《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-9 Unicode
Advertisement
အပိုင်း(၉):အလေးနက်ထားရှိခြင်း
....
၇လပိုင်း၇ရက် ချီရှိကျယ်နေ့ဖြစ်တာကြောင့် နန်းတော်ထဲတွင်လဲလှုပ်လှုပ်ရှားရှားဖြစ်နေလေ၏။ ဒီလိုနေ့၏အဓိကအစားစာ'ချောင်ဂေါ်'ကိုလဲအများပြားလုပ်ဖို့လိုအပ်နေတာဖြစ်ပြီး ဧကရီမယ်မယ်ကြီးနန်းဆောင်ကို ပို့ပေးရမည်ဖြစ်သည်။
......
(T/N:တရုတ်ပြက္ခဒိန်၏နှစ်စဉ် ၇လပိုင်း၇ရက်နေ့ဟာ 'qiqiao festival' 'qixi festival'လို့ခေါ်ပြီး အများအားဖြင့်တော့ V-day တရုတ်ver လို့သိကြပါတယ်။
v-dayဆိုတဲ့အတိုင်း ချစ်သူခင်သူတွေအတူပြန်လည် ဆုံတွေ့ပြီးဖြတ်သန်းကျတဲ့ပွဲတော်ပေါ့နော်။ အဲ့နေ့ရောက်ရင်အိမ်ထောင်ရှင်တွေတောင် ဒီပျော်ပွဲရွှင်ပွဲမှာဆင်နွှဲကြပါတယ်တဲ့။ဒဏ္ဍရီအရဆိုရင်တော့ နွားကျောင်းသားနဲ့နတ်သမီး(ဝါ)ရက်ကန်းသည်မလေးရဲ့ပုံပြင်လို့ ဆိုကြပါတယ်။
နတ်ပြည်ကနတ်သမီးလေးနဲ့နွားကျောင်းသားလေးတို့ချစ်ခင်စုံမက်ကြတာကို နတ်ပြည်ကသူ့ရဲ့အဖွားသိမြင်သွားတဲ့အခါ စိတ်ဆိုးပြီးနတ်သမီးကို နတ်ပြည်သို့ပြန်ခေါ်သွားခဲ့ပြီးအချိန်ကြာမြင့်စွာ ပိတ်လှောင်ပါတယ်။ အချိန်တွေကြာလာတဲ့နောက် သူတိူ့နှစ်ဦးရဲ့ချစ်မေတ္တာကို တွေ့မြင်ပြီးတဲ့နောက်ဂရုဏာသတ်စွာနဲ့ တစ်နှစ်ကိုတစ်ရက်ပေးတွေ့မယ်လို့ ကတိပေးခဲ့ပါတယ်။
အဲ့ဒီ့နေ့ဟာရုတ်ပြက္ခဒိန်ရဲ့ ၇လပိုင်း၇ရက်နေ့ဖြစ်ပါတယ်။မိန်းခလေးတွေကချစ်သူရှာကြတယ်ပေါ့နော်။ ညခင်းမှာဆီမီးထွန်းကြပါသေးတယ်။ဘာသာပြန်သူဟာတရုတ်စာတလုံးမှနားမလည်ပါဘူး။တခါခါနာမည်တွေအသံထွက်တာ အမှားတွေပါနိုင်တာကြောင့် နားလည်ပေးမယ်ထင်ပါတယ်နော်🙏🏻)
........
ချောင်ဂေါ်ပြုလုပ်နည်းမှာ ဂျုံ၊သကြား၊နှမ်း တို့ကိုရောက်နှယ်ပြီးနောက် ခေတ္တနှပ်ထားရပါမယ်။ အရောင်အတွက်လိုအပ်တဲ့ အသီးရွက်အရောင်ကိုအရည်ဖျော်ပြီး ထည့်နှယ်ပေးလို့ပါတယ်။ နှပ်ထားတဲ့ဂျုံသားကို အဝါရောင်သန်းသည်အထိကြော်/မီးဖုတ် ပေးရပါမယ်။လုပ်နည်းကမခက်ပေမဲ့ လုပ်ရမည့်ပမာဏကများတာကြောင့် လင်ဂျာပေါင်တို့လို ယွိရှန်းဖန်အဆောင်သားတွေဟာ မနက်စောစောကထဲက ပြင်ဆင်အလုပ်ရှုပ်နေကြတာဖြစ်သည်။
''အန်ဇူ အဲ့ဒါတွေခဏထားခဲ့ဦး။ မယ်မယ်ကြီးကိုငှက်သိုက်ပုံကိတ်ပို့ပေးရဦးမယ် လိုက်ခဲ့ဦး'' လင်ယန်ဟာ မုန့်ကိုဆွဲခြင်းထဲသို့ထည့်နေရင်း ဂျာပေါင်ကိုလှမ်းပြော၏။
''ဟုတ်ကဲ့ လာပါပြီ'' ဂျာပေါင်ဟာလုပ်လက်စအလုပ်တွေခဏရပ်ထားလိုက်ပြီး လက်ကိုဆေးကြောလိုက်သည်။
''အမလင်ယန် ကျမလဲလိုက်ချင်တယ် '' ယိရန်ဟာ လိယန်နားသို့ကပ်ပြီးပြောလိုက်သည်။ယိရန်ဟာ ဒီနေ့အတွက်ရည်ရွယ်ပြီး ပန်းထိုးအိတ်လေးကိုသေချာပြင်ဆင်ထားခဲ့တာဖြစ်သလို သူမကိုယ်တိုင်လဲကောင်းမွန်စွာသေသပ်စွာပြင်ဆင်ချယ်သထားလေ၏။ ဒီလိုရက်မျိုးတွင်တော့ မယ်မယ်ကြီးရှေ့သို့ သူမ,ခစားခွင့်ရဖို့ကိုမျှော်လင့်ထားခဲ့ဖြစ်သည်။
''ရတယ်ရတယ် အန်ဇူကိုပဲခေါ်သွားလိုက်မယ်။နင်တို့သုံးယောက်က အသီးတွေကိုအရေအတွက် မြန်မြန်ပြင်ဆင်ထားလိုက်ကြ'' လင်ယန်ဟာသူမရဲ့တောင်းဆိုမှုကို လျစ် လျူရှုရင်းဆို၏။
