《အချစ်ဝိုင် ( Complete )》Part 41
Advertisement
အချစ်ဝိုင် ( part - 41 )
▪▪▪▪▪▪▪▪▪▪
ညစာစားပွဲက မိုးကုတ်ကသူတို့မိသားစု၊ ဆွေမျိုးအားလုံးလာကြပြီး မင်းထက်အပါအဝင် တခြားလူငယ်တွေပါရှိနေတာမို့ ကြောင်တောင်တောင်တော့မဖြစ်။
မခလိုမျိုး ဦးမွေးစားပံ့ပိုးထားသည့် သားသမီးတွေလည်းရှိနေတာမို့ သူ့ရဲ့လက်အောက်ကအငယ်တွေကအများသား။
ဒီမိသားစုမှာ၊ ဒီအိမ်မှာ သူ့စကားဆိုနားထောင်ကြရသည်မှာ ဒါကြောင့်ဖြစ်ပုံရ၏။
"ဒါကခရေဝိုင် ငါ့ရဲ့ဇနီး အားလုံးသိကြတယ်မလား"
"ဟုတ်ကဲ့ သိပါတယ် အစ်ကို"
"အခက်အခဲဖြစ်လာလို့ ငါမအားရင် သူ့ကိုပြောလို့ရတယ် ငါ့ကိုဆက်ဆံသလို သူ့ကိုလည်းဆက်ဆံကြ ကြားလား"
ရုပ်တည်ကြီးနဲ့မှာတမ်းချွေနေသော သူ့ကိုကြည့်ရင်း ခေ ရယ်ချင်လာ၍ ပြုံးမိသည်။
ထိုအုပ်စုထဲမှာ မင်းထက်ကလွဲရင် ခေ ဘယ်သူ့ကိုမှမသိပါ။
"မမခေကအနီးကပ်ကြည့်တော့ အရမ်းချစ်စရာကောင်းတယ်"
ညနေကအတူတူထိုင်ကြ၊ စားသောက်ကြရင်း ရင်းနှီးနေသည့် ကောင်မလေးတွေအပြင် တခြားကောင်မလေးတွေပါ တရင်းတနှီးနှုတ်ဆက်လာတော့ ခေ အလိုက်သင့်ပြုံးပြနှုတ်ဆက်လိုက်သည်။
"အစ်ကိုက မမကိုတော့ အတော်ချစ်တယ်နော် လေသံမာမာတောင်မပြောဘူး"
"မဟုတ်ပါဘူး ထင်လို့ပါ"
"မဟုတ်ပါဘူးတကယ်ပြောတာ အစ်ကိုခုလိုပြုံးနေတာမျိုးမမြင်ဖူးသေးဘူး အရင်ကဆို အမြဲတမ်းတင်းမာပြီးမှုန်ကုပ်နေတာ အခုတော့အဲ့လိုမဟုတ်ဘူး"
"အံမယ် သူတို့ကြောက်ရတာနဲ့ သူများကို ရှေ့နေလုပ်ပေးနေကြတယ်"
"တကယ်ပါဆို မမခေကလည်း"
"မမခေမဟုတ်ပါဘူး ခေ အခုမှ ၂၂ပဲရှိသေးတယ်"
"၂၂လည်းဘာဖြစ်လဲ မမခေက အစ်ကို့မိန်းမလေရာထူးကြီးတယ်လေ မရဘူးမမခေပဲ"
"ဦးမင်းစေရာ"
ခေခြေလေးဆောင့်ကာ အော်ပစ်လိုက်တော့ သူကခေ့ဆီလှမ်းကြည့်ပြီး ချက်ချင်းရောက်လာတော့ ကောင်မလေးတွေက ပြုံးစိစိဖြစ်ကုန်ကြ၏။
"ခေ့ကို မမလို့ခေါ်နေကြတယ် ရွယ်တူတွေဖြစ်နေပြီး"
"မဆိုင်ဘူးလေ ရွယ်တူပေမယ့် နေရာမတူဘူး သူတို့အစ်ကိုရဲ့မိန်းမမို့ လေးစားသမှုနဲ့ခေါ်တာ လက်မခံလို့မရဘူး"
ခေ စူပုတ်သွားမိပြီး သူ့ကိုမကျေမနပ်ကြည့်တော့ သူကရယ်ကာ ပခုံးလေးကိုဖက်ပြီး...
