《အချစ်ဝိုင် ( Complete )》Part 43
Advertisement
အချစ်ဝိုင် ( part - 43 )
▪▪▪▪▪▪▪▪▪▪
The Peninsula Bangkok hotelသည် ခါတိုင်းမြင်ဖူးနေကျလို ဝံ့ဝံ့ကြွားကြွားဖြင့် ထည်ဝါလှပနေဆဲ။
Bangkokကပြန်လာခဲ့သည်မှာ ၂နှစ်လောက်ရှိနေပေမယ့် ဒီမြို့ကအငွှေ့အသက်တွေကို သူရင်းနှီးနေဆဲ။
ရှေ့နေတွေကတစ်ခန်း၊ ဖေဖေကတစ်ခန်းနေကာ သူကတော့သီးသန့်တစ်ခန်းယူလိုက်သည်မို့ တစ်ယောက်တည်း ပြတင်းပေါက်ကနေ မြို့ပြရှုခင်းကိုငေးကြည့်နေမိသည်။
ဒေါက် ဒေါက် ဒေါက်
အခန်းတံခါးခေါက်သံကြောင့် Room Serviceထင်၍ တံခါးဖွင့်လိုက်တော့ ပယင်း။
အနီရဲရဲဝတ်စုံလေးဖြင့် အကြည့်မလွှဲနိုင်အောင်လှနေကာ သူ့ကိုငေးစိုက်ကြည့်နေပုံက ညှို့ညှို့ရီရီလေး။
"မနက်ဖြန်မှတွေ့ဖို့ပြောထားတယ်မလား"
"အခုတွေ့ချင်လာလို့ပေါ့မောင်ရယ် မောင်နဲ့ဆွေးနွှေးမယ်လေ ဒီနေရာမှအဆင်ပြေခဲ့ရင် နောက်အဆင့်တွေမလိုပါဘူး"
"မလိုဘူး ငါဆွဲခဲ့တဲ့ဒီဇိုင်းအတွက် မင်းကိုဘာမှဆွေးနွှေးနေစရာမလိုဘူး"
"မာနတွေကြီးမနေစမ်းပါနဲ့မောင်ရယ် အဲ့ဒီပစ္စည်းက ပယင်းတို့အရောင်းခန်းမတွေမှာ တင်ထားပြီးသားပါ မောင်ဘယ်လိုရှင်းမယ်စိတ်ကူးထားလို့လဲ"
"အဲ့ဒါငါ့ကိစ္စပါ မင်းစိတ်ပူနေစရာမလိုဘူး ပြန်တော့"
"မောင်"
"ပြီးတော့ မင်းရဲ့partner မင်းယံဆိုတဲ့ကောင်ကိုလည်းပြောလိုက် ငါနှစ်ခါခွင့်မလွှတ်ဘူးလို့"
ပယင်းက သူ့စကားကိုနားမထောင်ဘဲ အခန်းထဲကိုအတင်းဝင်လာ၍ စိတ်ပျက်လက်ပျက်ဖြင့် ဖယ်ပေးလိုက်ကာ သူကအခန်းဝမှာပဲ တမင်ရပ်နေခဲ့သည်။
"လာပါမောင်ရယ် ခါတိုင်းလည်း ဒီကိုအမြဲရောက်နေပြီး အခုမှစိမ်းကားနေလိုက်တာ"
သူ ကျွတ်ခနဲဖြစ်သွားပြီး ခေါင်းခါပစ်လိုက်ကာ အခန်းထဲကထွက်လာခဲ့သည်။
ဘေးအခန်းမှာ ဖေဖေရှိသည်ကြောင့် သွားဖို့စိတ်ကူးမိပေမယ့် ဖေဖေကအပျော်ရှာတတ်သူမို့ မဝင်ဖြစ်။
အပေါ်ဆုံးအထပ်ထိတက်လာခဲ့တော့ Roofသည် လေတဖြူးဖြူးနှင့်အေးအေးလူလူရှိ၏။
ဖုန်းကဘောင်းဘီအိတ်ထဲမှာပါလာတာမို့ လိုင်းတက်လိုက်တော့ ခေ့အကောင့်လေးမီးစိမ်းနေသည်နှင့် Video callခေါ်လိုက်သည်။
"Hi အိုပါး"
"ကိုယ်ရောက်ပြီ ဘာလုပ်နေတာလဲ အိပ်နေတာလား"
သူမက အိပ်ယာထဲလှဲနေသလိုမို့ မေးလိုက်တော့ တကယ်ပဲ အိပ်ယာထဲရောက်နေကာ မေးလိုက်မှ ဘေးကသူ့နေရာကိုပြသေး၏။
ပြီးမှ cameraကို သူမမျက်နှာဘက်ပြန်လှည့်ပြပြီး
"ဘယ်မှမသွားဘူး အိမ်မှာပဲအိပ်နေတာ ရှင်ရော အလုပ်ကိစ္စကဘယ်လိုလဲ"
"မနက်ဖြန်မှတွေ့ရမှာ အခုက hotelခေါင်မိုးပေါ်ရောက်နေတာလေ မင်းကိုသတိရလာလို့"
"ခေ ရှင့်ကိုလွမ်းတယ်"
