《အချစ်ဝိုင် ( Complete )》Part 42
Advertisement
အချစ်ဝိုင် ( part - 42 )
▪▪▪▪▪▪▪▪▪▪
"ဗိုက်နာနေတယ်ဆို"
စောင်ကိုခေါင်းမြီးခြုံအိပ်နေတာကို အတင်းဆွဲလှန်ပြီး ပြူးပြူးပြာပြာမေးလာတော့ ခေ နှာခေါင်းလေးရှုံ့ပစ်လိုက်မိသည်။
ခေ့ကို ကိုယ်ဝန်ဆောင်တယ်များထင်နေသလားမသိ။
"အင်း နာနေတာ"
"ဆေးမသောက်ဘူးလား ဘယ်နားကနာတာလဲ"
"ဗိုက်နာပါတယ်ဆိုမှ ဗိုက်ကနာတာပေါ့ ခေ လတိုင်းနာတာပါ ဘာမှမဟုတ်ပါဘူး ဘာလို့အဲ့လောက်ထိပြူးပြာနေတာလဲ"
ထိုအခါမှ သူက ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ခေ့ကိုစောင်ပြန်ခြုံပေးပြီး မျက်နှာပေါ်ကျနေသည့်ဆံပင်တွေကိုသပ်တင်ပေးသည်။
"ရေနွေးအိတ်ကပ်ပေးမယ်"
ခေ ခေါင်းညိတ်ပြလိုက်တော့ သူက အခန်းအပြင်ထွက်သွားပြီး အတော်ကြာတော့ ဖန်ခွက်လေးတစ်ခွက်ဖြင့် ဘာတွေထည့်လာလဲမသိ။
"ထ ရေနွေးကို ဂျင်းနဲ့ပျားရည်ရောထားတယ် မိန်းကလေးတွေနဲ့တည့်တယ်"
"ဗိုက်နာပါတယ်ဆို"
"ရေနွေးအိတ်ကပ်ပေးမယ်လေ ထပါဆို"
သူက တကယ်ပဲရေနွေးအိတ်လေးကပ်ပေးတော့ ခေ ထထိုင်လိုက်ပြီး သူယူလာသည့်ရေနွေးပန်းကန်ကိုတစ်ငုံသောက်လိုက်သည်။
"ခီး••• စပ်လိုက်တာ"
"တအားမစပ်ပါဘူး ကုန်အောင်သောက်ကွာ ပြီးရင်မင်းစားချင်တာလိုက်ဝယ်ကျွေးမယ် ညအိပ်ရင်လည်းဖက်ထားပေးမယ်"
"အံမယ် ဘာဆိုင်လို့လဲ"
ခေ သူ့ကိုမျက်စောင်းလေးထိုးမိတော့ သူက ရယ်နေရင်း ခေ့ပါးလေးတစ်ဖက်ကိုငုံ့နမ်းသည်။
အရင်ကမင်းစေရာဆိုသည့်လူနှင့် ဘာမှမဆိုင်တော့လောက်အောင် ပြောင်းလဲသွားပြီး ခေ့ကိုသည်းသည်းလှုပ်နေသည်က မေမေတို့ပါအမြင်ကတ်ရသည်အထိ။
"မေမေတို့ကလည်း ကျွန်တော့်မိန်းမကို ကျွန်တော်ချစ်တာ ဘယ်သူ့မျက်နှာကြည့်နေရဦးမှာလဲ"
ဟု မရှက်စတမ်းလည်းပြောတတ်သေးသည်။
"မသောက်ချင်တော့ဘူး စပ်တယ်"
"နည်းနည်းလေးပဲကျန်တော့တာကို ခေရယ် သောက်လိုက်ပါ"
"ရှင်ပဲ ခေ့ကိုချစ်တယ်ဆို မတိုက်နဲ့"
"ချစ်လို့တိုက်တာလေ မင်းဗိုက်နာနေတာသက်သာအောင်လို့ ခင်ဗျားလေးဗိုက်နာတာက ဒီရင်ဘတ်ပါနာတယ်သိလား"
ခပ်တည်တည်ပြောနေသော သူ့မျက်နှာကြီးကို အမြင်ကတ်ကတ်ဖြင့်တွန်းပစ်တော့ သူက တဖွဖွချော့ပြီးအကုန်သောက်ခိုင်းနေတာမို့ ခေလည်းအကုန်သောက်လိုက်ရသည်။