ထွက်သွားတဲ့နှစ်ယောက်ကိုကြည့်ရင်း ယိရန်စိတ်ထဲနဲ့ဘာကြောင့်သူ့ကိုမခေါ်သွားရတာလဲလို့တွေးရင်း စိတ်ဓာတ်ကျနေတော့သည်။
လင်ယန်နှင့်အန်ဇူတို့ ယုံရှောင်ဧကရီမယ်မယ်ကြီးနန်းဆောင်သို့ရောက်တဲ့အခါမှာတော့ ကျောက်ယန်ဟာနန်းဆောင်ပြင်ပတွင် ရပ်စောင့်နေတာကိုတွေ့လိုက်ရ၏။
''လင်ယန် အခုမှလာတာလား!မယ်မယ်ကြီးနဲ့အိမ်ရှေ့စံက မင်းရဲ့အချိုပွဲမုန့်လေးကိုစောင့်နေကြတယ်'' ကျောက်ယန်ဟာ မသိမသာမျက်စိမှိတ်ရင်း လင်ယန်ကိုပြောလိုက်သည်။
''ဒါကအန်ဇူလေ ကျောက်ယန်ကိုပြောပြလိုက်ပါဦး။ မင်းအခု လက်မှုပညာမှာလဲ တိုးတတ်လာပြီဆိုတာကို'' ကျောက်ယန်ဟာလဲ လင်ယန်ကိုနှုတ်ဆက်ဟန်ဖြင့်ပြုံးပြလိုက်၏။သူစိတ်ထဲတွင်ဒီကောင်ငယ်လေး၏သွင်ပြင်ကိုကြည့်ပီးတော်တော်လေးသဘောကျနေပေမယ့် သိသိသာသာကြီးတော့မထုတ်ပြချေ။
''ကျောက်ယန် တွေ့ရတာဝမ်းသာပါတယ်'' လင်ဂျာပေါင်ဟာ ချိုသာစွာပြုံးပြ၍ အရိုသေပေးကာနှုတ်ဆက်လိုက်၏။
လင်ယန်တစ်ယောက်ရှေ့သို့ အနည်းငယ်လမ်းလျှောက်သွားလိုက်ပြီးနောက် သူ့ရဲ့ဗိုက်ကိုဖိကာအော်လေ ၏။'အိုး ရုတ်တရတ် ငါ့ဗိုက်ကအရမ်းနာလာတယ်...''
ဂျာပေါင်ဟာ လင်ယန်ကိုစိုးရိမ်စွာဖြင့် ဖေးမတွဲပေးထားပြီး ''အမ လင်ယန်ဘာဖြစ်တာလဲ?အရမ်းနာနေတာလား!''
''အို....ငါ့ဗိုက်က ရုတ်တရက်အရမ်းရစ်ပြီးနာလာတာ ငါမယ်မယ်ကြီးနဲ့အိမ်ရှေ့စံကိုခစားဖို့ မရလောက်ဘူးထင်တယ်။အင်း...အန်ဇူ နင်ပဲကျောက်ယန်နဲ့လိုက်သွားပြီး ဆက်သလိုက်တော့နော်''
''အမ.. ,အမကကောဘယ်လိုလုပ်မှာလဲ?'' လင်ဂျာပေါင်ဟာ မသက်မသာဖြင့်မေးလိုက်၏။
''ရတယ်ရတယ်။ ငါ ယွိရှန်းဖန်ကိုပဲပြန်လိုက်တော့မယ် နင်သာေ ကျာက်ယန်နဲ့မြန်မြန်လိုက်သွားလိုက်!''
''ဟုတ်ကဲ့'' လင်ဂျာပေါင်လဲ မုန့်ထည့်ထားသော ဆွဲချင်းကိုယူလျက် ကျောက်ယန်နောက်သို့လိုက်သွားတော့၏။
နန်းဆောင်ထဲတွင် အိမ်ရှေ့စံနှင့်ဧကရီမယ်မယ်ကြီးတို့စကားလက်စုံကျနေသည်ကို မြင်တွေ့လိုက်ရတာကြောင့် ဒူးညွှတ်အရိုသေပေးကာနှုတ်ဆက်လိုက်သည်။''ယွင်ရှန်းဖန်က အန်ဇူ, အိမ်ရှေ့စံနှင့်မယ်မယ်ကြီးကို ဂါရဝပြုပါတယ်''
''ရပါပြီကွယ်!'' မယ်မယ်ကြီးဟာ အန်ဇူကိုသေချာအကဲခတ်လိုက်ပြီး ဒီခလေး,က ကျောက်ယန်ပြောတဲ့ကောင်ငယ်လေးဆိုတာကို တန်းသိလိုက်၏။
မယ်မယ်ကြီးဟာ ပန်ကန်ထဲမှပုံစံဆန်းသောကိတ်ကို ကြည့်လိုက်ပြီး ''အိုး ဒါဘာကိတ်လဲ?လှလိုက်တာ!''
''ဧကရီမယ်မယ်ကြီး ဒါကငှက်သိုက်နဲ့လုပ်ထားတဲ့ကိတ်ပါ။မုယောပင်ကရတဲ့ကပ်စေးနဲ့၊သကြား၊ငှက်သိုက်၊ ဂျုံတို့နဲ့လုပ်ထားတာပါ။ဒီပွဲတော်အတွက် အထူးဖန်တီးထားတဲ့သရေစာမုန့်ဖြစ်ပါတယ်'' လင်ဂျာပေါင်ဟာ ဂရုတစိုက်အလေးနက်ထားပြန်ဖြေကြားလိုက်၏။
မိဖုရားကြီးဟာ အနည်းငယ်ကြောက်ရွံ့ဟန်ဖြစ်နေပေမဲ့ သေသေချာချာအထစ်ငေါ့မရှိ သွက်လက်စွာဖြေဆိုနေတဲ့ ဂျာပေါင်ကိုကြည့်ရင်း သဘောကျအမှတ်ပေးမိလေသည်။
ဂျာပေါင်ရဲ့သေးငယ်တဲ့မျက်နှာလေးကိုကြည့်ရင်း ရွှမ်းရန်ဟန်ချန်က ''နန်းတော်ထဲရောက်တာ ဘယ်လောက်ကြာနေပြီလဲ?နေရတာကော အဆင်ပြေရဲ့လား?''