သူမအသံလေးက လေးလေးပင်ပင်ရှိသလို ချက်ချင်းမျက်ရည်ဝဲလာ၍ စိတ်မကောင်းဖြစ်သွားပြီး ချော့မိသည်။
သူ သတိပြန်ရလာကတည်းက သူမနဲ့မှမခွဲဖူးသေးဘဲ•••
"မကြာပါဘူး ကိုယ်ပြန်လာခဲ့မယ်နော် မငိုရဘူးလေ ယောကျာ်းကခရီးထွက်နေတာကို"
"အပြန်ကျ မုန့်ဝယ်ခဲ့နော်"
"အင်းပါ ဝယ်ခဲ့မယ် အများကြီးဝယ်ခဲ့မယ် မငိုနဲ့တော့နော် ခဏနားဦး ကြားလား"
"ဟုတ်"
သူ ဖုန်းscreenလေးကိုပဲ နမ်းရုံဖြင့်ကျေနပ်ကာ ဖုန်းချသွားတော့ ခေသည် အိပ်ယာထဲမှငုတ်တုတ်လေးထထိုင်ရင်း မျက်ရည်တွေသုတ်ပစ်လိုက်သည်။
မလှမ်းမကမ်းမှာထိုင်နေသော ပီယက ခေါင်းကိုခါပြီး သက်ပြင်းချလိုက်၍ ခေ လှမ်းကြည့်မိသည်။
"ဟိုကောင် ဘယ်မှာလဲ"
▪▪▪⏳⏳⏳▪▪▪
ဖိုက်တာလုပ်ခြင်းမဟုတ်ပေမယ့် တိုက်ခန်းကိုမော့ကြည့်ရင်း ခေ့စိတ်ထဲရဲရင့်ပြတ်သားနေခဲ့သည်။
ပီယကတော့ ခေ့ကိုမနိုင်ဘူးဆိုသည့်ပုံဖြင့် စူးစိုက်ကြည့်နေခဲ့ပြီး စကားမပြော။
"နောက်ထပ် ၁၀မိနစ်နေလို့မှ နင်ပြန်ဆင်းမလာရင် ငါတက်ခဲ့မယ် ခေ ငါလာရင်ကောင်းကောင်းမလာဘူးနော် ကြိုပြောထားတာ"
ဒီနေရာမှာရှိသည်ဟု သတင်းစကားကြောင့် ခေကိုယ်တိုင်ရောက်နေခြင်းဖြစ်ပြီး ပီယက ခေ့ကိုစိတ်မချ၍ ဟိုအရင်ကလို တကောက်ကောက်ပါစမြဲ။
"ရတယ်"
ခေ တိုက်ခန်းလှေကားတွေပေါ်နင်းဖြတ်ပြီး 305ရဲ့တံခါးရှေ့မှာရပ်လိုက်ကာ တံခါးကိုခေါက်လိုက်သည်။
ခဏကြာသွားသည်အထိအသံမကြားသေး၍ ထပ်ခေါက်ဖို့ပြင်တော့ တံခါးသည်ဖျတ်ခနဲပွင့်လာကာ မင်းယံက ခေ့ကိုတအံ့တသြအကြည့်တွေဖြင့်။
ခေ စူးစိုက်ကြည့်နေမိတော့ ထိုအကြည့်တွေကိုရင်မဆိုင်ရဲသလို မျက်နှာလွှဲသွား၏။
"ငါအထဲဝင်ရမလား"
"မဝင်ပါနဲ့"
"ဒါဆို ဒီနေရာမှာပဲပြောမယ် နင် မင်းစေရာကိုဘာလို့ အဲ့လိုလုပ်လိုက်တာလဲ အဲ့ဒါနင့်အစ်ကိုမလား"
"မင်းမသိဘဲမပြောနဲ့ ခရေဝိုင်"
အသံကဟိန်းခနဲထွက်လာပြီး ဘေးအခန်းတွေကိုအားနာသွားသလို မင်းယံက အခန်းတံခါးကိုကျယ်ကျယ်ဖွင့်ပေးသည်။
ခေ ထိုအခန်းထဲဝင်သွားလိုက်တော့ မင်းယံတစ်ယောက်တည်းနေသည်ဆိုပေမယ့် တစ်ခန်းလုံးရှုပ်ပွနေသည်။
"နင့်ကိုငါကဘာသိရမှာမို့လဲ ငါလက်ထပ်ထားတဲ့ယောကျာ်းက နင်မှမဟုတ်ဘဲ ငါဂရုစိုက်တာငါ့ယောကျာ်းကိုပဲ အခုသူဒုက္ခဖြစ်နေတာက ငါ့ကြောင့်မို့ ဒါနဲ့တောင် ငါကဒီအတိုင်းငုတ်တုပ်ထိုင်နေရမှာလား နင်ဘာလိုချင်တာလဲ ငါ့ကိုလိုချင်တာမလား ငါအခုနင့်ရှေ့ရောက်နေပြီ နင်ဘာလုပ်မှာလဲ"
"ခရေဝိုင် မင်းသိပ်လွန်နေပြီနော်"
"ငါကလွန်တယ်လား နင်ကရော နင်ကရောသိပ်ဖြူစင်နေလို့လား"
ခေ ဒေါသဖြစ်ဖြစ်နှင့် ရင်ဘတ်ကိုတအားတွန်းပစ်လိုက်တော့ မင်းယံက ယိုင်ရုံသာယိုင်သွားသည်။
