《အချစ်ဝိုင် ( Complete )》Part 39
Advertisement
အချစ်ဝိုင် ( part - 39 )
▪▪▪▪▪▪▪▪▪▪
"ဘယ်လို!! ဘယ်လို!! လက်ထပ်မယ်"
"ဟုတ်ကဲ့"
တအံ့တသြဖြစ်နေသည့် မေမေ့ကိုရော၊ ကြီးမေကိုပါ ခေ မကြည့်ရဲဘဲ မျက်နှာလေးလွှဲထားလိုက်မိသည်။
အတူတူနေခဲ့တာ တစ်နှစ်လောက်ရှိနေပြီးမှ လက်ထပ်ချင်သည်ဆိုတော့...
"ကျွန်တော်လက်ထပ်ခဲ့တာ ဘယ်သူမှမသိဘူး အထူးသဖြင့် ကျွန်တော့်အသိုင်းအဝိုင်းမှာ ခရေဝိုင်က ကျွန်တော့်ဇနီးဆိုတာ သိတဲ့သူနည်းတယ်"
"အင်း"
"အဲ့ဒါကြောင့် ကျွန်တော်တို့လက်ထပ်မယ်"
ခေ ရှက်ရှက်နှင့်သူ့ကိုပြန်ကြည့်မိတော့ သူက မျက်နှာတည်တည်ဖြင့် အားလုံးကိုအသိပေးသလိုပြော၏။
တကယ်ဆိုအဲ့ဒီတုန်းက သူနေမကောင်းဖြစ်နေချိန်မို့ ပြောတယ်ထင်နေပေမယ့် တကယ်ထလုပ်တော့လည်းရှက်မိ၏။
သူ့အပေါ်မုန်းတာတွေ၊ မကျေနပ်နိုင်တာတွေ ခေ အများကြီးပြောခဲ့သည်မလား။
"ခေခေကရော"
မေမေက ခေ့ကိုကြည့်ရင်းမေးနေ၍ သူ့ကိုရှက်ကိုးရှက်ကန်းဖြင့် တစ်ချက်ကြည့်ပြီး ခေါင်းလေးညိတ်လိုက်သည်။
"သူ့သဘောပါ မေမေ"
"အဲ့ဒါဆိုလည်းစီစဥ်ကြတာပေါ့ သားတို့ချင်းတိုင်ပင်ကြဦး မေမေတို့က သားတို့သဘောအတိုင်းစီစဥ်ပေးမယ် ဟုတ်ပြီလား"
သူ ခေါင်းညိတ်ပြတော့ မေမေရော၊ ကြီးမေပါ ပြုံးတုံ့တုံ့ဖြင့် ထိုင်ရာမှထသွားကြသည်။
ပီယနဲ့မခတို့အတွဲက မင်းထက်နှင့်ခပ်တိုးတိုးပြောရင်း ကြိတ်ရယ်နေတာတွေ့တော့ သူ တကယ်ပြုံးမိသည်။
အထူးသဖြင့် အငယ်တိုင်းကြောက်ရလောက်အောင်ဆိုးခဲ့သည့် သူ့လိုလူက ခေ့အတွက်နှင့် ခုမှကလေးပြန်ဖြစ်နေသည်ကိုလည်း အံ့အားသင့်စရာတစ်ခုလို ပြောနေကြမှာသေချာ၏။
"ခေ ကိုယ့်အပေါ်လာထိုင်"
သူမကိုချစ်ရသည့်အထဲမှာ ဒီတစ်ခုလည်းအပါအဝင်ဖြစ်သည်။
လာဆိုရင်ချက်ချင်းရောက်လာပြီး သူ့အနားမှာခွေးပေါက်လေးတွေလိုကပ်ချွဲကာ မေးဖျားကို ခိုးခိုးနမ်းတတ်သေးသည်။
ခုလည်း သူ့ပေါင်ပေါ်ထိုင်ကာ လည်ပင်းကိုသိုင်းဖက်ပြီး ဖုန်းထဲမှာတွေ့ထားသည့်ဟာသတစ်ခုကိုပြကာ ရယ်နေပြန်သည်။