''အိမ်ရှေ့စံအရှင့်သား အန်ဇူနန်းတော်ထဲရောက်တာ တစ်နှစ်ကျော်ပါပြီ။နန်းတော်ကအရမ်းကောင်းပါတယ်။ ရောက်စပိုင်းအခက်ခဲတစ်ချို့ရှိခဲ့ပေမဲ့ အခုတော့ နေရတာအဆင်ပြေလာပါပြီ။ အမလင်ယန်ဆီက မုန့်လုပ်နည်းတွေအများကြီးသင်ယူခဲ့ရပြီးတော့ အခုထိလဲလေ့လာနေဆဲပါ။''
''မွေးရပ်ဇာတိကဘယ်ကလဲ?မင်းမိဘတွေကော ရှိသေးလား?သူတို့ကောဘယ်မှာနေကြတာလဲ?မွေး ချင်းမောင်နှမတွေကောရှိလား?''
''အန်ဇူက ချီချုံး၊ပိုင်စီရင်စုကပါ။ မိသားစုဝင်တွေအားလုံးက ပိုင်မြို့တော်နဲ့သိပ်မဝေးလှတဲ့ လင်ဂျာဆိုတဲ့ရွာမှာပဲ အတူနေကြပါတယ်။အဖေနဲ့အမေလဲ သက်ရှိထင်ရှားရှိနေပါသေးတယ်။မွေးချင်းတွေကအကိုတစ်ယောက်၊အမနှစ်ယောက်၊အမွှာညီလေးနဲ့ညီမလေးတို့ရှိပါတယ်။''
တကယ်တော့ ရွှမ်းရန်ဟန်ချန်ဟာ ဂျာပေါင်ပြောလာမှာတွေ သိနေပြီးသားဖြစ်သည်။သူဟာ ဒီအကောင်ပေါက်လေးရဲ့ပါးစပ်သေးသေးလေးကနေ တလှုပ်လှုပ်ပြောနေတာကိုကြည့်နေရင်း စိတ်ထဲ၌ကလိကလိဖြင့်အူယားနေတော့၏။
''မိသားစုဝင်များတာပဲ ကောင်းတယ်အရမ်းကောင်းတယ်'' ဂျာပေါင်ဟာ မွေးချင်းတွေကြားထဲမှာမှ ၄ယောက်မြောက်သားဖြစ်တာကို ပိုသိသာစေရန်ပြောလိုက်ခြင်းဖြစ်သည်။
မယ်မယ်ကြီးကလဲ ရွှမ်းရန်ဟန်ချန် ၏ဆိုလိုရင်းကိုနားလည်လေ၏။ ''မင်းအမေကတော့ ကောင်းချီးပေးခံရတာပဲ''
ရွှမ်းရန်ဟန်ချန်သည်လဲရယ်မောရင်း
''ဟားဟားမင်းလဲဆုချီးမြှင့်ခံရတာပဲ ကဲ!ရော့ယူထားလိုက်''
လင်ဂျာပေါင်ဟာ ကျောက်စိမ်းတုံးလေးကိုကြည့်ရင်းအေးခဲနေတာကြောင့် ဘေးနားကကျောက်ယန်ဟာ လှမ်းသတိပေးရလေ၏။ ''အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ကြောင်းပြောလိုက်လေ''
''အိမ်ရှေ့စံမင်းသား, ကျေးဇူးကြီးမြတ်လှပါတယ်'' ဂျာပေါင်ဟာအိမ်ရှေ့စံလက်ထဲက ကျောက်စိမ်းတုံးကိုယူပြီး နှစ်လိုဖွယ်ရာပြုံးပြရင်ပြောလိုက်သည်။ ဒါကသူတစ်ယောက်ထဲသီးသန့်ဆုချီးမြှင့်ခံရတဲ့ ပထမဆုံးအကြိမ်ပဲ!
အိမ်ရှေ့စံမင်းသားဟာ ဒီသူငယ်လေးအားသဘောကျကြောင်းကို မိဖုရားကြီးနှင့်ကျောက်ယန်ဟာဆိုရင်ဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း သဘောပေါက်မိကြလေသည်။
''ဒီနေ့ မုန့်ကလဲအတော်အရသာရှိတယ်။ ကျောက်ယန်သူ့ကို ဆုချီးမြှင့်ဖို့ခေါ်သွားလိုက်ပါဦး''
''နားလည်ပါပြီ မယ်မယ်ကြီး!''
ဧကရီမိဖုရားကြီးဟာလဲ သူ့သားဟာအလွန်စိတ်ကျေနပ်နေကြောင်း ကိုသိမြင်လေ၏။ ''သဘောကျနေတယ်ပေါ့''
''ဟုတ်ကဲ့။ဒီလိုအဆင်ပြေတဲ့လူကောင်းတစ်ယောက်ကို ရှာပေးတဲ့အတွက် မယ်တော့်ကိုကျေးဇူးတင်ပါတယ်။နည်းနည်းငယ်ရွယ်တဲ့ပုံပေါ်ပေမဲ့ ဒါကပဲသင်ယူဖို့ရော၊ အလိုက်သင့်နေတတ်ဖို့ပြင်ဆင်ပေးဖို့ရောအတွက် ပိုကောင်းပါတယ်'' ရွှမ်းရန်ဟန်ချန်ဟာ သူ့အမေကိုကျေးဇူးတင်စွာဖြင့်ဆိုလေ၏။
''အဆင်ပြေသွားပြီပေါ့။မယ်တော် မင်းရဲ့ခမည်းတော်ကိုပြောလိုက်မယ်။ တကယ်လို့ဘာပြသာနာမှမရှိတော့ရင် ဒီအတိုင်းပဲလုပ်ကြတာပေါ့''
ဂျာပေါင် ယုံရှောင်၏ပင်မနန်းဆောင်ကထွက်လာတော့ လင်ယန်ဟာ တံခါးဝတွင်ရပ်စောင့်နေတာတွေ့လိုက်ရ၏။''အမလင်ယန် အဆင်ပြေရဲ့လား?''
''ဘာမှမဖြစ်တော့ပါဘူး။ မင်းကော တစ်ယောက်ထဲသွားရလို့ ကြောက်နေသေးလား?''