"ဘယ်လိုဖြစ်ချင်လို့လဲ"
"ရွယ်တူဆို ရွယ်တူလိုပဲခေါ်မယ်လေ မခနဲ့လိုမျိုးလေး ဒါပေမယ့် မခက ခေ့အပေါ်လေးစားသမှုတော့ရှိတယ်မလား မမလို့တော့အခေါ်မခံချင်ပါဘူး ခေကငယ်ငယ်လေးပဲရှိသေးတယ်"
သူက ခေဈေးဆစ်နေတာကို ပြုံးကြည့်ရင်း ကောင်မလေးတွေဘက် ခေါင်းညိတ်ပြ၏။
"အာ့ကြောင့် ရှင့်ကိုချစ်တာ"
သူမက အသည်းယားသွားသလို သူ့ကိုတအားဖက်ရင်း မျက်စိကိုစုံမှိတ်ကာ ရင်ဘတ်ပေါ်ပါးလေးကပ်ထားရင်း ခုန်ဆွခုန်ဆွလေးဖြစ်နေသည်။
ဒါကိုပဲ သူကကျေနပ်စွာပြုံးနေကာ သူ့ညီတွေကလည်းပြုံးစိစိ။
"မရီးက သတ္တိရှိလိုက်တာဗျာ အစ်ကို့အနားကပ်ရဲတယ်"
မင်းထက်စကားကြောင့် အားလုံးလည်းရယ်ကြသလို သူကိုယ်တိုင်ကလည်း ရယ်တာမို့ ခေ သူ့ကိုပြန်မော့ကြည့်မိသည်။
ဒီလူကြီးဟာ ခေနဲ့ဆို ဘယ်လောက်ထိမျက်နှာပြောင်သလဲ သူ့ညီတွေသိပုံမရသေး။
"သူလည်း အရင်ကဆိုမင်းတို့လိုပဲ မထိရဲ၊အနားမကပ်ရဲ သိပ်ကြောက်တတ်တာ"
"ရှင်နော်"
"မဟုတ်လို့လား"
ခေ မထိရဲ၊ အနားမကပ်ရဲမှန်းသိပါလျက် သူပဲအတင်းလိုက်ထိ၊ အတင်းလိုက်ကပ်နေတာမလား။
ခေ အမြင်ကတ်ကတ်ဖြင့် သူ့ဆံပင်ကိုဆွဲဖို့ပြင်ပြီးမှ လူရှေ့သူရှေ့မှာမို့ မလုပ်သင့်မှန်းသတိရကာ လက်ပြန်ရုတ်မိသည်။
ဒါကိုပဲ သူက ခေ့လက်ကိုဆွဲပြီး သူ့ခေါင်းပေါ်တင်ပေးကာ....
