နေချင်သေးတယ်...
သက်ပြင်းချသံတစ်ခုဖြင့် တင်းနေအောင်ဆုပ်ထားသည့် သူ့လက်တွေပြေကျသွားတော့ ထိုအခိုက်အတံ့လေးမှာပဲ ခေ မျက်ရည်တွေပိုပြီးစီးကျလာမိ၏။
မပြန်စေချင်ဘဲ နှင်လွှတ်နေသည့်သူ့စိတ်ကိုလည်း နားလည်နေသည်မို့ သူ့ကိုလည်းအပြစ်မဆိုရက်ပါ...
သူနဲ့ထပ်မတွေ့ရတော့မှာ ကြောက်ရွံ့သွားစိတ်တွေဖြစ်လာခဲ့ပြီး ထိုအတွေးကို ခေါင်းလေးခါပြီးမောင်းထုတ်ပစ်လိုက်သည်။
သူ့အခန်းထဲက တောက်လျှောက်ပြေးထွက်လာခဲ့ပြီးနောက် သွက်လက်စွာတက်ခဲ့သည့်လှေကားတွေကို လေးကန်သည့်ခြေထောက်တွေဖြင့် ပြန်ဆင်းလာခဲ့သည်။
"နင်ရရဲ့လား ခေ"
ခေ မျက်ရည်တွေဝဲတက်လာပြီး သတိမထားမိခင်မှာပဲ ပါးပေါ်ကိုစီးကျလာသည်က တာတမံကြီးကျိုးကျလာသလို။
ပီယက ခေ့ကိုငေးကြည့်နေခဲ့ပြီး ဘာမှဝင်မပြော...
"နင်ပြောခဲ့ဖူးတဲ့ သူ့အနားနေရမယ်ဆို ဘယ်လောက်ခံရခက်တဲ့ နာကျင်မှုမျိုးပဲဖြစ်ပါစေ နေနိုင်တယ်ဆိုတာ
ဒါပေမယ့်လေ ငါကိုယ်တိုင်ကြုံဖူးမှပဲ ခံစားတတ်လာတာ ငါ့အတွက် အဲ့ဒီခံစားချက်ကြီးက တကယ်ဆိုးတယ်ဟာ"
ပီယခေါင်းညိတ်လိုက်သလား ခေ သေချာမကြည့်မိ။
အမြင်တွေဝေဝါးလာစေသည့်မျက်ရည်တွေကို ဖိသုတ်ပစ်လိုက်ရင်း ခေ အပေါ်ထပ်ဆီကိုပြန်လှည့်မကြည့်ဖို့ အားတင်းလိုက်သည်။
ပြန်လှည့်ကြည့်မိလျှင် ခေ ရှေ့ဆက်မသွားနိုင်မှာစိုး၍ဖြစ်သည်။
"ဦးလေး သွားလို့ရပြီ"
ခေ ကားပေါ်ထိုင်လိုက်ပြီး ပြတင်းပေါက်ကနေ ရပ်ကြည့်နေမည့် သူ့ဆီကိုမော့မကြည့်ဖြစ်အောင် နှုတ်ခမ်းလေးကို ကိုက်ပြီးထိန်းထားလိုက်သည်။
ကိုယ်ချစ်ရသည့်တစ်စုံတစ်ယောက်ဆီက ခဏတာထွက်ခွာဖို့အတွက် ဒီလောက်နာကျင်ခဲ့ရရင် ခေ့ကျောပြင်ကိုရပ်ကြည့်နေခဲ့မည့် သူ ဆိုရင်ရော...
ခြံကျယ်ကျယ်ကြီးထဲက ကားလေးထွက်လာတော့မှ လှုပ်လီလှုပ်လဲ့ရှိသောမျက်ရည်တွေက ပါးပြင်ပေါ်ကိုလွတ်လွတ်လပ်လပ်ခုန်ချခွင့်ရသွား၏။
အသက်ရှူကခက်လာသည်အထိ ခေမွှန်းကြပ်လာရသည်မို့ ဘယ်ဘက်ရင်အုံဆီကို တဘုတ်ဘုတ်ထုရင်း ခေ မျက်ရည်တွေထိန်းမရ...
ဒီနေရာက အရမ်းနာနေတယ် လူဆိုးကောင်
ရှင် ခေ့ကိုဘယ်လိုမူးယစ်ဆေးတွေ ကျွေးလိုက်တာလဲ...
ပြီးတော့ ခေ ဘာလို့ငိုနေမိတာလဲ။
သူပြန်လာမယ်လို့ ကတိပေးထားခဲ့တယ်မလား။
ရှင်ပြန်လာခဲ့ပါ...
ခေ ရှင်နဲ့အတူ နှစ်တွေအများကြီးကြာတဲ့အထိနေချင်သေးလို့ပါ
▪▪▪⏳⏳⏳▪▪▪
"ကြီးမေ ကြီးမေ"
ခေသည် ကြီးမေကိုတကျော်ကျော်အော်ခေါ်ရင်း မီးဖိုခန်းကိုပြေးဝင်လာခဲ့တော့ မှိုင်တွေနေသော ကြီးမေကို မေမေနှင့်အတူတွေ့လိုက်ရသည်။
"ကြီးမေ မူးလဲလို့ဆို"
အကောင်းပကတိရှိနေသော ကြီးမေကိုကြည့်ရင်း ခေ မေးလိုက်မိကာ ချက်ချင်းလိုလိုဒိန်းခနဲဖြစ်သွားပြီး မေမေ့ကိုကြည့်လိုက်မိသည်။
"ဟုတ်တယ်"
အရင်းအဖျားမရှိသော မေမေ့အဖြေကြောင့် ခေ နားလည်သွားကာ ချက်ချင်းမောဟိုက်လာပြီး ရင်ဝမှာတစ်ခုခုတစ်ဆို့သွားသလိုခံစားရ၏။
ဒါသူရဲ့အကြံအစည်လား။
"သားက သမီးမြင်နေတာကို မလိုချင်ဘူးတဲ့"
ခေ နှုတ်ခမ်းလေးကိုဖိကိုက်ထားလိုက်ရင်း မတ်မတ်မရပ်နိုင်တော့ဘဲ ကြီးမေဘေးက ထိုင်ခုံမှာထိုင်ချလိုက်သည်။
သူ ခေ့ကိုပြန်ခိုင်းလို့မရလို့ ခုလိုလုပ်ခဲ့တာလား ဆိုသည့် မေးစရာမလိုသည့်မေးခွန်းဖြင့် ရင်ထဲနာကျင်သွားမိသည်။
ဘာဖြစ်လို့လဲ...