''အခုတော့ မကြောက်တော့ပါဘူး။ဧကရီမယ်မယ်ကြီးက မုန့်ကအရသာရှိတယ်တဲ့!မယ်မယ်ကြီးကြီးကော အိမ်ရှေ့စံကောက ဟိုမေးဒီမေးနည်းနည်းတော့မေးတယ်။ပြီးတော့ မယ်မယ်ကြီးကဆုချလိုက်တယ်။ အိမ်ရှေ့စံက ဒါဆုချလိုက်တယ်'' ဂျာပေါင်က အိမ်ရှေ့စံချီးမြှင့်လိုက်တဲ့ ကျောက်းစိမ်းရတနာလေးကိုပြရင်း ဖြေလိုက်သည်။
Advertisement
လင်ယန်ဟာကျောက်စိမ်းကိုယူကြည့်ပြီးနောက် ဂျာပေါင်ကိုပြန်ပေး လိုက်၏။'
"အိမ်ရှေ့စံဆုချီးမြှင့်လိုက်တာပဲ။..အဲ့ဒါကိုသေချာသိမ်းထားနော်''
မိဖုရားကြီးဟာ ဧကရာဇ်အားအန်ဇူအကြောင်းကိုပြောပြလိုက်တဲ့နောက်မှာတော့ ဧကရာဇ်ကလဲအကျိုးသင့်အကြောင်းသင့်ဖြစ်၍ ယတိပြတ်ငြင်းမငြင်းပေ။ လင်အန်ဇူ၏နောက်ခံအကြောင်းများကို ၂ရက်အတွင်းအားထုတ်စရာမလိုပဲလွယ်လင့်တကူစုံစမ်း၍ရ၏။
နန်းတော်ထဲမဝင်ခင် အန်းဇူရဲ့အခြေနေအရပ်ရပ်နှင့် သူ့ရဲ့မိသားစုဝင်တွေ၊မွေးချင်းတွေရဲ့အခြေနေတွေ၊အိမ်နီးချင်တွေရဲ့အကြောင်းတွေအပြင် မိသားစု၏ဘိုးဘေတွေရဲ့အကြောင်းတွေအထိပါ အလွယ်တူစုံစမ်း၍ရလေသည်။
''ချန်အာဒီတစ်ခါရွေးထားတဲ့သူက တော်တော်လေးကောင်းတယ်'' လင်မိသားစုဟာ မျိုးရိုးစဉ်ဆက် လယ်ယာလုပ်ငန်းကိုသာလုပ်ကိုင်ခဲ့ကြပြီး မကောင်းတဲ့အမှုကိုမလုပ်ခဲ့တာကြောင့် ရိုးသားပြီးမျိုးရိုးကောင်းတယ်ဟု ချီးမွမ်းလိုခြင်းဖြစ်၏။ပြီးတော့ သူ့ရဲ့အကိုကြီးကလဲပညာသင်ဆုရကျောင်းသားဖြစ်ကာ နောက်နှစ်ဝက်လောက်ဆို ပညာရှင်အဆင့်ကိုတပ်လှမ်းနိုင်တဲ့အဆင့်ကိုရောက်ရှိနေပြီဖြစ်တဲ့ အရည်ချင်းရှိလူငယ်တစ်ယောက်ဖြစ်သည်။
ဧကရာဇ်ဟာလဲ အရည်ချင်းရှိလုပ်ရည်ကိုင်ရည်နှင့်ပြည့်စုံတဲ့သူတွေကို အထူးနှစ်သက်တော်မူကာ ချီးမြှင့်မြှောက်စားလေ့ရှိသူဖြစ်သည်။''အနာဂတ်မှာ သူ့ကို ကြင်ရာတော်အဆင့်ထိခန့်အပ်လို့ရနိုင်လောက်တယ် မျိုးရိုးကအရမ်းအပြစ်ပြောစရာမရှိဘူး''
''ဟုတ်တယ် ဧကရာဇ်! ဒီမိသားစုကပြစ်ချက်မရှိဘူး။တွေ့တယ်မလား သူတို့က ဖီးနစ်၊နဂါး ကံကောင်းခြင်းအမွှာလေးတွေကိုပါပိုင်ဆိုင်ထားသေးတယ်။ တကယ်ကောင်းချီးပေးခံထားရတဲ့ မိသားစုပဲ'' ဧကရီဟာလဲကျေနပ်သဘောကျစွာဖြင့် ပြော၏။
''ချန်အာ...သေချာကြည့်ထား။ လင်မိသားစုက အကြီးဆုံးအမကြီးကလဲ ပြီးခဲ့တဲ့နှစ်ကအမွှာလေးတွေကိုမွေးထားတာပဲတဲ့'' ဧကရာဇ်ဟာလဲကျေနပ်ခြင်းအပြည့်ဖြင့်ပြောလေသည်။
''အိုး ကျမခလေးတွေဆီကိုလဲ ဖိနစ်၊နဂါးကံကောင်းခြင်းအမွှာလေးတွေရောက်လာနိုင်တာပဲ'' ဧကရီက ရယ်မောရင်းပြန်ပြော၏။
ဧကရာဇ်ဟာ သူတို့ရဲ့ရွှမ်းရန်မင်းဆက်၏ဆက်ခံသူ သားတော်တစ်ပါးရောက်လာရင်ကို ကျေနပ်မဲ့သူဖြစ်၏။တကယ်လို့ ဖိနစ်၊နဂါး ကံကောင်းခြင်းအမွှာလေးတွေရောက်လာရင်တော့ အကောင်းဆုံးပေါ့လေ။''အိမ်း တကယ်လို့များဖိနစ်၊နဂါး မောင်နှံမရောက်လာခဲ့ရင် သေချာပေါက်မင်းကို ဆုကြီးကြီးချီးမြှင့်မယ်''
ဧကရီမိဖုရားကြီးဟာ သြဂုတ်လ၅ရက်နေ့ဟာ ရက်ကောင်းရက်မြတ်ကျရောက်တာကြောင့် အဲ့နေ့မှာ ကိုယ်လုပ်အဖြစ်ခန့်အပ်မည်ဖြစ်ကြောင်းကို ဆုံးဖြတ်လိုကတော့၏။
နောက်နေ့ညနေခင်းမှာတော့ ဧကရီမယ်မယ်ကြီး၏အမိန်တစ်ခုဟာ နန်းတော်ရဲ့တိတ်ဆိတ်နေမှုကိုဖြိုခွင်းကာ အုတ်အုတ်ကျက်ကျက်ဖြစ်စေခဲ့လေသည်။လင်ဂျာပေါင်သည်လဲ ဧကရီမယ်မယ်ကြီး၏အမိန့်ကိုကြားလိုက်ရတဲ့အခါ မျက်လုံးတွေပါပြာဝေပြီး မူးပါလဲချင်သွား၏။
''အန်ဇူတော့ ကောင်းချီးပေးခံရတာပဲ မနက်ဖြန်မနက်က,စပြီး အထူးကိုယ်လုပ်အဖြစ်ရွေးချယ်ခန့်အပ်ခံလိုက်ရပြီ'' ကျောက်ယန်ဟာ အမိန့်စာကိုဖတ်ပြပြီးနောက် ပေါ့ပါးစွာပြောလာသည်။
''မယ်...မယ်ကြီးရဲ့သနားကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်'' အန်ဇူဟာ ဒူးထောက်လျက် ခေါင်းကိုမြေကြီးသို့နှစ်ဝင်မတတ်အောက်သို့ငုံချလိုက်ပြီး အမိန့်စာကိုလက်ခံပြီးနောက် ပြန်ကိုမော့မလာတော့ပေ။
''ကျောက်ယန် ဒီခလေးကိုကြည့်ပါဦး။အပျော်လွန်ပြီးရှက်နေတာ ဟားဟား!''လင်ယန်ဟာ အန်ဇူကိုဆွဲထူလိုက်ပြီး ကျောက်ယန်ကိုရယ်ရင်းပြောလိုက်သည်။
ကျောက်ယန်ဟာ ပြုံးပြုံးလေးသာကြည့်နေပြီးနောက် သူမ,ယွိရှန်းဖန်မှမထွက်သွားခင် ကြင်နာစွာဖြင့်သတိ ပေးစကားပြောခဲ့လေ၏။
''လိုအပ်တာတွေ ဒီနေ့ညထဲကပြင်ဆင်ထားနော်။
မနက်ဖြန် မင်းကိုမစောင့်ရစေနဲ့ ဟုတ်ပြီလား''
ကျောက်ယန်,ယွိရှန်းဖန်က ထွက်ခွာသွားပြီးနောက် ဂျာပေါင်ဟာငိုတော့ သည်။
"ကျနော်ကြောက်တယ်လို့...!"
