《အချစ်ဝိုင် ( Complete )》Extra
Advertisement
အချစ်ဝိုင် ( Extra )
▪▪▪▪▪▪▪▪▪▪
"ကြည့်စမ်း မတွေ့တာကြာတော့ပိုပြီးတော့တောင်လှလာသလိုပဲ"
ခေတို့ ကျောင်းပြီးကာဘွဲ့ရခဲ့တာလည်းကြာပြီဖြစ်သလို သူနဲ့ခေ့ရဲ့အိမ်ထောင်သက်ကလည်း ၃နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။
ဘွဲ့ရပြီးကတည်းက ပီယတို့မိသားစုက နောင်ချိုမှာ အခြေချပြီး လေးလေးသီဟနှင့် ခေ့ဒက်ဒီတို့ရဲ့ ဝိုင်လုပ်ငန်း၊ ခြံလုပ်ငန်းမှာ ပီယကဦးစီးနေ၏။
မန္တလေးကို တစ်ခါတစ်လေမှသာ လာဖြစ်တာမို့ ခေတို့ချင်းလည်းမတွေ့ဖြစ်တာကြာပြီဖြစ်သည်။
"ဟုတ်ပါ့ ဆံပင်တွေကလည်းရှည်နေပြီ အံမယ် တင်ပါးပေါ်တောင်ရောက်နေပြီပဲ"
ခေ ဘာမှမပြောရသေးခင် ပီယရော၊ မခပါ ခေ့ကိုကြည့်ရင်း အမျိုးမျိုးဝေဖန်နေကြ၍ ခေ ပြုံးပြီးအသာငြိမ်နေလိုက်သည်။
"နင်လောက် ခေါင်းဖြီးပျင်းတာ နင်ပဲရှိတယ် ဒါတောင် ဒီလောက်ရှည်တဲ့အထိထားတာ အံ့သြစရာပဲ"
"ငါဘာမှမလုပ်ရပါဘူး သူ့ဘာသာသူဖြီးပေးတာ"
နှစ်ယောက်လုံးမျက်ခုံးတွေပင့်သွားတော့ ခေ အသံထွက်အောက်ရယ်လိုက်မိသည်။
တကယ်လည်း သူက ခေ့ဆံပင်ရှည်တွေကို မြတ်နိုးပြီး အမြဲလိုလို ဖြီးပေး၍ပွေ့ပိုက်နမ်းနေကျ။
"ပြောပါဦး ဒါလေးကရော"
ပူနေသည့်ဗိုက်ကလေးကို မေးငေါ့ရင်း ပီယကမေးလာတော့ ခေ ရှက်ပြုံးလေးပြုံးကာ အပေါ်ထပ်ဆီကို မေးငေါ့ပြလိုက်သည်။
"ဟိုလူယုတ်မာပေါ့ ဘွဲ့ရပြီးကတည်းက တဂျီဂျီနဲ့မို့ယူလိုက်တာ ၈လကျော်ခဲ့ပြီ"
"အံမယ် ငါ့အစ်ကို ကိုနော်"
မခစကားကြောင့် ခေ မျက်စောင်းလေးထိုးပစ်တော့ အသံတွေကြားလိုက်၍လားမသိ၊ သူက ဆင်းလာသည်။
"ရောက်နေကြပြီလား ကလေးကရော"
"သူ့အဘိုးတွေနဲ့ထားခဲ့တာ နေ့ချင်းပြန်မလို့ ပင်ပန်းနေမှာစိုးလို့ ခေစုတ်မကိုလာကြည့်တာ"
သူက ခေ့အနားကိုရောက်လာကာ ပခုံးလေးကိုဖက်ပြီး ဗိုက်ပူပူလေးကိုကြည့်ကာ...
