《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-3 Unicode
Advertisement
အပိုင်း(၃): အငုံစိတ်
ညနေခင်းမှောင်ရီပျိုးစအချိန်၌ ရွှမ်းယန်ဟန်ချန်သည် ဧကရီမိဖုရား(မိခင်)နေထိုင်ရာ ယုံရှောင်နန်းဆောင်သို့ ယွင်ဖူနှင့်အတူ သွားရောက်ဂါဝရပြု၏။
သူရောက်သွားချိန်တွင် ဘုရင်နှင့်ဧကရီမိဖုရားတို့သည် ညစာစားပြီး၍ လက်ဖက်ရည်သောက်နေကာ စကားလက်စုံပြောနေကြချိန်ဖြစ်သည်။
ပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဖမည်းတော်နှင့်မယ်တော် အတူရှိနေသည်ကိုမြင်တွေ့လိုက်ရသည့်အခါ သူငိုကြွေးမတတ်ဖြစ်ရလေသည်။
ဟိုးယခင်ထီးနန်းအတွက် တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်နေရချိန်ထဲက သူ့ခမည်းတော်နှင့်မယ်တော်တို့သည် တစ်ဦးအပေါ်တစ်ဦးအမှီသဟဲပြု အားပေးကာဖြစ်လာသမျှကို ရင်ဆိုင်ခဲ့ကြသည်။ဒါကြောင့်ပဲ သူဟာ သူ့မိဘနှစ်ပါး၏ဆက်ဆံရေးကို အမြဲမနာလိုအားကျခဲ့ရလေသည်။
သူ့ရဲ့ခမည်းတော်တွင် နန်းစဉ်ဆက်ခံရန်သားတော်၅ဦးရှိပြီး အသက်ရွယ်အလွန်ကွာခြားလှသော သမီးတော်၂ဦးရှိ၏။သူခမည်းတော်၏ ကိုယ်တိုင် အတွေ့အကြုံအရ နန်းမွေကိစ္စမရှုပ်ထွေးစေရေးအတွက် သမီးယောက္ခမဆက်ဆံရေးကို တိကျစွာစည်းခြားထားခဲ့သည်။သူ့ကို အိမ်ရှေ့စံအဖြစ်သတ်မှတ်ကာ သေချာစွာပြုစုပျိုးခဲ့ကြသည်။သူ့ရဲ့အကိုတော်သည် နန်းတော်၏ အာဏာဘက်ညီမှုရှိစေရေးအတွက် မင်းသားကြီးအဖြစ်သာ အရာထားရှိလေ၏။
ကျန်သော ညီငယ်မင်းသားများအားလဲ တော်ဝင်ဘုရင်အားသစ္စာထားရှိရန် ငယ်စဉ်ကထဲက အလေးအနက်ထားသင်ကြားပေးခဲ့သည်။ရလဒ်အနေဖြင့် သူ့အရင်ဘဝတွင် ညီငယ်များသည် သီးခြား နယ်မြေများခွဲထွက်ကြသည့်တိုင် သူ့အားခြိမ်းခြောက်မှုမပြုလုပ်ခဲ့ကြပေ။ခမည်းတော်သည် သူ့ရဲ့မယ်တော်အပေါ် အလေးမြတ်ထားချစ်ခင်မှု
နှင့် သူ့ရဲ့ရည်ရွယ်ချက်ကို အတိအကျဖော်ပြထားခဲ့သည်။
(T/N:ဧကရာဇ်ဟာ သူနဲ့အတူတူရုန်းကန်ပေးခဲ့တဲ့ ဧကရီမိဖုရားရဲ့သားတော်ရွှမ်းရန်ဟန်ချန်ကိုသာ အိမ်ရှေ့စံအဖြစ်ထားခဲ့ပြီးတော့ ကျန်တဲ့မိဖုရားတွေရဲ့သားတော် သမီးတော်တွေကိုတော့ နန်းမွေဆက်ခံရေးနဲ့ပတ်သတ်လာရင် တိတိကျကျခွဲခြားထားခဲ့တယ်လို့ လွယ်လွယ်မှတ်ယူလို့ရပါတယ်)
ဧကရီသည် သူ့ကိုညအချိန်၌တွေ့လိုက်ရခြင်းကြောင့် အနည်းငယ်ထိပ်လန့်နေဟန်ရှိသည်။
''ခမည်းတော် မယ်တော်...'' ဘာမှဆက်မပြောတော့ သူ၏မိဘနှစ်ပါးပြောလာမှာကိုသာ စောင့်စားနေလိုက်၏။
''ချန်အာ,သား ဘာဖြစ်လို့လဲ?'' မယ်တော်သည် သူ့တွင်တစ်ခုခုဖြစ်နေပြီဆိုတာကို အလိုလိုခံစားနေမိဟန်ရှိလေရာ စိုးထိပ်ဟန်ဖြင့် ''နောက်ကျနေပြီလေ... သားတော်တစ်ခုခုများဖြစ်လာလို့လား.....?''
ဧကရာဇ်သည်လဲ ရွှမ်းရန်ဟန်ချန်တွင်ပြောစရာတစ်ခုခုရှိနေမှန်း သေချာစွာသိနေသဖြင့် အမှုထမ်းတို့အားလက်ဟန်ပြ၍ ထွက်သွားခိုင်း လိုက်သည်။
သူတို့သုံးယောက်ထဲကျန်ခဲ့သော အခါမှ ဧကရာဇ်သည် ရွှမ်းရန်ဟန်ချန်အားမေးလေ၏။
''ဘာကိစ္စရှိနေတာလဲ?''
ရှုးရွှမ်းရင်ဘေးက အပျိုတော်သူ့အား အဆိပ်ခပ်ကြံစည်ကြောင်းနှင့် နောက်ကွယ်တွင်သူ့ရဲ့ကြင်ရာတော်နှင့်ဦးလေးလင်တို့ ရှိနေသည်ကိုလဲ သူ,ဖော်ထုတ်နိုင်ခဲ့ကြောင်း ခမည်းတော်နှင့်မယ်တော်အားလျှောက်တင်လိုက်သည်။
ဧကရာဇ်နှင့်ဧကရီသည် သူ့ရဲ့လျှောက်တင်ချက်ကိုကြားသည့်အခါ အလွန်ထိပ်လန့်ကြကုန်၏။မယ်တော်သည်လွန်စွာထိပ်လန့်လျက် စကားအထစ်ထစ်ဖြင့်မယုံကြည်နိုင်စွာမေးလေသည်။
''ဒါ....ဒါ...တ...ကယ်...ပဲ....လား..?''