ခေ့ကြောင့် သူဒုက္ခရောက်ရသည့်အဖြစ်ကို တွေးမိတိုင်းဒေါသဖြစ်မိကာ စတွေ့ကတည်းက နာကျင်အောင်လုပ်တတ်သည့်ဒင်းကိုလည်း သတ်ချင်နေမိ၏။
"ဒီပြဿနာတွေကြောင့် မင်းစေရာဘာဖြစ်သွားမယ်လို့နင်ထင်နေတာလဲ မင်းစေရာတစ်ခုခုဖြစ်ခဲ့ရင် ငါ့ခေါင်းထဲမှာ နင်ရှိလာမယ်လို့ရော ထင်နေတာလား"
သူ ဘာမှပြန်မဖြေနိုင်။
သူ့စိတ်ထဲမှာ ရည်ရွယ်ထားတာတွေရှိနေပေမယ့် သူမရှေ့မှာတော့ ပြောမထွက်ခဲ့။
သူမက မျက်ရည်တွေဝဲလာပြီး နာကျည်းခံပြင်းနေသလို တရှိုက်ရှိုက်ငိုလာတော့ ပိုပြီးခံရခက်သွားသည်။
မှားသွားမှန်းသိပေမယ့် သူ နောက်ပြန်မဆုတ်ချင်။
စခဲ့ပြီးပြီမို့ အစ်ကို့ဒေါသနှင့် အစ်ကို့ရဲ့တုံ့ပြန်လာမှုကြောင့် အဆုံးထိဆက်လျှောက်ဖို့ တွေးမိခဲ့ပေမယ့် သူမ ရောက်လာလိမ့်မည်မထင်ထားခဲ့။
သူမသည် အစ်ကို့အတွက် အားလုံးစွန့်လွှတ်ရဲသလို ရဲရင့်နေခဲ့ကာ ထိုရဲရင့်မှုထဲမှ အစ်ကို့အပေါ်ထားသည့်ချစ်ခြင်းတရားကိုပါ မြင်လိုက်ရသလို....
"နင် ဘာလို့တိတ်နေတာလဲ"
သူမမေးခွန်းအဆုံးမှာ တက်ပြေးလာသည့်ခြေသံနှင့်အတူ မေမိုးမခရဲ့ခင်ပွန်းကို တံခါးဝမှာတွေ့လိုက်ရ၏။
ထိုလူက သူ့ကိုတွေ့လိုက်သည်နှင့် တရှိန်ထိုးပြေးလာပြီး လက်သီးတစ်ချက်ထိုးပစ်၍ သူ ကြမ်းပြင်ပေါ်လဲကျ၏။
ဒီကောင်ကရော ဘာလဲ...
"ငါ့သူငယ်ချင်းကို ငါတောင်စိတ်ဆင်းရဲအောင်မလုပ်ဘူး မင်းကဘာကောင်မို့"
ကျော်ပီယကိုလည်း သူဘာမှပြန်မလုပ်ချင်၍ ရှောင်ဖယ်ပစ်နေမိသည်။
သူကရော သူမကိုစိတ်ဆင်းရဲအောင်လုပ်တဲ့ကောင်လား။
ငိုချင်စိတ်တွေပြင်းပြလာသည်မို့ မျက်ရည်ဝဲတော့ သူမက နှုတ်ခမ်းလေးမဲ့ပစ်သည်။
"မင်းစေရာကတော့ သူ့အသက်သေလုနီးပါးဖြစ်တဲ့အထိ ငါ့ကိုချစ်ပြခဲ့တာပဲ နင်ငါ့ကိုချစ်တယ်ဆိုရင် နင်ဘယ်လိုသက်သေပြမလဲ"
သူမ စိန်ခေါ်စကားပြောလာသည့်အပြင် ထိုစကားက အစ်ကိုနဲ့သူ့ကိုနှိုင်းယှဥ်ပြလိုက်သည့်စကားမျိုး။
"နင် ဘာလိုချင်တာလဲ ခရေဝိုင်"
"နင်ရှုပ်ခဲ့တဲ့ပြဿနာကို နင်ပြန်ရှင်း ငါလိုချင်တာအဲ့ဒါပဲ"
Advertisement
သူမရဲ့တောင်းဆိုမှုက ရိုးရိုးရှင်းရှင်းလေးဖြစ်သည်။
အမေ့ကိုဖုန်းဆက်လို့မရသည့် စိုးရိမ်မှုတွေလည်း ထွက်ပေါက်မဲ့နေဆဲဖြစ်သလို သူမဆီက စကားတစ်ခွန်းတိုင်းဟာလည်း ဓားနဲ့မွှန်းပစ်သလို ခံရခက်လှသည်။
သူမကို စူးစိုက်နာကျင်စွာကြည့်မိတော့ သူမက စိမ်းကားသောအကြည့်တွေဖြင့်သာရှိသည်။
အစ်ကို့ကိုကြည့်ခဲ့သည့်အကြည့်တွေက နူးညံ့ရွှန်းလဲ့နေသလောက်••••