"ဘာစားချင်လဲ"
"ကီဝီသီးဖျော်ရည်လေးသောက်ချင်တာ ရေခဲသေတ္တာထဲမှာ မင်းထက်ဝယ်လာတာတွေရှိတယ် သွားယူပေး"
ဒေါ်ကြီးသီက ပီယတို့အတွက် ဧည့်ခံဖို့မုန့်တွေယူလာပေးပေမယ့် ခေ့အတွက်ကိုတော့ သူကကိုယ်တိုင်ထယူပေးပြီး ခေ သောက်နေတာကိုလည်းထိုင်ကြည့်နေ၏။
"ကိုမင်း ညီမလေးကိုလည်းအရေးလုပ်ပါဦး တစ်ခါတစ်လေမှလာရတာကို"
"စားလေ"
မခရဲ့အငေါ်တူးစကားကြောင့် သူက ဝတ်ကြေတမ်းကျေသာလှမ်းပြောပြီး သူမကိုပဲတကြည့်ကြည့်။
"ရှင်နော် ဘာလို့အဲ့လိုကြီးကြည့်နေတာလဲ သွား ဟိုဘက်လှည့်နေ"
"မရဘူး ညကအိပ်ရင်းနဲ့ဇက်စောင်းနေတာ ဒီဘက်ပဲလှည့်လို့ရတာ"
ဟိုနှစ်ယောက်ဆီမှ ရယ်သံတွေထွက်လာတော့ ခေ ရှက်သွားမိပြီး သူ့မျက်နှာကြီးကိုတွန်းပစ်လိုက်သည်။
"ဘာလေးလဲသိရောပေါ့အခုဆို"
"ယောကျာ်းလေး"
"တကယ်လား အဲ့ဒါဆိုခေါင်းကျိန်းစရာပဲ ကိုမင်းတစ်ယောက်တည်းတောင်ကြောက်နေရတာ ကိုမင်းရဲ့သားရောဆို အမလေး!! "
ခေရှက်ကိုးရှက်ကန်းဖြစ်သွားပြီး သူ့ကျောကြီးကို တအုန်းအုန်းထုပစ်တော့ သူကမနာပါဘဲ အကဲပိုနေပြန်သည်။
"အဲ့ဒါ အဲ့လူကြီးမကောင်းလို့ပေါ့ သူများကိုသက်သက်နှိပ်စက်တာ"
"အခု ဘယ်သူကနှိပ်စက်နေတာလဲ ဒေါ်ခရေဝိုင်"
"မသိဘူး ရှင့်မျက်နှာကြီးကိုမမြင်ချင်ဘူး"
"ရတယ်လေ ပြီးမှ မုန့်စားချင်လို့ ခြေသည်းဆေးဆိုးချင်လို့ ဖိနပ်စီးချင်လို့ဆိုမှ ဒီကောင့်ကိုသတိမရနဲ့"
သူ့စကားကြောင့် မခက အံ့သြသွားသလိုဖြင့် ခေ့ကိုမျက်စောင်းလေးချီ၏။
သူတို့ကကြောက်ရသည့် ဒီလူကြီးကို ခေက စိတ်ထင်သလိုနိုင်စားနေသည်ကိုး။
"ထိုင်ကြဦး ငါလက်စသပ်စရာကိစ္စရှိသေးလို့"
"ဟုတ်"
သူက ခေ့နဖူးကိုဖွဖွလေးငုံ့နမ်းကာ အပေါ်ကိုပြန်တက်သွားတော့မှ မခက ခေ့အနားရောက်လာပြီး...
"ဒီတစ်ခါ ငါ့အလှည့်ပဲ"
ဆို၍ ခေ့ဗိုက်ပူပူလေးပေါ်နားကပ်ထောင်၏။
ခေ ရယ်လိုက်ပြီး ပီယပခုံးပေါ်မှီလိုက်တော့ ခေတို့၃ယောက်ရဲ့ ရင်းနှီးမှုတွေက ပိုပြီးနွေးထွေးလာသလိုပင်။
▪▪▪⏳⏳⏳▪▪▪
"ဦးမင်းစေရာ ထပါဦး ခေဗိုက်နာတယ်"
ငိုသံပါလေးဖြင့်နှိုးလာတော့ သူ ထထိုင်လိုက်ပြီး ပြာယာခတ်သွားကာ ခေ့ကိုယ်လေးကို ကောက်ချီပြီး အောက်ကိုပြေးဆင်းလာခဲ့သည်။
"မေမေ ကြီးမေ ထပါဦး ခေဗိုက်နာနေပြီ"
တစ်အိမ်လုံးကိုလည်း သူပဲအော်နှိုးတော့ ခေသည် ငိုမဲ့မဲ့ဖြင့် သူ့လည်ပင်းကိုဖက်ကာ နှုတ်ခမ်းလေးကိုက်ထားမိသည်။
တဆစ်ဆစ်နာနေတာက တစ်ကိုယ်လုံးကို အပ်ဖျားတွေနှင့်ထိုးစိုက်နေသလို ခံရခက်၏။
"အဲ့ဒါရှင်မကောင်းလို့ လူယုတ်မာကြီးရဲ့"