"ဆံပင်ဆွဲချင်တာမလား ဆွဲ"
ဆိုတော့ ခေရှက်သွားမိသည်။
မသိရင် ကိုယ်ကပဲ သူ့ကိုမတရားသဖြင့် အနိုင်ကျင့်နှိပ်စက်နေတဲ့ပုံနဲ့။
အားလုံးရဲ့ခေ့ကိုအားကျသလိုအကြည့်တွေ၊ အပြုံးတွေကြောင့် ခေ ခေါင်းလေးခါပြလိုက်သည်။
"အစ်ကိုအဲ့လောက်ထိ အလိုလိုက်ယုယထားတဲ့ အစ်ကို့အမျိုးသမီးလေးအတွက် သီချင်းလေးတစ်ပုဒ်လောက်မဆိုပေးချင်ဘူးလား"
ခေ့လက်ကိုဖိဆုပ်ခဲ့သည့် သူ့ညီက ဂစ်တာလှမ်းပေးရင်းပြောတော့ အားလုံးကလည်းလက်ခုပ်တီးကြသလို သူကလည်း ခေါင်းညိတ်ပြီးဂစ်တာကိုလှမ်းယူသည်။
Not sure if you know this
(မင်း ဒါကိုသိမလားမသေချာဘူး)
But when we first meet
(ဒါပေမယ့် ကိုယ်တို့စတွေ့တုန်းကတော့)
I got so nervous, I couldn't speak
(ကိုယ်အရမ်းစိတ်လှုပ်ရှားပြီး စကားတောင်မပြောနိုင်ခဲ့ဘူး)
In that very moment
(အဲ့ဒီအချိန် အခိုက်အတံ့လေးမှာ)
I found the one and
(ကိုယ့်ရဲ့တစ်ယောက်သောသူကို ရှာတွေ့ခဲ့ပြီ)
My life have found its missing piece
(ကိုယ့်ဘဝရဲ့ပျောက်ဆုံးနေတဲ့ အစိပ်အပိုင်းလေးတစ်ခုကို တွေ့ခဲ့တယ်)
So as long as I live I'll love you
(ကိုယ်အသက်ရှင်နေ၍ မင်းကိုချစ်နေမှာပါ)
Will have and hold you
(မင်းကိုဖက်ထားခွင့်လေး ရချင်တယ်)
You look so beautiful in white
(အဖြူရောင်ဝတ်စုံလေးနဲ့ မင်းသိပ်လှနေတာပဲ)
And from now till my very last breath
(အခုကစပြီး ကိုယ့်နောက်ဆုံးထွက်သက်အထိ)
This day I would cherish
(ဒီနေ့လေးကို မြတ်နိုးတန်ဖိုးထားပါ့မယ်)
You look so beautiful in white
(အဖြူရောင်ဝတ်စုံလေးနဲ့ မင်းသိပ်လှနေတာပဲ)
Tonight.....
(ဒီညမှာ)
ဂါဝန်အဖြူလေးနှင့်ခေ့ကိုကြည့်ရင်း သူကပြုံးပြီးဆိုနေခဲ့ကာ Westlifeရဲ့ Beautiful in Whiteဆိုတဲ့သီချင်းလေး...
သီချင်းဆုံးသွားတော့ ပျော်ရွှင်ကြည်နူးစိတ်ဖြင့် ခေ သူ့ကိုတအားဖက်ထားလိုက်ပြီး သူ့ရင်ဘတ်ကိုဖွဖွလေးနမ်းမိသည်။
သူက အဲ့သီချင်းထဲကလို ခေ့ကိုအရမ်းချစ်မှန်း အကြည့်တွေ၊ အပြုအမူတွေတစ်ဆင့် သက်သေပြခဲ့သည်မလား...
"ရှင့်ကိုအရမ်းချစ်တယ်"
သူ ခေ့ကိုပြန်ဖက်ထားလိုက်စဥ်မှာပဲ သူ့ကို ဂုဏ်ပြုသောလက်ခုပ်သံတွေဖြင့် ဆူညံသွားလေ၏။
Advertisement
နာကျင်စွာငုပ်လျှိုးသွားခဲ့သော မျက်လုံးတစ်စုံကိုတော့ သူ အသေအချာမြင်လိုက်ရပြီး ခေ့ကိုပြန်ကြည့်မိတော့ သူ့သတို့သမီးလေးက ဘာမှမသိ။
ဂါဝန်အဖြူရောင်လေးဖြင့် ပြုံးရယ်နေရင်း သူ့အနားမှာကပ်တွယ်ကာ ဧည့်သည်တွေကိုနှုတ်ဆက်နေ၏။
တစ်ချိန်က ကိုယ် သူမကိုကြည့်ခဲ့ရသည့်အကြည့်မျိုး...
မင်းရဲထွဋ်ခေါင်ဆိုတဲ့ကောင်နဲ့ ယှဥ်တွဲမြင်ခဲ့ရတုန်းကလည်း သူနာကျင်ခဲ့ရသည့်နာကျင်မှုမျိုး .....
