《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch12 Zawgyi
Advertisement
အကောင်ပေါက်လေးအားမွေးမြူခြင်း
...
သူတို့ဖျင်အော်နန်းဆောင်ကိုမွန်းလွဲပိုင်းမှသာပြန်ရောက်ကြလေသည်။ရွှမ်းရန်ဟန်ချန်သည် ဟင်းသီးဟင်းရွက်တို့အား ဂျာပေါင်တစ်ယောက်မစားနိုင်တော့မှ ပန်ကန်ထဲသို့ထည့်ပေးခြင်းကိုရပ်လိုက်လေ၏။
သူ တကယ်ပဲသူ့ရဲ့ခလေးလေးကို မြန်မြန်ဆန်ဆန်ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်လာစေချင်သည်။ဒီ၂နှစ်အတွင်း ကောင်းကောင်းမွန်မွန်ကျွေးမွေးထားမှာသာ နောက်ကျရင်သူ့ရဲ့အရှိန်ကိုဒီကောင်ငယ်လေးလိုက်နိုင်မှာဖြစ်၏။အနာဂတ်မှာ ဂျာပေါင်သည်လဲကျန်းကျန်းမာမာ ဘေးအန္တာရယ်ကင်းကင်းနေနိုင်ပြီး သူ့နဲ့ဂျာပေါင်ရဲ့ ခလေးပိစိလေးတွေလဲရောက်လာမှာကို ကြိုတွေးကြည့်မိရုံဖြင့် သူဟာပျော်ရွှင်ကျေနပ်နေမိလေသည်။
နေ့လည်စာစားပြီးခတ္တမျှနားနေပြီးနောက် ရွှမ်းရန်ဟန်ချန်သည် တော်ဝင်ဥယျာဉ်တော်အတွင်းဆီသို့ ဂျာပေါင်အားခေါ်သွားလေသည်။ဒီတော်ဝင်ဥယျာဉ်တော်သည် နန်းတွင်းစည်းကမ်းအရ အမှုထမ်းငယ်များဝင်ရောက်ခွင့်ကန့်သတ်ထားသလို လိုအပ်မှသာဒီနေရာသို့ခွင့်ပြုချက်ဖြင့် ဝင်ရောက်ရမည်ဟု တားမြစ်ကန့်သတ်ထားသောနေရာဖြစ်တာကြောင့် တချို့နန်းတွင်းတွင် ၁၀နှစ်ကျော်နီးပါးအမှုထမ်းခဲ့ကြသည့်တိုင် ဒီနေရာကို မရောက်ဖူးသေးသည့်သူများပင်ရှိ၏။ထိုနည်းတူစွာပဲ ဂျာပေါင်သည်လဲဒီတားမြစ်ထားသည့် တော်ဝင်ဥ
ယျာဉ်တော်သို့မရောက်ဖူးပေ။
ရွှမ်ူရန်ဟန်ချန်သည်လဲ သူ့ရဲ့အကောင်ငယ်လေးမရောက်ဖူးသေးသည်ကို သိနေသည့်အတွက်ခေါ်လာပေးခြင်းဖြစ်လေသည်။ဂျာပေါင်ကတော့လမ်းတလျှောက် ပျော်ရွှင်မြူးတူးစွာဖြင့် ရှုခင်းအားကြည့်ရင်း ဆွဲခေါ်ရာသို့လိုက်ပါလာ၏။
ဂျာပေါင်၏ပျော်ရွှင်စွာပြုံးရယ်နေသောမျက်နှာလေးကိုကြည့်ရင်း ရွှမ်းရန်ဟန်ချန်က
''နွေဦးရောက်ရင်ဒီဥယျာဉ်က ပိုကြည့်ကောင်းတယ်ပြောရမယ် နွေဦးမှာပန်းတွေကအကုန်ပွင့်ကြတာဆိုတော့ ဒီနေရာကပန်းခင်းကြီးလိုဖြစ်သွားတာ''
''ဟာ....တကယ်လား အရမ်းလှမှာပဲနော်!
အာ!ဟိုးမှာနားနေဆောင်ငယ်လေးလဲရှိတာပဲ''
ဂျာပေါင် ခပ်လှမ်းလှမ်းကိုညွှန်ပြရင်းဆို၏။
ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်ပြေးလွှားသွားနေသော အဆောင်ငယ်လေးဟာ တွေဝေစွာဖြင့်ကြည့်နေခဲ့လေသည်။
ဒီနေရာ ဒီနေရာဟာ အရင်ဘဝကသူနဲ့ဂျာပေါင်ပထမဆုံး,ဆုံစည်းခဲ့တဲ့နေရာ...။သူ့ရဲ့အဓိပ္ပါယ်မဲ့နေသောအချိန်တွေကို နောင်တတရားဖြင့် လာရောက်ဖြုန်းတီးပစ်ခဲ့ရသည့်နေရာ....။
ဂျာပေါင်သည် နောက်တွင်တွေဝေစွာရပ်နေခဲ့လေသာ သူ့ရဲ့အိမ်ရှေ့စံမင်းသားအား ပြုံးရယ်လျက်အော်ခေါ်လာလေသည်။
''အရှင့်သား ဒီမှာလာထိုင်လေ''
ဂျာပေါင်၏ချိုသာလှတဲ့အသံလေးနဲ့ ပြုံးရယ်ပြလျက် သူ့အား,အော်ခေါ်နေသည်ကိုမြင်လိုက်ရတဲ့အခါ ရွှမ်းရန်ဟန်ချန်၏နှလုံးသားသည် တဖန်ပြန်၍လန်းဆန်းနိုးကြားလာတော့သည်။
သူ အဆောင်ငယ်အတွင်းသို့လျင်မြန်စွာလျှောက်သွား၍ ဂျာပေါင်အား ပြင်းရှစွာထိကပ်နမ်းနေမိသည်မှာ ဂျာပေါင်တစ်ယောက်အသက်ရှုမဝတော့သဖြင့် တွန်းထိုးရုန်းကန်လာသည့်အထိပင်။
ဂျာပေါင်သည်လဲ အခုအနမ်းဟာအရင်ကအနမ်းတွေလိုမဟုတ်ပဲ တမူထူးခြားနေကာ တစ်ခုခုမူမမှန်ဖြစ်နေသည်ကို သတိထားမိလေသည်။ ထို့ကြောင့်အိမ်ရှေ့စံ၏မျက်လုံးတို့အားသေချာစွာကြည်လိုက်ပါသော်လည်း မဖြေမရှာနိုင်ပဲရှိနေလေရာ အိမ်ရှေ့စံ၏ရင်ခွင်ထဲသို့သာ တင်းကြပ်စွာဖက်တွယ်လျက်ခိုဝင်လိုက်လေတော့၏။
''ယောကျာ်း......''ရွှမ်းရန်ဟန်ချန်၏ရင်ခွင်ထဲမှ ဂျာပေါင်သည် တိုးလျစွာခေါ်လိုက်လေသည်။
ဂျာပေါင်၏အသံလေးဟာ အလွန်ကိုမှနူးညံ့ပြီးတိုးလျနေတယ်ဆိုပေမဲ့ သူကတော့ကောင်းစွာကြားလိုက်ရလေသည်။ဒီနုနုနယ်နယ်ကောင်ငယ်လေးရဲ့ အသံချိုချိုလေးဟာ သူ့ကိုတကယ်ပဲပူပင်သမျှငြိမ်းအေးစေလေ၏။
ထို့နောက်ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်အားအဆောင်ငယ်အတွင်းမှ ပြန်ခေါ်လာခဲ့ပြီး
''နေ့ခင်းတစ်မှေးအိပ်ဖို့ ပြန်ရအောင်နော်!''