"ဘာလို့ရှုပ်ခဲ့တာလဲရော မင်းသိလား မင်းစေဆိုတဲ့လူရဲ့လက်ထဲမှာ အရာအားလုံးရှိနေတာ အခု အဲ့ကောင်ငါ့အမေကိုခေါ်သွားပြီ မင်းယောကျာ်းက ငါလုပ်သမျှခံနေရတဲ့ငအူငအလေးမို့လို့လား ခရေဝိုင်"
"သူက နင့်အစ်ကိုပဲ နင်ကပိုသိရမှာမလား ငအူငအလေး မဟုတ်မှန်းသိရင် နင်ဘာလို့ဒီလိုတွေလုပ်ခဲ့သေးလဲ"
သူလုပ်ခဲ့တာက အစ်ကိုBangkokရောက်ဖို့တစ်ခုသာ။
ပယင်းက အစ်ကိုနဲ့သူမ ကြားမှာဝင်ရပ်မည်၊ သူတို့ချင်းပြဿနာဖြစ်အောင်လုပ်မည်ဆိုသည့် ရည်ရွယ်ချက်။
"ပြော နင်ဘာလုပ်မှာလဲ"
သူမရဲ့သူငယ်ချင်းဆိုသည့်ကောင်က သူမမျက်နှာကိုကြည့်ပြီးမေးလိုက်သည်။
ဒီကောင်က သူမပါးစပ်မှ သတ်မယ်ဆိုသည့်စကားထွက်လာရင်တောင် တကယ်သတ်ဖြတ်တော့မလို ခက်ထန်မာကျောနေခဲ့၏။
"သူ Bangkokကိုလိုက်သွားလိမ့်မယ် မင်းစေရာတို့ရှင်းရမယ့်ပြဿနာကို သူပဲဖြေရှင်းပေးလိမ့်မယ် ဟုတ်တယ်မလား"
သူမ မေးလာပုံက ပိုင်နိုင်သည့်လေးနက်မှုမျိုးဖြင့်။
"မူပိုင်ခွင့်ပြဿနာက ငါရှင်းလို့မရဘူး ငါက အစ်ကိုဆွဲတာပါလို့ဝန်ခံရင်တောင် ငါ့မှာသက်သေမရှိဘူး အဲ့ဒါက ဟိုမိန်းမစီစဥ်တာ ငါ့အစီအစဥ်က အစ်ကို Bangkok ထွက်အောင်လုပ်ပေးဖို့တစ်ခုတည်းပဲ"
"ဘာပဲဖြစ်ဖြစ် နင်လိုက်သွားရမယ် မင်းစေရာ နင့်ကိုခွင့်လွှတ်မှ ငါလည်းနင့်ကိုခွင့်လွှတ်မယ် အမှုတစ်ခုကိုစီစဥ်တယ်ဆိုတာ နင်တစ်ယောက်ပဲကျွမ်းကျင်တာမဟုတ်ဘူး အဲ့ဒါကိုမမေ့နဲ့"
ခြိမ်းခြောက်ခြင်းမဟုတ်သော သတိပေးခြင်းဖြင့် သူမ ပြောလာတော့ သူ ခေါင်းညိတ်ပြလိုက်သည်။
အစ်ကို့ဆီက ခွင့်လွှတ်မှုကိုလိုချင်မိပေမယ့် အစ်ကိုက နှစ်ခါခွင့်လွှတ်တတ်သူမဟုတ်။
▪▪▪⏳⏳⏳▪▪▪
Part 44 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part - 43 )
▪▪▪▪▪▪▪▪▪▪
The Peninsula Bangkok hotelသည္ ခါတိုင္းျမင္ဖူးေနက်လို ဝံ့ဝံ့ႂကြားႂကြားျဖင့္ ထည္ဝါလွပေနဆဲ။
Bangkokကျပန္လာခဲ့သည္မွာ ၂ႏွစ္ေလာက္ရိွေနေပမယ့္ ဒီၿမိဳ႔ကအေငႊ့အသက္ေတြကို သူရင္းႏွီးေနဆဲ။
ေရ႔ွေနေတြကတစ္ခန္း၊ ေဖေဖကတစ္ခန္းေနကာ သူကေတာ့သီးသန႔္တစ္ခန္းယူလိုက္သည္မို႔ တစ္ေယာက္တည္း ျပတင္းေပါက္ကေန ၿမိဳ႔ျပရႈခင္းကိုေငးၾကၫ့္ေနမိသည္။
ေဒါက္ ေဒါက္ ေဒါက္
အခန္းတံခါးေခါက္သံေၾကာင့္ Room Serviceထင္၍ တံခါးဖြင့္လိုက္ေတာ့ ပယင္း။
အနီရဲရဲဝတ္စံုေလးျဖင့္ အၾကၫ့္မလႊဲႏိုင္ေအာင္လွေနကာ သူ႔ကိုေငးစိုက္ၾကၫ့္ေနပံုက ၫွို႔ၫွို႔ရီရီေလး။
"မနက္ျဖန္မွေတြ့ဖို႔ေျပာထားတယ္မလား"
"အခုေတြ့ခ်င္လာလို႔ေပါ့ေမာင္ရယ္ ေမာင္နဲ႔ေဆြးေနႊးမယ္ေလ ဒီေနရာမွအဆင္ေျပခဲ့ရင္ ေနာက္အဆင့္ေတြမလိုပါဘူး"
"မလိုဘူး ငါဆဲြခဲ့တဲ့ဒီဇိုင္းအတြက္ မင္းကိုဘာမွေဆြးေနႊးေနစရာမလိုဘူး"
