《အချစ်ဝိုင် ( Complete )》Part 40
Advertisement
အချစ်ဝိုင် ( part - 40 )
▪▪▪▪▪▪▪▪▪▪
အခန်းက အရင်သူနေခဲ့သည့်အပေါ်ထပ်ကအခန်းဖြစ်ကာ ဟိုးအရင်ကတည်းက သူ့အခန်းဖြစ်ပုံရသည်။
အိမ်အရှေ့ဘက်ဝင်ပေါက်ကိုလည်း မြင်ရသလို ခေတို့သွားခဲ့သည့် အနောက်ဘက်က တောင်ကုန်းလေးကိုလည်း မြင်ရသည်။
အိပ်ယာထ ရေချိုးပြီး သဘက်အဖြူလေးနှင့် စပ်စပ်စုစုလိုက်ကြည့်နေမိတုန်း နောက်ကနေဖက်ထားခြင်းခံလိုက်ရကာ သူ့ဆီကရနေကျရေမွှေးနံ့ကိုလည်းရလိုက်သည်။
"မြှူဆွယ်နေတာလား အဲ့ဒီပုံစံနဲ့"
"ဘယ်မှာမြှူဆွယ်နေလို့လဲ ဖယ်.. သွား.. ရှင်ရေလည်းမချိုးရသေးဘဲနဲ့ လွှတ်"
ပြောရင်းမှလည်ပင်းကိုငုံ့နမ်း၍ ခေတွန့်ခနဲဖြစ်ကာ သူ့ဆီကနေပြန်ရုန်းပစ်ပေမယ့် သူက ခေ့နှုတ်ခမ်းကို အပိုင်သိမ်းပစ်တာမို့ သူ့လည်ပင်းကိုပဲသိုင်းဖက်ထားလိုက်သည်။
ဒီ့ထက်လည်းရှေ့မဆက်ဘဲ နမ်းရုံပဲနမ်းတာမို့ ခေ သူ့ရင်ခွင်ထဲတိုးဝင်တော့ သူကဖက်ထားကာ ပခုံးစွန်းလေးကိုငုံ့နမ်းသည်။
"ရှင်အခုမှပြန်လာတာလား"
"အင်း ကျောက်တွင်းဘက်ခဏသွားခဲ့တာ မနက်ဖြန်ဖို့လည်း ပြင်စရာရှိတာပြင်ရသေးတယ်လေ သူများတွေလိုအိပ်မနေနိုင်ပါဘူး"
"အံမယ် ရှင်ပဲအိပ်ခိုင်းတာလေ ဒါနဲ့မေးချင်လို့ ခေ့ဘာသာရယ်ပြတာကို ရှင်ဘာလို့တားတာလဲဟင်"
"မကြိုက်လို့"
"ဘာလို့မကြိုက်တာလဲ ပြောတော့ဖြင့် ခေကရယ်နေရင် ချစ်စရာကောင်းတယ်ဆို"
"အင်းလေ ကိုယ့်ရှေ့မှာပဲရယ်စေချင်တာ မင်းရယ်နေဖို့ကို အသေအလဲလိုချင်ခဲ့တာက ဒီကကောင်လေ သူတို့မှမဟုတ်တာ အဲ့ဒီတော့မရယ်ရဘူး"
"ဟွန့်!! ကြံဖန်သဝန်တိုနေတာ"
မျက်စောင်းလေးထိုးတော့ သူ သဘောကျသွားသလိုရယ်ပြီး ခေ့ဆံပင်တွေကိုဖိသပ်ကာ တစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲရောက်အောင်ဆွဲယူသည်။
"မနက်ဖြန်ညနေကျရင် အိမ်မှာ ညစာစားပွဲရှိတယ် မင်းကိုတွေ့ချင်နေကြတဲ့အငယ်တွေ၊ အငယ်မတွေလာလိမ့်မယ် အခုတောင်လူမစုံသေးဘူး"
"အများကြီးပဲနော် ဒါဆိုအားလုံးထဲမှာ ရှင်ကအသက်အကြီးဆုံးပေါ့ ဟီး.."
"ဘာဖြစ်လဲ ဒီမိန်းမတော့နာတော့မယ် မင်းcovidဖြစ်နေတယ်ပြောလိုက်ရင် maskမချွတ်ရတော့မယ့်အပြင် ဘယ်သူမှကပ်လို့ရမှာမဟုတ်ဘူးနော် ဟုတ်တယ် အဲ့ဒီအကြံမဆိုးဘူး"
သူ့ဘာသာပြောရင်း ကျေကျေနပ်နပ်ကြီးရယ်နေတာကြောင့် ခေနှုတ်ခမ်းစူပစ်လိုက်ရင်း သူ့ရင်ဘတ်ကြီးကို တအားကိုက်ပစ်လိုက်သည်။
"အ!! မင်း ကိုက်တယ်"
"ကိုက်တော့ဘာဖြစ်လဲ ခေ covidဖြစ်နေတယ် ဟိုဘက်သွားနေ အနားမကပ်နဲ့"
"ဘာလို့သွားရမှာလဲ မင်းကိုက်ပြီးပြီမလား ကိုယ့်အလှည့်ပဲ"
"ဟင့်အင်း ရှင်နော်"
စောစောကပဲ မထိရက်မတို့ရက်သလို ဖက်ရုံလေးဖက်ထားပြီး အခုမှပြန်ကြမ်းတမ်းလာ၍ ခေ အသံလေးထွက်အောင်ရယ်ရင်း သူ့လက်မောင်းကြီးကိုပါ ကိုက်ပစ်လိုက်သည်။
"အဲ့ဒါမှ တကယ်မြှူဆွယ်တာ"
"ပြီးရော"
ခေ့တစ်ကိုယ်လုံးကို အရုပ်ကလေးပွေ့သလိုကောက်ပွေ့ပြီး မွေ့ရာပေါ်ချလိုက်တော့ စီးမိုးငုံ့ကြည့်နေသည့်သူ့မျက်နှာကို လက်ဖဝါးလေးတွေဖြင့်မနာအောင် ရိုက်ပစ်ရင်း...