ဘာဖြစ်လို့ သူ့အနားမှာမနေခိုင်းတာလဲ...
"ခေသိပါတယ် သူပြန်ဖို့ပြောတာကို ခေက လက်မခံလို့"
ဉာဏ်နီဉာဏ်နက်များသည်ဟု ကိုယ့်ကိုယ်ကိုထင်ခဲ့မိပေမယ့် တကယ်ဉာဏ်နီဉာဏ်နက်များသူက သူသာဖြစ်နေခဲ့သည်။
ခေ ဘာမှထပ်မပြောတော့ဘဲ ကိုယ့်အခန်းကိုပဲပြန်လာခဲ့ကာ အိပ်ယာထဲလှဲချလိုက်သည်။
ဘယ်လိုပဲနာကျင်နေပါစေ၊ ဘယ်လောက်ပဲမခံမရပ်နိုင် ဖြစ်နေပါစေ။
ခေက သူ့အနားရှိချင်တာ၊ သူ့မှာရော ဘာလို့အဲ့လိုစိတ်မရှိရတာလဲ။
Advertisement
သူဟာ ခေနဲ့နေရတာကိုမပျော်လို့လား...
ထိုအချိန်ဖုန်းဝင်လာ၍ ဘယ်သူလဲမကြည့်ဘဲ ဖုန်းကိုင်လိုက်သည်။
"Babyလေး"
"ဒက်ဒီ"
"Babyလေးအဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ် ဒက်ဒီဘယ်မှာလဲဟင်"
"Hotelကိုရောက်နေတာ ညနေဒက်ဒီလာခဲ့မယ် babyလေး ဘာစားချင်လဲ"
"ဒက်ဒီပဲလာခဲ့ပါ ခေ ဒက်ဒီနဲ့တွေ့ချင်တယ်"
"ဟုတ်ပြီ ဒါဆိုညနေလာခဲ့မယ်နော်"
ခေ ဖုန်းချလိုက်တော့ ကြီးမေကအသံပေးကာ အခန်းထဲရောက်လာသည်။
"ခေလေး ကြီးမေကိုစိတ်ကောက်နေတာလား"
"မဟုတ်ပါဘူး"
အိပ်ယာပေါ်မှ လူးလဲထထိုင်လိုက်တော့ ကြီးမေက လင်ပန်းလေးထဲထည့်ယူလာခဲ့သည့် မက်မန်းဝိုင်အေးအေးလေးကိုလှမ်းပေးသည်။
ခေ အမြဲသောက်တတ်သည့်ဝိုင်မို့ ကြီးမေက ခေ့အကြိုက်ကိုသိနေဟန်ဖြင့် အေးအောင်စိမ်ထားပေးခြင်းဖြစ်မည်။
"ကြီးမေ ချစ်တယ်ဆိုတာ ဘယ်လိုဟာကြီးလဲဟင်"
ခေ ထိုသို့မေးလာမည်ကို ထင်မှတ်မထားသော ကြီးမေက စဥ်းစားနေသလို ချက်ချင်းပြန်မဖြေ။
ခေကလည်း မက်မန်းဝိုင်ကို မသောက်သေးဘဲ ဝိုင်ကလပ်လေးကိုကိုင်ပြီး ကြီးမေကိုကြည့်နေမိသည်။
"အဲ့ဒါကဘာကြီးလဲတော့ ဘယ်သိမလဲကလေးရယ် အပျိုကြီးလုပ်နေပါတယ်ဆိုမှ"
"အာ့ဆိုသိသလောက်ပဲပြောပြ ကြီးမေ ခေ့ကိုမချစ်ဘူးလား အာ့ကိုပြောပြလေ"
"အဲ့လိုဆိုရင်တော့ ကြီးမေက ခေလေး ထိခိုက်သွားမှာစိတ်ပူတယ် ခေလေးပျော်နေရင် ကျေနပ်နေရင် ကြီးမေလည်းပျော်တယ် ခေလေးကိုမမြင်တွေ့ရရင်လွမ်းတယ် အတူတူနေရရင် ကလေးလေး ဘာစားချင်မလဲဆိုပြီး တစိမ်စိမ့်တွေးပြီး..."
ကြီးမေဆက်ပြောနေတာကို ခေမကြားတော့ဘဲ စိတ်ထဲမှာ ကြီးမေပြောသည့်စကားနှင့် ပီယပြောခဲ့ဖူးသည့်စကားမှာ တူညီနေတာတွေကိုပဲတွေးမိသည်။
"အချစ်ဆိုတာက လူကိုအရူးလုပ်တယ်ကွာ"
"သူ့အနားရောက်နေရင်ပျော်တယ် သူ့ကိုမတွေ့ရရင်ဝမ်းနည်းသလိုလို ငိုချင်သလိုလို"
"ခေလေးပျော်နေရင် ကျေနပ်နေရင် ကြီးမေလည်းပျော်တယ် ခေလေးကိုမမြင်တွေ့ရရင်လွမ်းတယ်"
"နင်များထိခိုက်ပွန်းပဲ့သွားမလား နင်များအဆင်ပြေရဲ့လားလို့ တွေးနေမိတာမျိုးတွေ"
"ကြီးမေက ခေလေး ထိခိုက်သွားမှာစိတ်ပူတယ်"
ကြီးမေနှင့်ပီယက တိုင်ပင်ထားတာမဟုတ်ပေမယ့် အဓိပ္ပါယ်တွေကအတူတူပဲမို့ သူ ထိခိုက်နေမလား၊ အဆင်ပြေရဲ့လားစိတ်ပူနေမိသည့် ခေကရော။
သူ့ဆီကပြန်လာရလို့ ဝမ်းနည်းနေမိသည်ကရော။
"ကြီးမေပြောတာသဘောပေါက်တယ်မလား"
"ရှင် ဟုတ်"
ကြီးမေ ဘာတွေပြောသွားသေးလဲ ခေ မကြားတော့ပေမယ့် ကျေနပ်အောင်တော့ ဟုတ် ဖြေလိုက်ကာ မက်မန်းဝိုင်တွေကို မော့သောက်ပစ်လိုက်သည်။
အရသာချိုချိုလေးဖြစ်ပေမယ့် ပြင်းရှရှလေးမို့ ရင်ထဲမှာပူဆင်းသွားကာ ထိုသို့ပူဆင်းသွားရသည်ကိုပဲ ခေ ကြိုက်တာမို့ ဝိုင်ကို ခေ သဘောကျသည်။
သူသည် ခေ့ကိုဝိုင်တစ်ခွက်နှင့်တင်စားခဲ့ဖူးကာ ခေသည်လည်း သူနဲ့မှရင်ခုန်တတ်ခဲ့၊ ချစ်တတ်ခဲ့ရသည်မို့
သူသည်လည်း ခေ့အတွက် အချစ်ဝိုင်......
