《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-13.2 Unicode
Advertisement
ရှုရွှမ်းရင်(ရှုဖေး)သူမရဲ့အခုနေ့ရက်တွေကို အရမ်းကိုဆိုးဆိုးဝါးဝါးဖြတ်သန်းနေခဲ့ရသည်။ ၁နှစ်ကျော် ၂နီးပါးဒီအဆောင်ငယ်လေးမှာ ပိတ်လှောင်ခံထားရပြီး သူမခံစားရသမျှကိုလဲ သူမဘာသာတစ်ကိုယ်ထဲဖြေရှင်းနေခဲ့ရသည်။
အစပိုင်းတုန်းကတော့ ဒီလောက်အကြာကြီးထိန်းသိမ်းခံရလိမ့်လို့ မထင်ထားခဲ့ပေ။ အစောပိုင်းကာလတွေမှာ သူမသည်လဲသတင်းရရှိဖို့အတွက် မင်းသားနန်းဆောင်က သူတွေကိုလာဘ်ထိုးပြီးအမျိုးအမျိုး စုံစမ်းမှုတွေလုပ်နေခဲ့သော်လည်း ဘာသတင်းမှ သူမဆီရောက်မလာခဲ့ချေ။
ကြာလာတာနဲ့အမျှ သူမတော်တော်လေးခြောက်ခြားလာသည်။လအနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ အိမ်ရှေ့စံက သူမအားမေ့သွားပြီဟုလဲတွေးမိပြန်၏။ ပြီးတော့ဧကရာဇ်အားသတ်ရန်ကြံစည်နေသည်ကို အိမ်ရှေ့စံပြန်လည်သိသွား၍ သူမအားစိတ်ပျက်သွားတာလားဟုလဲ တွေးမိပြန်သည်။
ရှုးရွှမ်းရင်သည် သူမကိုယ်စားစကားပြောပေးနိုင်မယ့် ရံရွေတော်ကြီးတစ်ယောက်ကိုလာဘ်ထိုး၍ ယွမ်ဖူအားသွားရောက်တွေ့ဆုံစေခဲ့သည်။တကယ်လို့ အိမ်ရှေ့စံနှင့်သာတွေ့ဆုံခွင့်ရရင် သူမအနေနဲ့အခြေနေကိုပြောင်းလဲနိုင်သည်ဟု ယုံကြည်နေခဲ့တာဖြစ်သည်။ ဒီလိုကြံစည်နိုင်ဖို့အတွင်လဲ သူမအနေနဲ့အများကြီးစဉ်းစားထားခဲ့ရတာဖြစ်သည်။တကယ်လို့ အိမ်ရှေ့စံက ဘာလို့လုပ်ရတာလဲလိုမေးရင် သူမ,သနားစဖွယ်ကောင်းအောင် လုပ်နိုင်တာရှိသမျှလုပ်ရလိမ့်မည်။
အန်ဟွာ မိုးရေထဲနာကျည်းစွာမကျေနပ်ချက်တွေကို ငိုယိုပြောနေရင် အိမ်ရှေ့စံသည်လဲစိတ်မကောင်းဖြစ်ပြီးသနားလာမှာပဲ!