"Girl Logicတဲ့ ခေဖတ်ပြမယ် ရှင်နားထောင်"
"အင်း"
"မင်းချစ်တာကိုသိတယ် မင်းကိုတော့ပြန်မချစ်ဘူး ဒါပေမယ့် သူ့ကိုပဲချစ်ရမယ်
ချစ်စကားကြိုက်စကားကိုလက်ခံပြီးနားထောင်မယ် ဒါပေမယ့်အဖြေပြန်မရဘူး
မင်းနဲ့လည်းပြတ်ပြတ်သားသားမဖြစ်ချင်ဘူး ဒါပေမယ့် မင်းကိုလည်းပြန်မချစ်ဘူး
သူဘဲထားချင်ထားမယ် ဒါပေမယ့် မင်းသူ့ကိုချစ်ရမယ်
မင်းစော်ထားချင်ထားလို့ရတယ် ဒါပေမယ့် သူ့ကိုတော့ခိုးချစ်ရမယ် တဲ့"
ဟုတ်သလိုလိုနှင့် လည်ထွက်နေသည့် logicမို့ ခေါင်းကိုကုတ်မိတော့ ခေကရယ်ကာ နောက်တစ်ခါထပ်ဖတ်ပြသည်။
သူမက ဖတ်ပြနေရင်းရယ်ချင်လာသလို ပြုံးပြုံးလေးဖြစ်လာတော့ ခါးလေးကိုဖက်ကာ နားထင်နေရာလေးကိုနမ်းလိုက်သည်။
ခေက မော့ကြည့်လာပြီး သူ့မေးဖျားကိုလှမ်းနမ်းကာ ဖုန်းကိုပဲပြန်ပြီးအာရုံရောက်သွား၏။
"အစ်ကို"
ကျော်ပီယက သူတို့အနားရောက်လာပြီး သူ့ဆီဖုန်းလှမ်းပေးတော့ ခေက တစ်ချက်သာကြည့်ပြီး ပေါင်ပေါ်ထိုင်နေရာမှ ဘေးမှာဆင်းထိုင်သည်။
စောစောက ခေ့ကိုနမ်းနေတဲ့ပုံလေးဖြစ်ပြီး ထိုဓာတ်ပုံထဲမှာ သူမ တော်တော်လှနေတာမို့ သူရယ်ရင်းခေါင်းညိတ်ပြကာ...
"ငါ့ဆီပို့ပေး"
သူက သူ့ဖုန်းကိုပါယူပြီး ကျော်ပီယကိုပြန်ပေးလိုက်တော့ ခေကပြန်ကြည့်ပြီး ဘာလဲဆိုသည့်သဘောဖြင့် မေးဆတ်ပြသည်။
"ဘာမှမဟုတ်ဘူး မင်းအရမ်းလှတယ်လို့ပြောနေတာ"
"ရှင်တို့နှစ်ယောက်လား ခေ့ကိုအဲ့အတိုင်းပြောမှာ ဟွန့်..."
"အေးလေ ပြောစရာလား ငါက ငါ့မိန်းမကိုပဲပြောမှာပေါ့"
ပီယရဲ့အငေါ်တူးစကားကြောင့် ခေနှုတ်ခမ်းစူကာ မျက်မှောင်ကုတ်ပြီး သူ့ကိုမော့ကြည့်သည်။
"တော်စမ်းပါ မင်းမိန်းမက ငါ့မိန်းမလောက် ချစ်စရာကောင်းလို့လား"
"ကျွန်တော့်မိန်းမက ပိုချစ်စရာကောင်းတာပေါ့ ခေစုတ်လို ဆေးမထိုးတတ်ဘူး အကျင့်ပုတ်သေးတယ် ခေနဲ့ ငယ်ငယ်လေးကတည်းက အတူနေလို့သိနေတာ တစ်စက်ကလေးမှ အကျင့်မကောင်းဘူး"