"ရှင် အရမ်းကဲတာပဲ"
"အခုမှအတိုးချပြီးချစ်ရလို့ပါ"
သူပြုံးတော့ ပါးချိုင့်လေးတွေပေါ်လာပြီး ပိုပြီးကြည့်ကောင်းသွားသလို ခေ သူ့ကိုအနီးကပ်ကြည့်ရင်း နှာတံတစ်လျှောက်ကို လက်ညှိုးလေးဖြင့် ထိတို့မိသည်။
"ရှင့်ကိုချစ်တယ်"
သူက ခေ့လက်ကိုဆွဲယူကာ နှုတ်ခမ်းနဲ့ထိကပ်နမ်းပြီး ခေ့နှုတ်ခမ်းလေးကိုပါ မထိတတထိနမ်း၏။
"ကိုယ်လည်း မင်းကိုချစ်တယ်"
သူ့အနမ်းတွေဖြန့်ခင်းလာပြီး ခေ့လည်ပင်းလေးနှင့် ပခုံးလေးတွေကိုနမ်းသည်။
သူ့အနမ်းတွေ တဖြည်းဖြည်းကြမ်းရှလာပြီး နယ်ကျွံလာပေမယ့် ခေ မရုန်းတော့ဘဲ သူ့ဆံပင်တွေကိုပဲဆွဲဖွလိုက်သည်။
နားရွက်ဖျားလေးကိုနာအောင်ကိုက်လိုက်၍ ခေ ကျက်သီးတွေထကာ ဆတ်ခနဲဖြစ်သွားပြီး သူ့လက်မောင်းကြီးကိုထုပစ်လိုက်သည်။
စိမ်းသက်နေဆဲအထိအတွေ့တွေကြောင့် နှုတ်ခမ်းလေးကိုက်ထားမိတော့ သူက ခပ်တိုးတိုးရယ်ရင်း နားနားလေးမှာ ကပ်ပြောသေး၏။
"နောက်ဆို အသားကျသွားမှာပါ"
တဲ့...
သူတကယ် လူဆိုးပါ...
▪▪▪⏳⏳⏳▪▪▪
မနက်က ဘုန်းကြီးကျောင်းကိုသွားခဲ့ပြီး မင်္ဂလာဆွမ်းကပ်ကာ ညနေမှာDinnerလုပ်မှာမို့ သူရော တစ်အိမ်လုံးအလုပ်ရှုပ်နေပေမယ့် ခေကတော့ဘာမှလုပ်စရာမရှိ။
အကဲပိုလွန်းသည့်သူက ခေ့ကိုအေးအေးလူလူနေခွင့်ပေးထား၍ ဘယ်သူကမှလည်း လာမနှောင့်ယှက်ရဲကြ။
"ခေ ကူလုပ်ပေးမယ်လေ"
"မလုပ်နဲ့"
"ရှင်ကလည်း"
"သွားပါ ခြံထဲသွားဆော့နေ အိမ်အရှေ့ဘက်မှာပန်းခင်းရှိတယ် ခဏနေခေါ်ခိုင်းလိုက်မယ်"
ဆို၍ အိမ်အရှေ့ဘက်ကိုထွက်လာခဲ့ပေမယ့် ပျင်းစရာကောင်းနေဆဲ။
သူ့ရဲ့ညီတွေ၊ ညီမတွေနဲ့ အပေါင်းအသင်းဖြစ်ပြီး ပျော်ပျော်ကြီးကဲရမည်မှတ်နေသော ခေ့မှာ သူ့ကိုကြိတ်ကျိန်ဆဲမိသည်အထိ။
"မမလေး ဟိုဘက်မှာ ရေကန်ရောရှိတယ်"
ခေ့နောက်မှာ ကောင်မလေးတစ်ယောက်လည်းပါတာမို့ ရေကန်ဆိုသည့်ဘက်ကိုလာခဲ့တော့ မြက်ခင်းစိမ်းလေးလည်းရှိတာမို့ ခေ ကျေနပ်သွားမိသည်။
"ဒီမှာပဲထိုင်ရအောင် အယ်.. ဟိုမှာနှင်းဆီပန်းတွေရော.. ခေ သွားခူးလို့ရတယ်မလား"
ကောင်မလေးက ခေါင်းညိတ်ပြ၍ ခေ ဂါဝန်စလေးမပြီး နှင်းဆီပင်တွေအနား ပြေးထွက်လာခဲ့သည်။
နှင်းဆီပန်းတွေက အရောင်တွေစုံနေသဖြင့် ခေက အနီရောင်တစ်ပွင့်ကိုခူးဖို့ လက်လှမ်းလိုက်စဥ်...
"ရပ်စမ်း"
တားမြစ်သံနှင့်အတူ ခေ့လက်ကလေးတစ်ဖက်ကို ကြမ်းတမ်းစွာ ဆွဲဆုပ်ပစ်လိုက်၍ မျက်ခနဲနာသွားသည်။
တစ်ဖက်လူသည် ခေနှင့်ရွယ်တူ သို့မဟုတ် ခေ့ထက်ငယ်လောက်သည့် ကောင်လေးတစ်ယောက်ဖြစ်ပြီး ခေ့ကို စူးစိုက်ကြည့်နေခဲ့သည်။
"အ!! နာတယ် လွှတ်"
ခေပြန်ရုန်းတော့ ဒင်းကမလွှတ်ဘဲ ရင်ဘတ်ချင်းထိမတတ် ခေ့ကိုဆွဲပြီးသေသေချာချာငုံ့ကြည့်သည်။
ခေ စိတ်တိုသွားမိပြီး ရင်ဘတ်ကိုဖျတ်ခနဲပြန်တွန်းပစ်တော့ အမှတ်တမဲ့မို့ယိုင်သွား၍ ခေ သူ့လက်ထဲကပြန်ရုန်းပစ်လိုက်သည်။
ဒီအိမ်မှာ ခေ့ကိုဒီလိုဆက်ဆံရဲသူ ဘယ်သူမှမရှိ၍ ဒီလူဘာလဲဆိုသည့်မေးခွန်းက ချက်ချင်းဖြစ်၏။
"မင်း ဘယ်သူလဲ"
လက်ကလေးကိုခါနေတုန်း ထွက်လာသည့်မေးခွန်းကြောင့် ခေ့မျက်နှာလေးတင်းကာ ချက်ချင်းလှည့်ထွက်တော့ ထိုကောင်လေးက ခေ့လက်ကိုလှမ်းဆွဲပြန်သည်။
"တောက်!! မေးနေတာကို"
"နင်မေးတိုင်းဖြေစရာလား"
နှုတ်ခမ်းလေးစူကာ သူ့ကိုပြန်ရန်တွေ့နေသည့် ကောင်မလေးကို သဘောကျသလိုစိုက်ကြည့်နေမိရင်း လက်ကလေးကို ပိုပြီးဖိဆုပ်ထားလိုက်သည်။
ခရမ်းရောင်ဆံပင်တွေနှင့် ခြေဖျားအထိပုံကျနေသော ကြိုးတစ်ချောင်းဆင်စွယ်ရောင်ဂါဝန်လေးဖြင့် ချစ်စရာအရုပ်မလေး။
သူမက ဆွေ့ဆွေ့ခုန်စိတ်ဆိုးကာ လက်ကိုအတင်းပြန်ရုန်းနေစဥ် အသည်းအသန်ပြေးလာသည့် အိမ်အကူကောင်မလေးကို တွေ့လိုက်၏။
"အမလေး မမလေးရယ် ဘယ်များရောက်သွားလဲလို့"
"ဒီမယ် ဒီလူ ခေ့ကိုဆွဲလားရမ်းလားနဲ့ ဘယ်ကလူလဲ"
"အစ်ကိုလေးရဲ့ညီပါ လွှတ်ပေးလိုက်ပါနော် အစ်ကိုလေးလိုက်ရှာနေတယ်"
အစ်ကိုလေးဆိုတာ အစ်ကိုမင်းစေကိုပြောတာလား။
သူ အရုပ်မလေးရဲ့လက်ကိုလွှတ်ပေးလိုက်တော့ သူမ လက်ကောက်ဝတ်ကလေး နီရဲနေခဲ့သည်။
သူမက လက်ကလေးကိုကြည့်ပြီး ဆောင့်ကြီးအောင့်ကြီးဖြင့် ဂါဝန်လေးကိုမကာ သူ့ကိုမျက်စောင်းထိုး၍ ငိုမဲ့မဲ့လေးဖြင့်...