သူမရဲ့အစီစဉ်က ပြီးပြည့်စုံနေပါသော်လည်း အကောင်ထည်ဖော်ဖို့အခွင့်ရေးမရခဲ့ပေ။ မကြာခင်မှာပဲ အိမ်ရှေ့စံမင်းသား စစ်ထွက်ရတော့မည်ဆိုသော သတင်းကိုရခဲ့၏။ဒီသတင်းက သူမအတွက်တော့အိမ်ရှေ့စံကသူမကိုမေ့သွားတာမဟုတ်ပဲ မအားလပ်၍မလာနိုင်တာသာဖြစ်ကြောင်းတွေးမိကာ သူမရဲ့မတည်ငြိမ်တဲ့စိတ်ကို သူမဘာသာဖြည်သိမ့်နိုင်ရန်လုံလောက်ခဲ့လေသည်။
ရှုးရွှမ်းရင်ဟာ တဖြည်းဖြည်းနဲ့ယုံကြည်မှုပိုရှိလာကာ ဂုဏ်မောက်လာပြီး နန်းတွင်းအစေခံတွေအပေါ်မှာလဲ ပိုမိုမောက်မာစွာဆက်ဆံလာခဲ့သည်။သူမသည်အလေးပေးခံရတဲ့ ကိုယ်လုပ်တော်တစ်ယောက်ဖြစ်တာကို သိထားကြတာကြောင့် သူမအားဘယ်သူမှအရေးမစိုက်ပဲမနေရဲကြပေ။အဲ့ဒီ့နောက်မှာတော့ မင်းသမီးငယ်လေးမထနိုင်လောက်အောင် မနာမကျန်းဖြစ်နေသည်ဆိုသော သတင်းကိုကြားခဲ့ရပြန်သည်။
သူမ ဝမ်းသာအားရဖြစ်လို့မှမဝသေးခင်မှာပဲ ဧကရီမယ်မယ်ကြီးကြီးက မင်းသမီးငယ်လေးအားစောင့်ရှောက်ရန်အတွက် ချုံယိအား အိမ်ရှေ့စံ၏ အရှေ့ဆောင်သို့ပို့ပေးလိုက်ကြောင်း သတင်း ရရှိခဲ့ပြန်သည်
အဲ့ကထဲက သူမဘဝဟာတဖြည်းဖြည်းနဲ့စိတ်ပျက်စရာဖြစ်လာတော့တာပဲ! ။ချုံယိဟာသူမရဲ့အလုပ်တွင် အရမ်းကိုစည်းကမ်းတင်းကြပ်ပြီးတော့ အမှုထမ်းကောင်းတွေရဲ့စည်းမျဉ်းတွေကကို အသေးစိတ်လိုက်နာကာစံနမူနာအဖြစ်နေသူဖြစ်သည်။ သူမအနေနဲ့ဒီမှာဖြစ်ပျက်နေတွေကို ဘယ်လိုလုပ်ပြီးသည်းခံနိုင်မှာတုန်း?
ဒါကြောင့် တဖြည်းဖြည်းနဲ့သူမနားကလူတွေကို လူသစ်တွေဖြင့်အစားထိုးလာခဲ့တော့သည်။ အခုရောက်လာတဲ့လူသစ်တွေက သူမရဲ့ခြိမ်းခေါက်မှုတွေကို လျစ်လျူရှုထားကြလေသည်။အခု သူမရဲ့အခြေနေကလုံးဝကိုအကူညီမဲ့နေပြီး အထီးကျန်နေတယ်လို့ပြောလို့ရ၏။
ဒီလိုကြီးတစ်နှစ်ကြာဖြတ်သန်းပြီးနောက်မှာတော့ ရှုးရွှမ်းရင်တစ်ယောက် စိတ်ဆင်းရဲတဲ့ဓာတ်ကြောင့်ပဲ ခန္ဓာကိုယ်ဝိတ်သည်လဲ အဆမတန်ကိုကျဆင်းသွားတော့၏။ဒါပေမဲ့ သူမ,စိတ်မလျော့နိုင်သေးပဲ အိမ်ရှေ့စံကိုတွေ့လိုက်ရသည်နှင့် သူမကအိမ်ရှေ့စံရဲ့အချစ်တော်လေး ပြန်ဖြစ်လာဦးမှာဟု အမြဲယုံကြည်ထားလေသည်။
ခြံဝင်းအတွင်းမှ နန်းတွင်းအပျိုတော်တို့၏ ဆူဆူညံညံစကားသံတို့က သူမရဲ့အတွေးတွေကိုပျက်ဆီးစေ၏။ သူမခြံဝင်းအတွင်းသို့ဆင်းသွားလိုက်ပြီး ခပ်လှမ်းလှမ်းကနေသူတို့ရဲ့စကားသံတွေကိုနားထောင်နေမိသည်။ သူမရဲ့ရွှေအိုရောင်လှပတဲ့နေ့ရက်တွေကို ပြန်လည်ရောက်ရှိချင်ရင် ဒီအစေခံတွေအပေါ်မှာကောင်းကောင်းပြုမူရမယ်ဟုလဲတွေးမိလိုက်၏။
အပျိုတော်တစ်ဦးပြောနေသည်ကို ရှုးရွှမ်းရင်ကြားလိုက်ရ၏။
'' နင်ပြောနေတဲ့လင်အန်ဇူ ကဘယ်လိုပုံစံမျိုးလဲ?အိမ်ရှေ့စံမင်းသားက အရင်ကဘယ်သူ့ကိုမှ အဲ့လောက်သဘောမကျဘူးဘူးမလား?''