"မင်းရဲ့မခကရော တစ်ခုခုဆို မျက်ရည်ကအရင်ကျပြီ ရည်းစားက ခိုးထားတတ်သေးတယ် အစ်ကိုကသဘောမတူတော့ တစ်ခါတည်းလိုက်ပြေးသွားရော"
"အစ်ကိုက ဘလိုင်းကြီးပါ ပြီးတော့ အဲ့ဒါအစ်ကို့ညီမနော် ဘက်မလိုက်နဲ့"
"ခရေဝိုင်လည်း မင်းရဲ့အချစ်ဆုံးသူငယ်ချင်းပဲ မင်းတို့ဖိတ်စာထဲမှာတောင်ပါသေးတယ် မင်းလည်းဘက်မလိုက်နဲ့ အေး.. ဖိတ်စာထဲမှာ သူ့ကိုငါ့နာမည်နဲ့ခွဲပြီး သပ်သပ်ရေးတဲ့ကိစ္စရှိသေးတယ်"
"အစ်ကိုနော် အဲ့ဒါ ခေ့အကြံ"
"သူခိုင်းတိုင်း မင်းကလုပ်ရသလား ငါ့မိန်းမကိုပဲလွှဲမချနဲ့"
"ဟာ!! ခင်ဗျားအတော်ကပ်တီးကပ်ဖဲ့နိုင်တဲ့လူပဲ တော်ပါပြီ အရှုံးပေးပါတယ် ၃၁ဘုံမှာ ခရေဝိုင်သည်သာ ချစ်စရာအကောင်းဆုံးပါ"
စကားနိုင်လုနေကြသော သူတို့နှစ်ယောက်ကိုကြည့်ပြီး ခေက တခစ်ခစ်ရယ်ရင်း သူ့ရင်ဘတ်ပေါ်မေးလေးတင်ကာ သူ့ခါးကိုဖက်ထား၏။
လက်လန်တယ်ဆိုသည့်ပုံနှင့် ပီယ ဘာမှထပ်မပြောတော့ဘဲ ရယ်ကျဲကျဲဖြင့် အနားကထွက်သွားတော့မှ သူ ခေ့ကိုငုံ့ကြည့်မိသည်။
"ရှင် ကလေးဆန်လိုက်တာ"
"အဲ့ဒါမင်းကြောင့်လေ ဘာလို့ကိုယ့်ကိုမော့ကြည့်လဲ အသက်ကြီးမှ အငယ်တွေနဲ့ပြိုင်ပြီး မင်းစော်ထက် ငါ့စော်ကပိုမိုက်တယ်လုပ်နေရတာ"
"ဟီး... ချစ်တာဒီလူကြီးကို"
ခေကအသည်းယားသွားသလို ရင်ဘတ်ကိုတအားကိုက်ပစ်၍ တော်တော်နာသွားပေမယ့် သူပြုံးမိသည်။
အိမ်အပြင်ဘက်ဆီမှ မင်းထက်တို့ရယ်သံတွေကြားလိုက်ရ၍ စောစောကကိစ္စကိုရယ်နေကြမှန်းသိလိုက်၏။
သူ ခေနဲ့မှလှိမ့်ခံနေရတာကို နည်းတောင်နည်းသေးတယ်ဟု ပြောနေကြမလား...
အမျိုးမျိုးပြုစားနိုင်လွန်းတဲ့စုန်းမလေး....
▪▪▪⏳⏳⏳▪▪▪
"ဆိုင်ကိုမန်နေဂျာနဲ့ထားခဲ့ မင်းမိုးကုတ်ကိုလိုက်ခဲ့ရမယ်"
"ဟုတ်ကဲ့"
"ဖုန်းကြိုဆက်ထားတယ်မလား မရီးကိုမမြင်ဖူးဘူးဆိုတဲ့သူတွေ"
"ဆက်ထားပါတယ် အိမ်မှာပဲစောင့်ကြမယ်လို့ပြောတယ်"
မရီးကို သူတို့ညီအစ်ကိုတစ်စု အကြောင်းမဲ့စိတ်ဝင်စားနေကြတာမဟုတ်။
အစ်ကို့လိုလူက သည်းသည်းလှုပ်နေအောင် ချစ်မြတ်နိုးခံရသည့်မိန်းကလေးဟာ ဘယ်လောက်ကံကောင်းလိုက်သလဲဆိုသည့်အတွေးနှင့် စိတ်ဝင်စားနေကြခြင်းဖြစ်သည်။