ခေ သူ့ရင်ဘတ်ကို တဘုတ်ဘုတ်ထုတော့ မေမေတို့ကလည်း ပြုံးစိစိဖြစ်သွား၍ သူ့မျက်နှာလည်းရဲခနဲဖြစ်သွားသည်။
"ပြီးမှအဝထု အသေပါသတ်သတ်ကွာ အခုဆေးရုံသွားရအောင်နော်"
မနက် ၂နာရီလောက်မှ ဝရုန်းသုန်းကားဖြင့် ဆေးရုံကိုထွက်လာရကာ နာပြီးအော်ငိုနေသောသူမမျက်နှာလေးကြောင့် ခွဲခန်းဝင်ရသည့်တိုင်စိတ်မဖြောင့်နိုင်။
ခွဲခန်းကထွက်လာတော့ မနက်၆နာရီထိုးတော့မှာဖြစ်ကာ နွမ်းဖတ်နေသည့်မျက်နှာလေးကိုကြည့်ရင်း သနားသွားမိသည်။
နဖူးလေးကို ဖွဖွလေးငုံ့နမ်းတော့ သူမနှုတ်ခမ်းလေးပြုံးသွား၍ ကလေးလေးကိုငုံ့ကြည့်မိသည်။
"ဒီတစ်ယောက်ပဲနော် နောက်ထပ် မယူရတော့ဘူး ကြားလား ခရေဝိုင်"
"ဘာဖြစ်လို့လဲ ပြောတော့ ဘောလုံးတစ်သင်းစာဆို"
"အဲ့လောက်နာမှန်းမှမသိတာ တော်ပြီကွာ တစ်ယောက်ပဲ"
ခေ သူ့ကိုမျက်စောင်းလေးထိုးကာ ပခုံးပေါ်ကိုမှီလာတော့ ခေ့ကိုသူဖက်ထားလိုက်သည်။
"ကလေးလေးချီချင်တယ်"
သူမစကားကြောင့် မေမေနဲ့ကြီးမေက သူမဆီကိုကလေးယူလာပေးသည်။
သားလေးကိုချီလိုက်ရတော့ ပြုံးလာသည့်သူမမျက်နှာလေးဟာ သူတွေ့ဖူးသမျှထဲအလှဆုံးဖြစ်သလို မြတ်နိုးချင်စရာအကောင်းဆုံးဖြစ်သည်။
"မင်းကိုချစ်တယ်"
သားကိုရော၊ သူမကိုပါ သိမ်းကျုံးဖက်ထားမိတော့ သူမက တိုးတိုးရယ်ကာ သူ့မေးဖျားကိုမော့နမ်း၏။
ဘာမှမသိသေးသော ကလေးလေးကတော့ တခစ်ခစ်ရယ်နေခဲ့ကာ•••
▪▪▪⏳⏳⏳▪▪▪
"သားသားနော် ဒီတစ်လုပ်ပဲလို့"
"မစားဘူး မစားဘူး"
"မစားရင် မေမေ အော်ငိုလိုက်မှာနော်"
သားသားက ခေ့စကားကြောင့် သူ့အဖေကိုလှမ်းကြည့်တော့ သူက အလုပ်လုပ်နေရာမှ သားသားကို တစ်ချက်လှမ်းကြည့်၏။
"မင်းက မင်းအမေကို ငိုအောင်လုပ်ချင်လို့လား"
"မဟုတ်ပါဘူး ဖေဖေ"
"အခုသွားစား နောက်ထပ်မပြောရစေနဲ့"
ထိုအခါမှ သားသားက ခေ့ဆီပြေးလာပြီး ထမင်းတွေစားတော့ ခေ့မှာ သားသားကိုကြည့်ပြီးရယ်ရသေးသည်။
"သား အိပ်သွားပြီလား"
"အင်း"
သူက ခေ့ကိုခါးကနေဖက်ကာ လည်တိုင်လေးကိုနမ်းတော့ ခေသူ့လက်တွေကို ထပ်အုပ်ကိုင်ထားလိုက်သည်။
သားသားရှိလာသည့်တိုင် သူ ခေ့အပေါ်သည်းသည်းလှုပ်ချစ်မြတ်နိုးတာကတော့ လျော့မသွားဘဲ အခုထက်ထိအရိပ်တကြည့်ကြည့်ရှိဆဲ။
"ဒီီဘက်လှည့်ကွာ နမ်းချင်လို့"
"ရှင်နော် ကလေးတောင်ရနေပြီကို ခုထိယုတ်မာချင်တုန်း"
"မင်းတစ်ယောက်တည်းကိုပဲ ယုတ်မာတာလေ"
Advertisement
အရင်ထက်မလျော့သော မြတ်နိုးသည့်အနမ်းတွေက ခေ့နှုတ်ခမ်းလေးပေါ်ရောက်လာ၍ သူ့လည်ပင်းကိုပြန်ဖက်ထားမိသည်။