"အရမ်းစပ်သွားပြီလား ဘာစားဦးမလဲ"
"ကြေးအိုးစားချင်တယ်"
"မင်းထက်ကိုလာပို့ခိုင်းလိုက်မယ် ခဏအိပ်ဦး"
"အင်း ရှင်ဘယ်မှမသွားနဲ့နော် နိုးလာလို့ရှင့်ကိုမတွေ့ရရင် ဘာမှမစားတော့ဘူးနော်"
"ဟုတ်ကဲ့ဗျ မသွားပါဘူးဗျ အိပ်တော့"
ခေအိပ်တော့ သူက ခေ့ဘေးမှာထိုင်ပြီး ဆံပင်တွေကိုသပ်ပေးရင်း ဘာလုပ်နေလဲမသိ။
ခါတိုင်းဆို ဒီအချိန်ပြန်လာတာမဟုတ်သည့်အတွက် ခေ နေမကောင်းဟုထင်ပြီး ပြန်ရောက်လာခြင်းဖြစ်ရမည်ဟု တွေးပြီးပြုံးမိသည်။
"အိပ်တာကလည်း ပြုံးပြုံးကြီး"
သူ့စကားကြောင့် ခေရယ်ပြီး သူ့ခါးကိုဖက်ထားလိုက်ကာ....
"ခေအိပ်လို့မရဘူး ရင်တွေခုန်နေတာ"
"ကျွန်တော် ဘာမှမလုပ်ရသေးဘူးနော် ခင်ဗျားကို"
"သိဘူး"
ခေထထိုင်လိုက်တော့မှ စားပွဲပေါ်တင်ထားသည့် သူ့laptopကို လှမ်းတွေ့လိုက်သည်။
သူကြည့်နေတာက ကျောက်မြတ်ဒီဇိုင်းတွေပဲမို့ ခေ နည်းနည်းစိတ်ဝင်စားသွားမိသည်။
"လှတယ်နော် အဲ့ဒါလေး"
"သူက နှစ်မျိုးလုပ်ထားတာ ဒီအတိုင်းကြည့်ရင်တော့ ရွှေချောင်းတွေကိုကျောက်စီပြီး အလုံးပုံစံလေးလုပ်ထားတာ အပေါ်မှာချိတ်ကလေးရှိတယ်တွေ့လား အဲ့ဒါလေးကိုဖြန့်လိုက်ရင် နေကြာပန်းလေးဖြစ်သွားတယ်"
ပြောပြောဆိုဆိုဖြင့် သူက ကလစ်တစ်ချက်နှိပ်လိုက်တော့ စောစောကသူပြောသည့်ရွှေအလုံးလေးက နေကြာပန်းပုံစံလေးဖြစ်သွား၍ သဘောကျသွားမိသည်။
"Ideaအရမ်းကောင်းတယ် တရုတ်ကျောက်မြတ်ကုမ္ပဏီတစ်ခုက တင်ထားတာ ဒီဇိုင်းလေးကိုသဘောကျလို့ ကြည့်နေမိတာ"
"ကျောက်မြတ်ဒီဇိုင်းကို ရှင်အရမ်းဝါသနာပါတာပဲလား"
"အင်း ဆိုပါတော့ ဒါပေမယ့်ဒီဇိုင်းဆွဲတဲ့နေရာမှာ ပယင်းကပိုတော်တယ်"
ခေ သူ့ကိုမျက်စိစွေကြည့်တော့ သူက သတိမထားမိသလိုပုံစံဖြင့် laptopကိုပဲဆက်ကြည့်နေ၍ ခေစောင်ပြန်ခြုံပြီး သူ့ကိုကျောပေးလိုက်သည်။
သူများကိုချစ်တယ်ဆိုပြီး သူ့ရည်းစားဟောင်းကြီးကိုတော့မမေ့သေးဘူး...
"ခေ ဘာဖြစ်တာလဲ"
"အိပ်တော့မလို့"
သူ့ဆီကရယ်သံသဲ့သဲ့နှင့်အတူ သူပါစောင်ထဲရောက်လာပြီး အနောက်ဘက်ကနေ ခေ့တစ်ကိုယ်လုံးကိုသိမ်းပွေ့သည်။
"မင်းကိုပဲဒီလောက် သည်းသည်းလှုပ်ချစ်နေတာကို သဝန်ကတိုသေးတယ်လား မိန်းမတွေများ"
"ဘာ!!"