ဂျာပေါင် စိတ်မထိန်းနိုင်ပဲအော်ငိုတော့သည်။
ယိရှောင်နဲ့အခြားသူတွေဟာ ဂျာပေါင်အတွက် ပြုံးရယ်ချက်ဂုဏ်ပြုပေးနေကြ၏။ဒါကြောင့်ပဲ သူဟာငိုတာမရပ်နိုင်တော့ပေ။
''ဒီလောက်ကောင်းတဲ့အရာကို ဘာလို့ နင်ကငိုနေရတာလဲ? တခြားသူတွေက ဒီလိုမျိုးလိုကောင်းချီးပေးခံချင်လို့ဆုတောင်းနေတာတောင်မရဘူးဟဲ့'' ယိရန်က အမြင်ကပ်စွာဆိုလေသည်။
ယိလင်က ယိရန်ကိုဆွဲလိုက်ပြီး ''အဲ့လိုမပြောရဘူးလေ အန်ဇူဒီလောက်ဝမ်းနည်းနေတာကို မတွေ့ဘူးလား?''
''နောက်....နောက်..ကျရင် အိမ်...ကိုဘယ်....လို..လုပ်.ပြီး.....ပြန်..လို့ရတော့မှာလဲ?'' အန်ဇူဟာ ငိုရင်းဝမ်းနည်းစွာရှိုက်ငိုရင်းပြောလေသည်။
ဘယ်ကနေဘယ်လိုဖြစ်ပြီး အိမ်ရှေ့စံမင်းသားရဲ့ကိုယ်လုပ်တော်အဖြစ်ရွေးချယ်ခံလိုက်ရတယ်ဆိုတာကို သူ,တကယ်မသိသလို စဉ်းစားလို့လဲမရနိုင်ဘူး။ဒါပေမဲ့ အခုသူ,သူ့ရဲ့အိမ်ကို ဘယ်တော့မှပြန်လို့မရတော့ဘူးဆိုတာကြီးကို အသေအချာကြီးခံစားမိနေ၏။
''ကျနော် မိသားစုဝင်တွေကိုအရမ်းလွမ်းနေခဲ့တာ!တစ်နေ့နန်းတော်ထဲက ထွက်သွား.....ရမှာပဲဆိုပြီး....အရာအားလုံးကို....တောင့်ခံပြီး..... အားတင်းနေခဲ့တာကို.....ပြီး....ပြီး..တော့.... အိမ်သားတွေကလဲ ကျနော်ပြန်လာမှာကို...စောင့်နေကြတာလေ...''ဂျာပေါင်ဟာ ငိုရင်းပြောရင်း အသက်ပါမရှုနိုင်တော့ပဲ မောဟိုက်၍နေတော့သည်။
''အန်ဇူ မငိုနဲ့တော့နော်။ အိမ်ရှေ့စံဆီရောက်သွားတာပဲ ကောင်းတဲ့အရာတွေပဲဖြစ်လာမှာပါ။မစိုးရိမ်ပါနဲ့ နန်းတော်ထဲမှာ ကောင်းကောင်းမွန်မွန်နေရမှာပေါ့....။မင်းမိသားစုဝင်တွေနဲ့အတူမနေနိုင်ပေမဲ့ တစ်ခါတလေတော့ တွေ့ရမှာပေါ့ကွယ်'' လင်ယန်ဟာအန်ဇူရဲ့ကျောလေးကိုဖွဖွပုတ်ပေးရင်း နှစ်သိမ့်ပေးလေ၏။
''ဟုတ်တယ် အန်ဇူတော်တော့ မငိုနဲ့တော့နော်။ အများကြီးငိုပြီးသွားပြီလေ မငိုနဲ့တော့နော်''ယိရှောင်ဟာလဲ ကြင်နာစွာဖြင့်နှစ်သိမ့်ပေးပြီး စားပွဲပေါ်ကလက်ဖက်ရည်ကိုငှဲ့ပြီး ငိုရလွန်းလို့မောနေတဲ့အန်ဇူရှေ့သို့ချပေးလိုက်ရာ လက်ဖက်ရည်ဟာအေးလို့နေတာကြောင့်
''ယိရန် မီးဖိုပေါ်ကလက်ဖက်ရည်လေးယူလာခဲ့ပေးပါဦး''
''အန်ဇူ အမလင်ယန်အခုပြောတာကို သေချာနားထောင်!ဒီအခြေနေကိုမင်းလက်ခံရမယ်။ မင်းရှောင်လွှဲလို့လုံးဝမရဘူး။ဒါကဧကရီမယ်မယ်ကြီးရဲ့အမိန့်ပဲ။ မင်းငြင်းဆန်လိုက်ရင် မင်းတစ်ယောက်ထဲတင်မကဘူး မင်းမိသားစုပါအပြစ်ပေးခံရလိမ့်မယ်။မင်းမှာရွေးချယ်ပိုင်ခွင့်မရှိဘူး။ဒါကြောင့် မင်းမြန်မြန်တည်ငြိမ်အောင်လုပ်မှရမယ်။အမပြောတာကို သေချာစဉ်းစား!'' လင်ယန်ဟာ လေးနက်စွာရှင်းပြ၏။
''ကျနော်...သိတယ်... ကျနော်...သိတယ်လို့....''လင်ယန်ရဲ့စကားတွေကိုကြားတဲ့အချိန်မှာ ဂျာပေါင်ဟာဘယ်လိုမှမျက်ရည်တွေကိုထိန်းလို့မရတော့ပဲ ဝမ်းနည်းပက်လက်ထက်ငိုပြန်၏။
ယိရန်ဟာ မသက်မသာဖြစ်လျက် ရေနွေးယူရန်အတွက် မီးဖိုဆီသိုသာထွက်လာခဲ့တော့သည်။ပွက်ပွက်ဆူနေသော ရေနွေးတွေကိုကြည့်ရင်း သူမရဲ့မနာလိုမုန်းထားမှုတွေဟာပိုပိုပြီးအားကောင်းလာတော့၏။ဘာလို့ အန်ဇူကအရမ်းကံကောင်းနေရတာလဲ!တကယ်လို့ လင်ယန်သာသူမကိုမိဖုရားကြီးဆီမကြာမကြာခေါ်သွားပေးခဲ့ရင် အဲ့ဒီ့နေရာကို သူမရ,ချင်ရမှာ!ဒီပွက်ပွက်ဆူနေတဲ့ ရေတွေကိုအန်ဇူမျက်နှာကိုပက်လိုက်ရရင်.....!