Advertisement
"နင့်ကို ငါ့ယောကျာ်းနဲ့တိုင်မယ်"
ဟု ကလေးဆန်ဆန်ပြောသွားသေးသည်။
သူမ ထွက်သွားတော့မှ အိမ်အကူမိန်းကလေးကိုခေါ်လိုက်ကာ ခေဟု သူ့ကိုယ်သူပြောသွားသည့် ထိုအရုပ်မလေးကိုကြည့်ရင်း...
"သူက ဘယ်သူလဲ"
"ခရေဝိုင် အစ်ကိုလေးမင်းစေရဲ့မိန်းမ"
သူ့စိတ်ထဲတမျိုးဖြစ်သွားသည်။
အစ်ကိုမင်းစေရဲ့မိန်းမဟာ သူတို့မိသားစုကြားမှာ နာမည်ကြီးနေ၍ သိပ်လှ သို့မဟုတ် သိပ်ထက်သည့်မိန်းကလေးဟု သူထင်ခဲ့ပေမယ့် လက်တွေ့မှာတခြားစီ။
ထိုအရုပ်မလေးအနောက်ကနေ ကပ်လိုက်လာခဲ့တော့ အိမ်ရှေ့မှာ အစ်ကိုကရပ်စောင့်နေသည်ကို တွေ့လိုက်၏။
သူမက အစ်ကို့ကိုတွေ့သည်နှင့်ပြေးသွားပြီး လက်ကလေးကိုပြကာ တတွတ်တွတ်နဲ့တိုင်နေပုံရသည်။
ငါ့ယောကျာ်းနဲ့တိုင်မယ်ဆိုတာ ဒါကိုပြောတာလား...
အစ်ကိုက အနားရောက်လာသည့်သူ့ကို ကြည့်နေ၍ သူမကလည်း လှည့်ကြည့်လာသည်။
"အဲ့လူပဲ ခေ့ကိုအတင်းဖိကိုင်ထားတာ နာနေပြီ"
နီရဲနေသည့်သူမလက်ကလေးကို တစ်ချက်ကြည့်ရင်း အစ်ကို့ရဲ့စူးစူးရဲရဲအကြည့်တွေ သူ့ဆီပြန်ရောက်လာသည်။
မနက်ကဆွမ်းကပ်ကိုမမှီသည့်အပြင် ကိုယ့်မရီးကိုမှ နာအောင်လုပ်မိသည့်နောက်တစ်ပြစ်ဖြင့် အစ်ကို သူ့ကိုဘယ်လောက်တောင် ဒေါသဖြစ်နေလိမ့်မလဲ။
"မင်း ဘာလုပ်နေလို့အခုမှရောက်လာတာလဲ မင်းယံ"
"ကျွန်တော် လေယာဥ်လက်မှတ်မရလိုက်လို့ပါ ပြီးတော့ ကျွန်တော် တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး အစ်ကို သူစိမ်းတစ်ယောက်မှတ်လို့ပါ"
"ဒီခြံထဲကိုသူစိမ်းဝင်လို့ရ မရ မင်းမသိဘူးလား"
"ကျွန်တော်တောင်းပန်ပါတယ် မရီးကိုလည်းတောင်းပန်ပါတယ်"
သူမက မကျေနပ်သလို ဟွန့်ခနဲနှာခေါင်းရှုံ့ကာ မျက်နှာလွှဲပစ်တော့ အစ်ကိုက သူမလက်ကလေးကို ဖွဖွလေးကိုင်သည်။
မထိရက်မတို့ရက်ဖြစ်နေသည့် အစ်ကို့ပုံစံကြောင့် ခရေဝိုင့်ကို ဘယ်လောက်ချစ်သလဲဟု မေးစရာမလို။
"မင်း နောက်တစ်ခါသူနဲ့ဝေးဝေးနေ ငါတစ်ခါပဲခွင့်လွှတ်မယ်"
အစ်ကိုက ဒါပဲပြောကာ သူမခါးလေးကိုဖက်ပြီးအိမ်ထဲပြန်ဝင်သွားတော့ သူမသည်လည်း စကားတွေပြောလိုက်၊ အစ်ကို့ကိုမော့ကြည့်လိုက်ဖြင့် လိုက်သွားသည်။
အစ်ကို့စကားကို အမြဲနားထောင်ခဲ့ပေမယ့် ဒီစကားကိုတော့ သူငြင်းဆန်ချင်နေမိပြီး ဒီစိတ်ဟာ ဘာလဲ။
ခရေဝိုင်ဆိုသောနာမည်ဟာ ကြားစတုန်းက အမှတ်တမဲ့သာရှိခဲ့ပြီး ထိုနာမည်ပိုင်ရှင်ဟာ ဒီလိုချစ်စရာကောင်းမှန်း မသိခဲ့။
အစ်ကို့လိုလူကို အရည်ပျော်ကျသွားစေသူဟာ ကလေးန်ဆန်မိန်းကလေးတစ်ယောက်တဲ့...