ခဏကြာတော့မှ ခေ ရုန်းထွက်လိုက်ကာ သူ့ကျောပြင်ကိုသိုင်းဖက်ထားရင်း ရင်ဘတ်ပေါ်မေးလေးတင်ပြီး•••
"နေ့လည်က ခေတကယ်ငိုရင် သားသားကိုတကယ်ရိုက်မှာလား"
"အင်း ကိုယ်တောင် ငိုအောင်မလုပ်ဘူး မင်းငိုရရင် ငိုအောင်လုပ်တဲ့သူကို လိုက်ဆော်မှာပဲ"
"ပိုလိုက်တာ"
"ဘာဖြစ်လဲ အဲ့လိုပိုတာကို မင်းလည်းသဘောကျတယ်မလား"
"အင်း"
"အဲ့ဒါဆို ငြိမ်ငြိမ်နေ"
သူ ခေ့ကိုယ်လေးကိုကောက်ပွေ့ယူတော့ အသံလေးထွက်အောင်ရယ်ရင်း သူ့ရင်ဘတ်ကိုကိုက်ပစ်သည်။
သူမဆီက ထိုသို့သောဆိုးနွဲ့မှုလေးတွေကိုလည်း ချစ်သည်။
သူမရဲ့အကျင့်စရိုက်လေးတိုင်းကိုချစ်သည်။
သူမရဲ့အမူအယာလေးတွေကိုလည်းချစ်သည်။
သူမရဲ့ပြည့်စုံခြင်း၊ မပြည့်စုံခြင်းတွေကိုလည်းချစ်သည်။
သူမအတွက် ဘာမဆိုလုပ်ရဲသည်အထိ ချစ်သည်။
သူမဟာ သူ့ဘဝရဲ့အစဖြစ်သလို သူ့ဘဝရဲ့အဆုံးသတ်ခြင်းအဖြစ် ချစ်သည်။
သူမက ကိုယ့်အတွက် ယစ်မူးမဝသည့် အချစ်ဝိုင်.....
▪▪▪⏳⏳⏳▪▪▪
Extraမျှော်နေတဲ့ မင်မင့်ရဲ့ဘေဘီပွစိတွေအတွက်ပါ။
အချစ်ဝိုင် Ficလေးကို မအားလည်းရေး အားလည်းရေးဆိုတော့ အမှားတွေပါချင်လည်းပါနိုင်ပါတယ်
ဒီ့အတွက်လည်း ခွင့်လွှတ်ပေးကြပါနော်🙏🙏🙏
Shin Thant ( Summer Maung )ရယ်လို့ အသိအမှတ်ပြုအားပေးကြတဲ့ စာဖတ်သူတွေကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်ရှင့်😍
နောက်ထပ်ရေးမယ့် Ficအသစ်တွေကိုလည်း အားပေးကြပါဦးလို့😁
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( Extra )
▪▪▪▪▪▪▪▪▪▪
"ၾကည့္စမ္း မေတြ့တာၾကာေတာ့ပိုၿပီးေတာ့ေတာင္လွလာသလိုပဲ"
ေခတို႔ ေက်ာင္းၿပီးကာဘဲြ႔ရခဲ့တာလည္းၾကာၿပီျဖစ္သလို သူနဲ႔ေခ့ရဲ့အိမ္ေထာင္သက္ကလည္း ၃ႏွစ္ေက်ာ္ၾကာခဲ့ၿပီျဖစ္သည္။
ဘဲြ႔ရၿပီးကတည္းက ပီယတို႔မိသားစုက ေနာင္ခ်ိဳမွာ အေျခခ်ၿပီး ေလးေလးသီဟႏွင့္ ေခ့ဒက္ဒီတို႔ရဲ့ ဝိုင္လုပ္ငန္း၊ ၿခံလုပ္ငန္းမွာ ပီယကဦးစီးေန၏။
မႏၲေလးကို တစ္ခါတစ္ေလမွသာ လာျဖစ္တာမို႔ ေခတို႔ခ်င္းလည္းမေတြ့ျဖစ္တာၾကာၿပီျဖစ္သည္။
"ဟုတ္ပါ့ ဆံပင္ေတြကလည္းရွည္ေနၿပီ အံမယ္ တင္ပါးေပၚေတာင္ေရာက္ေနၿပီပဲ"
ေခ ဘာမွမေျပာရေသးခင္ ပီယေရာ၊ မခပါ ေခ့ကိုၾကၫ့္ရင္း အမ်ိဳးမ်ိဳးေဝဖန္ေနၾက၍ ေခ ႃပံုးၿပီးအသာၿငိမ္ေနလိုက္သည္။
"နင္ေလာက္ ေခါင္းၿဖီးပ်င္းတာ နင္ပဲရိွတယ္ ဒါေတာင္ ဒီေလာက္ရွည္တဲ့အထိထားတာ အံ့ၾသစရာပဲ"
"ငါဘာမွမလုပ္ရပါဘူး သူ႔ဘာသာသူၿဖီးေပးတာ"
ႏွစ္ေယာက္လံုးမ်က္ခံုးေတြပင့္သြားေတာ့ ေခ အသံထြက္ေအာက္ရယ္လိုက္မိသည္။