"မာနေတြႀကီးမေနစမ္းပါနဲ႔ေမာင္ရယ္ အဲ့ဒီပစၥည္းက ပယင္းတို႔အေရာင္းခန္းမေတြမွာ တင္ထားၿပီးသားပါ ေမာင္ဘယ္လိုရွင္းမယ္စိတ္ကူးထားလို႔လဲ"
"အဲ့ဒါငါ့ကိစၥပါ မင္းစိတ္ပူေနစရာမလိုဘူး ျပန္ေတာ့"
"ေမာင္"
"ၿပီးေတာ့ မင္းရဲ့partner မင္းယံဆိုတဲ့ေကာင္ကိုလည္းေျပာလိုက္ ငါႏွစ္ခါခြင့္မလႊတ္ဘူးလို႔"
ပယင္းက သူ႔စကားကိုနားမေထာင္ဘဲ အခန္းထဲကိုအတင္းဝင္လာ၍ စိတ္ပ်က္လက္ပ်က္ျဖင့္ ဖယ္ေပးလိုက္ကာ သူကအခန္းဝမွာပဲ တမင္ရပ္ေနခဲ့သည္။
"လာပါေမာင္ရယ္ ခါတိုင္းလည္း ဒီကိုအၿမဲေရာက္ေနၿပီး အခုမွစိမ္းကားေနလိုက္တာ"
သူ ကၽြတ္ခနဲျဖစ္သြားၿပီး ေခါင္းခါပစ္လိုက္ကာ အခန္းထဲကထြက္လာခဲ့သည္။
ေဘးအခန္းမွာ ေဖေဖရိွသည္ေၾကာင့္ သြားဖို႔စိတ္ကူးမိေပမယ့္ ေဖေဖကအေပ်ာ္ရွာတတ္သူမို႔ မဝင္ျဖစ္။
အေပၚဆံုးအထပ္ထိတက္လာခဲ့ေတာ့ Roofသည္ ေလတျဖဴးျဖဴးႏွင့္ေအးေအးလူလူရိွ၏။
ဖုန္းကေဘာင္းဘီအိတ္ထဲမွာပါလာတာမို႔ လိုင္းတက္လိုက္ေတာ့ ေခ့အေကာင့္ေလးမီးစိမ္းေနသည္ႏွင့္ Video callေခၚလိုက္သည္။
"Hi အိုပါး"
"ကိုယ္ေရာက္ၿပီ ဘာလုပ္ေနတာလဲ အိပ္ေနတာလား"
သူမက အိပ္ယာထဲလွဲေနသလိုမို႔ ေမးလိုက္ေတာ့ တကယ္ပဲ အိပ္ယာထဲေရာက္ေနကာ ေမးလိုက္မွ ေဘးကသူ႔ေနရာကိုျပေသး၏။
ၿပီးမွ cameraကို သူမမ်က္ႏွာဘက္ျပန္လွၫ့္ျပၿပီး
"ဘယ္မွမသြားဘူး အိမ္မွာပဲအိပ္ေနတာ ရွင္ေရာ အလုပ္ကိစၥကဘယ္လိုလဲ"
"မနက္ျဖန္မွေတြ့ရမွာ အခုက hotelေခါင္မိုးေပၚေရာက္ေနတာေလ မင္းကိုသတိရလာလို႔"
"ေခ ရွင့္ကိုလြမ္းတယ္"
သူမအသံေလးက ေလးေလးပင္ပင္ရိွသလို ခ်က္ခ်င္းမ်က္ရည္ဝဲလာ၍ စိတ္မေကာင္းျဖစ္သြားၿပီး ေခ်ာ့မိသည္။
သူ သတိျပန္ရလာကတည္းက သူမနဲ႔မွမခဲြဖူးေသးဘဲ•••
"မၾကာပါဘူး ကိုယ္ျပန္လာခဲ့မယ္ေနာ္ မငိုရဘူးေလ ေယာက်ာ္းကခရီးထြက္ေနတာကို"
"အျပန္က် မုန႔္ဝယ္ခဲ့ေနာ္"
"အင္းပါ ဝယ္ခဲ့မယ္ အမ်ားႀကီးဝယ္ခဲ့မယ္ မငိုနဲ႔ေတာ့ေနာ္ ခဏနားဦး ၾကားလား"
"ဟုတ္"
သူ ဖုန္းscreenေလးကိုပဲ နမ္းရံုျဖင့္ေက်နပ္ကာ ဖုန္းခ်သြားေတာ့ ေခသည္ အိပ္ယာထဲမွငုတ္တုတ္ေလးထထိုင္ရင္း မ်က္ရည္ေတြသုတ္ပစ္လိုက္သည္။
မလွမ္းမကမ္းမွာထိုင္ေနေသာ ပီယက ေခါင္းကိုခါၿပီး သက္ျပင္းခ်လိုက္၍ ေခ လွမ္းၾကၫ့္မိသည္။
"ဟိုေကာင္ ဘယ္မွာလဲ"
▪▪▪⏳⏳⏳▪▪▪
ဖိုက္တာလုပ္ျခင္းမဟုတ္ေပမယ့္ တိုက္ခန္းကိုေမာ့ၾကၫ့္ရင္း ေခ့စိတ္ထဲရဲရင့္ျပတ္သားေနခဲ့သည္။
ပီယကေတာ့ ေခ့ကိုမႏိုင္ဘူးဆိုသၫ့္ပံုျဖင့္ စူးစိုက္ၾကၫ့္ေနခဲ့ၿပီး စကားမေျပာ။
"ေနာက္ထပ္ ၁၀မိနစ္ေနလို႔မွ နင္ျပန္ဆင္းမလာရင္ ငါတက္ခဲ့မယ္ ေခ ငါလာရင္ေကာင္းေကာင္းမလာဘူးေနာ္ ႀကိဳေျပာထားတာ"