ဂျာပေါင်သည် အရင်ကနေ့ခင်းတမှေးအိပ်တတ်သည့်အကျင့်မရှိဘူးဟုဆိုခဲ့သည့်တိုင် အခုတော့ဒီတမှေးအိပ်ခြင်းကိုအလေ့အကျင့်ဖြစ်နေခဲ့ပြီဖြစ်သည်။ အိမ်ရှေ့စံက ထိုသို့လဲပြောလိုက်ရော သူသည်လဲအနည်းငယ်အိပ်ချင်သလိုခံစားနေရတာကြောင့် အထွန့်မတတ်တော့ပဲခေါ်ရာသို့ပြန်လိုက်ပါလာတော့၏။
ဖျင်အော်နန်းဆောင်ကိုပြန်ရောက်တော့ အိမ်ရှေ့စံသည် သူ့အားနို့တစ်ခွက်သောက်ခိုင်းပြီးမှသာ အိပ်ရာသို့ဝင်စေ၏။ဂျာပေါင်အားအိပ်ယာတွင်လှဲလျောင်းစေပြီးတော့မှသာ အိမ်ရှေ့စံသည်လဲ ဂျာပေါင်ဘေးတွင်လှဲလျောင်းလိုက်လေသည်။
ဂျာပေါင်ကတော့ တခဏလေးအတွက်းအိပ်ပျော်သွားပေမဲ့လဲ သူ့မှာတော့မျက်နှားများဖိကပ်မှိတ်ထားသည့်တိုင်အိပ်မပျော်နိုင်အောင်ဖြစ်နေ၏။ထို့ကြောင့်နှစ်ခြိုက်စွာအိပ်မောကျနေသော ကောင်ငယ်လေး၏မျက်နှာကိုသာ တစိမ့်စိမ့်ငေးကြည့်ရင်းကျေနပ်နေလေသည်။
သူ,တအောင့်ကြာငေးကြည့်နေရင်းမှ မနက်ဖြန်တွင်ဆွေးနွေးရမည့်ကိစ္စတစ်ချို့ကိုကြိုတင်ဆောင်ရွတ်ထားရဦးမယ်ဖြစ်သည့်အတွက် အိပ်ရာမှထကာစာကြည့်ဆောင်သို့ပြန်သွားရလေသည်။
တကယ်တော့ သူဒီရက်ပိုင်းတွေမှာ စာအုပ်တစ်အုပ်အားစာရင်းပြုရေးသားနေခဲ့တာဖြစ်သည်။
လုံမြစ်ရေလျှံ၍ ရွှမ်းရန်အင်ယာယာ၏ဒေသတွေဖြစ်တဲ့ လုံချန်း၊လီချန်း၊ကူကျုံး၊ကျန်းကျုံး စတဲ့ဒေသတွေအတွင်းသို့ ရေဝင်ရောက်ခြင်းကို နွေဦးရေလျှံခြင်းလို့လဲခေါ်ကြ၏။
မက်မွန်ပန်းတွေပွင့်တဲ့ရာသီတွင် ရေကြီးရေလျှံမှုဖြစ်တာကြောင့် မက်မွန်ပန်းတို့သည်လဲမျှောပါလာကြသည်ကိုအကြောင်းပြု၍ မက်မွန်ပန်းရေလွှမ်းခြင်းဟုလဲ လူသိများလေသည်။
ဖေဖော်ဝါရီလနှင့်မတ်လတွေအတွင်း လုံမြစ်အထက်ပိုင်းမှရေခဲတွေဟာ အရည်ပျော်ကျလာပြီး လုံမြစ်အတွင်းသို့အရှိန်အဟုန်ဖြင့်စီးဝင်၏။ ထိုထုထည်ကြီးမားသောရေထုသည် မြစ်အောက်သို့ အရှိန်ဟုန်ဖြင့်စီးဆင်းကျကာ လုံမြစ်အောက်ပိုင်းရှိ လုံ,ဟယ်ဒေသသည် နှစ်စဉ်ရေလွှမ်းမှုဒဏ်ကို အပြင်းအထန်ခံစားရလေသည်။
နန်းတော်မှလဲ ထိုရေကြီးပျက်စီးမှုကိုကာကွယ်ရန်အတွက် နှစ်စဉ်ငွေကြေးထောက်ပံ့ပေးပါသော်လည်း အဖျက်စွမ်းအားပြင်းထန်သောရေထုထည်ဖြင့်ယှဉ်လိုက်ရင် ထောက်ပံ့ပေးမှုသည် အလွန်ကိုသေးငယ်သွားတော့၏။
ဒါကြောင့်ရွှမ်းရန်ဟန်ချန်သည် ရေကာတမံနှင့်တူးမြောင်းနှစ်ခုတူးဖော်ကာ လယ်ယာမြေအတွင်းသို့ရေဝင်ရောက်မှုကိုဟန့်တားနိုင်ရန်အတွက် မြစ်ကြောင်းပြောင်းဖို့ကို ဒီနှစ်အတွင်းမှာစီစဉ်နေခဲ့တာဖြစ်သည်။ ဒီမြစ်ကြောင်းပြောင်းလဲနိုင်ခဲ့ရင် ရေကြီးရေလျှံမှုကြောင့်ဖြစ်လာတဲ့ ပျက်စီးဆုံးရှုံးမှုကိုလဲ ကာကွယ်နိုင်မှာဖြစ်၏။
အရင်ဘဝ၌လဲ ဒီစီမံကိန်းကိုလုပ်ဆောင်ခဲ့ဖူးပေမဲ့ သူထီးနန်းဆက်ခံပြီး၁၀နှစ်ကျော်ကြာမှသာ ဒီစီမံကိန်းကိုအကောင်ထည်ဖော်နိုင်ခဲ့တာဖြစ်၏။
အရင်ဘဝ၌ ဒီစီမံကိန်းတစ်ခုလုံးကိုစီစဉ်ရေးဆွဲခဲ့သူမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထိုက်ဟန်ဆိုသောဝန်ကြီးတစ်ပါးဖြစ်သည်။ ထိုက်ဟန်သည် ရေကြေင်းထိန်းသိမ်းရေးနှင့်ပတ်သတ်၍ လွန်စွာမှပါရမီပါသူဖြစ်ကာ အလုပ်လဲကြိုးစားသူဖြစ်သည်။