တခြားအပျိုတော်တစ်ဦးမှလဲ
''ဖျင်အော်နန်းဆောင်နဲ့အကူးသန်းရှိတဲ့ ညီမတစ်ယောက်ပြောတာတော့ လင်,သခင်လေးက အရမ်းလှတာတဲ့။ မိန်းမလေးတွေထက်တောင်လှသေးတယ်တဲ့ ပြီးတော့ အိမ်ရှေ့မင်းသားကလဲအရမ်းကြည့်ကောင်းတာတဲ့။ယိယိက အရမ်းကံကောင်းတယ်ပြောရမယ် သူကတခြားနန်းဆောင်တွေမှာ တာဝန်မကျဘူးပေမဲ့ အဲ့ဒီ့မှာတော့အစားအသောက်ကိုအတူတူစားကြတာတဲ့!''
''ဝိုး... ဒီလင်အန်ဇူက တကယ့်ကိုမယုံနိုင်စရာပဲ!"
ထိုအပျိုတော်က ဆက်၍အားကျနေသောလေသံဖြင့်
'' လင်ရှောင်ဇူ(အန်ဇူ)က တရားရေးကအမှုထမ်းလို့လဲ ပြောနေကြတာကို ငါကြားသေးတယ်။ သူဘယ်လောက်ကံကောင်းထားလဲဟယ်?''
'အေးဟယ် ငါတို့မှာကျတော့ ဘာလို့အဲ့လိုကောင်းတဲ့အရာတွေမဖြစ်ရတာလဲ!'' အပျိုတော်မိန်းမငယ်လေးသည်လဲ အားကျလျင်ဆိုလေသည်။
အသက်ခက်လတ်လတ်အပျိုတော်ကြီးကမူ
''အင်း!ဘာမှအားကျစရာမရှိပါဘူး။ဒီလိုမျိုး လူချမ်းသာတွေဆိုတာက အမြဲတမ်းအသစ်သစ်တွေကိုပဲကြိုက်ကြတာလေ။ သူတို့ရဲ့သဘာဝကိုက အဟောင်းတွေကိုမခုံမင်တတ်ကြဘူး။ဒီသခင်လေးလင်လဲ ဘယ်လောက်ကြာကြာ အလေးပေးခံရမလဲဆို ဘယ်သူသိမှာလဲ!
''ဟုတ်တယ်နော်! ကိုယ်လုပ်တော်ရှုကိုကြည့်ပါလား ငါကြားတာတော့ သူလဲအရင်ကအရမ်းလှတာတဲ့!အိမ်ရှေ့စံမင်းသားတောင် သူ့ကိုစွန့်ပစ်လိုက်မကြားသေးဘူးတဲ့လေ။ အကျယ်ချုပ်ချခံထားရတယ်လို့လဲကြားသေးတယ် !အခုသူ့ကိုအိမ်ရှေ့စံမေ့သွားမှာတောင်စိုးရတယ်ဟယ်'' နန်းဆောင်အမှုထမ်း အမျိုးသမီးကြီးကပြောလေသည်။
''အေး အေး လူသစ်တွေရယ်မောပျော်ရွှင်နေရင် လူဟောင်းတွေငိုရတယ်ဆိုတာဒါပဲပေါ့?ဒီလိုကိစ္စမျိုးတွေဆိုတာ နန်းတော်မှာဖြစ်နေကျ ကိစ္စတွေပဲမဟုတ်လား?ငါတို့တော့ ဒါကိုငြိမ်းငြိမ်းချမ်းချမ်းကြည့်နေကြမယ်လို့မထင်ဘူး!'' နန်းတွင်းဝါရင့်အပျိုတော်ကြီးကခေါင်းညိတ်လျက် သဘောတူထောက်ခံလေသည်။
ဒီစကားတွေကိုကြားလိုက်ရတဲ့ရှုးရွှမ်းရင်တစ်ယောက် သူမရဲ့နှလုံးသွေးတွေဆူပွက်လာသလို ခံစားနေရတော့သည်။သူမ နန်းဆောင်ဝန်းတံခါးကိုကျော်ပြီး အဆောင်အပြင်ဖက်သို့ထွင်ချင်စိတ်တွေ တားဆီးမရနိုင်အောင်ဖြစ်နေရတော့သည်။
အိမ်ရှေ့စံမင်းသားအချစ်သစ်တွေ့နေတာလား?.....