ရွှမ်းရန်ဟန်ချန်သည် လွန်စွာဝမ်းနည်းလျက်မယုံကြည်နိုင်ဖြစ်နေသော မယ်တော်ဆီသို့သွားလျက်နှစ်သိမ့်ပေးလေသည်။
''ခမည်းတော် မယ်တော် ဒါကအရမ်းစိုးရိမ်ဖို့မလိုအပ်ပါဘူး စောစောသိလိုက်တာကြောင့် ကုသမှုခံယူလိုက်ရင် နောက်၂နှစ်၃နှစ်နေရင်ပြန်ကောင်းသွားမှာပါ''
''ငါ...ငါဘယ်လိုလုပ်ပြီး....မစိုးရိမ်ပဲနေရမှာလဲ... ငါ့...သား..က.....'' မျိုးဆက်မမွေးနိုင်ဘူးဆိုတာ ကိစ္စအကြီးကြီးပဲလေ။ဒီနှစ်ပိုင်းတွေမှာမကျန်းမာတဲ့သမီးနှစ်ယောက်ပဲရလာတာ မထူးဆန်းတော့ပါဘူးလေ။ချွဲမိသားစုဝင်တွေဟာ တကယ်ကိုရက်စက်ပြီးကြောက်စရာကောင်းတယ်!ကြင်ယာတော်ချွဲ၏အမေ သက်ရှိထင်ရှားရှိနေတုန်းကလဲ သူမအား ဖိနှိပ်အနေခက်အောင်လုပ်ခဲ့တယ်။ အခုထိလဲဒီချွဲမိသားစုဝင်တွေဟာ သူမကိုစိတ်ထိခိုက်အောင်လုပ်နေတုန်းပဲ...။
ဧကရာဇ်သည်လဲ အလွန်မင်းဒေါသထွက်လျက် စားပွဲအားလက်ဖြင့်ထုလိုက်လေရာ လက်ဖက်ရည်ခွက်ပင်တစ်ခွမ်းခွမ်းမြည်လျက်လှုပ်သွားလေသည်။ဧကရာဇ်သည် အံကြိတ်လျက် ''ချွဲအိမ်တော် နဲ့ လင်ဝမ်''
သူထီနန်းဆက်ခံခဲ့တာ နှစ်အနည်းငယ်ကြာပြီးတာတောင် ဒီလင်ဝမ်ဟာလက်မလျော့နိုင်သေးပဲ သူ့သားအားကြံစည်ဖို့ကြိုးစားနေပြန်သည်။
''မင်းမှာ သက်သေရှိလား?'' ဧကရာဇ်သည် တွေးဆဟန်ဖြင့်မေးလာ၏။
''ကိုယ်လုပ်တော်ရှုဘေးက ရံရွေတော်ကို တိတ်တဆိတ်ဖမ်းထားခိုင်ခဲ့ပြီးမင်းသားနန်းဆောင်မှာ ပါဝင်ပတ်သတ်မဲ့သူလျှိုတွေကိုလဲ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။နန်းကျဘုရင်နဲ့ပတ်သတ်ပြီးတော့ သေချာစောင့်ကြည့်နေပေမဲ့ ချွဲအိမ်တော်နဲ့ဆက်သွယ်တယ်ဆိုတဲ့ တိကျတဲ့သက်သေကိုတော့မရှာနိုင်သေးပါဘူး။''ရွှမ်းရန်ဟန်ချန်သည် သက်ပြင်းချရင်းပြန်လည်လျှောက်တင်လိုက်သည်။
ဘန်ရှုရဲ့မိသားစုဟာ ချွဲအိမ်တော်ရဲ့လက်အောက်မှာရှိနေဆိုတဲ့သက်သေကလွဲရင် လင်ဝမ်ဟာဒီကိစ္စမှာပတ်သတ်နေတယ်ဆိုတဲ့ သက်သေကိုမရှာနိုင်သေးပေ။
''ခမည်းတော်,ဒီလူတွေကိုချက်ချင်းရှင်းပစ်ချင်ပါသော်လည်း 'မြက်တောထဲမြွေမရိုက်ချင်'သကဲ့သို့ သေ ချာသောအချိန်ကိုစောင့်ရန်အတွက် လူလွှတ်ပြီးစောင့်ကြည့်ခိုင်းထားပါမယ်။အချိန်ကောင်းရောက်မှ တစ်ချက်ထဲအပြီးထိုးနှက်ပါမယ်။သားတော်ရဲ့ရန်ကြွေးကို ကိုယ်တိုင်ဆက်ပါမယ်။ယောက္ခမကိုလဲ ချန်ထားမှာမဟုတ်ဘူး'' ရွှမ်းရန်ဟန်ချန်သည် သူ့ရဲ့ရည်ရွယ်ချက်ကို သူ့ခမည်းတော်အားပြောပြနေခဲ့သည်။
ဧကရာဇ်သည် သူ့သား၏အစီစဉ်ကိုကြားသည့်အခါ လွန်စွာကျေနပ်နေခဲ့သည်။ဟုတ်တာပေါ့! သက်သေအတိအကျရှိမနေရင် ချွဲအိမ်တော်ကို သွားမိသင့်ဘူး။ဒီမြွေနဲ့တူတဲ့သူတွေက သေအောင်မသတ်နိုင်ရင် ပိုအဆိပ်တတ်အောင်လုပ်ပြီးပြန်ကိုက်ကြလိမ့်မည်။
သူဟာသူ့ရဲ့သားတော်ကိုလွန်စွာမှ ဂုဏ်ယူမိနေသည်။ဒီကလေးဟာ အသက်ငယ်တယ်ဆိုပေမဲ့ အတွေးခေါ်လွန်စွာရင့်ကျက်ပြီး စစ်ရေးအမြင်လဲကြွယ်ဝလေကာ တိုင်းပြည်ရေးရာစီမံခန့်ခွဲရာတွင်လဲ လွန်စွာမှထက်မြက်လှလေသည်။သူ့ရဲ့ခလေးငယ်လေးဟာ လွန်စွာရင့်ကျက်လာ၍ ဒီလိုကြံစည်တတ်မည်မှန်း သူမတွေးမိခဲ့ပေ။
''မင်း ခန္ဓာကိုယ်က၂နှစ်၃နှစ်လောက်ကုသရင် တကယ်ပြန်ကောင်းလာမှာကောဟုတ်ရဲ့လား?'' ဧကရာဇ်သည်သူ့ရဲ့မတင်မကျဖြစ်နေခြင်းအား သေချာစွာမေးလေ၏။
''မှန်လှပါခမည်းတော် တိုင်ဆေးရုံကချင်းချွင်းရုံကိုယ်တိုင်လာရောက် စစ်ဆေးလျှောက်တင်ခဲ့တာပါ။ သူက ခလေးအထူးကုဆောင်မှာရှိနေပါလိမ့်မယ်။အနည်းဆုံး၂နှစ် ၃နှစ်လောက် သေချာကုသရင် ကိုယ်တွင်းမှာအဆိပ်တွေကိုလုံဝရှင်းလင်းနိုင်ပြီး အပြည့်ဝပြန်လည်ကောင်းမွန်နိုင်မယ်လို့ သူ,အသေအချာလျှောက်တင်ခဲ့ပါတယ်။
ပြီးတော့ ဒီနှစ်တွေအတွင်းမှာ အမျိုးသမီးတွေနဲ့နီးနီးကပ်ကပ်မနေသင့်ဘူးဆိုတဲ့ အချက်လဲပါဝင်ပါတယ် '' ရွှမ်းရန်ဟန်ချန်သည် သူအဓိကလျှောက်တင်ချင်သည့်အရာကို အေးဆေးစွာလျှောက်တင်၏။
''အင်း..... ဒီ၂နှစ်၃နှစ်အတွင်းမှာတော့
မင်း...ခလေးမရနိုင်သေးဘူးပေါ့...''