ထိုက်ဟန်သည် ငယ်စဉ်ကစက်မှုဝန်ကြီးဌာန၌ တာဝန်ကျခဲ့သူဖြစ်သော်လည်း ဒီစီမံကိန်းနှင့်ပတ်သတ်၍သူ့ရဲ့ဌာနအကြီးကဲထံသို့ အကြံပြုလွှာပေးပို့ခဲ့၏။ သို့သော်လည်းကံမကောင်းစွာဖြင့် ငြင်းပယ်ခံခဲ့ရလေသည်။
ထိုက်ဟန်ဟာသူ့ရဲ့အကြံပြုလွှာဘာကြောင့် ငြင်းပယ်ခံခဲ့ရသည်ကို နားမလည်နိုင်ဖြစ်ခဲ့သလိုလက်မလျော့နိုင်ပဲ လုံမြစ်နှင့်လုံဟယ်ဒေသအကြောင်းကို ပိုမိုအသေးစိတ်လေ့လာပြီးနောက် လူထုထံသို့စာအုပ်ထုတ်ဝေနိုင်သည်အထိ အချက်အလက်များကိုသေချာ စီမံဆောင်ရွတ်လေသည်။အဲ့နောက်ရွှမ်းရန်ဟန်ချန်၏ခွင့်ပြုချက်ဖြင့် စီမံကိန်းအား၃နှစ်အတွင်းအကောင်ထည်ဖော်ဆောင်ရွတ်နိုင်ခဲ့၏။
စီမံကိန်းပြီးသွားတဲ့အခါ လူထုသည်လဲရေကြီးမှုကြောင့်ထပ်ပြီးထိခိုက်ပျင်စီးမှာကိုစိုးရိမ်စရာမလိုတော့သလို ရွှမ်းရန်အင်ပါယာသည်လဲ ပိုမိုဂုဏ်သတင်းကြီးထွားလာလေသည်။ တူးမြောင်းနှစ်ခုကြောင့် ရေကြောင်းခရီးဆက်သွယ်ရေးပိုမိုတိုးတတ်ကောင်းမွန်လာသည်ကိုတော့ ပြောဖို့ကိုမလိုပေ။
ယခုဘဝတွင် သူဒီစီမံကိန်းအားစောစီးစွာအကောင်းထည်ဖော်ရခြင်းမှာ ပြည်သူလူထုအကျိုးအတွက်တင်မဟုတ်ပဲ (ဝမ်လီ) လင်ဝမ်၏အဓိကခြေကုတ်ယူလာနိုင်သည့်ပြသာနာအား စောစီးစွာဖြေရှင်းထားချင်သည့်အကြောင်းလဲ ပါဝင်သည်။
ရွှမ်းရန်စန်ချန်သည် ပြင်ဆင်ဆွေးနွေးရမည့်အချက်အချို့အားမှတ်သားလိုက်ပြီးနောက် သူ့ရဲ့ခလေးငယ်လေးနိုးလာမည့်အချိန်လောက်ကိုမှန်းပြီး ဖျင်အော်နန်းဆောင်သို့ပြန်သွားလေ၏။
သူ ဖျင်အော်နန်းဆောင်ကိုပြန်ရောက်သွားတဲ့အခါ သူ့ရဲ့ခလေးငယ်လေးမှာ အိပ်ရာမှထ၍သရောစာမုန့်အချို့ကိုပင် စာနေပြီဖြစ်သည်။
''အိမ်ရှေ့စံက တမှေးမအိပ်ဘူးလား?''
ဂျာပေါင် သူနိုးလာတော့ အိမ့်ရှေ့စံမင်းသားအားမတွေ့လိုက်ရသည့်အခါ တစ်ခုခုပျောက်ဆုံးသွားသလိုခံစားလိုက်ရသည်။အိမ်ရှေ့စံမင်းသားက အရေးကြီးကိစ္စတွေကိုဖြေရှင်းစရာရှိသေးလို့ စာကြည့်ဆောင်ကိုပြန်သွားရတာကြောင့် နှောက်ယှက်ရန်မသင့်ပါဘူးဟု ချူးချင်းပြောခါမှသူနည်းနည်းစိတ်ပြေသွားခဲ့တာပင်။
''ခဏပါပဲ ကိုယ်တော်ကတမှေးအိပ်တတ်တဲ့အကျင့် မရှိဘူးလေ။ ဒါပေမဲ့နောက်ကျရင် အသားကျသွားမှာပါ''
ရွှမ်းရန်ဟန်ချန်သည်ဂျာပေါင်၏လက်လေးကိုဆွဲယူရင်း ထိုလက်လေးထဲကကျန်နေသေးတဲ့မုန့်တစ်ဝက်အား ကိုက်ဝါးလိုက်
သည့်အပြင် ဂျာပေါင်၏လက်ချောင်းလေးတွေကိုပါ ဆွဲစုတ်နေလေသည်။
ဂျာပေါင်သည် အိမ်ရှေ့စံမင်းသား၏အပြုမူကြောင့် နေရာခက်လာကာမုန့်ပန်ကန်အား ရွှမ်းရမ်ဟန်ချန်၏ရှေ့သို့တွန်းပို့ပေးလိုက်ပြီး ''ဒီ..ဒီမှာ မင်းသားအတွက်....''
ရွှမ်းရန်ဝန်ချန်သည်ကား သူ့ရဲ့မျက်ခုံးတွေကိုပင့်လျက်
''ခလေးရဲ့လက်လေးတွေက ပိုကောင်းတယ်''
ပန်းခန်းမအတွင်း၌ ချုးယိ၊ချုးချင်း၊ယွမ်ဖူ နှင့် ယွမ်ချင်းတို့လဲရှိနေသည်ဖြစ်ရာ ထို၎ယောက်လုံးသည်အလွန်အမင်းအံ့သြသင့်နေကြ၏။
ဒါ........ဒါ....က ခံစားချက်မရှိသလို တည်တင်းနေတတ်သောမျက်နှာထားဖြင့်သာ အမြဲတွေ့ရတတ်ပြီး အင်မတန်တည်ငြိမ်လွန်းသူဟု ကျော်ကြားတဲ့
ငါတို့....ရဲ့...အိမ်ရှေ့စံမင်းသား...လား...?