အစ်ကို့မှာ သူ့လိုညီ တခြားတစ်ယောက်ရှိသေးသည့်အပြင် ငယ်စဥ်ကတည်းက ဖေဖေတာဝန်ယူခဲ့သည့် မေမိုးမခလို အိမ်သားတွေလည်းရှိသေးသည်။
"မိုးကုတ်မှာ ဆွမ်းကပ်ပြီးDinnerလုပ်မှာ မေမေမိုးကုတ်ကိုခဏတော့ပြန်လိုက်ခဲ့ပါ"
"ရပါတယ်သားရယ် ပြောရမယ့်သူလည်းမဟုတ်ဘဲနဲ့ မင်းထက်နဲ့မေမေ သွားနှင့်မယ် သားနဲ့ခေခေနဲ့နောက်ကလိုက်ခဲ့တော့"
"ခေကရော"
"ပြင်တုန်း ဆင်တုန်း"
နာရီကိုကြည့်တော့ ၁၀နာရီထိုးတော့မှာမို့ နောက်ကျမှာစိုး၍ သွားခေါ်ဖို့ပြင်တော့ ခေကအပေါ်ကနေပြေးဆင်းလာ၏။
သူမက ပေါင်လယ်လောက်သာရှိသော ဂျင်းဘောင်းဘီကို ဆင်စွယ်ရောင်တီရှပ်လေးနှင့်တွဲဝတ်ထားပြီး sneakerဖိနပ်အဖြူရောင်လေးကိုစီးထားသည်။
ဆံပင်တွေကိုတော့ ခပ်ပွပွထုံးထား၍ ကပိုကရိုလေးဖြင့် လှရက်နိုင်သောခေ့ကို သူငေးကြည့်မိသည်။
သူနဲ့စတွေ့ဖူးတုန်းကလို လွင့်ပျံတက်ကြွနေသည့်ပုံစံမျိုးလေး။
"အံမယ် သူများကိုငေးနေတာ ခေလှလို့လား"
ခေက ခုန်ဆွခုန်ဆွလေးလုပ်ကာ တစ်ပတ်လှည့်ပြလိုက်တော့ သူအသည်းယားသွားပြီး ကောက်ပွေ့ယူကာ ပါးလေးတစ်ဖက်ကို နှာတံတစ်ခုလုံးနစ်ဝင်သွားအောင်နမ်းလိုက်သည်။
Advertisement
သူမရယ်နေခဲ့တာမို့ ထိုသို့ပွေ့ထားသည့်အတိုင်း အိမ်ထဲကထွက်လာခဲ့ပြီး ကားပေါ်တင်ကာ ခါးပတ် ပတ်ပေးလိုက်သည်။
မိုးကုတ်ကိုသွားသည့်တစ်လမ်းလုံး သူမက ပေါက်ပေါက်ဖောက်လာသလို တစ်ချိန်လုံးထိုင်ကြည့်နေသဖြင့် ပျင်းစရာမကောင်းဘဲ ပျော်စရာအတိ။
"ချောလားပြောဦး မင်းကြည့်နေလို့ ဆွဲဆောင်မှုရှိအောင်ရုပ်တည်နေရတာ ညောင်းနေပြီ"
"ဒီအတိုင်းပဲနေပေါ့ ရှင်ကဘယ်လိုနေနေ ကြည့်ကောင်းတာပဲ ခေဆို ရှင့်ကိုခဏခဏကြည့်ပြီး ခဏခဏကြွေနေမိတာ ဒီဘဲအရမ်းချောပါလားပေါ့ ပြီးမှ aww ငါ့ယောကျာ်းပဲဆိုပြီး"
သူ့ဆီကရယ်သံထွက်လာတော့ ခေ သူ့လက်မောင်းကိုဖက်ထားလိုက်ရင်း ပခုံးကိုခေါင်းလေးမှီကာ...