အဲ့ဒါကြောင့်သူမကအခုလိုပိတ်လှောင်ခံနေရတာလား.....?အဲ့လိုဖြစ်လို့မရဘူးလေ သူမ...တကယ် တကယ် လက်မခံနိုင်ဘူး.....လို့....!
နန်းဆောင်ဝန်းအပြင်ဘက်ကွက်လပ်၌ လှပသောပန်းပွင့်ရိုက်ဝတ်ရုံလေးကို ဝတ်ဆင်ထားတဲ့မိန်းခလေးငယ်လေးသည် ပန်းပွင့်တွေနှင့်တစ်ဦးထဲဆော့ကစားနေခြင်းအား ရှုးရွှမ်းရင်ရုတ် တရက်လှမ်းမြင်လိုက်၏။
ထိုခလေးမလေးကိုမြင်းလိုက်ရပြီးတဲ့နောက် ရှုးရွှမ်းရင်တစ်ယောက်ပျော်ရွှင်စွာဖြင့် လှမ်းခေါ်လိုက်၏။
''ခန်းအာ ခန်းအာ....!''
ဒီခလေးမလေးကရွှမ်းရန်ဟန်ချန်ရဲ့အကြီးဆုံးသမီးလေး ခန်းအာ! ဒီကောင်မလေးက ဒီနှစ်မှ၅နှစ်ပြည့်ခဲ့တာ။ထိုခလေးမလေးသည် ဝင်းခြံစည်းရိုးအနားသို့စမ်းတဝါးဝါးဖြင့်လျှောက်လာပြီး နန်းဆောင်ဝန်းအတွင်းသို့အကဲခတ်လိုက်ကာ
''သင်က ဘယ်သူလဲ?''
''ချန်အာ နင်ငါ့ကိုမမှတ်မိဘူးလာ?မင်းကိုငယ်ငယ်တုန်းက ထိန်းခဲ့တဲ့သူလေ မမှတ်မိဘူးလား?"
ရှုးရွှမ်းရင်သည် ကြင်နာစွာဖြင့်အခုသမီးတစ်ယောက်ထဲ
"ဘာလို့ရှိနေရတာလဲ ?အထိန်းတော် ဘယ်မှာကျန်ခဲ့လဲ?''
''သူ့ကိုမကြိုက်ပါဘူး အပြင်ထွက်ဆော့ချင်လို့ပြောတိုင်း အမြဲတမ်းသူက အပြင်ထွက်ခွင့်လဲမပေးဘူးလေ အဲ့ဒါကြောင့် အခုတစ်ယောက်ထဲခိုးထွက်လာတာ... ''ချန်အာကဂုဏ်ယူစွာဖြင့်ပြော၏။
ချန်အာက ငယ်ငယ်ထဲကချူချာလွန်းသူဖြစ်တာကြောင့် သူမရဲ့အထိန်းတော်တွေက တင်းတင်းကြပ်ကြပ်စောင့်ကြပ်ကြပြီး ဘာအမှားယွင်းမှမဖြစ်ရအောင် ဂရုစိုက်ကြလေသည်။
''ချန်အာ သမီးကအရမ်းတော်တာပဲ!ငါ့ရဲ့ခြံဝန်းထဲက အစောင့်ကအရမ်းစည်းကမ်းတင်းကြပ်လွန်းလို့ မင်းကိုအပြင်ထွင်ဆော့မကူနိုင်ဘူးကွယ်''
''ဟားဟား! ခန်းအာကတော်သေးတာပေါ့!''