ဧကရာဇ် လေးပင်စွာသက်ပြင်းချလေ၏။ သူ့ရဲ့သား နန်းစဉ်မမွေးထုတ်ပေးနိုင်ဘူးဆိုတာ တကယ့်ကိုပြသာနာကြီးပဲ။ဒါက မိသားစုပြသာနာလို့မဆိုလိုဘူးလေ။နန်းတွင်းအမတ်တွေတောင်မှ နန်းဆက်မမွေးနိုင်ခြင်းကို ပြသာနာလို့တွေးလာနိုင်လေသည်။
''ခမည်းတော်ရဲ့စိုးရိမ်နေမှုကို သားတော်နားလည်ပါတယ် ဒါကြောင့် သားတော် တန်ပြန်တိုက်စစ်တစ်ခုကိုစဉ်းစားမိပါတယ်'' ရွှမ်းရန်ဟန်ချန်သည် လေးနက်စွာဖြင့် ''သားတော် ဘာဘေရိယန်(လူရိုင်း)တွေနဲ့စစ်ခင်းချင်ပါတယ်''
''ဘာ?ဘာဘေရိယန်?'' ဧကရာဇ်သည်ဒွိဟဖြစ်စွာဖြင့် သူတို့နဲ့စာချုပ်ချုပ်ထားတာ ၂နှစ်ပဲရှိသေးတာလေ။ဘာလို့ မင်းက ရုတ်တရက်ကြီး တိုက်ပွဲအကြောင်းထပြောနေရတာလဲ?
"ရယ်စရာတွေ!ဒီလိုအခြေနေဖြစ်နေတာကိုတောင် စစ်မြေပြင်ထွက်ချင်နေသေးတယ်လား?။ ငါ သဘောမတူဘူး'' မယ်တော်သည် အလိုမကျစွာဖြင့်ပြောလေသည်။
''ဘာဘေရိယန်တွေနဲ့စာချုပ်,ချုပ် ထားခဲ့တယ်ဆိုပေမဲ့ သူတို့တွေဟာ ဘာမှအလေးနက်မထားတတ်တဲ့လူရိုင်းတွေ ။ သူတို့ငြိမ်နေခဲ့တာ ၂နှစ်နီးပါးရှိနေပြီ သူတို့ကျူးကျော်မှုကို ပြန်လုပ်ဖို့ဆိုတာ အခုမဟုတ်ရင်အရပ်ထဲတောင်မကြာခင်လုပ်လာမှာပဲ။
ပြီးတော့ကခလေးတွေ(T/N:သိတယ်မလား အရူးနဲ့ခလေးစကားကမှန်တတ်တယ်ဆိုတာလေ) နဲ့အမတ်တွေဟာ လူရိုင်းတွေဒီနှစ်ကောက်ရိတ်သိမ်းချိန်ပြီးရင် တောင်ပိုင်းကနေပြန်ဝင်လာလိမ့်မယ်လို့ ဟောကိန်းထုတ်နေကြတယ်။''ရွှမ်းရန်ဟန်ချန်သည် ခဏနားပြီးနောက်
''သားတော် လက်ရွေးစင်တပ်တော်နဲ့စစ်ထွက်လိုက်ရင် ဘာဘေရိယန်တွေ ကျူးကျော်တဲ့အခါ နယ်စပ်မြို့တွေကို ချက်ချင်းစစ်ကူပို့နိုင်ပြီ။သူတို့ ထိုးစစ်ဆင်ပြီးလို့မြို့တစ်မြို့ဆုံးရှုံးတော့မှ သားတော်စစ်မြေပြင်သွားရမလားလို့ မေးသင့်လား!ဒီကိစ္စက ခမည်းတော်အနေနဲ့ကော ဧကရာဇ်အနေနဲ့ပါ နယ်စပ်ပြသာနာကိုဖြေရှင်းနိုင်မဲ့နည်းလမ်းပါ။တစ်နှစ်မဟုတ်ရင်အလွန်းဆုံးကြာနှစ်ဝက်လောက်အထိပဲ သားတော်ရဲ့ခန္ဓာကိုယ်ကို ယွမ်တိုင်ရဲ့စစ်မြေပြင်မှာ အသုံးတော်ခံဖို့ခွင့်ပြုပေးပါ။''
Advertisement
''ဟုတ်ပြီ အဲ့လိုခွင့်ပြုတယ်ဆိုပါဆို့!မင်း ဒီဘာဘေရိယန်တွေ ပြန်လာတိုက်မယ်ဆိုတာကိုသေချာရဲ့လား?'' ဧကရာဇ် သည် တုန့်ဆိုင်းလျက်မေးလာခဲ့၏။
''ခလေးတွေရဲ့ပြောစကားမို့အာမ,မခံနိုင်ပေမဲ့ သားတော်ရဲ့ထင်မြင်ချက်ကလဲ ဘာဘေရိယန်တွေရဲ့သဘာဝအရ သူတို့ဟာ ဘာကိုမှဂရုမစိုက်တတ်တာကြောင့် ပြန်လာကျူးကျော်ဖို့က 90% လောက်သေချာပါတယ်''
ဧကရာဇ်ဟာခေါင်ငြိမ့်ရင်း သူ့သားတော်ကိုဂုဏ်ယူလျက် သဘော ကျနေခဲ့သည်။သူ့သားတော်ဟာသူ့ထက်တောင် ပိုပြီးတွေးတောဆင်ခြင်နိုင်ပြီး ဧကရာဇ်ဖြစ်တဲ့သူတောင် သူ့သားရဲ့သဘောထားကိုမလွန်ဆန်ခဲ့ပေ။ဒီသားတော်ငယ်ကို သူဟာ ဂုဏ်ယူပြီးရင်းဂုဏ်ယူခဲ့ရ၏။ရွှမ်းရန်ဟန်ချန်သည် သူ့ကိုဘယ်တုန်းကမှစိတ်မပျက်စေခဲ့ပေ။ဒီလိုယုံကြည်အားကိုးရတဲ့သားတော်ကို သူဘာကြောင့်မယုံကြည်ရမှာလဲ။သူ သေချာပေါက်သူ့သားရဲ့အလိုဆန္ဒတွေကို ယုံကြည်ပြီးထောက်ပံ့ပေးရမည်။
''ကောင်းပြီမနက်ဖြန်ကစပြီး မင်းပြင်ဆင်စရာရှိတာပြင်ဆင်တော့''
''ခမည်းတော်, သားတော်စစ်ဆင်ရေးကို သေချာပေါက်အောင်နိုင်အောင်လုပ်ပါ့မယ်''ရွှမ်းရန်ဟန်သည် သူ့၏ခမည်းတော်သည် သူ့အားယုံကြည်နေဆဲဖြစ်တာကြောင့် အနည်းငယ်စိတ်လှုပ်ရှားသွားခဲ့လေသည်။