"ရှင် စိတ်မဆိုးဘူးဆို ခေ မေးချင်တယ် ရှင့်မှာလေ ညီဘယ်နှယောက်ရှိလဲဟင်"
အရင်ကစိတ်နဲ့ဆို သူ ထပြီးရိုက်ခွဲပစ်မိမှာဖြစ်ပေမယ့် အခုက ခေဖြစ်နေ၍ ရှက်ပြုံးပြုံးလိုက်မိသည်။
"၂ယောက်ရှိတယ် မင်းထက်ရဲ့အမေကိုတော့သိတယ် အဲ့ဒီကောင်လည်း မိုးကုတ်မှာမနေဘဲ တစ်ခါတစ်လေမှပြန်လာတာ
နောက်တစ်ယောက်ကတော့မင်းယံတဲ့ သူကရန်ကုန်မှာနေတာ သူနဲ့တော့အဆက်အသွယ်ရှိပေမယ့် သူ့အမေကိုတော့ ကိုယ်မသိဘူး"
"မခကရော"
"မခရဲ့အဖေက ကိုယ့်ဦးလေး၊ ဖေဖေ့ရဲ့ညီအရင်း အဲ့ဒါကြောင့် မခကိုတရားဝင်မွေးစားထားတာပေါ့ တခြား ဖေဖေ့ရဲ့သားသမီးတွေလည်းရှိသေးတယ်
ကျောက်တွင်းကလူတွေရဲ့ သားသမီးတွေဆိုပါတော့ ပညာရေးစားရိတ် မတတ်နိုင်တဲ့ကလေးတွေကို ကျောင်းဆက်ထားပေးတယ် တချို့ကလေးတွေဆို အိမ်မှာခေါ်ထားတာလည်းရှိတယ်
အခုတော့ကိုယ်ပိုင်ဘဝတွေနဲ့ပါ သူတို့ကလည်း ဖေဖေပဲခေါ်ကြတာပဲ"
"ဦးက အဲ့လိုလည်းရှိသေးတာပဲနော် တချို့နေရာတော့ဆိုးပေမယ့် တချို့နေရာတော့လည်းမဆိုးပါဘူး ရှင်က ရှင့်အဖေနဲ့တူတာ"
ကားမောင်းနေသည်မို့ တစောင်းမြင်နေရသည့် သူ့မျက်နှာမှာ အပြုံးတစ်ခုဖြစ်သွားပြီး သူက ဖြည်းညှင်းစွာခေါင်းညိတ်၏။
"အတော်များများတော့တူပါတယ် ဒါပေမယ့် ကလေးကတော့ မင်းကိုပဲမွေးခိုင်းမှာ"
"ဟွန့်!! ဖောက်လာပြီ"
သူမမျက်စောင်းလေးထိုးတော့ ပြုံးပြီး နဖူးလေးကိုငုံ့နမ်းလိုက်သည်။
"ခဏအိပ်ဦး ရောက်ဖို့လိုသေးတယ်"
"မအိပ်ပါဘူး ခေ ရှင့်ကိုအဖော်လုပ်ပေးမယ် ကားမောင်းရတာ ပျင်းမှာပေါ့"
"မပျင်းပါဘူး အိပ်စရာရှိတာအိပ်ပါ အိမ်ရောက်ရင်နှိုးမယ် ကိုယ့်မိန်းမအိပ်ရေးဝဖို့အဓိက"
ပိုလွန်းသောသူ့ကို မျက်စောင်းလေးထိုးပစ်တော့ သူက သဘောတကျရယ်လေ၏။
ခေအရုပ်ကလေးဖက်ကာ မျက်လုံးတွေမှိတ်ထားလိုက်တော့ ခဏနှင့်အိပ်ပျော်သွားခဲ့သည်။
"ခေ ထတော့"
သူ့အသံကြားမှ ခေပြန်နိုးလာကာ အိပ်ချင်မူးတူးဖြင့် ကားပေါ်ကဆင်းတော့ ဟိုတစ်ခါကအိမ်ကြီးကိုရောက်နေပြီဖြစ်သည်။
တစ်ခါမြင်ဖူးထားသောအလုပ်သမားတွေက အိမ်ရှေ့မှာစုပြီးစောင့်နေကြသလို တစ်ခါမှမမြင်ဖူးသော လူငယ်တွေလည်း စောင့်နေကြ၏။
"အစ်ကိုလေး ပြန်လာမယ်ဆိုလို့ စောင့်နေကြတာ"
"အင်း အခန်းပြင်ထားတယ်မလား ပစ္စည်းတွေသယ်သွားတော့ ခေ့ကိုတော့သိကြတယ်မလား"
သူက ခေ့ပခုံးကိုဖက်ထားလိုက်တော့ ခေ သူ့ခါးကိုပြန်ဖက်ရင်း အားလုံးကိုရယ်ပြပြီး နှုတ်ဆက်လိုက်သည်။
ဒါ သူပြောသည့် သူ့ရဲ့ညီတွေ၊ ညီမတွေပဲနေမှာ...