"အစ်ကိုမင်းစေကတော့ လုံးဝပြောင်းလဲသွားပြီ"
ဟု ပြန်ကြားရတုန်းက အစ်ကိုပြောင်းလဲရခြင်း၏ တစ်ခုတည်းသောအကြောင်းအရင်းက ခရေဝိုင်သာဖြစ်တာမို့ နည်းနည်းစိတ်ဝင်စားမိရုံသာ။
စောစောက သတိထားကြည့်မိခဲ့သော မျက်နှာလေးဟာ အစ်ကို့ရဲ့အပိုင်မှန်းသိပေမယ့် မျက်လုံးထဲမှာထင်ဟပ်နေဆဲ။
နာမည်ကြီးသလောက် လူတစ်ယောက်ကိုပြောင်းလဲစေနိုင်သည့် စုန်းမလေး။
အစ်ကို့ကို သူ ရင်ဆိုင်ရတော့မှာလား။
▪▪▪⏳⏳⏳▪▪▪
"အဲ့ဒါကြောင့် ဘာမှမလုပ်ခိုင်းတာ နည်းနည်းလောက်မျက်နှာလွှဲလိုက်ရင်ကို ဖြစ်လာပြီ"
"ပါးစပ်ထဲထည့်ငုံထားလိုက်"
"ဝိတ်လျှော့ဦး မဆံ့ဘူး"
သူ့အပြောကြောင့် ခေသည် ခစ်ခနဲရယ်ကာ သူ့ပါးတစ်ဖက်ကို အားရပါးရဆွဲလိမ်ပစ်လိုက်သည်။
သူက ခေ့လက်ကလေးကို ဆေးလိမ်းပေးနေခြင်းဖြစ်ကာ ကိုယ့်ဘာသာလုပ်ပါ့မယ်ဆိုလည်းမရ။
ဧည့်ခန်းထဲမှာမို့ အနီးအနားမှဖြတ်သွားကြသူတိုင်း သူ သည်းသည်းလှုပ်နေတာကိုမြင်ပြီး ပြုံးစိစိ။
"ခေပျင်းတယ် ဘာမှလည်းမလုပ်ရ ဘယ်မှလည်းမသွားရ"
ဂျီကျသလိုလေးပြောလိုက်တော့မှ တည်တင်းနေသောမျက်နှာက နည်းနည်းလျော့သွားပြီး...
"အငယ်မတွေနဲ့နေ နေဆိုတိုင်းအပြင်သွားခိုင်းတာမဟုတ်ဘူးနော် ဒီနေရာမှာပဲနေ ဒီကိုလွှတ်လိုက်မယ်"
"ရတယ် ဘယ်မှမသွားဘူး ထိုင်နေမယ်"
"ကိုယ်မင်းကိုအလိုလိုက်ထားတယ်နော် ခေ"
ခေခေါင်းလေးညိတ်ပြလိုက်ကာ သူ့လည်ပင်းကိုသိုင်းဖက်ပြီး ကလေးလေးတွေကိုနမ်းသလို တဖွဖွနမ်းပစ်လိုက်သည်။
ရှက်ကိုးရှက်ကန်းရယ်သံဖြင့် သူမျက်နှာလွှဲတော့ ခေ သဘောကျသွားမိသည်။
ယောကျာ်းလေးရှက်တာကို ခေတစ်ခါမှမမြင်ဖူးသလို သူသည်လည်း ရည်းစားမထားဖူးသေးသော လူပျိုလေးလိုရှက်နေသည်ကိုး...
"ချစ်ဖို့ကောင်းလိုက်တဲ့ ငါ့ယောကျာ်း"
"မင်းနော် အသည်းယားလာလို့ဆွဲစားရင်လည်း ကဲတယ်ဖြစ်ဦးမယ်"
"မသိဘူး ပြောမှာပဲ"
သူက ခေ့ကိုပြုံးပြီးကြည့်နေရင်း နဖူးလေးကိုငုံ့နမ်းကာ လည်ပင်းကိုဖက်ထားသည့် ခေ့လက်ဖမိုးလေးကိုပါနမ်းသည်။
ခေကြားဖူးတာတော့ လက်ဖမိုးကိုနမ်းခြင်းဟာ သိပ်ချစ်ရပြီးအရမ်းမြတ်နိုးလို့တဲ့...
ခေ ကြည်ကြည်နူးနူးလေးပြုံးမိသည်။
ရှင့်ကိုသိပ်ချစ်တယ် လူဆိုးကောင်.....
▪▪▪⏳⏳⏳▪▪▪
Part 41 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part - 40 )
▪▪▪▪▪▪▪▪▪▪
အခန္းက အရင္သူေနခဲ့သည့္အေပၚထပ္ကအခန္းျဖစ္ကာ ဟိုးအရင္ကတည္းက သူ႔အခန္းျဖစ္ပံုရသည္။
အိမ္အေရ႔ွဘက္ဝင္ေပါက္ကိုလည္း ျမင္ရသလို ေခတို႔သြားခဲ့သၫ့္ အေနာက္ဘက္က ေတာင္ကုန္းေလးကိုလည္း ျမင္ရသည္။
အိပ္ယာထ ေရခ်ိဳးၿပီး သဘက္အျဖဴေလးႏွင့္ စပ္စပ္စုစုလိုက္ၾကၫ့္ေနမိတုန္း ေနာက္ကေနဖက္ထားျခင္းခံလိုက္ရကာ သူ႔ဆီကရေနက်ေရေမႊးနံ႔ကိုလည္းရလိုက္သည္။
"ၿမွူဆြယ္ေနတာလား အဲ့ဒီပံုစံနဲ႔"
"ဘယ္မွာၿမွူဆြယ္ေနလို႔လဲ ဖယ္.. သြား.. ရွင္ေရလည္းမခ်ိဳးရေသးဘဲနဲ႔ လႊတ္"
ေျပာရင္းမွလည္ပင္းကိုငံု႔နမ္း၍ ေခတြန႔္ခနဲျဖစ္ကာ သူ႔ဆီကေနျပန္ရုန္းပစ္ေပမယ့္ သူက ေခ့ႏႈတ္ခမ္းကို အပိုင္သိမ္းပစ္တာမို႔ သူ႔လည္ပင္းကိုပဲသိုင္းဖက္ထားလိုက္သည္။
ဒီ့ထက္လည္းေရ႔ွမဆက္ဘဲ နမ္းရံုပဲနမ္းတာမို႔ ေခ သူ႔ရင္ခြင္ထဲတိုးဝင္ေတာ့ သူကဖက္ထားကာ ပခံုးစြန္းေလးကိုငံု႔နမ္းသည္။
"ရွင္အခုမျွပန္လာတာလား"
"အင္း ေက်ာက္တြင္းဘက္ခဏသြားခဲ့တာ မနက္ျဖန္ဖို႔လည္း ျပင္စရာရိွတာျပင္ရေသးတယ္ေလ သူမ်ားေတြလိုအိပ္မေနႏိုင္ပါဘူး"
"အံမယ္ ရွင္ပဲအိပ္ခိုင္းတာေလ ဒါနဲ႔ေမးခ်င္လို႔ ေခ့ဘာသာရယ္ျပတာကို ရွင္ဘာလို႔တားတာလဲဟင္"
"မႀကိဳက္လို႔"
"ဘာလို႔မႀကိဳက္တာလဲ ေျပာေတာ့ျဖင့္ ေခကရယ္ေနရင္ ခ်စ္စရာေကာင္းတယ္ဆို"
"အင္းေလ ကိုယ့္ေရ႔ွမွာပဲရယ္ေစခ်င္တာ မင္းရယ္ေနဖို႔ကို အေသအလဲလိုခ်င္ခဲ့တာက ဒီကေကာင္ေလ သူတို႔မွမဟုတ္တာ အဲ့ဒီေတာ့မရယ္ရဘူး"
"ဟြန႔္!! ႀကံဖန္သဝန္တိုေနတာ"
မ်က္ေစာင္းေလးထိုးေတာ့ သူ သေဘာက်သြားသလိုရယ္ၿပီး ေခ့ဆံပင္ေတြကိုဖိသပ္ကာ တစ္ကိုယ္လံုးကို သူ႔ရင္ခြင္ထဲေရာက္ေအာင္ဆဲြယူသည္။
"မနက္ျဖန္ညေနက်ရင္ အိမ္မွာ ညစာစားပဲြရိွတယ္ မင္းကိုေတြ့ခ်င္ေနၾကတဲ့အငယ္ေတြ၊ အငယ္မေတြလာလိမ့္မယ္ အခုေတာင္လူမစံုေသးဘူး"
"အမ်ားႀကီးပဲေနာ္ ဒါဆိုအားလံုးထဲမွာ ရွင္ကအသက္အႀကီးဆံုးေပါ့ ဟီး.."