သူယုံရှောင်နန်းဆောင်မှပြန်ထွက်လာပြီးနောက် နန်းဆောင်ပြင်ပတွင်စောင့်နေခဲ့သောယွင်ဖူအား 'နန်းဆောင်ကို ပြန်ရအောင် '။
သူကောင်းကင်ကတလက်လက်တောက်ပနေသော ကြယ်တွေကို သက်ပြင်းဖြည်းဖြည်းချလျက်ငေးကြည့်ရင်း သူ့ရဲ့မိဘနှစ်ပါးအားသူ့ကိုယုံကြည်စေလျက် သူတို့ရဲ့သဘောထားတွေကို နောက်ဆုံးတော့ပြောင်းလဲနိုင်ခဲ့ပြီဟု တွေးနေခဲ့လေသည်။
ဒီနေ့ညချမ်းမှာဆိုရင်ဖြင့်လူအတော်များများသည် အိပ်မပျော်နိုင်ဖြစ်နေကြ၏။ သူ့ရဲ့ရံရွေတော်အဖမ်းခံလိုက်ရသည်ဆိုသော သတင်းကြားလိုက်ရသည့် ရှုးရွှမ်းရင်သည်လဲတစ်ယောက်အပါဝင်ဖြစ်သည်။သူမသည်လဲအကျယ်ချုပ်ကျခံထားရပြန်၏။
ဘာတွေမှားယွင်းနေတယ်ဆိုတာကို သူမနားမလည်နိုင်အောင်ဖြစ်နေရသည်။အိမ်ရှေ့စံကသူမကို ချစ်မြတ်နိုးသည်။သူမပို့တဲ့စွတ်ပြုတ်တွေကိုလဲကြိုက်နှစ်သက်ကာ မကြာမကြာသူမနှင့်အတူအချိန်ဖြုန်းပေး၍ စွတ်ပြုတ်လာရောက်သောက်တတ်၏။
အခုတော့ သူမတစ်ခါမှမကြုံတွေ့ခဲ့ရဖူးသည့် နန်းဆောင်ပြင်ပသို့ထွက်ခြင်းကိုပါပိတ်ပင်ခံထားရတာကြောင့် ဘာတင်းတစ်ခုမှမစုံစမ်းနိုင်သေးပေ။ဒါက သူမကိုတကယ်တုန်လှုပ်ခြောက်ခြားစေလေသည်။
'ဇီးစေ့လေး ငါ့အကြောင်းဘာတွေဖြစ်နေပြီလဲဆိုတာ ငါ့ကိုသွားစုံစမ်းပေးစမ်း''ရှုးရွှမ်းရင်သည် သူ့ဘေးတွင်ရှိနေသည့် ****ကိုပြောလိုက်၏။ တကယ်လို့များ ဘန်ရှုကနေတဆင့် သူမရဲ့အစေအပါးလေးတွေအကြောင်းကို သိသွားခဲ့ရင်ဆိုတဲ့အတွေးနှင့် အနည်ငယ်တုန်လှုပ်စိတ်ဖြင့်ခြောက်ခြားနေသည်။
ကိုယ့်ဘာသာပြန်တွေးရင်း နှစ်သိမ့်နေမိ၏။လူတွေက ဒီလောက်မရိုးရှင်းကြဘူးလေ။သူမလုပ်တာတွေက ဘာသဲလွန်စမှကျန်ခဲ့တာမှမဟုတ်တာ တကယ်လို့များမိသွားခဲ့တယ်ဆိုရင် သူမကိုအကျယ်ချုပ်ထားတာလောက်နဲ့ဘယ်ပြီးပါ့မလဲ။
အိမ်ရှေ့စံ၏နန်းဆောင်,ကြင်ယာတော်ချွဲချင်ယိ(ရွှယ်ယိယိ) သည်လဲ သူမ၏လူယုံဝမ်ရှီအားစိုးရိမ်စွာဖြင့် ''ဘန်ရှုသူ မဖြစ်နိုင်လောက်ပါဘူး....။''
''မဖြစ်နိုင်ပါဘူးကြင်ယာတော် ။ တကယ်လို့တွေ့ခဲ့ရင်လဲ ဘန်ရှုက ကိုယ်လုပ်တော်ရှုရဲ့ရံရွေတော်လေ အိမ်ရှေ့စံကိုထိခိုက်စေတာက သူလို့ပဲတွေးမိကြမှာကပိုသဘာဝကျပါတယ်''
''ဟုတ်ပါတယ်လေ ဘန်ရှုရဲ့မိသားစုနဲ့လဲ အပေးအယူလုပ်ထားပြီး့ပီပဲ
''စိတ်ချထားလိုက်ပါ ကြင်ယာတော်ဒီကိစ္စကို အေးအေးဆေးဆေးဖြတ်ကျော်နိုင်မယ်ဆိုတာ ယုံထားလိုက်ပါ။'' ဝမ်ရှီသည် သူ့ရင်ဘတ်ကိုပုတ်၍ယုံကြည်မှုပြည့်ဝနေဟန်ဖြင့် ပြောလာသည်။
ဒါပေမယ့်သူတို့မသိတာက အိမ်ရှေ့စံနန်းဆောင်၏အတွင်းပိုင်းသည် အပြည့်အဝထိန်းချုပ်ခံနေရပြီး ကြင်ယာတော်ကိုယ်လုပ်တော်တို့၏ အပြုအမူမှန်သမျှတို့ကိုညဉ့်သူရဲကောင်း အထူးကိုယ်ရံတော်အဖွဲ့က စောင့်ကြည့်နေသလိုသတင်းယိုပေါက်လဲ တစ်ခုမှမရှိတော့ဘူးဆိုတာပါပဲ။
နောက်တစ်နေ့မနက်တွင် ရွှမ်းရန်ဟန်ချန်သည် ကိုရီးယားသံတမန်အဖွဲ့တစ်ဖွဲ့နှင့်တွေ့ဆုံပေး၍ သူ့ခမည်းတော်၏ အစိုးရလုပ်ငန်းတွေကိုကူညီပေးလေသည်။စစ်မြေပြင်အတွက်မဟာဗျူဟာကျနယ်မြေတွေ၊စစ်ရေးဗျူဟာတွေလေ့လာသ လို စစ်သားတွေကိုလဲ ကြံ့ခိုင်မှုပြည့်ဝစေရန်အထူးကြပ်မတ်လေ့ကျင့်ပေးရင်းဖြင့်သာ အချိန်အများစုကိုကုန်ဆုံးစေလေသည်။ဘဝဟာပင်ပန်းနုံးချိနေပေမဲ့ သူ့နှလုံးသားကတော့ကျေနပ်ပျော်ရွှင်နေတော့သည်။
.....