▪▪▪⏳⏳⏳▪▪▪
မိုးကုတ်ကပြန်ရောက်လာသည့်နောက်ပိုင်းမှာတော့ သူသည် ခေ့ကိုဖုန်းဆက်တတ်လာသည်က မှတ်မှတ်ရရဖြစ်သည်။
"မင်းကိုသတိရလို့"
ဆိုသည့်စကားကို မပွင့်တပွင့်ပြောကာ တစ်ခါတစ်လေဆို ခေစကားပြောတာကိုပဲနားထောင်နေတတ်သည်။
ခေ ဒီလိုပွစိပွစိလုပ်နေချိန်ဆို သူအသည်းယားရသည်ဟုလည်း ပြောခဲ့ဖူးသည်။
"ရှင် နေကောင်းရဲ့လား"
လို့မေးလိုက်တိုင်း အင်းဟု ခပ်လေးလေးပြန်ဖြေတတ်သည်။
သို့သော် သူ အဆင်မပြေမှန်း ခေ သိနေခဲ့တာမို့ 'အင်း' ဟု ဖြေတိုင်းမျက်ရည်ဝဲမိသည်။
"ဘာအင်းတာလဲ ခေလည်းသိနေတာကို"
"မင်းသိတာကအပေါ်ယံပဲလေ ကိုယ်အဆင်ပြေ မပြေ ကိုယ်လောက်သိဦးမှာလား"
ခါတိုင်းလို သူက ဘုတောမပြတ်ပေမယ့် ခုတစ်ခါတော့ ခေ သူ့အပေါ်အပြစ်မမြင်မိ။
နေကောင်းအောင်နေဖို့၊ ဂရုစိုက်ဖို့ အမြဲမှာတတ်ပေမယ့် နေမကောင်းသည်က သူသာဖြစ်သည်။
"ရှင် ဘာမှမဖြစ်နဲ့နော် ခေ ရှင်နဲ့ရန်ဖြစ်ဖို့တွေအများကြီးရှိသေးတယ်"
"အင်းပါ ရန်ဖြစ်ဖို့ပြန်လာခဲ့မယ်"
စကားပြောတိုင်း သူမောနေတတ်တာက ဖုံးဖိမရသည်မို့ သူသည် ခေ့ဆီခဏတဖြုတ်လောက်သာဖုန်းဆက်သည်။
ထိုခဏတဖြုတ်လောက်လေး စကားပြောရရုံဖြင့် ခေ ကျေနပ်မိသလို သူ့အပေါ်စိုးရိမ်နေမိတာတွေကတော့ လျော့မသွား။
"ကိုယ့်ကိုချစ်တယ်လို့မပြောချင်ဘူးလား"
"မပြောသေးဘူး ရှင်ဒီကိုရောက်မှ မျက်နှာချင်းဆိုင်ပြီးပြောမယ်"
"မင်းသိလား ခေ မင်းကမှတကယ့်လူယုတ်မာမလေး"
"အဲ့ဒါရှင့်မိန်းမမို့လေ"
ခေ လူလည်ကျတိုင်း သူ့ရယ်သံခပ်တိုးတိုးကြားရတတ်သည်။
ခေ သူ့ဆီပြန်သွားချင်ပေမယ့် သူကိုယ်တိုင်က အနားမှာ မရှိစေချင်တာမို့ ဒီကနေ သူ့ကိုစောင့်ရုံသာတတ်နိုင်သည်။
တစ်နေ့နေ့ သူပြန်ရောက်လာခဲ့ရင် ဘယ်လောက်အထိလွမ်းခဲ့ရကြောင်း ပြောပြချင်ပါရဲ့....
▪▪⏳⏳⏳▪▪▪
Part 34 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part - 33 )
▪▪▪▪▪▪▪▪▪▪
သို႔ေသာ္•••••
"သမီးေလး သမီးရဲ့ႀကီးေမမူးလဲလို႔"
ေမေမဖုန္းဆက္ေတာ့ ေခ ျပာယာခတ္သြားမိသလို စိတ္လည္းပူသြားသည္။
ႀကီးေမက ေခ့အတြက္အေမပဲမို႔ ျပန္ရမလားစဥ္းစားေတာ့လည္း သူ႔ကိုမထားခဲ့ခ်င္။
ႀကီးေမႏွင့္သူ႔အၾကားမွာဗ်ာမ်ားသြားေတာ့ ပီယက ျပန္ဖို႔ကိုသာ အႀကံေပး၏။
"ဒီမွာက ကိုမင္းေစရာ အဆင္ေျပမွာပါ ငါတို႔လည္းျပန္လိုက္ခဲ့မယ္ ႀကီးေမေနေကာင္းရင္ မိုးကုတ္ကိုအခ်ိန္မေရြးျပန္လာလို႔ရပါတယ္"
"ဟုတ္တယ္ ျပန္ရေအာင္ ေခရယ္ ကိုမင္းအဆင္ေျပပါတယ္"
မခရဲ့ႏွစ္သိမ့္စကားေၾကာင့္ သူအဆင္ေျပမယ္ဆိုတာကို ေခ မယံုရဲေပမယ့္ျပန္ဖို႔ေခါင္းညိတ္လိုက္သည္။
ပီယတို႔ကိုေတာ့ေနခဲ့ခိုင္းလိုက္ကာ သူႏွင့္မခတို႔ကိုငယ္စဥ္က ထိန္းေက်ာင္းခဲ့သၫ့္ ဦးရဲ့လူယံုေတာ္ဦးေလးႀကီးတစ္ေယာက္ကိုသာ ျပန္ပို႔ခိုင္းသည္က ေခ့ရဲ့ဆံုးျဖတ္ခ်က္။
ထိုဦးေလးႀကီးက သူ႔ေနာက္မွာတစ္ခ်ိန္လံုးရိွေနသူမို႔ သူလည္းစိတ္ခ်ေလာက္သည္။
"နင္ေနခဲ့ပါ ဒါကနင့္ခရီးပဲဥစၥာ ငါ့ကိုစိတ္မပူနဲ႔"
ပီယက စိတ္မခ်သလိုၾကၫ့္ေန၍ ထိုသို႔မွာထားခဲ့ၿပီး ျပန္ခါနီးမွာ သူ႔ကိုစကားေျပာခ်င္စိတ္ျဖင့္အေပၚကိုလွမ္းၾကၫ့္မိသည္။
သူ အိပ္ေနသလားမသိ...