''ရေနွေးရပါပြီ!''ယိရန်ဟာ ရေနွေးအိုးကိုတစ်လှမ်းချင်းဂရုတစိုက်သယ်လာပြီးနောက် အန်ဇူရှေ့သို့ရောက်ချိန်မှာတော့ သူမစီစဉ်ထားတဲ့အတိုင်း ချော်လဲဟန်ဖြင့်လှမ်းပက်လိုက်၏။ အန်ဇူရဲ့ခန္ဓာကိုယ်ဘယ်အစိတ်ပိုင်းကိုဖြစ်ဖြစ်၊ သူ့ရဲ့ဖြူနုနေတဲ့ မျက်နှာကိုဖြစ်ဖြစ်ကြိုက်တဲ့နေရာအပူလောင်သွားပါစေ ...သူမ လုံးဝ...ဂရုမစိုက်ဘူး...!
''အိုး....ဂရုစိုက်!'' အားလုံးဟာ အန်ဇူကိုလျင်မြန်စွာပဲဘေးသိူ့ဆွဲထားလိုက်ကြ၏။ဂျာပေါင်ကလဲအလန့်တကြား သူ့လက်ဖြင့် ရေနွေးပူတွေကိုကာထားမိတော့သည်။
''အန်ဇူ....အဆင်ပြေရဲ့လား?ဘယ်ကိုထိသွားတာလဲ?'' လင်ယန်ဟာ အန်ဇူ၏ပုံစံကိုကြည့်ပြီး စိတ်ပူစွာဖြင့်မေး၏။
''ဟင့် လက်..လက်ကနာတယ်'' အန်ဇူ၏ညာဘက်လက်ဖြူဖြူလေးဟာ မြင်မကောင်းအောင်နီရဲ၍နေလေ ၏။
''ရေအေးနဲ့ဆေးရည်သွားယူ မြန်မြန်!''လင်ယန်နဲ့ယိရှောင်ဟာ အန်ဇူကို ရေကန်ရှိရာသို့အလျင်မြန်ဆွဲခေါ်သွား၏။
''ငါ.. ငါ ဆေးသွားယူလိုက်မယ်!''ယိလင်သည်ပြောပြီး ဆေးရည်ယူရန်အပြေးသွားတော့သည်။
လင်ယန်ဟာမြေကြီးပေါ်လဲနေတဲ့ ယိရန်ကိုကြည့်လိုက်ပြီးနောက် ပါးကိုတစ်ချက်ချလိုက်၏။
''ယိရန် နင်ဘယ်လိုလုပ်လိုက်တာလဲ?''
ယိရန်ဟာ အရိုက်ခံလိုက်ရတဲ့မျက်နှာတစ်ဖက်ကိုအုပ်ကိုင်ရင်း မယုံနိုင်ဖြစ်နေ၏။အကြီးဆုံးအမကြီးလင်ယန်ဟာ သူမတို့ကိုတစ်ခါမှရိုက်နှက်ဆူပူခဲ့ဖူးတာမရှိပေ။ ''ကျမ.... ကျမ.... မရည်ရွယ်ပါဘူး.... ။ခြေချော်သွားခဲ့ရုံတင်ပါ''
လင်ယန်ဟာ နန်းတောထဲကသက်တမ်းရင့်အစေခံတစ်ယောက်ဖြစ်တာကြောင့် အကြောင်းရာတော်တော်များများကို မြင်ဖူးကြုံဖူးခဲ့သည်။ဒီယိရန်ဟာစိတ်ရူးပေါက်ပြီး အကြာကြီးအတူနေခဲ့တဲ့ ခလေးအပေါ်ရက်စက်တဲ့အတွေးရှိနေခဲ့တယ်။အကြီးကဲတစ်ယောက်အနေနဲ့ သူ့ရဲ့ပြစ်မှုအတွက် အနာဂတ်မှာမကာကွယ်ပေးနိုင်မှာကိုလဲကြောက်မိလေနေ၏။
တစ်ဖက်မှာလဲအန်ဇူဟာ ယိရန်ကို 'စိတ်ပျက်မိတယ်'ဆိုတဲ့အကြည့်တွေနှင့်ကြည့်နေလေသည်။
''ဆေး...ဆေးရည်ရပြီ''ယိလင်ဟာ အမောတကောပြန်ရောက်လာ၏။လင်ယန်ဟာ အန်ဇူ၏လက်ကိုဆေးသေချာလိမ်းပေး၏။ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာဟာအရမ်းမပြင်းပေ။မြင်မကောင်းအောင်နီရဲလို့နေပေမဲ့ အရည်ကြည်ဖုပေါက်တဲ့အထိတော့မဖြစ်ခဲ့ချေ။
''အန်ဇူ နားတော့။အခန်းကိုလိုက်ပို့ပေးမယ်။လက်ကိုလဲမလှုပ်ရှားမိစေနဲ့ ပြီးတော့ဒီအကြောင်းကိုလဲမစဉ်းစားနဲ့တော့'' လင်ယန်ဟာ အန်ဇူကိုဒီအခင်းဖြစ်တဲ့နေရာကနေဆွဲခေါ်ထုတ်လာတော့သည်။
''အင်း ငါလဲ လိုက်ခဲ့မယ်!''ယိရှောင်သည်လဲ အန်ဇူကိုကူတွဲပေးလျက် မြေကြီးပေါ်တွင်ဒူးထောက်နေသော ယိရန်ကိုလုံးဝဂရုမစိုက်ပဲထွက်သွား၏။
''သမီး..သမီးလဲ လိုက်မယ်လေ....'' ယိလင်လဲ အမသုံးယောက်နောက်ကို အလျင်မြန်လိုက်သွားတော့၏။တကယ်တော့ ယိလင်ဟာခလေးသာသာပဲရှိသေးတယ်ဆိုပေမဲ့ သူမကအကောင်းအဆိုးခွဲခြားတတ်ပြီး မမိုက်မဲပေ။
အန်ဇူရဲ့မျက်နှာကို ရေနွေးပူကြီးနဲ့ပတ်လိုက်တယ်တဲ့။ စဉ်းစားကြည့်ရင် ဘယ်လောက်ဒေါသထွက်ဖို့ကောင်းလဲ? ပြီးတော့ဒါကိုလုပ်တဲ့သူကလဲ အမကြီးယိရန်တဲ့လေ! ယိလင်တစ်ယောက်တွေးရင်းဒေါသလဲထွက်နေသလို ဘာလို့အဲ့လိုလုပ်နိုင်တာလဲဆိုပြီး နားလဲမလည်နိုင်ပေ။
အိမ်ရှေ့စံ၏အရှေ့နန်းဆောင်စာကြည့်ခန်း၌ ရွှမ်းရန်ဟန်ချန်သည် လင်ဂျာပေါင်၏အပူလောင်သည့်သတင်းကိုကြားလိုက်ရပြီးနောက် သူ့မျက်လုံးတွေဟာနက်မှောင်လျက်ပတ်ဝန်းကျင်ကိုအေးခဲစေလေ၏။ဒဏ်ရာဟာမစိုးရိမ်ရလို့သာ သူ,ဒီအတိုင်းထိုင်နေနိုင်ဖြစ်သည်။
''ယွင်ဖူ ငါ,မင်းကို ခိုင်းထားတယလုပ်ပြီးသွားပြီလား?''
''လုပ်ပြီးသွားပါပြီ အရှင့်သား''
''မင်း တော်ဝင်ဆေးခန်းမှာဆေးထပ်ယူပြီး နောက်တစ်ခေါက်ထပ်ပို့လိုက်ဦး''
''မှန်လှပါ'' ယွင်ဖူဟာ အရိုသေပေးပြီးထွက်ခွာသွား၏။
အဲ့ဒီ့နောက် ရွှမ်းရန်ဟန်ချန်ဟာ ညဉ့်သူရဲကောင်းတစ်ယောက်ကိုခေါ်ပြီး ''လင်ယန်ကိုပြောလိုက် အဲ့ဒီ့အစေခံနဲ့ပတ်သတ်ပြီးဘယ်လိုလုပ်မှာလဲလို့။ တကယ်လို့လင်ယန်က,မလုပ်ချင်ဘူးလို့ပြောရင် မင်းသူ့အစားလုပ်ခဲ့''