လင်ဂျာရွာ
နေ့တစ်နေ့၏နေ့လည်ခင်း၌, လင်မိသားစုနေထိုင်ရာရွာလေးတွင် နန်း တော်မှအမှုထမ်းလိုအပ်နေသောကြောင့် အမှုထမ်းခေါ်စာတစ်ခုကိုအရေးပေါ်ကြေငြာထားလေ၏။လင်မိသားစုတွင် အိမ်သား၁၀ယောက်ရှိသည်။
ရွာမှလူတွေသည် သတင်းကြားတဲ့အခါ အလွန်ကိုအံ့သြကြလေသည်။
''မြန်မြန် လာနားထောင်ကြ!ငါကြားလာခဲ့တာ တကယ်ပဲ!ငါ ဒီနေ့မြို့ကိုတက်တော့ မြို့ကအဘိုးတစ်ယောက်က ငါ့ကိုလာပြောတယ်။အသက်၁၁နှစ်ကနေ ၁၃နှစ်ကြား မိန်းခလေး ဒါမှမဟုတ် ယောကျာ်းလေး ဒါမှမဟုတ် သားအိမ်ပါလာတဲ့ခလေးတွေ ကို နန်းတော်ထဲပို့ရမယ်တဲ့။
ငါတို့လင်ဂျာရွာက ခွဲတမ်း၁၀ယောက်ပါတယ်တဲ့။လူတိုင်းကကိုယ့်ခလေးတွေကိုနန်းတွင်းထဲမပို့ချင်ကြမှန်း ငါသိတာပေါ့ ဒါပေမယ့်ဘယ်တတ်နိုင်ပါ့မလဲ နန်းတော်ကအမိန့်ထုတ်လိုက်တာကို..။တကယ်လို့ ခွဲတမ်းမပြည့်ရင် ရွာကိုပြစ်ဒဏ်ခတ်မယ်တဲ့။"
လီကျန့်ကဆက်ပြီး တကယ်တော့နန်းတွင်းထဲဝင်တာလဲ အဲ့လောက်ဆိုးတာတော့မဆိုးပါဘူး။ ငါတုန်းကဆိုလတိုင်းပိုက်ဆံရတယ်။အခုငါ့ကိုကြည့်ပါလား။ငါ၂၅နှစ်မှာနန်းတွင်းကထွက်လာတယ်။ ပိုက်ဆံလဲအတော်အတန်စုမိလာခဲ့တယ်ဆိုပါတော့။တကယ်လို့ မျိုးရိုးမြင့်လူတစ်ဦးရဲ့မျက်စိကျခြင်းကိုခံလိုက်ရပြီဆိုရင်တော့ မင်းမိသားစုရဲ့အနာဂတ်ကိုလဲပူစရာမလိုတော့ဘူးပေါ့။''
လီကျန့်ရဲ့ကြေငြာချက်ပြီးတဲ့အခါမှာတော့ လူတချို့ဟာငွေမျက်နှာကြောင့် အနည်းငယ်အတွေးပြောင်းလာကြ၏။လောဘရိပ်အနည်းငယ်တက်လာသည့် လူတချို့ရဲ့မျက်နှာတွေကိုကြည့်ကာ လီကျန့်ကျေနပ်နေမိသည်။အဲ့လိုမှမဟုတ်ရင် ခွဲတမ်း ၁၀ယောက်ပြည့်ဖို့ကိုအင်မတန်ခက်နေမှာ။လီကျန့်သည်သူ့ရဲ့စကားမီးစအား ပိုတောက်လောင်စေရန်ထပ်ဖြည့်ပြောပြန်၏။
'' တကယ်လို့မသွားချင်တဲ့သူတွေက ငွေစ၅စ ကနေ ၁၂စထိပေးရလိမ့်မယ်။ ရလာတဲ့ငွေတွေဟာ နန်းတော်ကိုသွားမဲ့သူတွေအတွက် အထောက်အပံ့ငွေဖြစ်လာမယ်။ဟုတ်ပြီ! အားလုံးပဲဘယ်လိုလုပ်ချင်ကြလဲဆိုတာကို သေချာစဉ်းစားပြီး စာရင်းလာတင်ကြ။စဉ်းစားဖို့အချိန် ၁၀ရက်ပေးပါမယ်။''
ကြေငြာချက်ပြီးတဲ့အခါမှာတော့ ရွာသားတွေဟာ အလျိုလျိုပျောက်ကုန်ကြ၏။လင်တကျွမ်းတို့မိသားစု အိမ်ကိုပြန်ရောက်တော့အားလုံးဟာ မျက်မှောင်ကြုံ့လျက်စိတ်သောကရောက်နေကြ၏။လင်,အိမ်ကအငယ်ဆုံးခလေးနှစ်ယောက်တောင်မှ လေထုထဲမှမူမ,မှန်သော အခြေနေကိုရိပ်စားမိတာကြောင့် စကားတောင်ရဲရဲမပြောရဲကြပေ။
လင်,တကျွမ်း သည်လင်ဂျာရွာတွင် မျိုးရိုးစဉ်ဆက်လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူဖြစ်သည်။အသက်၄၀အရွယ်ရှိ လင်တကျွမ်းသည် ခန္ဓာကိုယ်ကြီးထွားသန်မာ၍ ခန့်ခန့်ထည်ထည်ရှိသော လယ်သမားစစ်,စစ်ကြီးပင်ဖြစ်သည်။
လင်,တကျွမ်း၏မိဘနှစ်ပါးသည် သူငယ်ရွယ်စဉ်ကပင် ဆုံးပါးခဲ့တာကြောင့် သူ့ရဲ့ညီငယ်လေးလင်,တလီနှင့် အစောပိုင်းနှစ်တွေအထိအတူနေထိုင်ခဲ့ကြသည်။လင်,တကျွမ်းသည် အလုပ်လဲကြိုးစားသူဖြစ်ကာ အဖက်ဖက်ကပြည့်စုံသူဖြစ်သည်။ခင်ပွန်းကောင်းဖခင်ကောင်းဖြစ်ရုံသာမက အကိုကောင်းတစ်ယောက်လဲဖြစ်ပြန်၏။သူ၏ညီငယ်ကိုလက်ထပ်ဖို့ရန်လဲကူညီပေးခဲ့သလို ရင်းနှီးလုပ်ကိုင်ဖို့အတွက်လဲ ထောက်ပံ့ပေးခဲ့သည်။
လင်,တကျွမ်းနှင့်လင်ကွန်းရွာက ကျန်းသားစု၏သမီးအလှလေး ကျန်းဟွေ့ညောင်တို့လက်ထက်ဖို့ သူ့အဖေနှင့်အမေက အားပေးထောက်ခံခဲ့သည်။ကျန်းဟွေ့ညောင်၏ဘဝက အင်မတန်ခါးသီးပြီးနာကျည်းစရာကောင်းလှ၏။ သူမရဲ့အဖေနှင့်အမေတို့ ဖျားနာပြီးဆုံးပါးသွားကြတဲ့အခါ သူမတို့အိမ်တွင်ကြွေးမှီးများစွာတင်နေခဲ့သည်။ကျန်းဟွေ့ညောင်နှင့်သူမရဲ့အကိုအမတွေဟာ တစ်အပေါ်တစ်ယောက်စောင့်ရှောက်ရင်းနေခဲ့ကြရသည်။
သူတို့ဟာအရမ်းနှမြောတွန့်တို လူ့ကပ်စီးတွေမဟုတ်ကြပဲ ပျော်သလိုသာနေပြီးအလုပ်ကြိုးစားကြသည်။အိမ်ဟာတဖြည်းဖြည်းနဲ့အကြွေးကင်းလာကာ ပိုပိုပြီးနေပျော်လာခဲ့ကြသည်။ဒါပေမဲ့ တနေ့မှာတော့သူမတို့ရဲ့အကိုကြီးဟာ အလုပ်ဒဏ်ကြောင်ပဲ အလုပ်တွင်လဲကျသွားကာ ဘယ်တော့မှနိုးမလာတော့ပေ။
လူတိုင်းကကျန်းဟွေ့ညောင်ဟာ ကဝေတစ်ယောက်ဖြစ်ပြီး သူ့အိမ်သားတွေကိုတစ်ယောက်ပြီးတစ်ယောက်သတ်နေတယ်ဟု ပြောဆိုကြသည်။လင်,တကျွမ်းကိုလဲ သူမနှင့်လက်မထပ်ဖို့ တိုက်တွန်းပြောဆိုကြပြန်သည်။
လင်,တကျွမ်းကတော့ အားလုံးကိုလျစ်လျူရှုလျက် ဟွေ့ညောင်နှင့်လက်ထပ်ရဖို့ကိုပဲအလိုရှိနေခဲ့သည်။
သူတို့နှစ်ယောက်လက်ထပ်ပြီးတဲ့အချိန်မှာလဲ အိမ်ထောင်ရေးဟာအင်မတန်သာယာခဲ့သည်။ငယ်ရွယ်တဲ့ကြင်စဦးမောင်နှံဟာ ပျားရည်လိုပဲချိုမြနေလေရဲ့...။လူအုပ်ကြီးကတော့ လင်,တကျွမ်းရဲ့ကံဆိုးခြင်းအား စောင့်စားနေကြသည်။