ခေရန်တွေ့ဖို့ ဖက်ထားတာတွေကိုဆွဲဖြုတ်ပြီး မျက်နှာချင်းဆိုင်ဖြစ်သွားအောင် လှည့်လိုက်တော့ ခေ့ကိုဘာမှအပြောမခံဘဲ နှုတ်ခမ်းတွေကိုဖိနှစ်နမ်းသည်။
မကျေမနပ်သေး၍ ထုရိုက်ပစ်ချင်တာမို့ အနမ်းမခံဘဲ အတင်းပြန်ရုန်းပေမယ့် သူက မရ။
"မုန်းလိုက်တာ ရည်းစားဟောင်းကြီးကိုတော့ သတိရနေပြီး သူများကိုတော့အနိုင်ကျင့်တယ်"
"မရပါဘူး စကားစပ်မိသွားလို့ပါ နောက်ဆိုအဲ့ဒီနာမည်ထည့်မပြောတော့ဘူး နော်!! လာ ကိုယ်ဖက်ထားပေးမယ် အိပ်တော့"
ထိုအခါမှ စူပုတ်နေသည့်မျက်နှာလေးပြန်ကြည်သွားပြီး သူ့ရင်ခွင်ထဲခေါင်းလေးတိုးဝင်လာသည်။
သူမ ပျော်နေသည်ကိုပဲ မြင်ချင်ခဲ့သော သူ့မှာ...
▪▪▪⏳⏳⏳▪▪▪
"ဘာ!!"
ဒေါသဖြစ်ဖြစ်ဖြင့် ဆောင့်အော်လိုက်သံကြောင့် မင်းထက် မဝံ့မရဲဖြင့်မျက်လွှာချသွားပြီး တစ်ခန်းလုံးလည်းတိတ်ဆိတ်သွား၏။
"ဘယ်ကမူပိုင်ခွင့်အကြောင်းလာပြောနေတာလဲ"
"Thaiဘက်က ကုမ္ပဏီတစ်ခုပါ ကျွန်တော်ထုတ်လိုက်တဲ့ဒီဇိုင်းက သူတို့ဘက်မှာမူပိုင်ခွင့်ရှိတယ်ဆိုပြီး"
"ဘယ်က ဒီဇိုင်းလဲ ဒါလား"
မင်းထက်ခေါင်းညိတ်ပြ၍ ဒီဇိုင်းကိုကြည့်မိတော့ သူ နေပြန်ကောင်းကာစက ဆွဲခဲ့သည့်လည်ဆွဲဒီဇိုင်း။
ဒါကို မူပိုင်ခွင့်တင်ထားသည်ဆိုတာဟာ ဘယ်လိုမှမဖြစ်နိုင်သည့်အရာ။
"အခု သူတို့ကဘာလုပ်ချင်တာလဲ"
"သူတို့ဘက်ကရှေ့နေ ကိုယ့်ဘက်ကရှေ့နေနဲ့ပဲ စကားပြောချင်တယ်တဲ့ အဲ့ဒါမှအဆင်မပြေရင် တရားရုံးအထိတက်မယ် လို့ပြောတယ် အစ်ကို"
"အဲ့ဒါကိုက ပုံမှန်မှမဟုတ်တာ ဒီဇိုင်းက သူတို့မူပိုင်ခွင့်တင်ထားပြီးသားဆို တရားရုံးကနေဆင့်ခေါ်မှာပဲ အဓိပ္ပါယ်မရှိတာ ပြောစမ်းဘယ်ကကုမ္ပဏီလဲ"
"Refer"
ပယင်း•••
သို့သော် ယခုဒီဇိုင်းကိုတော့ ပယင်းမသိနိုင်တာမို့ သူ့ဘက်မှာ ပယင်းရဲ့အတွင်းလူရှိနေမှန်းရိပ်မိလိုက်သည်။
ဘယ်သူကများ ပယင်းနဲ့ပူးပေါင်းဖို့ဆုံးဖြတ်လိုက်တာလဲ။
သူ တိတ်ဆိတ်သွားပြီး ဘာဆက်လုပ်ရမလဲစဉ်းစားနေစဉ် ဖေဖေရောက်လာ၍ ထိုင်နေရာမှထရပ်လိုက်သည်။
"ရတယ် ထိုင် အခုကိစ္စက ဘယ်လိုဖြစ်တာလဲ"
"ကျွန်တော့်အမှားပါ ဖေဖေ"
"အခုက ဘယ်သူ့အမှားပါဆိုပြီး ပြစ်တင်နေရမယ့်အချိန်မဟုတ်ဘူး မင်းထက် ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အချိန်ပဲ"