တကယ္လည္း သူက ေခ့ဆံပင္ရွည္ေတြကို ျမတ္ႏိုးၿပီး အၿမဲလိုလို ၿဖီးေပး၍ေပြ့ပိုက္နမ္းေနက်။
"ေျပာပါဦး ဒါေလးကေရာ"
ပူေနသၫ့္ဗိုက္ကေလးကို ေမးေငါ့ရင္း ပီယကေမးလာေတာ့ ေခ ရွက္ႃပံုးေလးႃပံုးကာ အေပၚထပ္ဆီကို ေမးေငါ့ျပလိုက္သည္။
"ဟိုလူယုတ္မာေပါ့ ဘဲြ႔ရၿပီးကတည္းက တဂ်ီဂ်ီနဲ႔မို႔ယူလိုက္တာ ၈လေက်ာ္ခဲ့ၿပီ"
"အံမယ္ ငါ့အစ္ကို ကိုေနာ္"
မခစကားေၾကာင့္ ေခ မ်က္ေစာင္းေလးထိုးပစ္ေတာ့ အသံေတြၾကားလိုက္၍လားမသိ၊ သူက ဆင္းလာသည္။
"ေရာက္ေနၾကၿပီလား ကေလးကေရာ"
"သူ႔အဘိုးေတြနဲ႔ထားခဲ့တာ ေန့ခ်င္းျပန္မလို႔ ပင္ပန္းေနမွာစိုးလို႔ ေခစုတ္မကိုလာၾကၫ့္တာ"
သူက ေခ့အနားကိုေရာက္လာကာ ပခံုးေလးကိုဖက္ၿပီး ဗိုက္ပူပူေလးကိုၾကၫ့္ကာ...
"ဘာစားခ်င္လဲ"
"ကီဝီသီးေဖ်ာ္ရည္ေလးေသာက္ခ်င္တာ ေရခဲေသတၲာထဲမွာ မင္းထက္ဝယ္လာတာေတြရိွတယ္ သြားယူေပး"
ေဒၚႀကီးသီက ပီယတို႔အတြက္ ဧၫ့္ခံဖို႔မုန႔္ေတြယူလာေပးေပမယ့္ ေခ့အတြက္ကိုေတာ့ သူကကိုယ္တိုင္ထယူေပးၿပီး ေခ ေသာက္ေနတာကိုလည္းထိုင္ၾကၫ့္ေန၏။
"ကိုမင္း ညီမေလးကိုလည္းအေရးလုပ္ပါဦး တစ္ခါတစ္ေလမွလာရတာကို"
"စားေလ"
မခရဲ့အေငၚတူးစကားေၾကာင့္ သူက ဝတ္ေၾကတမ္းေက်သာလွမ္းေျပာၿပီး သူမကိုပဲတၾကၫ့္ၾကၫ့္။
"ရွင္ေနာ္ ဘာလို႔အဲ့လိုႀကီးၾကည့္ေနတာလဲ သြား ဟိုဘက္လွည့္ေန"
"မရဘူး ညကအိပ္ရင္းနဲ႔ဇက္ေစာင္းေနတာ ဒီဘက္ပဲလွၫ့္လို႔ရတာ"
ဟိုႏွစ္ေယာက္ဆီမွ ရယ္သံေတြထြက္လာေတာ့ ေခ ရွက္သြားမိၿပီး သူ႔မ်က္ႏွာႀကီးကိုတြန္းပစ္လိုက္သည္။
"ဘာေလးလဲသိေရာေပါ့အခုဆို"
"ေယာက်ာ္းေလး"
"တကယ္လား အဲ့ဒါဆိုေခါင္းက်ိန္းစရာပဲ ကိုမင္းတစ္ေယာက္တည္းေတာင္ေၾကာက္ေနရတာ ကိုမင္းရဲ့သားေရာဆို အမေလး!! "
ေခရွက္ကိုးရွက္ကန္းျဖစ္သြားၿပီး သူ႔ေက်ာႀကီးကို တအုန္းအုန္းထုပစ္ေတာ့ သူကမနာပါဘဲ အကဲပိုေနျပန္သည္။
"အဲ့ဒါ အဲ့လူႀကီးမေကာင္းလို႔ေပါ့ သူမ်ားကိုသက္သက္ႏိွပ္စက္တာ"
"အခု ဘယ္သူကႏိွပ္စက္ေနတာလဲ ေဒၚခေရဝိုင္"
"မသိဘူး ရွင့္မ်က္ႏွာႀကီးကိုမျမင္ခ်င္ဘူး"
"ရတယ္ေလ ၿပီးမွ မုန႔္စားခ်င္လို႔ ေျခသည္းေဆးဆိုးခ်င္လို႔ ဖိနပ္စီးခ်င္လို႔ဆိုမွ ဒီေကာင့္ကိုသတိမရနဲ႔"
သူ႔စကားေၾကာင့္ မခက အံ့ၾသသြားသလိုျဖင့္ ေခ့ကိုမ်က္ေစာင္းေလးခ်ီ၏။
သူတို႔ကေၾကာက္ရသၫ့္ ဒီလူႀကီးကို ေခက စိတ္ထင္သလိုႏိုင္စားေနသည္ကိုး။
"ထိုင္ၾကဦး ငါလက္စသပ္စရာကိစၥရိွေသးလို႔"
"ဟုတ္"
သူက ေခ့နဖူးကိုဖြဖြေလးငံု႔နမ္းကာ အေပၚကိုျပန္တက္သြားေတာ့မွ မခက ေခ့အနားေရာက္လာၿပီး...