ခန်းအားက ရယ်မောလျက်ပျော်ရွှင်စွာပြောလေသည်။
''ချန်အာ! သမီးရဲ့ခမည်းတော် သမီးဆီမကြာမကြာလာလား?''
''အင်း! ခမည်းတော်ကခန်းအာ တမှေးအိပ်လား မအိပ်လားလာကြည့်တတ်တယ်။ ချန်အာနေလဲကောင်းလာပါပြီ ပြီးတော့ ကောင်းကောင်းအိပ်ပါတယ်''
လင်ဂျာပေါင်နေ့ခင်းတမှေးအိပ်ပျော်သွားတဲ့အချိန်မှာ ရွှမ်းရန်ဟန်ချန်သည် တစ်ခါတရံသူ့သမီးနှစ်ယောက်ဆီရောက်သွားတတ်၏။ အထူးသဖြင့်ဒီခလေးခန်းအာက အကြီးဆုံးသမီးဖြစ်ပြီး ဖျားနာလွယ်လွန်းတာကြောင့် ပိုလဲအလေးထားသည်ကြောင့် ချန်အာဆီသို့ပိုရောက်ဖြစ်လေသည်။
''ချန်အာ တခြားအချိန်တွေမှာမင်းခမည်းတော်ကိုမတွေ့ရတာ ဘာကြောင့်လဲဆိုတာမသိဘူးမလား?'' ရှုးရွှမ်းရင်က ထူးဆန်းတယ်ဆိုတဲ့ဟန်ပန်ဖြင့်မေးလိုက်၏။
''ဘာလို့လဲ?'' ချန်အာသည် သိလိုစိတ်ပျင်းနေသောမျက်နှားများဖြင့် ရှုးရွှမ်းရင်ကိုကြည့်၍ပြန်မေးလိုက်သည်။
''ဘာလို့လဲဆိုတော့ မင်းခမည်းတော်ဘေးနားကပ်နေတဲ့ မကောင်းဆိုးဝါးကြီးက မင်းကိုသွားမတွေ့ရဘူးဆိုပြီး အပူကပ်နေလို့လေ!''ရှုးရွှမ်ရင်သည် ခန်းအာအားစတင်ပြီးသွေးဆောင်တော့၏။
''မကောင်းဆိုးဝါး?''''ဘယ်လိုမကောင်းဆိုးဝါးလဲ?'' ခန်းအာ ကနားမလည်နိုင်စွာပြန်မေးလေသည်။
''အဲ့ဒီ့မကောင်းဆိုးဝါးက ယောကျာ်းလဲမဟုတ်မိန်းမလဲမဟုတ်တဲ့ကောင်ကြီးလေ '' ရှုးရွှမ်းရင်သည်ဆက်၍ ခလေးငယ်အားချော့မော့ကာ မကောင်းသောစကားတို့ကိုဆို၏။
ချန်အာသည်ခေါင်းတဆတ်ဆတ်ငြိမ့်လျက် သေချာစွာစဉ်းစားနေစဉ် ခပ်လှမ်းလှမ်းခေါ်သံကိုကြားလိုက်တာကြောင့် ''အထိန်းတော်ကြီးလိုက်ရှာနေပြီ ...သွားတော့မယ်နော်.....''
'ချန်အာ....ချန်အာမကြာမကြာ အဒေါ့်ဆီလာပြီးစကားလာပြောနော်ဟုတ်ပြီလား။ မင်းကြည့်ရတာ သနားဖို့အရမ်းကောင်းတာပဲ! အဒေါ်ကလဲမင်းနဲ့အပြင်ထွက်မဆော့ပေးနိုင်ဘူး'' ရှုးရွှမ်းရင်သည် သနားစဖွယ်ဆိုလေသည်။
''အင်း! နောက်ခါလဲ ချန်အာအဒေါ်နဲ့စကားပြောဖို့ ခိုးထွက်ခဲ့မယ်နော်'' ချန်အာသည် ပြေးလွှား၍ထွက်သွားလေသည်။
ရှုးရွှမ်းရင်ကတော့ ခန်းအာလေးလုံးလုံးဖြင့် အဝေးသို့ပြေးထွက်သွားသည်ကို အေးစက်စွာပြုံး၍ကြည့်နေခဲ့လေသည်။
⭐⭐⭐⭐⭐
Advertisement
- In Serial24 Chapters
Wrong Number ✓
Nandini Murthy is the normal college going girl with most of her focus on the academics. She's neither that popular nor that invisible, she just ─exists. So what happens when her friend decides to prank her, by giving her the wrong number of the person she has a crush on. Her message rather gets delivered to someone unknown. And thus starts the chaos in her life!