"Referဆိုတာ တကယ့်ကုမ္ပဏီတစ်ခုပဲမလား မင်းစေ သူတို့ဒီဇိုင်းကို ကူးယူတယ်ပြောရအောင်က"
"ကျွန်တော်တို့ဆိုင်တွေမှာ တင်တာထက် Referက ၃ရက်စောတယ် ဖေဖေ ဒါပေမယ့်အဲ့ဒီ ဒီဇိုင်းက အစ်ကိုနေပြန်ကောင်းစက ကျွန်တော့်ရှေ့မှာပဲဆွဲပြီး ကျွန်တော့်ကိုပေးလိုက်တာ"
"ဒါဆို အဲ့ဒီ ဒီဇိုင်းကို မင်းစေဆွဲတယ်ဆိုတဲ့သက်သေပြနိုင်ရင် ရတာပဲ ကူးယူတယ်ဆိုတာ Starlight ရဲ့ရာဇဝင်မှာလည်းမရှိခဲ့ဘူး"
Advertisement
ဖေဖေနဲ့မင်းထက်ပြောနေတာတွေကို ငြိမ်သက်နားထောင်နေရင်း စိတ်ထဲလေးလံနေခဲ့သည်။
ဒီကိစ္စမှာပယင်းက ဦးဆောင်နေကာ ဒီဇိုင်းကိုသူဆွဲခဲ့ပေမယ့် ၃ရက်စောထွက်ထားသည်မို့ လွယ်လွယ်နဲ့ဖြေရှင်းလို့ရမှာမဟုတ်။
အထူးသဖြင့် ပယင်းရဲ့အတွင်းလူ။
"အဲ့ဒီ ဒီဇိုင်း ဘယ်သူ့ကိုပြမိသေးလဲ"
"ဘယ်သူ့ကိုမှမပြမိဘူး အခန်းထဲမှာပဲသိမ်းထားတာ ပန်းတိမ်ဆရာကိုတော့ ကော်ပီပေးလိုက်တာ မူရင်းကကျွန်တော့်ဆီမှာ"
မင်းယံကိုမျက်လုံးထဲမြင်လိုက်ကာ ဒီရက်ပိုင်းထဲ မင်းထက်ရဲ့အခန်းမှာ ဒီကောင်နေနေတာကိုလည်းသတိရလိုက်သည်။
မင်းထက်ကလည်း ဒါကိုသတိရသွားသလို သူ့ကိုဖျတ်ခနဲလှမ်းကြည့်လေ၏။
"တောက် !!"
သူ ကားသော့ကိုလှမ်းယူကာ ရုံးခန်းကနေထွက်လာခဲ့တော့ မင်းထက်က နောက်ကအသည်းအသန်ပြေးလိုက်လာ၏။
"အစ်ကို နေပါဦး အဲ့ဒါကသက်သေအတိအကျလည်းမရှိဘဲနဲ့ သူပါလို့"
"မင်း မျက်ခွက်ကိုမထိုးသေးခင် ပါးစပ်ပိတ်ထားစမ်း"
သူ ကားပေါ်တက်ကာ အိမ်ကိုတရှိန်ထိုးမောင်းလာခဲ့တော့ မင်းထက် နောက်ကလိုက်လာမှာသေချာသည်။
အိမ်ကိုရောက်တော့ ခေပြန်ရောက်နေပြီဖြစ်ကာ ပီယရော၊ မခပါရှိနေသည်။
"ရှင် အစောကြီး"
ခေ့စကားကိုနားမထောင်တော့ဘဲ မင်းထက်အခန်းရှိရာအပေါ်ထပ်ကို သူ ပြေးတက်လာခဲ့ပြီး တံခါးကိုဆွဲဖွင့်တော့အခန်းထဲမှာ ဘယ်သူမှမရှိ။
မကျေမနပ်ဖြင့် ရေချိုးခန်းတံခါးတွေပါဖွင့်ကြည့်ပေမယ့်လည်း မရှိ။
"မင်းယံ မနက်ကပဲ ရန်ကုန်ပြန်သွားတယ်လေ အလုပ်ကိစ္စရှိလို့ဆိုလား"
ခေက သူ့ပုံစံကိုနားမလည်ပေမယ့် မင်းယံကိုရှာနေမှန်းသိနေသလို ပြန်ဖြေသည်။
ဒေါသတကြီးဖြစ်နေပေမယ့် ဒီကိစ္စကိုဘယ်သူမှမသိစေချင်၍ မြိုသိပ်ထားလိုက်ကာ ခေ့ကိုလှည့်ကြည့်မိသည်။