"နင္သြားၿပီးႏႈတ္ဆက္လိုက္ပါလား သူမသိေလာက္ေသးဘူး"
ေခ ေခါင္းေလးညိတ္ကာ ေလွကားေတြေပၚသြက္လက္စြာတက္ေျပးလာခဲ့ၿပီး အၿမဲေမာ့ၾကၫ့္ခဲ့ရသၫ့္ အခန္းေရ႔ွကိုေရာက္လာခဲ့သည္။
တံခါးေခါက္ၿပီး ဖြင့္လိုက္ေတာ့ သူက ျပတင္းေပါက္ဘက္ကိုလွၫ့္ၿပီး မတ္တပ္ရပ္ေနကာ ေခ ဝင္လာတာကို လွၫ့္မၾကၫ့္...
"ျပန္ေတာ့မွာလား"
သူသိေနတာလားဟု ေခ နည္းနည္းအံ့ၾသသြားသလို သူနဲ႔ေဝးရာကိုသြားရမၫ့္နာက်င္မႈျဖင့္ စကားျပန္မေျပာႏိုင္ဘဲ ဝမ္းနည္းသြားမိသည္။
သူ႔အေနာက္အထိသြားရပ္လိုက္ကာ သူ႔ခါးကိုဖက္ထားလိုက္ၿပီး သူ႔ေက်ာျပင္မွာပါးေလးကပ္ထားလိုက္သည္။
ေခ သူ႔ကိုမခဲြခ်င္ခဲ့ပါ။
Advertisement
"ရွင္ ျပန္လာခဲ့မယ္မလား"
သူ႔ဆီက သက္ျပင္းခ်သံတိုးတိုးၾကားလိုက္ကာ ဖက္ထားသၫ့္ေခ့လက္ေတြကို သူ႔လက္နဲ႔ထပ္အုပ္ဆုပ္ကိုင္သည္။
ေနြးေထြးၿမဲျမံေနသၫ့္ သူ႔လက္ေတြက ခပ္တင္းတင္းဖိဆုပ္ထားတာမို႔ သူ႔ဆီကနာက်င္မႈကိုပါ ခံစားမိသလိုလို။
သူလည္း ေခ့ကိုမျပန္ေစခ်င္ဘူးပဲ...
"လာခဲ့မွာေပါ့ မင္းကကိုယ့္ရဲ့မရိွမျဖစ္ေလ ကိုယ့္ရဲ့ မနက္ျဖန္ပဲဥစၥာ"
"ရွင္ေနေကာင္းရင္ ေခတို႔လက္ထပ္မယ္ေနာ္"
"အင္း လက္ထပ္ၾကမယ္ ၿပီးရင္မင္းကိုအမ်ားႀကီးအလိုလိုက္မယ္ ျပင္ဦးလြင္ကိုလည္း လိုက္ပို႔မယ္ မင္းspaသြားခ်င္ရင္လည္း ကိုယ္ ကိုယ္တိုင္လိုက္ပို႔မယ္ တစ္ခါတစ္ေလ ကိုယ္တိုင္လက္သည္းေျခသည္း ေဆးဆိုးေပးမယ္ မင္းျဖစ္ခ်င္တာေတြအကုန္စိတ္ကူးထားလိုက္ ကိုယ္အားလံုးျဖၫ့္ဆည္းေပးမယ္ ဟုတ္ၿပီလား"
"ရွင္လိမ္ရင္ ရွင့္ကိုသတ္ပစ္မွာေနာ္ ေခ ေစာင့္ေနမယ္ ျမန္ျမန္လိုက္လာခဲ့"
သူ ဘာမျွပန္မေျပာေတာ့ဘဲ ေခါင္းညိတ္ျပသည္ထင္၏။
ေခ ရင္ထဲဆို႔နင့္လာၿပီး မ်က္ရည္ေတြစီးက်လာေတာ့ ခဏအတြင္း သူ႔ေက်ာျပင္မွာရႊဲသြားေလသည္။
ေခ မငိုခ်င္ဘူး။
သူ႔အတြက္ျဖစ္ျဖစ္မငိုနဲ႔လို႔ ေခ့ကိုသူေျပာထားတယ္မလား။
ငိုေနတာကို သူသိသြားမွာစိုး၍ လူခ်င္းခြာလိုက္ကာ ေခ သူ႔ခါးကိုဖက္ထားရာမွ ျပန္လွၫ့္ထြက္ဖို႔ျပင္ေတာ့ သူသည္ ရုတ္တရက္ေခ့လက္ကိုမလႊတ္။
ေခ့လက္ဖ်ားေလးေတြကိုဆုပ္ကိုင္ထားသၫ့္ သူ႔လက္ေတြက လႊတ္ခ်လိုက္ရမွာစိုးေနသလို တင္းက်ပ္ေနခဲ့သည္။
ရွင္ မလႊတ္လိုက္ပါနဲ႔လား မင္းေစရာ..
ေခ ရွင္နဲ႔ေနခ်င္ေသးတယ္...