"ဘာျဖစ္လဲ ဒီမိန္းမေတာ့နာေတာ့မယ္ မင္းcovidျဖစ္ေနတယ္ေျပာလိုက္ရင္ maskမခၽြတ္ရေတာ့မယ့္အျပင္ ဘယ္သူမွကပ္လို႔ရမွာမဟုတ္ဘူးေနာ္ ဟုတ္တယ္ အဲ့ဒီအႀကံမဆိုးဘူး"
သူ႔ဘာသာေျပာရင္း ေက်ေက်နပ္နပ္ႀကီးရယ္ေနတာေၾကာင့္ ေခႏႈတ္ခမ္းစူပစ္လိုက္ရင္း သူ႔ရင္ဘတ္ႀကီးကို တအားကိုက္ပစ္လိုက္သည္။
"အ!! မင္း ကိုက္တယ္"
"ကိုက္ေတာ့ဘာျဖစ္လဲ ေခ covidျဖစ္ေနတယ္ ဟိုဘက္သြားေန အနားမကပ္နဲ႔"
Advertisement
"ဘာလို႔သြားရမွာလဲ မင္းကိုက္ၿပီးၿပီမလား ကိုယ့္အလွၫ့္ပဲ"
"ဟင့္အင္း ရွင္ေနာ္"
ေစာေစာကပဲ မထိရက္မတို႔ရက္သလို ဖက္ရံုေလးဖက္ထားၿပီး အခုမျွပန္ၾကမ္းတမ္းလာ၍ ေခ အသံေလးထြက္ေအာင္ရယ္ရင္း သူ႔လက္ေမာင္းႀကီးကိုပါ ကိုက္ပစ္လိုက္သည္။
"အဲ့ဒါမွ တကယ္ၿမွူဆြယ္တာ"
"ၿပီးေရာ"
ေခ့တစ္ကိုယ္လံုးကို အရုပ္ကေလးေပြ့သလိုေကာက္ေပြ့ၿပီး ေမြ့ရာေပၚခ်လိုက္ေတာ့ စီးမိုးငံု႔ၾကည့္ေနသၫ့္သူ႔မ်က္ႏွာကို လက္ဖဝါးေလးေတျြဖင့္မနာေအာင္ ရိုက္ပစ္ရင္း...
"ရွင္ အရမ္းကဲတာပဲ"
"အခုမွအတိုးခ်ၿပီးခ်စ္ရလို႔ပါ"
သူႃပံုးေတာ့ ပါးခ်ိဳင့္ေလးေတြေပၚလာၿပီး ပိုၿပီးၾကၫ့္ေကာင္းသြားသလို ေခ သူ႔ကိုအနီးကပ္ၾကၫ့္ရင္း ႏွာတံတစ္ေလ်ွာက္ကို လက္ၫွိုးေလးျဖင့္ ထိတို႔မိသည္။
"ရွင့္ကိုခ်စ္တယ္"
သူက ေခ့လက္ကိုဆဲြယူကာ ႏႈတ္ခမ္းနဲ႔ထိကပ္နမ္းၿပီး ေခ့ႏႈတ္ခမ္းေလးကိုပါ မထိတတထိနမ္း၏။
"ကိုယ္လည္း မင္းကိုခ်စ္တယ္"
သူ႔အနမ္းေတျြဖန႔္ခင္းလာၿပီး ေခ့လည္ပင္းေလးႏွင့္ ပခံုးေလးေတြကိုနမ္းသည္။
သူ႔အနမ္းေတြ တျဖည္းျဖည္းၾကမ္းရွလာၿပီး နယ္ကၽြံလာေပမယ့္ ေခ မရုန္းေတာ့ဘဲ သူ႔ဆံပင္ေတြကိုပဲဆဲြဖြလိုက္သည္။
နားရြက္ဖ်ားေလးကိုနာေအာင္ကိုက္လိုက္၍ ေခ က်က္သီးေတြထကာ ဆတ္ခနဲျဖစ္သြားၿပီး သူ႔လက္ေမာင္းႀကီးကိုထုပစ္လိုက္သည္။
စိမ္းသက္ေနဆဲအထိအေတြ့ေတြေၾကာင့္ ႏႈတ္ခမ္းေလးကိုက္ထားမိေတာ့ သူက ခပ္တိုးတိုးရယ္ရင္း နားနားေလးမွာ ကပ္ေျပာေသး၏။
"ေနာက္ဆို အသားက်သြားမွာပါ"
တဲ့...
သူတကယ္ လူဆိုးပါ...