သူ့ခလေးကိုနာကျင်ခံစားစေချင်ရင် ထိုက်သင့်တဲ့တန်ဖိုးကိုတော့ ပြန်ပေးရလိမ့်မယ်!
....
အခန်းအပြင်မှအစောင့်သည် လျှောက် တင်လာ၏။''အိမ်ရှေ့စံအရှင့်သား ချုံယိတွေ့ခွင့်တောင်းပါတယ်''
''ဝင်လာခိုင်းလိုက်!''ချုံယိဟာ အသက်လေးဆယ်ကျော်လောက်ရှိပြီး မယ်တော့်၏ဘဏ္ဍထိန်းသိမ်းရေးနှင့်အစေခံအားလုံးကိုကြီးကြပ်ရသည့်ရံရွေတော်ကြီးဖြစ်သည်။သူက သဘောထားတင်းမာတယ်၊အတွေ့ကြုံရင့်ကျင်တယ် ပြီးတော့ ပြတ်သားပြီးလုပ်ရည်ကိုင်ရည်ရှိသလိုဇွဲကြီး၏
အရှေ့ဆောင်ရှိကြွက်တွေကိုမောင်းထုတ်နိုင်ခဲ့ခြင်းတွင် ချုံယိ၏စီမံခန့်ခွဲမှုတွေသည် အခရာဖြစ်လေသည်။အိမ်ရှေ့စံနန်းဆောင်တွင်ကိစ္စတော်တော်များများဖြစ်ပြီးနောက်ပိုင်း ဖျားနာနေသောမင်းသမီးငယ်ကို စောင့်ရှောက်ရန်ဟူသောအကြောင်းပြချက်ဖြင့် အရှေ့နန်းဆောင်သို့ခေါ်ထားခဲ့ပြီး အနောက်ဆောင်(အရှေ့ဆောင်၏ အဆောင်ငယ်များ)တစ်ခုတွင်ပင်နေစေကာ နန်းဆောင်၏ကိစ္စအဝ,ဝကို သူမရဲ့ထိန်းချုပ်မှုအောက်တွင်ရှိစေခဲ့တာဖြစ်သည်။
''အိမ်ရှေ့စံအရှင့်သား ရံရွေတော်အိုကြီး လာရောက်ဂါရဝပြုပါတယ်။မယ်မယ်ကြီးရဲ့နန်းဆောင်က လင်အန်ဇူဆိုတဲ့ အစေခံကို ကိုယ်လုပ်တော်ခန့်အပ်လိုက်တယ်လို့ကြားပါတယ်။အနောက်ဆောင်ထဲက ဘယ်အဆောင်ကိုများပြင်ဆင်ပေးရမလဲ မသိဘူး''
''အနောက်ဆောင်တွေထဲကမဟုတ်ဘူး ''ဖျင်အော်''နန်းဆောင်မှာပြင်လိုက်။ပင်မနန်းဆောင်ကိုလဲပြန်ပြင်ရလိမ့်မယ်''
တကယ်တော့ဖျင်အော်နန်းဆောင်ဟာ သူရဲ့စာကြည့်ဆောင်နှင့်လဲ နီးသည့်အပြင်သူငယ်ငယ်တုန်းကနေခဲ့တဲ့နန်းဆာင်လဲဖြစ်တာကြောင့် လုံခြုံရေးလဲကောင်းသလို ပတ်ဝန်းကျင်လဲသန့်ရှင်းတဲ့အပြင် အနောက်နန်းဆောင်တွေနှင့်လဲ အတော်လှမ်း၏။ဒီရှုပ်ထွေးလှတဲ့အနောက်ဆောင်က မိန်းမတွေနားမှာ သူ့ရဲ့ခလေးငယ်လေးကိုမထားနိုင်ပေ။
''အိပ်ခန်းကိုလဲ ကြည်နူးဖွယ်ဖြစ်အောင်သေချာပြင်ဆင်ပေး။အရည်ချင်းရှိတဲ့ ရံရွေတော်နှစ်ယောက်နဲ့မိန်းမစိုးတွေကို သင်ကိုယ်တိုင်သေချာရွေးချယ်ပြီးခန့်ထားပေး။ ဖျင်အော်နန်းဆောင်မှာ မီးဖိုခန်းရယ် စာကြည့်ခန်းရယ်ပါထပ်ထည့်ထားပေး''ရွှမ်းရန်ဟန်ချန်သည် လိုအပ်တာများကိုဆက်၍သေချာမှာကြားနေ၏။
အိမ်ရှေ့စံ၏မိန့်ကြားချက်တွေကိုကြားပြီးနောက် ဒီလင်အန်ဇူဆိုတဲ့ကောင်ငယ်လေးဟာ သာမာန်ပုဂ္ဂိုလ်မဟုတ်ဘူးဆိုတာကို ချုံယိ,နား လည်သွားတော့သည်။အနာဂတ်မှာ သူ့ရဲ့သခင်အသစ်ဖြစ်လာမှာကိုလဲ စိတ်ထဲ၌သေချာသိနေခဲ့တော့သည်။
⭐⭐⭐⭐⭐⭐⭐
Advertisement
- In Serial21 Chapters
Wasted Times☯︎︎.
𝐼 𝑑𝑜𝑛'𝑡 𝑤𝑎𝑛𝑛𝑎 𝑤𝑎𝑘𝑒 𝑢𝑝... 𝐼𝑓 𝑦𝑜𝑢'𝑟𝑒 𝑛𝑜𝑡 𝑙𝑦𝑖𝑛𝑔 𝑛𝑒𝑥𝑡 𝑡𝑜 𝑚𝑒 ♲︎.
8 217 - In Serial45 Chapters
WALIJA (Completed)✔
They were both forced into it... He was a drunkard...She was religious...What will happen when these two were forced to stay under the same roof?Will they be able to survive it?Will this change their lives for good?Will this marriage work out? Let's read and find out! God bless you as you do.
8 166 - In Serial24 Chapters
HIS BABY
Watching the most desirable man that ever walked the planet is captivating. He is titillating mouth-watering with so much sex appeal. All women look at him, they stare with lust, seductiveness wanting him to pay attention to them, but he does not show interest. I just stood watching him as he stimulated my senses. He casually walked towards the office, not even taking a glance around him. My heart began to slow down when he disappeared into his room. Then the door closed. So many sighs could be heard coming from women who had their mouths agape. I smiled, taking my seat to finish my workload.
8 195 - In Serial39 Chapters
Boundless