ဒီေနရာမွာရိွသည္ဟု သတင္းစကားေၾကာင့္ ေခကိုယ္တိုင္ေရာက္ေနျခင္းျဖစ္ၿပီး ပီယက ေခ့ကိုစိတ္မခ်၍ ဟိုအရင္ကလို တေကာက္ေကာက္ပါစၿမဲ။
"ရတယ္"
ေခ တိုက္ခန္းေလွကားေတြေပၚနင္းျဖတ္ၿပီး 305ရဲ့တံခါးေရ႔ွမွာရပ္လိုက္ကာ တံခါးကိုေခါက္လိုက္သည္။
ခဏၾကာသြားသည္အထိအသံမၾကားေသး၍ ထပ္ေခါက္ဖို႔ျပင္ေတာ့ တံခါးသည္ဖ်တ္ခနဲပြင့္လာကာ မင္းယံက ေခ့ကိုတအံ့တၾသအၾကၫ့္ေတျြဖင့္။
ေခ စူးစိုက္ၾကၫ့္ေနမိေတာ့ ထိုအၾကၫ့္ေတြကိုရင္မဆိုင္ရဲသလို မ်က္ႏွာလႊဲသြား၏။
"ငါအထဲဝင္ရမလား"
"မဝင္ပါနဲ႔"
"ဒါဆို ဒီေနရာမွာပဲေျပာမယ္ နင္ မင္းေစရာကိုဘာလို႔ အဲ့လိုလုပ္လိုက္တာလဲ အဲ့ဒါနင့္အစ္ကိုမလား"
"မင္းမသိဘဲမေျပာနဲ႔ ခေရဝိုင္"
အသံကဟိန္းခနဲထြက္လာၿပီး ေဘးအခန္းေတြကိုအားနာသြားသလို မင္းယံက အခန္းတံခါးကိုက်ယ္က်ယ္ဖြင့္ေပးသည္။
ေခ ထိုအခန္းထဲဝင္သြားလိုက္ေတာ့ မင္းယံတစ္ေယာက္တည္းေနသည္ဆိုေပမယ့္ တစ္ခန္းလံုးရႈပ္ပြေနသည္။
"နင့္ကိုငါကဘာသိရမွာမို႔လဲ ငါလက္ထပ္ထားတဲ့ေယာက်ာ္းက နင္မွမဟုတ္ဘဲ ငါဂရုစိုက္တာငါ့ေယာက်ာ္းကိုပဲ အခုသူဒုႂကၡဖစ္ေနတာက ငါ့ေၾကာင့္မို႔ ဒါနဲ႔ေတာင္ ငါကဒီအတိုင္းငုတ္တုပ္ထိုင္ေနရမွာလား နင္ဘာလိုခ်င္တာလဲ ငါ့ကိုလိုခ်င္တာမလား ငါအခုနင့္ေရ႔ွေရာက္ေနၿပီ နင္ဘာလုပ္မွာလဲ"
"ခေရဝိုင္ မင္းသိပ္လြန္ေနၿပီေနာ္"
"ငါကလြန္တယ္လား နင္ကေရာ နင္ကေရာသိပ္ျဖဴစင္ေနလို႔လား"
ေခ ေဒါသျဖစ္ျဖစ္ႏွင့္ ရင္ဘတ္ကိုတအားတြန္းပစ္လိုက္ေတာ့ မင္းယံက ယိုင္ရံုသာယိုင္သြားသည္။
ေခ့ေၾကာင့္ သူဒုကၡေရာက္ရသၫ့္အျဖစ္ကို ေတြးမိတိုင္းေဒါသျဖစ္မိကာ စေတြ့ကတည္းက နာက်င္ေအာင္လုပ္တတ္သၫ့္ဒင္းကိုလည္း သတ္ခ်င္ေနမိ၏။
"ဒီျပႆနာေတြေၾကာင့္ မင္းေစရာဘာျဖစ္သြားမယ္လို႔နင္ထင္ေနတာလဲ မင္းေစရာတစ္ခုခုျဖစ္ခဲ့ရင္ ငါ့ေခါင္းထဲမွာ နင္ရိွလာမယ္လို႔ေရာ ထင္ေနတာလား"
သူ ဘာမျွပန္မေျဖႏိုင္။
သူ႔စိတ္ထဲမွာ ရည္ရြယ္ထားတာေတြရိွေနေပမယ့္ သူမေရ႔ွမွာေတာ့ ေျပာမထြက္ခဲ့။
သူမက မ်က္ရည္ေတြဝဲလာၿပီး နာက်ည္းခံျပင္းေနသလို တရိႈက္ရိႈက္ငိုလာေတာ့ ပိုၿပီးခံရခက္သြားသည္။
မွားသြားမွန္းသိေပမယ့္ သူ ေနာက္ျပန္မဆုတ္ခ်င္။
စခဲ့ၿပီးၿပီမို႔ အစ္ကို႔ေဒါသႏွင့္ အစ္ကို႔ရဲ့တံု႔ျပန္လာမႈေၾကာင့္ အဆံုးထိဆက္ေလ်ွာက္ဖို႔ ေတြးမိခဲ့ေပမယ့္ သူမ ေရာက္လာလိမ့္မည္မထင္ထားခဲ့။
သူမသည္ အစ္ကို႔အတြက္ အားလံုးစြန႔္လႊတ္ရဲသလို ရဲရင့္ေနခဲ့ကာ ထိုရဲရင့္မႈထဲမွ အစ္ကို႔အေပၚထားသၫ့္ခ်စ္ျခင္းတရားကိုပါ ျမင္လိုက္ရသလို....