▪▪▪⏳⏳⏳▪▪▪
မနက္က ဘုန္းႀကီးေက်ာင္းကိုသြားခဲ့ၿပီး မဂၤလာဆြမ္းကပ္ကာ ညေနမွာDinnerလုပ္မွာမို႔ သူေရာ တစ္အိမ္လံုးအလုပ္ရႈပ္ေနေပမယ့္ ေခကေတာ့ဘာမွလုပ္စရာမရိွ။
အကဲပိုလြန္းသၫ့္သူက ေခ့ကိုေအးေအးလူလူေနခြင့္ေပးထား၍ ဘယ္သူကမွလည္း လာမေနွာင့္ယွက္ရဲၾက။
"ေခ ကူလုပ္ေပးမယ္ေလ"
"မလုပ္နဲ႔"
"ရွင္ကလည္း"
"သြားပါ ၿခံထဲသြားေဆာ့ေန အိမ္အေရ႔ွဘက္မွာပန္းခင္းရိွတယ္ ခဏေနေခၚခိုင္းလိုက္မယ္"
ဆို၍ အိမ္အေရ႔ွဘက္ကိုထြက္လာခဲ့ေပမယ့္ ပ်င္းစရာေကာင္းေနဆဲ။
သူ႔ရဲ့ညီေတြ၊ ညီမေတြနဲ႔ အေပါင္းအသင္းျဖစ္ၿပီး ေပ်ာ္ေပ်ာ္ႀကီးကဲရမည္မွတ္ေနေသာ ေခ့မွာ သူ႔ကိုႀကိတ္က်ိန္ဆဲမိသည္အထိ။
"မမေလး ဟိုဘက္မွာ ေရကန္ေရာရိွတယ္"
ေခ့ေနာက္မွာ ေကာင္မေလးတစ္ေယာက္လည္းပါတာမို႔ ေရကန္ဆိုသၫ့္ဘက္ကိုလာခဲ့ေတာ့ ျမက္ခင္းစိမ္းေလးလည္းရိွတာမို႔ ေခ ေက်နပ္သြားမိသည္။
"ဒီမွာပဲထိုင္ရေအာင္ အယ္.. ဟိုမွာႏွင္းဆီပန္းေတြေရာ.. ေခ သြားခူးလို႔ရတယ္မလား"
ေကာင္မေလးက ေခါင္းညိတ္ျပ၍ ေခ ဂါဝန္စေလးမၿပီး ႏွင္းဆီပင္ေတြအနား ေျပးထြက္လာခဲ့သည္။
ႏွင္းဆီပန္းေတြက အေရာင္ေတြစံုေနသျဖင့္ ေခက အနီေရာင္တစ္ပြင့္ကိုခူးဖို႔ လက္လွမ္းလိုက္စဥ္...
"ရပ္စမ္း"
တားျမစ္သံႏွင့္အတူ ေခ့လက္ကေလးတစ္ဖက္ကို ၾကမ္းတမ္းစြာ ဆဲြဆုပ္ပစ္လိုက္၍ မ်က္ခနဲနာသြားသည္။
တစ္ဖက္လူသည္ ေခႏွင့္ရြယ္တူ သို႔မဟုတ္ ေခ့ထက္ငယ္ေလာက္သၫ့္ ေကာင္ေလးတစ္ေယာက္ျဖစ္ၿပီး ေခ့ကို စူးစိုက္ၾကၫ့္ေနခဲ့သည္။
"အ!! နာတယ္ လႊတ္"
ေချပန္ရုန္းေတာ့ ဒင္းကမလႊတ္ဘဲ ရင္ဘတ္ခ်င္းထိမတတ္ ေခ့ကိုဆဲြၿပီးေသေသခ်ာခ်ာငံု႔ၾကၫ့္သည္။
ေခ စိတ္တိုသြားမိၿပီး ရင္ဘတ္ကိုဖ်တ္ခနဲျပန္တြန္းပစ္ေတာ့ အမွတ္တမဲ့မို႔ယိုင္သြား၍ ေခ သူ႔လက္ထဲကျပန္ရုန္းပစ္လိုက္သည္။
ဒီအိမ္မွာ ေခ့ကိုဒီလိုဆက္ဆံရဲသူ ဘယ္သူမွမရိွ၍ ဒီလူဘာလဲဆိုသၫ့္ေမးခြန္းက ခ်က္ခ်င္းျဖစ္၏။
"မင္း ဘယ္သူလဲ"
လက္ကေလးကိုခါေနတုန္း ထြက္လာသၫ့္ေမးခြန္းေၾကာင့္ ေခ့မ်က္ႏွာေလးတင္းကာ ခ်က္ခ်င္းလွၫ့္ထြက္ေတာ့ ထိုေကာင္ေလးက ေခ့လက္ကိုလွမ္းဆဲြျပန္သည္။
"ေတာက္!! ေမးေနတာကို"
"နင္ေမးတိုင္းေျဖစရာလား"
ႏႈတ္ခမ္းေလးစူကာ သူ႔ကိုျပန္ရန္ေတြ့ေနသၫ့္ ေကာင္မေလးကို သေဘာက်သလိုစိုက္ၾကၫ့္ေနမိရင္း လက္ကေလးကို ပိုၿပီးဖိဆုပ္ထားလိုက္သည္။
ခရမ္းေရာင္ဆံပင္ေတြႏွင့္ ေျခဖ်ားအထိပံုက်ေနေသာ ႀကိဳးတစ္ေခ်ာင္းဆင္စြယ္ေရာင္ဂါဝန္ေလးျဖင့္ ခ်စ္စရာအရုပ္မေလး။
သူမက ေဆြ့ေဆြ့ခုန္စိတ္ဆိုးကာ လက္ကိုအတင္းျပန္ရုန္းေနစဥ္ အသည္းအသန္ေျပးလာသၫ့္ အိမ္အကူေကာင္မေလးကို ေတြ့လိုက္၏။
"အမေလး မမေလးရယ္ ဘယ္မ်ားေရာက္သြားလဲလို႔"
"ဒီမယ္ ဒီလူ ေခ့ကိုဆဲြလားရမ္းလားနဲ႔ ဘယ္ကလူလဲ"
"အစ္ကိုေလးရဲ့ညီပါ လႊတ္ေပးလိုက္ပါေနာ္ အစ္ကိုေလးလိုက္ရွာေနတယ္"
အစ္ကိုေလးဆိုတာ အစ္ကိုမင္းေစကိုေျပာတာလား။
သူ အရုပ္မေလးရဲ့လက္ကိုလႊတ္ေပးလိုက္ေတာ့ သူမ လက္ေကာက္ဝတ္ကေလး နီရဲေနခဲ့သည္။
သူမက လက္ကေလးကိုၾကၫ့္ၿပီး ေဆာင့္ႀကီးေအာင့္ႀကီးျဖင့္ ဂါဝန္ေလးကိုမကာ သူ႔ကိုမ်က္ေစာင္းထိုး၍ ငိုမဲ့မဲ့ေလးျဖင့္...
"နင့္ကို ငါ့ေယာက်ာ္းနဲ႔တိုင္မယ္"
ဟု ကေလးဆန္ဆန္ေျပာသြားေသးသည္။
သူမ ထြက္သြားေတာ့မွ အိမ္အကူမိန္းကေလးကိုေခၚလိုက္ကာ ေခဟု သူ႔ကိုယ္သူေျပာသြားသၫ့္ ထိုအရုပ္မေလးကိုၾကၫ့္ရင္း...