သူမက စကားဝါရောင်ဂါဝန်လေးဖြင့် သူ့ကိုမော့ကြည့်နေပြီး ဒေါသကြီးနေတာကို ကြောက်နေသလိုပုံစံလေး။
သူမကတော့ ဘာမှမသိ။
"ကိုယ် သူ့ကို ကိစ္စတစ်ခုခိုင်းထားတာ ပြန်မသိရသေးလို့"
"မေ့နေလို့မပြောဖြစ်တာနေမှာပါ ခေကျောင်းကပြန်ရောက်တော့ နိုင်လွန်ကိုဝင်ခဲ့သေးတယ် ချောကလက်ရေခဲမုန့်ဝယ်လာခဲ့တယ် အတူတူစားရအောင် လာပါ"
သူမကအတင်းဆွဲခေါ်တာမို့ ဒေါသတွေကိုမြိုချရင်း ဧည့်ခန်းကိုပြန်ရောက်လာတော့ မင်းထက်က အမောတကောပြေးဝင်လာသည်။
ရေခဲမုန့်စားဖို့ပြင်နေသောသူ့ကိုတွေ့တော့မှ သက်ပြင်းချကာ ဧည့်ခန်းမှာပဲ ပစ်စလက်ခတ်ထိုင်ချပစ်သည်။
"အတော်ပဲ ရေခဲမုန့်စားရအောင်"
သူမကတော့ အိမ်ရှင်ပီသစွာ လာသမျှလူတိုင်းကို ရေခဲမုန့်ဖြင့်ဧည့်ဝတ်ပြုနေ၍ သူ့မှာပြုံးရသေးသည်။
ဘယ်လောက်ဒေါသဖြစ်နေပါစေ...
သူမကိုတွေ့ရင် ပျောက်ပျက်သွားရသည်အထိ ဒီမိန်းကလေးကိုချစ်ရပါသည်။
▪▪▪⏳⏳⏳▪▪▪
"ကိုယ် Bangkokကိုသွားရမယ် အလုပ်ကိစ္စရှိလို့"
ခေ့မျက်နှာလေးစူပုတ်သွားပြီး ဘာမှမပြောတော့ဘဲ ခေါင်းညိတ်ပြသည်။
သူ မနေနိုင်စွာ ခေ့လက်ကလေးကိုဆွဲယူတော့ သူမကိုယ်လေး ရင်ခွင်ထဲရောက်လာ၍ တင်းတင်းဖက်ထားလိုက်သည်။
"ဖယ် သူများကျောင်းသွားမလို့"
"မျက်နှာက ဘာဖြစ်တာလဲကွာ ခရီးထွက်ရပါမယ်ဆိုမှ အဲ့လိုနှုတ်ခမ်းစူနေတာ ဘယ်လိုလုပ်စိတ်ဖြောင့်မလဲ"
"ခေလည်းလိုက်ချင်တယ်"
"မရလို့ပေါ့ အလုပ်ကိစ္စရှိသေးတယ်လေ ရှေ့နေတွေရောပါမှာ နောက်တစ်ခါသွားမယ် အလုပ်ကိုသေသေချာချာနားပြီးလိုက်ပို့ပေးမယ်"
"တော်ပြီ ခုပဲ"
"မရဘူးလို့ ဖေဖေရောပါမှာမို့ပါ ခလေးရာ.. နော် လိမ္မာပါတယ် အပြန်ကျမုန့်တွေအများကြီးဝယ်ခဲ့မယ်လေ fancyပစ္စည်းတွေလည်းပေါတယ်"
"အဲ့ဒါတွေမလိုပါဘူး ဟိုမိန်းမနဲ့မတွေ့ပါဘူးလို့ပဲကတိပေး"
"Omm မျက်နှာချင်းကိုမဆိုင်ဘူးကွာ ရပြီလား"
ခေ အခုမှကျေနပ်သွားသလို သူ့ကိုပြန်သိုင်းဖက်သည်။
ဒီကိစ္စဟာ ခေ့ကြောင့်ဖြစ်သည်ဟု မဆိုသာပေမယ့် အရင်းအမြစ်ကတော့ သူမအတွက်သာဖြစ်ပြီး မင်းယံဆိုသည့်ကောင် ဘာစိတ်ကူးနဲ့ ဒါမျိုးလုပ်သွားသည်မသိ။
"ဟိုကောင် ဖုန်းကိုင်လား"
"မကိုင်ဘူး အစ်ကို"