"နင္ ဘာလို႔တိတ္ေနတာလဲ"
သူမေမးခြန္းအဆံုးမွာ တက္ေျပးလာသၫ့္ေျခသံႏွင့္အတူ ေမမိုးမခရဲ့ခင္ပြန္းကို တံခါးဝမွာေတြ့လိုက္ရ၏။
ထိုလူက သူ႔ကိုေတြ့လိုက္သည္ႏွင့္ တရိွန္ထိုးေျပးလာၿပီး လက္သီးတစ္ခ်က္ထိုးပစ္၍ သူ ၾကမ္းျပင္ေပၚလဲက်၏။
ဒီေကာင္ကေရာ ဘာလဲ...
"ငါ့သူငယ္ခ်င္းကို ငါေတာင္စိတ္ဆင္းရဲေအာင္မလုပ္ဘူး မင္းကဘာေကာင္မို႔"
ေက်ာ္ပီယကိုလည္း သူဘာမျွပန္မလုပ္ခ်င္၍ ေရွာင္ဖယ္ပစ္ေနမိသည္။
သူကေရာ သူမကိုစိတ္ဆင္းရဲေအာင္လုပ္တဲ့ေကာင္လား။
ငိုခ်င္စိတ္ေတျြပင္းျပလာသည္မို႔ မ်က္ရည္ဝဲေတာ့ သူမက ႏႈတ္ခမ္းေလးမဲ့ပစ္သည္။
"မင္းေစရာကေတာ့ သူ႔အသက္ေသလုနီးပါးျဖစ္တဲ့အထိ ငါ့ကိုခ်စ္ျပခဲ့တာပဲ နင္ငါ့ကိုခ်စ္တယ္ဆိုရင္ နင္ဘယ္လိုသက္ေသျပမလဲ"
သူမ စိန္ေခၚစကားေျပာလာသၫ့္အျပင္ ထိုစကားက အစ္ကိုနဲ႔သူ႔ကိုႏိႈင္းယွဥ္ျပလိုက္သၫ့္စကားမ်ိဳး။
"နင္ ဘာလိုခ်င္တာလဲ ခေရဝိုင္"
"နင္ရႈပ္ခဲ့တဲ့ျပႆနာကို နင္ျပန္ရွင္း ငါလိုခ်င္တာအဲ့ဒါပဲ"
သူမရဲ့ေတာင္းဆိုမႈက ရိုးရိုးရွင္းရွင္းေလးျဖစ္သည္။
အေမ့ကိုဖုန္းဆက္လို႔မရသၫ့္ စိုးရိမ္မႈေတြလည္း ထြက္ေပါက္မဲ့ေနဆဲျဖစ္သလို သူမဆီက စကားတစ္ခြန္းတိုင္းဟာလည္း ဓားနဲ႔မႊန္းပစ္သလို ခံရခက္လွသည္။
သူမကို စူးစိုက္နာက်င္စြာၾကၫ့္မိေတာ့ သူမက စိမ္းကားေသာအၾကၫ့္ေတျြဖင့္သာရိွသည္။
အစ္ကို႔ကိုၾကၫ့္ခဲ့သၫ့္အၾကၫ့္ေတြက ႏူးညံ့ရႊန္းလဲ့ေနသေလာက္••••
"ဘာလို႔ရႈပ္ခဲ့တာလဲေရာ မင္းသိလား မင္းေစဆိုတဲ့လူရဲ့လက္ထဲမွာ အရာအားလံုးရိွေနတာ အခု အဲ့ေကာင္ငါ့အေမကိုေခၚသြားၿပီ မင္းေယာက်ာ္းက ငါလုပ္သမ်ွခံေနရတဲ့ငအူငအေလးမို႔လို႔လား ခေရဝိုင္"
"သူက နင့္အစ္ကိုပဲ နင္ကပိုသိရမွာမလား ငအူငအေလး မဟုတ္မွန္းသိရင္ နင္ဘာလို႔ဒီလိုေတြလုပ္ခဲ့ေသးလဲ"
သူလုပ္ခဲ့တာက အစ္ကိုBangkokေရာက္ဖို႔တစ္ခုသာ။
ပယင္းက အစ္ကိုနဲ႔သူမ ၾကားမွာဝင္ရပ္မည္၊ သူတို႔ခ်င္းျပႆနာျဖစ္ေအာင္လုပ္မည္ဆိုသၫ့္ ရည္ရြယ္ခ်က္။
"ေျပာ နင္ဘာလုပ္မွာလဲ"
သူမရဲ့သူငယ္ခ်င္းဆိုသၫ့္ေကာင္က သူမမ်က္ႏွာကိုၾကၫ့္ၿပီးေမးလိုက္သည္။
ဒီေကာင္က သူမပါးစပ္မွ သတ္မယ္ဆိုသၫ့္စကားထြက္လာရင္ေတာင္ တကယ္သတ္ျဖတ္ေတာ့မလို ခက္ထန္မာေက်ာေနခဲ့၏။
"သူ Bangkokကိုလိုက္သြားလိမ့္မယ္ မင္းေစရာတို႔ရွင္းရမယ့္ျပႆနာကို သူပဲေျဖရွင္းေပးလိမ့္မယ္ ဟုတ္တယ္မလား"
သူမ ေမးလာပံုက ပိုင္ႏိုင္သၫ့္ေလးနက္မႈမ်ိဳးျဖင့္။
"မူပိုင္ခြင့္ျပႆနာက ငါရွင္းလို႔မရဘူး ငါက အစ္ကိုဆဲြတာပါလို႔ဝန္ခံရင္ေတာင္ ငါ့မွာသက္ေသမရိွဘူး အဲ့ဒါက ဟိုမိန္းမစီစဥ္တာ ငါ့အစီအစဥ္က အစ္ကို Bangkok ထြက္ေအာင္လုပ္ေပးဖို႔တစ္ခုတည္းပဲ"
"ဘာပဲျဖစ္ျဖစ္ နင္လိုက္သြားရမယ္ မင္းေစရာ နင့္ကိုခြင့္လႊတ္မွ ငါလည္းနင့္ကိုခြင့္လႊတ္မယ္ အမႈတစ္ခုကိုစီစဥ္တယ္ဆိုတာ နင္တစ္ေယာက္ပဲကၽြမ္းက်င္တာမဟုတ္ဘူး အဲ့ဒါကိုမေမ့နဲ႔"
ၿခိမ္းေျခာက္ျခင္းမဟုတ္ေသာ သတိေပးျခင္းျဖင့္ သူမ ေျပာလာေတာ့ သူ ေခါင္းညိတ္ျပလိုက္သည္။
အစ္ကို႔ဆီက ခြင့္လႊတ္မႈကိုလိုခ်င္မိေပမယ့္ အစ္ကိုက ႏွစ္ခါခြင့္လႊတ္တတ္သူမဟုတ္။
▪▪▪⏳⏳⏳▪▪▪
Part 44 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial74 Chapters
Seaborn
Domenic is a sailor who just wants a life at sea. A brewing war between nations turn the already dangerous seas into something perilous. Domenic is forced into an untenable position, one he escapes with his life – though there is a greater cost he’ll have to pay after his deal with the devil.Join Domenic as he explores the meaning and cost of both servitude and freedom!
8 419 - In Serial37 Chapters
Vaewolf System