▪▪▪⏳⏳⏳▪▪▪
မန္တလေးကိုဒီနေ့ပြန်ဆင်းမှာမို့ ဖေဖေ့ကိုနှုတ်ဆက်နေချိန် ခေကအခန်းထဲကပြေးဆင်းလာ၍ မျက်မှောင်ကုတ်ပြီးလိုက်ကြည့်နေမိသည်။
ဖေဖေ့ကိုသာစကားပြောနေပေမယ့် သူမ ချော်ကျသွားမလားဟု လိုက်ကြည့်နေမိသဖြင့် ဖေဖေက ပြုံးကာ ခေ့ကိုလှည့်ကြည့်သည်။
"ဖေဖေ့ကို ကလေးလုပ်ပြီးမှာမနေနဲ့ ငါ့သား မင်းကလေးကိုပဲ မင်းထိန်း"
ဖေဖေ့စကားကြောင့်ပြုံးမိစဥ်မှာ ဖေဖေကခြံထဲဆင်းသွား၍ ခေ့ကိုအနားလာဖို့ခေါ်လိုက်သည်။
သူမက Vပုံစံလည်ပင်းဖြင့် ပန်းနုရောင်လက်ပြတ်အင်္ကျီနှင့် ဘောင်းဘီအရှည်ပွပွလေးဝတ်ထား၍ ရှိရင်းစွဲအသက်ထက် ပိုပြီးနုငယ်နေ၏။
မျက်နှာလေးကို ပန်းနုရောင်ပြေပြေလေး ခြယ်ထားသည်မှာလည်း တစ်နေကုန်ထိုင်ကြည့်နေချင်စရာ။
သူချစ်ရသည့် ဟိုးအရင်ကပုံစံလေးဖြစ်ပြီး သူမျှော်လင့်ခဲ့သလို သူ့ကိုဆိုးနွဲ့အနိုင်ယူတော့မည့်ကောင်မလေး....
"ကားပေါ်ကနေသွားစောင့်နေ ကိုယ်ယူစရာရှိသေးလို့"
ခေက ခေါင်းညိတ်ကာ အပြင်ထွက်သွားတော့ သူလည်းအပေါ်ထပ်တက်လာခဲ့သည်။
ယူစရာရှိသည့်ကျောက်ဘူးတွေယူပြီး အောက်ကိုပြန်ရောက်တော့ မင်းယံက ဧည့်ခန်းပြတင်းပေါက်ကနေ အပြင်ကိုငေးနေ၏။
သူက အိမ်အကူတစ်ယောက်ကို ခေါင်းညိတ်ခေါ်ကာ ကျောက်ဘူးတွေကို ကားပေါ်သွားပို့ခိုင်းလိုက်ပြီး မင်းယံအနားကိုရောက်လာသည်။
ခေက အိမ်ရှေ့ပန်းပင်တွေအနားမှာ ဖုန်းပြောရင်း ဘာတွေသဘောကျနေသည်မသိဘဲ ရယ်နေသည်မှာ ဒီကနေကြားနေရသည်။
"လှတယ်မလား"
သူ့အသံကြောင့် မင်းယံ ဆတ်ခနဲဖြစ်သွားပြီး အကြည့်လွှဲကာ ဘာမှပြန်မပြောဘဲငြိမ်နေသည်။
"အဲ့ဒီမိန်းကလေးပေါ့ သူ့အတွက်နဲ့ ငါရင်ဆိုင်ခဲ့ရတာတွေအများကြီးပဲ စွန့်လွှတ်ခဲ့ရတာတွေလည်းရှိတယ် ငါ့အသက်ထက် သူ့ကိုပိုချစ်တယ်"
"ကျွန်တော်သိပါတယ် အစ်ကို"
"နောက်ထပ် မင်းသိဖို့တစ်ခုကျန်သေးတယ် ညီလေး အဲ့ဒီမိန်းကလေးရဲ့ဖြစ်တည်မှုက ငါ့အတွက်ပဲ သူ့အသက်၊ သူ့ဘဝကို ငါပိုင်တယ် အဲ့ဒါကိုတော့ မင်းအမြဲတမ်းသတိရနေဖို့လိုတယ်"
မင်းယံပခုံးကိုပုတ်ကာ သူ အိမ်ရှေ့ထွက်လာခဲ့သည်။
ယောကျာ်းချင်းပဲ၊ ဒီကောင့်အကြည့်တွေကို သူမသိဘဲနေမလား။
"ခေ ဖုန်းပြောနေတုန်းလား"
"ပြီးပါပြီ ပီယရယ်လေ သတင်းကောင်းလှမ်းဖုန်းဆက်တာ"
ပျော်ရွှင်ရယ်မောနေသော ခေ့မျက်နှာလေးကိုကြည့်ရင်း သူပါ အလိုလိုပျော်လာမိသလိုပင်။
"ခေတို့ အဒေါ်ဖြစ်တော့မယ်သိလား"
"ဘယ်လို!!"