သူတို့နှစ်ယောက်လုံးဟာ ပင်ပန်းခက်ခဲခဲ့တဲ့ဘဝအတွေ့အကြုံကိုယ်စီရှိခဲ့တာကြောင့် နှစ်ယောက်လုံးဟာဘဝရှေ့ရေးအတွက်အလုပ်ကြိုးစားကြသည်။ဒီအလုပ်ကြိုးစားတဲ့ဇနီးမောင်နှံဟာ တဖြည်းဖြည်းကြီးပွားလာခဲ့တော့သည်။
သူတို့မှာသားသမီးခြောက်ယောက်ရှိ၏။ အကြီးဆုံးသမီး လင်ဂျင်အာကလက်ထပ်ပြီးပြီ။ အကြီးဆုံးသားလင်ဂျာဝမ် က ဒီနှစ်မှာ လက်ထပ်လိုက်ပြီ။တတိယသမီးလင်လီအာ က ၁၃နှစ်၊ ဒုတိယသားလင်ဂျာပေါင်က ဒွိလင်လေးဖြစ်ပြီး သူက ၁၂နှစ်ဖြစ်တာကြောင့် ဒီခလေးနှစ်ယောက်လုံးဟာ နန်းတော်ရဲ့ရွေး ချယ်ခံထားရတဲ့ ခလေးတွေဖြစ်နေသည်။ဒါက တကယ့်ကိုဝမ်းနည်းစရာပဲ!
အားလုံးတိတ်ဆိတ်နေကြတဲ့အချိန် လင်လိအာ က ''အဖေနဲ့အမေစိတ်မပူပါနဲ့ သမီးနန်းတော်ကိုသွားလိုက်ပါမယ်။သမီးက ကိုယ့်ကိုယ်ကိုကောင်းကောင်းစောင့်ရှောက်နိုင်တယ်လေ''
'မရဘူး မရဘူး။မမလင်အာသွားရင် သမီးမမကိုမတွေ့ရတော့ပဲနေမှာပေါ့ မမသွားရင်သမီးလဲလိုက်မယ်''လင်ချုံအာ နှင့် လင်လီအာတို့သည် အရင်းနှီးဆုံးညီအမတွေဖြစ်တာကြောင့် သူ့အမသွားမယ်ဆိုတဲ့အသံကြားတာနှင့် လက်ကိုတင်းတင်းဆုတ်ကိုင်ရင်းဆိုလေသည်။
လင်မိသားစုတဲ့ ပေါက်ပေါက်ဖောက်လေးကလဲ
''အကိုဟိုင်ဟိုင်ဆိုရင်ရောဘယ်လိုလဲ? သူပြောတာက သူလဲ ဒုတိယယောက်ဖလို့ပြောတာပဲလေ''
လင်ဂျာချိုင်နှင့် လင်လီအာတို့သည်ဖီးနစ်ငှက်နှင့်မီးနဂါးစုံတွဲ အမွှာလေးဖြစ်ကြကာအသက်၈နှစ်ရှိပြီဖြစ်ပြီး ကျန်းဟွေ့ညောင် အသက်၃၀တွင်မွေးခဲ့တာဖြစ်၏။
ဒီမီးနဂါး၊ဖီနစ်မောင်နှမကို မွေးပြီးချိန်ကစပြီး သူမရဲ့ကောလဟာလတွေဟာ ရွာမှာတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တာကြောင့် ဒီမောင်နှမဟာလာဘ်ကောင်သင်္ကေ တလေးတွေဟု စနောက်ခဲ့ကြသည်။
''ဘာကိုယောက်ဖလဲ နောက်ခါအဲ့လိုမခေါ်ကြစမ်းနဲ့'' လင်လီအာ စိတ်ဆိုးလျက် သူ့ရဲ့အငယ်တွေအားဆူပူတော့သည်။
ရှောင်ဟိုင်ကဟိုဘက်ဘေးအိမ်က အကိုအကြီးဆုံးဖြစ်သည်။ရှောင်အိမ်နှင့်လင်အိမ်တို့ဟာ ကောင်မွန်တဲ့ဆက်ဆံရေးရှိတာကြောင့် လင်အာနှင့်ရှောင်ဟိုင်တို့သည် အတူတူကြီးပြီးလာခဲ့ကြတာဖြစ်သည်။
ရှောင်ဟိုင်နှင့်လင်အာတို့သည် အခုချိန်မှာလက်မထပ်ရသေးဘူးဆိုပဲ နောင်တချိန်အရွယ်တစ်ခုရောက်လာခဲ့ရင်တော့ သူတို့နှစ်ယောက်ဟာ လက်ထပ်ရမည်ဖြစ်ကြောင်းကိုလဲ သေချာသိနေခဲ့ကြသည်။
''သားသွားမယ် သားကိုသွားခွင့်ပေး သားလဲကြီးနေပြီပဲ။ သားနန်းတော်ကိုသွားရမှာ မကြောက်ပါဘူး''လင်ဂျာပေါင်က ရဲဝင့်စွာဆို၏။သူရဲ့အမနဲ့ အကိုဟိုင်တို့ရဲ့အကြောင်းကိုသိနေတာပဲ။ သူဘယ်လိုလုပ်သူ့အမကိုလွှတ်နိုင်မှာလဲ။အကိုဟိုင်ကလဲ ဒီမိသားစုကိုကောင်းကောင်းစောင့်ရှောက်မှာပါ။အဲ့လိုဆိုပေမဲ့လဲသူဒီမိသားစုကိုခွဲပြီး နန်းတော်ကိုသွားချင်နေတာမျိုးတော့လဲ မဟုတ်ပေ။
''ဟုတ်ပါပြီ။ဒါပေမဲ့ အဲ့လိုမပြောရဘူးနော်။ဖေဖေနဲ့မေမေက ဂျာပေါင်ကို ဘယ်လိုလုပ်ပြီးနန်းတော်ကိုတစ်ယောက်ထဲလွှတ်နိုင်ပါ့မလဲ။ဖေဖေနဲ့မေမေက သံထည်လေးတွေရောင်းပြီးပိုက်ဆံစုလိုက်ရင် ငွေစပြည့်လာမှာပါ။မေမေတို့ကိုယုံပြီးစိတ်အေးအေးနဲ့နေနော်။ဖေဖေနဲ့မေမေက မဖြစ်မနေနည်းလမ်းရှာမှာပါ။ဟုတ်ပြီလား။''ကျန်းဟွေ့ညောင်သည် လင်ဂျာပေါင်၏မျက်နှာလေးကို ထိတွေ့ရင်းနူးညံ့ညင်သာစွာစကားဆိုရင်း စိတ်အေးချမ်းသာမှုကိုပေးလေသည်။
လင်ဂျာပေါင်ဟာ လိင်အင်္ဂါနှစ်ခုပါတဲ့အခလေးဖြစ်နေပေမဲ့ ဒါကမကောင်းတဲ့အရာမျိုးမဟုတ်ဘူးလို့ပဲ သတ်မှတ်ခဲ့ကြသည်။ဂျာပေါင်ကဉာဏ်ရည်ထက်မြတ်ပြီး နှစ်လိုဖွယ်ကောင်းသည်။လင်,တကျွမ်းတို့ဇနီးမောင်နှံဟာလဲ ဂျာပေါင်လေးကို သူ့ရဲ့ဘဝပေးကြောင့်ဆိုပြီး၂ဆချစ်ခဲ့သလို ရတနာလေးဟုနာမည်ပေးခဲ့ကြသည်။ကျန်းဟွေ့ညောင်သည်လဲ လာဘ်ကောင်မောင်နှမကိုမွေးဖွားလာရခြင်းမှာ ဂျာပေါင်ယူဆောင်လာခဲ့သော ကံကောင်းခြင်းလေးတွေဟုပင် အမြဲတွေးခဲ့သည်။
''ဖေဖေနဲ့မေမေ ကျနော်မနက်ဖြန်မြို့ကစာကြည့်တိုက်ဆီသွားပြီး အလုပ်သွားရှာလိုက်ပါ့မယ် တကယ်လို့လစာကြိုထုတ်လို့ရရင်ထုတ်လာခဲ့လိုက်ပါ့မယ်'' ဂျာဝမ်သည်လဲ သူတတ်နိုင်တဲ့အကူညီကိုပေးရန်တွေးနေခဲ့သည်။
လင်ဂျာဝမ်ဟာ သူ့အဖေလိုပဲအရပ်ရှည်ကာထွားကြိုင်းသူဖြစ်၏။ဒါပေမဲ့ဂျာဝမ်ရဲ့အပြင်ပန်းကိုကြည့်ပြီးမဆုံးဖြတ်ပါနဲ့ တကယ်တော့ဂျာဝမ်ဟာစာပေလေ့လာရခြင်းကို အင်မတန်နှစ်သက်သူဖြစ်သည်။
လင်,တကျွမ်းဟာ သူ့သားစာဖတ်ဝါသနာအင်မတန်ထုံတာကိုသိတာကြောင့် သားဖြစ်သူကိုရွာရဲ့စာပေညာရှင်ဟောင်းတစ်ယောက်ဆီမှာ သွားရောက်သင်ကြားစေခဲ့သည်။