ရွှမ်းရန်ဟန်ချန်သည်ကား အရာအားလုံးကိုလျစ်လျူရှုကာ ဂျာပေါင်၏အရာသာကိုသာ အပြည့်အဝခံစားနေလေသည်။မုန့်ကိုပန်ကန်ထဲမှလှမ်းယူ၍ သူ့အားခွံ့ကျွေးရန်အတွက် ဂျာပေါင်၏လက်ချောင်းလေးများအား အတင်းကြပ်စေခိုင်းတတ်ပြန်သေး၏။
မုန့်စားပြီးရင်လဲ သူ့မှာအတောမသတ်နိုင်သေးပဲ ဂျာပေါင်၏ လက် ချောင်းလေးများအား တစ်ချောင်းချင်းငုံခဲသန့်ရှင်းပေးပြန်သည်။ ဂျာပေါင်ကဒီအခြေနေကြီးနှင့်လွယ်လွယ်အသားကျပေမဲ့ အိမ်ရှေ့စံ၏အပါးတော်မြဲယွမ်ဖူသည်ကား သူ့သခင်ရဲ့ပုံစံကိုကြည့်ပြီးမသတ်မသာခံစားနေရကာ သူ့သခင်တကယ်ပဲ....စိတ်မှမှန်သေးရဲ့လား...ဟုတွေးမိနေလေသည်။
ချူးချင်သည်လဲ အိမ်ရှေ့စံကအရမ်းကြောက်ဖို့ကောင်းတာပဲဟုတွေးမိနေ၏။ ကြည့်ပါလား!ဂျာပေါင်ကိုအသားတုံးလိုမြင်နေပြီး သူ့ဗိုက်ထဲကိုထည့်ထားချင်နေတဲ့ အိမ်ရှေ့စံရဲ့အကြည့်တွေကို...။သူရုတ်တရတ်တွေးမိလိုက်သည်က အရင်အချိန်က ကျယ်ကျယ်လောင်လောင်သတင်းထွက်ခဲ့ဖူးသည့် အိမ်ရှေ့စံဟာလူသားစားရသည်ကို အထူးကြိုက်နှစ်သက်သည်ဟူသော သတင်း....!အား ဒါက တကယ်ပဲ ကျောချမ်းစရာပဲ! ချူးချင်းတစ်ယောက် တွေးရင်းတွေးရင်း ကြက်သီးထနေတော့သည်။
Advertisement
ထို့နောက် ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်အားဖျင်အော်နန်းဆောင်ရှိ ဥယျာဉ်ငယ်အတွင်းကစာကြည့်ဆောင်ငယ်လေးဆီသို့ခေါ်သွားလေသည်။
''မင်းအတွက်လုပ်ပေးထားတာ ကြိုက်ရဲ့လား?''
"တကယ် ဂျာပေါင်အတွက်လား?'တကယ်ကြီး?''
အခန်းငယ်အတွင်းစာအုပ်တွေ အပြည့်ထည့်ထားပေးသော ဗီရိုများအား ပျော်ရွှင်စွာလှည့်ပတ်ကြည့်ရှုနေရင်း ဂျာပေါင် သည်အံ့သြစွာဖြင့်ဆို၏။
''အင်း!ကြိုက်တယ်!''
ဂျာပေါင်တကယ်ကိုပင် ပျော်နေတာဖြစ်သည်။သူ,ငယ်ငယ်ထဲက စာဖတ်ဝါသာနာပါခဲ့တာပင်။ ဒါပေမဲ့သူကတခြားခလေးတွေနဲ့မတူပဲ ဒွိလိင်ခလေးဖြစ်နေတာကြောင့် ကျောင်းလဲအများနည်းတူတတ်လို့မရခဲ့ပဲ အိမ်မှာပဲစာဖတ်ရင်းအချိန်ကုန်ဆုံးရ၏။
ကံကောင်းစွာဖြင့် သူ့ရဲ့အကိုကြီးဖြစ်သူက ပညာသင်ဆုရကျောင်းသားဖြစ်နေတာကြောင့် သူ့ကိုအိမ်၌စာရေးစာဖတ် သင်ပေးလေ့ရှိသည်။ ဒီနန်းတော်ထဲမဝင်ချိန်တုန်းကလဲ စာလုံးအနည်းငယ်နှင့်မှတ်သားဖွယ်စာလုံးအချို့ကို အလွတ်ကျက်လေ့ကျင့်ပေးခဲ့သေးသည်။စာရေးစာဖတ်နှင့်သူမစိမ်းသည့်တိုင် အခုလိုမျိုးစာကြည့်ဆောင်ကြီးကို သူ့အားအပိုင်ရလိမ့်မည်ကိုတော့ ဘယ်တုန်းကမှစိတ်ကူးမယဉ်ခဲ့ဘူးပေ။
''မင်းကြိုက်ရင်ပြီးတာပါပဲ။ နောက်ကျမှစာရေးစာဖတ်နဲ့ ပန်းချီသင်ဖို့အတွက် ဆရာတစ်ယောက်ရှာပေးမယ်''
''ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသား'' ဂျာပေါင်သည် ရိုသေစွာဖြင့်အိမ်ရှေ့စံမင်းသားအား ကျေးဇူးတင်စကားဆိုလေသည်။သူ့ရဲ့အိမ်ရှေ့စံကသူ့မိသားစုပြီးရင် သူ့အပေါ်မှာအကောင်းဆုံးလူတစ်ယောက်ပဲ။ သူတကယ်ကိုကြိုးကြိုးစားစားနဲ့ သူ့ရဲ့အိမ်ရှေ့စံမျက်နှာမပျက်ရအောင် ကောင်းကောင်းလေ့လာသင်ယူမှာ!
ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်နားသို့ကပ်လိုက်၍
''မင်းကိုယ့်ကိုဘယ်လိုခေါ်လိုက်တာလဲ.....ဟမ်...''
ဂျာပေါင်သည်တိတ်ဆိတ်စွာရပ်နေသော ယွမ်ဖူနှင့်ယွမ်ချင်ကိုကြည့်လိုက်ပြီးနောက် သူ့တို့၂ယောက်ကိုထွက်သွားခိုင်းစေချင်သောအဓိပ္ပါယ်အပြည့်ပါသည့် မျက်လုံးများဖြင့်အိမ်ရှေ့စံအားကြည့်လိုက်လေသည်။
ရွှမ်းရန်ဟန်ချန်သည်လဲ သူ့ခလေးငယ်လေးဘာဖြစ်စေချင်မှန်း ကောင်းစွာသိလေရာ သူ့ရဲ့လက်ကိုမြှောက်လျက်ညွှန်ကြားလေသည်။
''မင်းတို့ ဒီမှာစောင့်နေစရာမလိုဘူး။အပြင်ထွက်နေကြ!''
အရိုသေပေးပြီးထွက်သွားသောနှစ်ယောက်ကို ရွှမ်းရန်ဟန်ချန် ကြည့်နေလိုက်ပြီးနောက်
''ခလေး အခုကိုယ်တို့ပဲရှိတော့တယ်.....''
''ကျေးဇူးတင်ပါတယ် ယောကျာ်း..''