"ရန်ကုန်မှာ လူငှားပြီး သူ့တိုက်ခန်းကိုစောင့်ကြည့်ခိုင်းထား သူ့အမေဘယ်မှာလဲ"
"ဖေဖေကခွင့်ပြုပါ့မလား အစ်ကို"
"မလိုဘူး သူ့အမေကိုသွားခေါ်လာခဲ့ စိတ်ချရမယ့်တစ်နေရာမှာ ခေါ်ထားလိုက် ငါပြန်လာတဲ့အထိ ဒီကောင်ရောက်မလာသေးရင် သူ့အမေနဲ့ငါစကားပြောမယ်"
"ကျွန်တော်တောင်းပန်ပါတယ် အစ်ကို ကျွန်တော်သာသေချာသိမ်းလိုက်ရင်"
"မဟုတ်ဘူးမင်းထက် ဒီဇိုင်းကို ဒီကောင် မတွေ့လည်း တခြားတစ်နည်းနဲ့ကြံစည်မှာပဲ ဒီကောင်ငါ့ကိုဒုက္ခပေးဖို့ကြိုးစားနေမှာ မင်းလည်းသိတယ်မလား"
သူ့မေးခွန်းက အဓိပ္ပါယ်တစ်ခုနှင့်မို့ မင်းထက်က ဘာမြှပန်မဖြေဘဲ ခေါင်းငုံ့နေ၏။
မင်းထက်လည်း သိနေခဲ့မှာပဲမို့ သူ ဆက်မပြောသည့်အခါမှာ •••
"ကျွန်တော် မရီးအပေါ်အဲ့လိုသဘောမထားဖို့တားခဲ့သေးတယ် အဲ့ဒီကောင်ကိုက"
"တော်တော့ ထားလိုက် ခေ့ကိုပြန်မသိစေနဲ့"
မင်းထက် ခေါင်းညိတ်ကာ ရန်ကုန်ကိုသွားဖို့ပြင်ဆင်နေ၍ သူလည်းလိုအပ်တာတွေအားလုံးကို စာရင်းလုပ်ပြီးအိတ်ထဲထည့်သည်။
ပယင်းမှာ ဘာအကြံအစည်တွေရှိနေသေးလဲ မသိတာမို့ ဖေဖေကကိုယ်တိုင်လိုက်မည်ဆို၍ စိတ်ထဲမှာပိုပြီးပေါ့ပါးသွားသည်။
ပြန်လာမှ ငါတို့တွေ့ကြတာပေါ့ ညီလေးရေ.....
▪▪▪⏳⏳⏳▪▪▪
ခေသည် ပါးစပ်ကို လက်ဖဝါးလေးတြွေဖင့် ပိတ်ထားလိုက်ရင်း နံရံကိုမှီချလိုက်ကာ ကြမ်းပြင်မှာပဲ ဒီအတိုင်းလေးထိုင်ကျသွားသည်။
ဘာပြဿနာမှန်းအတိအကျမသိပေမယ့် မင်းယံဟာတရားခံဆိုတာ ခေ သိလိုက်သည်။
"မရီးအပေါ်အဲ့လိုသဘောမထားဖို့တားခဲ့သေးတယ်"
မင်းထက်ရဲ့စကားကြောင့် ခေ နားလည်လိုက်ပြီမို့ အံလေးကြိတ်ပစ်လိုက်ကာ အောက်ထပ်ကိုပြန်ဆင်းလာခဲ့သည်။
သူ့အရိပ်အချေနှင့် မေမေတို့အရိပ်အချေကိုကြည့်ကာ ဖုန်းထုတ်ဆက်လိုက်သည်။
"ပီယ နင်နဲ့တိုင်ပင်စရာရှိတယ် ခဏနေငါလာခဲ့မယ်"
▪▪▪⏳⏳⏳▪▪▪
Part 43 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~
အချစ်ဝိုင် ( part - 42 )
▪▪▪▪▪▪▪▪▪▪
"ဗိုက်နာနေတယ်ဆို"
"အင်း နာနေတာ"
"ရေနွေးအိတ်ကပ်ပေးမယ်"
"ဗိုက်နာပါတယ်ဆို"
"ခီး••• စပ်လိုက်တာ"
Advertisement
"အံမယ် ဘာဆိုင်လို့လဲ"
"ကြေးအိုးစားချင်တယ်"
"သိဘူး"
"လှတယ်နော် အဲ့ဒါလေး"
"ခေ ဘာဖြစ်တာလဲ"
"အိပ်တော့မလို့"
"ဘာ!!"