ဂျာဝမ်ကလဲ ခက်ခက်ခဲခဲကြိုးစားပြီးကျက်မှတ်တာကြောင့် ဒီနှစ်ပြီးရင် သူ့ရဲ့စာမေးပွဲဟာလဲပြီးပြီ။လောင်ရှုချိုင်ဟာသူ့တပည့်ကိုအလွန်သဘောကျတာကြောင့် သူ့ရဲ့သမီးငယ်လေးနှင့် ဒီနှစ်အစောပိုင်း နွေဦးမှာပဲလက်ထပ်ပေးလိုက်၏။ရွာကဘယ်သူ့မှလဲ သူ့ကိုမော်မကြည့်ရဲကတော့ပေ။ပညာရှင်ဆိုတိုင်းလဲ အသုံးမဝင်ပါဘူးဆိုတာကို သူအခုတော့သဘောပေါက်သွားခဲ့ပါပြီ!။
လင်ဂျာဝမ်၏ဇနီးအသစ်စက်စက်လေး ဝုချောင်လန် ဟာ သူ့ရဲ့ယောကျာ်းကိုစိတ်ပူစွာဖြင့်သာကြည့်နေပြီး ဘာမှတော့ဝင်မပြောပေ။သူမစဉ်းစားမိလိုက်တာက သူ့မအမေရဲ့အိမ်ပြန်သွားပြီးပိုက်ဆံချေးရမလားလို့ပါ။
ဒါပေမဲ့ သူမတို့အိမ်ကလဲ အဲ့လောက်မချမ်းသာဘူး။သူမတို့က သူမအဖေရဲ့ပူဇော်ကြေးအပေါ်မှာမှီခိုနေရတာ။အဖေကတစ်ခါပြောဘူးတယ် နောက်ဆုံးနှစ်ကသူ့ယောကျာ်းရဲ့အရည်ချင်းပေါ်မူတည်နေတယ်တဲ့။ကိစ္စတော့မရှိပါဘူး သူနောက်နှစ်တွေမှာပြန်ကြိုးစားလို့ရသေးတာပဲ။အခုတော့ သူယောကျာ်းဟာ ကျောင်းထွက်ပြီးလုပ်ငန်းခွင်ဝင်ဖို့ပြင်ဆင်နေပြီဖြစ်သည်။
လင်ဂျာဝမ်ကသူ့အိမ်ရဲ့အခြေနေကို ကောင်းကောင်းသိသည်။သူကအခွန်ကင်းလွတ်ခွင့်ရတယ်ဆိုပေမဲ့လဲ သူ့ရဲ့ပညာရေးကြောင့်ပဲ မိသားစုရဲ့ငွေစတွေကို အနည်းငယ်သုံးစွဲခဲ့ရသေးသည်။နောက်ကျလာတော့ အခွန်ကင်းလွတ်ခွင့်ရတာကြောင့် သူတို့အိမ်ဟာဝင်ငွေပြန်ကာမိလာပြီး လယ်အချို့ကိုလဲဝယ်နိုင်ခဲ့သည်။
မိသားစုဟာလူဦးရေများတာကြောင့် အခန်းကျယ်ထဲစုနေရသေးပေမဲ့ အိမ်သားအာလုံးရဲ့ဆန္ဒအတိုင်း အိမ်ကြီးကြီးပြန်ဆောက်ဖို့ကိုအားလုံးကအသင့်ဖြစ်နေကြပြီ။ဒါပေမယ့်အခုက ကောက်ပဲရိတ် သိမ်းတဲ့ရာသီလဲမဟုတ်တာကြောင့် ငွေစ၁၂စပေးဖို့မပြောနဲ့ ၂စ ဒါမှမဟုတ်၅စရဖို့တောင် ခက်လိမ့်မည်။
''မဟုတ်ဘူး။ မင်းကကလေးမွေးဖို့လဲပြင်ဆင်ရဦးမယ်။မင်းက ပါရမီပါပြီးစာကြိုးစားတဲ့ကောင်လေး။ မင်းကမိသားစုရဲ့ဂုဏ်ဆောင်ပဲ မင်းကြောင့်ပဲစစ်ရေးနဲ့အခွန်ကင်းလွတ်ခွင့်ရနေတာလေ။မင်းအခုလဲမုန့်ပဲသရေစာ ဖိုးပေးနေတာပဲလေ။မနက်ဖြန်မှ အဖေတို့မင်းအမအကြီးဆုံးအိမ်သွားလိုက်မယ်။
မင်းယောက်ဖကအရေးပေါ်အတွက် ငွေချေးပေးမှာပါ။အဖေကြည့်လုပ်ပါမယ် စိတ်မပူနဲ့နားကြတော့! လင်,တကျွမ်းသည် သူ့ခလေးတွေမပူပင်ရအောင်ကြိုးစားနေပေမဲ့ သူကိုယ်တိုင်တော့ သူ့ခလေးတွေကိုနန်းတော်သို့ပို့ရမှာကြောက်နေသ
ဖြင့် မျက်နှာကြီးအိုစာနေတော့သည်။
မိသားစုစကားဝိုင်းကိုအဆုံးသတ်ပြီးသည့်နောက် အားလုံးသည်စိတ်ပူပန်ခြင်းများစွာဖြင့် အနားယူကြလေသည်။
နောက်တနေ့ မနက်မှာတော့ လင်,တကျွမ်းတို့ဇနီးမောင်နှံဟာ စောစောထပြီးသူ့သမီးဆီသွားရန်ပြင်ဆင်လေသည်။ကျန်းအမျိုးသမီးသည် အပြင်မသွားခင် သူ့သမီးနှင့်သားအား မှာစရာရှိတာကိုမှာနေလေ၏။''လီအာ, ဂျာပေါင် မေမေ အိုးထဲမှာ နေ့လည်စာပြင်ခဲ့ပေးတယ်။ပူနေရင် သတိထားကြဦးနော် အပူလောင်မယ်။အငယ်လေးတွေကိုလဲ ဂရုစိုက်ကြဦး''
ကျန်းအမျိုးသမီးသည် အိမ်အပြင်ဘက်ကနေ မြင်းလှည်းသံကြား လိုက်တာကြောင့် အိမ်ပြင်ထွက်ကြည့်လိုက်တဲ့အခါ မြင်းလှည်းပေါ်မှအမျိုးသမီးငယ်လေးအား အမျိုးသမီးတစ်ယောက်က ဆင်းရန်ကူညီပေးနေ၏။
Advertisement
- In Serial41 Chapters
Devils Daughter
(18+)"You know, red." He warned biting my lower lip. "I think we should try again with the spanking. I could make it more alluring. Make you love it." I felt my lower regions throb as his lips caressed my neck.His hands trailed down my body and found its way under my silky black nightdress. Tugging at the hem of my thong he then slipped in a finger and ran it up and down my hot wet slit ❦The daughter of a Russian mob leader seems to catch the eye of his father's enemy.Will the Italian Don use The Russian Don's daughter as his plan to destroy his rival and fall in love with her or the father finds out himself and kills them both?-'The Italian Don and his enemies daughter' [Mature Audience Only]HIGEST RANKINGS # 1 Romance -16/04/2021# 1 Temptation -08/08/2021# 1 Eyesslipfierce - 09/07/2022
8 161 - In Serial47 Chapters
How He Fell