ဂျာပေါင်သည် တကယ်ကိုကျေးဇူးတင်ပါတယ်ဆိုသော အဓိပ္ပါယ်တွေပြည့်လျှံနေသည်မျက်လုံးဝိုင်းတို့ဖြင့်ကြည့်ပြီးနောက် ရွှမ်းရန်ဟန်ချန်၏ ခါးကိုဖတ်သိုင်းဖတ်လိုက်လေသည်။
''ကဲလာပါဦး ကိုယ်ဒီနေ့ခလေးကိုသင်ပေးမယ်'' ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်အား ထိုင်ခုံတွင်ထိုင်ခိုင်းလိုက်လေသည်။
''အင်း ဂျာပေါင် မှင်သွေးလိုက်မယ်"
ဂျာပေါင်ဟာမှင်ခွက်ကိုယူ၍သပ်ရပ်စွာ မှင်စသွေးလေသည်။အရင်ထဲက သူ့ရဲ့အကိုကြီးကိုမှင်မကြာမကြာသွေးပေးဖူးတာကြောင့် ဂျာပေါင်သည် ဒီနေရာ၌အလွန်ကျွမ်းကျင်လေရာ မကြာခင်မှာပဲမှင်သွေးခြင်းအမှုပြီးသွားတော့၏။
ရွှမ်းရန်ဟန်ချန်ကိုကြည့်ရသည်မှာ သူ့ရဲ့မျက်လုံးတွေကပင် ကြည်နူးရိပ်သန်းနေလေသည်။ သူ့ရဲ့ပုံစံက နံသာနီအမွှေးတုံးကိုဆော့ကိုင်နေသလိုကျေနပ်မှုမျိုးဖြင့်....။
''မင်း ရေးကြည့်မလား?ကိုယ့်ကိုရေးပြပါဦး!'' စုတ်တံကိုစနစ်တကျကိုင်နည်းကိုပါပြပေး၍ ဂျာပေါင်လက်ထဲသို့ထည့်ပေးလိုက်လေသည်။
ဂျာပေါင်ကတုန်တုန်ရီရီဖြင့် လင်ဂျာပေါင်ဆိုသည့်စာလုံးသုံးလုံးကိုချရေးလိုက်လေသည်။ သူ့ရဲ့စာလုံးတွေဟာ အလွန်ကိုကြီး၍စုတ်ချက်တွေဟာလဲ မသပ်ရပ်ချေ။
ရွှမ်းရန်ဟန်ချန်ကကိုယ်ကိုကိုင်းလျက် ဂျာပေါင်အားနောက်ကနေသိုင်းဖတ်လိုက်ပြီးနောက် ဂျာပေါင်၏လက်သေးသေးလေးအား အုပ်ကိုင်၍လက်ထပ်ပြီး စာလုံး၎လုံးကို စာလုံးကိုထပ်ရေးလိုက်၏။
''လှလိုက်တာ!'' ရွှမ်းရန်ဟန်၏လက်ရေးဟန်သည် တကယ်ကိုကျော့ရှင်းခန့်ညားလျှက် အားမာန်အပြည့်ဖြင့်ပင်။ဂျာပေါင်ဟာ ရွှမ်းရန်ဟန်ချန်ဘာရေးနေသည်ကို သေချာမသိပေမဲ့ အိမ်ရှေ့စံမင်းသားရဲ့လက်ရေးဟန်ဟာ သူ့ထက်အများကြီးသာတယ်ဆိုတာကိုတော့ ကောင်းစွာနားလည်လေသည်။
ထိုစာလုံး၎လုံး၏ဘေးတွင် လင်ဂျာပေါင်ဟူသော စာလုံး၃လုံးကိုကပ်ရေးလိုက်ပြန်သည်။
''ဒါက ဂျာပေါင်နာမည်''
ရွှမ်းရန်ဟန်ချန်ရေးနေသည်ကို သေချာစွာလိုက်ကြည့်ရင်း ဂျာပေါင်ပြောလိုက်၏။
သူက စာလုံး၎လုံးကို ခပ်ကြီးကြီးပြန်ရေးလိုက်သည်။ ဒီစာလုံး၎လုံးက စုတ်ချက်တွေတကယ်ကိုများပြီး လိုက်ရေးဖို့ရန်ခက်လေသည်။ဂျာပေါင်ကတကယ်ကြီး ရွှမ်ရန်ဟန်ချန်နောက်သို့လှည့်ကြည့်လိုက်ရာမှာတော့ အိမ်ရှေ့စံ၏ မျက်နှာနှင့်မျက်ချင်းဆိုင်ပက်ပင်းတိုးမိလေသည်။သူက
''ကိုယ့်ကိုကြည့် ...ဒါ မင်းပါးပါးရဲ့နာမည်....''
(Tn-ဒီမှာသုံးသွားတဲ့ပါးပါးဆိုတာ ဆရာကြီးက
သူ့ဟာသူရည်ညွှန်းတာပါahhh)
''အင်း! ဒါကနမ်းဖို့အတွက်အချိန် ကောင်းလေးပဲ!''
ရွှမ်းရန်ဟန်ချမ်သည်သူ့ညဉ်အတိုင်း ဂျာပေါင်အားအလွတ်မပေးခဲ့ပါပဲ ဂျာပေါင်၏မျက်နှာအစိတ်ပိုင်းတစ်ခုချင်းစီကို မြတ်နိုးစွာနမ်းရှိုက်လေသည်။ မျက်ခုံးမျက်လုံးပြီးတော့ သေးငယ်တဲ့နှာခေါင်းလေး အဲ့ဒီနောက် သေးငယ်တဲ့နှုတ်ခမ်းနီရဲရဲလေး.....။
ရွှမ်းရန်ဟန်ချန်တစ်ယောက် ထိုနှုတ်ခမ်းသေးသေးလေးအား ပြင်းပြစွာနမ်းရှိုက်နေလေရာ ဂျာပေါင်၏နှုတ်ခမ်းတို့သည် ထုံကျင်လာလျက် နှုတ်ခမ်းလွှာတို့သည်လဲ မထိန်းချုပ်နိုင်စွာပွင့်အာ၍လာလေသည်။
ရွှမ်းရန်ဟန်ချန်သည် နှုတ်ခမ်းလွှာတို့ပွင့်ဟလာသည်ကို အခွင့်ကောင်းယူ၍ ဂျာပေါင်၏လျှာလေးအားစုတ်ယူအရသာခံနေတော့၏။ ''အင်း.....'' ရွှမ်းရန်ဟန်ချန်း၏ လက်တို့သည် ဂျာပေါင်တင်ပါးတို့အားကိုင်ညစ်နေသလို သူ့ရဲ့လျှာလေးသည်လဲ တတိတိကိုက်စားခံနေရသလို ခံစားနေရခြင်းကြောင့် ဘယ်လိုမှထိန်းချုပ်နိုင်စွမ်းမရှိတော့ပဲ အသံထွက်ငြီးငြူမိလေသည်။
ဂျာပေါင်အား စာပွဲပေါ်သို့တွန်းလှဲလိုက်ပြီးနောက် ပါးမို့မို့ပေါ်ကပါးချိုင့်ခွက်ခွက်လေးကို ထိကိုင်ရင်းဂျာပေါင်အားသေချာစွာငုံမိုးကြည့်နေမိ၏။
''ခလေးလေး မင်းပါးပါးနဲ့နေရာအဆင်ပြေရဲ့လား?'သဘော ကျရဲ့လား?'' ဂျာပေါင်၏လည်တိုင်နုနုလေးထက်၌ အနီရောင်အမှတ် အသားတို့ကိုကျန်ရစ်စေပြန်သည်။ဂျာပေါင်သား သူ၏လက်ဖဝါးတို့အားတင်းတင်းဆုတ်ကိုင်ရင်း အိမ်ရှေ့စံမင်းသား၏အနမ်းပြင်းပြင်းတို့အား အတတ်နိုင်ဆုံးဖြစ်စေရန်ကြိုးပမ်း၍ သက်သောင့်သက်သာလိုက်ပါ ခံစားနေမိလေသည်။
ထို့နောက် ဂျာပေါင်၏လက်သွယ်သွယ်လေးသည် အိမ်ရှေ့စံ၏လည်တိုင်အားဖက်တွယ်ထားမိလျက်
'' အဆင်ပြေပါတယ်ယောကျာ်း ဂျာပေါင်ကိုနမ်းတဲ့အခါ တိုင်း ဂျာပေါင်သဘောကျတယ်''
ရွှမ်းရန်ဟန်ချန်မှာတော့ နူးနူးညံ့ညံ့တိုးဖျော့ဖျော့အသံလေးနှင့်မလိုက်ဖက်စွာ ဆွဲမက်ဖွယ်စကားအားဆိုနေသည့် သူ့ရင်ခွင်ထဲက ထိုအကောင်ပေါက်လေးအား အပြင်းထန်ဖျက်ဆီးချင်နေသည့်စိတ်အား အတင်းကြပ်ဖိနှိမ်နေရလေသည်။
ဂျာပေါင်အားတင်းကြပ်စွာဖြစ်ညစ်လိုက်ပြီး သူ့စိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်ပြီးခါမှ လွတ်ပေးလိုက်သည်။