[participant in the Royal Road Writathon challenge] Textbook Definition of a Vaewolf; Hybrid, of Vampire and Werewolf. When the FAE, creatures of fantasy and long-lost history, rushed out of the depths of the earth, sick of how humanity had destroyed the world, no one had expected it. Unable to contend against their magic and advanced technology, Humanity was soon on the verge of extinction. Until, one ambitious man, invented the Fae Serums. And thus, a new world of Fae Humans was born. Miles Lykaon was meant to live a life of absolute comfort and power, as the next heir to Lykaon Industries. But when he was still a child, his parents passed away. Even with his Butler/Guardian watching over him, in order to protect what his parents had left, he was forced to grow older beyond his age. But he failed, and his inheritance fell into other hands. Until one fateful night, when two mysterious strangers, monsters, crashed into his home. He was meant to die, but a ghost saved his life, sacrificing the two monsters in his place. When Miles woke up, he had been granted a mysterious system, with a strange feature called forms. And so begins the Legend of the Vaewolf, the Lord of Blood and Shadow, the Huntsman of the Wild. Discord Server: https://discord.gg/sPEJKm9Cover Art: Drawn and Designed by me. So expect more art. Updates: I will do my best to update daily. This story is inspired by the glitch in Skyrim, and the general coolness of the idea. --------------------------------------------------------------- Just in case you're looking for something a bit more serious, a bit more real, with longer chapters, perhaps you'd like to check my twin brother's book? It is Project Vaewolf by SomethingStinks. He only updates once or twice a month, but I really like it. Plus, we built the world together. :)
8 318 - In Serial9 Chapters
H*llmark: But Murder and Aliens
After a bustling big city lawyer has a fateful encounter with a body-snatching alien, her new co-pilot steers her back to her home town. The rekindling of an old friendship with the struggling neighborhood painter leaves the foreign mind confused--and smitten. But all's not well in the city she left behind; a string of bodies takes a brilliant detective on something of a goose chase leading right to the lovesick pair. Can romance blossom in this classic tale of murder and aliens?
8 240 - In Serial472 Chapters
Opening an orphanage in another world
I got reincarnated and one thing lead to another, I decided to open up and protect the orphanage
8 203 - In Serial13 Chapters
Little Green Men
As nineteen-year-old Alex Dash cares for his six-year-old twin siblings, Henry and Annabelle, he is forced to navigate a post-cataclysmic world full of hostile entities. Dogs that seem more aware than they ought to, sentient plant-life, nomads aimlessly wandering...Rescued by a farming colony called Community, Alex meets Eva Monroe. She is mysterious, but also familiar somehow. When Alex sees strange lights in the fields, he begins asking questions that no one seems willing to answer. Together, Alex and Eva discover a secret. A secret that no one in Community saw coming...or did they?
8 87 - In Serial10 Chapters
My Angel (Asanoya)
asanoya smut love storyHi guys! Sorry if this is absolutely terrible. I've never really written one of these before but I'm going to try! Thank you so much!
8 159