"ဒီတစ္ခါ ငါ့အလွၫ့္ပဲ"
ဆို၍ ေခ့ဗိုက္ပူပူေလးေပၚနားကပ္ေထာင္၏။
ေခ ရယ္လိုက္ၿပီး ပီယပခံုးေပၚမွီလိုက္ေတာ့ ေခတို႔၃ေယာက္ရဲ့ ရင္းႏွီးမႈေတြက ပိုၿပီးေနြးေထြးလာသလိုပင္။
▪▪▪⏳⏳⏳▪▪▪
"ဦးမင္းေစရာ ထပါဦး ေခဗိုက္နာတယ္"
ငိုသံပါေလးျဖင့္ႏိႈးလာေတာ့ သူ ထထိုင္လိုက္ၿပီး ျပာယာခတ္သြားကာ ေခ့ကိုယ္ေလးကို ေကာက္ခ်ီၿပီး ေအာက္ကိုေျပးဆင္းလာခဲ့သည္။
"ေမေမ ႀကီးေမ ထပါဦး ေခဗိုက္နာေနၿပီ"
တစ္အိမ္လံုးကိုလည္း သူပဲေအာ္ႏိႈးေတာ့ ေခသည္ ငိုမဲ့မဲ့ျဖင့္ သူ႔လည္ပင္းကိုဖက္ကာ ႏႈတ္ခမ္းေလးကိုက္ထားမိသည္။
တဆစ္ဆစ္နာေနတာက တစ္ကိုယ္လံုးကို အပ္ဖ်ားေတြႏွင့္ထိုးစိုက္ေနသလို ခံရခက္၏။
"အဲ့ဒါရွင္မေကာင္းလို႔ လူယုတ္မာႀကီးရဲ့"
ေခ သူ႔ရင္ဘတ္ကို တဘုတ္ဘုတ္ထုေတာ့ ေမေမတို႔ကလည္း ႃပံုးစိစိျဖစ္သြား၍ သူ႔မ်က္ႏွာလည္းရဲခနဲျဖစ္သြားသည္။
"ၿပီးမွအဝထု အေသပါသတ္သတ္ကြာ အခုေဆးရံုသြားရေအာင္ေနာ္"
မနက္ ၂နာရီေလာက္မွ ဝရုန္းသုန္းကားျဖင့္ ေဆးရံုကိုထြက္လာရကာ နာၿပီးေအာ္ငိုေနေသာသူမမ်က္ႏွာေလးေၾကာင့္ ခဲြခန္းဝင္ရသၫ့္တိုင္စိတ္မေျဖာင့္ႏိုင္။
ခဲြခန္းကထြက္လာေတာ့ မနက္၆နာရီထိုးေတာ့မွာျဖစ္ကာ ႏြမ္းဖတ္ေနသည့္မ်က္ႏွာေလးကိုၾကၫ့္ရင္း သနားသြားမိသည္။
နဖူးေလးကို ဖြဖြေလးငံု႔နမ္းေတာ့ သူမႏႈတ္ခမ္းေလးႃပံုးသြား၍ ကေလးေလးကိုငံု႔ၾကၫ့္မိသည္။
"ဒီတစ္ေယာက္ပဲေနာ္ ေနာက္ထပ္ မယူရေတာ့ဘူး ၾကားလား ခေရဝိုင္"
"ဘာျဖစ္လို႔လဲ ေျပာေတာ့ ေဘာလံုးတစ္သင္းစာဆို"
"အဲ့ေလာက္နာမွန္းမွမသိတာ ေတာ္ၿပီကြာ တစ္ေယာက္ပဲ"
ေခ သူ႔ကိုမ်က္ေစာင္းေလးထိုးကာ ပခံုးေပၚကိုမွီလာေတာ့ ေခ့ကိုသူဖက္ထားလိုက္သည္။
"ကေလးေလးခ်ီခ်င္တယ္"
သူမစကားေၾကာင့္ ေမေမနဲ႔ႀကီးေမက သူမဆီကိုကေလးယူလာေပးသည္။
သားေလးကိုခ်ီလိုက္ရေတာ့ ႃပံုးလာသၫ့္သူမမ်က္ႏွာေလးဟာ သူေတြ့ဖူးသမ်ွထဲအလွဆံုးျဖစ္သလို ျမတ္ႏိုးခ်င္စရာအေကာင္းဆံုးျဖစ္သည္။
"မင္းကိုခ်စ္တယ္"
သားကိုေရာ၊ သူမကိုပါ သိမ္းက်ဳံးဖက္ထားမိေတာ့ သူမက တိုးတိုးရယ္ကာ သူ႔ေမးဖ်ားကိုေမာ့နမ္း၏။