"မခမှာ ကိုယ်ဝန်၅ပတ်ရှိနေပြီတဲ့ အဲ့ဒါဖုန်းလှမ်းဆက်တာ မန္တလေးရောက်ရင် သူတို့ဆီအရင်ဝင်ရအောင်နော် မခနဲ့တွေ့ချင်တယ်"
သူ့ကိုဖက်ထားပြီး ရင်ဘတ်ပေါ်မေးလေးကပ်ကာ ပြောတတ်သည့်ခေက ပူဆာချင်တာရှိတိုင်းထိုသို့ချွဲနေကျ။
ခေ့နဖူးလေးကိုဖွဖွငုံ့နမ်းကာ ခေါင်းညိတ်ပြတော့ ခေက ကျေနပ်သွားပြီး ကားပေါ်ဝင်ထိုင်၏။
သူတို့ထွက်လာခဲ့တော့ မင်းယံက ကားကိုလှမ်းကြည့်ရင်းကျန်ခဲ့သည်ကို နောက်ကြည့်မှန်ကနေမြင်လိုက်ရ၍ မဲ့ပြုံးတစ်ချက် ပြုံးလိုက်မိသေးသည်။
သူမဟာ ကိုယ့်ရဲ့ဘဝ။
သူမဟာ ကိုယ့်အတွက်။
ဒီမိန်းကလေးကို ဘာအတွက်ကြောင့်မှ သူ စွန့်လွှတ်မှာမဟုတ်။
▪▪▪⏳⏳⏳▪▪▪
"မင်းအချိုးတွေပြင်ထား မင်းယံ မင်းဖြစ်နေတာငါတောင်သိတယ် အစ်ကိုလည်းသိမှာပဲ အဲ့ဒါသူ့မိန်းမနော် သမီးရည်းစားတောင်မဟုတ်ဘူး"
အရက်ခွက်ကိုစိုက်ကြည့်နေရင်းမှ အကုန်မော့သောက်ပစ်လိုက်တော့ ရင်ထဲမှာပူဆင်းသွားသည်။
မင်းထက်ရဲ့စကားကို အစအဆုံးကြားလိုက်ရပေမယ့် သူ့ရင်ထဲဗြောင်းဆန်နေဆဲမို့ စကားပြန်မပြောနိုင်။
ရန်ကုန်ပြန်ရမည်ဖြစ်ပေမယ့် ခဏတွေ့ချင်စိတ်ဖြင့် ဒီအိမ်ကိုဝင်လာတော့ သူမက ကျောင်းသွားနေပြီး ညနေခင်းလေးသာတွေ့ခွင့်ရ၏။
ထိုညနေခင်းမှာလည်း မေမိုးမခတို့ဇနီးမောင်နှံနှစ်ယောက်နှင့်သာ အတူရှိနေပြီး သူ့ကိုတော့ ပြုံးပြနှုတ်ဆက်ရုံလောက်သာ။
"ပီယ ငါ့ကိုchannel myammarက ဇာတ်ကားdownပေးစမ်းပါ ငါမလုပ်တတ်လို့"
ပီယဆိုသော ယောကျာ်းနှင့်လည်း အတော်လေးရင်းနှီးသလို တစ်ခါတစ်လေဆို ထိုလူနှင့်လည်းနှစ်ယောက်တည်း စကားပြောနေတတ်သည်။
သူသာ အစ်ကို့နေရာမှာဆို ဒါကိုခွင့်ပြုနိုင်မှာမဟုတ်။
"အစ်ကို့နေရာ"