C O M P L E T E D ☙❦❧"Who would ever love Medusa?""The blind," he whispered. ☙❦❧She was a daughter worth nothing in a family worth everything. They didn't want her and she was hurt.Neglected. On the other side of the same spectrum stood him. Being taken advantage of does a number on many. A childhood is something almost no one forgets and he'll never forget his. So he took his anger out on the punching bag in the abandoned building each night. He can't hold all those frustrations in. Two people broken beyond repair. One too scared and one too angered to just want to be any longer. But one day, they stumble upon each other. And Maddox Lohan knew he had to save Evelyn Moreau from the same fall he would not be able to escape.But was it fair? To show someone a life worth living when he himself did not want to live? ☙❦❧1/11/18 - 10/17/19 [ COMPLETED ][ 4 pre-chapters + 35 chapters + epilogue ]#1 in young adult reads (8/12/19 - 9/20/19)#1 in boxer (8/23/19 - 9/19/29)#2 in teen romance (05/01/20-05/03/20)#29 in teen fiction (03/13/20-03/15/20) Cover by @xtruebeautyxCopyright ©
8 293 - In Serial18 Chapters
Anchor
Former Marine turned Coast Guard Gabriel Rossi, traded the brutal desert for the unforgiving sea to be closer to his family. When a woman risks her life to save his young daughter, Gabe will stop at nothing to bring her home safe.Chloe McKinney would be the first to say she isn't a hero. But when a man draws a gun and threatens the passengers on a ferry, she's the only one who steps in the line of fire to protect a little girl, even if it means sacrificing herself.As the clock ticks down to an explosive confrontation, Gabe and Chloe must trust one another if they're going to make it to morning alive.
8 184 - In Serial16 Chapters
Her Happy Place
Her Happy Place is an ink-dripped space.I had no one but my words.These are the thoughts I told no one.How to deal with losing your parents.Becoming an orphan.Talking through the pain.
8 195 - In Serial54 Chapters
Unsent Letters of the Heart
(Completed) Compilation of letters for every emotions, feelings and inner voice. A compilation in which it tells a story of the heart.
8 129 - In Serial52 Chapters
Center Chase
Book 1 of 3Lindsey is looking for a fresh start. She's spent the last two years hiding away from everyone, and everything after her best friend and boyfriend betrayed her. Now, she's ready to get out into the world. It's time to learn to trust again, time to take her life back. She gave up on love a long time ago, but when her brother's best friend and team captain come into the picture, will she give love another chance, or will the mistakes of his past send her running for the hills? ....................Chase has been known as the "most eligible playboy in New York" since he stepped out onto the ice five years ago. But, being a playboy isn't as much fun as it used to be. These days, he's finding himself yearning for something more, something deeper. Making that kind of connection is hard when all of the single women surrounding him can't see past the jersey. Chase is on the verge of giving up on his quest for something more when he meets Lindsey, his best friend's little sister. She's everything he's been looking for, but she's off-limits. Will Chase take a chance on love and risk losing his best friend? And what happens when his past comes back to bite him?Puck Me Series: Book One
8 307