She - A Woman of background, culture and color. A woman who carries pride in her strides, and triumph on her shoulders. A set of thick lips of velvet , thighs of steel, eyes of molten honey, and skin smooth like butter, and roasted to a sensuous melanin complexion. He - A Man of proudness and honor. An anti-traditionalist, stripped of the ideas that were called righteous. Taboo marks his name, in blood his own blood that he cannot wash. His skin pale as the moon and rosy like petals of the spring, the spring that only SHE, can bring him to. He who finds great euphoria and bliss at the sight of SHE, who captures his bare eyes and stolen his manhood.RANKING:#5 in tradition - 2/20/19#4 in Korean Men - 3/18/19, 11/10/19#2 in No Boundaries- 4/25/19, 11/10/19#3 in Korean Men - 4/25/19, 10/30/19#2 in Asian - 4/29/19, 11/19/19#1 in Korean- 4/30/19, 5/8/19#2 in Korean- 5/6/19, 5/10/19, 5/15/19#3 in Korean- 5/11/19#1 in Korean men - 9/26/19, 11/25/19#1 in no boundaries- 9/26/19, 10/30/19, 11/25/19#1 in Asian - 11/18/19#2 in BrianKang - 11/25/19#3 in Asian - 11/25/19#1 in BrianKang - 11/27/19, 1/31/20#5 in undescribable - 1/27/20#2 in ambw - 5/20/20
8 235 - In Serial69 Chapters
Undercover Gangleader
You know the normal cliche of the nerd secretly being a street fighter and the bad boy just so happens to find out? Well this is like that.... But nothing like that at all. Meet Xavier, he's your average bad boy who so happens to be the leader of a feared gang. But what happens when strange things begin to happen and he has to go undercover and go back to high school? But not as his role of the bad boy. He has to be the school nerd. Meet Asher, she's your average nerd.... Not. At school, she's pushed around, bullied, and made fun of because of her grades. To some people she's just an ordinary nerd who will most likely go far in life. What they don't know is that her father was one of the worlds best street fighters and that she's following behind his footsteps. Conflicts are resolved, secrets are told, and friendships are broken. But through all of that. Can the two find love? Warning: unedited. Many mistakes within this book but I'm very slowly going through and editing chapters.Also, this book contains major character growth. These characters mature a lot from the first to second book so if you don't like them at first, you most likely will in the second book.
8 152 - In Serial48 Chapters
King of the Alphas
#1 in Luna 11.16.2018#1 in Romantic 3.7.2019#1 in Suspense 4.8.2019{Completed}Summary:Charlotte Woods finds herself in a life or death situation. After war breaks out on her territory, she seeks survival, but unknowingly runs onto Royal Territory. Kayden Giordano is the Alpha King. He is protective and sometimes overbearing, which may come across as attractive to some people. But to Charlotte, hell is bound to break loose. Two stubborn mates is never a good combination. But could this be an exception?Read to find out more.UNDER EDITING!!!----Enjoy! Feel free to comment and vote!I love you all!-A.J.
8 426