"သူက ဘယ္သူလဲ"
"ခေရဝိုင္ အစ္ကိုေလးမင္းေစရဲ့မိန္းမ"
သူ႔စိတ္ထဲတမ်ိဳးျဖစ္သြားသည္။
အစ္ကိုမင္းေစရဲ့မိန္းမဟာ သူတို႔မိသားစုၾကားမွာ နာမည္ႀကီးေန၍ သိပ္လွ သို႔မဟုတ္ သိပ္ထက္သၫ့္မိန္းကေလးဟု သူထင္ခဲ့ေပမယ့္ လက္ေတြ့မွာတျခားစီ။
ထိုအရုပ္မေလးအေနာက္ကေန ကပ္လိုက္လာခဲ့ေတာ့ အိမ္ေရ႔ွမွာ အစ္ကိုကရပ္ေစာင့္ေနသည္ကို ေတြ့လိုက္၏။
သူမက အစ္ကို႔ကိုေတြ့သည္ႏွင့္ေျပးသြားၿပီး လက္ကေလးကိုျပကာ တတြတ္တြတ္နဲ႔တိုင္ေနပံုရသည္။
ငါ့ေယာက်ာ္းနဲ႔တိုင္မယ္ဆိုတာ ဒါကိုေျပာတာလား...
အစ္ကိုက အနားေရာက္လာသၫ့္သူ႔ကို ၾကၫ့္ေန၍ သူမကလည္း လွၫ့္ၾကၫ့္လာသည္။
"အဲ့လူပဲ ေခ့ကိုအတင္းဖိကိုင္ထားတာ နာေနၿပီ"
နီရဲေနသၫ့္သူမလက္ကေလးကို တစ္ခ်က္ၾကၫ့္ရင္း အစ္ကို႔ရဲ့စူးစူးရဲရဲအၾကၫ့္ေတြ သူ႔ဆီျပန္ေရာက္လာသည္။
မနက္ကဆြမ္းကပ္ကိုမမွီသၫ့္အျပင္ ကိုယ့္မရီးကိုမွ နာေအာင္လုပ္မိသၫ့္ေနာက္တစ္ျပစ္ျဖင့္ အစ္ကို သူ႔ကိုဘယ္ေလာက္ေတာင္ ေဒါသျဖစ္ေနလိမ့္မလဲ။
"မင္း ဘာလုပ္ေနလို႔အခုမွေရာက္လာတာလဲ မင္းယံ"
"ကၽြန္ေတာ္ ေလယာဥ္လက္မွတ္မရလိုက္လို႔ပါ ၿပီးေတာ့ ကၽြန္ေတာ္ တမင္ရည္ရြယ္ၿပီးလုပ္တာမဟုတ္ပါဘူး အစ္ကို သူစိမ္းတစ္ေယာက္မွတ္လို႔ပါ"
"ဒီၿခံထဲကိုသူစိမ္းဝင္လို႔ရ မရ မင္းမသိဘူးလား"
"ကၽြန္ေတာ္ေတာင္းပန္ပါတယ္ မရီးကိုလည္းေတာင္းပန္ပါတယ္"
သူမက မေက်နပ္သလို ဟြန႔္ခနဲႏွာေခါင္းရႈံ႔ကာ မ်က္ႏွာလႊဲပစ္ေတာ့ အစ္ကိုက သူမလက္ကေလးကို ဖြဖြေလးကိုင္သည္။
မထိရက္မတို႔ရက္ျဖစ္ေနသၫ့္ အစ္ကို႔ပံုစံေၾကာင့္ ခေရဝိုင့္ကို ဘယ္ေလာက္ခ်စ္သလဲဟု ေမးစရာမလို။
"မင္း ေနာက္တစ္ခါသူနဲ႔ေဝးေဝးေန ငါတစ္ခါပဲခြင့္လႊတ္မယ္"
အစ္ကိုက ဒါပဲေျပာကာ သူမခါးေလးကိုဖက္ၿပီးအိမ္ထဲျပန္ဝင္သြားေတာ့ သူမသည္လည္း စကားေတြေျပာလိုက္၊ အစ္ကို႔ကိုေမာ့ၾကၫ့္လိုက္ျဖင့္ လိုက္သြားသည္။
အစ္ကို႔စကားကို အၿမဲနားေထာင္ခဲ့ေပမယ့္ ဒီစကားကိုေတာ့ သူျငင္းဆန္ခ်င္ေနမိၿပီး ဒီစိတ္ဟာ ဘာလဲ။
ခေရဝိုင္ဆိုေသာနာမည္ဟာ ၾကားစတုန္းက အမွတ္တမဲ့သာရိွခဲ့ၿပီး ထိုနာမည္ပိုင္ရွင္ဟာ ဒီလိုခ်စ္စရာေကာင္းမွန္း မသိခဲ့။
အစ္ကို႔လိုလူကို အရည္ေပ်ာ္က်သြားေစသူဟာ ကေလးန္ဆန္မိန္းကေလးတစ္ေယာက္တဲ့...
"အစ္ကိုမင္းေစကေတာ့ လံုးဝေျပာင္းလဲသြားၿပီ"
ဟု ျပန္ၾကားရတုန္းက အစ္ကိုေျပာင္းလဲရျခင္း၏ တစ္ခုတည္းေသာအေၾကာင္းအရင္းက ခေရဝိုင္သာျဖစ္တာမို႔ နည္းနည္းစိတ္ဝင္စားမိရံုသာ။
ေစာေစာက သတိထားၾကၫ့္မိခဲ့ေသာ မ်က္ႏွာေလးဟာ အစ္ကို႔ရဲ့အပိုင္မွန္းသိေပမယ့္ မ်က္လံုးထဲမွာထင္ဟပ္ေနဆဲ။
နာမည္ႀကီးသေလာက္ လူတစ္ေယာက္ကိုေျပာင္းလဲေစႏိုင္သၫ့္ စုန္းမေလး။
အစ္ကို႔ကို သူ ရင္ဆိုင္ရေတာ့မွာလား။
▪▪▪⏳⏳⏳▪▪▪
"အဲ့ဒါေၾကာင့္ ဘာမွမလုပ္ခိုင္းတာ နည္းနည္းေလာက္မ်က္ႏွာလႊဲလိုက္ရင္ကို ျဖစ္လာၿပီ"
"ပါးစပ္ထဲထၫ့္ငံုထားလိုက္"
"ဝိတ္ေလ်ွာ့ဦး မဆံ့ဘူး"
သူ႔အေျပာေၾကာင့္ ေခသည္ ခစ္ခနဲရယ္ကာ သူ႔ပါးတစ္ဖက္ကို အားရပါးရဆဲြလိမ္ပစ္လိုက္သည္။
သူက ေခ့လက္ကေလးကို ေဆးလိမ္းေပးေနျခင္းျဖစ္ကာ ကိုယ့္ဘာသာလုပ္ပါ့မယ္ဆိုလည္းမရ။
ဧၫ့္ခန္းထဲမွာမို႔ အနီးအနားမျွဖတ္သြားၾကသူတိုင္း သူ သည္းသည္းလႈပ္ေနတာကိုျမင္ၿပီး ႃပံုးစိစိ။
"ေခပ်င္းတယ္ ဘာမွလည္းမလုပ္ရ ဘယ္မွလည္းမသြားရ"
ဂ်ီက်သလိုေလးေျပာလိုက္ေတာ့မွ တည္တင္းေနေသာမ်က္ႏွာက နည္းနည္းေလ်ာ့သြားၿပီး...