''ခလေးလေး မြန်မြန်အရွယ်ရောက်လာတော့နော်''
ယခုအချိန်တွင် ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်အားစောစီးစွာ ပိုင်ဆိုင်ခွင့်အပြည့်ရှိနေပါသော်လည်း သူကိုယ်တိုင်ကိုက ခလေးငယ်လေး၏အဆင်သင့်ဖြစ်မည့်အချိန်အထိ စောင့်စားပေးချင်သည့်သူ့စိတ်ကြောင့်ပင်။ ထိုကောင်ငယ်လေးသည် သူ စားခွင့်ရှိပြီးမစားနိုင်သေးသည့် ချိုမြိန်သောညဥ့်ပန်းမှုလေးပင်ဖြစ်တော့သည်။
နောက်တစ်နေ့မှာတော ရွှမ်းရန်စန်ချန်သည် လျှိုဇီချီ၊ကျန့်ကျောင်းတို့နှင့်အတူ ထိုက်ဟန်ကိုအိမ်ရှေ့စံ၏ အရှေ့နန်းဆောင် စာကြည့်ဆောင်၌ခေါ်ယူတွေ့ဆုံလေသည်။
''ကောင်းတယ် အရမ်းကောင်းတယ်။ အိမ်ရှေ့စံမင်းသား ဒီစီမံကိန်းက အကုန်ပြီးပြည့်စုံသွာပြီ။ ဒါစီမံကိန်းကလူထုကိုကောင်းကောင်းအကျိုးပြုမှာပဲ!'' ကျန့်ကျာသည် စာအုပ်ကိုသေချာစွာဖတ်၍ အားရဝမ်းသာဆိုလေသည်။
လျှိုဇီချီသည်လဲ ထိုက်ဟန်အားအရိုသေပေးလျက်
''ဆရာထိုက်ကအရည်ချင်းနဲ့ပြည့်စုံတာပဲ။ ဇီချီလေးစားပါတယ်''
တကယ်တော့ လျှိုဇီချီဟာဒီသုံးယောက် အချိန်ကြာမြင့်စွာ ဆွေးနွေးနေခဲ့ကြသည်ကို ဘာတစ်ခုမှနားမလည်ပေ။ ကျန့်ကျောက်က သူကိုလုပ်ငန်းစဉ်အားရှည်လျားစွာ အသေးစိတ်ရှင်းပြပေးပါသော်လည်း သူသိတာတစ်ခုက မက်မွန်ပန်းရေကြီးမှုကိုကာကွယ်ဖို့အတွက် ရေကာတာနဲ့တူးမြောင်းဆောက်ဖို့စီစဉ်နေကြသည်ဆိုတာပါပဲ။ ပြီးတော့ ကျန့်ကျာ ဒီစီမံကိန်းက ကောင်းတယ်လို့ပြောတယ်လေ အဲ့ဒါဆို ဒီပုဂ္ဂိုလ်ကတော်လို့ပဲပေါ့။
''ဘယ်ကသာ မဟုတ်ရပါဘူး။ သခင်ကြီးလျှိုကယဉ်ကျေးနေပါပြီ ဒါကအိမ်ရှေ့စံအရှင့်သားအကြံပေးချက်တွေကြောင့်ပါ ကျွန်တော်မျိုးတစ်ယောက်ထဲဆို ဒီလိုမြန်မြန်မပြီးနိုင်ပါဘူး''ထိုက်ဟန်သည်လဲ လျှိုဇီချီကို အရိုသေပေးလျက်ပြန်ပြော၏။
ထိုက်ဟန်သည် အခုလိုမျိုးအိမ်ရှေ့စံ၏နန်းဆောင်၌ အိမ်ရှေစံမင်းသားနှင့်အတူ သူ့ရဲ့လူယုံနှစ်ယောက်နဲ့ တန်းတူထိုင်နေရလိမ့်မည်ဟု ဘယ်တုန်းကမှမတွေးထားခဲ့ဘူးပေ။ သူဟာ စက်မှုဝန်ကြီးဌာန၏ ခေါင်းဆောင်ငယ်တစ်ယောက်သာဖြစ်ပြီး ရေကြောင်းထိန်းသိမ်းရေးစီမံကိန်းအား လွန်စွာဝါသနာထုံသူပင်။
လုံဟယ်ဒေသရေလွှမ်းမိုးမှုအတွက် အကြံဉာဏ်များစွာကိုစီစစ်ပြီးနောက် တူးမြောင်းတူးဖော်မည့်အစီစဉ်အား စက်မှုဝန်ကြီးဌာန၏အကြီးကဲရှမ်းရှုအား အဆိုပြုတင်ပြခဲ့ပေမဲ့ ရှမ်းရှုက အောင်မြေခြေနည်းပြီး စိတ်ကူးယဉ်မှုများသည့်အကြံပြုချက်ဟုမှတ်ချက်ပြုကာ သူ့အဆိုပြုလွှာအားပယ်ချခဲ့သည်။
ထိုက်ဟန်သည် သူ့အဆိုပြုလွှာပယ်ချခံခဲ့ရသည့်အတွက် တကယ်ကိုမချင့်မရဲဖြစ်ကာ စိတ်ဓာတ်ကျခဲ့သည်။ သို့သော်လည်း မိုးနတ်မင်းက သူ့အားအခွင့်ရေးပေးသနားသောအားဖြင့် အိမ်ရှေ့စံနှင့်တွေ့ဆုံခွင့်ပေးခဲ့သည်။
အိမ်ရှေ့စံမင်းသားသည်ကား ကောလာဟဘလတွေထဲကလို ရက်စက်ကြမ်းကြုတ်ပြီးဆိုးသွမ်းသူမဟုတ်ပါပဲ စကားပြောကောင်းကာအလိုက်သင့် ပြောဆိုဆက်ဆံပေးတတ်သူဖြစ်နေလေသည်။ ဒါကြောင့်စက်မှုဝန်ကြီးဌာနသို့ရောက်လာပြီး ရေကြောင်းထိန်းသိမ်းရေးအကြောင်းပြောသည့်အခါ လုံ,မြစ်ကြောင်းစီမံကိန်းနှင့်ပတ်သတ်၍ သူသည်လဲရဲဝံ့စွာပြန်လည်လျှောက်တင်နိုင်ခဲ့သည်။
အိမ်ရှေ့စံမင်းသားသည်လဲ ဒီလုံဟယ်ဒေသနှင့်ပတ်သတ်၍ သူနှင့်အတွေးတူညီနေလိမ့်မည်ကိုတော့ သူမမျှော်လင့်ထားခဲ့ပေ။အိမ်ရှေ့စံမင်းသားသည် အသိဉာဏ်ပညာကြီးမားကျယ်ပြန့်သူဖြစ်လေရာ သူအချိန်အတော်ကြာမချင့်မရဲဖြစ်စေနေသော ကိစ္စရပ်များကိုပင်ထောက်ပြ၍ အဖြေရှာပေးခဲ့လေသည်။အဲ့ဒီ့နောက်မှာတော့ အိမ်ရှေ့စံသည်သူ့အား လုံမြစ်၏ပထဝီအနေအထားအား အသေးစိတ်သိနိုင်ရန်အတွက် လုံဟယ်ဒေသသို့စစ်တမ်းကောက်ရန် စေလွှတ်လိုက်လေသည်။သူဒီစစ်တမ်းပြီးမြောက်ဖို့အတွက် တစ်နှစ်ကျော်ကြာအချိန်ယူခဲ့ရလေ၏။
အားလုံးပြီးမြောက်လို့ ပေကျင်းသို့ပြန်လာပြီးနောက် အချက်လက်များအား ဂရုစိုက်စာရင်းပြုစုစာအုပ်ရေးသား၍ အိမ်ရှေ့စံမင်းသားအားတင်ပြလိုက်လေသည်။ ဆွေးနွေးမှုအကြိမ်ရေများများကို ထပ်မံလုပ်ဆောင်ကြပြီးတော့မှ အိမ်ရှေ့စံကိုယ်တိုင် အချောသတ်စာအုပ်ရေးသားပေးလေသည်။သူ့ရဲ့အခုခံစားချက်ကတော့ သူ့အခုနေသေသွားရင်တောင်လုံလောက်နေပါပြီဟူ၍ပင်။
''ထိုက်ဟန် မင်းအရမ်းနှိမ့်ချနေဖို့မလိုပါဘူး။ ဒါတွေအားလုံးအခုလိုပြီးမြောက်လာတာ မင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဇွဲလုံ့လကြောင့်ပါပဲ။ ငါကိုယ်တော်ဘေးကနေ အကြံပေးရုံပဲလေ။ နောက်ကျရင်စီမံကိန်းတစ်ခုလုံးကို တာဝန်ခံဆေယင်ရွက်ရမှာဆိုတော့ အခုထက်ပိုပြီးပင်ပန်းလိမ့်မယ်'' အိမ်ရှေ့စံမင်းသားသည် ထိုက်ဟန်၏ပုံခုံးကိုပုတ်လျက် နှစ်သိမ့်ရင်းရာထူးအပ်နှင်းကြောင်းကိုပါဆိုလေသည်။