"ခေ မရယ်နဲ့ သူများတွေရှေ့မှာ"
သူ့စကားကြောင့် ခေစူပုတ်သွား၍ သူက မကြည်သလိုကြည့်ကာ ကားပေါ်ကပစ္စည်းတွေကိုချခိုင်းပြီး ခေ့ကိုတော့ နားဖို့အခန်းထဲလွှတ်သည်။
"မနားချင်သေးပါဘူး ခေ့ကိုစောင့်နေကြတဲ့ဥစ္စာ ခဏဖြစ်ဖြစ်တော့"
"ခရေဝိုင်"
ချက်ချင်းကြီးလေသံမာသွားသော သူ့ကြောင့် ဘာဖြစ်သွားတာပါလိမ့်ဟု စဥ်းစားမရသလို ခေလည်းဘာအမှားလုပ်ထားမိလဲမသိ။
"ခေက သူတို့ကိုအားနာလို့ပါ"
"ဘာမှအားမနာနဲ့ သွား.. အခန်းထဲသွားအိပ်တော့ ပြီးမှလာနှိုးမယ်"
ခေ အူကြောင်ကြောင်ဖြင့် သူ့အခန်းကိုရောက်ခဲ့ကာ သူကတော့ ဘာလုပ်စရာရှိသည်လဲမသိဘဲ အတော်နဲ့ပြန်ရောက်မလာခဲ့။
ခေသည်လည်း အိပ်ရေးမဝသေးသည်နှင့် သူ့အိပ်ယာမှာပင် ပြန်အိပ်ပစ်လိုက်သည်။
▪▪▪⏳⏳⏳▪▪▪
"ကလေးလေးကျနေတာပဲနော် အစ်ကိုလေး ချစ်စရာလေး"
"အစ်ကိုက ကြိုက်လည်းကြိုက်တတ်တယ်နော် အရင်ကလူတွေနဲ့များ တခြားစီပဲ"
"အစ်ကိုအရမ်းသဝန်တိုတာပဲ ညီမတို့ကနှုတ်ဆက်မလို့စောင့်နေတာကို မရီးကို ဇွတ်နားခိုင်းလိုက်တယ်"
"ဘာဖြစ်လဲ သူခရီးပမ်းလာတယ် အဲ့လောက်တောင်အလိုက်မသိကြဘူးလား"
သူ ထငေါက်တော့မှ ညီမတွေပါးစပ်ပိတ်သွားကာ ညီတွေကတော့ ပြုံးစိစိ။
ဒီကလေးမတွေကို ခေ့အနားပေးမကပ်နိုင်။
သူချစ်သည့်ပါးလေးတွေကို ဆွဲဖဲ့ကုန်ရင်ရော...
သူမြတ်နိုးရသည့် ဆံပင်တွေကိုင်ကြည့်ကြရင်ရော...
"အစ်ကိုကလည်း ဒေါသချည်းပဲ မရီးလန့်သွားပါလိမ့်ဦးမယ်"
"ငါ့မိန်းမကို ငါအော်စရာလား သွား.. လုပ်စရာရှိတာသွားလုပ်ကြ Dinnerကျရင်တွေ့မှာပဲ"
"ဟုတ် အစ်ကိုလေး"
▪▪▪⏳⏳⏳▪▪▪
Part 40 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~~~~
အချစ်ဝိုင် ( part - 39 )
▪▪▪▪▪▪▪▪▪▪
"ဟုတ်ကဲ့"
"အင်း"
"ခေခေကရော"
"သူ့သဘောပါ မေမေ"
Advertisement
"အင်း"
"အစ်ကို"
"ငါ့ဆီပို့ပေး"
"ရှင် ကလေးဆန်လိုက်တာ"
▪▪▪⏳⏳⏳▪▪▪
"ဟုတ်ကဲ့"
"ခေကရော"
"ပြင်တုန်း ဆင်တုန်း"
"ဒီအတိုင်းပဲနေပေါ့ ရှင်ကဘယ်လိုနေနေ ကြည့်ကောင်းတာပဲ ခေဆို ရှင့်ကိုခဏခဏကြည့်ပြီး ခဏခဏကြွနေမိတာ ဒီဘဲအရမ်းချောပါလားပေါ့ ပြီးမှ aww ငါ့ယောကျာ်းပဲဆိုပြီး"
"၂ယောက်ရှိတယ် မင်းထက်ရဲ့အမေကိုတော့သိတယ် အဲ့ဒီကောင်လည်း မိုးကုတ်မှာမနေဘဲ တစ်ခါတစ်လေမြှပန်လာတာ
"မခကရော"
"ဟွန့်!! ဖောက်လာပြီ"
"ခေ ထတော့"
"ခရေဝိုင်"
▪▪▪⏳⏳⏳▪▪▪
"ဟုတ် အစ်ကိုလေး"
▪▪▪⏳⏳⏳▪▪▪
Part 40 ဆက်ရန်
#shinthant1141997
Advertisement
- In Serial6 Chapters
The Game Called Reality
Blake Donovan is the 4th Prince of the Kingdom of Olden. He is an unassuming, weak, and disgrace of a son for his family. In the fight for the throne issued by his father, King Olden X, Blake's three brother's team up against him and forced him to withdraw from the fight and even went as far as to exile him. Blake, who is now on the run strives to survive and escape out of the continent. He makes it out of the country alive after a long and arduous journey, but he couldn't live for long and eventually succumbs to his injuries. David Langley, a person from Earth, takes over Blake's body at that point and begins his adventure as a "Lord," who was tasked to develop their own kingdoms and lead them to prosperity. He is not the alone in this endeavour. An advanced civilization gave this task to David and countless others with the promise of their return to Earth after being successful in their task. Follow Dave Langley, or who is now called Blake Donovan, as he builds up his kingdom and competes against others who try to stop him. Will he be able to return to Earth? Will he be alone or together with those stuck with him? Or will he find greater meaning in life and ascend to greater heights? *Author’s Note*Hello everyone, this is my first time writing a novel so please don’t judge it too harshly. This may not be a perfect novel and has many grammar errors and weak characters+plot development, but I’ve been itching to share this story. Hope you enjoy it! And oh do leave your comments/review on how I can improve it.