ဘာမွမသိေသးေသာ ကေလးေလးကေတာ့ တခစ္ခစ္ရယ္ေနခဲ့ကာ•••
▪▪▪⏳⏳⏳▪▪▪
"သားသားေနာ္ ဒီတစ္လုပ္ပဲလို႔"
"မစားဘူး မစားဘူး"
"မစားရင္ ေမေမ ေအာ္ငိုလိုက္မွာေနာ္"
သားသားက ေခ့စကားေၾကာင့္ သူ႔အေဖကိုလွမ္းၾကၫ့္ေတာ့ သူက အလုပ္လုပ္ေနရာမွ သားသားကို တစ္ခ်က္လွမ္းၾကၫ့္၏။
"မင္းက မင္းအေမကို ငိုေအာင္လုပ္ခ်င္လို႔လား"
"မဟုတ္ပါဘူး ေဖေဖ"
"အခုသြားစား ေနာက္ထပ္မေျပာရေစနဲ႔"
ထိုအခါမွ သားသားက ေခ့ဆီေျပးလာၿပီး ထမင္းေတြစားေတာ့ ေခ့မွာ သားသားကိုၾကၫ့္ၿပီးရယ္ရေသးသည္။
"သား အိပ္သြားၿပီလား"
"အင္း"
သူက ေခ့ကိုခါးကေနဖက္ကာ လည္တိုင္ေလးကိုနမ္းေတာ့ ေခသူ႔လက္ေတြကို ထပ္အုပ္ကိုင္ထားလိုက္သည္။
သားသားရိွလာသၫ့္တိုင္ သူ ေခ့အေပၚသည္းသည္းလႈပ္ခ်စ္ျမတ္ႏိုးတာကေတာ့ ေလ်ာ့မသြားဘဲ အခုထက္ထိအရိပ္တၾကၫ့္ၾကၫ့္ရိွဆဲ။
"ဒီဘက္လွၫ့္ကြာ နမ္းခ်င္လို႔"
"ရွင္ေနာ္ ကေလးေတာင္ရေနၿပီကို ခုထိယုတ္မာခ်င္တုန္း"
"မင္းတစ္ေယာက္တည္းကိုပဲ ယုတ္မာတာေလ"
အရင္ထက္မေလ်ာ့ေသာ ျမတ္ႏိုးသည့္အနမ္းေတြက ေခ့ႏႈတ္ခမ္းေလးေပၚေရာက္လာ၍ သူ႔လည္ပင္းကိုျပန္ဖက္ထားမိသည္။
ခဏၾကာေတာ့မွ ေခ ရုန္းထြက္လိုက္ကာ သူ႔ေက်ာျပင္ကိုသိုင္းဖက္ထားရင္း ရင္ဘတ္ေပၚေမးေလးတင္ၿပီး•••
"ေန့လည္က ေခတကယ္ငိုရင္ သားသားကိုတကယ္ရိုက္မွာလား"
"အင္း ကိုယ္ေတာင္ ငိုေအာင္မလုပ္ဘူး မင္းငိုရရင္ ငိုေအာင္လုပ္တဲ့သူကို လိုက္ေဆာ္မွာပဲ"
"ပိုလိုက္တာ"
"ဘာျဖစ္လဲ အဲ့လိုပိုတာကို မင္းလည္းသေဘာက်တယ္မလား"
"အင္း"
"အဲ့ဒါဆို ၿငိမ္ၿငိမ္ေန"
သူ ေခ့ကိုယ္ေလးကိုေကာက္ေပြ့ယူေတာ့ အသံေလးထြက္ေအာင္ရယ္ရင္း သူ႔ရင္ဘတ္ကိုကိုက္ပစ္သည္။
သူမဆီက ထိုသို႔ေသာဆိုးႏဲြ႔မႈေလးေတြကိုလည္း ခ်စ္သည္။
သူမရဲ့အက်င့္စရိုက္ေလးတိုင္းကိုခ်စ္သည္။
သူမရဲ့အမူအယာေလးေတြကိုလည္းခ်စ္သည္။
သူမရဲ့ျပၫ့္စံုျခင္း၊ မျပၫ့္စံုျခင္းေတြကိုလည္းခ်စ္သည္။
သူမအတြက္ ဘာမဆိုလုပ္ရဲသည္အထိ ခ်စ္သည္။
သူမဟာ သူ႔ဘဝရဲ့အစျဖစ္သလို သူ႔ဘဝရဲ့အဆံုးသတ္ျခင္းအျဖစ္ ခ်စ္သည္။
သူမက ကိုယ့္အတြက္ ယစ္မူးမဝသၫ့္ အခ်စ္ဝိုင္.....