သက္ျပင္းခ်သံတစ္ခုျဖင့္ တင္းေနေအာင္ဆုပ္ထားသၫ့္ သူ႔လက္ေတြေျပက်သြားေတာ့ ထိုအခိုက္အတံ့ေလးမွာပဲ ေခ မ်က္ရည္ေတြပိုၿပီးစီးက်လာမိ၏။
မျပန္ေစခ်င္ဘဲ ႏွင္လႊတ္ေနသၫ့္သူ႔စိတ္ကိုလည္း နားလည္ေနသည္မို႔ သူ႔ကိုလည္းအျပစ္မဆိုရက္ပါ...
သူနဲ႔ထပ္မေတြ့ရေတာ့မွာ ေၾကာက္ရြံ႔သြားစိတ္ေတျြဖစ္လာခဲ့ၿပီး ထိုအေတြးကို ေခါင္းေလးခါၿပီးေမာင္းထုတ္ပစ္လိုက္သည္။
သူ႔အခန္းထဲက ေတာက္ေလ်ွာက္ေျပးထြက္လာခဲ့ၿပီးေနာက္ သြက္လက္စြာတက္ခဲ့သၫ့္ေလွကားေတြကို ေလးကန္သၫ့္ေျခေထာက္ေတျြဖင့္ ျပန္ဆင္းလာခဲ့သည္။
"နင္ရရဲ့လား ေခ"
ေခ မ်က္ရည္ေတြဝဲတက္လာၿပီး သတိမထားမိခင္မွာပဲ ပါးေပၚကိုစီးက်လာသည္က တာတမံႀကီးက်ိဳးက်လာသလို။
ပီယက ေခ့ကိုေငးၾကၫ့္ေနခဲ့ၿပီး ဘာမွဝင္မေျပာ...
"နင္ေျပာခဲ့ဖူးတဲ့ သူ႔အနားေနရမယ္ဆို ဘယ္ေလာက္ခံရခက္တဲ့ နာက်င္မႈမ်ိဳးပဲျဖစ္ပါေစ ေနႏိုင္တယ္ဆိုတာ
ဒါေပမယ့္ေလ ငါကိုယ္တိုင္ႄကံုဖူးမွပဲ ခံစားတတ္လာတာ ငါ့အတြက္ အဲ့ဒီခံစားခ်က္ႀကီးက တကယ္ဆိုးတယ္ဟာ"
ပီယေခါင္းညိတ္လိုက္သလား ေခ ေသခ်ာမၾကၫ့္မိ။
အျမင္ေတြေဝဝါးလာေစသၫ့္မ်က္ရည္ေတြကို ဖိသုတ္ပစ္လိုက္ရင္း ေခ အေပၚထပ္ဆီကိုျပန္လွၫ့္မၾကၫ့္ဖို႔ အားတင္းလိုက္သည္။
ျပန္လွၫ့္ၾကၫ့္မိလ်ွင္ ေခ ေရ႔ွဆက္မသြားႏိုင္မွာစိုး၍ျဖစ္သည္။
"ဦးေလး သြားလို႔ရၿပီ"
ေခ ကားေပၚထိုင္လိုက္ၿပီး ျပတင္းေပါက္ကေန ရပ္ၾကၫ့္ေနမၫ့္ သူ႔ဆီကိုေမာ့မၾကၫ့္ျဖစ္ေအာင္ ႏႈတ္ခမ္းေလးကို ကိုက္ၿပီးထိန္းထားလိုက္သည္။
ကိုယ္ခ်စ္ရသၫ့္တစ္စံုတစ္ေယာက္ဆီက ခဏတာထြက္ခြာဖို႔အတြက္ ဒီေလာက္နာက်င္ခဲ့ရရင္ ေခ့ေက်ာျပင္ကိုရပ္ၾကၫ့္ေနခဲ့မၫ့္ သူ ဆိုရင္ေရာ...
ၿခံက်ယ္က်ယ္ႀကီးထဲက ကားေလးထြက္လာေတာ့မွ လႈပ္လီလႈပ္လဲ့ရိွေသာမ်က္ရည္ေတြက ပါးျပင္ေပၚကိုလြတ္လြတ္လပ္လပ္ခုန္ခ်ခြင့္ရသြား၏။
အသက္ရႉကခက္လာသည္အထိ ေခမႊန္းၾကပ္လာရသည္မို႔ ဘယ္ဘက္ရင္အံုဆီကို တဘုတ္ဘုတ္ထုရင္း ေခ မ်က္ရည္ေတြထိန္းမရ...
ဒီေနရာက အရမ္းနာေနတယ္ လူဆိုးေကာင္
ရွင္ ေခ့ကိုဘယ္လိုမူးယစ္ေဆးေတြ ကၽြေးလိုက္တာလဲ...
ၿပီးေတာ့ ေခ ဘာလို႔ငိုေနမိတာလဲ။
သူျပန္လာမယ္လို႔ ကတိေပးထားခဲ့တယ္မလား။
ရွင္ျပန္လာခဲ့ပါ...
ေခ ရွင္နဲ႔အတူ ႏွစ္ေတြအမ်ားႀကီးၾကာတဲ့အထိေနခ်င္ေသးလို႔ပါ
▪▪▪⏳⏳⏳▪▪▪
"ႀကီးေမ ႀကီးေမ"
ေခသည္ ႀကီးေမကိုတေက်ာ္ေက်ာ္ေအာ္ေခၚရင္း မီးဖိုခန္းကိုေျပးဝင္လာခဲ့ေတာ့ မိႈင္ေတြေနေသာ ႀကီးေမကို ေမေမႏွင့္အတူေတြ့လိုက္ရသည္။
"ႀကီးေမ မူးလဲလို႔ဆို"
အေကာင္းပကတိရိွေနေသာ ႀကီးေမကိုၾကၫ့္ရင္း ေခ ေမးလိုက္မိကာ ခ်က္ခ်င္းလိုလိုဒိန္းခနဲျဖစ္သြားၿပီး ေမေမ့ကိုၾကၫ့္လိုက္မိသည္။
"ဟုတ္တယ္"
အရင္းအဖ်ားမရိွေသာ ေမေမ့အေျဖၾကောင့္ ေခ နားလည္သြားကာ ခ်က္ခ်င္းေမာဟိုက္လာၿပီး ရင္ဝမွာတစ္ခုခုတစ္ဆို႔သြားသလိုခံစားရ၏။
ဒါသူရဲ့အႀကံအစည္လား။
"သားက သမီးျမင္ေနတာကို မလိုခ်င္ဘူးတဲ့"
ေခ ႏႈတ္ခမ္းေလးကိုဖိကိုက္ထားလိုက္ရင္း မတ္မတ္မရပ္ႏိုင္ေတာ့ဘဲ ႀကီးေမေဘးက ထိုင္ခံုမွာထိုင္ခ်လိုက္သည္။
သူ ေခ့ကိုျပန္ခိုင္းလို႔မရလို႔ ခုလိုလုပ္ခဲ့တာလား ဆိုသၫ့္ ေမးစရာမလိုသည့္ေမးခြန္းျဖင့္ ရင္ထဲနာက်င္သြားမိသည္။
ဘာျဖစ္လို႔လဲ...