8 94 - In Serial31 Chapters
He saved me... ~Dabideku~
Ditfferent scenarios, different people. Most people would have ran away or called the cops if they were in the situation Izuku Midoriya was caught up in. Izuku Midoriya, a fearless 17 year old with a will to help others, no matter what. Izuku swore he would always help others, no matter who they were. So when Izuku is face with a difficult choice, what will he choice, save a person who needs help or do what everyone says is right? Let's find out!Dabi is aged down, he is 20 right now so it is legal. Everyone in class 1A is 17 or 18. They are in there third year and they are six months away from graduation. If you don't like the ship then please leave. I am relatively new to writing so please no hate, I'm just trying my best and having some fun! ^_^13+ please if your are younger then 13 get off this story! I really don't wanna be band! ⚠️TW warning! ⚠️There will most likely be some stuff some people will be uncomfortable with. General warningLgbt contentSlight smutSwearingDepression suicidle behaviour mention of rapeEndeavor I'm sorry if you are sensitive to any of the above please feel free to click off at any time! ^_^ First update: 9-1-2022Finally update: unknown!The cover art or any photos are not mine!!! OR THE CHARACTERS!!! PLEASE DONT SAY THIS WAS DONE BY ME! MY ART IS NOT AS GOOD AS THAT!!! Also if by any small chance the artist is reading this the please know that this is great and sorry I didn't get permission lol 😂
8 236 - In Serial50 Chapters
SVE ME
A lawyer is trying to win a case for the man which hired him but doesn't see much hope. Against him is a confident business man on the other side , who allegedly stole a lot of money in deals, but isn't breaking any time soon. It's forbidden for anyone in the case to have any kind of relationship, otherwise the case will not have a true value. But about after the case is over?-- [Early 2022] 18+mature, man x man, enemies x lovers, lawyer x business man, middle class x super rich
8 193 - In Serial75 Chapters
His [COMPLETED]
Cali's life turned upside down when her new next door neighbour Kyle Knight came crashing in to her life. He was possessive, easily jealous and misunderstood. He was sensitive, loving and kind and everything Cali needed in her hectic life.Even when things went rough around the edges, Cali knew she had someone to soften them up; her leather jacket wearing "bad boy" who might not seem that bad after all.•THIS STORY WAS WRITTEN WHEN I WAS AROUND 13/14 SO DON'T HATE. ONE DAY I WILL REWRITE IT. I STILL HOPE YOU ENJOY. :) •
8 246 - In Serial48 Chapters
Lustrous
Clumsy, accident prone and damn right weird is how people often describe Skylar Martin and it didn't surprise her that even the opposite sex didn't seem to be attracted to these qualities either.But is that all about to change?When Sky discovers her fathers deepest darkest secrets she knows she must do anything to protect her family even if it means marrying a man she doesn't even know and trying to become the woman she wasn't born to be. With threats and hard decisions to make Sky will have to deal with more then just her quirky and crazy inner self but also the demands of her new fiance.Has she taken on more then she can handle? Read and find out.Reached #958 in Romance
8 97 - In Serial15 Chapters
Changed - RiKara FF
When Gauri left Omkara he was forever changed. Now fate has given him the chance to win back his wife - but time has changed her too.His misunderstandings tore them apart. His silence suffocated her hope. Now Omkara will have to fight for his love... for his wife...A journey of forgiveness and repentance... Change is inevitable but has time divided them forever or will they find their ways back to one another?Disclaimer: Anything recognisable belongs to the owner.
8 141