8 144 - In Serial60 Chapters
Will You Be Alone? After The End? Don't You Know We're All Still Here?
More than a century ago the world was devastated, but that doesn't matter. Nobody cares about the past, stories from that time are as wildly conflicting as they are ridiculous--when any stories exist at all. There are problems in the here and now that need to be dealt with, bringing the past into things isn't going to help anyone. The fact is that young people all over the world are developing mysterious powers, and the public reactions to these powers are far from positive. Fair enough, you might say. Who wants a young man around who can conjure heat from the palm of his hand? How deeply undesirable is a girl who can bend your emotions to her will? What use, I ask you, is a girl whose very essence crackles with lightning? No use at all, I'd say. As for this so-called Mr Fin and his grand ideals, well, all I can say is that his clothing is of better quality than his plans. Vague allusions to a 'sanctuary' and a 'mysterious and powerful statue' are all very well, but when it comes to solid results I fear you may find him somewhat lacking. Mark my words and mark them well, following one such as him will only lead to tears. All in all, I'd say there's not much you could reasonably expect from a world such as this. Conflict, perhaps. Hardship, certainly. Despair, heartache, loss... ...hope? No, don't be ridiculous. Where could one find hope, in this ruin of an existence? Honestly, I am asking. Where?Discord
8 279 - In Serial11 Chapters
Airium - Beta key
Three gamers find a beta key to an unreleased expansion of Airium, a VRMMORPG. With the allure of wealth, fame and new content, they risk a small fortune to strike it big.
8 161 - In Serial42 Chapters
Halloween Vault 3D (Closed)
Wattpad's third annual Halloween Vault is here!Did you love the first? Do you still miss the second? This year, the Halloween Vault 3D is returning in full force!59 Engagement profiles, including 38 Ambassadors-run English profiles, 9 Ambassadors-run International profiles and 12 Community profiles, have conspired to create our Halloween Vault 3D version - diverse, dynamic, dauntless to haunt your memories of the season for years to come!Interact with other Wattpadders from across the globe through a new set of festive activities, such as our unique spooky prompts, fun activities and another scavenger hunt! All Wattpadders are welcome to join!
8 208 - In Serial47 Chapters
Full Moon {A Sesshomaru x Reader} ^w^
You are a full blooded dog demon. A female one at that. You have two swords. Shi is the blade of Death, while your other sword, Ha is the blade of darkness. They can be combined to make a naginata and can be used as one. The Naginata is called Shinha also known as Death blade. You are powerful and you travel alone. That is until little Rin finds herself in trouble and begs someone to let you come along. Who is this someone? Find out in this wonderful Book.(Description of you)Hair: Long and silverDress Attire: Blue short Kimono with a tanish brown obi and ankle length boots (like sesshomaru) Swords: Shi and HaLikes: Children, Traveling, ignoring Jaken, protecting Rin, hitting Jaken, Sesshomaru, and annoying Inuyasha.Dislikes: When Jaken calls her names, Kagura with Sesshomaru, other demons, humans, emotions.Alwight let's get this party started! Start readin now!
8 126 - In Serial10 Chapters
c'est la vie
written thoughts
8 104