''အိမ်ရှေ့စံမင်းသား အခုစီမံကိန်းကအလွန်ကြီးပြီး နှစ်ရှည်စီမံကိန်းလဲဖြစ်တာကြောင့် လူအင်အားအများကြီးလိုအက်ပါတယ်။ အရပ်သားတွေပဲသုံးလို့မဖြစ်နိုင်ပါဘူး။အရပ် သားတွေအတွက် အရမ်းဝန်ထုပ်ဝန်ပိုးဖြစ်သွားပါလိမ့်။ဒါကြောင့် စစ်တပ်ကကူမှဖြစ်ပါမယ်''ကျန့်ကျားသည် သေချာခွဲခြမ်းစိတ်ဖြာ၍ ဆိုလေသည်။
''အင်း!စစ်တပ်ကိုအင်အားအများကြီး လျော့ချလိုက်လို့မဖြစ်ဘူး။ဒါကြောင့် အရပ်သားကောစစ်တပ်ကိုရော နှစ်ဖက်လုံးမျှသုံးမယ်လို့ ငါကိုယ်တော်စီစဉ်ထားတယ်။ အရပ်သားအများကြီးသုံးလိုက်ရင်လဲ စိုက်ပျိုးရေးကိုထိခိုက်စေနိုင်တယ်''ရွှမ်းရန်ဟန်ချန်ကစဉ်းစားရင်းဆိုသည်။
''နေပါဦး စစ်တပ်ကိုရေကာတာစီမံကိန်းထဲကို ပို့မယ်လို့ပြောနေတာလား?''လျှိုဇီချီသည်သူနှင့် ပတ်သတ်သည့်အကြောင်းပါလာလေမှ လှုပ်လှုပ်ရှားရှားစိတ်ဝင်စားဟန်ပြလာလေသည်။
''ဟား ဟား! အစီစဉ်ကောင်းပဲ ကျန်းချောင်တစ်ယောက်တပ်ကိုပို့မလို့ဆိုပြီး အကြောင်းပြချက်ကောင်းလေးပြလို့မရတော့ဘူးပေါ့'' ကျန့်ကျားတစ်ယောက် အိမ်ရှေ့စံဖုံးကွယ်ထားသောအတွေ့းကို ဖမ်းမိလိုက်ကာအားရဝမ်းသာဆိုလေသည်။
''ငါ့ကိုလဲမြန်မြန်ပြောပြလို့? အခုဘာတွေဖြစ်နေတယ်ဆိုတာကို?'' လျှိုဇီချီသည်သိချင်စိတ်ကြောင့်မယိုးမရွပင်ဖြစ်လေ၏။
''လုံချန်နဲ့အခြားဒေသတွေကို တာတမံကာတူးမြောင်းတူမယ်ဆိုတာ လူထုကောင်းကျိုးအတွက်အပေါ်ယံလုပ်ပေးတယ်လို့မြင်နိုင်ပေမဲ့ အိမ်ရှေ့စံကအဲ့လောက်မရိုးရှင်းဘူးလေ။ ငါ့အထင်တော့ နန်းကျမြို့စား နယ်မြေအခြေကုတ်ယူလာမှာကို တားဆီးချင်နေတာပဲ'' ကျန့်ကျားသည်သေချာစွာ ခွဲခြမ်းပြလေသည်။
ရွှမ်းရန်ဟန်ချန်က
''ကျန့်ကျားပြောတာမှန်တယ်!အခုလီဝမ်(လင်ဝမ်)က လုံချန်းမှာအခြေကုတ်ယူဖို့ကြိုးစားနေတာ တကယ်လို့ဧကရာဇ်က သူ့တပ်တွေကို ရေကာတမံနဲ့တူးမြောင်းတူးဖော်ဖို့ စေလွှတ်ပေးလိုက်ရင် ငါတို့သူ့ခြေထောက်တွေကိုရိုက်ချိုးပြီးသားဖြစ်သွားလိမ့်မယ်'' တကယ်တော့ သူတွေးလိုက်တာကရိုးရိုးလေးပဲ။ နောက်လိုက်ဗိုလ်ပါမရှိတဲ့ဘုရင်ဆိုတာ သွားမရှိတဲ့ကျားအိုကြီးနဲ့အတူတူပဲ ဖြစ်သွားလိမ့်မည်ဟူ၍ပင်။
ကျန့်ကျားက သူ့မျက်လုံးတွေကို လှည့်ပတ်ကစားလိုက်ပြီးနောက်ဆက်၍ ''ရေကာတာတွေဆောက်ဖို့ တူးမြောင်းတွေတူးဖို့အတွက်လူခွဲဆောင်ရွက်ရတဲ့အခါ လီချန်းဒေသကတပ်တွေလဲ လူစုကွဲသွားလိမ့်မယ်။ဒါကြောင့်ငါတို့ရဲ့နန်းကျမြို့စားကြီးလဲ သူ့ရဲ့တစ်ကွဲတပြားဖြစ်နေတဲ့တပ်ကြောင့် ဘာမှဆက်လုပ်လို့မရတော့ဘူးပေါ့ကွာ!''
''ဟား ဟား!မိုက်တယ်ဟေ့ လုံဟယ်မြစ်ရေစီမံကိန်းက ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ကို တစ်ပြိုက်ထဲပစ်လိုက်တာပေါ့ တကယ်ကိုချီးကျူးဂုဏ်ပြုရမယ့်စီမံကိန်းပဲ!'' နောက်ဆုံးတွင် သဘောပေါက်သွားသောလျှိုဇီချီက အားရဝမ်းသာပြောတော့ သည်။
Advertisement
- In Serial100 Chapters
Rebirth of Gu Jiao
When all was done, she was left alone and was killed by mysterious people. On her dying moment, her elder brother came. Truth was, it was Li Jun who had arranged for her to be able to live comfortably in even after all the scandal. If she didn't follow her mother? and was able to be a clever, obedient, lovable little sister, would everything be different? Just after Gu Jiao close her eyes accepting death she returned from the day her mother return to get her. Gu Jiao thought huh! This young Missu is not and idiot to make the same mistake twice.. hehehe this young miss will make sure that this evil woman of a mother would regret her schemes! (?_?) hehe.. This Young Miss would enjoy teaching you a lesson hahaha... (laugh evilly ?(???)?.... Why is this man becoming more and more strange? What is this sleeping together for warmth? What is this good morning and good night kiss? Do you really take me for an idiot? ?( ° ? °|||)? *** Pls be regarded that this is story is a fanfiction of the story "Rebirth of the Wolfish Silkpants Bottom". Some parts are added, some where cut and other were manipulated in another twist and some were retained the SAME. if you feel it was plagiarize then please talk to me first and i'll see what can be done. Disclaimer: names, situation, images and other information was similar to other are not intentional. This work purely come from the research, reference story, and authors