ဘာျဖစ္လို႔ သူ႔အနားမွာမေနခိုင္းတာလဲ...
"ေခသိပါတယ္ သူျပန္ဖို႔ေျပာတာကို ေခက လက္မခံလို႔"
ဉာဏ္နီဉာဏ္နက္မ်ားသည္ဟု ကိုယ့္ကိုယ္ကိုထင္ခဲ့မိေပမယ့္ တကယ္ဉာဏ္နီဉာဏ္နက္မ်ားသူက သူသာျဖစ္ေနခဲ့သည္။
ေခ ဘာမွထပ္မေျပာေတာ့ဘဲ ကိုယ့္အခန္းကိုပဲျပန္လာခဲ့ကာ အိပ္ယာထဲလွဲခ်လိုက္သည္။
ဘယ္လိုပဲနာက်င္ေနပါေစ၊ ဘယ္ေလာက္ပဲမခံမရပ္ႏိုင္ ျဖစ္ေနပါေစ။
ေခက သူ႔အနားရိွခ်င္တာ၊ သူ႔မွာေရာ ဘာလို႔အဲ့လိုစိတ္မရိွရတာလဲ။
သူဟာ ေခနဲ႔ေနရတာကိုမေပ်ာ္လို႔လား...
ထိုအခ်ိန္ဖုန္းဝင္လာ၍ ဘယ္သူလဲမၾကၫ့္ဘဲ ဖုန္းကိုင္လိုက္သည္။
"Babyေလး"
"ဒက္ဒီ"
"Babyေလးအဆင္ေျပရဲ့လား"
"ဟုတ္ ေျပပါတယ္ ဒက္ဒီဘယ္မွာလဲဟင္"
"Hotelကိုေရာက္ေနတာ ညေနဒက္ဒီလာခဲ့မယ္ babyေလး ဘာစားခ်င္လဲ"
"ဒက္ဒီပဲလာခဲ့ပါ ေခ ဒက္ဒီနဲ႔ေတြ့ခ်င္တယ္"
"ဟုတ္ၿပီ ဒါဆိုညေနလာခဲ့မယ္ေနာ္"
ေခ ဖုန္းခ်လိုက္ေတာ့ ႀကီးေမကအသံေပးကာ အခန္းထဲေရာက္လာသည္။
"ေခေလး ႀကီးေမကိုစိတ္ေကာက္ေနတာလား"
"မဟုတ္ပါဘူး"
အိပ္ယာေပၚမွ လူးလဲထထိုင္လိုက္ေတာ့ ႀကီးေမက လင္ပန္းေလးထဲထၫ့္ယူလာခဲ့သၫ့္ မက္မန္းဝိုင္ေအးေအးေလးကိုလွမ္းေပးသည္။
ေခ အၿမဲေသာက္တတ္သၫ့္ဝိုင္မို႔ ႀကီးေမက ေခ့အႀကိဳက္ကိုသိေနဟန္ျဖင့္ ေအးေအာင္စိမ္ထားေပးျခင္းျဖစ္မည္။
"ႀကီးေမ ခ်စ္တယ္ဆိုတာ ဘယ္လိုဟာႀကီးလဲဟင္"
ေခ ထိုသို႔ေမးလာမည္ကို ထင္မွတ္မထားေသာ ႀကီးေမက စဥ္းစားေနသလို ခ်က္ခ်င္းျပန္မေျဖ။
ေခကလည္း မက္မန္းဝိုင္ကို မေသာက္ေသးဘဲ ဝိုင္ကလပ္ေလးကိုကိုင္ၿပီး ႀကီးေမကိုၾကၫ့္ေနမိသည္။
"အဲ့ဒါကဘာႀကီးလဲေတာ့ ဘယ္သိမလဲကေလးရယ္ အပ်ိဳႀကီးလုပ္ေနပါတယ္ဆိုမွ"
"အာ့ဆိုသိသေလာက္ပဲေျပာျပ ႀကီးေမ ေခ့ကိုမခ်စ္ဘူးလား အာ့ကိုေျပာျပေလ"
"အဲ့လိုဆိုရင္ေတာ့ ႀကီးေမက ေခေလး ထိခိုက္သြားမွာစိတ္ပူတယ္ ေခေလးေပ်ာ္ေနရင္ ေက်နပ္ေနရင္ ႀကီးေမလည္းေပ်ာ္တယ္ ေခေလးကိုမျမင္ေတြ့ရရင္လြမ္းတယ္ အတူတူေနရရင္ ကေလးေလး ဘာစားခ်င္မလဲဆိုၿပီး တစိမ္စိမ့္ေတြးၿပီး..."