▪▪▪⏳⏳⏳▪▪▪
Extraေမ်ွာ္ေနတဲ့ မင္မင့္ရဲ့ေဘဘီပြစိေတြအတြက္ပါ။
အခ်စ္ဝိုင္ Ficေလးကို မအားလည္းေရး အားလည္းေရးဆိုေတာ့ အမွားေတြပါခ်င္လည္းပါႏိုင္ပါတယ္
ဒီ့အတြက္လည္း ခြင့္လႊတ္ေပးၾကပါေနာ္🙏🙏🙏
Shin Thant ( Summer Maung )ရယ္လို႔ အသိအမွတ္ျပဳအားေပးၾကတဲ့ စာဖတ္သူေတြကိုလည္း ေက်းဇူးအရမ္းတင္ပါတယ္ရွင့္😍
ေနာက္ထပ္ေရးမယ့္ Ficအသစ္ေတြကိုလည္း အားေပးၾကပါဦးလို႔😁
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial10 Chapters
Ultra-Seeker Files: Earth
For centuries, people have asked: Is there life out there besides on Earth? After going out to watch a meteor shower, beginning college student Derek Wattson finds the answer in the form of one fluffy arrival: "Eevee?" With Pokemon appearing in secret around his hometown, Derek has to find them while seeking answers to many questions: Why are Pokemon appearing on Earth in the first place? What is the best way to care for them? And who else knows of the unexpected arrivals?
8 176 - In Serial13 Chapters
Blind
Have you ever wondered what the blind actually see? For Damon, he can't even answer that question. He's been totally blind since birth. He has no concept of light or dark, no colours from which to reference. How is he meant to describe something when he has no visual context to work from. To him it's simply an abyss, or at least he thinks it is.. He doesn't actually know what an abyss looks like. But from the sounds of it, that's as close as he's gonna get to actually knowing what he sees. That is, until he enter's King's Wrath. Welcome one and all to Damon's story as he gains his sight after entering a game in which he must work hard to stay alive and fight to keep the one thing that will let him see what all other's take for granted. I am a first time writer and if you have any tips or if you spot any mistakes please let me know, as I will endeavour to make this story as shiny and polished as possible. Happy Reading!
8 93 - In Serial14 Chapters
The Regrets of Time
Calese (Ca-lese) is a padawan heading into her second ever mission with her Master. But it couldn't have came at a worse time. They go to Alderaan to watch over the Senates' delegates during the negotiations between the Empire and Republic, later bringing about what is known as the Treaty of Coruscant, but the Force has a different Idea for the events to come. Being the Chosen One is never easy. Especially when the prophecy failed to mention Time-Travel as a given ability. Even worse, an ability she could barely control. The Force had to be having fun with her on this one. (Beginning Chapters Rewritten)
8 184 - In Serial7 Chapters
The King & the Brother
Huxley Orphanage is home to many of the slums orphans, including Cessair and Jabez. Two boys who constantly find themselves at the short end of the stick; when finally they decide to take fate into their own hands they must overcome the Orphanage designed to keep them down, a King willing to exploit the blossoming magic in the world at any cost, and their own personal demons.
8 157 - In Serial14 Chapters
Loving him from afar [Completed]
Ruby Williams has had crushes that came by and went within a few days or weeks and she knew it was going to stay that way. However, when she encountered Sam Miller in her sophomore year, she knew this wasn't just a mere crush. A short story of unrequited love, filled with heartbreak and regrets. ..."That night, I got my heart broken by someone who wasn't even mine to begin with."...🥇Highest rankings🥇#1 first heartbreak#1 highschoolcrush#1 untold love#2 lettinggo#3 teenage crush#4 highschool crush#5 non fiction#7 first crush#12 letting go#19 one sided#20 unrequited #23 unrequitedlove#40 regret
8 187 - In Serial16 Chapters
Anxiety- A reader x Sapnap fanfic
COMPLETEDY/N is a 19 year old streamer, she was inspired to do it when her brother Clay/Dream started getting more hype. But that wasn't her only secret.. y/n has sever anxiety and depression. The only way she could be happy was streaming with her 1k viewers. Until she raided from a bigger streamer and her brothers bestfriend; Sapnap. ( mostly reader x Sapnap but a bit of Dreamnotfound )
8 233