"အငယ္မေတြနဲ႔ေန ေနဆိုတိုင္းအျပင္သြားခိုင္းတာမဟုတ္ဘူးေနာ္ ဒီေနရာမွာပဲေန ဒီကိုလႊတ္လိုက္မယ္"
"ရတယ္ ဘယ္မွမသြားဘူး ထိုင္ေနမယ္"
"ကိုယ္မင္းကိုအလိုလိုက္ထားတယ္ေနာ္ ေခ"
ေခေခါင္းေလးညိတ္ျပလိုက္ကာ သူ႔လည္ပင္းကိုသိုင္းဖက္ၿပီး ကေလးေလးေတြကိုနမ္းသလို တဖြဖြနမ္းပစ္လိုက္သည္။
ရွက္ကိုးရွက္ကန္းရယ္သံျဖင့္ သူမ်က္ႏွာလႊဲေတာ့ ေခ သေဘာက်သြားမိသည္။
ေယာက်ာ္းေလးရွက္တာကို ေခတစ္ခါမွမျမင္ဖူးသလို သူသည္လည္း ရည္းစားမထားဖူးေသးေသာ လူပ်ိဳေလးလိုရွက္ေနသည္ကိုး...
"ခ်စ္ဖို႔ေကာင္းလိုက္တဲ့ ငါ့ေယာက်ာ္း"
"မင္းေနာ္ အသည္းယားလာလို႔ဆဲြစားရင္လည္း ကဲတယ္ျဖစ္ၪီးမယ္"
"မသိဘူး ေျပာမွာပဲ"
သူက ေခ့ကိုႃပံုးၿပီးၾကၫ့္ေနရင္း နဖူးေလးကိုငံု႔နမ္းကာ လည္ပင္းကိုဖက္ထားသၫ့္ ေခ့လက္ဖမိုးေလးကိုပါနမ္းသည္။
ေခၾကားဖူးတာေတာ့ လက္ဖမိုးကိုနမ္းျခင္းဟာ သိပ္ခ်စ္ရၿပီးအရမ္းျမတ္ႏိုးလို႔တဲ့...
ေခ ၾကည္ၾကည္ႏူးႏူးေလးႃပံုးမိသည္။
ရွင့္ကိုသိပ္ခ်စ္တယ္ လူဆိုးေကာင္.....
▪▪▪⏳⏳⏳▪▪▪
Part 41 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial51 Chapters
A Girl and Her Fate
Avien Shepard heralded change with his arrival. Not only was he born on the dawn a solar eclipse, three meteors lit up the sky on the day of his birth. Seven sages visited across seven years to gift him with knowledge of the seven legal schools of magic, and a deceased outlaw fought his way up from the hells to grant knowledge of the tabooed eighth on the next. On his eleventh birthday, a sword fell from the sky and landed in a very important chair. Soldiers from far and wide traveled to attempt to extract the sword from the queen’s throne, but none could shift the blade, until Avien. When he was fourteen, Avien learned of a prophecy that foretold of his decade long battle with the Demon Prince of Invea. But this isn't his story. Avien is kind of a chump. This is the story of Amber Jewel, a girl who has only been Chosen as another Chosen one’s wife. Updates Thursday, & Sunday.
8 194 - In Serial27 Chapters
Serenity of the Crow
Fena can’t die. To most, this might be considered a blessing. To others, a curse. Fena doesn’t really care what other people call it: for her, it’s reality. She’s content to keep her head down while working for the Mercenary Guild, but a new contract arrives that threatens to drag her back to a past she wants nothing to do with. Haunted by her own thoughts and a crow that never seems to shut up, Fena is caught between confronting her past and preventing it from ever happening again. Indigo is alone. Her adopted mother is gone, and the witch that never gets her pronouns right is currently the most popular researcher at the Royal Academy. Worse still, she suddenly finds herself with shoes to fill that are so enormous they’re more like a swimming pool, while that same witch flaunts a research project that could get them all killed. With the expectations of her entire sect weighing on her like a lead weight, will Indigo sink or swim? Can she stop the White Witch’s project before it’s too late? Or will the twisted politics of the Royal Academy prove too much? This is my first published story, so hopefully it goes well! I welcome constructive criticism, and I'd love to hear your thoughts and theories about where the story is headed! WARNINGS:This story contains references to depression, anxiety, panic attacks, self-harm, sexual abuse and manipulation. I WILL mark trigger warnings on the chapters that contain such content, but read at your own risk. Additionally there will be plenty of violence and gore but I promise to put it to good use. This series is also published on Scribblehub under the same name, Cover art by me Verification has been submitted by support ticket.
8 169 - In Serial9 Chapters
Petmaster Evolutions
This is a story about an ordinary earthling that sees the impossible and because of that gets kidnapped and introduced the the system called Odyssey which infects planets with mana to create monsters. This story will follow his journey through his trials. I do not believe in overpowered so I will not allow the MC to get to god mode. Since I started writing, the story has evolved some from chapter 1 on through as some stuff just did not make sense and in my mind the story has become clearer. Eventually I will have to go back and edit the beginning chapters to match the rest of the story but I do not have time at the moment. I will update as often as possible but I work full time, school full time, and have a 18 month old and an infant. I make no promises on time between new chapters. Honestly I did not expect people to follow the story and I just wanted to write for the fun of it and to see how the story that was running around in my head came out. I appreciate all of you who take the time to read my story and help me make it better by pointing out any mistakes I make. The only editing and proofreading I manage to do is the word app Grammarly so I miss things sometimes.
8 65 - In Serial107 Chapters
Offworld
Since we were little we dreamed of something otherworldly, impossible, unachievable and with the passage of time those dreams faded away, but did not disappear.We grew up, but the fire in us did not go out and became a volcano about to erupt.Witnes the story of a man with the dreams crushed by reality ,does in a world where the very concept of reality is bent by the beings inhabiting it. Welcome to OFFWORLD!
8 232 - In Serial70 Chapters
Ask Andy The Apple!
Hi guys, come and ask me things! (Please don't steal my keys....)
8 197 - In Serial12 Chapters
Kny reacciona a cualquier estupidez
Hola si buscas los ships Giyuutan o giyuushino aquí no lo vas a encontrarNo dejes comentarios ofensivos si no te gustaY respeta los ships Gracias por su atención
8 68