တီးတိုးပြောမိတော့ ကျက်သီးထသွားမိပေမယ့် မင်းထက်ကတော့ သဲသဲကွဲကွဲကြားလိုက်ပုံမရ။
"ငါ ရေဘူးသွားယူဦးမယ် မင်းရော ဘာမှာဦးမလဲ"
မင်းထက် ခေါင်းခါပြ၍ သူတစ်ယောက်တည်း အခန်းထဲကထွက်လာခဲ့ကာ မီးဖိုခန်းဆီရောက်တော့ တီးတိုးစကားပြောသံတွေကြားလိုက်ရသည်။
မီးဖိုခန်းထဲကမို့ အသံမထွက်အောင်သွားကြည့်တော့ အစ်ကိုက သူမနှင့်စကားပြောနေရင်း ဘာတွေလုပ်နေသည်မသိ။
သူမက ထိုင်ခုံတစ်ခုံမှာထိုင်နေပြီး အစ်ကိုက တစ်ခုခုကို ဒယ်အိုးထဲထည့်ပြီး ကြော်ပေးနေသလားမသိ။
"Dietလုပ်တယ်ဆိုပြီး ညတိုင်းမုန့်တွေစားနေတာ အဆင်မပြေဘူးနော်"
"ခေ အရမ်းဝနေပြီလေ မင်္ဂလာပွဲကျရင် ပိန်ပိန်သေးသေးလေးဖြစ်ချင်လို့ပါဆို အဲ့ဒါကမရသေးဘူးလား ခေ ဗိုက်ဆာနေပြီ"
"ခဏတော့စောင့်ရမယ်လေ အခုစားချင်ရင် ကိုယ့်ကိုစား"
သူမက ညစ်ကျယ်ကျယ်ရယ်သံလေးဖြင့် ထိုင်ရာမှထကာ ကျောပေးလျက်ရှိသောအစ်ကို့ကို နောက်ကနေသိုင်းဖက်ပြီး ပခုံးနှင့်ကျောတွေကို ကိုက်၏။
အစ်ကိုကတွန့်ခနဲဖြစ်သွားပေမယ့်ရယ်ပြီး သူမလက်ကလေးကိုဆွဲယူနမ်းကာ ပလက်ကြိုးကိုဖြုတ်၍ ဘာမှန်းသေချာမသဲကွဲသည့်စားစရာတွေကို ပန်းကန်ပြားထဲထည့်ပေးသည်။
"အဲ့ဒါပဲနော် စားပြီးရင်အိပ်ရမယ်"
"ခေ လက်နာနေတယ်"
သူမက လက်ကိုတမင်ခါပြပြီး မုန့်ပန်းကန်ကိုတွန်းပစ်တော့ အစ်ကိုကပြုံးလျက် သူမကိုစိတ်ရှည်လက်ရှည်ခွံ့ကျွေးနေပြန်သည်။
"လိမ္မာလိုက်တာ ဒီလိုယောကျာ်းမျိုးရထားတာ ဂုဏ်ယူစရာပဲသိလား"
"သိတယ် လုပ်ချင်ရာပူဆာပြီးရင် မင်းအမြဲတမ်းပြောနေကျ"
"ဘာလဲ ငြိုငြင်တာလား အာ့ဆိုလည်းလုပ်မပေးနဲ့ မစားတော့ဘူး"
"ကျွန်တော် ဘာမှမပြောရသေးဘူး မမခေ"
သူမ ခစ်ခနဲရယ်ကာ အစ်ကို့ရင်ဘတ်ကိုတစ်ချက်လှမ်းထုပြီး အစ်ကိုခွံ့သည့်မုန့်တွေကို ဆက်စား၏။