ႀကီးေမဆက္ေျပာေနတာကို ေခမၾကားေတာ့ဘဲ စိတ္ထဲမွာ ႀကီးေမေျပာသၫ့္စကားႏွင့္ ပီယေျပာခဲ့ဖူးသၫ့္စကားမွာ တူညီေနတာေတြကိုပဲေတြးမိသည္။
"အခ်စ္ဆိုတာက လူကိုအရူးလုပ္တယ္ကြာ"
"သူ႔အနားေရာက္ေနရင္ေပ်ာ္တယ္ သူ႔ကိုမေတြ့ရရင္ဝမ္းနည္းသလိုလို ငိုခ်င္သလိုလို"
"ေခေလးေပ်ာ္ေနရင္ ေက်နပ္ေနရင္ ႀကီးေမလည္းေပ်ာ္တယ္ ေခေလးကိုမျမင္ေတြ့ရရင္လြမ္းတယ္"
"နင္မ်ားထိခိုက္ပြန္းပဲ့သြားမလား နင္မ်ားအဆင္ေျပရဲ့လားလို႔ ေတြးေနမိတာမ်ိဳးေတြ"
"ႀကီးေမက ေခေလး ထိခိုက္သြားမွာစိတ္ပူတယ္"
ႀကီးေမႏွင့္ပီယက တိုင္ပင္ထားတာမဟုတ္ေပမယ့္ အဓိပၸါယ္ေတြကအတူတူပဲမို႔ သူ ထိခိုက္ေနမလား၊ အဆင္ေျပရဲ့လားစိတ္ပူေနမိသၫ့္ ေခကေရာ။
သူ႔ဆီကျပန္လာရလို႔ ဝမ္းနည္းေနမိသည္ကေရာ။
"ႀကီးေမေျပာတာသေဘာေပါက္တယ္မလား"
"ရွင္ ဟုတ္"
ႀကီးေမ ဘာေတြေျပာသြားေသးလဲ ေခ မၾကားေတာ့ေပမယ့္ ေက်နပ္ေအာင္ေတာ့ ဟုတ္ ေျဖလိုက္ကာ မက္မန္းဝိုင္ေတြကို ေမာ့ေသာက္ပစ္လိုက္သည္။
အရသာခ်ိဳခ်ိဳေလးျဖစ္ေပမယ့္ ျပင္းရွရွေလးမို႔ ရင္ထဲမွာပူဆင္းသြားကာ ထိုသို႔ပူဆင္းသြားရသည္ကိုပဲ ေခ ႀကိဳက္တာမို႔ ဝိုင္ကို ေခ သေဘာက်သည္။
သူသည္ ေခ့ကိုဝိုင္တစ္ခြက္ႏွင့္တင္စားခဲ့ဖူးကာ ေခသည္လည္း သူနဲ႔မွရင္ခုန္တတ္ခဲ့၊ ခ်စ္တတ္ခဲ့ရသည္မို႔
သူသည္လည္း ေခ့အတြက္ အခ်စ္ဝိုင္......
▪▪▪⏳⏳⏳▪▪▪
မိုးကုတ္ကျပန္ေရာက္လာသၫ့္ေနာက္ပိုင္းမွာေတာ့ သူသည္ ေခ့ကိုဖုန္းဆက္တတ္လာသည္က မွတ္မွတ္ရရျဖစ္သည္။
"မင္းကိုသတိရလို႔"
ဆိုသၫ့္စကားကို မပြင့္တပြင့္ေျပာကာ တစ္ခါတစ္ေလဆို ေခစကားေျပာတာကိုပဲနားေထာင္ေနတတ္သည္။
ေခ ဒီလိုပြစိပြစိလုပ္ေနခ်ိန္ဆို သူအသည္းယားရသည္ဟုလည္း ေျပာခဲ့ဖူးသည္။
"ရွင္ ေနေကာင္းရဲ့လား"
လို႔ေမးလိုက္တိုင္း အင္းဟု ခပ္ေလးေလးျပန္ေျဖတတ္သည္။
သို႔ေသာ္ သူ အဆင္မေျပမွန္း ေခ သိေနခဲ့တာမို႔ 'အင္း' ဟု ေျဖတိုင္းမ်က္ရည္ဝဲမိသည္။
"ဘာအင္းတာလဲ ေခလည္းသိေနတာကို"
"မင္းသိတာကအေပၚယံပဲေလ ကိုယ္အဆင္ေျပ မေျပ ကိုယ္ေလာက္သိဦးမွာလား"
ခါတိုင္းလို သူက ဘုေတာမျပတ္ေပမယ့္ ခုတစ္ခါေတာ့ ေခ သူ႔အေပၚအျပစ္မျမင္မိ။
ေနေကာင္းေအာင္ေနဖို႔၊ ဂရုစိုက္ဖို႔ အၿမဲမွာတတ္ေပမယ့္ ေနမေကာင္းသည္က သူသာျဖစ္သည္။
"ရွင္ ဘာမွမျဖစ္နဲ႔ေနာ္ ေခ ရွင္နဲ႔ရန္ျဖစ္ဖို႔ေတြအမ်ားႀကီးရိွေသးတယ္"
"အင္းပါ ရန္ျဖစ္ဖို႔ျပန္လာခဲ့မယ္"
စကားေျပာတိုင္း သူေမာေနတတ္တာက ဖံုးဖိမရသည္မို႔ သူသည္ ေခ့ဆီခဏတျဖဳတ္ေလာက္သာဖုန္းဆက္သည္။
ထိုခဏတျဖဳတ္ေလာက္ေလး စကားေျပာရရံုျဖင့္ ေခ ေက်နပ္မိသလို သူ႔အေပၚစိုးရိမ္ေနမိတာေတြကေတာ့ ေလ်ာ့မသြား။
"ကိုယ့္ကိုခ်စ္တယ္လို႔မေျပာခ်င္ဘူးလား"
"မေျပာေသးဘူး ရွင္ဒီကိုေရာက္မွ မ်က္ႏွာခ်င္းဆိုင္ၿပီးေျပာမယ္"
"မင္းသိလား ေခ မင္းကမွတကယ့္လူယုတ္မာမေလး"
"အဲ့ဒါရွင့္မိန္းမမို႔ေလ"
ေခ လူလည္က်တိုင္း သူ႔ရယ္သံခပ္တိုးတိုးၾကားရတတ္သည္။
ေခ သူ႔ဆီျပန္သြားခ်င္ေပမယ့္ သူကိုယ္တိုင္က အနားမွာ မရိွေစခ်င္တာမို႔ ဒီကေန သူ႔ကိုေစာင့္ရံုသာတတ္ႏိုင္သည္။
တစ္ေန့ေန့ သူျပန္ေရာက္လာခဲ့ရင္ ဘယ္ေလာက္အထိလြမ္းခဲ့ရေၾကာင္း ေျပာျပခ်င္ပါရဲ့....