8 286 - In Serial59 Chapters
Saving Gracie | ✓
[ Highest Rank: #1 in Teen Fiction ]!! USED TO BE 'THE PLAYER STOPPED ME FROM JUMPING' !!!! NOW PUBLISHED ON AMAZON !!__________Grace Parkinson doesn't know what it feels like to be happy. Living in a world where people aren't nice, where people aren't like the people in the movies, it makes her think that there is no such thing as happiness. Having no friends and not being able to talk to her mum about her problems since she has cancer doesn't even help her situation just a little bit at all.One day though, a certain player with blonde hair and blue eyes finds Grace leaning against the lockers, crying her problems away, and decides to help her.Since that day, you would expect things to go better but things don't get better, they get worse and when Grace finds herself about to jump off of the school building, thinking that the solution to her problems is death, the blonde player finds himself helping the lost girl again.The only question is:What will happen next?
8 839 - In Serial40 Chapters
Uncommon (BWWM)
"The Prince may love her, and she may share the same name, but this girl is no Grace Kelly"~~~Working class, black, and insecure. The opposite of the British princess stereotype.But Grace Roberts might just change the rules when she meets a handsome classmate with a huge secret.
8 134 - In Serial39 Chapters
Another Urban Tale
Just like Romeo and Juliet their families hated each other. Mila was daddies little girl who only wanted to make her daddy happy but fell for the one person her father forbid her to be with. Gabriel was heaven sent and brought a long message right along with him. Circumstance brought them together and only death will do them part.
8 169 - In Serial35 Chapters
The Secret Pack
Book 1 of The Secret SeriesKacper had been counting since he was a ten year old boy. Subtracting years, months and now the countdown was almost over. Kacper was counting just a month before his 18th birthday which would mark the time he finally leaves his pack and join that of his mate.But fate had other plans for him. What happens when unfortunate events result in Kacper leaving home before the assigned time? And what if the idea of getting a loving mate is all but just a shattered dream?How will Kacper face it all? Is he strong enough to stay or will he go? Read and find out!Warning: BoyxBoyAwesome Cover By: SuperSonicPaGer
8 251 - In Serial29 Chapters
Step Brothers |✔️
Bryant Caruthers has moved around the country his entire life. His mom has been searching for the perfect husband for as long as he can remember. Her failed attempts have turned into some of Bryant's worst nightmares, but football has always been there to help Bryant escape the realities of his home life-until now.Kyle Amerson was raised by a rich dad with a temper. Kyle's been surrounded by material objects in an empty house since he was born. The only familial bond he's ever experienced is the bond he has with his teammates. When Kyle finds out Bryant plays football, he's thrilled to have a way to bond with his new step brother. When Bryant finds out Kyle plays football, bonding with Kyle is the furthest thing from his mind.COMPLETED BOOK ON WATTPAD!ALL of my completed novels are now available ADS FREE on Patreon! (LINK IN BIO)
8 92