အစ်ကိုသည် တကယ်ပြောင်းလဲသွားပြီဖြစ်ကာ အရင်က ပွေလွန်းရှုပ်လွန်းခဲ့သည့် မင်းစေရာမဟုတ်တော့။
သူနဲ့တွေ့ဖူးခဲ့သည့် ပယင်းဆိုသည့်မိန်းမကိုတောင် ခုလိုပြုစုယုယခဲ့တာမျိုးမရှိ။
"ပယင်း"
နာမည်တစ်ခုကို ရေရွတ်မိတော့ စိတ်ထွက်ပေါက်ရသွားသလို သူပြုံးလိုက်မိသည်။
ဖုန်းကိုဖွင့်ကာ နံပါတ်တစ်ခုကိုရှာလိုက်ပြီး ခေါ်လိုက်တော့ ဖုန်းကဝင်ပြီးခဏနဲ့မကိုင်။
အတော်ကြာမှ ဖုန်းကိုင်လိုက်၍ အစ်ကိုတို့နှစ်ယောက်ကိုတစ်ချက်ကြည့်ရင်း တံတွေးမျိုချလိုက်မိသည်။
"ကျွန်တော် ခင်ဗျားနဲ့တိုင်ပင်စရာရှိလို့"
"ငါစိတ်မဝင်စားဘူး"
"မင်းစေရာဆိုရင်ရော"
တစ်ဖက်ကအသံတိတ်သွား၍ သူ စိတ်ရှည်လက်ရှည်စောင့်မိ၏။
"ဆက်ပြော"
▪▪▪⏳⏳⏳▪▪▪
Part 42 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~
အချစ်ဝိုင် ( part - 41 )
Advertisement
▪▪▪▪▪▪▪▪▪▪
ရုပ်တည်ကြီးနဲ့မှာတမ်းချွနေသော သူ့ကိုကြည့်ရင်း ခေ ရယ်ချင်လာ၍ ပြုံးမိသည်။
"မဟုတ်ပါဘူး ထင်လို့ပါ"
"တကယ်ပါဆို မမခေကလည်း"
"ဦးမင်းစေရာ"
"ခေ့ကို မမလို့ခေါ်နေကြတယ် ရွယ်တူတြွေဖစ်နေပြီး"
"ရှင်နော်"
"မဟုတ်လို့လား"
But when we first meet
In that very moment
I found the one and
Will have and hold you
Tonight.....
(ဒီညမှာ)
သူ ခေ့ကိုပြန်ဖက်ထားလိုက်စဉ်မှာပဲ သူ့ကို ဂုဏ်ပြုသောလက်ခုပ်သံတြွေဖင့် ဆူညံသွားလေ၏။
▪▪▪⏳⏳⏳▪▪▪
မျက်နှာလေးကို ပန်းနုရောင်ပြေပြလေး ခြယ်ထားသည်မှာလည်း တစ်နေကုန်ထိုင်ကြည့်နေချင်စရာ။
"လှတယ်မလား"
သူ့အသံကြောင့် မင်းယံ ဆတ်ခနဲဖြစ်သွားပြီး အကြည့်လွှဲကာ ဘာမြှပန်မပြောဘဲငြိမ်နေသည်။
"ဘယ်လို!!"