▪▪⏳⏳⏳▪▪▪
Part 34 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial32 Chapters
The Writer
Frustrated with his limits, the young writer Seven accepts an offer from a supernatural entity, traveling to its world whilst given the chance to live past his regrets. Humans, though, are creatures that don't easily change, and his warped views of reality turn him into an unpredictable ally or foe in the game of death that is to follow. For the sake of translating his new experiences into a written masterpiece, he will spare nothing, not even his own life - so long as the work is complete. *** Romance tag was previously there, but it starts quite late in the story and I've yet to reach that part. I know how it will happen (more precisely, how I want it to happen), but currently, there are just subtle nuances that can only be left to the reader's very expansive imagination, and I wouldn't call that romance but a
8 217 - In Serial11 Chapters
Solitary Elevation
"Did you hear that story about the biggest mountain in the world? I couldn’t get over it." the book is about some guy that likes mountains... yea that's about it... we got some LitRPG as well, litRPG? litrpg? That's the system/fantasy genre right? Ahh, doesn't matter read the book, you might even enjoy it! OHH yea, btw I just added all the content warnings to give me room so I don't restrict the way the story can go if that makes sense. So don't go immediately expecting sex, if we get there we get there.
8 155 - In Serial136 Chapters
Cannon Fodder Cheat System
At first, when he learned that he was forced to go to many different routine worlds and be reborn into all kinds of cannon fodder, he was against it.Because villains usually all only have a moment of satisfaction, the endings of cannon fodder are also frequently quite miserable.But the man who gave him the system told him that this system not only has all types of powerful functions, but he can also break the routine lives of the cannon fodder. If he achieves this satisfactorily for each world, he can even become a god.He's already experienced over a thousand reincarnations, but hasn't yet been a god. Since it sounds pretty great, why not just try it out.From that moment on, he began the irreversible path of tyrannically oppressing people, while conveniently tearing open those white moonlights and so-called righteous people's hypocritical masks.His goal: wearing the villain's role to walk other people's righteous paths, leaving them no path to follow.--------------------------------------------------[Disclaimer: I DON'T OWN THIS NOVEL, this is for offline reading purposes only. All rights are reserved to the respected owners of said novel and its translation. Please support the Translator at her website!]Go check out her WordPress blog: https://auroranovels.wordpress.com
8 317 - In Serial30 Chapters
the Otherworld Scientific Researcher
In the year of 2225, where technology have led humans to populate the moon and colonized Mars have reach a standstill because humans have mysteriously awoken to their psychic powers. Cultivating psychic power have become a norm and reseaching new technologies have become outdated.. Raynor, a once famous researcher have been outcasted by the world for not obtaining psychic power and has been secluded in the mountain while continuing his scientific research.. While Raynor is experimenting his warp drive, his once best friend betrayed him and sabotaged his lab while supposedly creating a black hole and destroy his lab alongside with him, the next thing he knew is he wake up in a different world, a world like the period of middle ages but is filled with magic, creatures from fantasy and.. Summoned Hero?
8 116 - In Serial80 Chapters
INFERNO: Destruction [Completed]
Дэлхий ертөнц урьдын тайван байхаа больжээ. Гэнэтхэн энд тэндгүй хүчтэй газар хөдөлж, олон хот тосгод сүйрч, хүмүүс сая саяаараа үхэж үрэгдэв. Гэвч дан ганц энэ аюул дэлхийд нүүрлээгүй байв. Тун удалгүй дэлхий даяар хүн рүү дайрч, тэднийг тасчиж, өөртэйгөө ижил болон хувиргадаг үхдлүүд тархсан юм. Гэвч эдгээр аймшигт сүйрэл болоод үхдлүүдийн цаана маш том нууц, далд зорилго агуулагдаж байв.Ким Жисү их сургуулийн ангийнхантайгаа зугаалж байхуй эхний сүйрэл нүүрлэж, тэр зугтаж явсаар, нэгэн айлын зооринд орж амь гарах ч, дээрээс нь нуранги дарж, дээш гарч үл чадан олон хоног өнгөрөөнө. Ертөнцөд тэр эргэж ирвэл шууд үхдлүүд таарч, түүнийг болоод хамт байсан гэр бүлийг нь тасчин идэж, хөнөөж орхисноор үйл явдал эхлэх билээ.
8 94 - In Serial9 Chapters
Trọng sinh chi thiên kim độc phi
重生之千金毒妃Tác giả: Sa Mạn YêuConverter: Mễ TrùngTTV: http://www.tangthuvien.vn/forum/showthread.php?t=145495Văn án:Nàng là tôn quý tướng phủ đích nữ, dung mạo xuất chúng, thiện lương dịu dàng, chính là...Nàng đối xử tử tế di nương, di nương lại hại chết mẫu thân của hắn; nàng đau tích thứ muội, thứ muội lại đoạt nàng phu quân; nàng đến đỡ trượng phu, trượng phu lại làm cho nàng thai tử trong bụng...Mẫu tộc bị giết, nàng chết không nhắm mắt, khấp huyết thề, nếu có chút kiếp sau, nàng nếu không làm kia chờ lương thiện người, nhân nếu phạm ta, diệt này cả nhà!Trọng sinh mười bốn tuổi, nàng nghịch thiên sửa mệnh, di nương ngoan độc, nàng so với di nương ác hơn độc, muốn Thừa tướng phu nhân vị trí, hừ, biếm ngươi làm thông phòng, thứ nữ kiêu ngạo, thích tra nam, đi, đóng gói đưa ngươi trên giường, tra nam nghĩ tới chiếm tiện nghi, có thể, cho ngươi đoạn tử tuyệt tôn, làm hoạn cẩu!Trọng hoạt nhất thế, nàng nói cười yến yến, thân thủ đem hãm hại của nàng di nương thứ muội đẩy mạnh hố lửa, đem tra nam thải tiến bùn đất, đem vô tình ngoan độc phụ thân lạp xuống ngựa bối, chính là cái kia ai, ta giết người, ngươi đệ cái gì đao?Tác giả nhãn : lịch sử truyền kỳ
8 188