▪▪▪⏳⏳⏳▪▪▪
"ဘာ!!"
"ဘယ်က ဒီဇိုင်းလဲ ဒါလား"
"Refer"
ပယင်း•••
"တောက် !!"
"ရှင် အစောကြီး"
သူမကတော့ ဘာမှမသိ။
▪▪▪⏳⏳⏳▪▪▪
"ခေလည်းလိုက်ချင်တယ်"
"တော်ပြီ ခုပဲ"
"မကိုင်ဘူး အစ်ကို"
Advertisement
- In Serial58 Chapters
New God
Who said being a God was easy. If you started omniscient; omnipotent and omnipresent then it might be. However, without those powers it would be a different story entirely. This is that story. Adam is thrown into a new world with no choice and no instructions. At least he is a God, whatever that means... Lovely Royal Road readers: Imagine a tutorial with no instructions and no idea what the game was meant to be and what you are trying to achieve. All you know is that you are a God (whatever that means). So this is quite slow to start; mainly world building for me; a bit of base building by the MC and some good old minion development. I'm developing/practicing my writing and love the format of RR to get it out of my head. So hopefully it gets better with time as I get better. All feedback welcome - but please critique and tell me why you don't like it (if you don't) I'd rather a 1-star review than a 2-star(plus) rating!
8 212 - In Serial34 Chapters
The Professional
After winning the lottery and using the money to disappear from normal society, getting tortured and losing a limb, a man who would never share his name in the real world delves into the virtual gaming world in an attempt to hold onto what little remains of his already damaged mind.Entering a world of both beauty and danger, he finds far more than he bargained for. It soon becomes clear that he is one of the smallest fish in this virtual lake. To walk the tightrope to the end and achieve victory, you must be a professional. He is anything but.
8 122 - In Serial17 Chapters
HEIR OF LIGHT
The realm Aratia is under siege by the goddess of the storm herega and her protégé Marxis. The last hope of the realm is the long lost prince of the house of elixtu. coming to terms with his powers and the kidnapping of his aunt, he is forced to delve deeper in his origins
8 197 - In Serial24 Chapters
Toric the Soulless
Hello everybody, my name is Spotacus. English is my first language, but that does not mean I do not make mistakes. Please let me know if you see any. I am going to post the first few chapters of a story I have been fooling around with. The main character is a bit OP, but completely clueless about his power. This is a fantasy type story, and I may have missed some of the tags. Description Toric thought he was a pretty normal kid, with a normal and boring backstory, but he was wrong. Follow his adventures as he learns the truth about his history, and discovers exactly how very far he has to go in order to embrace his destiny. Life will never be the same after the arrogance of a mage gives Toric an ability that was lost in distant history. Lost for a reason.
8 133 - In Serial13 Chapters
A Peaceful World
A boy who couldn't obtain any peace in his life attempts to find it in a virtual reality game. Will he be able to find it or will the game turn out to be more than what he expects?
8 141 - In Serial30 Chapters
Politically Incorrect
Lana Reed has finally graduated from college and has her dream job handed to her on a silver platter: being an advisor to a royal family. The catch is that she's in charge of the worst set of royal children ever to grace the press. Her job becomes even more difficult when she finds that she's strangely attracted to the bad boy prince that she can't touch. Can she survive through the job and keep the royals in line, or will she fall flat on her face?
8 194