သူမဟာ ကိုယ့်ရဲ့ဘဝ။
သူမဟာ ကိုယ့်အတွက်။
▪▪▪⏳⏳⏳▪▪▪
"မင်းအချိုးတြွေပင်ထား မင်းယံ မင်းဖြစ်နေတာငါတောင်သိတယ် အစ်ကိုလည်းသိမှာပဲ အဲ့ဒါသူ့မိန်းမနော် သမီးရည်းစားတောင်မဟုတ်ဘူး"
"အစ်ကို့နေရာ"
"ခေ လက်နာနေတယ်"
Advertisement
- In Serial53 Chapters
Millennial Mage (A Slice of Life, Progression Fantasy)
The world is wild, untamed. Humanity thrives, but only in isolated, well defended cities, ever shrinking as the wilds slowly reclaim all that was taken. The most capable magic users are raised up as Mages to serve mankind, further their cause, and defend them over the course of millennia. Tala is freshly graduated from the magic academy and determined to make her own way in the world. She hopes to pay off her massive debts, quickly, but still plans on living each and every day to the fullest. Too bad the Academy left some glaring holes in her practical education. Loath to let that slow her down, and with no patience for a standard, low-paid apprenticeship (intended to fill many of those knowledge gaps), Tala strives to learn and improve as rapidly as she can on her own. Her unorthodox methods for preserving her own life allow her to take greater risks in search of profit and advancement, much to the surprise of those around her. I do hope you enjoy this tale, but let me know what you think either way! Critique, both positive and negative, is welcome. Release schedule is weekly: M-W-F Thank you for your time and for giving this story a try. AUTHOR'S NOTE: If this is found on a site other than Royal Road, or the linked Patreon, it was not posted by the author. Please find this tale, here: https://www.royalroad.com/fiction/47826/millennial-mage
8 461 - In Serial283 Chapters
The Mook Maker
There are many possible fates that can await those whisked away from our world to another. Some became heroes or villains, given the right power to forge their own destinies as they wished. Others, the powerless, became victims, doomed to perish, at the mercy of the cruel world filled with mystical powers they are unprepared for. A lone man that woke up alone under the alien sky was neither of those. He didn't get to choose what he was going to become - a disaster, an unwilling source of intelligent, yet violent monsters, slowly but steadily rising in numbers. Stranded in a foreign land, without even knowing the language, his creations may be the only company he would ever find. He wasn’t powerless. But was he really that much better off? It just took one wrong power.
8 367 - In Serial19 Chapters
Soul of ether/ towards eternal horizons
The boat will take you to the promised island far away, where you will find what you are looking for. It is the land of the wizards, fairies, and the final resting place of the king of knights. The path will be treacherous, and many are not allowed to pass. Be vary of the highest order kept by an iron fist, the ruler sparkling in gemstones, and their dukes with their fragments of power. The fog-sealed island hides its dark history under shining armor with padges of honor and blood. Then there was a boy, and his two loyal friends, who bravely took to find it and rediscover the soul's domain.
8 92 - In Serial29 Chapters
Jack of All Trades, Master of All
Jack was reincarnated, again. This time, the omnipotent sphere had finally revealed to him that this new world was, in fact, the real one, and his soul had just returned to his body after two years of coma. During that span, the Earth or the magical world No.146, where he was The Grand Sage, was just a simulation experience. Jack inherited the System of Knowledge from his former self in the previous world. But gradually, he realized there were other Returners, holding other powerful Systems that they themself were also granted. The reason? The Omnipotent Sphere refused to give an answer. With the ever-burning desire to find his former friends and companions at World No.146 after their souls too were returned to this world, Jack began his journey. Ahead of him, five hundred years old as he technically was, there might be some surprises he still wasn’t prepared for. This is an original translated work. I’ve always wanted to challenge my writing skill and post on Royalroad a few times, but, as it turned out, I realized my own English capability still limited me. Therefore, I am currently working with a team of three, hence the name Triopals, consisting of me, the author, a translator, and an investor who really put his faith in this project. My translator and I will work together to deliver four chapters each week. Depending on the translating, editing, re-reading, checking, and re-reading-again process, the chapters will be uploaded each day or all at once. Careful as we may be, there can still be some errors at our best, so we welcome grammatical corrections, etc. We are very appreciative of your support.
8 158 - In Serial40 Chapters
deal [M. ATSUMU]
in which atsumu miya made a deal with you to be his fake girlfriend.warning:- strong language- mild sexual content- possible manga spoilersmiya atsumu x female readerfanart on cover: _v_mo on twitter
8 183 - In Serial13 Chapters
walking disaster
a burnt child loves the fire tfatws bucky barnes x oc
8 156

